Ch 63
Viewers 8k

အပိုင်း (၆၃) 


မင်းငါ့ကိုပေးနိုင်မလား၊ အရင်တံခါးဖွင့်

ထိုအဖြေသည် ချီယုံအတွက် မမျှော်လင့်ထားသောအဖြေဖြစ်ကာ အလွန်အံ့ဩသွားစေသည်။ာ သို့သော် ကျန်းလော်က ဆက်ပြောလာသည်။

“ရိုးရိုးသားသားပြောရရင် ငါဒီဂိမ်းကိုဆက်မဆော့ချင်တော့ဘူး ”

ကျန်းလော်သည် ရေစိမ်ကန်တွင် လျော့တိလျော့ရွဲစိမ်နေကာ မီးခြစ်ကို ဆော့နေသည်။ မီးခြစ်တစ်ခါခြစ်လိုက်တိုင်း မီးတောက်များ ထထတောက်လာကာ

“ဒုတိယအနေနဲ့ကျတော့လည်း ငါမင်းပြောမဲ့ လျှို့ဝှက်ချက်ကို အရမ်းကြီး စိတ်မဝင်စားဘူးကွ”

သူသည် လိမ်ပြောလိုက်သည်။ ကျန်းလော်လောက် ဘယ်သူကမှ ချီယုံ၏ လျှို့ဝှက်ချက်ကို သိချင်မှာမဟုတ်ပေ။ ကျန်းလော်တွင် ကြောင်လက်သည်းလေးများရှိပုံရသည်။ ချီယုံ့နှလုံးသားကို ယားကျိကျိဖြစ်အောင်လုပ်မည့် ကြောင်လက်သည်းလေး၊ ကျန်းလော်သည် သူ့မှာသာထိုသို့ လက်သည်းရှိလျှင် မကောင်းဆိုးဝါးကို အရေခွံဆုတ်၍ ထိုမကောင်းဆိုးဝါးသည် လူများထင်နေသော  နွေးထွေးကြင်နာတတ်သူမဟုတ်ကြောင်း အလွန်မကောင်းဆိုးဝါးဆန်ပြီး ယုတ်မာကြောင်း ဖော်ထုတ်လိုက်မှာ ဖြစ်သည်။

သို့သော် သူသည် လက်သည်းမရှိသောကြောင်လေးကဲ့သို့ ဟန်ဆောင်ကာ

“ချီယုံ အရင်လက်ဦးတာက ငါနော်၊ ငါဆက်ဆော့ချင်ရင်ဆော့မယ် မဆော့ချင်တော့ရင်လည်း ပြောနေမှာမဟုတ်ဘူး မင်းကဒီလောက် အရေးမပါဘူး အိုကေ”

မကောင်းဆိုးဝါးသည် မျက်ခုံးပင့်လိုက်ပြီး 

“အိုး အဲ့လိုတောင်မှကိုး”

ကျန်းလော်က ပြောလိုက်သည်။

“မင်းကငါ့ကိုရှာခိုင်းတယ် ဒါပေမဲ့ မင်းကတစ်ယောက်ထပ်ပိုနေတယ်လေ ခွေးကောင်ရ”

“အား မင်းမိသွားပြီကိုး”

မကောင်းဆိုးဝါးသည် စိတ်မကောင်း ဖြစ်စွာပြောလိုက်သည်။ ကျန်းလော်သည် အေးစက်စွာရယ်လိုက်ပြီး

“မင်းရဲ့ရုပ်သေးကလည်း မင်း ခန္ဓာလုယူပြီး ဝင်နေနေတာကလည်း မင်း .........ဒီဂိမ်းရဲ့ စည်းမျဉ်းကိုက ဒီလိုဆိုရင် ငါမင်းကိုဘယ်လိုမှ ဖမ်းနိုင်မှာမဟုတ်ဘူး မင်းတို့အကုန်လုံးကို ဖမ်းရမယ်ဆိုရင်တော့ ပျော်ပျော်ကြီး ဆက်ဆော့ပေးရမှာပေါ့လေ”

မကောင်းဆိုးဝါးက ပြောသည်။

“မဟုတ်ဘူးလေ သေချာပေါက် ကိုယ့်ကို ရှာရမှာလေ  ကိုယ်ကိုယ်တိုင်ဝင်ထားတဲ့ ကိုယ်အစစ်လေ”

သူသည် ခဏတွေးကြည့်လိုက်ပြီး

“ကိုယ် ခန္ဓာလုထားတဲ့ သူကို ရှာရမှာ”

ကျန်းလော်သည် အမူအယာမဲ့စွာ ဖုန်းချလိုက်သည်။ ဆယ်စက္ကန့်ကြာပြီးနောက် ဖုန်းမြည်လာကာ ဖုန်းသည် သူ့အလိုလိုကိုင်ပြီးသားဖြစ်သွားပြီး မကောင်းဆိုးဝါး၏ သက်ပြင်းချသံသဲ့သဲ့ထွက်လာကာ

“ကောင်းပြီလေ ကိုယ်မင်းကိုနောက်ဆုံးအနေနဲ့ အရိတ်အမြွတ်ပေးမယ်”

ကျန်းလော်သည် ပုံတစ်ပုံလက်ခံရရှိလိုက်သည်။

ထိုပုံထဲတွင် ယောက်ျားတစ်ယောက်၏ ပြုံးနေသော နှုတ်ခမ်းပုံဖြစ်ပြီး နှစ်ခြိုက်စွာပြုံးရယ်နေပုံပေါ်ကာ နှုတ်ခမ်းထောင့်စွန်းများ မြင့်တက်နေပြီး နှင်းဆီရောင်သမ်းနေသည်။

မကောင်းဆိုးဝါးက ပြောလိုက်သည်။

“တစ်မိနစ်ရမယ်”

ကျန်းလော်သည် ဓာတ်ပုံကို သေချာကြည့်ပြီး သူတွေ့ဖူးသမျှလူများကို ခန့်မှန်းကြည့်နေသည်။ သို့သော်ချီယုံ့အပြုံးသည် အလွန်ရှာရခက်နေသည်။ ကျန်းလော်သည် မှတ်ဉာဏ်ကောင်းသော်လည်း နှုတ်ခမ်းတစ်စုံနှင့် လူပေါင်းများစွာကို နှိုင်းယှဉ်ပြီး လူတစ်ယောက်ကို ရှာရလောက်အောင်တော့ ကောင်းမနေပေ။

မိနစ်ဝက်ကြာပြီးနောက် သူသည် ဉာဏ်ရှိစွာပင် ချီယုံကို ရှာဖွေမည့်အကြံကို တစ်ညတာစွန့်လွတ်လိုက်သည်။ သူသည် ချီယုံအပြစ်ပေးတာသာ ခံလိုက်တော့မည်။ သို့သော် ချီယုံပေးမည့် အပြစ်ကို သိချင်နေသည်။ ဖုန်းကွယ်ထားသော အရာများသည် လူများ၏သိချင်စိတ်ကိုဆွပေးတတ်သလိုပင် ကျန်းလော်သည်လည်း ထိုဖုန်းကွယ်ထားသော အပြစ်ပေးမည့် ပုံစံကို သိချင်နေသည်။ နောက်ထပ်မိနစ်ဝက်ကြာပြီးနောက် မကောင်းဆိုးဝါး၏အသံသည် ခုနကထက် အနည်းငယ်မြင့်လာကာ

“အဖြေပေးရမဲ့ အချိန်ရောက်ပြီ”

ကျန်းလော်သည် ချီယုံ့ထက်စာလျှင် အနည်းငယ်တည်ငြိမ်နေသည်။ ထို့နောက်သူကပြောလိုက်သည်။

“ငါဖြေတာမှားသွားရင် မင်းဘာလုပ်မှာလဲ”

“အပြစ်ဒဏ်သေးသေးလေးတော့ရှိတာပေါ့”

ချီယုံသည် တမင်တကာဆွပေးလိုက်ပြီး

“ဘယ်သူသိမလဲ”

ထိုအရာသည် ပုံးထဲထည့်ပြီး မမြင်ရအောင်ပိတ်ထားသော လက်ဆောင်ကဲ့သို့ပင် ကောင်းလားဆိုးလား မသိနိုင်ပဲ ခန့်မှန်းကြည့်ရုံသာ တတ်နိုင်သည်။ ကျန်းလော်သည် ဂုတ်ပေါ်သို့ သဘက်တင်လိုက်ပြီး သူသံသယရှိသော လူတစ်ယောက်နာမည်ကိုပြောလိုက်သည်။

“ရှိရှီ”

“Next Stop, Idol”၏ ဒုတိယအကျော်ကြားဆုံး သင်တန်းသားဖြစ်ကာ ကြင်နာသဘောကောင်းသည့် ကောင်လေးဖြစ်သည်။ ကျန်းလော်သည် မှားသွားသလိုခံစားလိုက်ရပြီး ချီယုံ၏ လွှမ်းမိုးမှုကြောင့် ထိုသို့သော ကြင်နာသဘောကောင်းသော အမျိုးသားများကိုမြင်လျှင် သူတော်ကောင်းယောင်ဆောင်နေသည်ဟုသာ ထင်မှတ်တော့သည်။ ချီယုံသည် လူတိုင်းသူ့ကို ယုံကြည်လေးစားချစ်ခင်လာစေရန် ထိုနည်းလမ်းကို အသုံးပြုခဲ့သောကြောင့်ပင်။

မကောင်းဆိုးဝါးသည် တွေးတောနေပုံဖြင့်

“အမ်းး ဘယ်လိုပြောရမလဲ...........”

ကျန်းလော်သည် နှလုံးခုန်မြန်လာသည်။ နောက်တစ်ခနတွင် မကောင်းဆိုးဝါးသည် နောင်တရစိတ်မကောင်းစွာဖြင့် သူ့ကို အဖြေပြောပြလာသည်။

“ကံမကောင်းစွာပဲ တစ်ဝက်ပဲမှန်တယ်”

‘အိုး ဒါဆို ရှိရှီက ရုပ်သေးပေါ့ ဒီကောင်ဝင်ထားတဲ့ကိုယ်က ဘယ်သူလဲကွာ’

ကျန်းလော်သည် အစထဲက ရှုံးနိမ့်ဖို့ ပြင်ဆင်ထားပြီးဖြစ်သော်လည်း မကောင်းဆိုးဝါးထံမှ ကြားလိုက်ရသောအခါ သူ့မျက်နှာသည် မည်းမှောင်သွားသည်။ 

“မင်းကဘယ်လိုလုပ်နေရာတိုင်းမှာ ရှိနေနိုင်ရတာလဲ”

ကျန်းလော်နှုတ်ခမ်းများ ကော့တတ်သွားပြီး

“ချီယုံ သင်တန်းသားအကုန်လုံး မင်းရုပ်သေးတော့ မဟုတ်ပါဘူးနော်”

ချီယုံသည် နှေးကွေးစွာပြောလိုက်သည်။

“ဒီအကြံကောင်းတယ်ရော”

သူသည် လူကြီးလူကောင်းပီသစွာဖြင့် 

“ကိုယ်မင်းမှားသွားလိမ့်မယ်လို့ထင်မထားဘူးကွာ ကိုယ်မင်းကို ရက်ရက်စက်စက် အပြစ်ပေးရမှာ တကယ်ကြီး မုန်းပေမဲ့ အပြစ်ကတော့ မပေးလို့မရဘူး”

“ကိုယ်က တကယ်ကတိတည်တဲ့ ကစားသမားမို့လို့လေ”

ချီယုံ့အသံသည် နည်းနည်းမှ စိတ်ပျက်သည့်အသံမဟုတ်သည့်အပြင် တစ်ခွန်းပြောတိုင်းတစ်ခါ မျောက်အုန်းသီးရသလို စိတ်လှုပ်ရှားလာသည့်အသံ ဖြစ်သည်။  သူ့အသံတွင် ရူးသွပ်ပြီး လူသတ်ရိပ်များကို ဖုံးဖိမထားနိုင်စွာ ပါနေသေးသည်။ ကျန်းလော်သည် ဖုန်းချလိုက်ပြီး ကြက်သီးထလာသလို ခံစားလိုက်ရသည်။

ရေချိုးကန်ထဲမှ ရေများသည် လှိုင်းထနေပြီး ရေချိုးခန်းတစ်ခုလုံးတိတ်ဆိတ်နေသည်။ ကျန်းလော်ခါးသည် မိနစ်အနည်းငယ်လောက် တင်းကျပ်သွားပုံပေါ်သည်။ သို့သော် ထူးထူးခြားခြား ဘာမှဖြစ်မလာပေ။

သူသည် ရေချိုးခန်းထဲက ပုံမှန်အတိုင်းလမ်းလျှောက်ထွက်လိုက်သည်။ ထိုအချိန်တွင် သူတံခါးဖွင့်ပြီး ထွက်လိုက်သည်နှင့် သန့်ရှင်းသပ်ရပ်နေသော ရေချိုးခန်းသည် ညစ်ပတ်နံစော် စုတ်ပြတ်သပ်နေသော အခန်းထဲသို့ရောက်သွားသည်။ 

ကြမ်းပြင်ပေါ်တွင် ကြွက်များသွားလာနေပြီးး လိုက်ကာများသည် အဝါရောင်ဖြစ်အောင် ဟောင်းနေကာပင့်ကူမျှင်များ ကြပ်ခိုးများဖြင့် အခန်းတစ်ခုလုံး မည်းသည်း ညစ်ပတ်နေသည်။ သူ့ခြေထောက်ပေါ်သို့ ပင့်ကူတစ်ကောင်တက်လာသောကြောင့် ကျန်းလော်သည် ခေါင်းငုံ့ကြည့်လိုက်ကာ ပင့်ကူကို တက်နင်းလိုက်ပြီး ပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်သည်။ 

သရဲကားများထဲကလို ကြောက်စရာအဆောက်အဦးကြီးအဖြစ် ဖန်တီးထားပုံရပြီး ဤမြင်ကွင်းဤအိမ်ကိုသာ ဇာတ်ကားထဲတွင် ထည့်ရိုက်ပါက အော်စကာပင်ရသွားနိုင်သည်။ ကျန်းလော်သည် မျက်လုံးမှိတ်လိုက်ပြီး သူ့အဆောင်ခန်းပုံစံကို ပြန်စဉ်းစားနေသည်။ ထို့နောက်သူသည် သူ့အိပ်ရာဘက်သို့ ခန့်မှန်း၍ လျှောက်သွားလိုက်သည်။ သူ့အိပ်ရာနှင့် ရေချိုးခန်းသည် သုံးမီတာသာဝေးပြီး တံခါးဖွင့်ပြီး ညာဘက်သို့သွားရပေမည်။ သုံးမီတာလောက်ထိ လျှောက်သွားလိုက်ပြီး ကျန်းလော်သည် မျက်လုံးဖွင့်လိုက်သည်။

သူ့ရှေ့တွင် ဗွက်အိုင်တစ်အိုင်နှင့် တွားသွားနေသော မြွေများပြည့်နေသည်။ မြွေများသည် အလုံးအရင်းလိုက်ကို များပြားကာ ကြိုးထုံးများကဲ့သို့ ရစ်ခွေနေပြီး အကောင်တစ်ရာလောက်ရှိကာ ကျန်းလော်ကို ပြိုင်တူကြည့်နေကြသည်။ ကျန်းလော်သည် ဤသို့ဖြစ်သွားပုံကိုကြည့်ပြီး သူတော့ မကောင်းဆိုးဝါး၏ ပုံရိပ်ယောင်ကမ္ဘာထဲရောက်သွားမှန်း သေချာသွားသည်။ မကောင်းဆိုးဝါးများထံမှ အသတ်ခံရသူအများစုသည် ပုံရိပ်ယောင်ကြောင့်ဖြစ်သည်။ မကောင်းဆိုးဝါးများသည် လူသားများအတွင်းစိတ်ထဲမှ ကြောက်စရာအကောင်းဆုံး ပုံရိပ်ကို ထုတ်ပြကာ လူသားများကို ကြောက်ရွံ့စွသေဆုံးကြရန် ဖိအားပေးတတ်သည်။ 

ကျန်းလော်သည် မြွေမကြောက်ပေ။ သို့သော် သူသည် ညစ်ပတ်ခြင်းကို ကြောက်သည်။, ရာချီနေသော မြွေတို့သည် သူတို့ဘာသာစကားဖြင့် တရွှီးရွှီးပြောနေသည်။ ကျန်းလော်သည် ဗွက်အိုင်ဘေးတွင် ခနရပ်နေလိုက်ပြီး နောက်လှည့်ကာ လက်မောင်းကိုဆန့်လိုက်သည်။ ထို့နောက် လှဲချလိုက်သည်။ ကျန်းလော်ဆံပင်များပင် လွင့်သွားအောင် လေတိုက်လာပြီး ကျန်းလောသည် နူးညံ့သော အိပ်ရာပေါ်သို့ ကျသွားသည်။

“မထင်ထားဘူး”

ကျန်းလော်သည် နူးညံ့ချောမွေ့နေသော ပိုးသားခေါင်းအုံးကို ပွတ်လိုက်ကာ နှုတ်ခမ်းထောင့်များ မြင့်တက်လာသည်။ ‘ပုံရိပ်ယောင်လေးပဲမလား ဘာလို့မဖွင့်နိုင်ရမှာလဲ’

တစ်စုံတစ်ယောက်က မကြည့်ဘူး မယုံကြည်ဘူးဆိုရင် အကုန်လုံးကို တိမ်လိုလေလိုပဲ လစ်လျူရှုထားလိုက်မယ်ဆိုရင် ပုံရိပ်ယောင်က အဲ့လူအပေါ်ဘာ သက်ရောက်မှုမှ ရှိမှာမဟုတ်ပေ၊ 

တစ်ဖက်တွင် တိုက်ခိုက်ရန်ပြင်ထားပြီး ကြောက်လန့်နေကာထောင်ချောက်ထဲသားကောင်ကျလာမည့်အချိန်ကို စောင့်နေသော မကောင်းဆိုးဝါးသည် လှဲလျောင်းရင်း ပျင်းရိစွာစောင့်နေသည်။ ကျန်းလော်သည် သူ့ကိုထပ်ကာထပ်ကာ သတိပေးလိုက်ပြီး အကုန်လစ်လျူရှုထားရန် ကိုယ့်ကိုယ်ကို ဆုံးမနေသည်။ 

နောက်ခနတွင် ကျန်းလော်ဒူးခေါင်းကို လက်အေးကြီးတစ်ဖက် လာဆုပ်ကိုင်သည်ကို ခံစားလိုက်ရသည်။ ကျန်းလော်သည် ထိုလက်အစစ်ဟုတ်မဟုတ် ဂရုမစိုက်ဘဲ အိပ်ဖို့သာ ကြိုးစားလိုက်သည်။ သို့ရာတွင် နောက်ထပ်လက်ပေါင်းများစွာပေါ်လာပြီး ကျန်းလော်လက်နှင့် ခြေထောက်များကို ချုပ်ထားကြသည်။ ဆံပင်အနက်ရောင်ကောင်လေး အိပ်ရာအကြီးကြီးပေါ်မှာ အိပ်နေပုံမှာ ယဇ်ပူဇော်ခံမည့် သားကောင်လေးဖြစ်နေသလိုပင်။

ကျန်းလော်အရေးပြားများသည် တလှုပ်လှုပ်ဖြစ်လာပြီး နောက်ဆုံးတွင် ကျန်းလော်မျက်လုံးဖွင့်လိုက်ရတော့သည်။ အဖြူအပြာသော သရဲလက်ရာချီလောက်သည် အိပ်ရာဘေးမှထွက်နေကာ ကျန်းလော်မျက်လုံးအဖွင့်ကို စောင့်နေသလိုပင်။ ကျန်းလော်မျက်လုံးဖွင့်သည်နှင့် ထိုလက်များသည် မျက်လုံးသာဖော်ကာ ကျန်းလော်ခေါင်းအစခြေအဆုံး လက်များဖြင့် ဖုံးအုပ်ဆုပ်ကိုင်ထားကြသည်။

နောက်ဆုံးသော လက်တစ်ဖက်သည် ကောင်းကင်ပေါ်မှကျလာကာ ကျန်းလော်မျက်လုံးနှင့်နီးလာပြီး ကျန်းလော်သည် ချီယုံ၏ခပ်ဖွဖွရယ်သံကို ကြားလိုက်ရကာ

“ကိုယ်က ဒီလောက်တောင်ကြင်နာတတ်တာ ဘယ်လိုလုပ်ပြီး ကိုယ့်အချစ်လေး အသည်းလေးကို အပြစ်ပေးနိုင်ပါ့မလဲ”

သူသည် ရယ်ကျဲကျဲဖြင့် 

“ကိုယ်သေချာတွေးကြည့်လိုက်တော့ အသည်းလေးကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးလိုက်မလားလို့လေ ကိုယ့်ကိုသေချာရှာရမယ်နော်”

“ဒီလက်ထောင်ပေါင်းများစွာထဲမှာ ဘယ်ဟာကိုယ့်လက်လဲ အချစ်လေး”

“ဒါလား”

သရဲလက်သည် ကလူမြူဆွယ်နေသောပုံဖြင့် ကျန်းလော်ခါးနားရောက်သွားကာ

“ဒါမှမဟုတ် ဒီလက်များလား”

နောက်ထပ်အေးစက်စက်လက်တစ်ခုသည် ကျန်းလော်ပေါင်ကို ပွတ်ဆွဲနေသည်။

အိပ်ရာအကြီးကြီးပေါ်တွင် ကျန်းလော်သည် ထောင်ပေါင်းများစွာသော သရဲလက်များ၏ဖမ်းချုပ်ခံထားရပြီး အိပ်ရာပေါ်မှ မရွေ့နိုင်ပေ။ သရဲလက်များမှ ရုန်းကန်နေသောလည်း အနည်းငယ်သာ ချောင်ချိသွားခဲ့သည်။

ထိုပုံရိပ်သည် အလွန်ကြောက်စရာကောင်းပြီး ထပ်မကြုံချင်လောက်အောင်ပေ။ ကျန်းလော်၏ ဆံပင်နက်နက်အချို့သည် သရဲလက်များပေါ်ကျနေသည်။ လက်တစ်ချောင်းချင်းစီတိုင်းသည် ကျန်းလော်အင်္ကျီကို ဆွဲနေကာ သူ့ရေချိုးခန်းဝတ်ရုံသည် အပိုင်းပိုင်းအစစ ပြဲသွားပေတော့မည်။ 

“လီး ချီယုံ မသာကောင် ငါမင်းကို ................”

ကျန်းလော်သည် ထိုလက်များကြားမှ ခက်ခက်ခဲခဲကျိန်ဆဲလိုက်သည်။

“ချီ ယုံ”

ကျန်းလော်သည် သူ့ဂုတ်ကိုအဆိတ်ခံလိုက်ရာက ချီယုံကပြောလိုက်သည်။

“မဆဲရဘူး ကလေးလေး”

ညနက်လာပြီးနောက် လုယုံရိနှင့် စီဝမ်ကွေးတို့သည် ရယ်ရွှင်အခန်းတွင် ကြာကြာမနေဘဲ သူတို့အဆောင်သို့ပြန်သွားကြသည်။ ရယ်ရွှင်သည် ကျန်းဖုန်းပြန်အလာကို စောင့်နေသည်။ သူသည် ရှောင်ဖန်၏ဆံပင်များကိုခြောက်သွားသည် အထိသုတ်ပေးနေသည်။ ရှောင်ဖန်ဆံပင်များ ခြောက်သွေ့သွားချိန်တွင် ကျန်းဖုန်းပြန်ရောက်လာသည်။

တံခါးမှ အသံကြားသောကြောင့် ရယ်ရွှင်သည် လှည့်ကြည့်လိုက်ရာ ကျန်းဖုန်းကို ရှင်းလင်းစွာမြင်လိုက်ရပြီး သူ့မျက်လုံးများပြုးသွားသည်။

“ပြန်လာပြီလား”

အဆောင်ခန်းထဲမှ တခြားသင်တန်းသားက မေးလိုက်သည်။ 

“ကျန်းဖုန်းဒီနေ့မိုးတော်တော်ကြီးတယ်နော်”

ကျန်းဖုန်းသည် ခပ်ဟဟရယ်လိုက်ပြီး

“ငါလမ်းလျှောက်ထွက်ရင်းမိုးမိလာတာကွာ ရေအရင်ချိုးလိုက်ဦးမယ်”

သူသည် သူ့ဗီဒိုဆီသို့ လျှောက်သွားလိုက်ကာ လဲဝတ်ရန် အဝတ်များထုတ်လိုက်ပြီး “Next Stop, Idol”၏ မူပိုင်သင်္ကေတသီချင်းကို ညည်းလိုက်ကာ ရေချိုးခန်းထဲဝင်သွားသည်။ ကျန်းဖုန်းသည် ယခင်က စိတ်ဓာတ်ကျပြီး အမြဲလိုလိုဖြူဖျော့နေပြီး စိတ္တဇဆန်ဆန်ဖြစ်နေတတ်ကာ ယနေ့တွင် လုံးဝတစ်ခြားလူတစ်ယောက်လိုပင် ဖြစ်နေသည်။ သူ့ပြဿနာများဖြေရှင်းပြီးသွားပြီဖြစ်ပြီး သူ့စိတ်အခြေအနေကောင်းနေမှန်း လူတိုင်းမြင်နိုင်သည်။ 

ရယ်ရွှင်၏နှာခေါင်းထိပ်တွင် ချွေးများစို့လာသည်။အဝတ်လဲပြီးနောက် ကျန်းဖုန်းသည် ရေချိုးခန်းထဲမှထွက်လာကာ ရယ်ရွှင်သူ့ကို ကြည့်နေကြောင်း သတိထားမိသွားပြီး ရယ်ရွှင်ကို လှည့်ကြည့်လိုက်သည်။ ရယ်ရွှင်ကို ယခင်ကကဲ့သို့ ရန်မလိုတော့ဘဲ ရင်းနှီးနွေးထွေးသောအပြုအမူဖြင့်

“ရယ်ရွှင် ငါ့ကို ဘာလို့ကြည့်နေတာလဲ”

“ငါ့မျက်နှာပေါ်တစ်ခုခုပေနေလို့လား”

သူ့မျက်နှာကို ထိကြည့်ပြီး ပြောလိုက်သည်။ ရယ်ရွှင်သည် တံတွေးမြိုချလိုက်ပြီး ကျောရိုးတလျောက်မှ အေးစက်လာသည်။ ကျန်းဖုန်းမျက်နှာသည် သန့်ရှင်းနေပြီး ယခင်ကထက် ပိုမိုပေါ့ပါးနေပုံပေါ်ကာ စိတ်ခံစားချက်များ ရှင်းလင်းနေသည်။ 

ဝက်ခြံအမာရွတ်များကင်းပြီး ချောမွတ်တောက်ပနေကာ ပါးနှစ်ဖက်တွင် ပါးချိုင့်တောင်မရှိပေ။

သူ့တွင် အာရုံငါးပါးကိုလည်း မခံစားမိတော့ပေ။

သူ့မျက်နှာသည် မျက်နှာမဲ့နေသော မျက်နှာဖြစ်သည်။

သို့သော် ကျန်းဖုန်းနှင့် အခန်းဖော်များသည် တစ်ခုခုမှားနေမှန်း သတိထားမိပုံမရပေ။

ကျန်းဖုန်းသည် မှန်ယူကြည့်လိုက်ပြီး ငါးမျိုးသောအင်္ဂါများမရှိတော့သောမျက်နှာကို ကိုင်ကြည့်လိုက်ကာ 

“ဘာမှပေမနေပါဘူး”

သူသည် မှန်ကိုကြည့်ပြီး ဘာမှမရှိသောမျက်နှာကြီးကို ဂရုတစိုက်ကိုင်ကြည့်နေသည်။ ရယ်ရွှင်သည် ရုတ်တရက် ဆံပင်များထောင်လာသလို ခံစားလိုက်ရသည်။ သူသည် သူ့မျက်နှာထားကို သေချာထိန်းချုပ်ကာ တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး ကျန်းဖုန်းမှန်ချပြီး ရေချိုးခန်းထဲဝင်သွားသည်ကို ကြည့်လိုက်သည်။ ကျန်းဖုန်းတံခါးပိတ်လိုက်တော့မှ သက်ပြင်းမှုတ်ထုတ်လိုက်သည်။ 

သူသည် အခန်းထဲတွင် စာလေ့လာနေသော အခန်းဖော်နားသွားလိုက်ပြီး 

“ကျန်းဖုန်းမှာ အဖျားရှိနေတယ် သူ့မျက်လုံးတွေ နီနေတာပဲ”

“ဟုတ်လား”

အခန်းဖော်သည် အေးခဲသွားပြီး 

“သူ့ပုံစံက မနက်တုန်းကနဲ့တူတူပါပဲ ငါတော့ သူ့မျက်လုံးနီနေတာ မမြင်မိပါဘူး”

ရယ်ရွှင်သည် မတ်မတ်ရပ်လိုက်ပြီး ခေါင်းယမ်းလိုက်ကာ သူ့အိပ်ရာဆီပြန်သွားလိုက်သည်။ ရှောင်ဖန်ကို ဖက်လိုက်ပြီး ဖုန်းထုတ်၍ ကျန်းလော်နှင့် တခြားသူများကို စာပို့လိုက်သည်။

စာမပို့ရသေးခင် တံခါးခေါက်သံတစ်ခု ထွက်လာသည်။ရယ်ရွှင်သည် စာပို့ခြင်းကို ရပ်လိုက်ပြီး ရှောင်ဖန်ကို ဖက်ထားလိုက်သည်။ ထို့နောက်ဖုန်းကို ဖွက်လိုက်ကာ 

“ဘယ်သူလဲ”

ရေချိုးခန်းထဲမှ ကျန်းဖုန်းသည်လည်း အသံကြားလိုက်ပုံရကာ သူ့အသံကိုမြှင့်လိုက်ပြီး အော်မေးလိုက်သည်။

“ရယ်ရွှင် ဘယ်သူလဲ”

ထို့နောက် သူက ထပ်ဖြည့်ပြောလိုက်သည်။

“တစ်ယောက်ယောက်ငါ့ကိုလာရှာတာလား အဲ့လိုဆို ငါ့မရှိဘူးလို့ပြောပေး”

ကျန်းဖုန်းသည် သူ့ကို လူတစ်ချို့လာရှာမှာကြောက်နေသည်ဟု ရယ်ရွှင်က တွေးမိသည်။ ကျန်းဖုန်းသည် မနက်က ရိုက်ကူးရေးတွင် သူ့ဘေးတွင် သရဲမြင်သည်ဟုပြောသော ကျန်းချန်နှင့် ရန်ဖြစ်ခဲ့သောကြောင့် အပြစ်တင်ခံရမှာ ကြောက်နေဟန်တူသည်။

ရယ်ရွှင်က ပြောလိုက်သည်။

“ကောင်းပြီ”

အခြားအခန်းဖော်များသည် နားကြပ်များတပ်ထားကြပြီး သူတို့ပြိုင်ရမည့် သီချင်းစာသားများ ကျက်နေကြသည်။ ထို့ကြောင့် သူတို့စကားပြောတာကို မကြားကြပေ။ တံခါးခေါက်သံသည် ဆက်တိုက်ထွက်နေကာ တစ်ချက်ချင်းဆီသည် ရယ်ရွှင်ရင်ဘက်ကို လာထုနေသလို ခံစားရသည်။ 

ရယ်ရွှင်သည် နှုတ်ခမ်းစေ့လိုက်ပြီး ခုံကိုရွှေ့လိုက်ကာ တံခါးအပေါ်မှ ဖန်ဖြင့်ပြုလုပ်ထားသော အပေါက်ရှည်ရှည်လေးမှ ချောင်းကြည့်လိုက်သည်။

သူ့လှုပ်ရှားမှုသည် ငြင်သာပြီး သိုသိပ်သောကြောင့် မည်သူမျှသတိမထားမိပေ။ သူသည် အပြင်လက်မှလူကို အမြင့်မှ ချောင်းကြည့်နေသည်။ အပြင်ဘက်မှလူသည် တံခါးကိုတိတ်ဆိတ်စွာခေါက်နေပြီး ရယ်ရွှင်သည် ထိုလူ၏နောက်စေ့နှင့် ဆံပင်ကိုသာ မြင်ရသည်။

ထိုလူကို သူသည် အနည်းငယ်ရင်းနှီးနေပြီး ကောင်းကောင်းမမှတ်မိပေ။ အပြင်ဘက်မှလူသည် ရုတ်တရက်သူ့ကို ကြည့်လာသောကြောင့် သူ့အတွေးများပျက်သွားရသည်၊ 

ထိုသူသည်မွန်းကြပ်ဖွယ်ပြုံးလိုက်ပြီး ကျန်းဖုန်းပိုင်ဆိုင်သော မျက်နှာကို ထုတ်ဖော်ပြသကာ(ကျန်းဖုန်းမျက်နှာနဲ့လူ) 

“ငါသော့မေ့လာလို့ကွာ တံခါးဖွင့်ဖို့ သော့လှမ်းပေးလို့ ရမလား”