Ch 7
Viewers 3k

7 01

အပိုင်း ( ၇ ) ရှန်းလင် ပုံရိပ်ယောင် အစီအရင် 


ပိုင်ရှောင်ရှန်း၏ ရှင်းပြချက်များအရ ရှန်းလင်ဝင်ခွင့်စာမေးပွဲသည် အဆင့်များပြားပြီး တင်းကြပ်သည်။ ကွန်ဖြူးရှပ်ကျောင်းတော် ဝင်နိုင်ရန်မှာ စည်းမျဉ်းစည်းကမ်းများနှင့် မူဝါဒဆိုင်ရာ ဆောင်းပါးများ စာစီစာကုံးများ ကို မေးပြီး ကျင့်ကြံခြင်း ကျောင်းတော်ဝင်ခွင့်ရရန်အတွက် ဖြေဆိုသူများ၏ မွေးရာပါ ပါရမီနှင့် ချီစွမ်းအား ထိန်းချုပ်နိုင်မှုများအပြင် ကျင့်ကြံခြင်းနှင့် သိုင်းပညာ အသိပညာများ၊ သိုင်းပညာနည်းစနစ်များကို စစ်ဆေးသည်။ 


ကျွမ်းကျင်မှု ပညာရပ်များ ကျောင်းတော်မှာ မည်သည်ကို မေးကြသည်ကို ဆွဲထုတ် ဖော်ပြရန် ခက်လွန်းလှသည်။ နေရာတွင်ပင် မီးပြင်းဖိုဖြင့် ဆေးလုံးစပ်ပြရခြင်း၊ နေရာတွင်ပင် နက္ခတာရာကြည့်ပြီး ရှေ့ဖြစ်ဟောပေးရခြင်း..... အစရှိသဖြင့် အားလုံးကို နေရာတွင်ပင် လုပ်ပြရသည်။ 


စစ်ဆေးမှုအဆင့်များမှာ အများကြီးရှိပြီး အားလုံးသည်လည်း တစ်ခုနှင်တစ်ခု မတူကြပေ။ သို့သော် ရှန်းလင်ကျောင်းတော် ဝင်ခွင့်စာမေးပွဲ ဖောင်တင်ကြသည်မှာ အလွန်များလှသည်။ တစ်ဦးချင်းစီကိုသာ စစ်ဆေးမည်ဆိုပါက မည်မျှလောက် လူအား ငွေအားနှင့် ရင်းမြစ်များ သုံးစွဲရမည်ကို မခန့်မှန်းနိုင်ပေ။ ထို့ကြောင့် ကျောင်းတော်သည် ဤပြဿနာကို ဖြေရှင်းရန်အလို့ငှာ တောင်ပိုင်းရှပြည်၏ မန္တာန်ပညာရှင်များကို စုဝေးစေပြီး ရှန်းလင်ပုံရိပ်ယောင်အစီအရင် မန္တာန်ကို ရေးဆွဲစေခဲ့သည်။ 


မန္တာန်ကို အသက်သွင်းလိုက်သည်နှင့် လူတိုင်းသည် ပုံရိပ်ယောင်အစီအရင်ထဲသို့ ဆွဲသွင်းခံရမည်ဖြစ်သည်။ ကျောင်းတော်၏ ဝင်ခွင့်စာမေးပွဲဖြစ်စေ နှစ်ကုန် စာမေးပွဲဖြစ်စေ စာမေးပွဲတိုင်းကို ရှန်းလင်ပုံရိပ်ယောင် အစီအရင်အတွင်းတွင် စစ်ဆေးသည်။ 


‘ဆိုတော့ ဒါက ပုံရိပ်ယောင် စာမေးပွဲပေါ့’ 


လင်ရှု၏ နှလုံးသည် နံရိုးများကို ဖောက်ထွက်လာတော့မတတ် ခုန်လှုပ်နေပြီး နောက်တစ်မျက်နှာကို မြန်မြန်လှန်လိုက်သည်။ 


နောက်တစ်မျက်နှာတွင် ရှန်းလင်ကျောင်းတော်၏ ကွန်ဖြူးရှပ် စာမေးပွဲအေကြောင်းကို အသေးစိတ် အစဉ်လိုက် ရှင်းပြထားသည်။  ထို့ကြောင့် လင်ရှုသည် ကျင့်ကြံရေးကျောင်းတော်အကြောင်း ရောက်သည်အထိ စာမျက်နှာများစွာကို တိုက်ရိုက်ကျော်ချလိုက်သည်။ 


အရည်အချင်းစစ်ပွဲကို သုံးပိုင်းပိုင်းခြားထားသည်။ ထိုသုံးပိုင်းကို ပိုင်ရှောင်ရှန်းက အလွန့်အလွန်ကို နားလည်လွယ်အောင် ရှင်းပြပေးထားသည်။ 


ပထမအဆင့်။ ။ ဤအဆင့်တွင် ဖြေဆိုသူသည် မြေပြင်မှ မီတာတစ်ရာအထိ မြင့်ပြီး လူတစ်ယောက် ဖက်စာလောက် တုတ်သည့် သစ်ပင်တစ်ပင် စိုက်ပေးရမည်။ ကျင့်ကြံခြင်းတွင် ကျင့်ကြံသူသည် ပထမဆုံး အာရုံစိုက်ပြီး ချီစွမ်းအား ဖြစ်ပေါ်စုပ်ယူနိုင်ရန် လိုအပ်သည်။ 


ဖြေဆိုသူအားလုံးသည် ရှန်းလင်ပုံရိပ်ယောင်ထဲတွင် တရားထိုင်ရမည်။ ပထမဆုံး သူတို့သည် ချီစွမ်းအားကို တစ်ကိုယ်လုံးတွင် ရှိသည့် အပ်စိုက်မှတ် (၇၂၀) လုံးကို ဖြတ်ကျော်ပြီး လှည့်ပတ်ပြရမည်။ 


ထိုနောက်ပိုင်းတွင် ပုံရိပ်ယောင်သည် ဖြေဆိုသူများကို အပ်စိုက်မှတ်များကို ကျပန်းပေးပြီး လှည့်ပတ်စေမည်ဖြစ်သည်။ ထို့အပြင် မရီဒျန်များအတွင်း ချီစွမ်းအားများ လှည့်ပတ်နိုင်ရန် လမ်းကြောင်းများကိုလည်း အပ်စိုက်မှတ်များ မေးမြန်းရင်း ပြောသွားမည်ဖြစ်သည်။ ဖြေဆိုသူသည် ခန္ဓာကိုယ်တွင် ချီစွမ်းအားများကို ငါးကြိမ်တိုင်တိုင် လည်ပတ်ပြရန် လိုအပ်သည်။ 


ထိုအဆင့်ပြီးသွားလျှင် ပုံရိပ်ယောင်သည် အပ်စိုက်မှတ်နှင့် မရီဒျန်များကို ပိတ်ဆို့စေရန် အတားအဆီးအချို့ ချလိုက်မည်ဖြစ်သည်။ ဖြေဆိုသူမှာ အတားအဆီးကို ချိုးဖြတ်၍သော်လည်းကောင်း အတားအဆီးကို မမှုဘဲ အတင်းအကြပ် ချီစွမ်းအားကို တွန်းအားပေးကာ လည်ပတ်စေခြင်းကိုသော်လည်းကောင်း ရွေးချယ်၍ လှည့်ပတ်စေနိုင်သည်။ 


ဒုတိယအဆင့်။ ။ “လမ်း ၊ လမ်းမဟုတ်သော လမ်း၊ နှင့် လမ်း သို့သော် လုံးဝ လုံးဝ လမ်းမဟုတ်သော လမ်း” ထာဝရလမ်းစဉ်ကို ကျင့်ကြံနိုင်ရန် ကျင့်ကြံသူသည် လမ်း ဆိုသည်ကို နားလည်ရမည်။ 


ဤအဆင့်သည် ဖြေဆိုသူ၏ နားလည်နိုင်စွမ်းကို နက်နက်ရှိုင်းရှိုင်း တိုင်းတာခြင်း စစ်စစ်သာ ဖြစ်သည်။ ပုံရိပ်ယောင် အစီအရင်သည် အခြေခံကျသော ကျင့်ကြံမှုဆိုင်ရာ မေးခွန်း နှစ်ဆယ်ကို ရွေးချယ်ပြီး မေးမြန်းမည်ဖြစ်ကာ ဖြေဆိုသူက ပြောလိုက်သော စာကြောင်းကို မည်မျှ နားလည်ကြောင်း ရှင်းပြရမည် ဖြစ်သည်။ 


ထို့နောက်တွင် ပုံရိပ်ယောင်အစီအရင်သည် မတူညီသော လူနှစ်ယောက်စီတိုင်းကို ကျပန်းရွေးချယ်၍ စာကြောင်းတစ်ကြောင်းကို မတူညီသော ရှုထောင့်မှ ဆွေးနွေးစေမည် ဖြစ်သည်။ ထိုနှစ်ဦးသည် ပုံရိပ်ယောင်ထဲတွင် တောက်အကြောင်း ဆွေးနွေးကြရမည် ဖြစ်သည်။ 

7 02

တတိယအဆင့်။ ။ သိုင်းပညာ အနိမ့်ဆုံးအဆင့်။ ။ ဖြေဆိုသူသည် အဆင့်မြင့် ကျွမ်းကျင်သူသာဖြစ်လျှင်ရပြီဖြစ်သည်။ သိုင်းပညာ အလယ်အဆင့်တွင် ဖြေဆိုသူသည် ပညာရှင်အဆင့် ဖြစ်လာပြီဖြစ်ပြီး အမြင့်ဆုံးအဆင့်တွင်မူ သိုင်းသမားသည် သိုင်းပညာနှင့် တောက်ကို နက်နက်ရှိုင်းရှိုင်း နားလည်ပြီဖြစ်ကာ တောက်နှင့် သိုင်းပညာကို ခွဲခြားစရာ မလိုတော့ပေ။ 


တတိယအဆင့်ရောက်လျှင် ပုံရိပ်ယောင်သည် အဆင့်မြှင့်သွားပြီး ကျောင်းသားများသည် ကိုယ်ပိုင် လက်နက်တစ်မျိုးမျိုး ရွေးချယ်ရမည် ဖြစ်သည်။ သိုင်းပညာလေ့ကျင့်သည့် အချိန်ကို ဆယ့်နှစ်ပိုင်း ပိုင်းခြားထားသည်။ အာရုဏ်ဦး၊ ဆည်းဆာ၊ မွန်းတည့် နှင့် ညအချိန်၊ နွေဦး၊ နွေရာသီ၊ ဆောင်းဦး၊ ဆောင်းလယ် နှင့် ဆောင်းရာသီ၊ တိမ်ထူ၊ နေသာ၊ မိုးရွာ နှင့် နှင်းကျချိန်တို့ ဖြစ်သည်။ 


ပိုင်ရှောင်ရှန်းသည် ဤနေရာတွင် မှတ်ချက်တိုလေးများနှင့် မှတ်သားသင့်သည်တို့ကို အတိုကောက် မှတ်ထားပေးသည်။ ဤအဆင့်တွင် ကျွမ်းကျင်အဆင့်ကို သတ်မှတ်ရာတွင် သိုင်းပညာသည် ဒုတိယဖြစ်ပြီး အဓိကမှာ သိုင်းပညာတွင် တောက်လမ်းစဉ် စီးဆင်းနိုင်မှု နှင့် နားလည်မှု ဖြစ်သည်။ 


ဖြေဆိုသူ နှစ်ဦးရှိသည်ဆိုပါစို့။ နှစ်ဦးလုံးသည် ပုဆိန်ကို သုံးပြီး ဝှေ့ယမ်းလိုက်သည်ဆိုလျှင်ပင် နားလည်မှု မြင့်မားသူသည် အလိုလျောက် နားလည်နိုင်စွမ်း နိမ့်သူထက် သာနေလိမ့်မည် ဖြစ်သည်။


တတိယအဆင့်ကို အသေးစိတ် ရှင်းပြပြီးနောက် ပိုင်ရှောင်ရှန်းသည် အခြားအကြောင်းအရာများကို ဆက်၍ ရှင်းပြသည်။ သူ ပေးချင်သည့် အဓိကအချက်မှာ အဆင့်သုံးဆင့်လုံးသည် ချွင်းချက်မရှိ ခက်ခဲသည် ဖြစ်သော်လည်း ကျောင်းတော်၏ တကယ့်ရည်ရွယ်ချက်သည် ဖြေဆိုသူများကို သုံးဆင့်လုံး ပြီးပြည့်စုံစွာ အောင်မြင်ရမည်ဟု မသတ်မှတ်ထားဘဲ ကျောင်းသား တစ်ဦးချင်းစီ၏ အရည်အချင်း ပါရမီနှင့် နားလည်နိုင်စွမ်းတို့ကိုသာ တူးဖော်လိုခြင်းသာ ဖြစ်သည်။ 


ပထမအဆင့်ကို ချောချောမွေ့မွေ့ အောင်မြင်သူသည် နောက်လာမည့် နှစ်ဆင့်ကို ထူးထူးချွန်ချွန် အောင်မြင်ခြင်း မဟုတ်လျှင်ပင် သေချာပေါက် စာမေးပွဲအောင်ပြီး ကျောင်းဝင်ခွင့်ရမည် ဖြစ်သည်။ 


ပြောရလျှင်...... ရှန်းလင်ကျောင်းတော်မှ အခြေပြုထားသော သဘာဝ ပါရမီ အရည်အချင်းဟူသည် ဆန်းကြယ်သော နယ်ပယ်(တောက်လမ်းစဉ်၊ ကွန်ဖြူးရှပ်ဝါဒ နှင့် သိုင်းပညာ) တို့ကိုသာ အခြေခံထားခြင်းဖြစ်ပြီး မော်ဒန်ရူပဗေဒ ပညာရပ်အရ သတ်မှတ်ထားသော ပါရမီ မဟုတ်ပေ။ 


‘အမှန်ပဲ သူတို့တွေက ရုပ်ပိုင်းဆိုင်ရာ ပါရမီကို စစ်ဆေးဖို့လိုမှာ မဟုတ်ဘူး၊ တစ်ချို့တွေရဲ့ မရီဒျန်တွေက ချီစွမ်းအားကို သေချာစုစည်းတတ်မှာ မဟုတ်သလို ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ချောချောမွေ့မွေ့လည်း လည်ပတ်နိုင်မှာ မဟုတ်ဘူး၊ ဘယ်လောက်ပဲ ခန္ဓာကိုယ်ရဲ့ အပ်စိုက်မှတ်တွေကို ကြည့်ပြီး လေ့လာထားတယ်ဆိုဦးတော့ ချီစွမ်းအင် ကျင့်စဉ် အခြေခံတွေနဲ့ အလွတ်ကျက်ထားတယ် ဆိုဦးတော့ လက်တွေ့မှာက လွယ်မှာမဟုတ်ဘူး၊ ပုံရိပ်ယောင်ထဲ ရောက်သွားရင်တော့ လူတွေက ဘယ်နည်းလမ်းကို သုံးရမယ်တွေ ဘာလုပ်ရမယ်တွေကို သတိရကြမှာ မဟုတ်တော့လောက်ဘူး’ 


‘ရှန်းလင် ပုံရိပ်ယောင် အစီအရင်က တကယ်ကို မှော်ဆန်တဲ့ နယ်မြေလိုပဲ’ 


ပို၍ ရှင်းရှင်းလင်းလင်း ပြောရလျှင်၊ ပုံရိပ်ယောင် အစီအရင်ထဲတွင် သူ့ခန္ဓာကိုယ်မှ အတားအဆီးများကို တစ်ခုမှ ခံစားရမှာ မဟုတ်ပေ။ သူ၏ မရီဒျန်များ အကြောများအားလုံးက ချောမွေ့ပြီး ပိတ်ဆို့နေခြင်းများ ရှိမှာ မဟုတ်ပေ။ 


အခြားသူများအတွက်မူ သူတို့၏ မရီဒျန်များက မွေးရာပါ အခြေအနေတို့ကြောင့် မချောမွေ့ဘဲ ပိတ်ဆို့နေတတ်သောကြောင့် ဤနည်းလမ်းအားဖြင့်သာ ပထမဆုံး အဆင့်ကို ကျော်ဖြတ်နိုင်ကြမည် ဖြစ်သည်။


သို့သော် သူ၏ ယခင်ဘဝမှ ခန္ဓာကိုယ်ကတော့ မတည်ဆောက်ရသေး သို့ ရှင်းလင်းနေသော ဟူသည့် စကားလုံးများဖြင့် မဖော်ပြနိုင်သော ခန္ဓာကိုယ်မျိုး ဖြစ်သည်။ သူ၏ ချီစွမ်းအားတို့အား အပ်စိုက်မှတ် (၇၂၀) မှတ်ကို ဖြတ်၍ ခန္ဓာကိုယ်တစ်ခုလုံး ချောချောမွေ့မွေ့ စီးဆင်းနိုင်ရန်အတွက် နေ့ရောညရော အကြိမ်ရာပေါင်းများစွာ ကြိုးစားခဲ့ရသည်။ အစပိုင်းတွင် သူ့အတွက် အလွန်ကို ခက်ခဲခဲ့ပြီး ကြာရှည်စွာ ကြိုးစားခဲ့ရသည့် အချိန်ကာလတို့ ဖြစ်ခဲ့သည်။ အလွန်ကြာပြီးသော အချိန်များမှသာ သူသည် ချီစွမ်းအား စီးဆင်းလှည့်ပတ်မှုနှင့် အကျွမ်းတဝင်ဖြစ်လာခဲ့ပြီး မရီဒျန်များဆီသို့ ချီစွမ်းအားများ လှည့်ပတ်မည့် လမ်းကြောင်းများကိုလည်း သိလာခဲ့သည်။ ထို့ကြောင့် သူ့အတွက် ပထမအဆင့် စစ်ဆေးမှုသည် ရေခွက်ထဲမှ ရေကို မေ့သောက်သကဲ့သို့ လွယ်ကူလွန်းသည်။ 


သို့သော် ဒုတိယမြောက်အဆင့်က သူ့ကို အနည်းငယ် စိတ်လှုပ်ရှားပြီး မသေမချာဖြစ်စေသည်။ သူ့အတွက် နေ့စဉ်စကားပြောများ ပြောရသည်ကိုပင် ခက်ခဲလှသည်ဟု ပြောနိုင်ပြီဖြစ်ရာ တစ်စုံတစ်ယောက်နှင့် တောက်အကြောင်း ဆွေးနွေးရမည်က တစ်ထောင့်တစ်ည ပုံပြင်များကို ပြောရန် အတင်းအကြပ် စေခိုင်းခံရသကဲ့သို့ စိတ်ကူးယဉ်ဆန်လှသည်။ သို့သော် ပိုင်ရှောင်ရှန်း၏ အဆိုအရဆိုလျှင် ရှန်းလင်ကျောင်းတော် ဝင်ခွင့်ရရန်မှာ ယခင်ဘဝတွင် အခြေခံရှိထားပြီးသား သူ့အတွက် သေချာပေါက် ခက်ခဲလိမ့်မည် မဟုတ်ပေ။ 

7 03

အတိုချုပ်ပြောရလျှင် ဆေးလုံးဖော်စပ်ရန် လိုအပ်သူများထက်စာလျှင် သူကတော့ ကျင့်ကြံခြင်းကျောင်းတော်သို့ တိုက်ရိုက် ဝင်ခွင့်ရနိုင်သည်။ ရှန်းလင် ဝင်ခွင့်စာမေးပွဲကသာ ပြဿနာတစ်ခု မဟုတ်ပဲ ဤကျောင်းတော်မှ မည်သည့် စာမေးပွဲကိုမဆို သူ စိုးရိမ်နေစရာမလိုပေ။ 


တစ်ခုတည်းသော ပြဿနာမှာ ကြက်တစ်ကောင်ကိုပင် မသတ်နိုင်သော ခွန်အား၊ စိတ်ဝိဉာဉ်စွမ်းအား တစ်စိကိုမှ မစုစည်းနိုင်သော မရီဒျန်များ က ရှန်းလင်စာမေးပွဲကို မည်သို့ အောင်လာသည်ကို မည်သို့ ရှင်းပြရမည် မသိသည့် ပြဿနာဖြစ်သည်။ 


လီကျီမောက်နှင့် လီယာမောက်တို့သည် လင်ရှုအား စိတ်အားထက်သန်စွာ ကြည့်နေကြသည်။ သူ၏ စာအုပ်အဖုံးကို ကိုင်ထားပြီး အချိန်အကြာကြီး မိန်းမောနေသည်ကို မြင်လျှင် မထိန်းချုပ်နိုင်တော့ဘဲ ခေါ်မိသွားသည်။ 


“ လင် ရှုံးတိ? ” 


လင်ရှု ဖြည်းညင်းစွာ သက်ပြင်းချလိုက်ပြီး 


“သွားကြစို့” 


ရှန်းလင်စာမေးပွဲက အလွန်နီးကပ်နေပြီဖြစ်ရာ စာအုပ်ဆိုင်ရှင်သည်လည်း လက်ကိုမလည်အောင် ရောင်းနေရသည်။ ဝင်ခွင့်ဖြေမည့် လူတိုင်းသည် စာအုပ်ပေါင်းများစွာကို ဝယ်ယူကြရသည်။ ဤလူသုံးဦးက စာအုပ်ပါးပါးလေး တစ်အုပ်ကိုသာ ဝယ်သွားသည်ကို မြင်ပြီး ဆိုင်ရှင်သည် မကျေမနပ် ဖြစ်သွားတော့သည်။ သူတို့ အပြင်ထွက်သွားသည်ကို ကြည့်နေလိုက်ပြီး ရှုံ့ချလိုက်သည်။ 


“ဖီ! ကျမဲ့အမှိုက်တွေ!” 


လင်ရှု တိတ်ဆိတ်စွာပဲ လျှောက်သွားသည်။ 


စာမေးပွဲအောင်ရန်က သူ့အတွက် စိုးရိမ်စရာတစ်ခု မဟုတ်တော့ပေ။ 


သူ အောင်သွားမည်ကိုသာ ကြောက်နေရသည်။ ကျောင်းတော်မှ လူတိုင်းက သူမည်သို့ အောင်လာသည်ကို သံသယဝင်ကြမည်ပင်။ 


သူ၏ အရင်ဘဝတုန်းက သူ၏ စာအုပ်များနှင့် ပစ္စည်းများကို အခြားသူများ မြေပြင်ပေါ်သို့ တွန်းချလိုက်သည်ကို ရုတ်တရက် မျက်လုံးထဲ ပြန်မြင်လာသည်။ ၎င်းက သူ့ကို အန်ချင်လာစေသည်။ 


ပြန်ရောက်ပြီးနောက်တွင် သူသည် နိမ့်ပါးလှသော ဘာသာစကားစွမ်းရည်ဖြင့် လီကျီမောက်နှင့် လီယာမောက်တို့ကို ချီစွမ်းအားများ လှည့်ပတ်နည်း၊ အပ်စိုက်မှတ်များ သိရှိနိုင်ရန်နှင့် ချီစွမ်းအား စုစည်းရန် နည်းလမ်းများကို အကောင်းဆုံး ကြိုးစား၍ သင်ကြားပေးသည့် အလုပ်မှလွဲ၍ အခြားလုပ်စရာ မရှိပေ။ သူတို့ကို အခြေခံ ဓားကွက်များဖြစ်သော ချိန်၊ ထိုး၊ ခုတ်၊ လွှဲ တို့ကိုလည်း သင်ပေးခဲ့သည်။ ဤအသိပညာများနှင့်ဆိုလျှင် သူတို့တွင် ကျင့်ကြံခြင်းပါရမီ အနည်းငယ်သာ ရှိလျှင်ပင် ကျောင်းတော်သို့ ဝင်ခွင့်ရနိုင်မည် ဖြစ်သည်။ 


ဤသင်ခန်းစာတို့ကြောင့် လီကျီမောက်နှင့် လီယာမောက်တို့က သူ့ကို ပို၍ လေးစားလာခဲ့ပြီး လုံးဝ စုံလုံးကန်း ယုံကြည်လာခဲ့သည်။ သို့သော် လင်ရှုကတော့ ပိုပိုပြီး မသက်မသာ ဖြစ်သလို ခံစားလာရသည်။ 


ကြုံခဲ့ရသော အတွေ့အကြုံများကြောင့် ထိုညတွင် သူသည် အလွန်ကို ထူးဆန်းသော သဘာဝလွန် အိပ်မက်တစ်ခုကို မက်ခဲ့လေသည်။ 


အိပ်မက်ထဲတွင် သူသည် မင်ကျိုးမြို့ပြင်ရှိ မှောင်မိုက်နေသော တောာနက်ထဲသို့ ပြန်ရောက်နေခဲ့သည်။ သူသည် အကူအညီမဲ့စွာဖြင့် တစ်ယောက်တည်း လျှောက်သွားနေချိန်တွင် သူ၏ နောက်ဘက်မှ အလျင်စလိုဖြစ်နေသော ခြေသံအချို့ကို ရုတ်တရက် ကြားလိုက်ရသည်။ နောက်လှည့်ကြည့်လိုက်လျှင် သူနှင့် ယခင်က အခွင့်ကြုံ၍ တွေ့ဆုံခဲ့ရသော လင်းပေါင်ချန် ဖြစ်နေသည်ကို တွေ့လိုက်သည်။ 


လင်းပေါင်ချန်သည် သူ၏ အင်္ကျီစကို ဆုပ်ကိုင်ပြီး သူမ၏ မျက်နှာကလည်း အရောင်အသွေးမမြင်ရလောက်အောင် ဖြူဖျော့နေသည်။ သူမ၏ အသံက လုံးဝကို ကူကယ်ရာမဲ့နေသည်။ 


“လင်ရှစ်ရှုံး” 


လင်းပေါင်ချန်က မဆုံးနိုင်အောင် ငိုကြွေးနေခဲ့ပြီး 


“သခင်မလေးကို အလောင်းကောင် ဘုရင် ဖမ်းသွားပြီ၊ ကျွန်မတစ်ယောက်ပဲ လွတ်လာတာ ဒါပေမဲ့ ကျွန်မ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး........ လင်ရှစ်ရှုံး ရှစ်ရှုံးက ရှန်းလင်ကျောင်းတော်က ပထမအဆင့်ကျောင်းသားလေ။ ပြီး ပြီးတော့ ကျင့်ကြံရေးမှာလည်း ထူးချွန်ပြီး သိုင်းပညာလည်း မြင့်မားတာ ကျွန်မတို့ သခင်မလေးကို ကယ်နိုင်မှာ သေချာပါတယ်” 


သူ လင်းပေါင်ချန်ကို မည်သို့ တုံ့ပြန်ရမှန်း မသိလိုက်ခင်မှာပင် လင်းပေါင်ချန်က သူ့ကို အလောင်းကောင်ဘုရင်နှင့် ရင်ဆိုင်ရန် ဆွဲခေါ်သွားနေပြီဖြစ်သည်။ 


လင်းပေါင်ချန်က သူမ၏ ဓားကို ဆွဲထုတ်ပြီး သူ့ကို ပေးလိုက်သည်။ 


ထို့နောက်တွင် သူ လင် စိတ်ဝိဉာဉ်စွမ်းအား လုံးဝမရှိသော ရှု သည် ဓားကို ဆွဲယူလိုက်ပြီး ပတ်ဝန်းကျင်ကို အမူအယာမဲ့စွာ ကြည့်နေခဲ့သည်။ 


ထိုအချိန်တွင် အလောင်းကောင်ဘုရင်က သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာပြီး သူ့ကို လေတစ်ချက်သာ မှုတ်ပြီး သတ်သွားလေသည်။ 


နောက်ဆုံး မြင်လိုက်ရသော မြင်ကွင်းသည် သခင်မလေးကို အလောင်းကောင်ဘုရင်က လေထဲတွင် တန်းလန်းချိတ်ထားခြင်းသာ ဖြစ်သည်။ သူမက သူ့ကို မုန်းတီးစွာ စိုက်ကြည့်ပြီး ရုန်းကန်နေရင်း 


“အသုံးမကျတဲ့ အမှိုက် ဟိုတုန်းကတည်းက နင့်ကို အရေဆုတ်ခဲ့ရမှာ ” 

7 04

လင်ရှုသည် သူ့ကို ကံတရားက လည်ပင်းကို ကြိုးကွင်းစွပ်လိုက်ပြီဟုသာ ခံစားလိုက်ရသည်။ အသက်ရှုကြပ်လာသလို ခံစားလိုက်ရပြီးနောက် သူ မျက်လုံးဖွင့်လိုက်သည်။ 


အိပ်မက်သာ ဖြစ်လေသည်။ 


“......” 


‘ဒီလိုမျိုး ဖြစ်စရာ အကြောင်းမရှိဘူး မရှိဘူး ’ 


စာရေးသူမှာ ပြောစရာရှိပါတယ် 


ကျောင်းတော် ကျောင်းသားများ စကားပြောခန်း .... 


‘သူ ဘာမှ မလုပ်နိုင်တာ အသိသာကြီးကို ဘာလို့ စာမေးပွဲတိုင်းမှာ ပထမနေရာကြီးပဲ ရနေတာတုန်း ’ 


‘သခင်မလေးက သူ့ကို ဆွဲတင်ပေး နေလို့ဆိုတာ သေချာနေတာကြီး  မဟုတ်ဘူးလား ’ 


‘သခင်မလေးပေါ်မှာ မူတည်နေတာ သိသာနေတာပဲ နှစ်နှစ်ဆယ်ကျော်လောက် ရုန်းကန်နေတာ အလဟဿပဲ အောင်မြင်မှုက သခင်မလေးလက်ထဲမှာပဲ ’ 


‘သခင်လေး ကျွန်တော့်ကိုလည်း ဆွဲခေါ်ပေးပါ ဝူးဝူး’ 


******