အပိုင်း ၃၂၉
ယန်ရှစ်ရွှမ်းက ဘာကိုမျှ သံသယမဝင်ချေ။ သူက မျက်လုံးကိုသာ ဆက်မှိတ်လိုက်ပြီး နေရောင်အောက်တွင်သာ တရေးအိပ်ရန် ကြံစည်သည်။
ဆောင်းတွင်နှောင်းပိုင်းနေရောင်က အပူချိန် ပျောက်ဆုံးသွားသည့်အခါ တောက်ပမှုကသာ ကျန်ခဲ့လာပြီး လန်းဆန်းသွားစေသည်။
နေရောင်သည် ထိန်လင်းစွာ တောက်ပနေသည်။ ကောင်းကင်ကလည်း ကြည်လင်ကာ တိမ်စိုင်ကလည်း ကင်းမဲ့နေသည်။ ထို့ကြောင့် စိတ်အေးအပေါ့ပါးဆုံးကာလလည်း ဖြစ်ပြီး အိပ်စက်ရန် အကောင်းဆုံးလည်းဖြစ်သည်။
နွေဦးရာသီ အိပ်ပျက်ည၊ ဆောင်းဦးရာသီ နွမ်းနယ်မှု၊ နွေဦးရာသီ တရေးအိပ်နှင့် အိပ်ရေးပျက်သော ဆောင်းတွင်းလများ _ _ _ယန်ရှစ်ရွှမ်းတွင် အမျိုးမျိုးသော ခေါင်းစဉ်နှင့် အိပ်စက်ရန် အကြောင်းပြချက်များ ရှိသည်။ သူသည် စိတ်ထဲတွင် သတိလက်လွတ် တွေးတောနေရင်းမှ ကားထဲရှိ အသံများ၊ စကားပြောသံများကို နားထောင်ရင်း အနည်းငယ် အိပ်တစ်ဝက် နိုးတစ်ဝက် အနေအထားမျိုးသို့ပင် ရောက်ရှိသွားသည်။
သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်းချင်းစီ ပေါ့ပါးသွားသည်။ ခန္ဓာကိုယ်ပေါ် ထိန်းချုပ်မှုက ပြောလျော့သွားပြီးနောက်တွင် ဘေးဘက်ခြမ်းသို့ တဖြည်းဖြည်းချင်းစီ စောင်းသွားသည်။
ယန်ရှစ်ရွှမ်းကို အကင်းပါးပါးနှင့် အနီးကပ်စောင့်ကြည့်နေသော ယဲ့လီကလည်း ချက်ချင်းဆိုသလိုပင် သူ၏လက်မောင်းများကို မြှောက်၍ ယန်ရှစ်ရွှမ်း၏ ကျောဘက်သို့ သိုင်းဖက်လိုက်ကာ ကောက်ကွေးနေသော ကိုယ်ကို တည့်မတ်အောင် ပြင်ပေးပြီး သူ၏ပုခုံးပေါ်သို့ စောင်းမှီကာ အိပ်စက်ရန် ပြင်ဆင်ပေးလိုက်သည်။
စီးပွားရေးကားထဲမှ ဧည့်သည်များကလည်း ထိုနေရာမှ အခြေအနေကို သတိမထားကြပေ။
ယန်ရှစ်ရွှမ်း၏ ဖန်သားပြင်အခွဲ၏ အရှေ့မှ ကြည့်ရှုသူများကသာ အေးစက်ကာ ဖြူဖွေးသော အဆစ်အမြစ် ထင်ထင်ရှားရှားနှင့် လက်တစ်ဖက်က ယန်ရှစ်ရွှမ်းအား သိုင်းဖက်လိုက်သည်အား ကူကယ်ရာမဲ့စွာ ကြည့်နေရလေသည်။
အုတ်ဂျုံများက ဟောင်ကြသည်။ ထို့နောက် နေရာတွင်ပင် စငိုကြ၏။
[ဒီကောင်က ဘာလို့ ယန်ကောနဲ့ ကပ်နေရတာလဲ။ ဒီကောင်က ဘာလဲ ငါ အရမ်းသဝန်တိုတာပဲ]
[မဟုတ်သေးဘူး ယန်ကောက အားလုံးအပိုင်နော်။ တစ်ယောက်တည်း အပိုင်လုပ်ဖို့ မစဉ်းစားနဲ့]
[နေပါဦး တိတိကျကျ ပြောရရင် ယန်ကောက ပွဲဦးထွက်ရသေးတာလည်း မဟုတ်ဘူးဆိုတော့ အိုင်ဒေါလ်တွေက ဒိတ်တင်းထွက်လို့ မရဘူးဆိုလဲ အရေးမထားတဲ့ စည်းမျဉ်းနဲ့လည်း ချည်နှောင်လို့ မရဘူးဖြစ်နေတယ်။ သူက လွပ်လပ်စွာနဲ့ ဒိတ်လုပ်ပိုင်ခွင့် ရှိနေတယ်။ ယန်ကောကသာ ကြိုက်တဲ့သူရှိရင် ငါတို့အကောင်းဆုံးကို ဆုတောင်းပေးရမှာပါ ဝူး ဝူး ]
[ဒါက ဒီမနက် ယန်ကောရဲ့ ခြံထဲက အစ်ကိုကြီးထင်တယ်။ သူတို့က ချစ်နေကြတာလား။ နောက်ပြီး အရင်အပိုင်းတွေမှာတည်းက ယန်ကောနဲ့အတူ ရှိရှိနေသလိုပဲ]
[မဟုတ်သေးဘူး လက်ထောက်ဖြစ်လောက်မယ်]
[လက်ထောက်က အိမ်ထဲ ဝင်လို့ရတာလား။ မနက်ပိုင်း ရိုက်ချက်မှာ ယန်ကောက ဒီလူ အိမ်မှာ ပေါ်လာတာကို ကျင့်သားရနေသလိုပဲနော်။ သူတို့ အတူနေတာထင်တယ်]
[ဘာ အတူတောင် နေနေပြီလား။ မဖြစ်ဘူး။ ငါ့ရဲ့နှလုံးသားက ကွဲအက်သွားပြီ]
[ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ ငါ ဒီအစ်ကိုကြီးရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရဘူးဆိုပေမဲ့လည်း သူက အရမ်းချောမယ်လို့ ခံစားမိတယ်။ နောက်ပြီး သူ့ရဲ့ခန္ဓာကိုယ်၊ သူ့ရဲ့အမြင့်က သူဟာ သေချာပေါက် ကြည့်ကောင်းမှာ။ သူက ယန်ကောနဲ့ အတူရပ်လိုက်တဲ့အချိန်မှာ အရမ်းကို လိုက်ဖက်နေတာပဲ။ ဒါကြောင့် ငါ ဒီအစ်ကိုကြီးနဲ့ ယန်ကောကို ပြိုင်လုဖို့ အင်အား မရှိဘူး]
[ငါလည်း ဒီလိုပဲ ဝူး ဝူး]
သို့သော် အုတ်ဂျုံများက ရင်ကွဲနာကျနေသည်ဟု ပြောနေသည့်တိုင်အောင် အချို့သောသူများကမူ အခြားသောဖန်သားပြင်အခွဲများကို ကြည့်ရှုရန် ရိုးရိုးသားသား ထွက်သွားကြသည်။ ကျန်သောသူများက ယန်ရှစ်ရွှမ်း၏ဖန်သားပြင်တွင်သာ ဆက်နေ၍ ယန်ရှစ်ရွှမ်းကို ပွေ့ဖက်ထားသောသူ၏ သန်မာသော ရင်ဘတ်ကိုသာ ထိုင်ကြည့်နေလေသည်။
329 02
အခြားသော ရှည်လျားကာ မှင်ရည်ကဲ့သို့ နက်မှောင်သော ဆံပင်များက ယန်ရှစ်ရွှမ်း၏ နားပေါ်သို့ ပြုတ်ကျသောအခါ နေရောင်အောက်တွင် တရေးအိပ်နေသော ယန်ရှစ်ရွှမ်းအား အေးဆေးပေါ့ပါးပြီး ငြိမ်းချမ်းသလို မြင်ရစေသည်။
နေရောင်က တောက်ပသည်။ ဘေးဘက်တွင် လှပသော မင်းသမီးကလည်း ရှိနေ၏။ လှပလွန်းသဖြင့် မည်သူကမှ မဖျက်ဆီးနိုင်လောက်အောင် ထင်ရသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော အုတ်ဂျုံများက မျက်ရည်များ လျှံတတ်လာသည်။
[သေလိုက်ပါတော့။ ငါလည်း ယန်ကောရဲ့ဘေးမှာ အိပ်ချင်တယ်လေ ဝူး ဝူး ဝူး]
[သွားအိပ် သွားအိပ် အိပ်မက်တွေက ဘာမဆိုဖြစ်နိုင်တယ်]
[အား ဒီအစ်ကိုကြီးနဲ့ ယန်ကောတို့က လိုက်တော့လိုက်သလိုပဲနော်။ သူတို့သာ အတူဆိုရင်တော့ ငါ ငါ ငါ လက်ခံပေးလိုက်မယ်]
[ဘာ မင်းတို့က ချောမောတဲ့ကောင်လေးနှစ်ယောက် ဒိတ်လုပ်တာကို မကြိုက်ဘူးလား။ ငါတော့ ဒီမနက် ယန်ကောရဲ့အိမ်မှာ ရိုက်ကူးတော့ ယန်ကောက ဖရိုဖရဲပုံစံနဲ့ ထွက်လာတာလေ။ တခြားတစ်ယောက်ကလည်း မပျော်မရွှင်ဖြစ်သွားပြီး ယန်ကောကို အထဲကို ချက်ချင်းပြန်ဝင်ခိုင်းပြီး အဝတ်အစားလဲခိုင်းတာ မဟုတ်ဘူးလား။ ငါ မနေ့က သူတို့ရဲ့ တိုက်ပွဲကိုတောင် တွေးမိသွားနိုင်တယ်။ သူတို့ တောက်လျောက် နှိပ်နေခဲ့လောက်တယ်။ အား မင်းတို့ကောင်တွေ စိတ်မလှုပ်ရှားကြဘူးလား]
[ငါ ရုတ်တရက် အရမ်းစိတ်ကူးယဉ်လွန်းတဲ့ လူတစ်ယောက်ကို ရှာတွေ့သွားတယ်။ ငါလည်း တူတူပဲ။ ငါလည်း မထွက်နိုင်သေးဘူး။ ငါ စိတ်လှုပ်ရှားလွန်းလို့ လောက်ကောင်တွေလိုတောင် တွန့်လိမ်နေတာ။ မင်းတို့တွေ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ထာဝရ လက်ထပ်နိုင်ပါစေ။ ပျော်ရွှင်စရာကောင်းတဲ့ ဘဝကိုလည်း ပိုင်ဆိုင်နိုင်ပါစေ]
[မင်းတို့ကောင်တွေ ဂရုတစိုက် ကြည့်ကြတာပဲ။ ငါက မွေးကတည်းက တစ်ယောက်တည်းသမားဆိုတော့ မသိဘူး]
ယဲ့လီကလည်း အုတ်ဂျုံများ၏ ဆွေးနွေးမှုကို မသိပေ။ သို့သော် သူသည် အင်အားတစ်ရပ်ကို ခံစားမိသည်။
သူက ကျီးကန်းငှက်မွှေးများကဲ့သို့ မျက်တောင်ကို အသာပင့်၍ယန်ရှစ်ရွှမ်း၏ ပုခုံးပေါ်မှ ဖန်သားပြင်အခွဲကို စိုက်ကြည့်လိုက်သည်။
ထိုအကြည့်က အလွန်အမင်း စူးရှသည်။
ကြားထဲတွင် ဖန်သားပြင် မခြားနေခဲ့ပါက ယန်ရှစ်ရွှမ်းအပေါ် မကောင်းသော ရည်ရွယ်ချက် ရှိသူများ ရှိနေခဲ့ပါက ထိုအချက်ကတင် ပြင်းထန်လွန်းသည့် ခေါင်းကိုက်ဒဏ်ကို ခံစားရစေနိုင်သည်။
သို့တိုင်အောင် အုတ်ဂျုံများက ချက်ချင်းလိုလို တိတ်သွားသည်။ ဖန်သားပြင်အခွဲက ဗလာဖြစ်သွားသည်။ ကွန့်မန့်ပင် တစ်ခုမရှိတော့ချေ။
ယဲ့လီက ထိုဖန်သားပြင်ကို တစ်ခဏခန့် စိုက်ကြည့်သည်။ ထို့နောက် မျက်မှောင်အသာကြုတ်သည်။ ထို့နောက် ခေါင်ကို ပြန်စောင်း၍ ပုံမှန်အတိုင်း ယန်ရှစ်ရွှမ်းကိုသာ ငုံ့ကြည့်နေလိုက်သည်။
ယခုလေးတင် ကြောက်လန့်လွန်းသဖြင့် အသက်ကောင်းကောင်း မရှူနိုင်သော အုတ်ဂျုံများက စိတ်အေးစွာ သက်ပြင်းချလိုက်ကြသည်။ သို့သော် သူတို့၏နှလုံးသားက အခုန်နူန်းမြန်ဆန်နေသည်။
【အရမ်းကြောက်ဖို့ကောင်းလိုက်တာ ဝူး ဝူး။ ယန်ကောရဲ့ကောင်လေးက ကြောက်ဖို့ကောင်းတယ်】
【ဒါက ဘုရင်မ အရှိန်အဝါလား】
【မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ငါ ယန်ကောကို မလုတော့ပါဘူး ငါ မလုတော့ပါဘူး။ တကယ်ပါ ဒီနေ့ကစပြီး ငါက ယန်ကောရဲ့ အလုပ်က ပရိတ်သတ်ပါပဲ။ ဝူး ဝူး ငါ အရမ်းကြောက်နေပြီ။ ဒီလူကနေ ဘယ်သူကများ ယန်ကောကို လုယူရဲမှာလဲ】
【ငါ အခုလေးတင် ငါ့ရဲ့ဝိဉာဉ်က ဖောက်မြင်ခံရသလိုမျိုး ခံစားလိုက်ရတယ်။ ငါ ငယ်ငယ်ကတည်းက လုပ်ထားဖူးတဲ့ မကောင်းတဲ့ ကိစ္စတွေကိုတောင် ထုတ်ပြောချင်မိသွားတယ်။ ငါ တကယ် သေအောင် ကြောက်သွားတယ်။ အရမ်း အရမ်း အရမ်းကို အန္တရာယ်များတယ်နော်။ ဒါပေမဲ့ ငါ စခရင်ရှော့တွေတော့ ရိုက်လို့မရလောက်ဘူး။ ငါ့လည်း သူ့ရဲ့ရုပ်ရည်ကို မြင်ချင်တယ်လေ။ ယန်ကောနဲ့ တန်မလားလို့ သိချင်တာ 】
329 03
【အရမ်းထူးဆန်းတာပဲ။ ငါ သူ့ရဲ့ရုပ်ကို မြင်လိုက်ပါတယ်။ ဒါပေမဲ့ သူ့အလှကြောင့်လည်း သွားတာ အမှန်ပဲ။ ဒါပေမဲ့ ရုတ်တရက် ငါ မေ့သွားပြန်ပြီ။ မမှတ်မိတော့ဘူး။ ငါ့ရဲ့မှတ်ဉာဏ်က ဝေဝါးနေပြီ】
[ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ငါလည်း တူတူပဲ။ ငါ အိပ်မက်က နိုးထလာသလိုမျိုး ဖြစ်သွားတာ။ ငါ ရှင်းရှင်းလင်းလင်း မြင်လိုက်ပါတယ်။ ဒါပေမဲ့ ငါ ရုတ်တရက်ကြီး မေ့သွားပြန်ရော]
******