Ch 66
Viewers 3k

အပိုင်း 66 - သူမကို လွမ်းခြင်း


လင်ရှုသည် သူနှင့် ထိုမိန်းကလေးသည် အိပ်မက်ပုံရိပ်ယောင်နယ်မြေတွင် ခန္ဓာကိုယ်ချင်း ပြောင်းသွားပြီး ရှန့်လင်ကျောင်းတော်၏ အတန်းကြီးဂိုဏ်းတူညီအစ်ကိုများ အလွန်ကို လေးစားမြတ်နိုးသည့် "ဝါးခေါက်နတ်သမီး" ဖြစ်လာ‌ကြောင်း ဘယ်သောအခါမှ မပြောချင်ခဲ့ပေ။ နည်းနည်းရှက်စရာ ကောင်းတာကလွဲလို့ တခြားအကြောင်းပြချက် မရှိသလို ဝမ်းကွဲရှေ့မှာလည်း မျက်နှာမပျက်ချင်။ သူသည် ကွေ့လည်ကြောင်ပတ် ပြောလိုက်သည်။ 


“သူက ကိုယ်ခံပညာကျောင်းမှာ တွေ့ဖူးတဲ့ မိန်းကလေးပါ။ သူ့အဖေရဲ့ ဒဏ်ရာက ပြင်းလို့ အရိုးဖြူပန်းနဲ့ ကုဖို့ လိုလို့တဲ့”


ဝမ်းကွဲ “အဲဒီတော့ အရိုးဖြူပန်းကို ခူးဖို့ မင်းကို သရဲတစ်ထောင် ချောက်ထဲကို သွားခိုင်းတယ်ပေါ့ ” 


လင်ရှု : "အင်း" 


 “သရဲတစ်ထောင် ချောက်ထဲက အရမ်းအန္တရာယ်များတာ၊ သူ တကယ်ပဲ မင်းကို တစ်ယောက်တည်းသွားစေချင်တာပေါ့၊ မင်းကို သေတွင်းပို့နေတာလား” 


" လူကောင်းရော ဟုတ်ရဲ့လားကွာ" 


လင်ရှုသည် စစ်ဆေးမေးမြန်းခံနေရပုံရပြီး အပြစ်ရှိစိတ်ဖြင့် သူ့နှာခေါင်းကို ထိလိုက်သည်။ 


 “နောက်ပြီး ငါတို့ အချင်းချင်း ဆုံမှာမဟုတ်ဘူး။ ကျောင်း‌တော်ရဲ့ရတနာဆောင်မှာ အရိုးဖြူပန်းကို ပေးထားလိုက်ရုံပဲ၊ ပြီးရင် ကျောက်စိမ်းဝိညာဉ်တွေနဲ့ ပြန်ပေးဝယ်မှာပါ” 


ဝမ်းကွဲက စကားပြောကျွမ်းကျင်ပြီး ကျိုးကြောင်းစီလျော်အောင် တွေးခေါ်တတ်ကြောင်း သူနဲ့ စကားပြောကြည့်ရင်း သိလိုက်ရသည်။ ဝမ်းကွဲက သဘောကောင်းပြီး သူ့အပေါ် ဒေါသထိန်းထားသောကြောင့်များလား သို့မဟုတ် ယခုအချိန်တွင် ဝမ်းကွဲ၏အပြောအဆိုနှင့် လေသံမှာ မှန်ကန်မှုမရှိလို့များလား သူ(လင်ရှု) မတွေးတတ်။ လင်ရှု၏ အသက်ရှင်လိုစိတ်က အပြောစွမ်းရည်ကို အားကောင်းစေခဲ့သည်။ 


“သူငယ်ချင်းတွေ ပိုများလာတာ ကောင်းပါတယ်” ဝမ်းကွဲ၏ လေသံက နောက်ဆုံးတွင် ဖြေလျော့သွားသော်လည်း ဆက်ပြောသည်။


“မင်း သတိထားရမယ်။ အထူးသဖြင့် မိန်းကလေးတွေ…အလိမ်ကို မခံရစေနဲ့”


လင်ရှုက ခေါင်းညိတ်ကာ ဖြေလိုက်သည်။ "အင်း"


နောက်ဆုံးတော့ အစ်ကိုဝမ်းကွဲက သူ့ကို အလွှတ်ပေးလိုက်သည်။


“ငါ နေကောင်းလာတဲ့အခါမှ သရဲတစ်ထောင် ချောက်ထဲကို အတူတူသွားကြ‌အောင်။ ပြီးတော့ ပျက်သုန်းအပ်ကို အပူပေးဖို့အတွက် ပစ္စည်း‌လိုသေးတယ်” 


လင်ရှု: "ကျေးဇူးတင်ပါတယ်" 


လင်းရှောင်က ပြုံးပြီး “ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ နောင်မှာ မင်းသူငယ်ချင်းတွေရှိရင် အယုတ်တမာတွေနဲ့ မကြုံရအောင် ငါ့ကို ကြိုပြော" 


လင်ရှု သည် သူ၏အသံကို တည်ငြိမ်စေရန် ကြိုးစားခဲ့သည်။


 "ကောင်းပြီ" 


အစ်ကိုဝမ်းကွဲက အရမ်းပျော်နေပုံရပြီး ပြောလိုက်သည်။ "မနက်စာစားရအောင်"


သူတို့ အောက်ထပ်ကို အတူတူဆင်းခဲ့ကြသည်။


အောက်ထပ်တွင်၊ ချန်းမင်သည် ပြတင်းပေါက်ဘေးတွင် ထိုင်ကာ လက်ဝှေ့ယမ်းပြကာ လှမ်းခေါ်နေသည်။ "အငယ်တန်းဂိုဏ်းတူညီအစ်ကိုလင်း၊ အစ်ကိုလင်း"


ဇာမဏီတောင်စံအိမ်က မိန်းကလေးများထဲမှ လင်းပေါင်ချန်နှင့် လင်းပေါင်ကျင်းတို့သည် တောင်ပေါ်မှ ဆင်းလာနေပြီဖြစ်သည်။ လင်းရှောင်ကို တွေ့သောအခါ လှမ်းနှုတ်ဆက်ပြီး ပြောလာသည်။ 


“သခင်လေး၊ မတွေ့တာကြာပြီ! ငါတို့ ကျောင်းတော်ကို မလာခင်က စံအိမ်သခင်က မင်းအကြောင်း သတိတရပြောတုန်းပဲ” 

70 02

လင်းရှောင်က ပြန်ပြောသည်။ "နှစ်ကုန်မှ အမေဆီ ပြန်သွား လည်လိုက်မယ်"


လင်းပေါင်ချန်းက “ကောင်းတာပေါ့ ပြန်မဆုံရတာကြာပြီ”


သူတို့က မနေ့က ဟွမ်သန်းတောင်မှာ တိုက်ပွဲအသေးစိတ်အကြောင်း လင်းရှောင်ကို မေးမြန်းခဲ့သည်။ နားထောင်ပြီးနောက် သက်ပြင်းချကာ “ဒါက တကယ်အန္တရာယ်များတာပဲ။ သခင်လေး 'နိဗ္ဗာန်' အဆင့် ရောက်တာ တကယ်ကံကောင်းသွားတယ်"


လင်းရှောင်က စကားမပြော။ သူတို့က ရယ်မောပြီး လင်ရှုကို ထပ်စနေကြသည်။ 


လင်းရှောင် : "သူ့ကို အနိုင်ကျင့်မနေနဲ့" 


မိန်းကလေးတွေက “သခင်လေး၊ သူ့ကို တစ်ခါလောက် အနိုင်ကျင့်ဖူးတာနဲ့ ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာ သိလိမ့်မယ်နော်"


လင်ရှု : "?" 


 <ကောင်းတာမလုပ်ရင်နေ ဝမ်းကွဲကို လမ်းမှားမပို့ကြပါနဲ့> 


စကားပြောပြီးသည်နှင့် သူတို့ဝိုင်းသို့ထမင်းစားရန် ပြန်သွားကြသည်။ ချန်းမင်က သူ့ဆီ လာခဲ့ဖို့ လက်ပြတာကြောင့် ချန်းမင်ရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ကြသည်။ သူတို့အခန်းထဲက ထွက်သွားတော့ ကြောင်က အိပ်ပျော်နေတုန်းပင်။ သူတို့ ထိုင်တုန်းရှိသေး၊ လှေကားထိပ်မှာ ကြောင်တစ်ကောင် ပေါ်လာတာကို တွေ့လိုက်ရသည်။ ဘေးဘီဝဲယာ လှည့်ကြည့်လိုက်ပြီးနောက် အောက်ထပ်သို့ ပြေးဆင်းကာ လင်ရှု၏ ရင်ခွင်ထဲသို့ ခုန်တက်သွားသည်။


ချန်းမင်က “ ဂိုဏ်းတူညီအစ်ကိုလင်း၊ ရက်အနည်းငယ်ကြာရင် အားလုံးက တောင်အောက် ဆက်ဆင်းကြဦးမှာ။ မင်း ဘယ်သွားမလို့လဲ" 


 လင်ရှု - "သရဲတစ်ထောင်ချောက်နက်ကြီး" 


 ချန်းမင် : "ဒါဟာ ကိုယ်ခံပညာ ကျင့်ဖို့ တကယ့် နေရာကောင်းတစ်ခုပဲ" 


လင်းရှောင် : "မင်း ငါတို့နဲ့ လိုက်မှာလား" 


ချန်းမင် : “အင်း ငါ့ကိုယ်ခံပညာကို လေ့ကျင့်ဖို့ ကြမ်းကြုတ်သားရဲတွေ၊ သရဲတစ္ဆေတွေ အများကြီးရှိတဲ့နေရာကို သွားရမလားလို့” 


 လင်းရှောင် : "သရဲတစ်ထောင်ချောက်ထဲ သွားလည်း ရတယ်လေကွာ" 


ချန်းမင် : "ဒါဆို အတူတူသွားရအောင်" 


 ဒီကိစ္စကို ဆွေးနွေးပြီးတာနဲ့ သူတို့ ထိုင်ခုံမှာ ခဏလောက်ထိုင်စောင့်နေသည်။ တည်းခိုခန်းက စားပွဲထိုးက ထမင်းပွဲ လာချသည်။ အမတရွာ တည်းခိုခန်းသည် ရိုးရှင်းသော ဝိညာဥ်ဆန်ထမင်း၊ လက်ဖက်ရည်နှင့် “မက်မွန်ဥယျာဉ်တွင် ယစ်မူးခြင်း” ဝိုင်တို့ကိုသာ တည်ခင်းသည်။ ရိုးရှင်းသော်လည်း၊ အရသာမှာ နတ်သုဒ္ဓါ စားရသကဲ့သို့ပင်။ လင်ရှုက ကြောင်ကို ထမင်းပန်းကန်သေးသေးလေး ကျွေးလိုက်ရာ ကြောင်းလေးက ဖြည်းဖြည်းချင်း စားနေလိုက်သည်။


လင်ရှုသည် မေးခွန်းတစ်ခုကို အတွေးဝင်နေမိသည်။ ကြောင်သည် ယခု သူနှင့်အတူ ရှိနေပြီဖြစ်သောကြောင့် ဟွမ်သန်းတောင်ထိပ်သို့ ရောက်ရှိသွားသော အခြားတပည့်များအတွက် ရတနာတိုက်တံခါးကို မည်သို့ဖွင့်နိုင်မည်နည်း။ သူက ကြောင်ကို မေးလိုက်သည်။


“မင်းက တခြားတပည့်တွေကို ဂရုမစိုက်တော့ဘူးလား” 


ကြောင်သည် ပြတင်းပေါက်မှ လှမ်းကြည့်ပြီး- “ညောင်”ဟု ဖြေသည်။ 


တောင်တံခါးပေါ်မှာ မြူတိမ်များ တက်လာသည်ကို သူမြင်လိုက်ပြီးနောက် ချက်ချင်းပျောက်သွားသည်။ 


 လင်ရှု : “....” 


ဤကြောင်သည် မည်သည့်နေရာတွင်ပင်ရှိပါစေ ဟွမ်သန်းတောင်ပေါ်ရှိ အရာများကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း သူ သိလိုက်ရသည်။ ဤသို့ဆိုလျှင် တပည့်များအား ရတနာတိုက်သို့ အချိန်တိုင်း မမောမပန်း ပို့ဆောင်နိုင်သည်။ အပွတ်အသပ်ခံရဖို့ တကယ် အခွင့်ကောင်း ယူခဲ့တာပေါ့ ဟမ့်။ 


လင်းရှောင်ကလည်း ကြောင်ကိုကြည့်ပြီး မေးလိုက်သည်။


“မင်းမှာ နာမည်ရှိလား” 


ကြောင်: “ညောင်” 


လင်းရှောင်က ပြုံးပြီး ပြောလိုက်သည်။


“မင်းမှာ နာမည်မရှိရင် ညောင်ညောင် လို့ခေါ်မယ်”

70 03

ကြောင်က “ညောင်” ဆိုတဲ့ စကားတိုလေး ပေးလိုက်သည်။ ထို့နောက် မကျေနပ်ဟန်ဖြင့် လင်ရှု၏လက်မှ ခုန်ဆင်းကာ အပေါ်ထပ်သို့ တက်သွားသည်။ ထမင်းစားပြီးတာနဲ့ သူတို့အခန်းကို ပြန်သွားကြသည်။ လင်းရှောင်က သူ့ရဲ့ချီဖြင့် ဒဏ်ရာတွေကို ကုစားချင်၍ သူ့အခန်းထဲ ပြန်သွားခဲ့သည်။ လင်ရှုသည်လည်း လင်းရှောင်၏အခန်းထဲ ကျန်ခဲ့သည့် 'ပျက်သုန်းခြင်း' ကျမ်းကို အရင်ဝင်ယူပြီးမှ သူ့အခန်းပြန်ပြီး ဆက်ဖတ်ရန် ကြံလိုက်သည်။ ဝမ်းကွဲက နေကောင်းလာပြီဖြစ်သောကြောင့် လင်ရှု စောင့်ရှောက်စရာ မလိုတော့ပေ။ သူတို့ တစ်ခန်းစီ နေကြမည်။ အခန်းထဲ ဝင်ဝင်ဝင်ချင်း ကြောင်တစ်ကောင်က “ပျက်သုန်းခြင်း”ကျမ်း ကို ကြမ်းပေါ် သယ်သွားပြီး စာမျက်နှာသုံးမျက်နှာ ဖြဲလိုက်တာကို တွေ့ရဖို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။ 


စာမျက်နှာတစ်ခုမှ “ရှဲ့” အက္ခရာတွင် လက်သည်းနဲ့ ခြစ်ထားသည်။ ဒုတိယစာမျက်နှာတွင် “ချင်း” အက္ခရာကို အမှတ်အသားပြုပြီး အခြားစာမျက်နှာတွင် “ယွမ်” ကို အမှတ်အသား ပြုထားသည်။ ဒီစာအုပ်ထဲက အက္ခရာသုံးလုံးကို ရှာတွေ့နိုင်ဖို့က ကြောင်အတွက် တကယ်ကို ခက်ခဲပါပေသည်။ 


လင်းရှောင်က “မင်းနာမည်က ရှဲ့ချင်းယွမ်” 


ကြောင်: “ညောင်” 


ကြောင်က တညောင်ညောင် အော်ပြီးနောက် ကုတင်ပေါ်ပြန်တက်ကာ ငြိမ်သက်စွာ လဲလျောင်းလိုက်သည်။ ဒီနာမည်ကို သူ့နာမည်ရင်းဖြစ်ပုံ ရသည်။ လင်ရှုက ရှဲ့ မျိုးရိုးနာမည်ကို‌ တွေးကြည့်လိုက်သည် ။ “ယွမ်” သည် မှန်သော်လည်း “ချင်း” သည် တကယ့် အမှန်မဟုတ်လောက်ပေ။ သရုပ်မှန် မပေါ်အောင် အနည်းငယ် လိမ်ထားခြင်း ဖြစ်ပုံရသည်။ 


သို့သော် လင်းရှောင်သည် တစ်ခုခု တွေးမိကာ မေးလိုက်သည်။


“ဧကရာဇ်"ရဲ့"က မင်းရဲ့သခင်ဟောင်းမို့လား” 


ကြောင်က မဖြေပေ။  


လင်းရှောင်က ဆက်ပြောသည်။ “ဧကရာဇ် "ရဲ့" က ကြောင်နက်တစ်ကောင် မွေးထားတယ်ဆိုတဲ့ ကောလဟလတွေရှိတယ်” 


ဧကရာဇ်" ရဲ့"— 'ထာဝရတမ်းတခြင်း' ရေးခဲ့သော ဝါးခေါက်ဓားပိုင်ရှင်ဟောင်း၊ လေပေါ်မျောလွင့်အမတ နန်းတော်တွင် ကာလကြာမြင့်စွာ နေထိုင်ခဲ့သော (အမတ) မသေမျိုးဧကရာဇ်မင်း ဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပြီးနောက် သူ့အကြောင်းနှင့် ပတ်သက်‌သည့် လက်ကျန်ရာဇဝင်များသည် ကောလဟလများလား အစစ်အမှန်အကြောင်းအရာများလား မသဲကွဲတော့ပေ။ သို့သော် ဤကြောင်သည် သူ့ကြောင်ဖြစ်လျှင် ဟွမ်သန်းတောင်၏တောင်စောင့် ဖြစ်လာနိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။ 


ကြောင်သည် စိတ်ဆိုးကာ စောင်ထဲသို့ မြုပ်နေသည်။ လင်ရှုသည် စောင်ကို အကြိမ်အနည်းငယ် ထိပြီးနောက် စာအုပ်ကိုပြန်ယူကာ လင်းရှောင်အား နှုတ်ဆက်ပြီး ဘေးခန်းကို ပြန်သွားလိုက်သည်။ တစ်နာရီခန့် ဖတ်ရှုပြီးနောက် နံဘေးရှိ ကျောက်စိမ်းတုံးကြီး ရုတ်တရက် တောက်ပလာသည်။ ၎င်းကို ယူလိုက်ရာ စကားလုံးလေးလုံးပေါ်လာသည်ကို တွေ့လိုက်ရသည်။"ရှောင်ရှောက်သည် တိုက်ပွဲကို လက်ခံသည်"


လင်ရှု : "!" 


သူ ဘာလုပ်သင့်လဲ။ မနေ့က ဝမ်းကွဲဆီမှာ ဓမ္မမန္တန် ပေါ်လာခဲ့သည်။ လင်ရှုသည် ဝမ်းကွဲ၏ ရောဂါဆိုးအား ကုသနိုင်သူကို ရှာရန် ကြံဖန်ခဲ့ရသည်။ ရှောင်ရှောက်ကတစ်ဆင့် ပထမသခင်မလေးကို ရှာရန်အတွက် စိမ်ခေါ်စာတစ်စောင် ပေးပို့ခဲ့ပါသည်။ သို့သော် ယခုအချိန်တွင် လင်းရှောင်သည် အန္တရာယ်ကင်းပြီဖြစ်ပြီး ဓမ္မမန္တန်သည်လည်း မြောက်ပိုင်း ရှကြောင့်မဟုတ်ပေ။ ရှောင်ရှောက်အား မည်သို့ရှင်းပြသင့်သနည်း။  


တိုက်ချင်ယောင်ဆောင်ရမလား။


သူသည် ကျောက်စိမ်းအ‌ဆောင်ကို ညှစ်ပြီး ရှန်လင် အိပ်မက်ပုံ‌ရိပ်ယောင်နယ်မြေ သို့ ဝင်ရောက်ခဲ့သည်။ ဆရာမုန့်ကို နှုတ်ဆက်ပြီး ကိုယ်ခံပညာကွင်းထဲကို ဝင်သွားသည်။


ရှောင်ရှောက်သည် လင်ရှု ကို စစတွေ့တုန်းကအတိုင်း ကြည့်နေသေးသည်။ သူသည် အနက်ရောင်ဝတ်ရုံကို ၀တ်ထားပြီး အေးစက်စက် ဖြူဖျော့ဖျော့ လက်ချောင်းများဖြင့် နှင်းကျောက်ပုလွေကို ကိုင်ထားသည်။ ရှုပ်ထွေးသောပုံစံများ ချယ်သထားသည့် ငွေရောင်မျက်နှာဖုံးဖြင့် သူ့မျက်နှာကို ဖုံးအုပ်ထားသည်။ လင်ရှုက သူ့အမူအရာကို မမှန်းနိုင်ပေမဲ့ သူ့တစ်ကိုယ်လုံးက “လူတွေကို စကားမပြောချင်ဘူး” ဆိုတဲ့ပုံမျိုးနဲ့ ဘဝမြင့်ပြီး သီးသန့်ဆန်သည့် အရှိန်အဝါကို ပေးစွမ်း‌နေသည်။ 


လင်ရှုသည် သူ့ရှေ့သို့ ဆင်းသက်လိုက်သည်။ 


ရှောင်ရှောက်က ပေါ့ပေါ့ပါးပါးဖြင့် မေးသည်။


"မင်းငါ့ကိုရှာနေတာလား" 


"ငါ မင်းကို အရင်က ရှာနေတာ" 

70 04

လင်ရှုက နောက်ဆုံးမှာ ရိုးရိုးသားသားနဲ့ အမှန်အတိုင်းပြောဖို့ ဆုံးဖြတ်လိုက်သည်။ 


“အခု မလိုတော့ဘူး” 


ရှောင်ရှောက်: "အင်း" 


လင်ရှု : "....." 


လေထုသည် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားကာ ခဏအကြာတွင် ရှောင်ရှောက်က မေးသည်။


 "ဘာကိစ္စရှိလို့လဲ" 


 "ငါ လင်းဖုန်းရှောင်ကို ရှာချင်ပေမဲ့ သူ့အဆက်အသွယ် အချက်အလက်တော့ မရှိလို့၊ လိုချင်လို့.." 


လင်ရှု က " အခု မလိုအပ်တော့ဘူး" 


 "မလိုဘူးလား" ရှောင်ရှောက် က 


 "မင်း သူ့ကို မလွမ်းဘူးလား" 


 လင်ရှု : "...ဟင်" 


သူ စေ့စေ့စပ်စပ် စဉ်းစားလိုက်သည်။ ကျောင်းတော်မှ ထွက်သွားသည်မှာ ခုနစ်ရက် ရှစ်ရက်မျှသာရှိသေးပြီး ဝမ်းကွဲသည် တစ်လျှောက်လုံး သူနှင့် အတူ ရှိနေခဲ့သည်။ သူဘက်က ပထမသခင်မလေး အကြောင်း စတွေးခဲ့တာတော့ အမှန်ပင်။ သူက 


 “အဆင်ပြေပါတယ်” 


 ရှောင်ရှောက်: “အဆင်ပြေတယ်” 


 လင်ရှုက မေးလိုက်သည်။


“သူ ခုတလော ဘာတွေ လုပ်နေလဲ” 


******