Ch 12
Viewers 2k

🥝 Chapter 12



စုကျို မျက်ခုံးပင့်ကာ စိုက်ခင်းတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် အဆင့်အနည်းငယ် ပိုမြင့်သော ကျင့်ကြံသူအချို့မှာ စုရှင်းချန်၏ လှုပ်ရှားမှုတိုင်းကို သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး စောင့်ကြည့်နေကြသည်။


၎င်းတို့ပိုးစာစိုက်ခင်းများကြားရှိ ကျဉ်းမြောင်းသောလမ်းကလေးတွင် ဟင်္သာပြဒါးရောင်ဖြင့် စာရေးထိုးထားသော သတိပေးကျောက်စာတိုင်တစ်ခု ရှိနေသည်။


【 ပထမထပ် ပိုးစာစိုက်ခင်း စည်းမျဉ်းများ - 】


【 ၁။ အခြားသူများအတွက် ကိုယ်ပိုင်အလုပ် လုပ်ပေးခြင်း သို့မဟုတ် အဆင့်သတ်မှတ်ချက်ကို လိမ်လည်ခြင်းမပြုရ။ 】


---


【 ၂။ ပိုးစာပင်များကို တမင်တကာ ဖျက်ဆီးခြင်း သို့မဟုတ် အခြားသူများ၏ အဆင့်သတ်မှတ်ချက်ကို မသမာသောနည်းဖြင့် ထိခိုက်စေခြင်းမပြုရ။ 】


【 ၃။ ပိုးစာစိုက်ခင်းအတွင်း မည်သည့် တိုက်ခိုက်ရေး မန္တန်များကိုမဆို အသုံးပြုခြင်းကို ပြတ်သားစွာ တားမြစ် သည်။ 】


【 အထက်ပါ စည်းမျဉ်းများကို ချိုးဖောက်ခြင်း သို့မဟုတ် ဝိညာဉ်ပိုးစာပင်များကို ပျက်စီးစေခြင်း ဖြစ်ပေါ်ပါက ဝိညာဉ်ကျောက်တုံးများနှင့် ကုသိုလ်မှတ်များကို သိမ်းယူခြင်း ခံရမည်။ 】


စုကျိုသည် ထိုစည်းမျဉ်းများကို စိတ်ထဲမှ တိတ်တဆိတ် မှတ်သားထားလိုက်သည်။


“ခဏနေလို့ ပင်ပန်းလာရင် ရေဝယ်သောက်လိုက်နော်” 


စုရှင်းချန်သည် လမ်းတစ်ဖက်မှ စပ်စုနေသူများကို တစ်ချက်ကြည့်ကာ ခါးကြားမှ ငွေအိတ်ကိုထုတ်၍ စုကျီကျီအားပေးလိုက်သည်။ 


“ဝိညာဉ်ကျောက်တုံးတွေအတွက် စိတ်မပူနဲ့၊ ကော ထပ်ရှာနိုင်ပါတယ်”


“မွန်းတည့်စာစားချိန်ကျရင် ငါ လာခဲ့မယ်၊ တစ်ခုခုလိုရင် ပိုးစာရွက်ကတစ်ဆင့် ငါ့ဆီ စာပို့လိုက်”


“ဟုတ်ကဲ့!” 


စုကျီကျီက လိမ္မာယဉ်ကျေးစွာ ခေါင်းညိတ်ပြပြီးမြည်းလှည်းမောင်းထွက်သွားသော သူ့ကောကို လက်ပြနှုတ် ဆက်လိုက်သည်။ သူမသည် သူ့ကိုယ်လုံးထက်ပင် ပိုရှည်သော သံပေါက်တူးကြီးကိုကိုင်ကာ စိုက်ခင်းထဲအသင့်ရပ်နေပြီဖြစ်သည်။


ပိဿာတစ်ရာလေးသော ထိုသံပေါက်တူးကြီးကြောင့် စုကျီကျီ၏ခြေထောက်ကလေးများမှာ မြေကြီးထဲသို့ လက် မဝက်ခန့် နစ်ဝင်နေပြီး သူ့ ပိတ်စဖိနပ်ကလေးများမှာလည်း ကျွမ်းလောင်နေသော မြေမှုန့်များအောက်တွင် မြုပ်နေသည်ကို စုကျို သတိပြုမိလိုက်သည်။


“ကျဲ... ကျီကျီ အလုပ်စလုပ်တော့မယ်၊ ကျဲကတော့ ထိုင်ပြီး အနားယူနေနော်”


သို့သော် သူမ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံတစ်ခွင်၌ ခေါင်းလောင်းသံနှင့် စည်သံများ ဟိန်းထွက်လာတော့သည်။


ကြေးနီနွားလှည်းနှစ်စီးမှာ ကောင်းကင်ယံ၌ အရှိန်အဟုန်ဖြင့် ပြေးလွှားရင်း မိုင်တစ်ရာခန့် ရှည်လျားသော အနီရောင် ပိုးဖဲကြိုးကြီးကို ဖြန့်ချလိုက်ရာ လူတိုင်း မော့ကြည့်ရုံဖြင့်မြင်နိုင်ပေသည်။ မကြာမီ ထိုကြိုးပေါ်တွင် စာလုံးများ ပေါ်ထွက်လာသည်။


[ ပထမထပ် နံနက်ခင်းကျင့်စဉ်ဇယား - မြေတူးခြင်း။ ]


[ မြေ ၁၀ မူ တူးနိုင်ပါက ဝိညာဉ်ကျောက်တုံး ၅၀၀ ဆုချမည်! ]


[ ၃ မူအောက် လျော့နည်းပါက ဝိညာဉ်ကျောက်တုံး ၅၀၀ ဖြတ်တောက်မည်! ]


ချက်ချင်းဆိုသလိုပင် မှတ်ပုံတင်ထားသော ပိုးစာစိုက်ခင်းတစ်ခုစီ၏အရှေ့ ကောင်းကင်ယံ၌ သဲနာရီတစ်ခုစီ ပေါ်လာပြီး သဲများမှာ တရစပ်စီးကျနေတော့သည်။


[ မွန်းတည့်ချိန်အထိ ၂ နာရီသာ လိုတော့သည်။ ]


[ စုကျို ]


[ ပေါက်တူးပေါက်သည့် အကြိမ်ရေ - ၀ / ၅၀ ]


[ ထွန်ယက်ပြီးသော စိုက်ခင်း - ၀ မူ / ၃ မူ ]


[ ဝိညာဉ်ကျောက်တုံး ၅၀၀ ဖြတ်တောက်ရန် ကျန်ရှိသည်။ ]


စုကျိုသည် သူမကိုယ်တိုင်လည်း ဝင်ရောက်လုပ်ဆောင်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။


“ဒီလမှာ နောက်ထပ် အထပ်တစ်ခုက ‘ကောင်းမှုဆိုးမှု မှတ်တမ်းရုံး’ ရဲ့ စစ်ဆေးမှုကို ခံရပြန်ပြီလားည? လွန်ခဲ့တဲ့ လေးလကမှ ဆုပေးဒဏ်ပေး လုပ်ထားတာမဟုတ်လား?!”


“သေပါပြီ... ငါတို့လို အောက်ခြေမှာ ရှိတဲ့သူတွေတော့ အသေအလဲ အပြစ်ပေးခံရတော့မှာပဲ!”


“ဟူး... တကယ်တော့ ငါတို့တွေက တစ်နေ့မဟုတ် တစ်နေ့တော့ ဒီနေရာကနေ ဖယ်ရှားခံရမယ့်သူတွေချည်းပါပဲ။ ဒီနေ့ အလုံးအရင်းနဲ့ ဒဏ်ငွေအဆောင်ခံရမယ့်အစား ‘ဝိညာဉ်ပိုးကောင်ဂေဟာ’ ကနေပဲထွက်ပြီး သူရင်းငှားအဖြစ်ပဲ ကိုယ်ကိုယ်ကိုယ် ရောင်းစားလိုက်တာ ပိုကောင်းမယ် ထင်တယ်!”


“နှမြောစရာပဲ... ငါ့မှာသာ ပိုက်ဆံရှိရင် တခြားတစ် ယောက်ယောက်ကို ငှားပြီး လုပ်ခိုင်းလိုက်မှာ!”


သူရင်းငှား... တခြားလူကို ငှားခိုင်းလို့ရတယ်?


စုကျိုသည် ထိုအရေးကြီးသော အချက်များကို အာရုံစိုက်ကာ မှတ်သားထားလိုက်သည်။ သူမ ခေါင်းလှည့်ကြည့်လိုက်သောအခါ စုကျီကျီမှာ ဘောင်းဘီနားကို မတင်ကာ ပေါက်တူးကို ကိုင်လျက် ကြောင်အအဖြင့် ရပ်နေသည်ကို တွေ့ရသည်။ ညီမငယ်လေးသည်လည်း လမ်းတစ်ဖက်ရှိ အောက်ခြေအဆင့် ကျင့်ကြံသူများ၏စကားဝိုင်းကို ကြားသွားပုံရသည်။


ကောင်မလေးမျက်နှာတွင် ‘အကြံကောင်းရသွားပြီ’ ဆိုသည့် အမူအရာမျိုးပေါ်လာသည်။


သူမသည် စုကျို၏ ခေါင်းပေါ်ရှိ သဲနာရီကို တစ်ချက်ခိုးကြည့်ကာ အချိန်ကုန်ဆုံးတော့မည်ကို စိုးရိမ်နေပြီး၊ တစ် ဖက်တွင်လည်း ဝှီးချဲပေါ်ရှိ စုကျို၏ ဖြူဖတ်ဖြူလျော် မျက်နှာကို ကြည့်နေရှာသည်။


စုကျီကျီသည် ပါးဖောင်းလေးများ ဖောင်းသွားသည်အထိ အသက်ကို အောင့်ထားပြီး သွားကို တင်းတင်းကြပ်ကြပ် စေ့လိုက်သည်။


ထို့နောက် သူမသည် ဝိညာဉ်စမ်းသပ်လက်ပတ်ကို ချက် ချင်း ချွတ်ပစ်လိုက်ပြီး၊ လက်ထိပ်ကို ပြတ်ပြတ်သားသား ကိုက်ကာ လေထဲတွင် စက်ဝိုင်းတစ်ခုဆွဲလိုက်သည်ကို စုကျို မြင်လိုက်ရသည်။


ချက်ချင်းဆိုသလိုပင် သွေးစွန်းနေသော ပိုးစာရွက်တစ်ရွက် ပေါ်ထွက်လာတော့သည်။


[ စုကျီကျီသည် ဝိညာဉ်ပိုးကောင်ဂေဟာမှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်သည်။ အဆင့်သတ်မှတ်ချက်၊ ဝိညာဉ်ကျောက်တုံးနှင့် ကုသိုလ်မှတ် အားလုံးကို ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။ သူမသည် ဂေဟာ၏အကာအကွယ်အောက်တွင် မရှိတော့သလို၊ ဂေဟာပိုင် သစ်သားအိမ်များတွင် နေထိုင်ခွင့်နှင့် ဂေဟာပိုင်ပစ္စည်းများကို အသုံးပြုခွင့် မရှိတော့ပေ။ ]


[ စုကျီကျီသည် မိမိကိုယ်ကိုယ် စုကျို သူရင်းငှားအဖြစ် ရောင်းချသည်။ သူမ ရရှိသမျှ အကျိုးအမြတ်အားလုံးမှာ စုကျိုနှင့်သာ သက်ဆိုင်သည်။ ]


[ စုကျို... လက်ခံပါသလား? ]


သွေးစွန်းနေသော ပိုးစာရွက်ကလေးမှာ စုကျိုရှေ့တွင် လွင့်မျောနေသည်။


စုကျို မျက်နှာတစ်ခြမ်းမှာ အရိပ်ထဲဖုံးကွယ်နေသည်။


စုကျီကျီက သူမကို မော့ကြည့်လိုက်ရာ သူ့မျက်နှာထက် ဝမ်းနည်းမှုမရှိဘဲ စိတ်သက်သာရာရမှုသာရှိနေသည် - “ကျဲ... ကျီကျီက ဘယ်လိုပဲဖြစ်ဖြစ် အနှင်ထုတ်ခံရမှာပဲလေ၊ ကျီကျီ ပင်ပန်းနေပြီ...”


သူမ စကားမဆုံးမီမှာပင် ‘ကလစ်’ ခနဲ အသံတစ်ချက် ထွက်ပေါ်လာသည်။


သူ့ ညာဘက်လက်ကောက်ဝတ်မှာ ဝိညာဉ်စမ်းသပ်လက် ပတ်ဖြင့် မူလနေရာသို့ ပြန်လည်ခတ်နှိပ်ခြင်းခံလိုက်ရပြီဖြစ်သည်။


အေးစက်သော ထိတွေ့မှုကြောင့် စုကျီကျီ အနည်းငယ် ထိတ်လန့်သွားရသည်။


သူ မော့ကြည့်လိုက်သောအခါ စုကျို၏ထူးဆန်းပြီး နက်နဲလှသော မျက်နှာပေးကိုမြင်လိုက်ရသည်။


“ဒီမိသားစုထဲမှာ ဖြုန်းတီးဖို့ပဲ ခွင့်ပြုထားတာ၊ အလကားပေးဖို့ ခွင့်မပြုထားဘူးလို့ ငါ မပြောခဲ့ဘူးလား?”


စုကျီကျီ: “ရှင် ?”


စုကျိုက သွေးစွန်းနေသော ပိုးစာရွက်ကိုလက်တစ်ဖက်ဖြင့် လုံးချေလိုက်ပြီး သူ့ထံ ပစ်ပေးလိုက်သည်။


“နင့်မှာ မနေ့ညက ရထားတဲ့ဆုလာဘ်တွေထဲက ဝိညာဉ်ကျောက်တုံး ငါးဆယ်နဲ့ ကုသိုလ်မှတ် ငါးမှတ်ကျန်သေးတယ် မဟုတ်လား”


“မလိုအပ်ဘူး... အဲဒါတွေကို ဝိညာဉ်ပိုးကောင်ဂေဟာအတွက် အလကားထားခဲ့မလို့လား?”


စုကျိုသည် ထိုကဲ့သို့ အလကားရမည့် အခွင့်အရေးမျိုးကို လုံးဝ ခွင့်မပြုနိုင်ပေ။


“အဲဒါတွေကို အကုန်သုံးပစ်၊ စားပစ်ပြီးမှ... ဖြုန်းတီးပြီးမှပဲ သူရင်းငှားဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် လုပ်လို့ရမယ်”


စုကျီကျီ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။


သူရင်းငှားကိစ္စထက် စုကျို ပိုစိတ်ဝင်စားနေသည်မှာ အခြားအရာတစ်ခု ဖြစ်သည်။


“တခြားလူကို အကူအညီတောင်းဖို့ ဘယ်လိုငွေပေးရမှာလဲ ?”


စုကျိုသည် လမ်းဘေးရှိ ‘အခြားသူများကို ပိုးစာပင်စိုက် ပျိုးရာတွင် ကိုယ်ပိုင်အကူအညီ မပေးရ’ ဆိုသည့် စည်း မျဉ်းကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။


 â€œá€á€­á€Šá€Źá€‰á€şá€•á€­á€Żá€¸á€€á€ąá€Źá€„á€şá€‚á€ąá€Ÿá€Źá€›á€˛á€ˇ လမ်းကြောင်းတွေကနေတစ်ဆင့် အကူအညီ ငှားလို့ရတာလား?”


စုကျီကျီ သဘောပေါက်သွားပြီး အလျင်အမြန် ခေါင်း ညိတ်ပြလိုက်သည် - “ရပါတယ်!”


သူမသည် မြောက်ဘက်မှ တောင်ဘက်သို့ကောင်းကင်ယံထက်တွင် လွင့်မျောနေသော ပိုးစာရွက်အကျိုးအပဲ့များကို လက်ညှိုးထိုးပြလိုက်သည်။


စုကျို မော့ကြည့်လိုက်ရာ ပိုးစာရွက်အကျိုးအပဲ့များပေါ်တွင် အလုပ်သမားများနှင့် သူရင်းငှားများ၏မက်ဆေ့ဂျ်များကို ရေးသားထားသည်ကို တွေ့ရသည်။


[ မြေ ၃ မူ - ဝိညာဉ်ကျောက်တုံး ၄၄၉ တုံး။ ]


[ အနည်းဆုံး လေလံဈေး - မြေ ၂ မူ ... ]


[ တစ်နာရီ ကူညီခ - ဝိညာဉ်ကျောက်တုံး ၁၀၀၀! ]


...


ပိုးစာရွက်အကျိုးအပဲ့များမှာ တစ်ရွက်ပြီးတစ်ရွက် လွင့်ကျလာသည်။ စုကျို လက်လှမ်းကြည့်သော်လည်း သူမ၏ လက်ချောင်းများကြားမှ လွတ်ထွက်သွားကြသည်။


မက်ဆေ့ဂျ်ပါသော ပိုးစာရွက်တစ်ရွက်သာ မြောက်ဘက်မှ လွင့်လာခြင်းမျိုး မဟုတ်ဘဲ တောင်ဘက်အရပ်ဆီမှ အေးအေးလူလူလွင့်မျောလာသည်။


စုကျို ထိုအရွက်ကို မြင်မြင်ချင်းမှာပင် သူ့ဈေးဆစ်တတ်သော ဗီဇက နိုးကြားလာတော့သည်။


[ အမွှေးတိုင်တစ်တိုင်စာ ကူညီခ - စတုတ္ထတန်းစား အရည်အသွေးညံ့မြေအတွက်သာ။ ]


“ဝိညာဉ်ကျောက်တုံး မယူပါ၊ လက်မောင်းအားပြန်လည်ကောင်းမွန်စေမယ့် ဝိညာဉ်လက်ဖက်ရည် နှစ်ခွက်သာ ပေးပါ၊ လိမ်ညာခြင်းမပြုရ”


စုကျီကျီ သက်ပြင်းချလိုက်သည် - “ကျဲ... ကျီကျီတို့မှာ အဲဒါကို ပေးနိုင်တဲ့ အင်အားမရှိပါဘူး”


စုကျိုသည် တောင်ဘက်မှလွင့်လာသော ထိုပိုးစာရွက်ကလေးကို ဖမ်းယူလိုက်သည်။


စုကျီကျီက ဘေးမှ ချောင်းကြည့်ကာ ဝမ်းသာအားရ အော်လိုက်သည် - “ဒီအကူအညီပေးမယ့်သူက တော်တော်ဈေးပေါတာပဲ!”


သို့သော် ချက်ချင်းပင် စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းဆူလိုက်ပြန်သည် - “ဒါပေမဲ့ ဝိညာဉ်လက်ဖက်ရည် နှစ်ခွက်က ဝိညာဉ်ကျောက်တုံးတစ်ရာလောက် တန်တာလေ၊ ကျီကျီတို့မှာ မရှိဘူး။”


စုကျို စကားမပြောနိုင်တော့ပေ။


ဤမျှ ကောင်းမွန်သော အခွင့်အရေး၊ လက်ထဲသို့ ဆိုက် ဆိုက်မြိုက်မြိုက် ရောက်ရှိလာသော ဈေးပေါပေါအခွင့် အရေးမျိုးကို သူ လက်လွတ်ခံလိုက်ရမည်လော ?


မဖြစ်နိုင်သည်မှာ အမှန်ပင်။


သူမ ဤအလုပ်သမားကို ငှားကို ငှားရမည်။


သူ့အကြည့်သည် ‘လက်မောင်းအား ပြန်လည်ကောင်းမွန်စေရန်’ ဟူသော တောင်းဆိုချက်ဆီသို့ ကျရောက်သွားပြီးနောက်၊ ခါးကြားရှိ သိုလှောင်အိတ်ဆီသို့လျင်မြန်စွာ ရောက်ရှိသွားသည်။


[ အဆင့် ၁ ကျောက်စိမ်းခုတင် အတု - စွမ်းအင်ပြန်လည်ဖြည့်တင်းရန် လိုအပ်သော ခန္ဓာကိုယ် အစိတ်အပိုင်းပေါ်တွင် ကပ်ထားပါက အမွှေးတိုင်တစ်တိုင်စာအတွင်း အကောင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည်။ သို့သော် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများရှိ ခွန်အားနှင့်သက်သောင့်သက်သာရှိမှုကို စတေးရနိုင်သည့် အခွင့် အရေး အတန်အသင့်ရှိသည်။ သတိပြု၍ အသုံးပြုပါ။ ]


“...” စုကျို ခဏမျှ ဝေခွဲမရဖြစ်သွားသော်လည်း “လက် မောင်းအား ပြန်ဖြည့်ပေးဖို့ပဲမလား” ဟု တွေးလိုက်သည်။


“ငါတို့ ဒါကို ပေးနိုင်တယ်!”


“ဟင် ?”