Ch 63
Viewers 3k

အခန်း-63


လင်ရှုက ကြောင်မဲလေးရဲ့ ပိုင်ဆိုင်မှုတွေကို တွေးတောနေတဲ့အချိန်မှာ ပြင်းထန်တဲ့လေက သူ့ရဲ့နားဘေးကို ဖြတ်သန်းသွားခဲ့ပြီး ဖြူဖျော့နေတဲ့လက်က သူ့စီကို ထိုးနှက်ရင်း ရောက်ရှိလာသည်။ 


လင်ရှုက မသိစိတ်နှင့် ခန္ဓာကိုယ်ကို အမြန်လှည့်လိုက်ကာ ထိုးနှက်မှုကို ရှောင်လိုက်ရသည်။ လင်းရှောင်က နောက်လှည့်လာပြီး အသက်ရှိ အလောင်းကောင်ရဲ့ ရင်ဘက်ကို လက်ဖဝါးနှင့် ရိုက်လိုက်ရင်း တိုက်ခိုက်မှုကို ကာကွယ်ပေးလိုက်သည်။ အနီရောင်ရှိတဲ့ ဝိညာဉ်စွမ်းအားက လေထုထဲမှာ ပျံ့နှံ့လာပြီး လင်းဖုန်းရှောင်ရဲ့ အရောင်နှင့် သွားတူနေခဲ့သည်။ ဖီးနစ်တောင်ထိပ်ရဲ့ သွေးမျိုးဆက်က‌နေ ဆင်းသက်လာတယ်လို့ ထင်ရတဲ့အတိုင်းပင်။ 


လင်ရှုက ကြောင်မဲလေးကို လက်ထဲမှာ ကိုင်ထားရတာကြောင့် ဗျပ်စောင်းကိုလည်း မတီးခတ်နိုင်သလို တိုက်ခိုက်မှုတွေကို ရှောင်ရှားရာမှာလဲ ပျော့ပျောင်းစွာနှင့် မလုပ်ဆောင်နိုင်ခဲ့ဘူး။ ကံကောင်းစွာနှင့် သူ့ရဲ့ဝမ်းကွဲက တိုက်ခိုက်မှုကို တစ်ယောက်တည်း ပိတ်ဆို့နိုင်လို့ တော်သေး၏။ လင်ရှုကတော့ ကြောင်မဲလေး နိုးလာအောင်လို့ ကြောင်လေးရဲ့ နားရွက်ကို အကြိမ် အနည်းငယ်လောက် ဆွဲခါကာ ဆိတ်လိုက်သည်။ 


ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းကတော့ မြောက်ပိုင်းရှကို မုန်းတီးနေတဲ့ သူတွေချည်းပင်။ သူတို့အကုန်လုံး ရထားတဲ့ဒဏ်ရာတွေကို ပျောက်ကင်းအောင် မကုသရသေးရင်တောင်မှ သူတို့ရဲ့ လက်နက်တွေကို ဆွဲကိုင်ကာ ‌လင်ရှုနှင့် ‌လင်းရှောင်တို့နှင့် ပူးပေါင်းပြီး အသက်ရှိတဲ့ အလောင်းကောင်တွေကို ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။ အချိန်ကြာလာတာနှင့်အမျှ ဟွမ်သန်းတောင်ထိပ်မှာ လက်နက်နှင့်ထိခိုက်သံတွေ အသက်ရှိတဲ့ အလောင်းကောင်တွေရဲ့ အော်ဟစ်သံတွေနှင့် ပြည့်နှက်လာခဲ့သည်။ 


သူတို့တွေရဲ့ဝိုင်းဝန်းတိုက်ခိုက်ပေးသည့် အကူအညီဖြင့် လင်းရှောင်ရဲ့ဘက်ကို ဖိအားပေးပြီး တိုက်ခိုက်နေတာတွေက လျှော့နည်းလာခဲ့ကာ လင်းရှောင်သည်လည်း ပိုမိုသဘာဝကျစွာ တိုက်ခိုက်လာနိုင်ခဲ့သည်။ 


လင်ရှုကတော့ ကြောင်မဲလေးရဲ့ နားရွက်ကို အားထပ်စိုက်လိုက်ပြီး နောက်ထပ်ဆွဲလှုပ် ကြည့်နေသည်။ အကြိမ်အနည်းငယ် ဆွဲဆိတ်ပြီး နောက်မှာတော့ ပါးလွှာနေတဲ့ ကြောင်နားရွက်ကို ပေါက်ထွက်သွားအောင် လုပ်မိမှာစိုးတာကြောင့် နားရွက်ကို မဆိတ်တော့ဘဲ အမြှီးကို ပြောင်းလဲ ဆိတ်ကြည့်လိုက်သည်။ 


ကံမကောင်းစွာနှင့် ကြောင်လေးက လုံးဝကို သတိလစ် မေ့မျောနေခဲ့သည်မို့ လင်ရှု ဘာလုပ်လုပ် ကြောင်က အခုလေးတင်မှ သေသွားသလိုမျိုး မည့်သည့်အရာမှ မတုန့်ပြန်ခဲ့ချေ။ 


လင်ရှုက ကြောင်လေးကို နှိုးနေခဲ့ရင်းနှင့် လင်းရှောင်ရဲ့‌ ကျောအနောက်‌ ခြေသုံးလှမ်းအကွာ လုံခြုံတယ်လို့ ပြောနိုင်သည့်နေရာမှာ နေလိုက်သည်။ 


လင်ရှုက လင်းရှောင်နောက် လိုက်နေရင်းကနေ လင်းရှောင်ရဲ့ ခြေလှမ်းတွေက ထူးဆန်းနေတာကို သတိထားမိလိုက်သည်။


ဖီးနစ်တောင်ထိပ်ရဲ့ ဓါးသိုင်းဟာ ပြင်းထန်ပြီး လူသတ်ချင်တဲ့ အရိပ်အယောင်တွေ ရှိနေပေမဲ့ လင်းရှောင်ရဲ့ ဓါးသိုင်းကတော့ ပိုမိုရှင်းလင်း ကြော့ရှင်းစွာနှင့် လှပနေကာ သူ့ရဲ့ဓါးအလင်းရောင်ကလည်း နှင်းပွင့်ဖြူတွေနှင့် နှိုင်းယှဉ်နိုင်ပြီး ခြေလှမ်းကလည်း…


လင်ရှု မြင်ရသလောက် ခြေလှမ်းတွေရဲ့ ဦးတည်ရာက တိုက်ပွဲထဲကို မဟုတ်ခဲ့ပေ။


ပုံမှန်ဆိုလျှင် ရန်သူ အဝိုင်းခံထားရတဲ့ အခြေအနေမှာ အသင့်တော်ဆုံး ဦးတည်ရာကို သတိရှိစွာ ရှာဖွေပြီး ဖောက်ထွက်နိုင်အောင် လုပ်ဆောင်ကြမှာပေမဲ့ လင်းရှောင်ကတော့ ထိုသို့ မဟုတ်ခဲ့ပေ။ 


လင်းရှောင်က သတိရှိစွာနှင့် ဦးတည်ချက်ကို ရွေးချယ်ခဲ့ပေမဲ့ ရန်သူကို ဖောက်ထွက်ဖို့တော့ မဟုတ်ဘူး။ 


လင်းရှောင်မှာ မတူညီတဲ့ ရည်ရွယ်ချက် ရှိနေခဲ့သည်။ 


လင်ရှုကတော့ ပရမ်းပတာ တိုက်ပွဲ အခြေအနေထဲမှာ ကြောင်ကို ဖက်ထားပြီး လင်းရှောင်နောက်ကိုပဲ လိုက်ပါလာခဲ့ကာ လင်းရှောင်ရဲ့ဓါးသိုင်းကိုပဲ အာရုံစိုက် ကြည့်နေခဲ့၏။ 


ရှုပ်ထွေးတဲ့တိုက်ပွဲက ဆက်လက် ဖြစ်ပေါ်နေပြီး နှစ်ဖက်လုံးသည်လည်း ဒေါသ‌ထွက်နေခဲ့ကြပြီးနောက် လင်းရှောင်ရဲ့ဓါးက ရုတ်တရက် အသက်ရှိတဲ့အ လောင်းကောင်ကို ထိုးစိုက်လိုက်သည်။ 


ဓါးထိပ်ပိုင်းက အသက်ရှိတဲ့ အလောင်းကောင်ရဲ့ ရင်ဘက်ကို ထိခါနီးတွင် ဓါးလမ်းကြောင်းက ပြောင်းလဲသွားပြီး လင်းရှောင်တို့ဘက်ကနေ ကူတိုက်နေတဲ့ လူတစ်ယောက်ရဲ့ လည်ပင်းကို ထိုးစိုက်လိုက်သည်။ 


လင်ရှုက ဓါးနဲ့ထိုးစိုက်ခံရတဲ့ တစ်ယောက်ကို ကျောင်းဝန်းထဲမှာ တွေ့ဖူးသည်။ 


ဘေးနားက တိုက်ခိုက်နေတဲ့ လူတစ်ယောက်ကလည်း အံ့အားသင့်စွာနဲ့: “ညီအစ်ကိုရေ မင်းလူမှားနေပြီ”

67 02

လင်းရှောင်ကတော့ သရော်လိုက်ပြီး သူ့ရဲ့ဓါးဟာ တုန့်ဆိုင်းခြင်းမရှိဘဲ ‌နှင်းပွင့်တွေလို ပေါ့ပါးစွာနှင့် ထိုးစိုက်နေခဲ့၏။ 


ဓါးနှင့်အထိုးခံတဲ့ တစ်ယောက်က ဓါးချက်ကို ပရိယာယ်များစွာနှင့် ပိတ်ဆို့လိုက်သည်။ 


လင်းရှောင်ကလည်း သူ့ကို လျင်မြန်စွာနှင့် ဆက်လက်တိုက်ခိုက်ခဲ့သည်။ 


လင်ရှုက လင်းရှောင်သည် သူ့ရဲ့ စွမ်းအားကို လျော့မချထားခဲ့ဘဲနှင့် ကောင်းကင်မိုးကြိုးကို တိုက်ခိုက်ခဲ့တုန်းကထက်ပိုပြီး ထပ်တိုးကာ တိုက်ခိုက်နေပုံကြောင့် အံ့အားသင့်သွားခဲ့ရသည်။ လင်းရှောင်ရဲ့တိုက်ခိုက်နေပုံက သူ့ရဲ့ကျင့်ကြံရေး ယွမ်ယင်းအဆင့်ထက်ကို ကျော်လွန်ခဲ့ပြီး အတိဒုက္ခကိုတောင် ရင်ဆိုင်နိုင်လောက်သည်။ 


အဲဒါက တော်တော်လေး ထိတ်လန့်စရာ‌ပင်။ 


ဘယ်လိုပဲဖြစ်ဖြစ် လင်းရှောင်နှင့် တိုက်ခိုက်နေတဲ့သူရဲ့ သိုင်းပညာကလည်း လင်းရှောင်ထက်တော့ နိမ့်ကျမနေခဲ့ဘူး။ သူ့ရဲ့တိုက်ခိုက်တဲ့ပုံက အများနဲ့မတူကွဲပြားကာ လှည့်စားမှုနှင့် ပြည့်နှက်နေခဲ့သည်။ လင်းရှောင်နှင့် မျက်စိတစ်မှိတ်အတွင်း တိုက်ခိုက်ပြီးသည်အထိ သူက မရှုံးနိမ့်သေးဘူး။ 


ရက်စက်တဲ့ သိုင်းပညာကို မြင်လိုက်ရတဲ့ သူတိုင်းက တိုက်ခိုက်ခံလိုက်ရတဲ့သူက ပုံမှန်မဟုတ်ဘူးလို့ သိလိုက်ကြသည်။ သူတို့လည်း အသိဝင်လာပြီး ထူးဆန်းတဲ့သူနှင့် တိုက်ခိုက်ဖို့အတွက် အသက်ရှိတဲ့ အလောင်းကောင်တွေကို တိုက်ခိုက်နေရာကနေ ရုပ်သိမ်းလိုက်သည်။ 


သူတို့က ထိုတစ်ယောက်နဲ့ တိုက်ခိုက်ဖို့ လုံလောက်အောင် မသန်မာပေမဲ့လည်း ထိုလူကို စိတ်အနှောင့်အယှက် ဖြစ်အောင်တော့ လုပ်နိုင်ကြသေးသည်။ လင်းရှောင်ရဲ့ ဓါးသိုင်းကျွမ်းကျင်မှုက ပြတ်သားပြီး ထိုလူရဲ့ပခုံးကို ဟက်တက် ကွဲသွားစေခဲ့ကာ ခြေထောက်ကနေလည်း သွေးတွေ ပန်းထွက်သွားစေခဲ့သည်။ ထိုလူ ဒဏ်ရာရနေသည့်အချိန်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်မှုတွေက ကျရောက်လာခဲ့သည်။ 


ထိုလူက သူ့ကိုယ်သူ ဝိညာဉ်စွမ်းအားနှင့် အကာအကွယ် ပြုလုပ်လိုက်တာမို့ လင်းရှောင်ရဲ့ ဓါးကို ဝိညာဉ်စွမ်းအား အကာအကွယ်က တားဆီးပေးနိုင်ခဲ့သည်။ သူက ဘယ်ဘက်ကို တိမ်းရှောင်လိုက်ပြီး ပါးပြင်ကို လက်နှင့် သုတ်လိုက်တာကြောင့် ပါးပေါ်မှာ အနီရောင်အမှတ်သား စွန်းထင်နေခဲ့သည်။ 


သူတို့နှစ်ယောက်က ဆက်လက်ပြီး တိုက်ခိုက်နေခဲ့ကြ၏။ အချိန်ကြာလာသည်နဲ့အမျှ မည်သူနိုင်မည်ဆိုတာ မပြောနိုင်တော့သည့်အချိန်တွင် လင်းရှောင်က သူရဲ့ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုလူရဲ့မျက်နှာကို သွားထိလိုက်၏။ လင်းရှောင်ရဲ့ခန္ဓာကိုယ်ပတ်လည်မှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက ပေါက်ကွဲ ထွက်လာပြီးတော့ ထိုလူကို လှုပ်ရှားလို့မရအောင် ပြုလုပ်ခဲ့သည်။ ထိုတစ်ယောက် မလှုပ်ရှားနိုင်တဲ့ချိန်မှာ လင်းရှောင်က အခွင့်ကောင်းယူပြီး ထိူလူ့မျက်နှာပေါ်က အရာတစ်ခုကို ဆုတ်ဖြဲပစ်လိုက်၏။ 


…..မျက်နှာဖုံး!


ကျောင်းတော်ရဲ့ တပည့်အများစုဟာ ထိတ်လန့်ပြီး အော်ခေါ်လိုက်ကြတယ်: “အရှင်ခန်ရှန်း”


လူ့အရေပြားမျက်နှာဖုံးရဲ့ အောက်မှာတော့ ပါးလွှာပြီးအေးစက်တဲ့ မျက်နှာရှိနေခဲ့တယ်။ တပည့်တွေကို လိုက်ပါပို့ဆောင်တုန်းက ကာကွယ်ပေးဖို့အတွက် တာဝန်ရှိတဲ့ တာအိုအရှင်နှစ်ပါးထဲက“အရှင်ခန်ရှန်း”


အရှင် ကကျင့်ကြံရေး အဆင့်မြင့်တဲ့ ဓါးသမားဖြစ်တယ်။ လင်ရှုဟာ အတန်းတွေ ရွေးတုန်းက အကြီးအကဲမုန့်ကတောင်မှ ဓါးသိုင်းကို ကျင့်ကြံမယ်ဆိုရင် ဘာလို့ အရှင်ခန်ရှန်းရဲ့အတန်းကို မရွေးချယ်တာလဲလို့မေးနေသေးတယ်။ 


သူက တောင်ခြေမှာ အကြီးအကဲ ဖုန်းလေ့နှင့်အတူ စောင့်ကြပ်နေရမှာကို ဘယ်လိုဖြစ်ပြီးတော့ သူ့ကိုယ်သူ ကျောင်းသား အယောင်ဆောင်ကာ ဟွမ်သန်းတောင်ပေါ်ကို ပါလာရတာလဲ။


ပိုပြီးတော့ ဆိုးဝါးတာက သူ့ရဲ့လှည့်စားတဲ့ ဓါးသိုင်းနှင့် ဝိညာဉ်စွမ်းအားက သူဟာ လမ်းမှန်ကနေ သွေဖယ်ကာ မိစ္ဆာစိတ်ဝင်နေတယ်လို့‌ညွှန်ပြနေသလို အသက်ရှိတဲ့အလောင်းကောင်တွေကိုထိန်းချုပ်နေတာလည်း သူပဲဆိုတာ ကျိန်းသေနေပြီ။ 


လင်းရှောင်က : “တွေ့ရတာဝမ်းသာပါတယ်။ စီနီယာခန်ရှန်း”


သူက ‘တွေ့ရတာ ဝမ်းသာပါတယ်။ စီနီယာ’လို့ ပြောခဲ့ပေမဲ့ သူရဲ့လှုပ်ရှားမှုတွေက‌တော့ ပိုပြီးအားပြင်းလာပြီးသူ့ရဲ့ ဝိညာဉ်စွမ်းအားသည်လည်း တိုက်ပွဲ အစတုန်းကထက် နှစ်ဆပိုမိုပြင်းထန်လာသည်။ 


အရှင်ခန်ရှန်းဟာ လင်းရှောင်လောက်တော့ အထုံပါရမီ မကောင်းခဲ့တာကြောင့် ဒီတခေါက်မှာတော့ လင်းရှောင်ဟာ အရှင်ခန်ရှန်းကို ဖိနှိပ်ထားနိုင်ခဲ့သည်။ 


သူဟာ အရှင်ခန်ရှန်းရဲ့ပါးစပ်ကနေ ပြီးတော့စကားလုံးတချို့ လျင်မြန်စွာ ရွတ်ဆိုလိုက်တာကို မြင်ခဲသည်။ ရုတ်တရက် ဆိုသလို အသက်ရှိတဲ့ အလောင်းကောင်တွေက လင်းရှောင်နှင့် လင်ရှုစီကို ပြေးဝင်လာခဲ့သည်။ 

67 03

လင်းရှောင်ဟာ ဓါးကို ဝှေ့ရမ်းလိုက်ပြီး ဓါးဟာ လချမ်းသဏ္ဍာန် အလင်းရောင်ကို ထုတ်လွှတ်နေခဲ့ပြီး ပြေးဝင်လာတဲ့အသက်ရှိ အလောင်းကောင်တွေစီကို ခုတ်ပိုင်းလိုက်သည်။


ထိုအချိန်မှာပင် အရှင်ခန်ရှန်းဟာ သူ့ရဲ့ဓါးကို ပုံမှန်မျက်လုံးနှင့် မြင်နိုင်တဲ့အရှိန်ထက် ကျော်လွန်စွာ ဆွဲထုတ်လိုက်၏။ သူ့ဓါးက စိတ်ဝိဉာဉ်အကာကွယ်တွေကို ချိုးဖျက်ကာ လင်ရှုစီကို တိုက်ရိုက် ဦးတည်ပြီး တိုက်ခိုက်လိုက်သည်။ အသားထဲကို လက်နက် ထိုးဖောက်လိုက်တဲ့ အသံကြားလိုက်ရပြီး ဓါးဟာ လင်းရှောင်ရဲ့ ဝမ်းဗိုက်ကို ထိုးစိုက်သွားခဲ့တယ်။ 


လင်းရှောင်ကို ကြည့်ရတာတော့ ဘာကိုမှ မခံစားမိတဲ့အတိုင်းပင်။ သူက တပတ်လှည့်လိုက်ပြီးနောက် မိုးကြိုးနှင့်လေရဲ့စွမ်း‌အားတွေ ပါဝင်သည့် သူ၏ဓါးနှင့် အရှင်ခန်ရှန်းကို ခုတ်ပိုင်းလိုက်သည်။ အရှင်ခန်ရှန်းရဲ့စွမ်းအားတွေက ကုန်ဆုံးနေခဲ့ပြီး သူ့မှာ ခုခံဖို့ကိုတောင် မတက်နိုင်တော့ဘဲ ဓါးချက်ကို ဒီတိုင်းသာ ခံယူလိုက်ရသည်။ အချိန်ခဏ ကြာပြီးနောက်မှာတော့ သူက ဓားအစွမ်းတွေနှင့် တိုက်ခိုက်ခံနေခဲ့ရပြီး လင်းရှောင်ဆီကနေ တားဆီးခံလိုက်ရတော့သည်။ 


တပည့်တစ်ယောက်က အစပျိုးလိုက်ပြီး : “ ငါ့မှာ နှစ်သက်ချည်နှောင်ချိန်းကြိုး ရှိတယ်”


အရှင်ခန်ရှန်းကတော့ နှစ်သက်ချည်နှောင်ချိန်းကြိုးနှင့် ဖက်ထုပ်ဖြစ်တဲ့အထိ ချည်နှောင်ခံလိုက်ရပြီး ဘာလှည့်ကွက်မှ ထုတ်သုံးလို့ မရတော့ဘူး။ 


အသက်ရှိတဲ့အလောင်းကောင်‌‌တွေရဲ့ လှုပ်ရှားမှုတွေက တောင့်တင်းကာ မလှုပ်ရှားနိုင်တော့သောကြောင့် အချိန်တိုလေးအတွင်းမှာ ထိန်းချုပ်နိုင်လိုက်ကြသည်။ 


လင်းရှောင်က အရှင်ခန်ရှန်းရဲ့ရှေ့မှာ ရပ်လိုက်ပြီး : “အရှင်ခန်ရှန်းမှာ ကောင်းမွန်တဲ့ အကြံအစည် ရှိနေခဲ့တာပဲ”


အရှင်ခန်ရှန်းကတော့ လင်းရှောင်ကို အေးစက်စွာ ကြည့်လိုက်ပြီး: “ဖီးနစ်စံအိမ်တော်”


“စီနီယာကတော့ မှားပြောနေပြန်ပါပြီ” လင်းရှောင်က ပြုံးလိုက်ပြီး “လင်းဖုန်းရှောင်က ဒီမှာမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ကလည်း ဖီးနစ်သွေးစံအိမ်တော်ရဲ့ သွေးမျိုးဆက်ပါပဲ”


အရှင်ခန်ရှန်းက: “အဲဒါက ကံကောင်းမှုသက်သက်ပဲ”


“လင်းဖုန်းရှောင်က ရည်ရွယ်ချက်ရှိရှိ မလာခဲ့တာလို့ရော မတွေးမိဘူးလား”


ဖက်ထုပ်လို ကြိုးနှင့်စည်းနှောင်ခံထားရတဲ့ အရှင်ခန်ရှန်းက လင်းရှောင်ကို အေးစက်စက် ကြည့်ရင်း ပြောလိုက်သည်။ 


တပည့်တစ်ယောက်က ဝမ်းနည်းစွာနှင့်: “အကြီးအကဲ,မင်း……”


အရှင်ခန်ရှန်းကတော့ သူ့ကို လစ်လျူရှုပြီးတော့ ဘာမှမပြောဘူး။ 


“သူ့ကို တောင်အောက်ကို ခေါ်ခဲ့လိုက်” လင်းရှောင်က: “ ဒီလူကို အင်ပါယာ အစောင့်အရှောက်တွေက စစ်ဆေးမေးမြန်းလိမ့်မယ်”


ထိုအချိန်တွင် လင်ရှုလက်ထဲ ပိုက်ထားတဲ့ ကြောင်လေးက မျက်‌လုံးတွေ ဖြည်းညှင်းစွာ ပွင့်လာခဲ့ပြီးတော့ ပရမ်းပတာ အခြေအနေကို ကြည့်နေခဲ့ကာ မိန်းမောတွေဝေစွာနှင့် ‘မြောင်’ဟု အော်မြည်လိုက်သည်။ 


ဘယ်လိုပဲဖြစ်ဖြစ် ကြောင်လေးက နိုးထလာရမှာပင်။ တကယ်လို့ မနိုးထလာခဲ့လျှင် တကယ်ကြီး မေ့မြောသွားခဲ့တာပဲဖြစ်ပြီး ခုကတော့ သတိလစ်ချင်ယောင် ဆော‌င်‌နေလိုက်တာများလားလို့ လင်ရှု စဉ်းစားမိနေပြီဖြစ်သည်။ 


သို့သော် ဒီအချိန်မှာတော့ ကြောင်လေးရဲ့ အ‌ခြေအနေကို ဂရုမစိုက်နိုင်သေးပေ။ 


လင်းရှောင်ရဲ့ အဖြူရောင် အဝတ်အစားတွေ ပေါ်မှာ ကြီးမားတဲ့သွေးကွက်တွေ, ခရမ်းပုတ်ရောင် မှိန်ပြပြအရာတွေနှင့် ပြည့်နှက်နေခဲ့ပြီး သူ့ရဲ့ အခြေအနေကလည်း တော်တော်လေး ဆိုးဝါးနေခဲ့သည်။ 


လင်းရှောင်ဟာ လင်ရှုစီကနေ ပြန်လည်ကုသရေးဆေးလုံး အနည်းငယ် ယူသောက်လိုက်ပြီး အသက်ရှုသံတောင်မှ ပုံမှန်အတိုင်းမို့လို့ ကြည့်ရတာတော့ အကုန်လုံး အဆင်ပြေနေသလိုပဲ။ 


သူတို့အကုန်လုံးတောင်အောက်ကို ဆင်းခဲ့ကြပြီး တောင်ခြေမှာတော့ အင်ပါယာ အစောင့်အရှောက်တွေက စောင့်ကြပ်နေတာကို မြင်လိုက်ရသည်။ သူတို့ရောက်နေတာကို မြင်လိုက်သည်နှင့် လင်းရှောင်က ခန်ရှန်းနှင့်အသက်ရှိတဲ့အ‌လောင်းကောင်တွေကို ချက်ချင်းလွဲပေးလိုက်ပြီး သူတို့ကို လိုက်ပါပို့ဆောင်ပေးခဲ့၏။ 


လွဲပြောင်းပေးနေသည့်အချိန်တွင် အင်ပါယာ အစောင့်အရှောက်ရဲ့ခေါင်းဆောင်က : “ငယ်ရွယ်တဲ့ လူစွမ်းကောင်းလေး မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်” ကျေးဇူးတင်ကြောင်း ပြောပြီးနောက်မှာတော့ သူတို့က ဘာမှထပ်မပြောခဲ့ပေ။ သူတို့မှာလည်း ပြတ်သားတဲ့ အစီအစဉ်ရှိနေခဲ့တာလည်း ဖြစ်နိုင်၏။ 


လင်းရှောင်က အင်မော်တယ်ရွာတည်းခိုခန်းမှာ အခန်းနှစ်ခန်းယူလိုက်သည်။ 

67 04

လင်ရှုကတော့ လင်းရှောင်ရဲ့ဒဏ်ရာတွေက ပြင်းထန်တာမို့ သူဟာ ဆေးသောက်ပြီး အနားယူသင့်တယ်လို့ ခံစားမိခဲ့တာကြောင့် ဗျပ်စောင်းကို လက်တစ်ဖက်က ကိုင်ထားရင်း လင်းရှောင်နှင့် အတူအခန်းထဲကို ဝင်သွားခဲ့သည်။ 


သူ အခန်းထဲကို ဝင်ဝင်ချင်း လင်းရှောင်ရဲ့ခန္ဓာကိုယ်က ရုတ်တရက် တုန်လာပြီး သူ့ရဲ့မျက်နှာကလည်း ဖြူဖျော့သွားခဲ့သည်။ လင်းရှောင်ရဲ့ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားခဲ့တာ ဖြစ်နိုင်သည်။ 


လင်ရှုက သူ့ရဲ့လက်ကို လင်းရှောင်ကို ကူညီပေးဖို့ ဆန့်ထုတ်လိုက်သောကြောင့် လင်းရှောင်ဟာ ကြမ်းပြင်ပေါ် ပြိုလဲမကျသွားဘဲ တည်းခိုခန်းရဲ့မွေ့ယာပေါ်တွင် ထိုင်နိုင်လိုက်သည်။


လင်ရှုက:  “ဒဏ်ရာကို ပတ်တီး စည်းထားချင်လား”


လင်းရှောင်က ဒဏ်ရာကို နှိပ်ကြည့်လိုက်ပြီး: “ခဏနေဦး။ အဲဒါက အဆိပ်ရှိနေတယ်”


လင်ရှုက : “မင်း အဆိပ်ဖြေချင်လား”


လင်းရှောင်က သိမ်မွေ့တဲ့အကြည့်နှင့် လင်ရှုကို ကြည့်လိုက်ပြီး : “မဟုတ်ပါဘူး။ ငါ အဆိပ်ကို မကြောက်ပါဘူး။ ”


ကောင်းပါပြီ။ 


လင်းရှောင်: “မင်း လာပြီးထိုင်လေ”


လင်ရှုက သူ့နောက်မှာပဲ ထိုင်ချလိုက်သည်။ 


“အရှင်ခန်ရှန်းရဲ့ကိစ္စက မြွေကို တွင်းထဲက ထွက်အောင် ခြောက်လိုက်သလိုပဲ” သူက ပြော၏။ “သိပ်မကြာသေးခင်က မြောက်ပိုင်းရှရဲ့ မကောင်းဆိုးဝါးဆန်တဲ့ ပစ္စည်းတစ်ခုက ရှန်းလင်ကျောင်းတော်မှာ တွေ့ခဲ့ရပြီး ညီမရှောင်က ကျောင်းတော်ထဲမှာ ကျင့်ကြံရေး အဆင့်မြင့်တဲ့ တစ်စုံတစ်ယောက်ကတော့ ဘက်ပြောင်းသွားပြီလို့ သံသယ ဝင်နေခဲ့တယ်။ 


လင်ရှု: “ ? ”


“မင်းကို အိမ်မက်ခန်းမအကြီးအကဲယွဲ့က တောင်ပေါ်ကို လာဖို့ ဖိတ်ကြားခဲ့ပြီး ‘သောင်းဆယ်ချီသောအစိတ်အပိုင်း’ကို လေ့လာခဲ့ရတယ်။ အိမ်မက်ခန်း မအကြီးအကဲယွဲ့က မကောင်းဆိုးဝါးတွေကို သုတ်သင်ပြီးပြီလို့ ပြောခဲ့တဲ့ချိန်ကစပြီး အကုန်လုံးဟာ သုတ်သင်ခံခဲ့ရပြီးပြီ။ ဒါပေမဲ့ အဲဒီမှာတော့ အသက်ရှိတဲ့အလောင်းကောင်တွေ ရှိနေခဲ့သေးတယ်။ ကျောင်းတော်ထဲမှာလည်း မြောက်ပိုင်းရှရဲ့ သတင်းပေး သူလျှိုတွေ ရှိနေခဲ့မှာပဲ။ အိမ်မက်ခန်းမအကြီးအကဲယွဲ့ ပြန်လာပြီလို့ ကြားတော့ ရှန်းလင်ကျောင်းတော်ကနေ ပြီးတော့ စုံစမ်းမှုကို ပြီး‌ဆုံးအောင်လုပ်ပြီး ပြန်ဖို့အတွက် ပြန်ဆင်နေလောက်ပြီ။ ”


လင်ရှုဟာ ခဏလောက် တွေးကြည့် လိုက်ပြီးတော့ အဲဒါကလည်း အမှန်ဖြစ်နိုင်တာကို‌ တွေ့ရှိခဲ့ရသည်။ 


‌အိမ်မက်ခန်းမအကြီးအကဲယွဲ့က ကျောင်းတော်ကြီးဟာ ရှင်းလင်းသွားပြီလို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နေ့တဝက်‌‌တောင် မကြာသေးဘူး စာကြည့်တိုက်ရဲ့ပွဲကြည့်စင်မှာ ထပ်ပြီးတော့ အသက်ရှိတဲ့ အလောင်းကောင်တွေနှင့် ကြုံတွေ့ခဲ့ရတယ် ဆိုတာက အဓိပ္ပာယ်မရှိဘူးလေ။ 


ဘာထပ်ရှိသေးလဲဆိုရင် ခန်းမအကြီးအကဲဟောင်းတွေ လာပြီးပြန်သွားတာကိုတောင် ပုံမှန် တပည့်တွေဟာ မသိခဲ့ရဘူးလေ ကျင့်ကြံရေးမြင့်မားတဲ့‌သူ မှမဟုတ်ရင် ဒီအကြောင်းကို ဘယ်လိုများ သိနိုင်မှာလဲ။ 


“လွန်ခဲ့တဲ့နှစ်တွေတုန်းက မြောက်ပိုင်းရှဟာ ဟွမ်သန်းတောင်ကို အမြဲတမ်း လိုချင်နေခဲ့ပေမဲ့ တောင်အစောင့်အရှောက်ကို ကြောက်ရွံနေခဲ့ကြလို့ တိုးတိုးတိတ်တိတ်သာ လှုပ်ရှားပြုမှု နေခဲ့ကြတာဖြစ်တယ်” လင်းရှောင်က ဆက်ပြောလိုက်သည်။ “ဒီအချိန်မှာတော့ ကြောင်မဲလေးကလည်း ဒဏ်ရာရနေခဲ့ပြီး ကျန်တဲ့သူတွေ အကုန်လုံးကလည်း ဒဏ်ရာရနေခဲ့ကြတယ်။ အဲဒီလိုမျိုးက ဘဝမှာ တစ်ခါလောက်ပဲ ရရှိနိုင်တဲ့ ရွှေရောင်‌အခွင့်အရေးကြီးပဲလေလို့ မြောက်ပိုင်းရှက သူလျှိုတွေကလည်း တွေးမိပြီး အခုလိုဖြစ်အောင် လုပ်လိုက်ကြတာနေမယ်”


လင်ရှုက ခဏလောက် ထိုင်ပြီးတော့ လင်းရှောင်ပြောတာကို တွေးတော ကြည့်လိုက်သည်။ သူပြောသမျှကတော့ အဓိပ္ပာယ်ရှိကြောင်း တွေ့လိုက်ရပေမဲ့ မြောက်ပိုင်ရှားရဲ့ သူလျှိုက ဘယ်သူလဲဆိုတာ သိရအောင်တော့ တော်တော်လေး အားစိုက်ထုတ်လိုက်ရသည်။ လင်းရှောင်က ဘယ်လိုများ ခွဲခြားနိုင်လိုက်လဲဆိုတာ သူ မသိသေးဘူး။ 


လင်းရှောင်က သူတွေးနေတာကို သိနေပုံရသည်။ “ကျန်တဲ့တပည့်တွေ အကုန်လုံးက ကြောင်လေး အတိဒုက္ခ ဖြတ်ကျော်နိုင်အောင်လို့ ကူညီပေးကြရမှာပဲ။ ပထမဦးဆုံး မိုးကြိုးတွေက အားသိပ်မပြင်းလို့ ငါက ဘယ်သူဆိုပြီး မခန့်မှန်းနိုင်လို့ သူတို့အကုန်လုံးကို ဖယ်ထုတ်လိုက်တာပဲ”


လင်ရှု: “……”


ကြောက်မက်ဖွယ်ရာပဲ။

67 05

ဝမ်းကွဲရေ မင်းရဲ့တွေးတောဆင်ခြင်နိုင်စွမ်းက ကောင်းလှချည်လား။ 


ကောင်းကင်မိုးကြိုးအတိဒုက္ခရဲ့ဖိအားတွေ အောက်မှာ လူတိုင်းဟာ တုန်လှုပ်သွားခဲ့ပြီး သူတို့ရဲ့ ဝိညာဉ်စွမ်းအားကို မသိစိတ်ကနေ ထုတ်လွှတ်မိလိုက်ကြမှာပဲ။ ဒီလိုချိန်မှာ သူ့ဝမ်းကွဲရဲ့ ထောင်ချောက်ထဲ ကျရောက်သွားပြီး ကိုယ့်ကိုယ်ကို ထုတ်ဖော်မိသွားတာပဲ။ 


ပရမ်းပတာအခြေအနေအောက်မှာ ဒီပြင့်လူတွေကတော့ ပြစ်ချက်ရှာဖွေနိုင်မှာ မဟုတ်ပေမဲ့ သူ့ဝမ်းကွဲက ပုံမှန်လူမှ မဟုတ်ဘဲ။ 


“သူလျှိုက ကျောင်းတော်ထဲက တာအိုပညာရှင် ဖြစ်နိုင်တယ်။ ပြီးတော့ မြောက်ပိုင်းရှက ဟွမ်သန်းတောင်နှင့်ပတ်သက်လာခဲ့ရင် ဘာမဆိုလုပ်လိမ့်မယ်။ အဲ့အတွက်ကြောင့် သူလျှိုက အရှင်ဖုန်းလေ့ မဟုတ်ရင် အရှင်ခန်ရှန်းပဲ”လို့ လင်းရှောင်က ပြောလိုက်သည်။ “ထင်ထားတဲ့အတိုင်းကို အရှင်ခန်ရှန်းပဲ”


 လင်ရှုက သက်ပြင်းချလိုက်သည်။


လင်း‌‌ရှောင်က လင်ရှုကို ပြုံးကြည့်လိုက်ပြီး: “နောက်နေ့တွေကျရင် ငါ့မှာ ဝိညာဉ်စွမ်းအားတွေ မရှိတော့ဘူး။ ငါတို့ တည်းခိုခန်းထဲမှာပဲ အချိန်ပိုပြီး ထပ်နေရတော့မယ်”


လင်ရှု : “ဘာကြောင့်လဲ”


လင်းရှောင်က တိုက်ရိုက်ပြန်မဖြေခဲ့ဘူး။ သို့သော် ငြင်သာစွာ ပြောလိုက်သည်။ “အရှင်ခန်ရှန်းက ကြောင်လေးကို ဘာလို့ သတ်ရဲလဲဆိုတာသိလား”


လင်ရှုရဲ့ ပုခုံးပေါ်မှာ အသက်တဝက်လောက် မရှိတော့တဲ့ပုံနှင့် လဲနေခဲ့သည့် ကြောင်မဲလေးက ထိတ်လန့်သွားခဲ့သည်။ 


လင်ရှု : “ငါ မသိဘူး”


“ဘာလို့လဲဆိုတော့ လင်းဖုန်းရှောင်က ဒီနေရာမှာ မရှိခဲ့လို့” လင်းရှောင်က “ဖီးနစ်တောင်ထိပ်ရဲ့တိုက်ရိုက်သွေးမျိုးဆက်က တောင်ထိပ်ရဲ့နှလုံးသားကို ပြီးပြည့်စုံစေတဲ့ နည်းလမ်းရှိတယ်။ အဲ့နည်းလမ်းကို နိဗ္ဗာန်နနှင့် အသက်ရူမှုလို့ ခေါ်တယ်။ ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားတဲ့နောက်မှာ စွန့်စားမှုတစ်ခုလို လာခဲ့လိမ့်မယ်။ နာရီဝက်လောက်ပဲ ကျင့်ကြံလိုက်ရင်တောင် ကျင့်ကြံရေးရဲ့ အမြင့်ဆုံးအခြေအနေကို ပြန်လည် ရောက်ရှိနိုင်တယ် ဆိုပေမဲ့ နောက်ထပ် ခုနစ်ရက်လောက်ကို ဝိညာဉ်စွမ်းအား မသုံးနိုင်တော့ဘူး”


ထို့ကြောင့် လင်းရှောင်က ဒဏ်ရာ အပြင်းအထန်ရခဲ့ပေမဲ့ သူ့ရဲ့ကျင့်ကြံရေး အခြေခံက ခဏလေးအတွင်းမှာ အမြင့်ဆုံးအခြေအနေကို ပြန်လည် ရောက်ရှိသွားပြီး အရှင်ခန်ရှန်းကို ဖိနှိပ်လိုက်နိုင်ခဲ့သည်။ 


“အဲဒီဟာကြောင့်ပဲ ကောင်းကင် မိုးကြိုးကိုးသွယ်အတိဒုက္ခကို ရင်ဆိုင် ပြီးတာတောင်မှ ‘ငါအဆင်ပြေတယ်'လို့ ပြောခဲ့တာပဲ”


ကျင့်ကြံရေးအဆင့်ကို ပိုမြင့်သွားစေခဲ့ပြီး လင်းရှောင်ရဲ့ ကျင့်ကြံရေးအဆင့်က ယွမ်ယင်းအဆင့်မှ မြင့်တက်သွားခဲ့ပြီး အဲဒီအဆင့်က အတိဒုက္ခကို ကျော်ဖြတ် သွားခဲ့ပြီးမို့လို့ ကောင်းကင်မိူးကြိုးကို ယုံကြည်ချက်ရှိရှိ ရင်ဆိုင်နိုင်ခဲ့တာပဲ။ 


“တကယ်လို့ လင်း‌ဖုန်းရှောင်သာ ဒီမှာဆိုရင် လုပ်နိုင်စွမ်းရှိတဲ့ တစ်စုံတစ်ယောက်ကတော့ အတွေ့ကြုံ ရသွားမှာဖြစ်ပြီး အရှင်ခန်ရှန်းကလည်း လက်လွတ်စပါယ် လုပ်ရဲမှာ မဟုတ်ဘူးဆိုပေမဲ့ ညီမရှောင်က ဒီမှာမရှိခဲ့ဘူး” 


လင်းရှောင် “သနားစရာပဲ.…”


ကံမကောင်းစွာနှင့် လူတွေက ဖီးနစ်တောင်ထိပ်စံအိမ်တော်က မိန်းကလေးတွေချည်းပဲရှိတယ်လို့ မှတ်ယူထားခဲ့ကြပြီး‌ သွေးမျိုးဆက်ရှိတဲ့ ယောက်ျားလေးတွေတွေကိုတော့ လျစ်လျူရူခဲ့ကြသည်။ 


အရှင်ခန်ရှန်းဟာ ဒီတခေါက်မှာတော့ တွက်ချက်မှု မှားယွင်းသွားခဲ့ပြီး သူ့ဝမ်းကွဲရဲ့ အကြံအစည်ကလည်း အံ့ဩစရာ ကောင်းခဲ့သည်။ 


လင်ရှုက ‌လင်းရှောင်ကို အရှင်ခန်ရှန်း ပြောခဲ့တဲ့ စကားကို မှတ်မိသွားပြီး : “လင်းဖုန်းရှောင်က ရည်ရွယ်ချက်ရှိရှိနှင့် မလာခဲ့တာလို့ ဘာလို့ မထင်ရတာလဲ”


ဒီအကြောင်းအရာကို သေချာစဉ်းစားပြီးတဲ့နောက်မှာ တော်တော်လေး ထိတ်လန့်ဖို့ကောင်းတာကို တွေ့ရှိခဲ့ရတာကြောင့် သူက ထဲထဲဝင်ဝင် မတွေးတော့ဘူး။ 


သူက တိတ်ဆိတ်စွာနှင့် : “မင်းဒဏ်ရာတွေကို ဂရုစိုက်သင့်တယ်”


ခဏကြာပြီးနောက် သူ့ဝမ်းကွဲပြန်ဖြေတာကို ကြားလိုက်တယ်: “အင်း”


လင်ရှု သူ့ကို ကြည့်လိုက်သည်။ 

67 06

လင်းရှောင်ရဲ့အကြည့်နှင့် သွားဆုံခဲ့ပြီးတော့ သူ့ကိုကြည့်ရတာ တစ်ခုခုကို ပြောချင်နေတဲ့ပုံ ပေါ်သည်။ 


ခဏနေတော့ သူဟာ လင်ရှုစီကို မှီကျလာခဲ့သည်။ လင်းရှောင် မေ့လဲသွားပြီ။ 


ကြောင်မဲလေး သတိလစ်သွားသလိုပဲ။ 


လင်ရှုက မေ့လဲသွားတဲ့ သူ့ဝမ်းကွဲကို ထောက်ကူလိုက်ပြီး အိပ်ရာပေါ် ချပေးလိုက်သည်။ 


လင်းရှောင်ကို လဲချအောင် လုပ်ပေးနေတုန်းမှာ သူ့လက်တစ်ဖက်က သွေးကို ခံစားလိုက်ရသည်။ 


သူ့ကို ဒီလို သတိလစ်‌ နေတဲ့အတိုင်း ထားခဲ့မယ်ဆိုရင်တော့ မကောင်းလောက်ဘူး။ ဒဏ်ရာက ပတ်တီးစီးဖို့လိုတယ်လေ။ 


လင်ရှု ကပန်းထိုးအိတ်ကို ဖြည်ကြည့်လိုက်တော့ ဆေးတွေနှင့် ပတ်တီးအဝတ်စ အနည်းငယ်ကို ရှာတွေ့ခဲ့ရင်း ဝိညာဉ်နှင်းစက် ပုလင်းအနည်းငယ်ကိုလည်း တွေ့ခဲ့ရသည်။ 


အဲဒီနောက် သူက လင်းရှောင်ရဲ့ အဝတ်အစားကိုစတင် ဖြည်လိုက်ပြီးတော့ ဒဏ်ရာကို ကြည့်လိုက်သည်။ 


သူက အဝတ်စကို ဝိညာဉ်နှင်းစက်ဖြင့် စွတ်လိုက်ပြီး ဒဏ်ရာပေါ်က သွေးစီးကြောင်းတွေကို သုတ်လိုက်သည်။ 


သူရဲ့လက်ချောင်းထိပ်လေးတွေက လင်းရှောင်ရဲ့သန်မာနွေးထွေးတဲ့ ဝမ်းဗိုက်ကို သွားရောက် ထိနေခဲ့ချိန်မှာ ရှက်သွေးဖြာလာပြီး ထွက်ပြေးချင် စိတ်ပေါက်လာခဲ့သည်။ 


‌ဒါပေမဲ့ နောက်တစ်ခဏမှာတော့ လင်ရှုဟာ ကြက်သေ သေသွားခဲ့ရသည်။ 


သွေးစီးကြောင်းတွေကို သုတ်ပြီးလိုက်တဲ့နောက်မှာတော့ အမဲရောင်အမှတ်တွေကို တွေ့လိုက်ရသည်။ 


အမှတ်ရဲ့ပုံစံကလည်း ထူးဆန်းပြီးတော့ ဒီလိုပုံစံမျိုးကို အရင်က မတွေ့ဖူးဘူးသလိုပဲ။ 


သို့သော် သူ ဒီလိုအမှတ်ကို မြင်ဖူးသည်။ 


အမကြီးက ပြောဖူးသည်။ အဲဒါက မြောက်ပိုင်းရှရဲ့ ပျောက်ဆုံးသွားတဲ့ စုန်းအတက် အမှန်တရားရဲ့ဂါထာဖြစ်သည်။ အမှန်တရားရဲ့ဂါထာက ဝိညာဉ်နှင့်ဆက်နွယ်ထားပြီး သူ့တစ်သက်လုံးကို ကျိန်စာလုပ်ထားတဲ့ သူရဲ့ခွင့်ပြုချက် မရဘဲ လျှို့ဝှက်ချက်ကို ပြောပြလို့ မရဘူး။ ကျိန်စာက ချိုးဖျက်လို့လည်း မရဘူး။ 


******