Ch 26
Viewers 3k

26 01

အပိုင်း (၂၆)

 

နတ်သမီး

 

အပြင်မှာ ယွဲ့မောင်နှမရဲ့ လေ့ကျင့်ရေးက ပြီးသွားပြီ။

 

လင်ရှုက ယွဲ့ရို့ယွင်ပြောတာ ကြားလိုက်ရသည်ငါ ဒီနေ့တစ်နေကုန် အိပ်မက်နယ်မြေထဲ ဝင်မရဘူး ဘာဖြစ်နေလဲသိလား

 

ယွဲ့ရို့ဟယ်က တစ်ခုခု ဖြစ်သွားတယ်ပြောတယ် နည်းနည်းစောင့်ရမယ်ထင်တယ်

 

မြန်မြန် ပြန်ကောင်းရင်ကောင်းမယ် ကျိုးထျန်းသိုင်းခြံဝနိးက စက်တင်ဘာနှစ်ဆယ့်လေးရက်တိုင်း လူခေါ်တယ်လေ အခုအထိ ဝင်မရသေးတာက စိတ်ပူစရာပဲ

 

ယွဲ့ရို့ယွင်စကားကို ယွဲ့ရို့ဟယ်က နင့်သာမန်သိုင်းပညာနဲ့ဆို ဟိုမှာ ဖရသီး ရိုက်ခွဲခံရသလို နေမှာပဲ

 

ပြောရရင် ယွဲ့ရိူ့ယွင်က ပြန်ငြင်းတော့သည်ငါသာ ဖရဲသီးလိုရိုက်ခွဲခံရမယ်ဆို နင်က ပိုကြီးတဲ့ ရိုက်ခွဲစရာဖရဲသီး ဖြစ်မှာ

 

လင်ရှုက သူတိူ့ငြင်းနေတာကို ဘာမှသွားမနှောက်ယှက်ဘူးလေ။

 

ပြောရရင် ကျိုးထျန်းသိုင်းခြံဝန်းဖွင့်လှစ်မဲ့ကိစ္စက သူ့အတွက်လည်း အရေးကြီးတာပဲ။ အရင်ရက်ပိုင်းထဲ တအားရှုပ်နေလိူ့သာ။

 

ပြောမယ်ဆိုရင် အင်မော်တယ်တာအိုကလူတွေက တပည့်တွေကို အချင်းချင်းတိုက်ခိုက်ဖိူ့ မသင်ယူခိုင်းတတ်ကြပေ။ အကြောင်းက အင်မော်တယ်တာအိုက လူတွေရဲ့ စွမ်းအားကကြီးလွန်းတော့ မတော်တဆနဲ့ ကျောင်းကို ဖျက်ဆီးမိမှာ စိုးရိမ်တာနှင့်ဓားတွေမှာ မျက်လုံးမပါသောကြောင့် ဖြစ်သည်အကယ်၍ သူတို့စွမ်းအားကို ပြချင်လျှင် နေ့လင်းဖုန်းရှောင်လို ကိုယ့်ဘာသာ အတွင်းဒဏ်ရာ အရခံပြီး အတင်းရပ်ပစ်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ တိုက်ခိုက်ရာကနေ ဒဏ်ရာရလာခဲ့လျှင် ကျောင်းစာဘည်း နောက်ကျမည်။ အချိန်ကြာကြာ သင်ပေးရတာ ကိစ္စမရှိပေမဲ့ မသင့်တော်ပေ

 

သို့ပေမဲ့ အင်မော်တယ်တာအိုက တစ်ယောက်ထဲပိတ် ကျင့်ကြံနေရင် ကြာလွန်းပြီး တိုက်ခိုက်တာ ဆွေးနွေးတာတွေက အဆင့်တိုးတက်ဖို့ အကောင်းဆုံးအရာတွေပင်။ အဲဒီကနေ ကျိုးထျန်းသိုင်းခြံဝန်းက အိပ်မက်နယ်မြေထဲ ပေါ်လာတာဖြစ်သည်

 

ထိုနေရာမှာ ကြိုက်တဲ့လက်နက်နဲ့ ကြိုက်သလို တိုက်ခိုက်လို့ရသည်။ ပြောရရင် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဒဏ်ရာအားလူံးကို ပြန်ကုသပြီး အရင်အခြေအနေကိူ ပြန်ရောက်နိုင်စွမ်း ရှိသည်

 

ဒါ့အပြင် အဆင့်ဇယားစီစဉ်မှုတွေ ကျောက်စိမ်းဝိဉာဉ်နဲ့ လောင်းလို့ရတဲ့ လောင်းကြေး ထပ်စရာနေရာတွေကအစ ရှိသည်

 

ထိုနေရာတွင် အမည်မသိတိုက်ပွဲကွင်းပြင်လိုဟာမျိုးလည်း ရှိသေးတယ်။ သဘောကတော့ လူသိမခံချင်တဲ့လူတွေက နာမည်နဲ့ ပုံပန်းသဏ္ဍာန်တွေပြောင်းလိူ့ ဝင်ပြိုင်လို့ရတဲ့ နေရာပင်။ တိုက်ခိုက်ရေးနည်းစနစ်တွေဆီကနေ မသိသွားကြဘူးလားလို့ မေးရင်တော့ အကယ်ဒမီမှာ လူထောင်ချီ သောင်းချီတက်နေတာ တစ်ယောက်နဲ့တစ်ယောက် တွေ့ရင်တောင် နည်းစနစ်တွေသိဖို့က အဲ့လောက် မလွယ်ဘူးပေ

 

နောက်တစ်မျိုးပြောရရင် တစ်ယောက်ယောက်က အကယ်ဒမီကလူတွေကို စိန်ခေါ်တိုက်ခိုက်နိုင်ပြီး သူတိုရဲ့ ဘယ်သူလဲဆိုတာကို ဖုံးကွယ်ထားလို့ ရသည်

26 02

ဒါက လင်ရှု ဆန္ဒရှိတာပဲ။ သူ့ပုံကို ကြုံသလိူပြောငိး အထဲဝင် သိုင်းပညာဖလှယ် ပြန်ထွက်လာ သူမှန်း ဘယ်သူမှမသိ။ သူ လေ့ကျင့်ရာလည်း ရောက်သလို အခုကမ္ဘာကလူတွေရဲ့ အင်အားကိုပါ သိနိုင်သည်

 

အပြင်မှာ သူက အားနည်းပေမဲ့ အဲ့ထဲမှာဆိုရင်တော့ သူ့အရင်ဘဝကအတိုင်း ဖြစ်သွားမည်ဖြစ်သည်။ သူ့ဆရာရဲ့ နှစ်တစ်ထောင်မှာ တစ်ခါပဲပေါ်တဲ့ ပါရမီရှင် ဓားအတွက် မွေးဖွားလာပြီး ဓားနဲ့ ပဲသေသင့်တယ်ဆိုတာက တအားတော့ အခြေအနေ မဆိုးသင့်ဘူးမလား။

 

ထိုအခါကျမှ သူ အိပ်မက်နယ်မြေအလုပ်လုပ်ပုံကို တွေးမိတော့သည်။ ဘယ်လိုမျိုး အလုပ်လုပ်တာလဲ။ လူတစ်ယောက်ရဲ့ခွန်အားကို သူတို့ ဘယ်လိုတိုင်းတာတာလဲ။ လူရဲ့စိတ်ကူးယဉ်မှုကနေလား၊ သူတို့ရဲ့ မသိစိတ်ကနေလား ဒါမှမဟုတ် ဝိဉာဉ်ကနေလား။

 

စိတ်ကူးကနေတော့ မဖြစ်လောက်ဘူး အဲ့လိုဆို လူတိုင်းက အိပ်မက်နယ်မြေကို ဖျက်ဆီးလို့ ရနေလောက်ပြီ။ မသိစိတ်ဆိုရင် မော်ဒန်နည်းပညာနဲ့တောင် မဖြစ်နိုင်တာ အခုက မဖြစ်နိုင်လောက်သေးဘူး။ ဖြစ်နေရင် အံ့ဖွယ်ကြီးပဲ။ ဒါဆိုရင် ဝိဉာဉ်ပဲ နေမှာလေ။

 

ဝိဉာဉ်ဆိုရင်တော့ သူ့အရင်အဆင့်က ရှိသေးတယ်ပြောရမည်။ သူ့သွေးကြောတွေနဲ့ ခန္ဓာကိုယ်က ဆွဲချနေတာ ဒါတွေသာ ပြန်ကောင်းအောင် လုပ်နိုင်ရင် အဆင့်က ဒုန်းကျည်လို တက်လာလိမ့်မည်

 

အခြေအနေကို ဥပမာပြရရင် လူတွေ အင်မော်တယ်အဖြစ် ကျင့်ကြံတာက တစ်တောင်ပြီး တစ်တောင် ပိုမြင့်တဲ့ဆီကို တက်သွားရတာပင်။ သူကတော့ တောင်အမြင့်ဘေးမှာ အေးဆေးလမ်းလျောက်စရာ လွင်ပြင်လေးတွေနဲ့ပေါ့။ ပထမတက်ရမဲ့တောက်က ဟိမဝန္တာဖြစ်နေရုံပဲ။

 

အခုက သူ့သွေးကြောတွေ ပြန်ကောင်းအောင် လုပ်ရမဲ့ဟာက တအား ဈေးကြီးနေတာ။ အကြောင်းရင်းကတော့ သူ ဆင်းရဲနေတာပဲ။

 

ရှောင်လင်းယန်က သူသာ လင်းဖုန်းရှောင်နဲ့ ဝေးဝေးနေမယ်ဆိုရင် ဘာမဆိုရစေရမယ်လို့ ပြောခဲ့သည်။ ဒါပေမဲ့ သူနဲ့လင်းဖုန်းရှောင်က အရင်ကတည်းက အနေမနီးဘူးကို ဘယ်လိုလုပ် ပိုဝေးလို့ရမှာလဲ။ ဝေးပြီးသားကြီးလေ။

 

လင်းဖုန်းရှောင်လို့ပြောမှ သူ့အတွေတွေ ပြန်ရှုပ်ထွေးသွားပြန်သည်။ သူမသူ့အပေါ် ရုတ်တရက်ကြီး ကောင်းလာပေးတာက ကောင်းကင်ပေါ်က ရတနာမဟုတ်ဘဲ ထောင်ချောက်ကြီးလို့ မြင်နေရသည်လေ။

 

သူ အနာဂတ်မှာ ပိုသတိထားရမှာပဲ။

 

သူ စားပွဲပေါ်လဲပြီး ကောင်းကင်ပေါ်ကလကို ငေးနေတဲ့အချိန်တွင် ကျောက်စိမ်းပြားက လင်းလာပြီး အိပ်မက်နယ်မြေ တည်ငြိမ်သွားပါပြီ တာအိုရောင်းရင်းတို့ ဝင်လို့ရပါပြီ ဒါပေမဲ့ ရှုကျင်းကျန်းရန် သွားလာရေးစနစ်က မပြင်ရသေးတဲ့အတွက် အဆင်မပြေမှုများရှိရင် သည်းခံပေးဖို့ တောင်းဆိူချင်ပါတယ်

 

******