Ch 149
Viewers 5k

အခန်း 149 " ဂလိုဘဲလ်  နိုင်သွားပြီ "



"ဘာကိစ္စလဲ...."


မနက်စောစောစီးစီး အိပ်ရာကနိူးလာတဲ့ အတွက် လော့မောင်ယွမ်ရဲ့ လေသံကအနည်းငယ် ဒေါသသံထွက်နေသည်။သူ အလွန်စိတ်မကြည်မလင် ဖြစ်နေပုံရသည်။


"သူဋေး... တစ်ခုခု ဖြစ်ခဲ့တယ် ကျွန်တော်တို့ရဲ့ 'အန်တွန်' က အိန္ဒိယသမုဒ္ဒရာမှာ ပျက်သွားပြီ....ပန်ကာက ငါးဖမ်းပိုက်တွေနဲ့ ရစ်ပတ်နေရုံသာမက ပုံပျက်ပြီး ပျက်စီးသွားပါပြီ....ဆက်လက်ရွက်လွှင့်ဖို့ မဖြစ်နိုင်တော့ဘူး...."


"ဘာ...."


လော့မောင်ယွမ် ရုတ်တရက် အိပ်မပျော်တော့ပဲ အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။


" ဘာလို့...ဒီလိုဖြစ်တာလဲ..."


ဖုန်းထဲတွင် တိတ်ဆိတ်သွားသည်။ဘာလို့ ဒီလိုဖြစ်သွားတာလဲဆိုတာ ဘယ်သူမှမသိပေ။၎င်းမှာ မဖြေရှင်းနိုင်သည့် လျှို့ဝှက်ဆန်းကြယ်မှု့တစ်ခု ဖြစ်ပေသည်။


လော့မောင်ယွမ်ကို ဒေါသထွက်စေသည်မှာ ငါးဖမ်းပိုက် ထပ်မံ၍ ဖြစ်သည်။ ဒီကြက်သေသေစေတဲ့ ငါးဖမ်းပိုက်က ထပ် ဖြစ်လာပြန်ပြီ။


'ရှင်ဖူကွေ့' က ငါးဖမ်းပိုက်ဖြင့် ရစ်ပတ်ပြီး ပျက်စီးသွားသည်။ 'အန်တွန်' သည်လည်း ထို့အတူပင်။


" သူဋေး...ကျွန်တော်တို့...ဘာဆက်လုပ်ရမလဲ..."


လော့မောင်ယွမ် သက်ပြင်းချလိုက်ပြီး ညွှန်ကြားလိုက်သည်။


"ဆွဲသင်္ဘော.... ပို့လိုက်"


ဒီအခြေအနေမျိုးမှာ ဘာလုပ်ရမလဲ။အနီးဆုံးပင်လယ်ဆိပ်ကမ်းကို ဆွဲသွားရတော့မည်။


.....


ရန်ကောင်း ကမ်းလွန်ရေနံအုပ်စု၏ ရုံးချုပ်…


ဟဲကျင်းယို အစည်းအဝေးကို ကိုယ်တိုင်ကျင်းပခဲ့သည်။ ထိပ်တန်းခေါင်းဆောင်အချို့အပြင် အောက်ခြေ သို့မဟုတ် အလယ်အလတ်အဆင့် ခေါင်းဆောင် တစ်ဒါဇင်ကျော်နှင့် ဆက်စပ်ပုဂ္ဂိုလ်အချို့လည်း ရှိနေသည်။


"အားလုံးပဲ.... လေလံအနိုင်ရတဲ့ ရလဒ်ကို မနက် ၁၁ နာရီမှာ တရားဝင်ကြေညာပါ့မယ်... ကျွန်တော်တို့ သဘောတူညီချက်မရသေးပါဘူး... ဒါကြောင့် ဆွေးနွေးကြပါ...လွတ်လပ်စွာ ပြောဆိုကြပါ..."


လူတစ်ယောက့က ထပြောလိုက်သည်။


"ကျွန်တော့်ရဲ့ထင်မြင်ချက်က ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့ကို လေလံအနိုင်ရစေဖို့ပါပဲ... သူတို့မှာ စုစုပေါင်း တန်ချိန်များစွာနဲ့ ရေကြောင်းပို့ဆောင်ရေးမှာလည်း ကြွယ်ဝတဲ့ အတွေ့အကြုံရှိပါတယ်...."


လူတစ်ယောက်ကလည်း


"ကျွန်တော် သဘောတူပါတယ်.... အဲဒါက ကျွန်တော့်ရဲ့ထင်မြင်ချက်နဲ့ ထပ်တူကျပါတယ်..."


လူအချို့က ရီရှန်းအဖွဲ့ကို လေလံအနိုင်ပေးရန် သဘောတူသည်။ ပြီးတော့ သူတို့ရဲ့ထင်မြင်ချက်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်ပြောဆိုကြသည်။


အချို့လူများက ပြောလိုက်သည်။


"ကျွန်တော်ကတော့ ဂလိုဘဲလ်က ကောင်းတယ်လို့ ထင်ပါတယ်.... သူတို့ပိုင်ဆိုင်တဲ့ရေနံတင်သင်္ဘောတွေက အားလုံး သင်္ဘောကြီးတွေဖြစ်ပြီး....လေးစီးက တန်ချိန် တစ်သိန်း ရှိသည့် သင်္ဘောတွေဖြစ် ပြီးတော့ နှစ်စီးက တန်ချိန် နှစ်သိန်း... သင်္ဘောအမျိုးအစားလည်း  ဖြစ်ပါတယ်.... သင်္ဘောကျင်းမှာ တည်ဆောက်နေတဲ့ ရေနံတင်သင်္ဘောအချို့လည်းရှိတယ်.... သူတို့က...ဒီလုပ်ငန်းအတွက်....ပြဿနာမရှိပါဘူး...."


"ကျွန်တော် မသဘောတူပါဘူး....သူတို့ရဲ့ကုမ္ပဏီက...လအနည်းငယ်လောက်ကမှ စတင်တည်ထောင်ထားတာ.....မတည်ငြိမ်တဲ့အချက်အလက်တွေ အများကြီးရှိတယ်....ပြီးတော့ ရေကြောင်းသယ်ယူပို့ဆောင်ရေးမှာ အတွေ့အကြုံမရှိပါဘူး....."


  လူတစ်ဝက်နီးပါးက ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့ကို အနိုင်ပေးရန် ထောက်ခံခဲ့သည်။ သုံးပုံတစ်ပုံခန့်က ဂလိုဘဲလ်အဖွဲ့က ကောင်းတယ်လို့ ထင်ကြသည်။



ဟဲကျင်းယို မျက်မှောင်အနည်းငယ်ကြုံ့လိုက်ပြီး အချိန်ကိုကြည့်ရန် သူ့လက်ကို မြှောက်လိုက်သည်။


လူတိုင်း ဒီလိုမျိုး ငြင်းခုံနေတာ နာရီဝက်ကျော်ကြာနေပြီမို့  သူဆုံးဖြတ်ချက်ချရန် လိုအပ်တယ်လို့ ခံစားရသည်။


ထိုအချိန်တွင်   သူ့လက်ထောက်က  တိတ်တိတ်ဆိတ်ဆိတ်   ဝင်လာပြီး ဟဲကျင်းယိုရဲ့နားတွင် တစ်ခုခုကို တိုးတိုးလေး  ပြောလိုက်သည်။


တဖြည်းဖြည်းနဲ့ ဟဲကျင်းယိုရဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။


သူ အလွန်ဒေါသထွက်နေပုံရပြီး အသံနက်နက်ဖြင့် သေချာမေးလိုက်သည်။


" ဒီသတင်း....သေချာလား..."


"ခေါင်းဆောင်...ဒါက လုံးဝမှန်ပါတယ်....ကျွန်တော် ကိုယ်တိုင်စစ်ဆေးပြီးပါပြီ... သူတို့ရဲ့ 'ရှင်ဖူကွေ့' ပျက်စီးသွားရုံသာမက သူတို့ရဲ့ 'အန်တွန်' ကလည်း အိန္ဒိယသမုဒ္ဒရာမှာ  ရပ်တန့်နေပါတယ်...."


"ဒါ...လုံးဝ...မဖြစ်နိုင်ဘူး...."


ဟဲကျင်းယို အလွန်ဒေါသထွက်နေပုံရသည်။


"မနေ့က ငါ လော့မောင်ယွမ်ကို အထူးခေါ်ပြီး မေးခဲ့တယ်... သူက သူ့ရင်ဘတ်ကို ပုတ်ပြီး ပြဿနာမရှိဘူးလို့ ပြောခဲ့တာ... ဒါဆို ငါ့ကို လိမ်ခဲ့တာပဲ....."


ဟဲကျင်းယိုမှာ အခြားသူရဲ့ လှည့်စားခြင်း ခံရတာကို အလွန်မုန်းတီးသည်။


ထို့ကြောင့် သူ့လက်ကို မြှောက်ပြီး ချလိုက်သည်။ မူလက ဆူညံနေတဲ့ ညီလာခံခန်းမထဲတွင်အသံ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။


လူတိုင်းက ဟဲကျင်းယိုကို ကြည့်နေသည်။ခေါင်းဆောင် ဆုံးဖြတ်ချက်ချတော့မည်ကို သိကြသည်။


"ကျွန်တော်..လူတိုင်းရဲ့ ထင်မြင်ချက်တွေကို နားထောင်ခဲ့ပါတယ်....အများစုက အတော်လေး ဆီလျော်တယ်....ခင်ဗျားတို့ရဲ့ ထင်မြင်ချက်တွေအပေါ် အခြေခံပြီး ကျွန်တော်က ရေနံစိမ်းလုပ်ငန်း စည် သန်း ၁၅၀ကို ဂလိုဘဲလ်ဆီ  လွှဲအပ်တာ ပိုသင့်လျော်တယ်လို့ ထင်ပါတယ်......"


" ဂလိုဘဲလ်ကို လုပ်ငန်း လွှဲပေးလိုက်ပြီလား..."


ရီရှန်းအဖွဲ့တွင် မျှော်လင့်ချက်မရှိတော့ပေ။


လေလံပွဲတွင် ပါဝင်သည့် ကုမ္ပဏီအချို့မှ လူများက ရန်ကောင်းကမ်းလွန်ရေနံအုပ်စုရဲ့ ရုံးချုပ်ကို သွားပြီ ညီလာခံခန်းမတွင် ထိုင်နေကြသည်။


ခဏအကြာတွင် ဟဲကျင်းယိုက သူ့နောက်တွင် လူအချို့နှင့်အတူ ညီလာခံခန်းမထဲသို့ ဝင်လာခဲ့သည်။


ရုတ်တရက် ညီလာခံခန်းမထဲတွင် အလွန်တိတ်ဆိတ်သွားသည်။


အားလုံးရဲ့အကြည့်များက  ဟဲကျင်းယိုနှင့် အခြားသူများအပေါ်တွင် ရှိနေသည် တရားဝင်ရလဒ်ကို ကြေညာရန် သူတို့စောင့်ဆိုင်းနေကြသည်။


ထိုအချိန်တွင် ကျိုးယန် အနည်းငယ် စိတ်လှုပ်ရှားနေသည်။လျူယောင်ကို အကြည့်တစ်ချက် ပေးလိုက်ပြီး သူ မေးလိုက်သည်။


"သူဋေး...ကျွန်တော်တို့...ဒီ...လေလံလုပ်ငန်းကိုအနိုင်ရမှာလား...."


လျူယောင် သူ့ကို အကြည့်တစ်ချက် ပေးလိုက်ပြီး နှစ်သိမ့်လိုက်သည်။


"စိတ်မပူပါနဲ့...ငါတို့မှာ ကြီးမားတဲ့ အခွင့်အရေးတွေရှိတယ်....ဒီ...အခွင့်အရေးက... ငါတို့ပဲ...ရမှာ....သေချာတယ်..."


အကြီးမားဆုံးပြိုင်ဘက်က ပင်လယ်ပြင်တွင် သင်္ဘောများ တစ်စီးပြီးတစ်စီး ပျက်စီးနေသည်။အချိန်မှီ ရေနံစိမ်းများ ပြန်လည်သယ်ယူပို့ဆောင်နိုင်ခြင်းမရှိပေ။ ပြီးတော့ ရန်ကောင်းကမ်းလွန်ရေနံအုပ်စုမှ လူများက ဒီအကြောင်းကို သိထားပေလိမ့်မည်။


ထိုသို့သောအခြေအနေများအောက်တွင် သူတို့က ရေနံစိမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ရီရှန်းအဖွဲ့သို့ လွှဲအပ်မယ်ဆိုပါက လျူယောင်ကိုယ်တိုင် ယုံကြည် နိုင်မည်မဟုတ်ပေ။



လော့မောင်ယွမ်ရဲ့ မျက်နှာ မကောင်းတာကို မြင်သောအခါ လျူယောင် ရုတ်တရက် ပျော်ရွှင်သွားသည်။


"ဟဲဟဲ...မင်း အခု ဝမ်းနည်းနေပြီမို့လား... မင်း အရမ်း ...မာနကြီးတာမဟုတ်ဘူးလား.... မင်းလေသံက ....ကျယ်ပြီးတော့...ငါတို့ကို လေးလေးနက်နက် မရှိခဲ့ဘူး...မင်း..အခု ဘယ်လိုလဲ ဟုတ်စ...."


ရန်ကောင်း ကမ်းလွန်ရေနံအုပ်စုမှအလယ်အလတ်အဆင့် အရာရှိတစ်ဦးက မိန့်ခွန်းပြောလိုက်သည်။


သူက ပထမဆုံးအနေဖြင့် လေလံပွဲတွင် ပါဝင်သည့် လူတိုင်းကို ကျေးဇူးတင်ကြောင်း ပြော ပြီးနောက် အလေးအနက်ထားတဲ့ အသွင်အပြင်ဖြင့် လေလံရဲ့ရလဒ်ကို ကြေညာလိုက်သည်။


"အားလုံးပဲ... ခင်ဗျားတို့အားလုံး တင်ပြထားတဲ့ လေလံစာရွက်စာတမ်းတွေအရ... ပြီးတော့ ကျွန်တော်တို့ရဲ့ လေလံဆွေးနွေးချက်များစွာအရ.. ကျွန်တော်တို့အားလုံး သဘောတူသည်မှာ ဒီတစ်ကြိမ် လေလံအနိုင်ရသူက " ဂလိုဘဲလ်" ဖြစ်ပါတယ်...."


"ဘာ"

"အနိုင်ရသွားတာက...ဂလိုဘဲလ်လား.. လား....ရီရှန်းမဟုတ်ဘူးလား....."


လူများစွာ ခေတ္တမျှ ထူပူသွားပြီးနောက် အစည်းအဝေးခန်းမထဲတွင် နွေးထွေးတဲ့လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။


ကျိုးယန်ရဲ့ စိတ်ထဲရှိ စိုးရိမ်မှု့များအားလုံး ရုတ်တရက် ပျောက်ကွယ်သွားကာ ဝမ်းသာမှုများ ဝင်ရောက်လာခဲ့သည်။ ပြီးတော့ သူက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။


"သူဋေး...ကျွန်တော်တို့ လေလံအနိုင်ရသွားပြီ....ဒါ...ဒါ... အိပ်မက်တစ်ခုလိုပဲ...."


လျူယောင် ပြုံးပြီး အတည်ပြု လိုက်သည်။


"ဟုတ်တယ်... ငါတို့....လေလံအနိုင်ရသွားပါပြီ..... ငါတို့က...နောက်ဆုံးအနိုင်ရသူတွေပဲ...."


 ကျိယန် "ဂလိုဘဲလ် "ကိုယ်စား မိန့်ခွန်းပြောခဲ့သည်။ အဓိကအကြောင်းအရာမှာ "ရန်ကောင်း ကမ်းလွန်ရေနံအုပ်စုက "ဂလိုဘဲလ် "ကို ယုံကြည်တဲ့အတွက် ကျေးဇူးတင်ကြောင်း .... ရေနံစိမ်း....စည် သန်း ၁၅၀ ကို စာချုပ်ပါအတိုင်း ပြီးစီးအောင်လုပ်ဆောင်ပေးမည် "ဟူ၍  အာမခံ ပြောကြားခဲ့သည် ။


အစည်းအဝေး ပြီးဆုံးပြီးနောက် လူများစွာက လျူယောင်နဲ့ကျိုးယန် ဆီကို လက်ဆွဲနှုတ်ဆက်ရန် ကိုယ်တိုင်လာရောက် ခဲ့ကြသည်။


ရီရှန်းအဖွဲ့အတွက်မူ့ ရှုံးနိမ့်သူများအနေဖြင့် လူအနည်းငယ်သာ သူတို့ကို အာရုံစိုက်ကြပြီး သူတို့က အလွန်တိတ်ဆိတ်နေကြသည်။


လော့မောင်ယွမ်ရဲ့ မျက်နှာက ဖြူလိုက် မည်းလိုက် ဖြစ်သွားသည်။


သူ  ဒီအချိန်မှာ ဘာတွေတွေးနေလဲဆိုတာကိုတော့ ဘာသာပြန်သူလည်း မသိပေ။ အံ့အားသင့်စရာကောင်းသည်မှာ သူထရပ်ကာ လျူယောင့်ဆီ လျှောက်လာပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။


"မစ္စတာလျူ ...ဂုဏ်ယူပါတယ်..."


လျူယောင်က ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်သည်။


"ကျေးဇူးတင်ပါတယ်..."


လော့မောင်ယွမ် ဆက်ပြောလိုက်သည်။


"ဒါပေမဲ့လည်း...ဒီတစ်ကြိမ်မှာ...ခဗျားတို့က ကျွန်တော့ကို.... အလွန်စိတ်မပျော်မရွှင်ဖြစ်စေတယ်....အနာဂတ်က...ရှည်လျားပါတယ်... ဒါကြောင့်....ခင်ဗျားကိုယ့်ကိုယ်ကိုယ်.... ဂရုစိုက်ပါ...."


"ကျွန်တော့်ကို့... တကယ်... ခြိမ်းခြောက်နေတာလား...."


လျူယောင် မထီမဲ့မြင် ပြုံးကာ လော့မောင်ယွမ်ကို မျက်နှာသာမပေးဘဲ ပြန်ပြောလိုက်သည်။


"ခင်ဗျားက ရူးနေတာပဲ ဖြစ်ရမယ်... ကျွန်တော့်ဆီမှာ ပင်လယ်ပြင်ပေါ်...သွားမဲ့... သင်္ဘောများစွာရှိတယ်... ပြီးတော့ သွားရမယ့်လမ်းက ရှည်လျားပါသေးတယ်.... ခင်ဗျားမှာ အချိန်အများကြီးမရှိဘူးလို့ ကျွန်တော်ထင်တယ်..."


"ခင်ဗျား...."


"ဘာ...ခင်ဗျားလဲ....ကိုယ့်ကိုယ်ကိုယ်.... ထိန်းချုပ်စမ်းပါ... ကျွန်တော်ကို...ထပ်မစော်ကားနဲ့....ပြီးတော့....ကျွန်တော်ကို....ဆန့်ကျင်ဖို့ မစဉ်းစားနဲ့.... မဟုတ်ရင် ပင်လယ်မှာ ရပ်ထားတဲ့ သင်္ဘောသုံးစီး မဟုတ်ဘဲ....လေးစီး...ငါးစီး... ဒါမှမဟုတ် ပိုများတဲ့ သင်္ဘောတွေ ဖြစ်လာလိမ့်မယ်...."


"ဟွန်း.....သွားကြစို့..."


 လော့မောင်ယွမ် အေးစက်စွာ သက်ပြင်းရှိုက်လိုက်ပြီး သူ့လူများကို ခေါ်ဆောင်သွားသည်။


လျူယောင်၏ စကားများကိုတော့ သူနားထဲတွင် မကြားသလို ထည့်မှတ်ထားခြင်းလည်း မရှိပေ။