Ch 18
Viewers 3k

🍼 Chapter 18

🍼 Qingqing is rescued (2)




ထိုအခါမှသာ ချင်ချင်သည် တောင်ခြေရှိအရွက်များသည် သူ ထင်ထားသည်ထက် များစွာပိုထူနေကြောင်း သဘော ပေါက်သွားသည်— ကလေးအားလုံးကိုမြှုပ်နှံရန်ပင် လုံလောက်လုနီးပါးဖြစ်သည်။


ကံကောင်းစွာဖြင့် ချင်ချင်သည် နှိုင်းယှဉ်ချက်အရ ပေါ့ပါးသဖြင့် ပြုတ်ကျစဉ် လုံးဝနစ်မြုပ်မသွားခဲ့ပေ၊ မဟုတ်ပါက ထွက်လာရန် ခက်ခဲလိမ့်မည်သာ။


ကလေးနှစ်ဦးသည် အတူတကွပူးပေါင်းကာ 'ဆွဲ'၊ 'ဟော' ဟူ၍ အားစိုက်ပြီး နောက်ဆုံးတွင် နျန်ကောင်းကို အရွက်ပုံထဲမှ ကယ်တင်နိုင်ခဲ့သည်။


"ဒါ ဘယ်နေရာလဲ"


နျန်ကောင်းသည် သူ၏ ဓာတ်မီးကို ပတ်ပတ်လည် ထိုးကြည့်သော်လည်း သူ မြင်နိုင်သည်မှာ မြင့်မားသော သစ်ပင်များသာ ဖြစ်ပြီး မည်သည့်လမ်းကြောင်းမှန်း မပြောနိုင်ပေ။


ချင်ချင်သည်မူ ပိုမို အာရုံစိုက်နေသည်။


သူမ၏ စူးစမ်းသော မျက်လုံးများသည် ဓာတ်မီးပတ်လည်တွင် လှည့်လည်နေပြီး သူမသည် ၎င်းကို မထိဘဲမနေနိုင်ဘဲ လက်လှမ်းလိုက်သည်။ ၎င်းအား ထိလိုက်သောအခါ ရေခဲကဲ့သို့ အေးနေပြီး သူ့ လက်ကို အလျင်အမြန် ပြန်ရုပ်လိုက်သည်။


"အစ်ကို နျန်ကောင်း ဒါကို ဘယ်ကရတာလဲ"


"ဒါလား" 


နျန်ကောင်းသည် ဓာတ်မီးကို ကိုင်မြှောက်လိုက်ပြီး အနည်းငယ် ရှုပ်ထွေးနေသည်။ 


"မသိဘူး၊ ငါ အရွက်တွေ ဖယ်နေတုန်းတွေ့တာ"


လူကုန်ကူးသူများ သူမအား တွန်းချတုန်းကပစ်ချခဲ့ခြင်း ဖြစ်ရမည်။


"ငါတို့ ဘာလုပ်ကြမလဲ"


သူမ၏ကနဦး စူးစမ်းမှုအပြီးတွင် ချင်ချင်သည် လက်တွေ့ကျသော ပြဿနာသို့ ပြန်ရောက်လာသည်။


တောထဲတွင် လမ်းပျောက်ခြင်းသည် ကလေးနှစ်ဦးအတွက် ပြန်ပေးဆွဲခံရခြင်းထက် ပိုမိုအန္တရာယ်များသည်။


"ခဏ ဒီမှာနေကြရအောင်" နျန်ကောင်းက ချင်ချင်ကို သူတို့ တူးထားသော အရွက်ခေါင်းပေါက်ထဲသို့ ဆွဲသွင်းလိုက်သည်။ 


"အပြင်ဘက်က အရမ်းအန္တရာယ်များတယ်၊ မိုးလင်းတဲ့အထိစောင့်ပြီးမှ ထွက်သွားမယ်"


"ကောင်းပြီ" 


ချင်ချင်တွင် ပိုကောင်းသော အကြံဥာဏ်များ မရှိသဖြင့် သူမသည် နျန်ကောင်းကို ရိုးရှင်းစွာနာခံလိုက်သည်။


ညသည် တိတ်ဆိတ်နေပြီး မောပန်းနွမ်းနယ်နေသော ကလေးငယ်နှစ်ဦးသည် ခေါင်းချင်းဆိုင်ကာ အတူတကွ ကပ်လျက်အိပ်ပျော်သွားကြသည်။


အချိန် ဖြည်းဖြည်းချင်းကုန်လွန်သွားပြီး မိုးလင်းလာသည်။


နျန်ကောင်းသည် ဆာလောင်မှုကြောင့် အရင်ဆုံး မျက်လုံးဖွင့်သည်။


သူသည် ဗိုက်ကို မသက်မသာပွတ်သပ်လိုက်ပြီး တောက်ပ နေသော ကောင်းကင်ကိုကြည့်ကာ ချင်ချင်ကို နှိုးရန် ခေါင်းလှည့်လိုက်သည်– "ချင်ချင်၊ ထတော့"


"..." မည်သူမျှ မဖြေပေ။


တစ်ခုခုမှားနေသည်ဟု ခံစားမိသော နျန်ကောင်းသည် ချင်ချင်ကို စစ်ဆေးရန် အလျင်အမြန် လှည့်လိုက်ရာ သူမ ခန္ဓာကိုယ်သည် ပူလောင်နေသည်ကိုသာ တွေ့လိုက်ရသည်။


"အရမ်းပူလိုက်တာ!"


ချင်ချင် ဖျားနေသည်။


အခက်အခဲများစွာကို တစ်ခုပြီးတစ်ခု ခံစားပြီးနောက် အပြင်းထန်ဆုံး ခန္ဓာကိုယ်ပင်လျှင် မခံနိုင်၊ သုံးနှစ်သား နုနယ်သောကလေးလေး ချင်ချင်အတွက်ဆိုလျှင် ပိုဆိုးသည်။


"ကူညီပါ! ကူညီပါ! ကူညီပါ... ကူညီပါ..."


ချင်ချင်ကို တင်းကျပ်စွာ ဖက်ထားသော နျန်ကောင်းသည် ပြန်ပေးဆွဲခံရပြီးနောက်ပင် တည်ငြိမ်နေခဲ့သူဖြစ်သော် လည်း နောက်ဆုံးတွင် မငိုဘဲမနေနိုင်တော့ပေ။


ချင်ချင် သေသွားမည်ကို သူ ကြောက်လန့်သော်လည်း သူသည် အကူအညီမဲ့နေသည်။


မကြုံစဖူးသော ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုက သူ၏ လက်နှင့်ခြေများကို အေးခဲစေသည်၊ သူသည် အကူအညီမဲ့စွာ ငိုကြွေးကာ အကူအညီအတွက် အသည်းအသန် အော်ဟစ်ခြင်းသာ လုပ်နိုင်ခဲ့သည်။


"ငှက်..." 


ချင်ချင်သည် နျန်ကောင်း၏ငိုသံကြောင့် နိုးလာပုံရသည်။ သူလေး မျက်မှောင်ကြုတ်လိုက်ပြီး ဖြည်းညှင်းစွာမျက် လုံးဖွင့်ကာ အားနည်းစွာပြောလာသည်။


"ဟင် ? ချင်ချင်၊ နိုးလာပြီ!" 


အသံအားကြားလိုက်သော နျန်ကောင်းသည် အလျင်အ မြန်ငုံ့ကြည့်လိုက်ရာ ချင်ချင် နိုးနေသည်ကိုတွေ့ရသဖြင်ါ ဝမ်းသာအားရ ဖြစ်သွားသည်။


"ငှက်လေး..." ချင်ချင်သည် ဤစကားစုကို ထပ်ခါတလဲလဲ ပြောနေသည်– "ငှက်လေးနောက်ကို လိုက်..."


"ငှက်လေး ?" နျန်ကောင်း ပတ်ပတ်လည်ကြည့်လိုက်သည်။ 


"ဒီမှာ ငှက် မရှိဘူး"


သူသည် ပိုးမွှားတစ်ကောင်တစ်မြှီးကိုပင် မတွေ့ရ၊ ငှက်ဆိုလျှင် ဝေးရော။


"ဟိုမှာ" အခက်အခဲနှင့်ပင် ချင်ချင်သည် သူ့ လက်ကို မြှောက်လိုက်ပြီး နေရာတစ်ခုကိုထိုးပြသည်။


နျန်ကောင်းသည် ထိုဘက်သို့ ကြည့်သော်လည်း ဘာမှမတွေ့ရသေးပေ။ သို့သော် သူသည် ချင်ချင်၏ညွှန်ကြား ချက်များကို လိုက်နာရန် ခိုင်မာစွာဆုံးဖြတ်သည်။


သူ ကိုယ်ကိုင်းလိုက်ပြီး ချင်ချင်ကိုကျောပေါ် ပိုးလိုက်ကာ ကြွေကျနေသော အရွက်များကြားမှဖြတ်၍ ဖြည်းဖြည်းချင်း ထိုဧရိယာမှရွေ့လျားသွားသည်။


သူတို့ ထွက်ခွာရန်ဆုံးဖြတ်ချက်သည် မှန်ကန်သည်၊ အဘယ်ကြောင့်ဆိုသော် မကြာမီတွင် သားရဲရိုင်းတစ်ကောင်သည် ဖြည်းညှင်းစွာချဉ်းကပ်လာပြီး တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ပတ်ဝန်းကျင်ကိုနမ်းရှိုက်နေသော ကြောင့် ဖြစ်သည်။


ကံမကောင်းစွာဖြင့် ၎င်းသည် ဘာမှမတွေ့ရသဖြင့် စိတ် ပျက်အားလျော့စွာ ထွက်ခွာသွားရသည်။


"ချင်ချင်၊ ငါတို့ နောက် ဘယ်လမ်းကိုသွားရမလဲ"


 "ဟိုဘက်ကို"


"ပြီးရင်ရော"


"ဒီလမ်းကို"


ချင်ချင်၏ အဓိပ္ပာယ်မရှိဟု ထင်ရသော ညွှန်ကြားချက်များအောက်တွင် နျန်ကောင်းနှင့်ချင်ချင်သည် တောအုပ်မှ နည်းနည်းချင်းစီ အမှန်တကယ်ရွေ့လျားသွားခဲ့ပြီး လူဦး ရေထူထပ်သောနေရာများသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။


သူတို့ လမ်းလျှောက်နေစဉ် အရပ်ရှည်ပြီးဖျတ်လတ်သော ပုံရိပ်တစ်ခုသည် ရှေ့တွင် မသဲမကွဲပေါ်လာသည်။


နျန်ကောင်း၏မျက်လုံးများ လင်းလက်သွားပြီး သူသည် ချက်ချင်း အကူအညီအတွက်အော်ဟစ်လိုက်သည်– "ကူညီပါ... ကူညီပါ..."


အဝေးမှနေ၍ ထိုသူသည် နျန်ကောင်း၏အကူအညီတောင်းခံသံများကို ကြားရပုံရသည်။


သူ ခေတ္တရပ်နားလိုက်ပြီးနောက် သူ့ အရှိန်ကို မြှင့်လိုက်သည်၊ ကျားသစ်တစ်ကောင်ကဲ့သို့ ခုန်အုပ်လိုက်ပြီး နျန်ကောင်းနှင့် ချင်ချင်ထံသို့ ရုတ်တရက်ပြေးလာသည်။


သူတို့ နီးကပ်လာသည်နှင့်အမျှ နျန်ကောင်းသည် ထိုလူ၏ ပုံပန်းသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့သည်။


သူသည် အရပ်ရှည်ပြီး ခန့်ညားသည်၊ အေးစက်ပြီး ပြင်း ထန်သော မျက်နှာရှိသည်၊ ဆွဲထားသော ဓားကဲ့သို့ သံမဏိခွန်အားရှိသော လွှမ်းမိုးမှုကို ထုတ်လွှတ်သည်။


သို့သော် ထိုအေးစက်သော မျက်လုံးများ နျန်ကောင်းပေါ်သို့ကျရောက်သောအခါ သူ့မျက်နှာပေါ်တွင် အနည်းငယ် ပျော့ပျောင်းမှု လင်းလက်သွားပြီး သူ အနည်းငယ် စိတ် သက်သာရာ ရသွားပုံရသည်။


နျန်ကောင်း အသိစိတ်မဲ့စွာစိုက်ကြည့်နေမိသည်။ သူ ပါးစပ်အဟောင်းသားဖြင့် မယုံကြည်နိုင်ဖြစ်နေပြီး မျက် ရည်များ စီးကျလာကာ သတိမပေးဘဲ ငိုချလိုက်သည်။


"ဝါးးးး... ဦးလေး၊ ဘာလို့ ဒီလောက်ကြာနေရတာလဲ!"


"တောင်းပန်ပါတယ်..."


သူသည် "တောင်းပန်ပါတယ်" ဟူသော စကားလုံးကို မပြီး ဆုံးမီ နျန်ကောင်းသည် ရုတ်တရက် ငိုခြင်းကိုရပ်လိုက်သည်။ သူ့ကိုယ်ခန္ဓာလေးသည် ကျောပေါ်ရှိ ချင်ချင်နှင့်အတူ တည့်တည့်ကျသွားပြီး ခိုင်မာသော လက်တစ်စုံထံ ဖမ်းဆုပ်ခံလိုက်ရသည်။


သူ့ တူလေး ကို စိုးရိမ်တကြီး စစ်ဆေးပြီး ပင်ပန်းနွမ်းနယ်မှုကြောင့် ရိုးရိုးလေးမေ့လဲသွားကြောင်း တွေ့ရှိပြီးနောက် ပိုင်ချီယွီသက်ပြင်းချလိုက်သည်။


နှိုင်းယှဉ်ချက်အရ အဖျားကြီးနေသော ထူးဆန်းသည့် ကလေးမလေး၏အခြေအနေသည် ပိုမိုအန္တရာယ်များ သည်။


ကလေးနှစ်ဦးလုံးကို လက်တစ်ဖက်တည်းဖြင့် ပွေ့ချီကာ ပိုင်ချီယွီသည် ဖုန်းခေါ်နေစဉ် ပြန်လှည့်ကာလမ်းလျှောက်သည်။


"သူတို့ကို တွေ့ပြီ၊ ကလေးနှစ်ယောက်လုံး၊ တစ်ယောက်က အဖျားကြီးနေတယ်၊ လူတိုင်းကို မြန်မြန်အကြောင်းကြားပြီး လူနာတင်ယာဉ်ခေါ်ပါ၊ တည်နေရာကို အခုပို့လိုက်မယ်"


ရဲကားများနှင့် လူနာတင်ယာဉ်များ၏ ဥဩသံများသည် တောင်ခြေရင်းရှိ တောင်ပေါ်ကျေးရွာလေး၏ငြိမ်သက်မှုကို ပျက်စီးစေသည်။


ရွာသားများစွာသည် စူးစမ်းစွာချောင်းကြည့်လာကြသည်။ ဆူညံသံကိုကြည့်ပြီး သူတို့၏အေးမြချိုမြိန်သော ဖရဲသီးကို တစ်ကိုက်စားလိုက်ကာ အတွင်းသို့ပြန်ဝင်သွားကြသည်။


ခဏအကြာတွင် လူများပိုမိုထွက်လာပြီး ဓာတ်ပုံများ ရိုက်ကာ ဆိုရှယ်မီဒီယာထက် တင်ကြသည်။


"အပြင်မှာ ဘာတွေဖြစ်နေတာလဲ"


အပြင်မထွက်ဖြစ်သော သူ့ဇနီးသည်မှာ လေသာဆောင်မှ အစောပိုင်းပြန်လာသော ခင်ပွန်းဖြစ်သူကို မေးသည်။


"လူကုန်ကူးသူတွေကို ဖမ်းနေကြတာ! မင်း ယုံမှာမဟုတ်ဘူး၊ ဟိုအပေါ်ကရွာမှာ လူကုန်ကူးသူ ဂိုဏ်းကြီးတစ်ခုပုန်းနေတာ၊ ဒီနေ့ ပြန်ပေးဆွဲခံရတဲ့ ကလေးတွေသာ ထွက်မပြေးရင် ဘယ်သူမှ ဒီလိုရက်စက်တဲ့ ကောင်တွေနဲ့ အိမ်နီး နားချင်းဖြစ်နေတာကို သိရမှာမဟုတ်ဘူး"


"လူကုန်ကူးသူတွေ!"


ဤအရာကိုကြားသောအခါ တစ်စုံတစ်ဦးက အာမေဋိတ် ပြုလိုက်သည်။ 


"မဖြစ်နိုင်ဘူး! ငါတို့ရွာမှာ ဘယ်သူမှ ကလေးပျောက်ဖူးတာ မကြားဖူးဘူး"


"မင်း ရူးနေလား၊ ယုန်တောင် သူတို့တွင်းနားက မြက်ကိုမစားဘူး၊ အဲဒီ ကောင်တွေက ငါတို့နယ်မြေမှာ ကလေးခိုးဖို့ ရဲရင်၊ မနက်ဖြန် ငါ လူအုပ်စုလိုက်ခေါ်ပြီး သူတို့ရဲ့ပုန်းခိုရာကို မြေလှန်ပစ်မယ်၊ ယုံလိုက်"


"တော်ပါတော့၊ ရှင် ငကြောက်ပဲ၊ လေပဲရှိပြီး အဖြစ်မရှိဘူး၊ တကယ်လုပ်ရမယ်ဆိုရင် ကျမပဲ ကိုင်တွယ်ပစ်မယ်"


ဇနီးမောင်နှံကြားရှိ ဤစကားဝိုင်းသည် တစ်ခုတည်းသော ဖြစ်ရပ် မဟုတ်သည်မှာရှင်းနေသည်၊ ဒေသခံများစွာသည် ဤအဓိကဖြစ်ရပ်အား တဖြည်းဖြည်းသိရှိလာကြသည်။


၎င်းသည် ဆိုရှယ်မီဒီယာမှတစ်ဆင့် ပျံ့နှံ့သွားသည်နှင့်အမျှ အများပြည်သူထင်မြင်ချက် လှိုင်းလုံးကြီးတစ်ခု အင်တာနက်တစ်ခွင် စီတန်းလှည့်လည်သွားသည်။


ဒေသခံရဲများသည် ပိုင်ချီယွီအကြောင်းကြားခဲ့သော လူများထက် ပိုမိုမြန်ဆန်စွာရောက်ရှိလာသည်။


အဘယ်ကြောင့်ဆိုသော် ကနဦးကလေးအနည်းငယ် ထွက် ပြေးနိုင်ခဲ့ပြီး စိတ်ကောင်းရှိသူများ၏အကူအညီဖြင့် ရဲကို အောင်မြင်စွာခေါ်ဆောင်ခဲ့နိုင်သောကြောင့် ဖြစ်သည်။


ကလေးများပြသခဲ့သော စက္ကူပြားပေါ်တွင် ရေးထားသော လိပ်စာ–


'ရှောင်နင်ရွာ (Xiaoning Village), အမှတ် ၃၃၈'— နှစ်ပေါင်းများစွာ စွန့်ပစ်ထားသောစက္ကူပြား ပြုပြင်ထုတ်လုပ်ရေးစက်ရုံသို့ခြေရာခံ၍ ရဲများသည် ပစ်မှတ်ကိုချက်ချင်း ရှာဖွေနိုင်ခဲ့ကြသည်။


အချိန်သည် အရေးကြီးသည်၊ ရဲများသည် ၎င်းတို့၏အင် အားစုများကို ချက်ချင်းစုစည်းပြီး ထွက်ခွာခဲ့သည်။


လမ်းတွင် သူတို့သည် အခြားရဲစခန်းများမှ ဖုန်းခေါ်ဆိုမှုများရရှိခဲ့သည်၊ ၎င်းတို့သည် လူကုန်ကူးသူများက ဦးဆောင်လာသော ပြန်ပေးဆွဲခံရသည့် ကလေးများကို သူတို့၏ ဦးတည်ရာသို့ တွေ့ရှိခဲ့ကြောင်းပြောသည်။


လောကတွင် တိုက်ဆိုင်မှုဟူသည် မရှိ၊ အမြန် ဆွေးနွေးပြီးနောက် နှစ်ဖက်စလုံးသည် သူတို့သည် လူအုပ်စုတစ်ခုတည်းကို လိုက်နေကြောင်း ချက်ချင်းဆုံးဖြတ်လိုက်သည်။


နောက်ထပ် ဘာပြောစရာရှိသေးလဲ ?


အင်အားသုံးကာ လူလိုက်ရှာခြင်း!


ထို့ကြောင့် တောင်ခြေရင်းရှိရွာတွင် မြင်ကွင်းထွက်ပေါ်လာသည်။


"ချင်ချင်!"


အနည်းငယ် နောက်ကျမှရောက်လာသော ဖူဟန်သည် ချင်ချင် လူနာတင်ယာဉ်ထဲသို့ ထည့်သွင်းခံနေရသည်ကို မြင်လိုက်ရသည်။


သူ့မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားပြီး သူ အလျင် အမြန်ပြေးသွားသော်လည်း အတူပါလာသော သူနာပြုက တားမြစ်သည်– "ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်ခွင့်မပြုပါဘူး"


"ကျွန်တော် သူ့ရဲ့... အုပ်ထိန်းသူပါ၊ ဒါ ကျွန်တော့်ကလေးပါ!"


၎င်းမှာ ကလေး၏မိဘဖြစ်ကြောင်း ကြားသောအခါ သူနာပြုသည် သူ့ လက်ကို ချက်ချင်းပြန်ရုပ်လိုက်ပြီး ဖူဟန်ကို သူမနှင့်အတူ လူနာတင်ယာဉ်ထဲသို့ဝင်ရန် အမူအ ရာပြလာသည်။


"ကလေးက အဖျားကြီးနေတယ်၊ ဆဲလ်စီးယပ်စ် ၄၀ ဒီဂရီအထိရောက်နေတယ်၊ ကျွန်မတို့ သူ့ကိုအဖျားကျဆေး ထိုးပေးလိုက်ပြီ၊ ဒါပေမဲ့ သူ့မှာ အခြား ပြင်ပဒဏ်ရာတွေလည်းရှိ‌သေးတယ်၊ သူ့အခြေအနေ သိပ်မကောင်းဘူး၊ အရေးပေါ်ကုသမှုအတွက် ဆေးရုံကိုအမြန်သွားဖို့လိုတယ်"


"ကောင်းပြီ... ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် ဆရာ"


ဖူဟန်သည် ဆရာဝန်ပြောနေသည်အား အမှန်တကယ် အာရုံစိုက်နေခြင်း မဟုတ်ပေ။ သူ့အာရုံစိုက်မှု အလုံးစုံ သည် ထမ်းစင်ပေါ်ရှိ ချင်ချင်ပေါ်တွင်သာရှိသည်။


သူသည် ချင်ချင်၏သေးငယ်သော၊ ပူလောင်နေသော လက်များကို တင်းကျပ်စွာဆုပ်ကိုင်ထားသလို၊ မကြုံစဖူးကြောက်ရွံ့မှုတစ်ခု သူ့ စိတ်အားဆုပ်ကိုင်လို့ထားသည်။


သူ အနည်းငယ်တုန်ယင်နေသည်ကိုပင် သူ သတိမထားမိချေ။


"လူကြီးမင်း၊ အဆင်ပြေရဲ့လား"


သူနှင့် မျက်နှာချင်းဆိုင်ရှိသူနာပြုသည် ဖူဟန်၏ပုံမှန်မဟုတ်သော အခြေအနေကိုသတိပြုမိပြီး စိုးရိမ်တကြီး ချက်ချင်းမေးလာသည်။


"..." 


ဖူဟန် ပြန်မဖြေနိုင်။ သူ တစ်စုံတစ်ခု မှားနေသည်၊ အလွန်အရေးကြီးသော တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားလာရသည်။


သူ့ငယ်ရွယ်သောဇနီးနေရာတွင် သူ လဲလျောင်းနေရပါက ကောင်းမည်ဟု သူ ဆုတောင်းမိသည်။


အကယ်၍...


ချင်ချင် တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ??


"ချင်ချင်... ချင်ချင်..."


သူ၏ နူးညံ့သော ခေါ်သံများသည် အေးစက်ခြင်းမရှိတော့သော်လည်း ချင်ချင် မကြားနိုင်ပေ။


မကြားနိုင်သလို၊ သူမ ကြားခဲ့ရင်တောင် ဘာမှခံစားရမည် မဟုတ်‌ပါ။


အဆုံးတွင် သူမသည် ဖူဟန်အားအလွန်ချစ်သော ကူးချင် ချင် မဟုတ်တော့သောကြောင့်ဖြစ်သည်။


ထောင့်တွင် သူ့ တူလေးကို ပွေ့ထားသော ပိုင်ချီယွီသည် ဖူဟန်၏ရင်းနှီးသောမျက်နှာကို ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာတိတ်ဆိတ်နေသည်။


"သူငယ်ချင်းဟောင်း" နှင့် ယခုအချိန်တွင် နှုတ်ဆက်စကားပြောရန် အခြားတစ်ဖက်မှာ အချိန်မရှိပုံရသည်။


သို့သော် ထိုကလေးမလေး၊ သူ့နာမည်လည်း ချင်ချင်လား ?


သူလေးက သူမနှင့် အရမ်းတူတယ်၊ သူမရဲ့ သမီးအငယ်ဆုံးများလား ?