အပိုင်း (၄၅) အဲဒါက မရိုးရှင်းဘူး
လင်ရှုက ဗလာဖြစ်စွာဖြင့် မျက်တောင် ခတ်လိုက်သည်။
“ငါ မသိဘူးလေ”
ယခု သူ့လက်ထဲရှိ ဆလင်ဒါဘူးနဲ့ ကျောက်စိမ်းအဆင်တန်ဆာအား ရွာထဲကလူတွေက သူ့ကို ပေးလာသည့်အခါ ထိုအရာတွေက ဒီအရူးလေးရဲ့ဆရာက သူ့အတွက် ချန်ခဲ့သည့်တစ်စုံတစ်ခု ဆိုသည်ကလွဲ၍ ဘာတွေလဲဆိုတာကို သူ့ကို ရှင်းမပြလာပေ။
လင်ရှုက ဒါဟာ ဘူးတစ်ဘူး ဖြစ်သည်ဆိုတာကိုသာ သိသည်။
ထိုဘူးက ထူးခြားသည့်သတ္တုတစ်မျိုးနှင့် ပြုလုပ်ထားပြီး ဖွင့်ရန် မည်သည့်နည်းလမ်းမှ ရှာမတွေ့ပေ။
အထဲတွင် ဝှက်ထားသည်က သူ၏မယ်ရီဒန်များကို ပြောင်းလဲပစ်ကာ ထိုမှသာ ထပ်မံ၍ စတင်ကျင့်ကြံလို့ရစေနိုင်မည့် ထိုဆရာဆိုသူ ထားရစ်ခဲ့သည့် တစ်မူထူးခြားတဲ့ လျှို့ဝှက်စာအုပ်တစ်အုပ် ဖြစ်မည်ဟု မျှော်လင့်နေသည်
သူ့တွင်သာ ကျင့်ကြံဆင့်နည်းနည်းသာ ရှိမည်ဆိုလျှင် ယနေ့၌ ထိုဖုတ်ကောင်မိန်းကလေးနှင့် ရင်ဆိုင်ရာတွင် မျက်ကန်း ထွက်ပြေးနေရတာမျိုး ရှိမည်မဟုတ်ပေ။
လင်းဖုန်းရှောင်က အမူအရာမဲ့နေဆဲဖြစ်ကာ သူ့အား တုံ့ပြန်မလာပေ။
လင်ရှု ထိုသည်နှင့်ပတ်သက်၍ နည်းနည်းထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
သူက မေးမြန်းကြည့်လိုက်သည်။ “ဘာမှားနေလို့လဲ”
လင်းဖုန်းရှောင်က နောက်ဆုံးတွင်တော့ ဖြည်းညှင်းစွာ ပြန်ဖြေလာသည်။
“ဒါကိုချန်ထားခဲ့တာ ရှင့်ရဲ့ဆရာလား”
လင်ရှု “အင်း”
သူဟာ တစ်ကမ္ဘာလုံးဆီကနေ သီးခြားခွဲထုတ်ထားသလို ဖြစ်နေသည့် ထိုရွာသေးသေးလေးတွင် ကြီးပြင်းခဲ့ပြီး အခြေခံလိုအပ်တာတွေကိုသာ ပိုင်ဆိုင်သည်။ ပထမအကြည့်တစ်ချက်တွင်ပင် အရမ်းကိုရှားပါးသည်ဟု ပြောနိုင်သည့် ထိုကဲ့သို့သော ပစ္စည်းမျိုးက သဘာဝကျစွာပင် သူ့ဆရာ ချန်ထားပေးခဲ့တာသာဖြစ်နိုင်မည်။
“ဘယ်လိုဖွင့်ရမလဲမသိဘူးလား”
လင်ရှု “ဟုတ်တယ်”
လင်းဖုန်းရှောင်ကို ကြည့်ရသည်မှာ အသက်ခပ်ပြင်းပြင်း ရှုလိုက်ပြီး ဆက်လက်မေးလာသည်။
“ဒါကို ချန်ခဲ့တုန်းက ရှင့်ဆရာဘာပြောသေးလဲ”
လင်ရှုက အလွန်ကို ရိုးသားစွာ ပြန်ဖြေလိုက်သည် ။
“မေ့သွားပြီ”
လင်းဖုန်းရှောင် “…….”
“ရှင်က ဒီလိုကိစ္စကိုတောင် မေ့ရဲတယ်ပေါ့လေ”
ငါးပူတင်းက ပြန်ရောက်လာပြီဖြစ်သည်။
လင်ရှုက ထိတ်လန့်သွားတော့သည်။ ထို့နောက် သူ့အမူအရာအား လျင်မြန်စွာဖြင့် ရှင်းလင်းလိုက်ပြီး သူ့ကိုယ်သူ အလွန်အမင်း ကျိုးနွံနာခံဟန်ဆောင်ကာ ဂရုတစိုက်နှင့် ကြီးမြတ်လှတဲ့သခင်မလေးအား သေသေချာချာ ရှင်းပြလိုက်သည်။
“အရင်က ပြောဖူးပါတယ် ….. ငါက အရင်က အရူးတစ်ယောက်လို့လေ” သူက ပြောသည်။ “ဆယ့်ငါးနှစ်အရွယ်ကို ရောက်မှ ပြန်ပြီးသတိဝင်လာတာ”
ကြီးမြတ်လှသည့်သခင်မလေးက ဆလင်ဒါဘူးအားယူလိုက်ကာ ဖြည်းညှင်းစွာ ထပ်မံမေးလာသည်။
“ဆရာကရော ဘယ်မှာလဲ”
“ငါသူ့ကို မတွေ့ဖူးဘူး”
လင်းဖုန်းရှောင်က အချိန်အကြာကြီး တိတ်ဆိတ်နေကာ နောက်ဆုံးတွင်မှ ထပ်မေးလာသည်။
“ကျွန်မက ဘယ်သူလဲ”
လင်ရှု “သခင်မလေးလေ”
6
လင်ရှုက တစ်ခဏလောက် တွေးလိုက်ကာ “တောင်ပိုင်းရှပြည်ရဲ့…..မင်းသမီးလား”
“ပြီးတော့ရော”
လင်ရှုက တစ်ခဏခန့် ထပ်တွေးလိုက်ကာ သူ့ခေါင်းအား ခါလိုက်သည်။
ဖယောင်းတိုင်မီးအား ကျောပေး၍ လင်းဖုန်းရှောင်က သူ့ဆီသို့ လျှောက်လာတော့သည်။
လင်ရှုက စိတ်ပူပန်စွာဖြင့် ဂွမ်းစောင်ထဲသို့ နစ်မြှုပ်လိုက်သည်။
လင်းဖုန်းရှောင်ကသူ့အား အထက်စီးမှနေ၍ ငုံ့ကြည့်လာသည်။
လင်ရှုက ဂွမ်းစောင်ထဲတွင် ဆက်လက်နစ်မြှုပ်နေသည်။
ကြီးမြတ်လှသည့် သခင်မလေးက စိတ်အခြေအနေ ကောင်းမနေသည်ကို သူပင် ခံစားနိုင်နေသည်။
သို့သော် ထိုသည်က ဒေါသထွက်နေသည်နှင့်လည်း မတူနေပေ။
အရမ်းကို ရှုပ်ထွေးတယ်။
ကြီးမြတ်လှတဲ့သခင်မလေး : “ကျွန်မ မယုံဘူး”
လင်ရှု : ????
တစ်ယောက်နှင့်တစ်ယောက် အချိန်အကြာကြီးအထိ သိလာခဲ့ပြီးနောက် အရင်က သူဟာ အရူးလေးတစ်ယောက် ဖြစ်သည်ကို ဘယ်လိုလုပ်ပြီး သခင်မလေးက မယုံကြည်နိုင်ရသေးတာလဲ။
သူက ပြောလိုက်သည်။ “အဲဒါက အမှန်တရားပဲ”
“အဲလိုဆိုမှတော့” လင်းဖုန်းရှောင်က ပြောလာသည် ။
“ကျွန်မက ရှင့်အတွက် ဇာမဏီနန်းမြင့်က လူတစ်ယောက်သက်သက်ပဲလား”
လင်ရှုက သူ့ခေါင်းအား ခါရမ်းလိုက်သည်။
ကြီးမြတ်လှသည့်သခင်မလေးက သူ့မျက်ခုံးအား ပင့်လိုက်တော့သည်။
“ဟမ်”
လင်ရှု “မင်းကငါ့ရဲ့ အတန်းဖော်လေ”
ကြီးမြတ်လှသည့်သခင်မလေးက ဓားသွား၏လက်ကိုင်ပေါ်သို့ ဖိချလိုက်သည်။
လင်ရှု၏ခန္ဓာကိုယ်က သတိထားစွာဖြင့် တောင့်သွားတော့သည်။
“ရှင့်ရဲ့အတန်းဖော်….ကျွန်မက ရှင့်ကို အဖော်ပြုပေးတယ်။. ပျိုးထောင်ပေးတယ်။ အခုလိုမျိုးလည်း ကာကွယ်ပေးသေးတယ်။ ဒါပေမဲ့ ရှင်က ဒါတွေအားလုံးကို လုံးဝကို ဒီတိုင်း လက်ခံထားတာလား”
ကြီးမြတ်လှသည့်သခင်မလေးက အိပ်ရာဘေးရှိ ဝါးကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ကာ သူ့အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။
လင်ရှုကလည်း ဘာပြန်ပြောရမည်ကို မသိသည့်အတွက် ကြီးမြတ်လှသည့် သခင်မလေးအား တိတ်တဆိတ် ပြန်ငေးကြည့်နေလိုက်သည်။ သခင်မလေးအပြင် မည်သူကမှ သူ့အပေါ် ထိုမျှလောက် ကောင်းမပေးဖူးပေ ။
ယခင်ဘဝရှိ အတန်းဖော်များနှင့် အခန်းဖော်များအားလုံးက သူ့အား အမူအရာမဲ့ ဆက်ဆံကာ လျစ်လျူရှုထားကြသည်။ သို့သော် သူ့အတွက်ကတော့ ထိုသည်ကပင် ခင်မင်ရင်းနှီးသည့် ဆက်ဆံမှုပင် ။
တစ်စုံတစ်ယောက်က သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံလျှင် ထိုသည်ကိုလက်ခံပြီး ကျေးဇူးတင်ပါသည်ဟု ပြောရုံကလွဲလျှင် ဘာဆက်လုပ်ရမည်လဲ မသိပေ။ အနည်းငယ် ခြောက်ကပ်ကပ်နိုင်သော ကျေးဇူးတင်သည့်စကားများကိုသာ ပြောနိုင်လောက်သည်။
သူခံစားရသည်က သူဟာ ထိုကဲ့သို့သော နွေးထွေးသည့်ဆက်ဆံမှုနှင့် မထိုက်တန်သည့်အတွက် ငြင်းဆန်ချင်ခဲ့သည်။ သို့သော် ထိုသို့ပြောဖို့ သူ့စကားလုံးတွေကို မည်ကဲ့သို့ စုစည်းရမည်အား မသိပေ။
6
တခြားသူတွေက သူ့အား ကြင်နာစွာ သို့မဟုတ် သနားစရာလို ဆက်ဆံလျှင်ပင် ကြည့်ရသည်မှာ သူက အားလုံးကို လုံးဝကိုလက်ခံမည့်ပုံပင် ။
ထို့ကြောင့် လင်ရှုက လင်းဖုန်းရှောင်အား ဆက်ကြည့်နေကာ ခေါင်းညိတ်ပြလိုက်သည်။
“ရှင်” လင်းဖုန်းရှောင်က သူမရဲ့မျက်ခုံးတို့အား စူးရှစွာပင့်ထားကာ သူမရဲ့နှုတ်ခမ်းတို့ကို စုဝိုင်းထားသည် ကြည့်ရသည်မှာ လုံးလုံးဒေါသထွက်နေပုံပင်။
လင်ရှုက ကြီးမြတ်လှသည့်သခင်မလေးအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကာ သူ တစ်ခုခု အမှားလုပ်မိထားသလားဟု သိချင်နေမိသည်။ သူမ၏ အမှားအမှန်ကို ခွဲခြားနိုင်စွမ်းရှိသည့် မှင်ရောင်ကဲ့သို့ နက်မှောင်လှသော ထိုမျက်ဝန်းတစ်စုံက သူ့အား သတိတထားနှင့် စေ့စေ့စပ်စပ် ကြည့်ရှုနေသည်။
“ရှင်…..” လင်းဖုန်းရှောင်က သူမ၏လက်အား ဆန့်ထုတ်လိုက်သည်။
လင်ရှုက ခန္ဓာကိုယ်ကို ပြန်ကျုံ့လိုက်သည်။
ကြီးမြတ်လှတဲ့ သခင်မလေးရဲ့မျက်လုံးတို့က နူးညံ့သွားကာ သူမ၏လေသံကလည်း အနည်းငယ် နူးညံ့သွားသည် ။
“မကြောက်နဲ့”
လင်ရှုက ရပ်တန့်သွားသည်။
ကြီးမြတ်လှသည့်သခင်မလေးက စောင်၏အနားစများကို သူ့အတွက် ဖိပေးလာသည်။
“….ရှင် ကောင်းကောင်း အနားယူရမယ်”
လင်ရှုက ခေါင်းညိတ်လိုက်သည်။ ထို့နောက် တစ်ခဏလောက် တွေးပြီးနောက်မှာ နူးညံ့စွာ ပြောလာသည်။
“မင်းလည်း အိပ်ရာဝင်သင့်တယ်”
အပြင်ဘက်ရှိ မိုးစက်တို့က ယခုအချိန်တွင် ပို၍နည်းပါးသွားသော်လည်း ကျဆင်းနေဆဲပင် ဖြစ်သည်။ သူဟာ ကြီးမြတ်လှတဲ့သခင်မလေးက အခုထိ နေလို့မကောင်းဖြစ်မှာကို စိုးရိမ်နေကာ များများပို၍အနားယူစေချင်သည်။
လင်းဖုန်းရှောင် “အမ်း”
ထို့နောက် လင်းဖုန်းရှောင်က လင်ရှုချထားသည့်စာအုပ်အား ယူလိုက်ကာ သူ၏မူလနေရာသို့ ပြန်ထားလိုက်သည်။ သူမက အခန်းကို တစ်ခါပတ်ကြည့်လိုက်ကာ အရာအားလုံးက ပုံမှန်ဖြစ်နေသည်ကို သေချာစေလိုက်ပြီး လှည့်သွားတော့သည်။
“ကျွန်မရဲ့အခန်းကို ပြန်လိုက်ဦးမယ်”
လင်ရှုကခေါင်းညိတ်ပြလိုက်ပြီး ဆလင်ဒါဘူးအား ထပ်တွေးမိလိုက်ကာ :
“အဲဒီဆလင်ဒါဘူးက…..”
“ကျောက်စိမ်းဘူး” လင်းဖုန်းရှောင်က ပြောလာသည်။ “အဲဒါကို တန်ဖိုးကြီးတဲ့စာတွေ အချက်အလက်တွေ သိမ်းဖို့ အသုံးပြုကြတယ်။ ရှင်ဖွင့်ချင်ရင် အဲဒါကအလွယ်လေးပါ”
လင်ရှု “အဲဒါဆို ဘယ်လိုဖွင့်ရမလဲ”
“ည ခုနစ်နာရီ နေ့အလင်းရောင်စပြီး ပျောက်တဲ့အချိန်မှာ သတ်မှတ်ထားတဲ့ လူရဲ့လက်ချောင်းထိပ်က သွေးတစ်စက်နဲ့ ဖွင့်လို့ရတယ်” လင်းဖုန်းရှောင်က ပေါ့ပေါ့ပါးပါး ပြောလာသည်။
“အဲဒါက ရှင့်ရဲ့ဆရာ ချန်ခဲ့တာဆိုတော့ ရှင့်ရဲ့သွေးနဲ့ဖွင့်လို့ရတယ်”
လင်ရှု : “ကျေးဇူး အများကြီးတင်ပါတယ်”
လင်းဖုန်းရှောင်က ပြုံးလိုက်သည်။ သို့သော် သူမမျက်လုံးထိ မရောက်သည့် ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်ဖြစ်ကာ လင်ရှု၏ နှလုံးသားအား ဒရမ်တစ်လုံးကဲ့သို့ ဖြစ်နေစေသည်
“မနက်ဖြန် ညနေခုနစ်နာရီကျရင် အဓိကခန်းမဆောင်ကို လာပြီး ဖွင့်လိုက်” ကြီးမြတ်လှသည့်သခင်မလေးက အမိန့်ပေးလိုက်သည် ။
6
“ပြီးရင် အထဲထဲမှာ ရေးထားတာကို ကျွန်မဆီ တစ်လုံးချင်းစီ ဖတ်ပြရမယ်”
လင်ရှုက သူမဟာ ဘာကြောင့် ထိုသို့လုပ်ရသလဲဆိုသည်ကို မသိသော်လည်း ထိုကဲ့သို့ပြုမူရသည့်အတွက် သူမရဲ့ ကိုယ်ပိုင်အကြောင်းပြချက်တစ်ခု ရှိရမည်။ ထို့ကြောင့် သူဟာ နာနာခံခံနှင့် ခေါင်းသာ ညိတ်ပြလိုက်သည်။
ကြီးမြတ်လှသည့်သခင်မလေးက ဆက်လက်ပြီး ထိတ်လန့်ခြောက်ခြားဖွယ် ပြုံးနေကာ :
“အဲဒါဆို အဲ့ကျမှ ရှင်နဲ့ဖြေရှင်းတော့မယ်”
လင်ရှုက ထိတ်လန့်တကြား ဖြစ်သွားတော့သည်။ လင်းဖုန်းရှောင် ထွက်သွားပြီးနောက် သူဟာ အိပ်ရာပေါ်တွင် လူးလှိမ့်လိုက်ကာ သူမက အတိအကျဘာကိုဆိုလိုသည်လဲ ဆိုတာအား တွေးနေပေသည်။
ပြီးတော့ သူက ဘယ်နေရာမှာများ သခင်မလေးကို ရန်စမိလို့တုန်း။
သူဟာ ကြီးမြတ်လှသည့် သခင်မလေးနှင့် ခုနက ထိုစကားဝိုင်းကို ဂရုတစိုက်နှင့် ပြန်တွေးကြည့်လိုက်ပြီး အတွေးတစ်စက သူ့စိတ်ထဲတွင် ပေါ်လာတော့သည်။
ဆလင်ဒါဘူးထဲမှာ တကယ်ပဲ အရေးကြီးတဲ့ တစ်စုံတစ်ခု ရှိနေတာလား။ မဟုတ်ရင် အဲဒါကိုမြင်တာနဲ့ သခင်မလေးက စိတ်တိုပြီး သူ့ဆရာက အဲဒါကို သူ့အတွက် ချန်ထားခဲ့တုန်းက ရှင်းပြချက်တစ်ခုခု ပေးသေးလားဆိုတာကို ဘာလို့ သူ့ကို ထပ်ခါထပ်ခါမေးမှာလဲ။
ထိုခံစားချက်ကြောင့် ညသန်းခေါင်ထိတိုင်အောင် တစ်ယောက်တည်း ထိုင်မရထမရဖြစ်နေကာ နောက်ဆုံးမှသာ မှေးခနဲ အိပ်ပျော်သွားတော့သည်။
ကြီးမြတ်လှသည့်သခင်မလေးက နောက်တစ်နေ့တွင် ပေါ်မလာပေ။ ထိုအစား သူ၏ဝါးလုံးစံအိမ်ထဲတွင် ပေါ်လာသူက ဇာမဏီနန်းမြင့်မှအခြားသော မိန်းကလေးများဖြစ်သည်။ သူတို့တွေက အိပ်ရာခင်းနှင့် စောင်တို့ကို လဲလှယ်ကာ သူ့အတွက် တေးဖော်စပ်ပေးပြီး သူ၏အစားအသောက်နှင့် အဝတ်အထည်တို့အား ဂရုစိုက်ပေးကြသည်။ သူတို့တွေက အလွန်အမင်းကို စေ့စပ်သေချာကြသည် ။
“သခင်မလေးက ကျွန်မတို့ကို ဒီနေရာကိုလာပြီး ရှင့်ကို ဂရုစိုက်ခိုင်းလိုက်လို့ပါ” လင်းပေါင်ချန်းက အပြုံးတစ်ပွင့်နှင့်ပြောလာသည်။
“ပြီးတော့လည်း ရှင့်ရဲ့လုံခြုံရေးကို ကာကွယ်ခိုင်းလိုက်ပါတယ်။ ကျွန်မ ရှင့်ကိုပြောမယ်။ လင်ရှုလေးရေ သခင်မလေးက အရင်က ဘယ်ယောက်ျားလေးကိုမှ ဒီလောက်ထိ မကြင်နာခဲ့ဖူးဘူး”
လင်းပေါင်ချင်းက ဟမ့်ခနဲ ပြုလုပ်လိုက်ကာ “အရင်တုန်းက မင်ကျိုးမြို့အပြင်ဘက်က ဘယ်သူက ရှင့်မှာ တစ်နေ့ကျ ဒီလိုဆက်ဆံမှုမျိုး ရှိလာမယ်လို့ ထင်မိမှာလဲ?
လင်းပေါင်ချန်းကတော့ ပြုံးနေကာ :
“လင်ရှု ရှင်က တကယ်ကို ကြည့်ကောင်းပြီး ကြောင်ပေါက်လေးလိုပဲ နာခံတတ်တယ်။ ကျွန်မတို့အားလုံး ရှင့်ကို အရမ်းကိုသဘောကျတယ်။ ကြီးမြတ်လှတဲ့သခင်မလေးက ရှင့်ကိုနှစ်သက်တာ အံ့ဩစရာ မရှိတော့ပါဘူး”
လင်ရှုက သူတို့၏နောက်ပြောင်မှုအား မည်ကဲ့သို့တုံ့ပြန်ရမည်လဲ မသိသည့်အတွက် မေးရုံသာမေး လိုက်သည်။
“သခင်မလေးကရော”
“သခင်မလေးက ရှင့်ကို ဒီနေ့မတွေ့ချင်ဘူး။ သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်ဖို့လိုတယ်တဲ့။ အဲဒါကြောင့် ကျွန်မတို့ကိုလာပြီး ရှင့်ကို ဂရုစိုက်ခိုင်းလိုက်တာ”
လင်းပေါင်ချန်း၏မျက်လုံးတို့က သိချင်စိတ်ဖြင့် တောက်ပသွားကာ
“ပြောကြည့် ရှင် သူ့ကိုဒေါသထွက်အောင် လုပ်မိသေးလား”
လင်ရှုက သူ့နှာခေါင်းအား ထိလိုက်ကာ “….လုပ်မိတယ်ထင်တယ်”
မိန်းကလေးအားလုံးကို တစ်ညီတစ်ညာတည်း အော်လိုက်ကြကာ သခင်မလေးက ဘာကြောင့် ဒေါသထွက်ရသည်လဲဆိုတာအား သိရရန် လင်ရှုအား လိုက်ဖမ်းကြတော့သည်။
6
အဆုံးတွင်တော့ လင်ရှုတွင် ရွေးချယ်စရာမရှိတော့ပဲ သေဟန် ဆောင်လိုက်ရတော့သည်။ ထိုမိန်းကလေးများက မည်မျှပင် အပူကပ်နေပါစေ သူ့ပါးစပ်အား လုံးဝမဖွင့်ရန် ဆုံးဖြတ်ထားသည်။ ထိုနည်းဖြင့်သာ လင်ရှုက သူတို့၏အဆုံးမရှိ အစ်အောက်ချင်စိတ်မှ လွတ်မြောက်နိုင်သွားတော့သည်။
မိန်းကလေးများက လင်ရှုဆီမှ ဘာကိုမှမသိနိုင်ဘူးဆိုတာကို တွေ့လိုက်သည့်အခါ သူတို့ဘာသာပဲ ကစားပြီး တချို့သော အတင်းအဖျင်းများအား ပြောနေကြတော့သည်။
“ဖုတ်ကောင်ကိစ္စကို စုံစမ်းတာက အဆုံးသတ်ကို ရောက်ပြီလို့ကြားတယ်”
“သူတို့တွေ ဘာပြောလဲ”
“သခင်ဟောင်းယွဲ့ နိုးလာတော့ ဒီဖြစ်ရပ်ကိုသိပြီး ဒေါသပုန် ထတော့တယ်လေ။ ကျောင်းက အမှန်တကယ်ကို သန့်ရှင်းပြီး ဘာမိစ္ဆာမှမရှိဘူးတဲ့။ သူပြောတာက ဒီဖုတ်ကောက်ကိစ္စက သူ့ကို ခက်ခဲစေဖို့အတွက် တစ်ယောက်ယောက်ကနေ လုပ်ကြံပြောဆိုတာပဲ ဖြစ်ရမယ်တဲ့”
“အကြီးအကဲက တကယ်ကို စိတ်နှလုံးဖြူစင်တာပဲ။ အဲ့နောက်ရော ဘာဆက်ဖြစ်သွားလဲ”
“နောက်တော့ မြောက်ပိုင်းရှစုန်းမရဲ့ သင်္ကေတဖြစ်တဲ့ အမှတ်အသားကျောက်တုံးကို သခင်မလေးချူးရဲ့ အခန်းထဲမှာ ရှာတွေ့တယ်လေ။ လူတိုင်းပြောကြတာက သူမက မြောက်ပိုင်းရှပြည်နဲ့ ပူးပေါင်း လိမ်လည်ထားတာ ဖြစ်နိုင်တယ်တဲ့!”
“အာ သူမကတကယ်ပဲ မြောက်ပိုင်းရှပြည်ကလား”
“အမှတ်အကျောက် ကျောက်တုံးမှာတော့ မြောက်ပိုင်းရှပြည်ရဲ့မိစ္ဆာအတတ်ပုံစံ အမှတ်အသားတွေ တကယ်ကြီးရှိနေတယ်။ အဲဒါကြောင့် သူမက မြောက်ပိုင်းရှပြည်က မဟုတ်ရင်တောင် ပေရှပြည်ကခွေးတွေ ကျောင်းထဲမှာ ပြေးလွှားနေတာပဲ ဖြစ်ရမယ်”
“အဲ့တော့ သူမက ဘယ်လိုလုပ်ပြီး ဖုတ်ကောင် ဖြစ်သွားတာလဲ”
“ဒါတော့ ငါလည်း မသိဘူး။ အကာအကွယ်စည်းနဲ့ အဲ့တပည့်လေးရဲ့သွေးအဆိပ်ခတ်တဲ့အကြောင်းကို အကြီးပိုင်းအရာရှိတွေက စုံစမ်းနေတုန်းပဲ။ ဒီစုံစမ်းမှုကနေ မြောက်ပိုင်းရှပြည်နဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့ တပည့်အနည်းငယ် အားလုံးက တကယ်ကြီးကို သလင်းကောင်းကင်နဲ့ သလင်းနီကောင်းကင်ကတဲ့လေ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ သက်သေမရှိသေးတော့ သခင်မလေးက နန်းတော်ကို စာတစ်စောင်ပို့ပြီး နဂါးအစောင့်အရှောက်တွေကို အကူအညီတချို့ပေးဖို့ တောင်းဆိုထားတယ်”
“ဒီကိစ္စက အမှုမှန်ပေါ်ပါစေလို့ မျှော်လင့်တယ်”
“အတိအကျပဲ”
လင်ရှုက ဒီနေ့ဟာ ဘယ်လိုဖြတ်သန်းသွားသလဲဆိုသည်အား မသိပေ ။
သူဟာ ဝါးလုံးစံအိမ်ထဲမှာပဲ နေပြီး အကဲဖြတ်ကာ အရူးအမူး စဉ်းစားနေသည်။ တစ်နေ့တာဟာ သူ့အတွက် တစ်နှစ်တာကဲ့သို့ပင်။ ဆည်းဆာ ရောက်မလာခင်အချိန်အထိ အချိန်မည်မျှ ကုန်ဆုံးသွားပြီလဲဆိုသည်အား မသိပေ ။
ခပ်ဝေးဝေးနေရာဆီတွင်တော့ နေလုံးကြီးက အနောက်ဘက်သို့ ဝင်သွားပြီး အချိန်နီးကပ်လာသည့်အခါ လင်ရှုက သူ၏ဝါားလုံးစံအိမ်ထဲမှ ထွက်လိုက်ပြီး အဓိကခန်းမဆောင်ထဲသို့ လျှောက်သွားလိုက်သည်။
ကြီးမြတ်လှသည့်သခင်မလေး၏အရှေ့တွင် လက်ဖက်ရည်တစ်အိုးနှင့် ခွက်အသေးလေးနှစ်ခွက် ရှိနေကာ သူမက သူတို့ထဲက တစ်ခွက်ကို ကိုင်ထားပြီး လက်ဖက်ရည်အား ဖြည်းညှင်းစွာ သောက်နေသည်။ သူ လာနေသည်ကို တွေ့သည့်အခါ မော့ကြည့်လာပြီး
“ရှင်ရောက်လာတာ ကောင်းတယ် လာခဲ့”
ထို့နောက် သူမက ပြောလိုက်သည် ။
“ကျောက်စိမ်းဘူးထဲက အရာတွေက အစကနေအဆုံးထိ ကျွန်မကိုဖတ်ပြ။ ဘာအမှားမှ မရှိရဘူး”
လင်ရှုက သူ၏ပိုးအိတ်ထဲမှ ဓားမြှောင်တစ်ချောင်းကို ထုတ်ကာ သူ့ဘယ်လက်ရှိလက်ခလယ်ကို ထိုးလိုက်သည်။ အနီရင့်ရောင်သွေးစက်က ဆလင်ဒါဘူးထဲသို့ ဖြည်းညှင်းစွာ ထည့်သွင်းခံလိုက်ရတော့သည် ။
6 6
ဆလင်ဒါဘူး၏ မူလကမှိန်ဖျော့နေသော ပုံစံများအပေါ်တွင် အလင်းတစ်လွှာက ရုတ်တရက် ပေါ်ပေါက်လာပြီး စက္ကန့်အနည်းငယ် ကြာပြီးနောက် ရှင်းလင်းက ထင်ရှားလာတော့သည်။
မင်္ဂလာရှိသောတိမ်လွှာ ရေအမှတ်သင်္ကေတများနှင့် နဂါးတစ်ကောင်နှင့် ဖီးနစ်တစ်ကောင်တို့၏ ပုံသဏ္ဍာန်က အလယ်တွင် ပေါ်ထွက်လာတော့သည်။ ထိုသည်က အရမ်းကို မင်္ဂလာရှိပြီး ရွှင်ပျတောက်ပနေသည် ကြည့်ရသည်မှာ ထူးခြားတဲ့လျှို့ဝှက်နည်းစနစ်အား သယ်ဆောင်ထားပုံမရပေ ။
သူဟာ ထိုသို့တွေးနေစဉ်မှာပဲ ဆလင်ဒါဘူးက ကလစ်ခနဲ မြည်သွားကာ ထိပ်ဘက်တွင် အပေါက်တစ်ပေါက် ဖော်ပြလာသည်။
လင်ရှုက ထိုသည်ကိုထိလိုက်ပြီး မျှော်လင့်ထားသလိုပင် စာရွက်အပိုင်းတစ်ခုအား ထိလိုက်မိတော့သည်။ သူက အဲဒါကိုယူလိုက်ပြီး ဖွင့်လိုက်သည်။ ထိုသည်က ပါးလွှာတဲ့စာရွက်တစ်ရွက်ဖြစ်ကာ ထိုအပေါ်တွင် စာလုံးများ ရေးထားလေသည်။
ထိုလက်ရေးအား တွေ့လိုက်သည့်တစ်ခဏမှာပဲ သူဟာ အိပ်မွေ့ချခံရသူကဲ့သို့ မိန်းမောသွားတော့သည်။
ထိုအပေါ်တွင် ဝေးကွာပြီး နားလည်ရခက်သည့် ရင်းနှီးနေသော လက်ရေးပုံစံနှင့် စုတ်ချက်တို့ရှိနေသည်။ သူဟာ ထိုသည်ကို တစ်နေရာရာတွင် မြင်ခဲ့ဖူးပြီး တစ်နည်းနည်းဖြင့် ဘယ်လိုမျိုးနှင့် ဘယ်နေရာမှာလဲဆိုသည်အား မပြောနိုင်ပေ။
ထိုကဲ့သို့သော အလွန်အရေးပါသည့် အခြေအနေတွင် ကြီးမြတ်လှသည့်သခင်မလေး၏ မတုန်မလှုပ်အမူအရာအား ကြည့်လိုက်ပြီးနောက် လင်ရှုက စဖတ်တော့သည်။
“တပည့် ဒီစာကိုတွေ့တာက ဆရာ့ကို ကိုယ်တိုင်တွေ့သလိုပါပဲ”
—ဟစ် ဒါက ဒီအရူးလေးရဲ့ဆရာရဲ့လက်ရေးပဲ ။
“မင်းရဲ့ဆရာက လုပ်စရာတစ်ခုရှိလို့ အရင်ထွက်ခွာနှင့်မယ်။ မင်းကိုယ်မင်း ဂရုစိုက်ပြီး မသေအောင် ဂရုစိုက်”
လင်ရှု “……”
ဒီလေသံက အရမ်းကို သာမန်ကာဆန်ကာဖြစ်ပြီး နည်းနည်းလေးမှကို စာပေမဆန်ဘူး။
သူက ဆက်ပြီး ဖတ်ကြည့်လိုက်သည်။
“မင်းရဲ့မယ်ရီဒန်တွေက မကောင်းရင်လည်း နှလုံးသားထဲထိ မထားနဲ့။ မင်း ပျော်ပျော်ရွှင်ရွှင် ဖြစ်နေရင်ကို လုံလောက်နေပါ။ပြီ မင်းကိုယ်မင်းလည်း မပင်ပန်းစေနဲ့။ တောင်ခြေကို လှည်းရောက်လာတာနဲ့ လမ်းတစ်လမ်းကတော့ ရှိနေမှာပဲ။ ဆရာကမင်းအတွက် စီစဉ်ပေးထားခဲ့တယ်”
အာ…
လင်းဖုန်းရှောင်ကလည်း တူညီသည့်အရာကိုပြောခဲ့ပြီး ဒီစျေးပေါလှသည့်ဆရာကလည်း သူ့မယ်ရီဒန်တွေကို လျစ်လျူရှုပြီး သူ့နှလုံးသားက စေစားရာအတိုင်း ပျော်ပျော် နေခိုင်းနေပြန်တယ်။ မှော်ဆန်တဲ့ ဆေးလုံးနဲ့ဆေးဝါးတွေ ပြိုင်ဘက်ကင်းစွမ်းရည်တွေထက် ပိုကောင်းတဲ့နည်းလမ်းက ဒီကမ္ဘာပေါ်မှာ တကယ်ကြီး ရှိလို့လား။
ထိုအကြောင်းအား တွေးနေရင်း ဆက်ပြီးဖတ်ကြည့်လိုက်သည် ။
“အခွင့်အရေးတစ်ခုကို စုံစမ်းလို့မရနိုင်ဘူး။ ကံကြမ္မာဆိုတာက ဆန်းကြယ်ပြီး ရှောက်လွှဲလို့ မရနိုင်ဘူး။ မင်းရဲ့ဆရာကိုစိတ်မပူနဲ့ ရေစက်ရှိရင် ပြန်တွေ့ကြရလိမ့်မယ်”
စာဖတ်ပြီးနောက် သူက လင်းဖုန်းရှောင်ကို ကြည့်လိုက်သည်။
ကြီးမြတ်လှသည့်သခင်မလေးက ဆလင်ဒါဘူးအား ကြည့်ကာ :
“ထပ်ပြီးရှိနေသေးတယ်”
လင်ရှုက သူ့လက်အား ဆန့်လိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ သူ ခံစားရသည့်စာရွက်က ပိုထူပေသည်။ ကြည့်ရသည်မှာ အနီရောင်စည်းတံဆိပ်စာရွက်တစ်ရွက် ဖြစ်နေပုံရပြီး အထဲတွင် အနီရောင် ဇာအစနှင့် စာလိပ်တစ်ခုအား လိပ်ထားသည့်ပုံပင်။
လင်ရှုက ထိုသည်ကို သူ့လက်ထဲတွင် ကိုင်ထားလိုက်သည်။
ထိုအရာက လေးလံသည့်အရာတစ်ခုပင် အစွန်းနားက အနည်းငယ် ဖျာ့တော့နေသည်။ စာရွက်သားက ထူထဲကာ ခံ့ညားပြီး စာရွက်သား၏နောက်တွင် ကျက်သရေရှိလှသည့် ပုံစံတစ်ခုအား ဖိနှိပ်ထားသည်။
ဒီပုံစံ ဆလင်ဒါပေါ်ရှိ နဂါးနှင့်ဖီးနစ်တို့၏ပုံစံ တောက်ပသည့်အနီရောင်စာရွက် ရွှေမှုန်ဖြူးထားသည့် အနီရောင်ဇာစ၊ ထိုအရာအားလုံးအား အတူတကွ ချိတ်ဆက်ပြီးနောက် နိမိတ်မကောင်းသည့် ခံစားချက်တစ်ခုက တိုးထွက်လာတော့သည်။
ကိစ္စတွေက မရိုးရှင်းဘူး ။
…..အဲဒါကရိုးရှင်းမနေဘူး။
သူမမျက်လုံးထဲထိ ရောက်ရန် ကျရှုံးနေသည့် ကြီးမြတ်လှသည့်သခင်မလေး၏ အပြုံးအား ကြည့်လိုက်ပြီးနောက် လင်ရှုက အသက်ပြင်းပြင်းရှုကာ ထွက်ပြေးချင်လာတော့သည်။
******