အပိုင်း (၅၆)
ဟေးဝူချန်
သူတို့ပြောနေကြတုန်းတွင် စိုင်လောင်အာသည် အိပ်ပျော်သွားသည်။ ကျန်းလော်သည် ဒီတစ်ကြိမ်တွင် သူ့ကို မနှိုးတော့ပေ။ သူသည်တခြားသူများကိုလည်း တိတ်တိတ်ဆိတ်ဆိတ်နေကြဖို့ ပြောလိုက်ပြီး ကိုယ့်နေရာကို ပြန်ပြီး ငါးဆက်မျှားလိုက်သည်။ သုံးနာရီကြာသွားပြီးနောက် စိုင်လောင်အာသည် ပြန်နိုးလာတော့သည်။
မှောင်နေပြီဖြစ်ပြီး လသည်သစ်ပင်ထိပ်သို့ ရောက်နေပြီဖြစ်သည်။ စိုင်လောင်အာသည် ဖြည်းဖြည်းချင်းမျက်တောင်ခတ်လိုက်သည်။ သူသည်အိပ်ချင်မူးတူးဖြစ်နေတုန်းပင်။ သူနိုးလာသောအခါ ကျန်းလော်သည်ဘာမှ မပြောပေ။ ထို့နောက် ခြင်းထဲမှငါးများကို ကန်ထဲသို့ပြန်လွတ်လိုက်ပြီး
“လာလေ သွားစားရအောင်”
စိုင်လောင်အာသည် နောက်ဆုံးတွင် အားအနည်းငယ်ပြည့်သွားသည်။ သို့သော် သူသည် စားပြီးသည်နှင့် ခေါင်းငိုက်စိုက်ပြန်ဖြစ်သွားကာ ထပ်ပြီးအိပ်ပျော်တော့မလိုဖြစ်နေသည်။ ကျန်းလော်သည် ယခုအချိန်တွင် သူ့ကိုကြည့်ပြီး စိုးရိမ်လာသည်။
သူသည် သူ့နားမှလူများ၏ ထူးဆန်းမှုသည် ချီယုံ့စနက်များလားလို့ သံသယဝင်လာသည်။ ချီယုံ့အကြောင်းတွေးလိုက်သည်နှင့် ကျန်းလော်သည် ရင်တလှပ်လှပ်တုန်လာကာ နောက်တစ်ခေါက် ချီယုံ့ထောင်ချောက်ထဲကျသွားမှာ ကြောက်လာသည်။ ကျန်းလော်သည် တည့်တည့်ပဲပြောလိုက်သည်။
“စိုင်လောင်အာကတော့ ပုံမှန်မဟုတ်တော့ဘူး သူဒီညအိပ်ပျော်သွားရင် ငါတို့သူ့ဘေးမှာနေပြီး ဘာဖြစ်မလဲ စောင့်ကြည့်ရအောင်”
လူအုပ်ကြီးသည် သဘောတူလိုက်ပြီး ညရောက်သောအခါ စိုင်လောင်အာသည် သူတို့ထိုင်နေရာ ဇရပ်ထဲရှိ အိပ်ရာပေါ်တွင် လှဲလျောင်းနေပြီး သူတို့သည် စိုင်လောင်အာအိပ်နေရာကိုဝိုင်းကာ ပိုကာဒေါင်းနေကြသည်။ ရွှေအိုရောင်ဆံကောက် ကောင်လေးသည် သူတို့နှင့်အတူဆော့ချင်၍ ပြူးတူးပြဲတဲ မျက်လုံးအတင်းဖွင့်ထားပါသော်လည်း နောက်ဆုံးတွင် အိပ်မောကျသွားသည်။ ညတစ်ဝက်လောက်ထိ အားအင်အပြည့်နှင့်အုပ်စုသည် ညနှစ်နာရီထိုးပြီးနောက်ပိုင်းတွင် တိုက်ပွဲကျသွားတော့သည်။
ကျန်းလော်မျက်ခွံများသည်ပင် လေးလံနေကာ အိပ်ပျော်တော့မတတ်ဖြစ်လာသည်။ ကျန်းလော်သည် တစ်ခုခုမူမမှန်တော့သလို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။ ကျန်းလော်သည် အိပ်ချင်စိတ်ကို တိုက်ထုတ်ကာ သူ့နောက်ကျောကို နာကျင်အောင် ပြင်းပြင်းထန်ထန်ထုလိုက်သည်။ ထိုခနတွင် သူ့ရှေ့မှ တစ်ခုခုဖြတ်လျှောက်သွားသလို ခံစားလိုက်ရသည်။
သူသည် အနည်းငယ် မူးတူးမိုင်တိုင်ဖြစ်နေတုန်းပင်ဖြစ်ပြီး ကျန်းလော်သည် ကိုယ့်လျှာကို အားနှင့်ကိုက်လိုက်သည်။ သွေးအရသာခံစားမိကာ ချက်ချင်းမျက်စိကျယ်လာသည်။ ထိုအချိန်တွင် စိုင်လောင်အာသည် အိပ်ရာမှထကာ အလောင်းကောင်ကဲ့သို့ အမူအယာမဲ့စွာ အတောင်လိုက်ကြီး လမ်းလျှောက်သွားပြီး တံခါးမှထွက်ကာ ပျောက်ကွယ်သွားသည်။
ကျန်းလော်သည် လုယုံရိကို နိုးရန်လုပ်လိုက်သည်။ သို့သော် သူတို့သည် သေနေသည့်အတိုင်း အိပ်နေကြသည်။ သူသည် စိတ်ပျက်စွာထရပ်လိုက်ပြီး ပစ္စည်းတချို့ယူကာ သူတို့ကို ချန်ထားခဲ့လိုက်သည်။
အပြင်ဘက်တွင် အဖြူရောင်မြူများထူထပ်နေပြန်သည်။
မနက်နှစ်နာရီအချိန်ဖြစ်ပြီး လရောင်သည် ခမ်းနားစွာတောက်ပနေသည်။ စိုင်လောင်အာသည် ရေပူစမ်းဥယျာဉ်မှ အပြင်သို့ထွကါ်သွားပြီး အနီးနားရှိတောင်ပေါ်ရွာလေးသို့ ဦးတည်နေသည်။ ကျန်းလော်သည် ပတ်ဝန်းကျင်တွင် မြူများထူသည်ထက်ထူလာသော်လည်း စိုင်လောင်အာနောက်သို့ ထပ်ချပ်မကွာ ပုန်းကွယ်ပြီး လိုက်သွားသည်။ စိုင်လောင်အာကို မြူထဲတွင် အမည်းရောင်အရိပ်လောက်သာ မြင်ရတော့သည်။ အချိန်ဘယ်လောက်ကြာအောင် လမ်းလျှောက်ခဲ့သည် မသိ မြူဆိုင်းနေသည့် အပြင်ဘက်တွင် နောက်ထပ်အမည်းရောင် ပုံရိပ်တစ်ခုတိုးလာသည်။
ထိုပုံရိပ်သည် စိုင်လောင်အာနားကပ်သွားသည်။ သို့သော်စိုင်လောင်အာသည် သတိထားမိပုံမရဘဲ တည့်တည့်သာဆက်လျှောက်နေသည်။ ထိုအချိန်တွင် အမည်းရောင်ပုံရိပ်သည် တစ်စုံတစ်ခုကို လက်ထဲမှချလိုက်ရာ စိုင်လောင်အာသည် တိုးတိုးအော်လိုက်ပြီး နိုးလာသည်။
ကျန်းလော်သည် စိတ်ရှည်ရှည်စောင့်နေပြီး စိုင်လောင်အာကို တည်ငြိမ်စွာအကဲခတ်နေသည်။ စိုင်လောင်အာသည် သူဝင်ပါစရာမလိုသေးအောင် အဆင်ပြေနေသေးသည်။
အဖြူရောင်မြူထုကြီးရှင်းသွားပြီးနောက် စိုင်လောင်အာသည် လက်ထဲတွင် ကလေးလက်မောင်းလောက်တုတ်သည့် သံချိန်းကြိုးအရှည်ကြီးကိုင်ထားသည်ကို တွေ့လိုက်ရသည်။ စိုင်လောင်အာ၏အသံသည် မျက်ရည်တောက်တောက်ကျနေအောင် ငိုနေသလိုအသံဖြစ်နေကာ
“ကျွန် ကျွန်တော် မလို မလိုချင် အင့် ဒါကြီး မလို လိုချင်ဘူး”
ရှည်လျားပိန်ပါးသော အမည်းရောင်ပုံရိပ်က ပြောလိုက်သည်။
“စိုင်ကုန်းဇီ(သခင်လေး) ရုံးချိန်ရောက်နေပြီလေ ကိုယ့်တာဝန်ကို အပြည့်အဝယူရမှာပေါ့၊ ကုန်းဇီလက်ထဲကဟာက လက်နက်လေ ဒီလက်နက်က အစထဲက ဒီလိုပုံပဲ မစိုးရိမ်နဲ့ ကြောက်လဲမကြောက်နဲ့ ကုန်းဇီအချိန်ပြီးတာနဲ့ ကုန်းဇီကို ပြန်ပို့ပေးမှာပါ”
ရွှေအိုရောင်ဆံပင်ကောက်ကောက်နှင့် ကောင်လေးသည် တိတ်ဆိတ်သွားပြီး မကြာလိုက်ပေ အော်ငိုတော့သည်။
“ကျွန်တော်နားမလည်တော့ဘုး ခင်များဘာတွေလာပြောနေတာလဲ လို့ ဝါးးး”
ရှည်လျားပိန်ပါးသော အနက်ရောင်ပုံရိပ် “........................”
ထိုရှည်လျားပိန်ပါးသောသူကို သေချာအတည်ပြုလိုက်ပြီးနောက် ကျန်းလော်သည် ထိုသူမှာ ချီယုံမဟုတ်မှန်းသိသွားသည်။ သူသည်ထိုနှစ်ယောက်ကြားက စကားများကို ကြားလိုက်ပြီး အော်ရယ်မိတော့မလိုပင် ဖြစ်လာသည်။ ကျန်းလော်သည် စိတ်ဝင်စားစရာများနှင့် စွန့်စားရသည်ကို ကြိုက်နှစ်သက်သောကြောင့် သာသာလေးရှေ့တိုးလိုက်ပြီး ထိုအနက်ရောင်ပုံရိပ်ကို ချောင်းကြည့်လိုက်သည်။
သို့သော် မကြာလိုက်ပေ အနက်ရောင်ပုံရိပ်သည် သတိထားမိသွားကာ တည်တင်းထက်ရှစွာ ပြောလိုက်သည်။
“စိုင်ကုန်းဇီ တစ်ယောက်ယောက်ကို ခေါ်လာတာပဲ”
စိုင်လောင်အာသည် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်သည်။ ဘာမှမတွေ့ပေ။
“စပ်စပ်စုစုကလေးတွေပဲနေမှာ”
ခြောက်ခြားဖွယ်ပုံရိပ်သည် သေချာတွေးကြည့်လိုက်ပြီး
“ဘာကိုဆိုလိုတာလဲ”
ကျန်းလော်၏ အာရုံကြောများသည် တင်းကျပ်သွားသည်။ သူသည် ချက်ချင်းဖော်ထုတ်ခံလိုက်ရသောကြောင့် သက်ပြင်းချကာ ထွက်လာလိုက်သည်။ ဆံပင်အနက်နှင့်ကောင်လေးသည် အပြုံးကြီးကြီးပြုံးလိုက်ပြီး သေရည်မူးနေသောသူလို ချစ်ခင်နှစ်သက်ဖွယ်ကောင်းစွာပြုံးပြလိုက်သည်။
စိုင်လောင်အာသည် ကျန်းလော်ကိုမြင်သည်နှင့် နို့မပြတ်သေးသည့် ကလေးများ အမေနောက်ပြေးပုန်းသလို ကျန်းလော်ဆီသို့ အားကိုးတကြီးပြေးလာပြီး ကျန်းလော်လက်မောင်းကို ဖက်ကာ နောက်ကျောဘက်သို့ ဝင်ပုန်းလိုက်သည်။
“ကျန်းလော်”
“ငါမင်းညလယ်ကြီး အပြင်ထွက်သွားတာတွေ့လို့ အန္တာရာယ်ကြုံနေမှာစိုးရိမ်တာနဲ့ မင်းနောက်လိုက်လာခဲ့တာ”
ကျန်းလော်သည် သိမ်မွေ့စွာပြုံးပြလိုက်ပြီး
“စိုင်လောင်အာ မင်းမှာဘာပြဿနာများ ရှိနေလို့လဲ”
သူသည် ထိုအနက်ရောင်ပုံရိပ်ကို ကြည့်လိုက်ပြီး
“ဒါနဲ့ သူက”
အနက်ရောင်ပုံရိပ်က ပြောသည်၊
“မင်း ငါ့ကိုမြင်ရတယ်”
သူသည် အဖြူရောင်မြူထုထဲမှထွက်လာကာ သူ့ပုံစံအစစ်အမှန်ကို ထုတ်ဖော်လိုက်သည်။ အနက်ရောင်ဝတ်ရုံရှည် အနက်ရောင်ထုချွန်ဦးထုပ်အမြင့်နှင့် နှင်တံရှည်ကို ကိုင်ထားပြီး ဖြူဖျော့နေသောလည်း ချောမောသော မျက်နှာကို ထုတ်ပြလိုက်သည်။ ချောမောသော်လည်း ခြောက်ခြားဖွယ်ကောင်းသည်။
ကျန်းလော်သူငယ်အိမ်သည် ပြူးကျယ်လာသည်။ ဤလူဝတ်စားဆင်ယင်ထားပုံကို ကြည့်ပြီဂ ကျန်းလော်သည် အလွန်အတွေးများပြီး ခေါင်းကြီးသွားသည်။
‘ဒါကြီးက ဒဏ္ဍာရီလာ ဟေးဝူချန် လား’
သူသည် ရုတ်ချည်းပင် စိုင်လောင်အာလက်ထဲမှ အရာကို ငုံ့ကြည့်လိုက်သည်။ စိုင်လောင်အာလက်ထဲတွင် ချိန်းကြိုးတစ်ခု ကိုင်းထားသည်။
“အဖြူရောင် ဝိဉာဉ်လမ်းပြရဲ့ ချိန်းကြိုးရှည်လား”
ဒဏ္ဍာရီအရဆိုလျှင် ဟေးဝူချန်သည် လေလွင့်ဝိဉာဉ်များနှင့် ဝိဉာဉ်ဆိုးများကို ဖမ်းဆီးရသည်။ အဖြူရောင်ဝိဉာဉ်လမ်းပြသည် ဟေးဝူချန်မှ ဖမ်းမိထားသော သက်ရှိလူသားဖြစ်ပြီး ဟေးဝူချန်ကို ခစားရသော ကောင်လေးဖြစ်သည်။ သက်ရှိများသည် ယန်ဓာတ်ကြွယ်ဝပြီး သေသူများထံမှ လက်ကျန်ယန်ဓာတ်၏ သက်ရောက်ခြင်းမခံရပေ။ ထို့ကြောင့် သူတို့သည် သေလွန်ပုဂ္ဂိုလ်များကို ရိတ်သိမ်းရန်အလွန်သင့်တော်သည်။ ထိုရိတ်သိမ်းပြီး ဝိဉာဉ်များကို ဟေးဝူချန်မှ မြေအောက်လောကသို့ အစီအစဉ်တကျ ပို့ဆောင်ပေးသည်။
ထိုအကြောင်းသည် လူတိုင်းသိသော ကပေါက်တိကပေါက်ခြာ ယောင်ယမ်း လမ်းလျှောက်ခြင်း ဟုလည်းခေါ်ကြသည်။
ကျန်းလော်သည် ဦးတည်ရာမရှိလမ်လျှောက်ခြင်း ကိုတွေးကြည့်ပြီး ထို ဒဏ္ဍာရီပုံပြင်ကြီးသည် သူ့ရှေ့တည့်တည့်ကျလာကြောင်း သိလိုက်ရသည်။ ခစားရန် အကူကောင်လေးအဖြစ်ခေါ်ခံထားရသူမှာ တခြားသူမဟုတ်ဘဲ သူတို့သူငယ်ချင်း နိုင်ငံခြားသား စိုင်လောင်အာပင် ဖြစ်နေသည်။
ဟေးဝူချန်သည် အပြုံးမရှိ ခက်ထန်စွာ ကျန်းလော်ကို စိုက်ကြည့်နေသည်။
“မင်းက ထူးဆန်းလိုက်တာ”
“မင်းရဲ့ရှင်သန်ဝိဉာဉ်က ဒီကမ္ဘာနဲ့ နည်းနည်းမှ မသက်ဆိုင်နေဘူး”
ဟေးဝူချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးထဲတွင် ကျန်းလော်တစ်ကိုယ်လုံးကို ဖောက်ထွင်းမြင်နိုင်သော ထက်ရှသော အလင်းတစ်ချက်လိက်သွားသလိုပင်
“သုံးလောကကိုကျော်ပြီး ငရဲပြည်နဲ့လည်း မသက်ဆိုင်တဲ့ နေရာကလာတာပဲ တစ်ခုခုကတော့ တော်တော် ထူးဆန်းနေပြီ”
ကျန်းလော်သည် သူ့ကို ထိတ်လန့်စွာကြည့်လိုက်ပြီး နောက်ဆုတ်လိုက်သည်။ သို့သော် စိုင်လောင်အာသည် သူ့နောက်မှာပုန်းနေပြီး ကျန်းလော်ကိုကိုင်ထားသည်။ သူသည် လက်ထဲမှ ချိန်းကြိုးအရှည်ကြီးကို သတိမထားမိပေ။
ချိန်းကြိုးသည် အစက တိတ်ဆိတ်နေသော်လည်း ရုတ်တရက်ကြီး လည်လာသည်။ ထိုအရာသည် အနံ့တစ်ခုခုရသွားသကဲ့သို့ ကျန်းလော်ဒူခေါင်းကို ရစ်ပတ်ချုပ်နှောင်လိုက်သည်။ အနက်ရောင်ချိန်းကြိုးသည် မြွေကြီးတစ်ကောင်ကဲ့သို့ပင် သူ့တစ်ကိုယ်လုံးကို ရစ်ပတ်ထားသည်။
ချိန်းကြိုးတွင် တစ်ခုခုဖြစ်လာကြောင်း စတင်သတိထားမိသွားသော ဟေးဝူချန်သည် မျက်နှာပျက်သွားပြီး အော်လိုက်သည်။
“စိုင်ကုန်းဇီ ချိန်းကြိုးကိုဖယ်ပြီး ချက်ချင်းနောက်ဆုတ်လိုက်”
စိုင်လောင်အာသည် အူကြောင်ကြောင်ဖြစ်သွားသည်။
“အာ”
နောက်တစ်ခနတွင် ဟေးဝူချန်သည် ချိန်းကြိုးကို ပြန်သိမ်းလိုက်ပုံပေါ်သည်။ ချိန်းကြိုးသည် ရုတ်တရက်ပင် လက်နှစ်ချောင်းစာလောက် လုံးပတ်ဖြစ်သွားပြီး တစ်ဝက်လောက်သေးသွားသည်။
မည်သူမျှမတုံ့ပြန်လိုက်နိုင်ခင် ချိန်းကြိုးသည် ကျန်းလော်ဆီသို့ တည့်တည့်ကြီး ပြင်းထန်စွာလွင့်လာပြီး ကျန်းလော်မယုံနိုင်စွာကြည့်နေတုန်းမှာပင် ၎င်းသည် ကျန်းလော်ရင်ဘက်ထဲဖောက်ဝင်သွားပြီး ကျန်းလော်ကိုယ်ထဲ ဝင်သွားသည်။
ကျန်းလော်သည် ကြောင်ငေးနေပြီး သူ့ရင်ဘက်ကိုငုံ့ကြည့်ကာ လက်မြောက်လိုက်ပြီး ကြိုးဝင်သွားသော နေရာကို ကိုင်ကြည့်လိုက်သည်။ ထိုနေရာတွင် ဘာမှမရှိသလိုပင် ။ သို့သော် ထိုကြောက်လန့်ပြီးသေသွားနိုင်လောက်သည့် အရာသည် သူ့ကိုယ်ထဲဝင်သွားကြောင်း အခုလေးတွင် မျက်မြင်ကြုံတွေ့လိုက်ရမှန် အလွန်သေချာသည်။
ဟေးဝူချန်မျက်နှာသည် မည်းမှောင်နေပြီး
“အိုး မဖြစ်ဘူး’
စိုင်လောင်အာသည် ကျန်းလော်ကို ထိတ်လန့်စွာကြည့်လိုက်သည်။ သူသည်အလွန်လန့်သွားပြီး ဟေးဝူချန်ကို မေးလိုက်သည်။
“အစ်ကိုဟေး ကျန်းလော် အဆင်ပြေပါ့မလား”
“ဝိဉာဉ်နှုတ်သံကြိုးက ဝိဉာဉ်တွေအတွက် အထူးသီးသန့်ဖန်တီးထားတဲ့ လက်နက်ပဲ၊ ဒါပေမဲ့ လူနည်းနည်းပဲ သိတဲ့ကိစ္စရှိသေးတယ် ဝိဉာဉ်နှုတ်သံကြိုးမှာ အမွှာလက်နက်ရှိသေးတယ် အဲ့တာက ဝိဉာဉ်ချုပ်သံကြိုးလို့ခေါ်တယ်”
ဟေးဝူချန်သည် မည်းမှောင်နေသော မျက်နှာနှင့် မျက်မှောင်ကြုတ်ထားပြီး
“ဝိဉာဉ်ချုပ်သံကြိုးက ရိုင်းစိုင်းပြီး ထူးဆန်းကြမ်းတမ်းတဲ့ ဝိဉာဉ်တွေကိုပဲ ချုပ်တာ၊ အဲ့ဒါသာ သာမန်အပြစ်မရှိတဲ့ ဝိဉာဉ်ကို ချုပ်နှောင်မိသွားရင် သူ့ကိုယ်သူပဲပြန်ရစ်ပတ်မိသွားမှာ”
ထိုအချိန်တွင် ဟေးဝူချန်သည် ဝိဉာဉ်ချုပ်သံကြိုးသည် ကျန်းလော်၏ရှင်သန်ဝိဉာဉ်ကို တင်းကျပ်စွာ ရစ်ပတ်ထားမှန်း ရှင်းရှင်းလင်းလင်းကြီး မြင်သွားသည်။ ဤဖြစ်ရပ်သည် ရှေးခေတ်မှ ယခုကာလအထိ အလွန်ရှာပါးသော ဖြစ်ရပ်ဖြစ်သည်။
နောက်ဆုံးတွင် ဝိဉာဉ်နှုတ်သံကြိုးသည် ဝိဉာဉ်ပေါင်းများစွာကို ဆွဲထုတ်ခဲ့ဖူးပြီး သံကြိုးမျက်လုံးသည် ဝိဉာဉ်ပုံစံအမျိုးမျိုးကို မြင်ဖူးစားဖူးပြီးဖြစ်ကာ အရွယ်အစားသည်လည်း ပိုပိုပြီး သိသာထင်ရှားလာသည်။ ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင ဝိဉာဉ်ချုပ်သံကြိုးသည် သူကြိုက်သော ဝိဉာဉ်ကို သွားဆွဲထားလိမ့်မည်ဟု ဘယ်သူကသိမှာလဲ။
ထို့အပြင် ဆံပင်အနက်ရောင်နှင့် လူငယ်လေး၏ ဝိဉာဉ်ကလည်း အလွန်ထူးဆန်းနေသည်လေ။
ဟေးဝူချန်သည် အလောင်းမှသည် သက်ရှိခန္ဓာတစ်ခုအဖြစ်ပြန်ရောက်သွားအောင် ခန္ဓာအပိုင်စီးထားသည်ထင်သော်လည်း မည်သို့ရှင်းပြရမှန်းမသိစွာပင် ဆံပင်အနက်နှင့်ကောင်လေးသည် သူ့ကိုယ်ထဲမှ ဝိဉာဉ်နှင့် တစ်ထပ်ထဲတူညီနေသည်။ ဟေးဝူချန်သည် နှစ်တစ်ရာအတွင်း တစ်ခါမှအမှားမလုပ်မိအောင်ကို သတိကြီးပြီး အလုပ်ကို ဂရုတစိုက်လုပ်သည်။
မထင်မှတ်ထားစွာပင် ယခုတော့ လှေမှောက်သွားလေတော့ပြီ။ သူသည် လေးလံစွာ သက်ပြင်းချလိုက်တော့သည်။
ထိုသက်ပြင်းချလိုက်သံကိုကြားပြီး စိုင်လောင်အာသည် မျက်ရည်တောက်တောက်ကျအောင် အော်ငိုတော့သည်။ ရွှေအိုရောင်ဆံပင်ကောက်ကောက် မျက်လုံးအပြာတို့နှင့် နိုင်ငံခြားသားဟုပင် မထင်ရသော သေးသေးကွေးကွေးကောင်လေးသည် တအားရှိုက်နေပြီး
“ဟေး အစ်ကိုဟေး ကျန်းလော်ကို ကူညီပေးပါဗျာ”
ကျန်းလော်သည်လည်း ချောက်ထဲကျသွားသလိုခံစားနေရသည်။
“ဝိဉာဉ်ကြိုးက ကျွန်တော့ဝိဉာဉ်ကို ချိတ်ပိတ်လိုက်တာလား ကျွန်တော်သေတော့မှာလား”
ဟေးဝူချန်သည် လူများပြောပြောနေသော ‘ခေါင်းကိုက်လာပြီ’ ဆိုသောအရာကို လက်တွေ့ခံစားဖူးသွားလေပြီ။
မြေပြင်ပေါ်လူးလိမ့်ငိုမတတ်ဖြစ်နေသော စိုင်လောင်အာကို ဆွဲထူကာ
“စိုင်ကုန်းဇီ ဒီလောက်ကြီး စိတ်ပူဖို့မလိုပါဘူးဗျာ ကျန်းကုန်းဇီက ဝိဉာဉ်သံကြိုးရသွားတော့ ဆုံးရှုံးရမယ့်ဟာ မဆုံးရှုံးရတော့ပါဘူး”
စိုင်လောင်အာသည် ငိုရှိုက်နေပြီး မနည်းမတ်မတ်ရပ်နေရကာ
“နားမလည် နားမလည်ဘူး”
ဟေးဝူချန် “.................... ကျန်းကုန်းဇီ မသေတော့ဘူးလို့”
အလုပ်ရူးတစ်ယောက်အနေနှင့် ဟေးဝူချန်သည် သူ့အင်္ကျီလက်ထဲမှ မှတ်စုစာအုပ်သေးသေးလေးထုတ်ကာ စိုင်လောင်အာကိုပြောလိုက်သည်။
“စိုင်ကုန်းဇီ ရန်ရှုချွမ်ဆိုတဲ့ အဘွားအိုက ရွာထဲက ၂၀၄အိမ်မြောက်က ဘယ်ဘက်ခြမ်းက ဒုတိယအခန်းထဲမှာ၊ သူက နာရီဝက်အတွင်းသေတော့မှာ ငါတို့အလုပ်ပြီးရင် မင်းကို အကုန်ပြန်ရှင်းပြပေးမယ် အရင်အလုပ်လုပ်လိုက်”
စိုင်လောင်အာသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ချိတ်ကိုယူပြီး သုံးလှမ်းထဲနှင့် ရွာထဲဝင်သွားသည်။ ကျန်းလော်သည်ပင် သူသေနိုင်သည်ကိုမေ့သွားပြီး စိုင်လောင်အာကိုကြည့်၍ သနားသွားရသည်။
ဟေးဝူချန်သည် စိုင်လောင်အာနောက်ကျောကို လှမ်းကြည့်နေပြီး သူပျောက်သွားသည်နှင့် ကျန်းလော်ကိုလှည့်ကြည့်သည်။
“ကျန်းကုန်းဇီ”
ဟေးဝူချန်သည် တည်တံ့စွာခေါ်သည်။
“ဝိဉာဉ်သံကြိုးတွေက မင်းရဲ့ရှင်သန်ဝိဉာဉ်ကို အန္တာရာယ်မပေးနိုင်ပါဘူး မင်းသေနေ့စေ့မှာ ကျုပ်မင်းဆီကိုယ်တိုင်လာပြီး မင်းဝိဉာဉ်က သံကြိုးကို ဖြုတ်ပေးပါ့မယ်”
“သခင်ဟေးဝူချန် ကျွန်တော်တစ်ခုလောက်မေးပါရစေ ‘ဆုံးရှုံးရမှာကို မဆုံးရှုံးရတော့ဘူး’ဆိုတာ ဘာကိုဆိုလိုတာလဲ”
ကျန်းလော်သည် တည်ငြိမ်စွာမေးနေပြီး ဟေးဝူချန်သည် သူ့ကို အကြံအိုက်သလိုကြည့်လိုက်ကာ
“ဘယ်မှာသေဆုံးပြီး ဘယ်မှာရိတ်သိမ်းခံရမလဲ”
ဟေးဝူချန်ကပြောသည်။
“ပြောရမှာ အရှည်ကြီးပဲ”
ကျန်းလော်သည် ပြုံးလိုက်ပြီး
“ရပါတယ် ကျွန်တော်ဖြေးဖြေးချင်းနားထောင်ပါ့မယ်”
ဟေးဝူချန်သည် နှေးကွေးစွာပြောပြတော့သည်။ ဟေးဝူချန်စကားအရဆိုလျှင် ဝိဉာဉ်သံကြိုးသည် ကျန်းလော်ဝိဉာဉ်ကို ချိတ်ပိတ်လိုက်သည်နှင့် သူထိုသံကြိုးကို ပြန်ခေါ်လို့်မရတော့ပေ။ (ကျန်းလော်ဝိဉာဉ်ချည်ထားတာကို မဖြည်ပေးနိုင်တော့ဘူးပြောတာ) ကျန်းလော်သည်လည်း ထိုသံကြိုးကို ထိန်းချုပ်လို့ရမှာမဟုတ်ပေ။ သံကြိုးအချည်ခံထားရသော ဝိဉာဉ်နှင့်ဆိုလျှင် သူ့ခန္ဓာကိုယ်သည် မည်မျှပင် ဝိဉာဉ်အားဖြည့်ခြင်း သို့မဟုတ် ဝိဉာဉ်ကျင့်ကြံခြင်းတို့ကို ပြုလုပ်နိုင်မည်မဟုတ်ဘဲ အဖုံးပိတ်ထားသော ရေဇလုံကဲ့သို့ ရေများသွန်ချလို့ရသော်လည်း တစ်စက်ကလေးမှ ထပ်တော့လို့ မရတော့ပေ။
သို့သော် တစ်ချိန်ထဲတွင် ကြက်နှင့်ဥအကျိုးရှိသကဲ့သို့ သံကြိုးသည် ကျန်းလော်ကို ချိတ်ပိတ်ထားသော်လည်း သူတို့သည် ကျန်းလော်ကို တစ်ချိန်ထဲမှာပင် ကာကွယ်ပေးမှာဖြစ်သည်။ တစ်ယောက်ယောက်ကသာ ကျန်းလော်ဝိဉာဉ်ကို တစ်ခုခုလုပ်ခဲ့ပါလျှင် လုပ်သူသည် အင်အားသာဆုံးရှုံးသွားမည်ဖြစ်ပြီး ကျန်းလော်ကတော့ ဘာမှဖြစ်မှာမဟုတ်ချေ။
ကျန်းလော်သည် ရုတ်တရက် ချီယုံ၏ ရုပ်သေးထိန်းချုပ်ပညာအား သတိရလိုက်မိသည်။
သူ့မျက်လုံးသည် အနည်းငယ်လှုပ်ရှားသွားပြီး
“ဒါဆို ရုပ်သေးထိန်းချုပ်ပညာကလည်း ကျွန်တော့ဆီမှာ အလုပ်မဖြစ်တော့ဘူးပေါ့”
ဟေးဝူချန်သည် ခေါင်းညိတ်လိုက်ပြီး ကျန်းလော်ကို ကရုဏာသက်စွာကြည့်လိုက်သည်။ ဒီအခြေအနေတွင် ဝိဉာဉ်သံကြိုးသည် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေသည်။
“မင်းမှာ ဝိဉာဉ်ခန္ဓာအားဖြည့်ဖို့ ပုတီးတစ်စေ့ရှိနေသေးတာပဲ အခုတော့ အသုံးမဝင်တော့ဘူး နှမြောစရာပဲ”
ကျန်းလော်သည် ရယ်ပဲရယ်ချင်နေသည်။
“မနှမြောပါနဲ့ မနှမြောပါနဲ့”
သူသည်ပြောနေရင်း ယွမ်ထျန်းကျူးကို ထုတ်လိုက်ကာ အကြမ်းပတမ်း ညစ်လိုက်သည်၊
“ဒီဟာက ကျွန်တော့အတွက် အသုံးမဝင်တော့မှတော့ ခွဲပစ်လိုက်တာပေါ့”
ကျန်းလောသည် သူနိုးလာတိုင်း ချီယုံထိန်းချုပ်တာခံလိုက်ရမှာကို ဘယ်လောက်တောင် ကြောက်နေလဲဆိုတာ ဘုရားပင်သိတော့မည်။ သူသည် ညတိုင်းညတိုင်း ခေါင်းအုံးအောက်တွင် ဖူလုများထားပြီး သူ့ကိုယ်ပေါ်မှာပါ ဖူလုမျိုးစုံကပ်အိပ်ရသည်၊ နိုးလာတိုင်းပထမဆုံးလုပ်သည့် အလုပ်မှာ ဖူလုသုံးပြီး ယမန်နေ့က မှတ်ဉာဏ်များကို ပြန်စစ်ဆေးခြင်းဖြစ်သည်၊ ယင်ယန်လက်ကောက်ကို ပိုင်ဆိုင်လိုက်မှသာ အနည်းငယ်အသက်ရှူချောင်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ချီယုံ၏လုပ်နိုင်စွမ်းသည် လည်ချောင်းထဲသို့ အစာနင်နေသလိုပင် တွေးလိုက်တိုင်း ကျန်းလော်မှာ တစ်ဆို့ဆို့ကြီးဖြစ်လာသည်။
ယွမ်ထျန်းကျူးသည် သူ့အတွက် ချစ်လည်းချစ် မုန်းလည်းမုန်းသော လူတစ်ယောက်ကဲ့သို့ပင်။
ကျန်းလော်ကို သန်မာလာအောင် လုပ်ပေးနိုင်သောကြောင့် အရမ်းကို ချစ်သည်။ ချီယုံ့ဝိဉာဉ်အပိုင်းအစနှင့် ဖန်တီးထားသောကြောင့် မုန်းရသည်။ ချီယုံ့ဝိဉာဉ်ကို မြိုချရမည်ကို တွေးကြည့်လိုက်သည်နှင့်ပင် ကျန်းလော်သည် ခေါင်းအစခြေအဆုံး အမွှေးများထောင်လာသလို မသက်မသာဖြစ်လာတတ်သည်။ ယွမ်ထျန်းကျူးသည် သူ့ကိုသန်မာလာစေနိုင်သော်လည်း သူသည် ယွမ်ထျန်းကျူးကို မသုံးချင်ပေ။
ထို့ကြောင့်သူသည် ယွမ်ထျန်းကျူးကို သိမ်းထားပြီး လုံးဝသုံးဖို့ စိတ်ကူးမရှိချေ။ ယခုမတော်တဆဖြစ်ရပ်ကြောင့် ယွမ်ထျန်းကျူးသည် သူ့အတွက်အသုံးမဝင်တော့သည်ကို သိသောအခါ ကျန်းလော်သည် စိုးရိမ်သောကရောက်နေသည်များအကုန် ပစ်ချလိုက်နိုင်သွားတော့သည်။
ကျန်းလော်၏လက်ချောင်းများသည် အလွန်သန်မာသော်လည်း ယွမ်ထျန်းကျူးကို မဖျက်ဆီးနိုင်ပေ။ ကျန်းလော်သည် မျက်နှာပျက်မသွားဘဲ ယင်းဟူကို ဆင့်ခေါ်လိုက်ပြီး ယွမ်ထျန်းကျူးကို ယင်းဟူပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။၏
ယင်းဟူသည် အားကျိုးမာန်တက်ဝါးနေသော်လည်း သွားနာလာသော အမူအယာနှင့် ကျန်းလော်ခါးကို ချွဲနွဲ့ပွတ်သပ်ကာ ယွမ်ထျန်းကျူးကို ထွေးထုတ်လိုက်သည်။ ကျန်းလော်သည် သက်ပြင်းချလိုက်ပြီး ယွမ်ထျန်းကျူးကို ပြန်သိမ်းလိုက်သည်။
ဟေးဝူချန်သည် အစအဆုံးကြည့်နေပြီး
“ဒီပုတီးစေ့က မဖျက်ဆီးနိုင်ဘူး အဲ့ဒါကို ခွဲပစ်ဖို့မကြိုးစားနဲ့ ဖွက်ထားဖို့ပဲ လုပ်ပါ ကျန်းကုန်းဇီ”
ကျန်းလော်သည် ယဉ်ကျေးစွာပြုံးပြလိုက်သည်။
“လမ်းညွှန်ပေးလို့ ကျေးဇူးတင်ပါတယ် ကျွန်တော်နားလည်သွားပါပြီ”
ဆယ့်ငါးမိနှစ်ကြာပြီးနောက် စိုင်လောင်အာသည် ရွာထဲမှထွက်လာသည်။ အရေတွံ့နေပြီဖြစ်သော လူအိုကြီး၏ ဝိဉာဉ်သည် ချိန်းကြိုးတွင် ချိတ်နေပြီး ဟေးဝူချန်သည် ထိုဝိဉာဉ်ကို အောက်ချကာ
“စိုင်ကုန်းဇီ ဝိဉာဉ်ရိပ်သိမ်းဖို့ ဝိဉာဉ်ပေါင်းငါးရာနဲ့ ခြောက်ယောက် ကျန်သေးတယ်”
စိုင်လောင်အာက ပြောသည်။
“အစ်ကိုဟေး ကျွန်တော် ဒီအလုပ်နဲ့တကယ်မကိုက်ညီပါဘူးဆိုဗျာ”
ဟေးဝူချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး
“စိုင်ကုန်းဇီ အပေးအယူလုပ်ပြီးသွားပြီလေ”
စိုင်လောင်အာသည် နားများအူနေပြီး မျက်လုံးများလည်း မှိုင်တိုင်တိုင်ဖြစ်လာကာ သူ့ဆံပင်ကောက်ကောက်များထဲ လက်ထိုးဖွ၍ သနားစဖွယ်ပြောလိုက်သည်။
“ကျွန်တော် အစ်ကိုဟေးပြောနေတာကို တကယ်နားမလည်တာပါဗျာ”
ဟေးဝူချန်ကပြောသည်။
“................စိုင်ကုန်းဇီ ကျုပ်လည်း မင်းဘာတွေပြောနေမှန်း နားမလည်တော့ဘူး”
ကျန်းလော်သည် ထွက်သွားရန်အဆင်သင့်ဖြစ်နေပြီး
“အလုပ်ဆက်လုပ်ကြပါ ကျွန်တော့်ကို ခွင့်ပြုပါဦး”
“ခနလေး ကျန်းကုန်းဇီ”
ဟေးဝူချန်က အလောတကြီးခေါ်လိုက်သည်။
“သက်ရှိလူသားက ဝိဉာဉ်လိုက်နှုတ်တာကည လျှို့ဝှက်ချက်နော် စိုင်ကုန်းဇီကောင်းကျိုးအတွက် ဘယ်သူမှ သိလို့မဖြစ်ပါဘူး”
ကျန်းလော်သည် ဤကိစ္စကို နားလည်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။
စိုင်လောင်အာသည် အဖြူရောင်ဝိဉာဉ် လမ်းပြဖြစ်ပြီး သူတို့ဝိဉာဉ်ကိုနှုတ်မည်ဆိုသည်ကို လူများသိသွားကြပါက လူတိုင်းသည် ရူးသွပ်သွားနိုင်ပြီး စိုင်လောင်အာမည်မျှ ဒုက္ခရောက်လိမ့်မည်ကို တွေးကြည့်ဖို့ပင် မလိုတော့ပါချေ။
ဟေးဝူချန်ကပြောသည်။
“စိုင်ကုန်းဇီကိုတောင် သူ့အလုပ်ချိန်ပြီးတာနဲ့ သူ့လက်ထဲက ဝိဉာဉ်သံကြိုးကိုယူပြီး တစ်ခါထဲ မှတ်ဉာဏ်ဖျောက်ပေးလိုက်တာ”
ကျန်းလော်သည် တစ်ခုခုမှားနေသလို ခံစားရပြီး
“စိုင်လောင်အာက ဝိဉာဉ်လမ်းပြဆိုတာကို ဒီလောကမှာ ကျွန်တော်တစ်ယောက်ပဲ သိတယ်လို့ပြောတာလား”
ဟေးဝူချန်သည် တည်ကြည်စွာခေါင်းညိတ်ပြလိုက်သည်။ ကျန်းလော်သည် မျက်ခုံးကို လက်မနှင့်ခြစ်လိုက်ပြီး ခေါင်းကိုက်လာသလို ခံစားရကာ
‘ဒါကြီးသယ်ထားနိုင်လောက်အောင် ငါကထူးခြားနေတာလား’
“စိုင်ကုန်းဇီက အရမ်းမလိမ္မာတော့ ကျုပ်က ဒီလိုလုပ်လိုက်ရတာပါ”
ဟေးဝူချန်သည် ပွင့်ပွင့်လင်းလင်းအားမနာတမ်းပြောလိုက်သည်။
“ကျန်းကုန်းဇီ ဒီကိစ္စကို လျှို့ဝှက်ထားဖို့ မေတ္တာရပ်ခံပါတယ်”
ကျန်းလော်သည် ခေါင်းညိတ်လိုက်ပြီး
“စိတ်ချပါ ကျွန်တော် ဒီကိစ္စကို လုံးဝပြောမထွက်စေရပါဘူး”
“ပြောရရင်..........”
“ကျွန်တော်တို့က သူငယ်ချင်းတွေပဲလေ”
ထိုနောက်ဆုံးစကားသည် အလွန်တိုးသောကြောင့် ကြားဖို့ခက်ခဲလှသည်။ သူတို့ကိုနှုတ်ဆက်ပြီး ကျန်းလော်သည် အခန်းသို့ တစ်ယောက်ထဲ ပြန်လာသည်။ စိုင်လောင်အာအခန်းထဲမှ လူအားလုံးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြသည်။
သတိလက်လွတ်အိပ်ပျော်နေကြသည်။
နောက်နေ့မနက်စောစောတွင် စိုင်လောင်အာသည် မျက်တွင်းဟောက်ပက်ဖြင့် ပြန်ရောက်လာသည်။ ကျန်းလော်သည် ယခင်ကစိုင်လောင်အာကို မကောင်းဆိုးဝါးထိန်းချုပ်ခံထာရသည် ထင်နေသော်လည်း ယခုတွင်တော့ ညနက်ကြီး တစ်ညလုံးလုပ်ထားသော အချိန်ပိုင်းအလုပ်ကြောင့် နာကျင်နေမှန်း သိသွားသည်။
သူသည် စိုင်လောင်အာကို ခနခနစမ်းသပ်ခဲ့သော်လည်း စိုင်လောင်အာသည် လုံးဝမမှတ်မိပေ။ ကျန်းလော်သည် လက်လျော့လိုက်ပြီး သူ့သူငယ်ချင်းကို တိတ်တဆိတ်ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။ သူတို့ရေပူစမ်းဥယျာဉ်မှ ပြန်သွားရမဲ့ နေ့ရောက်လာလေပြီ။
သူတို့ကျောင်းပြန်ရောက်ပြီးနောက် ကျောင်းမှချပေးသော မစ်ရှင်စလုပ်ရသည်။
သင်တန်းသားများပွဲဦးထွက် အစီအစဉ်တတစ်ခုတွင် သင်တန်းသားများမမျှော်လင့်ဘဲ သေသွားကြပြီး နောက်ထပ် ရိုက်ကူးရေးဝန်ထမ်းတစ်ယောက် ထပ်မံသေဆုံးသွားကြောင့် ထိုအစီအစဉ်သည် မစလိုက်ရခင် လူထုသို့ချမပြတော့ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော် မထင်မှတ်ထားတာ ဖြစ်သွားသည်။
ဒါရိုက်တာအဖွဲ့သည် ကိစ္စအမြောက်အများဖြစ်လာပြီး သူတို့သည် အလွန်ဆုံးရှုံးမှုများသော်လည်း အစီအစဉ်ကို ဖျက်သိမ်းရန်လုပ်ထားသည်။ ထိုညတွင် လက်ထောက်ဒါရိုက်တာသည် စတူဒီယိုထဲတွင် ချိတ်ဆွဲခံထားခဲ့ရသည်။
ထို့နောက် စတူဒီယိုနံရံတွင် အမည်မသိသူမှ သွေးနှင့်စာရေးသွားသည်။
“အစီအစဉ်ရပ်လိုက်တာနဲ့ အားလုံးသေရမယ်”
အဖွဲ့သားများသည် မယုံကြပေ။ သို့သော် မရေရာသော ကြောက်မက်ဖွယ်ကိစ္စများ ဖြစ်လာသောအခါ မယုံကြည်လို့ မရတော့ပေ။ အသက်ကို ခြိမ်းခြောက်လာသောအခါ အစီအစဉ်ဘက်မှ ထုတ်လွှင့်ရန်ပြန်စရတော့သည်။ ရဲများသည် ထိုကိစ္စနှင့်ပက်သတ်ပြီး မလိုက်နိုင်သောကြောင့် ပိုင်ဟွာတက္ကသိုလ်သို့ လွှဲလိုက်သည်။
တက္ကသိုလ်ဘက်မှ လူသုံးယောက်ရွေးပြီး သေဆုံးသွားသော သင်တန်းသားသုံးယောက်နေရာသို့ အစားထိုးရန်လုပ်ပြီး အစီအစဉ်ရိုက်ကူးရေးမှ ထူးဆန်းမှုများကို စုံစမ်းရန်လွတ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုထူးဆန်းသော သဘာဝလွန်ကိစ္စများကို သင်တန်းသားများမသိစေဘဲ စုံစမ်းဖြေရှင်းရန် လွတ်လိုက်သည်။