Ch 32
Viewers 3k

အပိုင်း(၃၂) ဓားသိုင်းပညာကိုသိသောတစ်စုံတစ်ယောက်


“ဝါးခေါက်က ရှောင်ရှောက်ကို တတိယတိုက်ပွဲကွင်းပြင်တွင် စောင့်နေပါသည်”


သိုင်းပညာကွင်းပြင်က ထိုလူတစ်စုဟာ စိတ်ဝင်စားစရာကောင်းသည့်သတင်းအား ရှာဖွေရင်း တစ်ချိန်လုံး ကျောက်တုံးနံရံကိုသာ အနံ့ခံနေကြတာဖြစ်သည်။ ထိုအချိန်တွင် လှပတဲ့တိုက်ပွဲတစ်ခုဖြစ်ပွားတော့မည်ဆိုသည်အား ထိုသူတို့ ကြားလိုက်ရတာပဲဖြစ်သည်။ ပြီးတော့လည်း ထိုတိုက်ပွဲက ယနေ့တွင်မှ ကောင်းကင်ဘုံမှ ပေါ်ထွက်လာသည့် အစ်မခေါက်ရိုးကျဝါးနှင့် အနိုင်မယူနိုင်သည့် ရှောင်ရှောက်တို့ဖြစ်သည်ဟု ကြားလိုက်ချိန်တွင် သူတို့အားလုံးက ချက်ချင်းပဲ စုပြုံလာကြတော့သည်။


လင်ရှုဟာ သူ၏လက်ထဲ၌ ဆီးနှင်းဓားကို ကိုင်ဆောင်ကာ ကွင်းပြင်ဘေးတွင် ရပ်နေခဲ့တာဖြစ်သည်။ ထိုသည်က ထိုမိန်းကလေး မျှော်မှန်းနေခဲ့သည့် လက်ရှိဝါးခေါက်ဆိုသည့် ပုံရိပ်နှင့်အတူ ပေါ်ထွက်လာခဲ့သည့် ဓားတစ်လက်ဖြစ်သည်။ ပြီးတော့လည်း အသုံးပြုရသည်မှာ ကောင်းမွန်လှသည်။


ရှောင်ရှောက်ဟာ တိုက်ပွဲကို အရင်ဆုံး ငြင်းဆန်လိုက်သည်ဆိုပေမဲ့ ထို့နောက်တွင်တော့ ဒေါသတကြီးနှင့် တိုက်ပွဲကို လက်ခံလိုက်တော့သည်။ ဖြစ်နိုင်သည်မှာ သူ၏စိတ်ထားက အရမ်းကိုဆိုးရွားနေတာပဲ ဖြစ်နိုင်သည်။ သို့သော်လည်း သူဟာ လင်ရှုကိုတော့ အကြာကြီး စောင့်ရအောင် မလုပ်ခဲ့ပေ။


ထိုသူက တိုက်ပွဲကွင်းပြင်ဆီသို့ အမူအရာမဲ့နေတဲ့မျက်နှာနှင့် ချီကုန်းနှင့်အတူပျံသန်းလာချိန်မှာတော့ လင်ရှုကပြောလိုက်သည်။ 


“ကျေးဇူးပြုပြီး အမြင်ကျယ်အောင် သင်ပြပေးပါဦး”


ရှောင်ရှောက်သည်တော့ စကားမပြောပေ ။


လင်ရှုသည်လည်း မည်သည့်အလွန်အကြူး ဆန်းကြယ်သည့်ပုံစံမျိုးကိုမှ မပြုလုပ်ဘဲ  တိုက်ရိုက်ပင် သူ၏ဓားအားမြှောက်ကာ ရှောင်ရှောက်ဆီသို့ ပျံသန်းသွားတော့သည်။


သူဟာ သူ၏ခွန်အားကို ဖိနှိပ်မထားဘဲ သူ့ပြိုင်ဘက်၏ အဆင့်အတန်းနှင့် ကိုက်ညီစေရန် အခြားပြိုင်ပွဲများတွင် သူလုပ်ခဲ့သည့်အတိုင်း တဖြည်းဖြည်းနှင့် မြှင့်တင်လိုက်သည်။ ထိုအစား ရှောင်ရှောက်အား သူ အော်ပြောလိုက်သည့်အချိန်မှာပဲ စွမ်းရည်တိုင်းအား သူ့သဘောကျအတိုင်း ချက်ချင်းပဲ ထုတ်သုံးလာတော့သည်။


ယခုကဲ့သို့ “လရောင်ဖြာအေးခဲစီးကြောင်း” လိုစွမ်းရည်မျိုးက မကြုံဖူးသည့်လှုပ်ရှားမှုပင် ပြီးတော့လည်း ထိုသည်ကခက်ခဲသေးသည်။ သူ့ခြေလှမ်းတွေက ပေါ့ပါးရန် လိုအပ်ကာ “နှင်းလွှာပေါ်လျှောက်လှမ်းခြင်း” ပုံစံအား အသုံးပြုရင်း ဦးတည်ရာအားလုံးအား ပြောင်းလဲနေရပေသည်


လူအုပ်က ရေရွတ်လာသည်။ “ဘယ်လိုတောင် လှပတဲ့ပုံစံမျိုးလဲ”


တခြားလူတွေကလည်း ပြောလာကြသည်။ 


“ဝါးခေါက်ရှစ်မေ့ရဲ့ဓားက တကယ်ကိုမြန်ဆန်တာပဲ”


ထိုလူအုပ်ရဲ့အသံကြားတွင် လင်ရှုက ရှောင်ရှောက်၏အသံအား ကြားလိုက်ရသည်။


ထိုသူ့အသံက အရမ်းကိုနိမ့်နေကာ ပေါ့ပါးလွန်းလှသည်။ ထိုမျှပေါ့ပါးသည်မှာ လင်ရှုတစ်ယောက်သာ ကြားနိုင်သည်အထိပင် ။


သူက ပြောလိုက်သည် ။


“ဓားကောင်းတစ်လက်ပဲ”


လင်ရှုရဲ့အမူအရာက ပြောင်းလဲမသွားခဲ့ပေ။ ပြောဆိုနေသည့်အသံများကြားတွင် သူဂရုစိုက်သည့် တစ်ခုတည်းသောအရာက ဓားကနေ လေကိုခွင်းလိုက်သည့်အသံကိုပင် ဖြစ်သည်။

 

မျက်စိတစ်မှိတ်အတွင်းမှာပင် မနေ့က သူ၏အကွာအဝေးအား ရောက်ရှိသွားပုံပင် အရာအားလုံးက တည်ငြိမ်နေကာ တိတ်ဆိတ်မှုက အထွတ်အထိပ်ရောက်သည်အထိ ကြီးစိုးနေပြီး သေမျိုးလောကရှိ ကိစ္စရပ်တွေကိုပင် မေ့သွားပေသည်။ ကျန်ရှိနေသည့်အရာအားလုံးက သူ့ဓားသွားအား ပေးထားသည့် သူ၏ကတိကဝတ်တို့နှင့်သာ ပြည့်နှက်နေသည့် ဖောက်ထွင်းမြင်နိုင်သော နှလုံးသားတစ်စုံပင်။ ပြီးနောက် ဆီးနှင်းဓားသည်လည်း သူ့လက်ထဲပင် ရှိပေသည်။ 


ရှောင်ရှောက်က ပျံသန်းသွားလိုက်ပြီး လှည့်လိုက်ကာ ဓားသွားထိပ်နှင့်ဖြတ်သွားလိုက်ပြီး သူ၏ကျောက်စိမ်းပုလွေအား ဓားဆီသို့ ခပ်ရွေရွေ စောင်းချလိုက်သည်။


ယခုလှည့်ကွက်သာ အောင်မြင်သွားခဲ့လျှင် လင်ရှု၏ဓားက သူတို့တွေ၏နီးကပ်နေသည့် အကွာအဝေးကြောင့် တားဆီခံလိုက် ရနိုင်သည်။ ထိုကဲ့သို့ ဆိတ်သုဉ်းခါနီးအချိန်တွင် ရှောင်ရှောက်က ခုခံသည့်တိုက်ခိုက်မှုပုံစံသို့ လျင်မြန်စွာ ပြောင်းလိုက်နိုင်ပေသည်။ ထိုကဲ့သို့ပင် လင်ရှု၏ဓားသည်လည်း လုံလုံလောက်လောက်လျင်မြန်အောင် ပြန်မထုတ်ယူနိုင်တော့ဘဲ သူ့ကိုယ်သူကိုပင် ခုခံကာကွယ်နိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် ယခုအခြေအနေအား တန်ပြန်တိုက်ခိုက်ရမည့် နည်းလမ်းတစ်ခုကို စဉ်းစားရပေမည် ။


အဆုံးမှာတော့ သိုင်းပညာရပ်ဆိုသည်က ပုံစံတစ်မျိုးတည်းဖြစ်သည်။ သို့သော်လည်း ထောင်ချီသည့် မတူညီသည့် ပြောင်းလဲမှုပုံစံအမျိုးမျိုး ရှိသည်ဖြစ်ကာ ထိုလှုပ်ရှားမှုတွေအား မျက်စိတစ်မှိတ်အတွင်း တွက်ချက်နိုင်ပေသည်။ 


လင်ရှုဟာ သူ၏ဘယ်ဘက်မှ လေသံပြောင်းသွားသည်အား ကြားလိုက်ရကာ သူ၏လက်ကောက်ဝတ်အား ဆတ်ခနဲလှန်လိုက်သည်။ မူလက ယခုလေးတင် ဓား၏အလယ်အား ဦးတည်နေခဲ့သည့် ဓားသွားက ရုတ်တရက် တိမ်းစောင်းသွားကာ ဘယ်ဘက်သို့ ထိုးချလိုက်သည်။ ထို့နောက် “ရံဖန်ရံခါမျောလွင့်ခြင်း” ဟု အမည်ရသည့် တလက်လက်တောက်ပနေသည့် နှင်းပွင့်တို့ ကျဆင်းလာသကဲ့သို့ ထင်ဟပ်နေသော လှည့်ကွက်တစ်ခုအား ထုတ်ဖော်လိုက်ကာ ရှောင်ရှောက်၏လည်ပင်းအား ဦးတည်လိုက်သည်။


ရှောင်ရှောက်သည်က အနောက်ဘက်သို့ ကိုယ်ကိုရို့လိုက်ပြီး ထို့နောက် လျင်မြန်စွာ လှည့်လိုက်သည်။ သူ့လက်ထဲရှိ ကျောက်စိမ်းပုလွေကို လှည့်လိုက်ကာ လင်ရှု၏ပုခုံးအား ခုတ်ပိုင်းလိုက်သည်။ ထိုပြောင်းလဲမှု တစ်သီတစ်တန်းကြီးက လိုက်လျောညီထွေ ဖြစ်ပျက်သွားပြီး တိမ်လွှာနှင့် ရေလှိုင်းတို့၏ လှုပ်ရှားမှုကဲ့သို့ပင်၊ သို့သော်လည်း အရမ်းကိုလျင်မြန်ပြီး ရင်ဖိုစရာကောင်းလှသည့် နဂါးတစ်ကောင်၏ကခုန်နေသကဲ့သို့ ဖြစ်သည်။


တိုက်ပွဲကွင်းပြင်ထဲတွင် ရှောင်ရှောက်၏စိတ်ဝိဥာဉ်စွမ်းအင်က ပြင်းထန်လွန်းပြီး အပြင်ဘက်က ကြည့်ရှုနေကြသည့် သူတွေတောင်မှ ဖိနှိပ်ခံရသည့်ဖိအားကို ခံစားနိုင်ပေသည်။


ထိုနေ့မတိုင်ခင်က ချန်းမင်ဟာ စိတ်ဝိဥာဉ်စွမ်းအား၏ထိန်းချုပ်မှုကြောင့် အနိုင်ယူခံလိုက်ရတာပဲ ဖြစ်သည်။ ရှောင်ရှောက်၏ စိတ်ဝိဥာဉ်စွမ်းအားနှင့် တိုက်ခိုက်ခံလိုက်ရပြီး ထိတ်လန့်သွားသည်နှင့် သူ၏စိတ်ဝိဥာဉ်စီးကြောင်းက ချက်ချင်းပင် မငြိမ်မသက် ဖြစ်သွားတော့သည်။ သို့သော်လည်း လင်ရှုကတော့ ကွဲပြားပေသည်၊ သူဟာ စိတ်ဝိဥာဉ်စွမ်းအားပေါ် မှီခိုနေတာ မဟုတ်သည့်အတွက် အများဆုံးမှ သူ၏ဓားစွမ်းရည်အား အနည်းငယ်မျှသာ လှိုင်းထသွားစေရုံသာဖြစ်ပြီး တခြားလက်နက်နှင့် ထိပ်တိုက်တွေ့ဆုံလျှင် လေကဲ့သို့ လွင့်ပါမသွားစေရန် သေချာစေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် မည်သည့်ရှုပ်ထွေးနေသည့် စိတ်ဝိဥာဉ်ဦးတည်ရာမှ မရှိစေဘဲ မငြိမ်မသက်ဖြစ်သည့်ဖြစ်နိုင်ချေလည်း လုံးဝပင်မရှိပေ ။


ထိုအကြောင်းပြချက်ကြောင့်သာ ယခုအချိန်၌ သူတို့ဟာ စစ်မှန်သည့်သိုင်းပညာစစ်စစ်နှင့် တိုက်ခိုက်လုနီးပါး ဖြစ်နေတာပင်။ အသက်ရှိုက်စာ အနည်းငယ်အတွင်းမှာပဲ နီးကပ်နေသည့် ထိစပ်မှုအတွင်းတွင် ထင်ရှားသည့်ပန်းတိုင်မရှိဘဲ လှုပ်ရှားမှုပေါင်းရာချီ ထုတ်ဖော်ပြီးပြီပင်ဖြစ်သည် ။


ဒီလူက ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ပဲ လင်းဖုန်းရှောင်က ပြောလိုက်သည်။ သူဟာ စစ်မှန်သော စိတ်ဝိဥာဉ်စွမ်းအားကိုအသုံးပြု၍ လူတွေအား ဖျက်ဆီးပစ်တာပင်။ ထိုအရာက စိတ်ဝင်စားစရာ မကောင်းပေ။ သို့သော်လည်း ယခုအချိန်မှာတော့ ဒီလူ ဖော်ထုတ်ပြသခဲ့သည့် သာလွန်သည့်သိုင်းပညာစွမ်းရည်က ရှင်းရှင်းလင်းလင်းကို သာမန်လူတွေရဲ့လုပ်နိုင်စွမ်းအား ကျော်လွန်နေတာပဲဖြစ်သည်။


ကြည့်ရှုနေတဲ့ပရိတ်သတ်အပေါင်းက အချိန်အကြာကြီး တိတ်ဆိတ်သွားပြီး လူတိုင်းက အသက်ရှုအောင့်ကာ ကြည့်နေကြပေသည် ။


လင်ရှုက ညာဘက်သို့ ရွှေ့လိုက်ပြီး ရှောင်ရှောက်၏ အပေါ်ဘက်မှအောက်ဘက်သို့ တိုက်ရိုက်ခုတ်ချက်ကနေ လွတ်မြောက်အောင် ကြိုးစားလိုက်သည်။ ထိုငွေဖြူရောင် ကျောက်စိမ်းပုလွေက ကျော့ရှင်းသည့် အရာဝတ္ထုတစ်ခုဖြစ်သည်မှာ ရှင်းလင်းနေသော်လည်း ရှောင်ရှောက်၏လက်ထဲတွင်တော့ အေးစက်နေပြီး အညှာအတာ ကင်းမဲ့သည့် အော်ရာတစ်မျိုးအား တစ်နည်းနည်းနဲ့ ထုတ်လွှတ်နေပေသည်။ 

 

လင်ရှုက ဒီတိုက်ကွက်အား ရှောင်ရှားကာ ပြန်လည်တိုက်ခိုက်တော့မည့်အချိန်မှာပဲ ရှောင်ရှောင်ကသူ၏တိုက်ခိုက်ရာ ဦးတည်ဘက်အား ပြောင်းလဲလိုက်ကာ ကွင်းပြင်ထဲရှိ အခြေအနေသည်လည်း ရုတ်တရက်ပင် ပြောင်းလဲသွားတော့သည်။


စိတ်ဝိဥာဉ်စွမ်းအားကို ကျောက်စိမ်းပုလွေထဲသို့ ထည့်သွင်းလိုက်ပြီး ထိုသည်ကနေ ရှင်းလင်းသောအသံတစ်ခု ထွက်ပေါ်လာတော့သည်။ လေထုကို ကြည့်ရသည်မှာ အေးခဲသွားသကဲ့သို့ဖြစ်ပြီး မရေမတွက်နိုင်သော ကျောက်စိမ်းပုလွေပုံရိပ်ယောင်များစွာက လေထဲတွင် ပြည့်နှက်သွားကာ သူ့ခန္ဓာကိုယ်အား တန်းတန်းမတ်မတ် ဦးတည်နေတာပင်။ 


လင်ရှု၏ဆီးနှင်းလွှာပန်းဓားပေါ်ရှိ စိတ်ဝိဥာဉ်စွမ်းအားတို့က ရှောင်ရှောက်ကြောင့် ဖိနှိပ်ခံလိုက်ရပြီး လျင်မြန်စွာ ကွယ်ပျောက်သွားတော့သည်။ 


ထိုသည်က ရှားပါးသည့်မြင်ကွင်းတစ်ခုပင်။ ဆိုလိုသည်က ဒီတိုက်ပွဲကွင်းပြင်ထဲရှိ ထိန်းချုပ်လို့ရနိုင်သည့်  စိတ်ဝိဥာဉ်စွမ်းအားအကုန်လုံးက ရှောင်ရှောက်၏လွှမ်းမိုးမှု ခံလိုက်ရတာပင်။ လင်ရှု၏ကြယ်တစ်ပွင့်ရဲ့တစ်ဝက်ပင်မရှိသည့် စိတ်ဝိဥာဉ်ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။ တည့်တည့်မတ်မတ်လာနေသည့် ဖြတ်ချက်က ထို့ကြောင့် ရှောင်ရှား၍ပင် မရနိုင်တော့ပေ။ သူ၏ဓားက သေချာပေါက်ကိုပင် ဖျက်ဆီးခံလိုက်ရမည်ဖြစ်ကာ လူကိုယ်တိုင်ပင် နှစ်ပိုင်းဖြစ်အောင် ခုတ်ဖြတ် ခံလိုက်ရနိုင်သည်ဆိုသော ကြောက်ရွံ့မှုပင် ရှိနေသေးသည်။ 


လင်ရှုက သူ၏မျက်လုံးအားပိတ်လိုက်ကာ ဓားရိုးအား ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။


သူဟာ ထိုတိုက်ပွဲအား မကြောက်ရွံ့ပေ။ သူက…..အာရုံစုစည်းနေခဲ့တာပင်။


ယခုလို သေရေးရှင်ရေးအခြေအနေတွင် သူ၏နားဘေးမှ လေထုဟာ ဟိန်းဟောက်နေပြီး သူ၏ဆီးနှင်းလွှာပန်းဓားက သူ့လက်ထဲတွင် မရပ်မနား တုန်ခါနေပေသည်။ သူဟာ မျက်လုံးနှစ်ဖက်စလုံးကို ဖွင့်လိုက်ပြီး သူ၏လက်အား ကြမ်းတမ်းပြင်းထန်စွာ မြှောက်လိုက်ကာ သူ၏ပထမဆုံးသော တိုက်ကွက်ဖြစ်သည့် “လရောင်ဖြာအအေးစီးကြောင်းအား” အသုံးပြုလိုက်တော့သည်။


ဆီးနှင်းလွှာဓားပေါ်၌ ထွင်းထုထားခဲ့သော ငွေဖြူရောင်ပန်းပွင့်ချပ်တို့က ရုတ်တရက်ပင် စူးရှနေသည့် အေးစက်စက်အလင်းတန်းနှင့်အတူ အလွှာတစ်ခုအဖြစ် ပိတ်ကာ သွားတော့သည်။


ငြင်သာသော တချွင်ချွင်မြည်သံက လေထုထဲတွင် မြည်ဟည်းနေပြီး ကမ္ဘာကြီးတစ်ခုလုံးက တိတ်ဆိတ်သွားတော့သည်။ 


ဓားသွားထိပ်ဟာ ပုလွေ၏ကိုယ်ထည်အား ဆန့်ကျင်စွာ ထိခတ်နေပြီး လက်နက်နှစ်ခုစလုံးဟာ ရပ်တန့်နေပေသည်။ 


တစ်ခဏအတွင်းမှာပင် ကြီးမားလှသည့် အဟုန်တစ်ခုက ပြန်ကန်ထွက်လာပြီး နှစ်ဖက်စလုံးအား ခြေသုံးလှမ်းခန့် ပြန်လည်ဆုတ်ခွာစေလိုက်သည်။


လင်ရှုဟာ သွေးတချို့ အန်ထုတ်လိုက်ပြီး သုတ်ရန်အတွက် သူ့လက်ကို မြှောက်လိုက်သည်။


ရှောင်ရှောက်၏အခြေအနေသည်လည်း သိပ်တော့ကောင်းနေတာမျိုး မဟုတ်ပေ ။


“မင်းက ဓားကျင့်ကြံသူပဲ” ရှောင်ရှောက်က ပြောလိုက်သည်။


လင်ရှု : “အမှန်ပဲ”


မသေမျိုးကျင့်စဉ်အား ကျင့်ကြံချင်သည့်သူက စိတ်ဝိဥာဉ်စွမ်းအားကို အမှီပြုရသည် ထိုသူတို့ အထွတ်အထိပ်ရောက်သည့်အချိန်တွင် ရှောင်ရှောက်ကဲ့သို့သော လူမျိုးဖြစ်သွားလိမ့်မှာပင်။ သူတို့ခရီးဆက်နိုင်မည့်လမ်းက တစ်လမ်းတည်းသာရှိသည်။ ဓားသိုင်းကို ကျင့်ကြံသူတို့အဖို့ကတော့ ဓားသွားအားနားလည်ခြင်း ဆိုသည်နှင့် တစ်မျိုးတစ်ဖုံ ဆင်တူပေသည်။ ထိုသည်က ဆီးနှင်းလွှာဓားပေါ်တွင် ယခုလေးတင်ပေါ် ထွက်လာခဲ့သည် တစ်စုံတစ်ရာလိုပင်။ အသုံးပြုသူတွင် စိတ်ဝိဥာဉ်စွမ်းအား မရှိတော့ဘဲ လက်မှိုင်ချနေရသည့် အခြေအနေမျိုးတွင်ဖြစ်သည်။ 


ရှောင်ရှောင်က ပြောလိုက်သည်။ “ဆက်တိုက်မယ်”


ဆီးနှင်းလွှာဓားဟာ ဓားဖျားမှစ၍ လက်ကိုင်ရိုးအထိ တုန်ခါနေကာ  အနည်းငယ်သော အက်ကွဲမှုအား ပြသလာသည်။

 

“မင်းက ဓားရေးကျင့်ကြံသူပဲ။ ပြီးတော့လည်း ဝါးခေါက်လို့တောင် ခေါ်သေးတယ် ဘာလို့ ဝါးခေါက်ဓားလို့ အသုံးမပြုတာလဲ” ရှောင်ရှောက်က မေးလိုက်သည်။


ဆီးနှင်းလွှာဓားဟာ အရောင်မွဲသွားကာ ကြည့်ရသည်မှာ ထပ်မံ၍အသုံးပြုလို့ မရနိုင်တော့သည့်ပုံပင် ၊။


လက်နက်က ထိခိုက်သွားပြီးသည့်နောက်မှာတော့ တစ်ဖက်က ပြန်၍ရွေးချယ်နိုင်ပေသည်။ သိုင်းပညာကွင်းပြင်တွင် ကမ္ဘာပေါ်တွင်ရှိသည့် လက်နက်အားလုံး၏မှတ်တမ်း ရှိပေသည်။ သာမန်သံတုံးမှစ၍ ပြိုင်ဘက်ကင်း မသေမျိုးလက်နက်တွေပင် အထိပင် ပါဝင်သည်။ တစ်စုံတစ်ယောက်ကသာ အသုံးပြုရဲသရွေ့ အိမ်မက်ထဲ၌ အသုံးပြုနိုင်ပေသည်။ ထိုမိန်းကလေး၏ရွေးချယ်မှုက သူ့လက်ထဲတွင် ပျက်စီးသွားပြီး ထို့ကြောင့်ပင် လင်ရှုဟာ သဘာဝကျကျပဲ ယခုအချိန်တွင် ဝါးခေါက်ဓားကိုသာ ရွေးချယ် အသုံးပြုနိုင်တော့သည်။


သူဟာ ဆီးနှင်းလွှာဓားကို ချလိုက်သည် အဖြူရောင်မြူနှင်းလွှာတစ်ရပ်က သူ့လက်ထဲတွင် တဖြည်းဖြည်းနှင့် သိပ်သည်းလာပြီး အေးခဲကာ သလင်းကျောက်လို ကြည်လင်သည့် ဝါးခေါက်ဓား၏ ပုံစံတူအဖြစ်သို့ ပြောင်းလဲသွားတော့သည်။


သို့သော်လည်း သူက မတိုက်ခိုက်ဘဲ ထိုအစား မေးမြန်းလိုက်သည်။


“မင်းကရော ဘာလို့ပုလွေကို အသုံးပြုတာလဲ” ထူးခြားသည့်တိုက်ခိုက်မှုကြောင့်သာ မဟုတ်လျှင် ဂီတက ဘယ်နေရာမှာများ ရန်သူကို အနိုင်ယူနိုင်လို့လဲ ပုလွေတစ်ချောင်းက အခြေအနေအများစုတွင် သင့်တော်မည့်လက်နက်မျိုး မဟုတ်ပေ ။


လုံလုံလောက်လောက်မရှည်လျားပဲ ချွန်ထက်သည့် အစွန်းတို့လည်း မရှိနေကာ အဝေးကနေလည်း တိုက်ခိုက်လို့ မရသလို အနီးကပ်လည်း တိုက်ခိုက်လို့မရပေ။ အများဆုံးမှ လိုသလို ပြောင်းလဲနိုင်ရုံသာဖြစ်သည်။ သို့သော် ရှောင်ရှောက်လို အဆင့်ရှိသည့်လူတွေအတွက် ထိုစွမ်းရည်က အသုံးမဝင်ပေ။ ယေဘုယျပြောရလျှင် ကြည့်ကောင်းသော်လည်း အသုံးမဝင်သည့်ပစ္စည်းတစ်ခုပင်။


ရှောင်ရှောက်ကဲ့သို့ ခုတ်ထစ်ခြင်း စုတ်ဖြဲပစ်ခြင်း ဖြတ်ပစ်ခြင်းနှင့် ထိုးခုတ်ခြင်းလို အညှာအတာမဲ့သည့် တိုက်ခိုက်ပုံရှိသည့်သူအတွက် သူဟာ အသုံးမဝင်သည့် ပုလွေတစ်ချောင်းထက် တစ်ဖက်သွားဓားရှည်ကိုသာ အသုံးပြုသည့်သည်ဆိုတာ သိသိသာသာပင် ။


ရှောင်ရှောက်က သူ၏ပုလွေအား ချလိုက်ကာ ပေါ့ပေါ့ပါးပါးပြောလာသည်။ 


“ဒီတိုင်းပဲ ငါ့အတန်းဖော်တွေကို ခြောက်လန့်မိမှာစိုးလို့”


လင်ရှု “…..”


ဒါက တမင်သက်သက် ကြွားလုံးထုတ်တာပဲ ။


သို့သော်လည်း ထိုသည်က အဓိပ္ပာယ်ရှိပေသည်။ ဒီလူက ချန်းမင်ကဲ့သို့သောလူကိုပင် ကျောက်စိမ်းပုလွေလို အားနည်းသည့်လက်နက်နှင့် အလွယ်တကူ အနိုင်ယူနိုင်ပေသည်။ သူ့အတွက် ပိုပြီးအသားကျသည့် လက်နက်ကိုသာ ပြောင်းလဲလိုက်မည်ဆိုလျှင် ချန်းမင်ဟာ သူ၏ဖြစ်တည်မှုတစ်ခုလုံးကိုပင် စတင်ပြီး သံသယဝင်လာလောက်သည်။ သိုင်းပညာ စွဲလမ်းနေသည်အား မေ့လိုက်လျှင်ပင် သူ့နှလုံးသားထဲ၌ စိတ်ပိုင်းဆိုင်ရာအရိပ်မဲတွေ စတင်ပြီးရှိလာနိုင်ပေသည်။


“ဒါပေမဲ့” ရှောင်ရှောက်က ဆက်ပြောလာသည်။ “ဒီနေ့ ငါက ဓားအကြောင်းကို ကောင်းကောင်းသိတဲ့လူတစ်ယောက်နဲ့ ဆုံခဲ့တယ် ဆိုတော့ ငါ့ဓားကို အသုံးပြုလို့ အဆင်ပြေနိုင်လောက်တယ်”


ကွင်းပြင်၏အပြင်ဘက်တွင် ထိုင်နေသောသူများက စူးရှသည့်အသက်တစ်ချက်ကို ရှိုက်လိုက်ပြီး ထို့နောက် သူတို့၏လည်ပင်းအားလှည့်ကာ ရှောင်ရှောက်အား ကြည့်လာကြတော့သည် ။


ကျောက်စိမ်းပုလွေဟာ ပျောက်ကွယ်သွားပြီး အနက်ရောက်မြူတစ်လွှာက သူ့လက်ထဲတွင် စုစည်းလာကာ အချိန်တိုအတွင်းမှာပဲ နက်မှောင်သည့် ဓားရှည်တစ်လက်ဟာ စွမ်းအင်တစ်ရှိုက်စာအတွင်းမှာပင် သိပ်သည်း ဖြစ်ပေါ်လာတော့သည် ။


ကွင်းပြင်ထဲတွင် ထိုဓားရှည် ထွက်ပေါ်လာသည်နှင့် မူလက လေးနက်နေသည့်လေထုဟာ ပိုလို့တောင် နစ်မြှုပ်သွားတော့သည်။


တစ်စုံတစ်ယောက်က မေးလာသည် ။


“ဝူခွေ့လား”

 

တစ်စုံတစ်ယောက်က အံ့အားသင့်စွာနှင့် ရေရွတ်လာသည်။


“မိစ္ဆာဓားသွား ဝူခွေ့ပဲ”


လင်ရှုတွင် မသေမျိုးကျင့်ကြံရေး လောက၏ ယေဘုယျဗဟုသုတရှိပေသည်။ ထို့ကြောင့် သူဟာ ယခင်က ဒီနာမည်အား မည်သည့်နေရာတွင်မှမကြားခဲ့ဖူးပေ။ သို့သော်လည်း လူအုပ်ကြီးရဲ့တုံ့ပြန်ပုံအား ကြည့်မည်ဆိုလျှင် ဒီဓားက သိသိသာသာကိုပင် အတော်လေးတော့ ကျော်ကြားမည့်ပုံပင်။


ကြီးမြတ်လှသည့်သခင်မလေးရဲ့ ဓားသည်လည်း ထူးချွန်ပြောင်မြောက်သည်။ ဒီဓားနှင့် မည်ကဲ့သို့ယှဉ်နိုင်မည်လဲဆိုသည်အား သိချင်မိသည်။ 


သူတို့နှစ်ဦးစလုံးဟာ ဓားကို အသုံးပြုကြတာပင်။ လင်းဖုန်းရှောင်နှင့် ရှောင်ရှောက်တို့နှစ်ဦးကြားတိုက်ပွဲတွင် မည်သူက အနိုင်ရမည်ဆိုသည်အား သူ မသိပေ။ စစ်မှန်သောသိုင်းပညာအဆင့်တွင် လင်းဖုန်းရှောင်ကဲ့သို့သောလူမျိုးက စာရင်းထဲတွင် ပေါ်မလာပေ၊ ဖြစ်နိုင်သည်က ကြီးမြတ်လှတဲ့သခင်မလေးက ဒီလူတွေနဲ့ မရှုပ်ချင်လို့လား။ နောင်တရစရာကောင်းသည်က သူဟာ ထိုသူနှစ်ဦးကြားက တိုက်ပွဲအား ဘယ်သောအခါမှ မြင်တွေ့နိုင်မည်မဟုတ်ပေ။


ရှောင်ရှောက်ဟာ သူ၏ဓားအား ဓားအိမ်ထဲမှ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ ဓား၏ကိုယ်ထည်က မှောင်မဲနေကာ ထိုအထဲတွင်လှည့်ပတ်နေသည့် စွမ်းအားကို မည်သူကမှမပြောနိုင်ပေ ။


သူက ပြောလာသည်။ “လာခဲ့”


လင်ရှုသည်လည်း သူ၏ဓားအားဆွဲထုတ်လိုက်ကာ “လရောင်ဖြာအေးခဲစီးကြောင်း” အား ထပ်မံမှီခိုလိုက်တော့သည်။


ရှောင်ရှောက်၏တုံ့ပြန်ပုံက ပြောင်းလဲသွားပုံ မပေါ်ပေ။ သို့သော်လည်း ထိုမြင်ကွင်းက အရင်တစ်ခုနှင့် လုံးလုံးကို ကွဲပြားနေပေသည်။ 


လင်ရှု၏ပထမဆုံးတုံ့ပြန်ပုံက —“မြန်ဆန်သည်” ဆိုတာပင်။


တိုက်ကွက်အား မြင်ရခြင်း၊ တိုက်ကွက်အား ခွဲဖြာရခြင်း၊ တိုက်ကွက်ပြောင်းလဲခြင်းနှင့် ဆက်တိုက်တိုက်ကွက်တို့ ကဲ့သို့သော အရာအားလုံးက ယခင်တိုက်ပွဲထက် နှစ်ဆကျော်လောက် မြန်ဆန်ပေသည်။ 


သူဟာ လူသံ သို့မဟုတ် လေသံကိုပင် မကြားရတော့သလို ရှောင်ရှောင်ကိုပင် မမြင်ရတော့ပေ။ သူ၏အာရုံငါးပါးထဲတွင် ကျန်ရှိနေခဲ့သည့် အရာအားလုံးဟာ ဓားတစ်လက် ဓားသွားတစ်ခုပင်။


တစ်ရာသောစုတ်ချက် ရှောင်ရှောက်ဟာ မသေမျိုးနယ်ပယ်ထဲသို့ ဝင်ရောက်နေပြီး ဖြစ်သည်။ ကွင်းပြင်ထဲရှိ စိတ်ဝိဥာဉ်စွမ်းအားတို့က ကောင်းကင်ဘုံရှိမြစ်ထဲတွင် လှိုင်းထန်နေသော လှိုင်းလုံးများကဲ့သို့ ရှေ့နောက်ရွေ့လျားနေပေသည်။ ဓားသွား၏ သတ်ဖြတ်လိုသော အလင်းစက လူတို့၏ဝိဥာဉ်အား တစ်ဒုတ်ဒုတ်ခုန်နေစေသည်။ လင်ရှု၏ဓားသွားသည်လည်း သိပ်သည်းနေသော သူ၏ကိုယ်ပိုင်စိတ်ဆန္ဒရှိပြီး သူ၏လှုပ်ရှားမှုတိုင်းဟာလည်း ငြိမ်သက်ကာ မကျရှုံးသေးပေ ။


လင်ရှု၏အသက်ရှုသံတို့က အနည်းငယ် တင်းမာနေကာ နောက်ဆုံးမှာတော့ အရာအားလုံးအား မျဉ်းပေါ်တွင်ထားပြီး တိုက်ခိုက်ရသည်က မည်ကဲ့သို့ ခံစားရသည်ဆိုသည်အား သိသွားတော့သည်။


သူ့တွင် မည်ကဲ့သို့တိုက်ခိုက်မည်၊ မည်ကဲ့သို့ကာကွယ်မည်၊ တိုက်ကွက်တစ်ခုကို မည်ကဲ့သို့ပြောင်းလဲပြီး ပုံစံပြောင်းမည်ဟု စဉ်းစားချိန် မရှိပေ။ သူ လုပ်သည်က အသက်ရှုပြီး ဓားသွားတို့၏ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ထိခတ်သည့် အသံနှင့်အတူ ထောင်ချီသောလှုပ်ရှားမှုတို့အား ဖလှယ်တာပင် ။


ပထမတွင်တော့ သူ၏ရက်ပေါင်းများစွာလေ့ကျင့်ခဲ့မှုမှ အရိုးစွဲနေခဲ့သော ဓားသွားဆုံဖြတ်မှုအပေါ် မှီခိုနိုင်နေသေးသည်။ သို့သော်လည်း အဆုံးသတ်သို့ နီးကပ်လာသည့်အခါ ဘာကိုမှ စဉ်းစားနိုင်ချိန်ပင် မရှိတော့ပေ။ သူ လုပ်နိုင်သမျှအားလုံးဟာ ဝမ်းတွင်းသိစိတ်နှင့် အရိုးထဲထိတိုင်အောင် ထွင်းထုထားသည့် သူ၏ဓားစွမ်းရည်အပေါ်မှီခိုတာပင်။


ပရိတ်သတ်ထဲတွက် ပွက်လောရိုက်နေပေသည်။ တစ်စုံတစ်ယောက်က သူ၏စွမ်းအင်အားလုံးအား အသုံးပြုလိုက်ကာ မူးလဲသွားတာပင် ဖြစ်ရမည်။ 

 6

ရှောင်ရှောက်သာ ဒီကမ္ဘာကြီးအား သူ၏စိတ်ဝိဥာဉ်စွမ်းအားတို့နှင့် ကာရံကာ သူတို့၏အကြည့်အား ပိတ်ဆို့ထားနေသကဲ့သို့ပင် ထိုသည်ကပို၍ပင် ကောင်းမွန်ပေလိမ့်မည်။ 


ရှောင်ရှောက်က မည်ကဲ့သို့ ကျင့်ကြံသည်ဆိုသည်ကို မသိသော်လည်း သူ၏တစ်ဘဝလုံးတွင် တစ်ရာရာခိုင်နှုန်း သင်ယူခဲ့သည်ဆိုပါက သူ၏စွမ်းရည်အား ၁၁၀ ရာခိုင်နှုန်းလောက် အသုံးပြုပြီးသွားတာပင် ၊


ထိုအာရုံပြောင်းသွားသည့် တစ်ခဏမှာပင် ဓားတစ်လက်ဟာ ရုတ်တရက်ပဲ သူ၏ဘယ်ဘက်ရင်ဘတ်ဆီသို့ ထိုးသွင်းလာကာ မလွဲဧကန်ထိတော့မှာပင် ,


သူ့စိတ်က ဗလာဖြစ်သွားပြီး ရုတ်တရက်ပဲ သူ့စိတ်ထဲရှိ စိတ်ဝိဥာဉ်အခြေဟာ ရှင်းလင်းသွားတော့သည်၊ သူဟာ ဓားကိုမြှောက်လိုက်ပြီး ဓားသွားအား အလျားလိုက်ဖြစ်စေကာ သူ့လှုပ်ရှားမှုတွေဟာလည်း အလွန်အမင်းချောမွေ့နေပြီး ထောင့်အနေအထားကပင် ပြည့်စုံနေပေသည်။


ထိုသည်က ရှောင်ရှောက်၏ဓားသွား ပိတ်ဆို့ခံလိုက်ရသည်အထိဖြစ်ပြီး ထိုအခါမှသာ သူဟာ လွန်ခဲ့သည့်နှစ်အနည်းငယ် သူမသေဆုံးခင်က နားလည်သဘောပေါက်ခဲ့သည့် “မေ့လျောနေသောချိုင့်ဝှမ်း”ကို အသုံးပြုလိုက်သည်အား သဘောပေါက်သွားတာ ဖြစ်သည်။


ရှောင်ရှောက်၏လှုပ်ရှားမှုတွေက အေးခဲသွားကာ ထို့နောက်တွင်တော့ ဓားသွားက ဒေါသပုန်ထသွားပြီး လင်းရုရှိရာဘက်သို့ ဖော်မပြနိုင်သည့်လမ်းကြောင်းဖြင့် ဖြတ်လာတော့သည်။


ထိုတိုက်ကွက်က တစ်ဟုန်ထိုး စီးဆင်းလာသည့် ရေစီးကြောင်းကဲ့သို့ဖြစ်ပြီး ဖော်ပြ၍မစွမ်းသာနိုင်လောက်အောင်ပင် ဆန်းကြယ်လှသည် ။


လင်ရှုက သူ့ဓားအား ဖြောင့်တန်းလိုက်ပြီး ထို့နောက်တွင်တော့ ညာဘက်သို့ လွှဲရမ်းလိုက်ကာ သူ့ဓားသွားဟာ ရှောင်ရှောက်၏ဓားနှင့် ထိခတ်သွားတော့သည်။ 


ထိုထိခတ်သွားသည့်အချိန်မှာပဲ သူ့နှလုံးသားနှင့် အသက်ရှုနှုန်းတွင်း ရုတ်တရက် တုန်လှုပ်မှုတစ်ခု ခံစားလိုက်ရပြီး နောက်ထပ်သွေးတစ်လုပ်ကို အန်ထုတ်လိုက်တော့သည်၊


တခြားအကြောင်းပြချက်မရှိပေ။ ဒီပုံစံ ဒီပုံစံက—


ဖြစ်နိုင်သည်က ဓားရေးစွမ်းရည်စာအုပ်ထဲတွင် “မေ့လျော့ခံချိုင့်ဝှမ်း” ပြီးလျှင် သူဟာ အဆုံးသတ်သို့ အမြဲတမ်း ရောက်သွားတာပဲဖြစ်သည်၊ အဘယ့်ကြောင်ဆိုသော် သူဟာ “မမြင်နိုင်သောတျန်းဟယ်”ကို နားမလည်သေးသောကြောင့်ပင်၊


ထိုအရာအား လုံ့လဝီရိယရှိစွာဖြင့် အချိန်အကြာကြီး ရှာဖွေခဲ့ပြီးနောက်မှာတော့ ရုတ်တရက် အသုံးပြုလိုက်နိုင်ပေသည်၊ သူ၏ဝိဥာဉ်က အဆက်မပြတ် လှုပ်ခါနေကာ သူ၏နှလုံးခုန်နှုန်းကလည်း စိတ်ကူးပင် မယဉ်နိုင်သည့်နှုန်းဖြင့် တိုးမြှင့်လာပေသည်၊ သူ၏အမြင်အာရုံက ရုတ်တရက်ပင် အရာအားလုံး မဲမှောင်သွားကာ နေ့အချိန်လားဆိုသည်ကိုပင် မသိတော့ပေ ၊


သူ့အား ရှောင်ရှောက်က ကူညီဖေးမထားပုံပင်၊ တစ်ခဏလောက် နားနေပြီးနောက်မှာတော့ သူ့စိတ်က တဖြည်းဖြည်းနှင့် ကြည်လင်လာတော့သည်။


ဒီနတ်သမီးလိုပုံရိပ်လေးက အရမ်းကိုသေးသွယ်လွန်းပြီး နူးညံ့နေကာ ရှောင်ရှောက်၏ပုခုံးလောက်ကိုပင် မရောက်နိုင်ပေ။ 


ရှောင်ရှောက်၏အသက်ရှုနှုန်းသည်လည်း မတည်မငြိမ်ဖြစ်နေပုံပင်။ ဒါဟာအမှန်ပင်။ ဒီလူဟာ ယခုလိုမျိုး တိုက်ခိုက်နိုင်ပြီး အသက်ရှုနှုန်းက တည်ငြိမ်နေဦးမည်ဆိုလျှင်တော့ ဒီသေမျိုးကမ္ဘာထဲမှာ ဆက်နေစရာမလိုတော့ဘဲ ကောင်းကင်ဘုံသို့သာ တိုက်ရိုက်ပျံသွားနိုင်ပေသည်။ 


ရှောင်ရှောက်က သူ့အခြေအနေ တိုးတက်လာသည်ကို မြင်လိုက်သည့်အခါမှာတော့ သူ့ကို လွှတ်လိုက်ပြီး မေးလာသည်။


“မင်း အဆင်ပြေရဲ့လား”


လင်ရှု “အဆင်ပြေပါတယ်”


“အခုလေးတင်က တိုက်ကွက်နှစ်မျိုးရဲ့နာမည်က ဘာတွေလဲ။ ပြီးတော့ သူတို့တွေက ဘယ်ကလာတာလဲ” ရှောင်ရှောက်က မေးလိုက်သည်၊

 

ဓားသိုင်းပညာကျွမ်းကျင်သူတစ်ယောက်က လှည့်ကွက်အသစ်တွေ သင်ရသည်အား စိတ်လှုပ်ရှားမှာပင်၊ ထို့ကြောင့် သူ၏စွမ်းရည်တွေက ဘယ်ကနေ မြစ်ဖျားခံလာသည်လဲဆိုသည်အား သိချင်သည်က အံ့ဩစရာတော့ မဟုတ်ပေ ၊သို့သော်လည်း လင်ရှုက ထို့အကြောင်းကို တွေးလိုက်ကာ ပြောလိုက်သေးသည်၊


“ဆရာက ဒီအကြောင်းကို အပြင်လူတွေကို ပြောခွင့် ပြုမထားဘူး”


ထိုစာအုပ်အား သူ့ဂိုဏ်း၏ကြီးမြတ်လှသောဘိုးဘေးက ရေးသားခဲ့တာပင်၊ သူ့ဂိုဏ်းတွင် စည်းကမ်းတင်းကြပ်လှပြီး ယခုလိုအရာမျိုးက အပြင်ဘက်ကို ဖြန့်ဝေလို့မရနိုင်ပေ၊ ဂိုဏ်းအတွင်းထဲတွင်ပင် ဖြန့်ဝေလို့မရနိုင်ပေ ၊


ရှောင်ရှောက်က တစ်ခဏတာခန့် တိတ်ဆိတ်သွားပြီး ထို့နောက် မေးလိုက်သည်၊


“မင်းရဲ့ဆရာနာမည်က ဘယ်သူလဲ”


လင်ရှုက လူအိုကြီးရဲ့တာအိုနာမည်အား ကျပန်းဖြေလိုက်သည်။


“တာအိုပညာရှင် ဟူလူ”


ရှောင်ရှောက်က နောက်ထပ် တစ်ခဏတာလောက် တိတ်ဆိတ်သွားကာ ထို့နောက်တွင်တော့ လင်ရှုက ထိုသူ ရယ်လိုက်သည်အား ကြားလိုက်ရပေသည်။ 


ရယ်သံက အရမ်းကိုပေါ့ပါးသော်လည်း မငြင်သာပေ။ ထိုသည်က သူ့နှလုံးသားအား တွန့်လိမ့်စေသည်


“ဆက်ပြီး ဟန်ဆောင်နေလိုက်” ရှောင်ရှောက်က သူ၏နားထဲသို့ တီးတိုးရေရွတ်လိုက်ပြီး အသံကိုကြားရသည်က သူ့သွားတွေအား ကြိတ်ထားသည့်ပုံပင် ။


“ထောင်ယွမ်ကျွင်းရဲ့ သိုင်းပညာကို ကမ္ဘာက မသိရင်မသိမယ် ငါက ဘယ်လိုလုပ်ပြီး မသိနိုင်မှာတဲ့လဲ။ အိမ်မက်ထဲမှာရော အိမ်မက်အပြင်ဘက်မှာရော ငါသာ မင်းကို ဖမ်းမိရင်…..”


လင်ရှု : 


ထောင်ယွမ်ကျွင်း ဒီနာမည်က နည်းနည်းလေး ရင်းနှီးနေသလိုပဲ 


******