Ch 50
Viewers 8k

အပိုင်း (၅၀) 


ရေပူစမ်းဥယျာဉ်ထဲမှ သရဲများ

ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤကိစ္စသည် အနီနှင့်အဖြူကြားမှ စီးချင်းတိုက်ပွဲဖြစ်သည်။ ဒီအနီအဖြူသရဲနှစ်ကောင်သည် မြောင်ရှမ်ပညာရပ်တွင် ဖော်ပြထားသော အလွန်ရင်ဆိုင်ရန်ခက်သည့် အန္တာရယ်ရှိအခြေအနေဖြစ်သည်။ အနီရောင်သရဲသည် မင်္ဂလာပွဲနေ့တွင် သေဆုံးသွားခဲ့သော သတို့သမီးဖြစ်ပြီး အနီရောင်နှင့် ရစ်ဖွဲ့ထားခံရပြီး ခါးသီးသောခံစားချက်နှင့် ကြောက်မက်ဖွယ် အမုန်းတရားတို့ရှိနေသော တစ္ဆေဖြစ်သည်။ အဖြူရောင်သည် အလွန်စွမ်းအားကောင်းသော ရေသရဲဖြစ်ပြီး မြေပြင်ပေါ်တွင်လည်း သွားလာနိုင်ကာ မတော်တဆမှုဖြင့် သေဆုံးသွားသော်လည်း ကောင်းမွန်စွာ မြှပ်နှံမခံရသော လူငယ်တစ်ယောက် ဖြစ်နိုင်သည်။

တစ်ကောင်မှာ အသုဘအခမ်းအနားမလုပ်ရ၍၊ တစ်ကောင်မှာ မင်္ဂလာအခမ်းအနားအထမမြောက်၍။ ထိုသရဲနှစ်ကောင်မှာ မည်သူမျှ ကျွတ်လွတ်ရန် ဆန္ဒမရှိကြပေ။ ကျန်းလော်သည် “အနီနှင့်အဖြူရောင် တစ္ဆေသရဲများ” ဆိုသည့် စာအုပ်ကိုဖတ်ဖူးထားပြီး ၎င်းတို့ကိုကိုင်တွယ်ရန် အလွန်ခက်ခဲသည့် နေရာအစီအရင်နှင့် အင်းကွက်များလိုမည်ဖြစ်သည်။ ထိုဆန့်ကျင်ဘက်နှစ်ခုပူးပေါင်းဆုံစည်းနေသည်နှင့် ကြုံလိုက်လျှင် သင့်တွင်အင်အား အလုံအလောက်မရှိပါက သေဖို့သာစောင့်နေရမည်ဖြစ်သည်။ 

လုယုံရိသည် အရှက်မရှိစွာဖြင့်

“ငါတစ်ယောက်ထဲသာဆို ဘာလုပ်လို့လုပ်ရမှန်း မသိဘူးရယ် အခုလိုမင်းတို့နဲ့ အတူလုပ်ရမယ်ဆိုတော့ မကြောက်တော့ဘူး ဟီး”

လူတိုင်းသည် သူ့ကိုကြည့်၍ ဝါးစားပစ်လိုက်ချင်သလို အံကြိတ်ထားသော်လည်း ဘာမှမတတ်နိုင်တော့ပေ ‘ရောက်တောင်ရောက်နေပြီကို ပါတီလည်း လုပ်ဦးမှာ လက်ခံလိုက်ပါမယ်လေ’

“အလုပ်လုပ်ဖို့က ညနေထိအောင်စောင့်ရဦးမယ်” 

ကျန်းလော်သည် ထိုသို့ပြောလိုက်ပြီးနောက်

“ငါတို့ကို အရင်ဆုံး ပျော်ခွင့်ပေးမယ်ဟုတ်”

လုယုံရိသည် သွားဖြူဖြူကြီးပေါ်အောင် ပြုံးဖြဲပြပြီး

“ဒါပေါ့”

သူတို့သည် အသီးသီးကိုယ့်အခန်းကိုဝင်သွားလိုက်ပြီး အထုတ်များချကာ ရေပူစိမ်ရန်သွားဖို့ ပြင်ဆင်ကြသည်။ ကျန်းလော်သည် ရေချိုးလိုက်ပြီး တည်းခိုဆောင်မှပေးသော အဝတ်များဝတ်လိုက်သည်။ တည်းခိုဆောင်သည် သူတို့ကို ရေချိုးခန်းဝတ်ရုံ၊ သဘက်များ၊ အတွင်းခံများပြင်ဆင်ပေးထားသည်။ မဆိုးသော်လည်း အတွင်းခံများသည် မဆိုသလောက်သေးနေသောကြောင့် ကျန်းလော်သည် အနည်းငယ်ကျပ်သလို ခံစားရသည်။ 

သူသည် အမြဲလိုလို သူ့ခန္ဓာကိုယ်ကို ကျေနပ်နေသူဖြစ်ပြီး အားကစားပုံမှန်လုပ်နေသောကြောင့် ယခုဆိုလျှင် သူ့ခန္ဓာကိုယ်သည် ကြွက်သားများနှင့် ဖုံးအုပ်နေပြီး လုံးဝအမိုက်စားဖြစ်နေသည်။ ကျန်းလော်သည် ရေချိူးခန်းထဲရှိ ကိုယ်လုံးပေါ်မှန်တွင်ကြည့်၍ ရေချိုးခန်းဝတ်စုံကိုခြည်လိုက်ပြီး ကိုယ့်ကိုကိုယ်ကြည့်ရင်း ဂုဏ်ယူလာသည်။ အနက်ရောင်ဆံပင်ရှည်တွင် ရေတစ်စက်စက်ကျနေ့ပြီး နှုတ်ခမ်းကိုလှပစွာကွေးလိုက်သည်။ မျက်လုံးများတောက်ပနေကာ နှစ်နှစ်ဆယ်ကျော် မြင်နေကျဖြစ်သောမျက်နှာကို ကျန်းလော်မှာ ကြည့်မဝနိုင်ဖြစ်နေသည်။ မူရင်းစာအုပ်ထဲမှ အမြောက်စာ ကျန်းလော်သည် သူနှင့်တစ်ထပ်ထဲတူနေသည်။ 

“ငါ ချိန်ကိုက်ဗုံး ချီယုံကို ရှင်းပြီးသွားရင်တော့ ငါ့ကိုယ်ပိုင် အချစ်ပိုးကောင်လေးရှာပြီး အနားယူပစ်လိုက်တော့မယ်”

သူ့နောက်တွင် သတိမထားမိနိုင်လောက်သော အင်္ကျီကော်လံအောက်တွင် မမြင်နိုင်သော လေအစုအဝေးလေးတစ်ခု ဝင်သွားသည်။ ထိုအရာသည် ကျန်းလော်ပြောသည်ကို ကြားပြီးနောက် ကျန်းလော်၏ ကော်လာတွင် ထွက်မသွားဘဲတွယ်နေတော့သည်။ 

လုယုံရိသည် တံခါးကိုထု၍ 

“ကျန်းလော် မြန်မြန်လုပ်”

ကျန်းလော်သည် ဆံပင်ကို အနောက်ထိလှန်သပ်လိုက်ပြီး ရေချိုးခန်းထဲမှ ပျင်းတိပျင်းရွဲထွက်လာသည်။ တည်းခိုဆောင်တွင် အဓိကမှာ ရေပူစမ်းဖြစ်သည်။ အတွင်းဘက်ခြမ်းသည် အမျိုးသား၊ အမျိုးသမီး ခွဲခြားထားပြီး ကိုယ်လုံးတီးရေစိမ်သည့်နေရာဖြစ်သည်။ အပြင်ဘက်မှာမူ ရှုခင်းများရှုစားနိုင်ပြီး ကျားမမရွေးအတူရေစိမ်၍ရကာ အဝတ်ဝတ်ထားရမည်ဖြစ်သည်။ 

ပုံမှန်အားဖြင့် သန့်ရှင်းစေရန်နှင့် ပြဿနာမများစေရန် လာရောက်လည်ပတ်သူများသည် အတွင်းဘက်၌သာ ရေစိမ်ကြသည်။ သူတို့အဖွဲ့လိုက် စိမ်လို့ရအောင် ကြီးသောကန်ကြီး တွေ့ပြီးနောက် အားလုံးထိုကန်ထဲမှာပင် စကားတပြောပြောဖြင့် ရေစိမ်ကြသည်။ ကန့်နံ့ထွက်နေသော ရေပူများနှင့် ရေပူစမ်းငွေ့များသည် သူတို့၏ဝိဉာဉ်ကိုပင် ပျော့ပြောင်းသက်သာသွားစေသည်။ 

ဝမ်ယမ်လန်သည် ကျန်းလော်ကို ရေတစ်ပုလင်းလှမ်းပေးလိုက်သည်။ ကျန်းလော်သည် ရေဘူးလှမ်းယူရင်း ဝမ်ယမ်လန်ကို ကြည့်၍ 

“ဝမ်ယမ် မိုက်နေရောပဲ”

ဝမ်ယမ်လန်၏ ခန္ဓာကိုယ်သည် ပုံမှန်အားဖြင့် အမျိုးသမီးအဝတ်အစားများကြောင့် အလွန်ပိန်သလိုမြင်ရသော်လည်း ထိုအဝတ်များမပါသောအခါ သူသည် အရပ်ရှည်ပြီး ရှိသင့်ရှိထိုက်သော အရာများအကုန်ရှိကာ ခန္ဓာကိုယ်တောင့်သော သူဖြစ်လေသည်။ 

“ကြိုက်လို့လား”

ဝမ်ယမ်လန်သည် ခပ်ထေ့ထေ့ရယ်လိုက်ပြီး နောက်တစ်ကြာင်းထပ်ပြောလိုက်သည်။

“ငါတို့ ဒီညစမ်းကြည့်လိုက်ကြမလား ဟမ်”

“စမ်းကြမယ်လေ”

ကျန်းလော်သည် မေးစေ့ကို ပွတ်လိုက်ပြီး 

“ငါက အပေါ်ကဘဲနေမှာနော်”

ဝမ်ယမ်လန်သည် သက်ပြင်းချလိုက်ပြီး 

“တိုက်ဆိုင်လိုက်တာ”

ခွမ်ကျိန်းသည် ရေထဲတွင် ငုပ်နေရာမှ ထလာပီး 

“အပေါ်ကနေတယ်ဆိုတာ ဘာကိုပြောတာလဲ”

ကျန်းလော်နှင့် ဝမ်ယမ်လန်တို့သည် ခနမျှတိတ်ဆိတ်သွားကြပြီး ဝါးလုံးကွဲအော်ရယ်ကြသည်။ ဝမ်ယမ်လန်သည် ခွမ်ကျိန်းဘက်လှည့်ပြီး သူ့နှုတ်ခမ်းကိုလက်ညိုးနှင့် ပိတ်ပြကာ 

“ဒါက ကလေးတွေ သိရမဲ့ဟာမဟုတ်ဘူး”

ခွမ်ကျိန်းသည် သူ့ကို သိချင်စွာဖြင့်ကြည့်လိုက်သည်။ တစ်ဖက်တွင် လုယုံရိနှင့် ဆိုင်လျောင်အာတို့ သီချင်းဆိုနေကြသည်။ ဆိုင်လျောင်အာ၏ အသံသည် ကောင်းချီးပေးခံထားရသည်မှာ အမှန်ဖြစ်ဟန်တူသည်။ ပြီးပြည့်စုံပြီး မမေ့နိုင်ဖွယ်သာယာလွန်းသည်။ ကျန်းလော်သည် အိပ်ချင်လာပြီး မျက်လုံးများဝါးလာကာ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေကာ အသံများသဲသဲကွဲကွဲ မကြားဘဲ လိုက်ပြုံးပြနေသည်။ 

ချီရယ်သည် ကျန်းလော်ကိုသာ တလျှောက်လုံးငေးနေသည်။ ကျိုးကျုံးချိုးသည် သူ့ကိုရုတ်တရက်ကြီး မေးလိုက်သည်။

“နင်ဘာလို့ တစ်ချိန်လုံး ကျန်းလော်ကိုပဲ ကြည့်နေရတာလဲ”

ချီရယ်သည် ပါးများနီရဲလာပြီး ကန်ထဲမှပင်ခုန်ထွက်မိမတက် ဖြစ်သွားကာ

“ငါသူ့ကို ကြည့်မနေပါဘူး”

ကျိုးကျုံးချိုးသည် မျက်စောင်းထိုးလိုက်ပြီး 

“ဒါလေးမေးတာကို ဘာလို့တအားတွေ စိတ်လှုပ်ရှားနေရတာလဲ”

ပြန်ပြောရန်ပြင်နေသော ချီရယ်သည်  စကားများကို ပြန်မျိုချလိုက်ပြီး အောက်ငုံလိုက် အပေါ်ကြည့်လိုက်ဖြစ်နေကာ ကျန်းလော်မရှိသည့် ဘက်ကို ကြည့်နေလိုက်တော့သည်။ ထို့နောက် သူသည် ကျန်းလော်ကို ပွစိပွစိနှင့် တိုးတိုးတိုးတိုး တစ်ယောက်ထဲပြောတော့သည်။

“ငါက မင်းကိုစကားတောင် မပြောချင်တာ ဘာလို့ကြည့်ရမှာလဲ ဟွန်းး”

‘ဒါပေမဲ့ ငါမကြည့်ဖို့ကြိုးစားလေ ပိုကြည့်ချင်လေ ဖြစ်နေတယ်လို့’

ချီရယ်သည် ဘေးမှ ကျိုးကျုံးချိုးကို ကြည့်လိုက်ရာ သူ့ထံအာရုံမရှိသည်ကိုတွေ့လိုက်ရသောကြောင့် အလျင်အမြန် ကျန်းလော်ကို ခိုးကြည့်လိုက်သည်။ ထိုအချိန်တွင် ကျန်းလော်သည် မထင်မှတ်ထားဘဲ ရေကန်ထဲမှထရပ်လိုက်ပြီး မျက်လုံးတစ်ဝက်မှိတ်နေကာ 

“ငါအိပ်ချင်လာပြီ အရင်သွားအိပ်လိုက်တော့မယ်ကွာ”

အကုန်လုံးကိုပြောလိုက်ပြီး ကျန်းလော်သည် ဖြေးဖြေးချင်းထွက်သွားလိုက်သည်။ သူသည် ကန်ဘောင်ပေါ်တွင် သဘက်အသန့်တစ်ထည် ယူပြီးသုတ်လိုက်ကာ ပြီးမှသတိရဟန်ဖြင့် တခြားသူများဘက်လှည့်ပြောလိုက်သည်။

“ရေပူစမ်းအကြာကြီးစိမ်တာ မကောင်းဘူးနော်”

ကျန်းလော်သည် အိပ်ချင်မူးတူးနှင့် စိုလဲ့နေသော မျက်လုံးအစုံဖြင့် မျက်မှောင်ကြုံ့လိုက်ပြီး 

“ငါ့ကို လာအော်မနိုးကြနဲ့ မင်းတို့ ပြန်တော့မယ်ဆိုရင်တောင် လာမနိုးနော်”

ကောကျူသည် ရယ်ကျဲကျဲဖြင့် 

“ငါတို့သရဲဖြစ်သွားရင် မင်းဆီကို လေးဘက်ထောက်ပြီးလာခဲ့မှာ စိတ်မပူနဲ့”

ထိုကဲ့သို့သော သူငယ်ချင်း စကားများသည် ကျန်းလော်ဘဝတွင် တစ်ကြိမ်မျှ မကြုံဖူးခဲ့ပေ၊ သို့သော် ထိုသို့ တစ်ယောက်တစ်ခွန်းပြောရသည့် ခံစားချက်မှာ မည်သို့ပြောရမည်မသိ သေချာတာကတော့ ပျော်သည်။ ကျန်းလော်သည် စိတ်ကြည်စွာဖြင့် အခန်းသို့ပြန်သွားပြီး အိပ်လိုက်သည်။

ကျန်းလော်သည် နေဝင်ချိန်ကုန်သွားပြီး ညရောက်လာချန်မှသာ နိုးလာတော့သည်။ ကျန်းလော်သည် မျက်တောင်ခတ်ပြီး ပြတင်းပေါက်ကိုကြည့်လိုက်သည်။ နေဝင်သွားပြီဖြစ်၍ လေအေးလေးတိုက်နေကာ ခေါင်းလောင်းပန်းများကို ကောင်းကင်အောက်တွင် လှလှပပမြင်လိုက်ရသည်။ ကျန်းလော်သည် သူ့ဖုန်းကို ကြည့်လိုက်ရာ ၇နာရီထိုးသွားပြီဖြစ်သည်။ 

တခြားသူများသည် အခန်းသို့ပြန်အိပ်နေကြပြီဖြစ်သည်။ ကျန်းလော်သည် အိပ်ရာပေါ်မှထပြီး မီးဖွင့်လိုက်သည်။ မီးဖွင့်လိုက်သောအခါ ခုနကမြင်ရသည်ထက် အပြင်မှာပိုမှောင်နေသည်မှာ လူများကိုဝါးမျိုပစ်လိုက်ရန် အလစ်ချောင်းနေသော မကောင်းဆိုးဝါးနှင့် တူလှသည်။ ကျန်းလော်သည် ပြန်လှဲနေလိုက်ပြီး တံခါးနှင့် ပြတင်းပေါက်တွင်ကပ်ထားသော အပနှင်အဆောင်စာရွက်နှင့် မကောင်းဆိုးဝါးနှိမ်နှင်းသည့် မန္တာန်စာရွက်ကို စစ်လိုက်သည်။ ထိုစာရွက်များ အကောင်းတိုင်းရှိနေသည်ကို သေချာစစ်ပြီးနောက် ညစာစားရန်ထသွားလိုက်သည်။ 

သူထွက်သွားပြီးနောက် တံခါးပိတ်လိုက်လျှင် ပိတ်လိုက်ချင်း လေပြင်းတစ်ချက်ဆောင့်တိုက်သွားပြီး အဆောင်စာရွက်သည် ထိုလေကိုခုခံရင်း ပျက်စီးသွားတော့သည်။ အဆောင်စာရွက်အောက်မှ မီးတောက်လေးတောက်လာပြီး အဆောင်လေးသည် ပြာဖြစ်သွားတော့သည်။ 

ကျန်းလော်သည် တစ်ယောက်ထဲညစာစားပြီး ခြံဝန်းထဲသို့ပတ်ကြည့်လိုက်ကာ နာရီဝက်လောက် လမ်းလျှောက်နေလိုက်သည်။ အစာကြေသွားသောအခါ ရေပူစမ်းစိမ်ရန် ခန်းမအလယ်ရှိ ကန်အသေးထဲသို့ ဝင်လိုက်သည်။ 

ရေပူစမ်းမှ ရေအပူချိန်သည် 38degreeC ဖြစ်ပြီး မပူလွန်းမအေးလွန်းပဲ အနေတော်ဖြစ်သည်။ ကျန်းလော်သည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ကန်အစွန်းကိုမှီ၍ ရှားရှားပါးပါး တစ်ယောက်ထဲ အချိန်ကုန်ဆုံးရန် နေလိုက်သည်။ ယေဘူယျအားဖြင့် ရေပူစမ်းမှ ရေများအပူချိန်ကျလာတတ်သည် ဆိုဦးတော့ ကျန်းလော်စိတ်ထဲတွင် တစ်ခုခုမှားနေသလို ခံစားနေရသည်။ သူသည် မျက်လုံးများဖွင့်ကြည့်လိုက်ပြီးနောက် ရေပူစမ်းမျက်နှာပြင်တွင် မြူများတအားဆိုင်းနေသည်ကို တွေ့လိုက်ရသည်။ ထိုမြူများသည် ပုံမှန်မဟုတ်စွာအေးခဲစေသော အငွေ့များကဲ့သို့ ချမ်းတုန်လာစေသည်။ ကျန်းလော်သည် လျင်မြန်စွာ ရေပူစမ်းထဲမှ ထွက်လိုက်ကာ ငုံ့ကြည့်လိုက်သောအခ ရေပူစမ်းသည် ရေခဲကန်အဖြစ်သို့ပြောင်းနေပြီး ဖြစ်သည်။ 

ကျန်းလော်သည် သဘက်ကြီးတစ်ထည်ယူ၍ ကိုယ်ကိုပတ်လိုက်ကာ ဆဲလိုက်သည်။

“ချီးပဲဟေ့”

သူသည် သဘက်ကို တစ်ကိုယ်လုံးလုံအောင်ပတ်ရန် လက်မြှောက်လိုက်ရာ သူ့လက်မောင်းနှစ်ဖက်ကို နောက်မှချုပ်ထားသလို ထိန်းချုပ်ခံလိုက်ရသည်။

ထိုလူ၏လက်များသည် အားကောင်းပြီး လက်ချောင်းများသည် သေခြင်းတရားနိမိတ်လို နူးညံ့ချောမွတ်နေကာ ကျန်းလော်ထက် ခေါင်းတစ်လုံးပိုရှည်ပုံပေါ်သည်။ ထိုအချိန်တွင် အဲ့ဒီသူသည် ကျန်းလော်ကိုယ်ပေါ်သို့ မှီချလာသည်။ လရောင်သည် ပြတင်းပေါက်ကိုဖြတ်၍ သူတို့နှစ်ယောက်ကိုယ်ပေါ်သို့ ကျနေပြီး တရုတ်မန်းဒရင်းဘဲနှစ်ကောင်ပုံသည် သူတို့လည်ပင်းဆီမှာ တက်တူးထိုးသလိုပေါ်လာသည်။ ကျန်းလော်သည် ရေခဲသွားသော ရေပူစမ်းကန်ဘောင်တွင် ရပ်နေသောကြောင့်နှင့် ထိုအရာသူ့ပေါ်မှီလာသောကြောင့် ခိုက်ခိုက်တုန်အောင် ချမ်းနေလေပြီ။ ထိုလူသည်လည်း ဆံပင်အမည်းနှင့်ဖြစ်ကာ ထိုသူသည် ကျန်းလော်ပါးကိုပုတ်၍ နားနားကပ်ကာ ခိုးခိုးခစ်ခစ်ရယ်၍

“အချစ်ဟောင်းကို ပစ်ပြီး အသစ်ရှာမလို့ဆို ဟုတ်လား ပြောပါဦး”

ယင်ယန်လက်ကောက်သည် သုံးကြိမ်ခါယမ်းသွားပြီး မြွေတစ်ကောင်ထွက်လာကာ ကျန်းလော်နောက်ရှိ သူကိုဖမ်းဖို့လုပ်လိုက်သည်။ ကျန်းလော်သည် လွတ်သွားပြီးနောက် နောက်လှည့်ကြည့်လိုက်ရာ ဘာမှမတွေ့ရတော့ပေ။ သူ့မျက်လုံးမှ ဓားသွားများပျံထွက်လာတော့မတတ် ဒေါသကြီးနေကာ ထောင့်တွေအထိအကုန်လိုက်ကြည့်နေသည်။ သို့သော် ဘာကိုမျှရှာမတွေ့ချေ။ 

ကျန်းလော်သည် မြွေခေါင်းကိုပွတ်ပေးလိုက်ရာ မြွေသည် လက်မောင်းမှာလာပတ်ပြီး ကျောက်စာချပ်ကဲ့သို့ ကြမ်းတမ်းသောလျှာဖြင့် ကျန်းလော်ပါးကိုလျက်လိုက်သည်။ ထိုသို့သော အစောင့်အရှောက်များမှာ တပည့်ကလေးငယ်လေးများကဲ့သို့ ချွဲရသည်ကို နှစ်သက်လေသည်။ မည်သည်ကိုမှ ရှာမတွေ့သောအခါ မြွေသည် လက်ကောက်အတွင်းသို့ ပြန်ဝင်သွားသည်။ ကျန်းလော်သည် ခေါင်းသုတ်လိုက်ပြီးနောက် ထိုနေရာမှ ထွက်ခဲ့ကာ

“ပြေးတာများ မှုန်နေတာပဲ................”

သူ့အသံသည် မတိုးသလို လူတိုင်းကြားနိုင်လောက်သည်။ ထို့နောက်သူသည် ထေ့ငေါ့၍ ဒေါသမပါသောအသံဖြင့်

“ဘယ်အချိန်ထဲကများ ဆရာချီပြန်ကောင်းလာပြီး ဘာကြောင့် ကျွန်တော့နောက်လိုက်နေတာလဲ သိလို့ရမလား၊ မစ်စတာချီရဲ့ ဝန်ခံချက်ကတော့ တကယ်ကိုရင်ထဲထိသွားတယ်ဗျာ”

ကျန်းလော်သည် ချီယုံတစ်ယောက် သူ့နောက်ကို ယွမ်ထျန်းကျူးနှင့် ရုပ်ထုနှလုံကြောင့် လိုက်နေမှန်းသိသော်လည်း မသိချင်ယောင်ဆောင်ပြီး ထိုမကောင်းဆိုးဝါးကို သွားဆွပြန်သည်။

သူသည် ထိုမကောင်းဆိုးဝါးတိုက်ခိုက်လာလျှင် ပြန်တုန့်ပြန်ရန် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ထူးဆန်းစွာပင် ဘာမှဖြစ်မလာပဲ သူတစ်ယောက်ထဲသာ ခန်းမအလယ်တွင်ရပ်နေသည်။ ချီယုံစိတ်များပြောင်းသွားသလား၊ ကျန်းလော်သည် ဝိရောဓိဖြစ်စွာဖြင့် ခနခန နောက်လှည့်ကြည့်မိနေသည်။ 

‘ချီယုံက ဘာလုပ်ချင်နေတာလဲ’

ကျန်းလော်သည် မလုံခြုံစွား ထမင်းစားခန်းသို့ သွားလိုက်ရာ ထမင်းစားခန်းတွင် သူ့သူငယ်ချင်းများညစာစားနေကြသည်ကို တွေ့လိုက်ရသည်။ ကျန်းလော်သည် ဝင်ထိုင်လိုက်ပြီး အမှတ်တမဲ့ပဲ ရေတစ်ခွက်ငှဲ့လိုက်ရင်း တစ်ယောက်ပျောက်နေသည်ကို သတိထားမိသွားကာ

“ဆိုင်လျောင်အာရော”

ကောကျူသည် ကြက်ပေါင်ကို တတိတိကိုက်ရင်း 

“ငါအိပ်နေတုန်း သူအရင်ထွက်သွားတာပဲ ဘယ်သွားလဲတော့မသိဘူး အခုထိပြန်မလာသေးဘူး”

ထိုသို့ပြောပြီးနောက်မှာပဲ လူတစ်ယောက်ထမင်းစားခန်းထဲသို့ ဝင်လာသည်။ ရွှေရောင်ဆံပင် အပြာရောင်မျက်လုံးနှင့် ဆိုင်လျောင်အာ ပင်ဖြစ်သည်။ ဆိုင်လျောင်အာ၏ အမူအယာသည် ထုံထိုင်းနေပြီး မျက်လုံးများမှာအသက်မဲ့နေကာ ရှေ့မှလူများကို မမြင်သလိုဖြတ်သွားပြီး လှေကားဆီသို့ တန်းသွားလိုက်သည်။ 

ကျန်းလော်တို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး ကောကျူသည် အသံကို အသားကုန်မြှင့်ကာ အော်ခေါ်လိုက်သည်။

“ဆိုင်လျောင်အာ”

ထိုအသံကိုကြားပြီးနောက် ဆိုင်လျောင်အာသည် ဆတ်ခနဲတုန်သွားပြီး လိပ်ပြာပြန်ဝင်လာသလို အသိဝင်လာသည်။ သူသည် ခေါင်းကိုကုတ်လိုက်ပြီး သူ့ကောင်းကင်ရောင်မျက်လုံးများသည် ရှုပ်ထွေးမှုနှင့် ကြောင်စီစီဖြစ်နေသည်။ သူသည် နောက်လှည့်ပြီး သူ့သူငယ်ချင်းများကိုကြည့်၍ အပြုံးအကြီးကြီးပြုံး၍ အားရဝမ်းသာ နှုတ်ဆက်လိုက်သည်။

“ငါ့ကောင်တို့ မင်္ဂလာညနေခင်း”

အားအင်ပြည့်ဝနေကာ စောနကနှင့် လားလားမျှမဆိုင်သော ပုံစံဖြင့် နှုတ်ဆက်လိုက်သည်။ 

ကောကျူသည် ဆိုင်လျောင်အာနဖူးပေါ်သို့ လက်တင်၍ ဂါထာများရွတ်ကာစမ်းလိုက်သည်

“ဝိဉာဉ်လဲ မပျောက်ပါဘူး”

ဆိုင်လျောင်အာသည် ကြောင်အစွာဖြင့်

“ကော မင်းဘာတွေလုပ်နေတာလဲ”

ကျန်းလော်ကမေးလိုက်သည်။

“မင်းဘယ်တွေသွားနေတာလဲ”

ဆိုင်လျောင်အာသည် ရိုးရိုးသားသားပြန်ဖြေလိုက်သည်။

“ရုပ်ရှင်သွားကြည့်နေတာ”

“အခုနကခေါ်နေတာ ဘာလို့ပြန်မထူးတာလဲ”

ဆိုင်လျောင်အာသည် စိတ်ရှုပ်ထွေးစွာဖြင့်

“ငါလည်း မသိဘူးလေ မကြားလိုက်လို့နေမှာ”

ကျန်းလော်နှင့် တခြားသူများသည် သူအမှန်ပြောနေကြောင်း သေချာသွားမှသာ သက်ပြင်းချနိုင်တော့သည်။ သူတို့သည် မုန့်များစားရင်း စကားပြောရင်း အလုပ်စရတော့မည့် အချိန်ကိုစောင့်နေသည်။ ထိုအနီအဖြူသရဲကိစ္စတွင် သူတို့ထဲမှ တစ်ကောင်မှနောက်မဆုတ်လျှင် ထိုသရဲနှစ်ကောင်သည် ဤနေရာတွင်ပင် နယ်မြေလုရင်း နေသွားကြတော့မှာ ဖြစ်သည်။ ထိုသရဲနှစ်ကောင်ပေါ်လာသောအခါတွင် သူတို့မျှော်နေသည့် အချိန်ရောက်လေပြီ။ 

#####