Ch 65
Viewers 8k

အပိုင်း (၆၅) 


ငါလည်းစောင့်ကြည့်ခံနေရပြီ

ဖုန်းရှုယွင်၏ ရည်းစားသည် တကယ်ကို ကျန်းဖုန်းဖြစ်သည်။ ကျန်းလော်သည် သူစောနကဖတ်ကြည့်ခဲ့သော အချက်အလက်များကို ပြန်တွေးကြည့်လိုက်ရာ ကျန်းဖုန်းသည် ၂၄နှစ်ဖြစ်ပြီး ဖုန်းရှုယွင်ထက် ခြောက်နှစ်တိတိ ငယ်သည်။ ကျန်းလော်သည် ဖျော်ဖြေရေးနယ်ပယ်မှ မဟုတ်သော်လည်း ပွဲဦးထွက်ရန် လေ့ကျင့်နေသည့် သင်တန်းသားသည် မိမိထက် ခြောက်နှစ်ကြီးသော သူနှင့်တွဲ၍ မဖြစ်ပေ။ ဤအချက်တွင် ထူးဆန်းသောဟာကွက်များရှိနေသည်။ ကျန်းဖုန်းသည် ၂၄နှစ်ဖြစ်ပြီး မငယ်တော့ပေ။ သူသည် ပွဲဦးထွက်ရန် အပြင်းအထန် ကြိုးစားနေရမည့် အချိန်တွင် အဘယ့်ကြောင့် ချစ်သူထားရသနည်း။ 

ကျန်းလော်သည် ဖုန်းရှုယွင်ကို အပြစ်မတင်ပေ။ သူသည်လည်း ယောက်ျားတစ်ယောက်ဖြစ်သောကြောင့် ယောက်ျားများအကြောင်း ကောင်းကောင်းသိသည်။ သူမအတွက် တွဲဖက်သည် ငယ်ရွယ်ချောမောကာ ချမ်းသာသည် သို့သော် ဖုန်းရှုယွင်သည် အသက်သုံးဆယ်ပင်ဖြစ်နေပြီး သာမန်ကြည့်ကောင်းရုံရုပ်ရဉ်သာရှိကာ ကျန်းဖုန်းမျက်စိကျသွားနိုင်စရာ မရှိပေ။ ကျန်းဖုန်းနှင့် သူမ၏ဆက်ဆံရေးသည် လူသိမခံထားသော ဆက်ဆံရေးဖြစ်သည်။ သို့သော် ဘယ်လိုလူမျိူးသည် မိမိအသက်မွေးဝမ်းကျောင်းကို ဖျက်ဆီး၍ ဖုန်းရှုယွင်နှင့် နီးကပ်ချင်ပါမည်နည်း။ 

ကျန်းလော်သည် ဒိုင်ယာရီကို ထပ်ဖတ်ကြည့်လိုက်သည့်အခါ ထိုအကြောင်းများမှာ သုံးရက်စာသာရေးထားကြောင်း တွေ့လိုက်ရသည်။ ဆိုလိုသည်မှာ ကျန်းဖုန်းသည် ဖုန်းရှုယွင်ကို ချည်းကပ်ပြီး ချစ်သူဖြစ်သွားကြသည်မှာ သုံးရက်သာ ရှိသေးသည်။ ထိုအချိန်မတိုင်မီတွင် လိကျန်းတို့သုံးယောက်သေသွားပြီးဖြစ်သည်။ လျော့လျော့ပေါ့ပေါ့တွေးကြည့်လျှင် ကျန်းဖုန်းသည် လိကျန်းသေဆုံးရခြင်းကို မသိလိုက်ပေ။ သို့သော် သူဘာလို့အခုထိ မသေသေးတာလဲ။

ကျန်းလော်စိတ်ထဲတွင် ရုတ်တရက်တွေးမိလိုက်သည် “ဓားစာခံ”

ဖြစ်နိုင်သည်မှာ ဖုန်းရှုယွင်သည် ကျန်းဖုန်းကိုယ်စား သေပေးလိုက်ရခြင်းဖြစ်မည်။

“ဖုန်းရှုယွင်က ဘာမှချန်မထားခဲ့ဘူးလား”

ကျန်းလော်ကမေးလိုက်သည်။ လုယုံရိသည် ဂျပ်ဘူးကြီး တစ်ဘူးမလာ၍

“ဖုန်းရှုယွင်က သူ့အိပ်ရာအောက်မှာ သိမ်းထားတာ ငါတို့ထုတ်မကြည့်ရသေးဘူး”

သူတို့သည် ဂျပ်ပုံးကို အရိုအသေပေးလိုက်ပြီး သေသပ်စွာ အိတ်တစ်အိတ်စီနှင့် သေချာထုပ်ပိုးထားသော ဘူးထဲရှိ  အထုပ်များကို ထုတ်ကြည့်လိုက်သည်။ သူသည် ထူးဆန်းသောအရာများကို တစ်ခုချင်းသိမ်းထားသည်။

တစ်ဝက်ကိုက်ထားသော ကွက်ကီး၊ သုံးပြီးသာ ခွက်ဟောင်းတစ်ခွက်၊ ပုတ်သိုးနေပြီဖြစ်သော ပန်းသီးတစ်လုံး တို့ကို တစ်အိတ်စီထည့်ထားပြီး စာတိုများရေးကပ်ထားသည်။

“သူငါ့ကို ခေါင်းစည်းကြိုးလေးပေးတယ်”

“သူသုံးသွားတဲ့ခွက်လေး”

“သူငါ့ကို ပြောတာလေး”

ထိုအရာများအပြင် သေသပ်စွာခေါက်ထားသော နက်ပြာရောင် အိပ်ရာခင်းကို ဘူးအောက်ခြေတွင် သေချာထည့်ထားသည်။ လုယုံရိနှင့် ရယ်ရွှင်သည် အိပ်ရာခင်းကို ဖြန့်ကြည့်လိုက်သည်။ အိပ်ရာခင်းအလယ်တွင် သွေးစက်အနည်းငယ်ရှိနေသည်။ ထို့နောက် အိပ်ရာခင်းတွင် စာတိုလေးတစ်စောင်ကပ်ထားသည်။ ကျန်းလော်သည် ထိုစာကိုယူပြီး ကြည့်လိုက်ရာ သူသည် ကြောင်အသွားပြီး

“သူတို့အိပ်ခဲ့တဲ့ အိပ်ရာလေး”

ကြည့်ရတာ ဖုန်းရှုယွင်ရဲ့ ပထမဆုံးအကြိမ်ဖြစ်မည်။ အိပ်ရာခင်းကို ဖြန့်ကိုင်ထားသော နှစ်ယောက်သည် ချက်ချင်းလွတ်ချလိုက်ကာ ရွံရှာသွားပုံဖြင့် နောက်ဆုတ်လိုက်သည်။ ထို့နောက် စာရွက်ကို ယူပြီး ဖတ်ကြည့်လိုက်ကြသည်။

“ဒီလိုက အရမ်းမြန်နေတယ်ထင်ပေမဲ့လည်း သူကငါ့ကို အရမ်းကြိုက်ပြီး တွေ့တိုင်းဖက်ထားပေးတယ်၊ အနမ်းလည်းပေးသေးတယ်၊ ငါကဘာလို့ ခနခန နမ်းနေလည်းမေးတော့ သူပြောတာက ငါ့ကိုယ်ပေါ်မှာ သူ့အနံ့လေးချန်ထားချင်လို့ပါတဲ့ ငါတို့ အဲ့တာလုပ်ပြီးသွားတော့ သူဘာလို့ စိတ်သက်သာရာရသွားတဲ့ပုံမျိုး ဖြစ်သွားတာလဲမသိဘူး ဒါပေမဲ့ ငါပျော်တယ် သူငါ့ဆီကနေ မြန်မြန်ပြန်ဖို့လုပ်နေခဲ့တာတောင် ငါအရမ်းပျော်နေသေးတယ်”

စီးဝမ်ကွေးသည် ထိုအရာကိုကြည့်ပြီး

“သူမက ဓားစာခံပဲ”

ကျန်းလော်သည် သူ့ကိုကြည့်လိုက်ပြီး

“ဘာလို့ အဲ့လိုထင်ရတာလဲ”

စီးဝမ်ကွေးက

“ကျန်းဖုန်းက ဖုန်းရှုယွင်ရဲ့ကိုယ်ပေါ်မှာ သူ့အနံ့ကိုထားခဲ့ချင်တယ်၊ သူ့ကိုသတ်ချင်နေတဲ့ မကောင်းဆိုးဝါးနာနာဘာဝတွေက်ု အရူးလုပ်ချင်လို့ ဖြစ်နိုင်တယ်”

ကျန်းဖုန်းကို တစ်ခုခုက သတ်ချင်နေတာပဲ။ ကျန်းဖုန်းသည် ထိုအရာကိုသိပြီးနောက် ဖုန်းရှုယွင်ထံချည်းကပ်ခဲ့သည်။ သူမကိုလှည့်စား၍ ဖုန်းရှုယွင်ကို ဓားစာခံလုပ်ပြီး သူ့အစားသေခိုင်းလိုက်တာပဲ။ 

သို့ဆိုပါလျှင် ကျန်းဖုန်းသည် သူသေမည်ကို ဘယ်လိုလုပ်သိသွားတာလဲ ဟုမေးရတော့မည်။ ဘယ်လိုလုပ်ပြီး ဓားစာခံထားသည့် နည်းလမ်းကိုသိသွားရဿနည်း။

ကျန်းဖုန်း၊ လိကျန်း၊ ချန်လဲ့ကျီနှင့် လင်ရှောင်းတို့သည် သေဖို့ထိုက်တန်သည့်တစ်ခုခုလုပ်ခဲ့ကြခြင်း ဖြစ်နိုင်သည်။ ကျန်းလော်သည် ဖုန်းရှုယွင်၏ ဘူးကိုလက်ညိုးထိုး၍

“”ဖုန်းရှုယွင်ကို ဓားစာခံလုပ်ဖို့က တစ်ခါလုပ်နမ်းရုံနဲ့ ဖက်ထားလိုက်ရင် ရပြီမလား"

စီးဝမ်ကွေးသည်ခေါင်းညိတ်လိုက်သည်။ သူသည် ဘာမှမမှတ်မိတော့သော်လည်း သူ့ခေါင်းထဲသို့ မှတ်ဉာဏ်တစ်ချို့ပေါ်လာပုံရသည်။

“တစ်ချက်လောက်ဖက်လိုက်ရင်ရပေမဲ့ ကိုယ်တွင်းရည်လဲလှယ်လိုက်ရင် တစ်စုံတစ်ယောက်အပေါ်မှာ အနံ့ကျန်နေဖို့ ပိုသေချာသွားတာပေါ့ ဒါပေမဲ့ အဲ့ဒါကလည်း နမ်းရုံနဲ့တင်ဖြစ်တယ် နောက်ဆုံးအဆင့်ထိ သွားစရာမလိုဘူး”

“ဒါမျိုးနည်းလမ်းက မျက်စိမမြင်တဲ့ နာနာဘာဝတွေကို အရူးလုပ်ဖို့ အကောင်းဆုံးပဲ”

လုယုံရိသည် စိတ်ပျက်စွာ ဘူးကိုကြည့်၍

“ဒါဆိုသူမက ကျန်းဖုန်းသတ်တာကို ခံလိုက်ရတာပဲ”

ကျန်းဖုန်းသည် အထဲတွင် ပုတ်သိုးနေပြီး အပုတ်နံ့လှိုင်လှိုင်ထွက်နေသော လူမျိုးဖြစ်သည်။ စီးဝမ်ကွေးပြောသလိုဆိုလျှင် သူသည် နောက်တစ်ဆင့်ကိုလုပ်ရန်မလိုပေ။ သို့သော် ကျန်းဖုန်းသည် ဖုန်းရှုယွင်ကို အိပ်ရာပေါ်ထိခေါ်သွားခဲ့သည်။ နမ်းရုံနှင့် မလုံလောက်မှာကို စိုးရိမ်ကာ ဖုန်းရှုယွင်ကို လှည့်စားပြီး အရယူခဲ့သည်။ သူသည် မိန်းကလေး၏အချစ်ကို အခွင့်အရေးယူကာ တကိုယ်ကောင်းဆန်စွာဖြင့် သူမအပေါ်ကို ကြောက်စရာကောင်းစွာ သတ်ဖြတ်ခဲ့သည်။ ကျန်းဖုန်းသည် ဖုန်းရှုယွင်ကို သူ့ဓားစာခံအဖြစ် ရွေးချယ်ခဲ့ရခြင်းမှာ ရိုးရှင်းပေသည်။

ဖုန်းရှုယွင်သည် အသက်သုံးဆယ်အရွယ် နှိမ့်ချ၍ တစ်ကိုယ်ထဲနေသော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဝန်ထမ်းများကြားတွင် မထင်မရှားနေပြီး သူငယ်ချင်းလဲ မထားသောကြောင့် မည်သူမျှသူမကို သတိထားမည့်မည် မဟုတ်သောကြောင့်ဖြစ်သည်။ ဖုန်းရှုယွင်သည် အသက်သုံးဆယ်ပင် ဖြစ်သော်လည်းတစ်ခါမှ မချစ်ဖူးသူဖြစ်သည်။ ထို့ကြောင့် ကျန်းဖုန်းသည် သူမကိုအလွယ်တကူ လှည့်စား၍ သူမနှလုံးသားကို အရယူခဲ့သည်။ ဖုန်းရှုယွင်သည် အပေါ်ယံစကားများကို နားထောင်ပြီး သူတို့အကြောင်းကို မည်သူ့ကိုမျှ မပြောပြခဲ့ပေ။

လူတိုင်းသည် ဖုန်းရှုယွင်သည် ယခင်ကထက် ပို၍စကားနည်းသွားသည်ဟု ထင်ကြသည်။ သို့သော် သူမသည် ငယ်ရွယ်ချောမောသော ပြိုင်ပွဲဝင် သင်တန်းသားလေးနှင့် ချစ်မိသွားသည်ကို အိပ်မက်ပမာဖြစ်နေကာ မယုံနိုင်ဖြစ်နေသောကြောင့်သာဖြစ်သည်။ ကျန်းဖုန်းသည် အရာအားလုံးကို ကြိုတင်တွေးထားပုံရသည်။ ကျန်းလော်သည် နှာမှုတ်လိုက်ကာ

“သူက တကယ်အတွေးကောင်းတာပဲ”

သို့သော် ဖုန်းရှုယွင်သေဆုံးမှုသည် ကျန်းဖုန်းနှင့် ဆက်စပ်နေသည်ကို တွေ့ရှိပြီးလေပြီ။ ကျန်းဖုန်းသည် ဘာမှန်းမသိသော အရာဆီမှလဲ ယခုအချိန်ထိ မလွတ်မြောက်သေးပေ။ ကျန်းလော်သည် စာအုပ်ကို ပိတ်လိုက်သည်။

“လာကြ ဂိုထောင်ထဲသွားစစ်ဆေးကြည့်ရအောင်”

ကျန်းဖုန်းသည် တစ်မနက်လုံး အကလေ့ကျင့်နေသည်။ သူပိုပြီး ကနေလေ သူပိုစိတ်တိုလာလေဖြစ်သည်။ သူသည် ရေချိုးခန်းထဲသို့ ဝင်လိုက်ပြီး သုန်မှုန်နေကာ မှန်ကြည့်လိုက်သည်။ ကျန်းဖုန်းသည် မျက်နှာသစ်လိုက်ကာ မှန်ထပ်ကြည့်လိုက်သည်။ သူသည် ပြဿနာကို ဖြေရှင်းပြီးနောက် စိတ်ပေါ့သွားကာ အားတင်းထားလိုက်သည်။ သူသည် တခြားသင်တန်းသားများ လေ့ကျင့်ရေးအခန်းသုံးနေသည်ကို မြင်သောအခါ ကြောက်ရွံ့ဒေါသထွက်လာပြန်သည်။ သူသည် ထိုအတွေးကို လွှင့်ပစ်လိုက်ကာ အဲ့ဒီအရာရဲ့ ကောင်းချီးသာမရှိရင် သူပွဲဦးထွက်နိုင်မှာ မဟုတ်ပေ။ ပွဲဦးထွက်ရန် ရှစ်နေရာသာရှိရာ သူ့အတွက်တစ်နေရာတော့ ကျိန်းသေသည်။ 

ကျန်းဖုန်းသည် တစ်ချိန်က ထိုသူများကို သူနှင့် လိုက်သေစေရန် ရက်စက်စွာ ကြံစည်ခဲ့ဖူးသည်။ ကျန်းဖုန်းသည် မျက်နှာကို ခြောက်အောင်သုတ်လိုက်ကာ မှန်ကြည့်လိုက်ရာ တစ်ခုခုမှားနေသလိုခံစားလိုက််ရသည်။ သူ့မျက်နှာက ဘာလို့မျက်နှာပြောင်းမသွားရတာလဲ။

ကျန်းဖုန်းသည် ထူးဆန်းသည့် မျက်နှာပုံစံ ပြောင်ပြလိုက်သည်။ သို့သော်မှန်ထဲတွင် သူသည် မပြောင်းမလဲ ပျော်ရွှင်စွာပြုံးရယ်နေသည်။ 

‘ဘာတွေဖြစ်ကုန်တာလဲ’

ကျန်းဖုန်းသည် ကြောက်လန့်လာသည်။တစ်စုံတစ်ယောက်သည် တံခါးခေါက်နေသောကြောင့် ကျန်းဖုန်းသည် တံခါးဆီသို့ လျှောက်သွားလိုက်သည်။ တုန်ရီနေပြီး ဒေါသထွက်နေကာ တံခါးတွန်းဖွင့်လိုက်ရာ တံခါးသည် လုံးဝမပွင့်ပေ။ 

သန့်စင်ခန်းတံခါးသည် အသာအယာတွန်းလိုက်ရုံနှင့် ပွင့်သည်။ ကျန်းဖုန်းသည် စိတ်တိုစွာဖြင့် ချွေးအေးများစီးကျလာကာ 

“ဘယ်သူလဲ”

တစ်စုံတစ်ယောက်သည် အပြင်ဘက်မှ တံခါးခေါက်နေပြီး ဘာမှပြန်မဖြေဘဲ ဆက်ခေါက်နေသည်။ ကျန်းဖုန်းသည် နှလုံးခုန်သံမြန်လာပြီး ချွေးထွက်များလာကာ ဆံပင်များလည်ပင်းတွင် ကပ်နေတော့သည်။ သူသည် လက်ကိုခါလိုက်ပြီး တံခါးကို လော့ချလိုက်ကာ နောက်သို့ နှစ်လှမ်းလောက်ဆုတ်လိုက်သည်။

“ဘယ်သူလဲ ဘယ်သူလဲလို့”

“ပြောလေ”

“စကားပြောစမ်း”

တံခါးခေါက်သံသည် မရပ်သွားဘဲ ဆက်ခေါက်နေသည်။ ကျန်းဖုန်းသည် အလွန်ကြောက်လန့်လာကာ နားပိတ်ထားသော်လည်း တံခါးခေါက်သံကို ဆက်ကြားနေရသည်။ ကျန်းဖုန်းသည် စိတ်တိုစွာ

“ဆက်မခေါက်နဲ့”

တံခါးခေါက်သံသည် ချက်ချင်းရပ်သွားသည်။ ကျန်းဖုန်းသည် စိတ်အေးသွားပြီး တံခါးဆီသို့ သွားလိုက်ပြီး လူရှိမရှိကြည့်ရန်သွားလိုက်သော်လည်း တံခါးရှိ ကြောင်မျက်လုံးပေါက်မှ ကြည့်လိုက်ရာ ဘယ်သူ့ကိုမှမတွေ့ပေ။ ထို့အပြင် ပြတင်းပေါက်များလည်း မတွေ့တော့ပေ။

ကျန်းဖုန်းသည် အသက်ပြင်းပြင်းရှူနေပြီး တံခါးမဖွင့်ရဲဖြစ်နေသည်။ သို့သော် တိတ်ဆိတ်နေသည်က ပို၍စိတ်ခြောက်ခြားရသောကြောင့် ချောင်းကြည့်ရန် တံခါးပေါက်ကို နည်းနည်းလေးဖွင့်လိုက်သည်။ ကျန်းဖုန်းသည် တံခါးနားသွားလိုက်ကာ ကြမ်းပြင်ကိုမျက်နှာမူ၍ နဖူးကို တံခါးနှင့်တိုက်ထားပြီး အပြင်ကိုချောင်းလိုက်သည်။   သူသည်ဟိုဘက်သည်ဘက် ကြည့်လိုက်သော်လည်း ခြေထောက်တစ်ချောင်းတောင် မတွေ့ရပေ။ တံခါးခေါက်နေသော အရာမှာ မရှိတော့ပေ။ ကျန်းဖုန်းသည် အသက်ရှူချောင်သွားပြီး သက်ပြင်းချလိုက်ကာ ကြမ်းပြင်ပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ 

‘အဲ့ဒီအကြောင်းမတွေးနဲ့ အဲ့ဒီအကြောင်းမတွေးနဲ့ ဒါက ဒါက ဒီအတိုင်းတစ်ယောက်ယောက်က နောက်တာပဲနေမှာ’

‘အဲ့ဒီအရာတွေက အကုန်ဖြေရှင်းပြီးသွားပြီ ငါ့ကို ထပ်လာရှာမှာမဟုတ်တော့ဘူး’

ကျန်းဖုန်းသည် သူ့ကိုသူအားပေးလိုက်ပြီး ထရပ်လိုက်ရန်အလုပ် တံခါးပေါက်သို့ကြည့်လိုက်မိသောအခါ သူ့ကိုစိုက်ကည့်နေသော မျက်လုံးကိုတွေ့လိုက်သည်။ ကြည့်နေသည်မှာ မည်မျှကြာပြီမသိ အလွန်ပြူးကျယ်နေသော မျက်လုံးဖြင့် သူ့ကို စိုက်ကြည့်နေသောကြောင့် 

“...........”

“အာာားးးးးးးး”

ကျန်းလော်တို့လေးယောက်သည် ဂိုထောင်ဆီသို့ လမ်းလျှောက်သွားကြသည်။ လမ်းတွင် လုယုံရိသည် သက်ပြင်းချလိုက်ပြီး

“ကျောင်းကိုပြန်သွားချင်လိုက်တာကွာ၊ ကန်တင်းက အစားအသောက်လေးတွေ လွမ်းတယ်၊ ဒီမှာ ဘယ်ဟာမှ ငါတို့ကျောင်းလောက်မကောင်းဘူး နေ့တိုင်းလေ့ကျင့်ရေးဆင်းနေရတာ ပျင်းစရာကြီး”

ကျန်းလော်သည် ထေ့ငေါ့ပြီး

“ဒီကကန်တင်းက တကယ်မကောင်းဘူးပေါ့”

လုယုံရိသည် တိတ်ဆိတ်သွားသည်။ 

စီးဝမ်ကွေးသည် သိချင်သွားပြီး

“ကျောင်းပြန်မယ်”

“ငါတို့က အခုထိကျောင်းတတ်နေတုန်းပဲလေ”

လုယုံရိသည် ရှင်းပြလိုက်ပြီး 

“စီကွေး မင်းကျောင်းတတ်ဖူးလား”

စီးဝမ်ကွေးသည် ရှုပ်ထွေးသွားပြီး ခေါင်းခါလိုက်သည်။

“သူက စီဝမ်ကွေးလေကွာ သူကျောင်းတက်ဖူးရင်လည်း လွန်ခဲ့တဲ့ နှစ်ရာကျော်လောက်က ဖြစ်မှာပေါ့”

ရယ်ရွှင်က တိုးတိုးပြောလိုက်သည်။ 

“စီကွေး မင်းဓားရော”

စီးဝမ်ကွေးသည်

“အဆောင်မှာဖွက်ထားတယ်”

လုယုံရိသည် လက်မထောင်ပြလိုက်ပြီး လေးစားစွာဖြင့် တွေးလိုက်သည်။

‘ဓားအကြီးကြီးကို ဖုန်းဖွက်သလိုဖွက်ထားနိုင်တာ လေးစားတယ်’

စီးဝမ်ကွေးသည် ခနတွေးလိုက်ပြီး

“ငါနောက်ထပ်ဖွက်ဖို့ နေရာနှစ်ဆယ်ထပ်ရှာထားသေးတယ်”

“ကင်မရာတွေမှာ ဖမ်းမိသွားရင်ရော”

ကျန်းလော်သည် မထိန်းနိုင်တော့ဘဲ

“စကားမစပ် ဒီရှိုးထဲ ဘယ်လိုလုပ်ပါလာတာလဲ”

စီးဝမ်ကွေးသည် အေးဂျင့်အကြောင်းပြောလိုက်ပြီး အေးဂျင့်ကို သူ့ကိုနှစ်နှစ်ဆယ်စာချုပ်ချုပ်သွားကြောင်း သေချာပြောပြလိုက်သည်။ 

“နှစ်နှစ်ဆယ်တောင်”

လုယုံရိသည် လေအေးများမှုတ်ထုတ်လိုက်ကာ

“ဒါကြီးက တွင်းနက်နက်တူးတာပဲကွ”

“မင်းဘာလို့ ဒီလောက် စိတ်တိုနေရာတာလဲ”

ရယ်ရွှင်သည် သူ့ကို ပုတ်ပေးလိုက်ပြီး

“သူက လူမဟုတ်ဘူးလေကွာ”

လုယုံရိသည် 

“အိုး ဟုတ်သားပဲ”

သူတို့သည် ပြောရင်းဆိုရင်း ဂိုထောင်သို့ ရောက်လာကြသည်။ ဒါရိုက်တာပြောခဲ့သလိုပင် လုံးဝဟောင်းနွမ်းပြီး ညစ်ပတ်စုတ်ပြတ်နေသည်။ ပြတင်းပေါက်များကျိုးပဲ့နေပြီး ပေါင်းပင်များနေရာအနှံ့ပေါက်နေသည်။ 

ကျန်းလော်သည် သံချေးတက်နေသောသံတံခါးကို တွန်းဖွင့်လိုက်သည်။ သို့သော် သော့ခတ်ထားသောကြောင့် ရှေ့မှဝင်ရန်မဖြစ်နိုင်တော့ချေ။

ရယ်ရွှင်သည် ပြတင်းပေါက်တစ်ခုမှ တက်သွားလိုက်ပြီး

“ဒီကလာ”

သူတို့သည် ပြတင်းပေါက်မှ ခုန်ဝင်လိုက်သည်။ သူတို့မတ်မတ်ရပ်လိုက်သောအခါ ဖုန်ထကြီးထသွားသည်ကို တွေ့လိုက်ရသည်။ ကျန်းလော်သည် ဖုန်များခါလိုက်ပြီးနောက် သူသည် ကြမ်းပြင်ပေါ်တွင် ရွှံ့ခြေရာတစ်ခုကို တွေ့လိုက်သည်။ ရယ်ရွှင်သည် ကြမ်းပြင်ပေါ်မှ ရွှံခြေရာနှင့် ကျန်းဖုန်းဖိနပ်ကို ကြည့်၍

“ကျန်းဖုန်းလာသွားသေးတယ်”

ခြေရာများသည် ဂိုထောင်အနောက်ဘက်နံရံကို ဦိးတည်နေသည်။ ကျန်းလော်သည် ခြေရာများကိုကြည့်ရင်း ဂိုထောင်အနှံကို သေချာလိုက်ကြည့်သည်။ ဂိုထောင်ထဲတွင် ဟောင်းနွမ်းနေသော စားပွဲနှင့် ထိုင်ခုံများရှိပြီး ကြမ်းပြင်ပေါ်တွင် လျှပ်စစ်ပစ္စည်းအကျိုးအပဲ့များ ပြန့်ကျဲနေသည်။ သေးငယ်ပြီး အနည်းငယ်သန့်ရှင်းနေသော စားပွဲသည် ဘယ်ဘက်နံရံတွင် ကပ်နေသည်။ ထိုစားပွဲပေါ်တွင် ဂျပ်ဘူးလေးဘူးကို သေချာစီတင်ထားသည်။ ကျန်းလော်သည်

“ဒီစားပွဲပေါ်မှာ သေချာပေါက် တစ်ခုခုရှိလိမ့်မယ်”

ရယ်ရွှင်သည် ကြည့်လိုက်ပြီး

“အနီးကပ်သွားကြည့်ရအောင်”

ကျန်းလော်ထင်သည့်အတိုင်းပင် စားပွဲပေါ်တွင် ပန်းကန်လုံးအကွဲတစ်ခုကိုတွေ့ရသည်။ ထိုစားပွဲထောင့်တွင် အမည်းရောင်ပြာများ အပုံလိုက်တွေ့ရပြန်သည်။ ကျန်းလော်သည် လက်မနှင့် ထိုပြာများကို ထိကြည့်၍ ပြုံးလိုက်ကာ

“ဒါတွေက နံ့သာမီးရှို့ထားတဲ့ပြာပဲ”

“ခွက်စောင့်နတ်သမီးဂိမ်းဆော့ထားကြတာလား”

လုယုံရိသည် သိချင်သွားသည်။ ခွက်စောင့်နတ်သမီးဂိမ်းသည် ဘောလ်ပင်န်နတ်သမီး၊ စာရွက်ပေါ်တုတ်ချောင်းတင်၍ နတ်ပင့်ကာမေးခွန်းများမေးသော ဂိမ်းများကဲ့သို့ပင်ဖြစ်သည်။ ထိုသို့မေးခြင်းသည် မကောင်းပေ။ လာဖြေသူများသည် သရဲများနှင့် မကောင်းဆိုးဝါးများဖြစ်ပြီး ပြန်မပို့ပါက ကောင်းကောင်းကြီး ဒုက္ခပေးမည်ဖြစ်သည်။ သို့သော် ကျန်းလော်သည် ဤဖြစ်ရပ်တွင် ဘယ်သရဲမှ မတွေ့ပေ။ ခွက်စောင့်နတ်သမီးသတ်လိုက်သည်မှာလည်း ဖြစ်နိုင်ချေမရှိတာတော့ မဟုတ်ပေ။ အမှောင်ထဲတွင်တွေ့ခဲ့ရသော မျက်နှာမပါသည် မိစ္ဆာကို ထည့်မစဉ်းစား၍လည်း မရပေ။ ထိုသတ္တဝါသည် ကျန်းလော်အမှောင်ထဲရပ်နေချိန်တွင် ကျန်းလော်ဘေးသို့ရောက်လာကာ သတ်ရန်ကြံသော်လည်း ကျန်းလော်သည် လက်ဦးသွားပြီး ဖမ်းခဲ့သည်။ ကျန်းလော်သည် စုတ်သပ်လိုက်ပြီး

“ကျစ် ဒီခြေရာနောက်အရင်လိုက်ရအောင်”

သူတို့သည် ဂိုထောင်နောက်ဘက်ရှိ ပြတင်းပေါက်နောက်မှ ငုံ့ကြည့်လိုက်ရာ ရွှံ့အိုင်တစ်ခုတွေ့ရသည်။ မနက်ကမှ မိုးတိတ်သွားသောကြောင့် ရွှံ့အိုင်သည် မခြောက်သေးပေ။ ခြုံပုတ်များနေရာအနံ့ရှိနေပြီး တစ်ဝက်လောက်က ရွှံ့နှင့် ဖုံးနေပြီး တစ်ချို့မှာ မြင်နေရသည်။ မြေပြင်ပေါ်တွင် ရွှံ့ခြေရာများတွေ့ရပြီး သစ်တောရှိနေသောဘက်သို့ ဦးတည်သွားထားပုံပင်။ ကျန်းလော်သည် မနေ့က မိုးရွာသည်ကို ကျေးဇူးတင်နေပြီး သူတို့သည် ကျန်းဖုန်း၏ ခြေရာလက်ရာကို လွယ်လွယ်ကူကူရှာတွေ့၍ ပျော်ရွှင်နေသည်။ တောမနက်သော်လည်း ရွှံ့များကြောင့် မနည်းလျှောက်နေရသည်။ သူတို့သည် မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ပြီးနောက် ခြေရာများသည် ခြုံပုတ်ကြီးတစ်ခုရှေ့တွင် ရပ်တန့်သွားသည်။

ကျန်းလော်၏ မျက်နှာသည် ပြာသွားသည်အထိ ရှုံ့မဲ့သွားပြီး ဆိုးဝါးသော အနံ့ကြောင့် နှာခေါင်းကို အုပ်ထားလိုက်သည်။

“ဒါက သူလာခဲ့တဲ့ နေရာလား၊ ဒီခြုံပုတ်အကြီးကြီးဆီကိုလေ”

ရယ်ရွှင် သည် နှာခေါင်းကို လက်နှင့် ညှစ်ထားသောကြောင့် ညှောင်နာနာအသံဖြင့်

“တစ်ခုခု လာထားတာလည်း ဖြစ်နိုင်တယ်”

ကျန်းလော် “..........”

“ခြုံပုတ်ထဲက တစ်ခုခုလာယူတာတော့ မဖြစ်နိုင်လောက်ဘူးနော့”

ရယ်ရွှင်သည် မျက်လုံးများတောက်ပလာပြီး အားအင်ပြည့်ဝသော အသံနှင့်

“အမှန်တရားက စတိခ်ကို ကြည့်နေတဲ့သူရဲ့ မျက်လုံးထဲမှာရှိတယ်”

ကျန်းလော် “..........”

သင်သည် ရယ်ရွှင်ကဲ့သို့ အဝေးကြီးတွေးတတ်သောသူနှင့် မစ်ရှင်အတူမလုပ်သင့်ပေ။ 

ကျန်းလော်သည် အဖြစ်မှန်ကို သိရရန်နှင့် ထိတ်လန့်နေသည်ကို လစ်လျူရှုလိုက်ပြီး ခြုံပုတ်ကြီးကို ဖွ၍ ရှာတော့သည်။ရယ်ရွှင်သည် အင်္ကျီလက်များကို ပင့်လိုက်ပြီး ပလက်စတစ်အိတ်သန့် နှစ်ခုတွေ့လိုက်သောကြောင့် လက်ဖြင့်နှိုက်ယူလိုက်ပြီး တိုက်တွန်းလိုက်သည်။

“မင်းတို့ကောင်တွေ မြန်မြန်ရှာကြလေကွာ”

လုယုံရိသည် ရှာနေကျဖြစ်သောကြောင့် ကျွမ်းကျင်စွာဖြင့် နောက်ထပ် သုံးအိတ်တွေ့လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် ကျန်းလော်နှင့် စီးဝမ်ကွေးကိုနှောက်ယှက်တော့သည်။ လုယုံရိသည် အရှက်မရှိစွာဖြင့်

“စီကွေးရာ မင်းက နှာခေါင်းကောင်းတယ်ဆိုတော့ မင်းအရင်ရှာကြည့် ကျန်းဖုန်းအနံ့ရရင် ငါတို့ကိုပြော”

စီးဝမ်ကွေးသည် ရိုးသားစွာ ခေါင်းညိတ်လိုက်ပြီး ခြုံပုတ်ကို စတင်အနံ့ခံတော့သည်။ သူ့သူငယ်ချင်းနှစ်ယောက်ကို တစ်ချက်ချက် စိတ်မချသလိုလှမ်းကြည့်လိုက်သေးသည်။ ခြုံပုတ်သည် အလွန်အနံ့ဆိုးသောကြောင့် စီးဝမ်ကွေး၏အနံ့ခံအာရုံကို နှောက်ယှက်နေသည်။ သို့သော် သူသည် ခနအကြာတွင် မတူသော အနံ့တစ်ခုရလိုက်သည်။ စီးဝမ်ကွေးသည် ထိုအနံ့နောက်လိုက်သွားပြီး ဂျပ်ပုံးတစ်ပုံးကို ခလုတ်တိုက်မိပြီး ပွင့်သွားစေသည်။ ထိုထဲတွင် ပလက်စတစ်နှင့် သေချာထုပ်ပိုးထားသော အထုပ်တစ်ထုပ်ရှိနေသည်။ 

“တွေ့ပြီ”

သူတို့လေးယောက်သည် ခြုံပုတ်ဆီမှ မြန်မြန်ထွက်လာကြသည်။ အနံ့ရလိုက်တိုင်းအန်ချင်နေသောကြောင့် ဂိုထောင်ဆီသို့ မြန်မြန်လျှောက်သွားကြသည်။ ခြုံပုတ်အဝေးသို့ရောက်သွားသော်လည်း ကျန်းလော်သည် အနံ့ဆိုးကြီး ရနေတုန်းဖြစ်သည်။ သူသည် ဘေးဘက်သို့လှည့်၍ နှာခေါင်းရှုံ့လိုက်သောအခါ အနံ့သည် သူ့ကိုယ်မှရနေသည်။ သူသည် ခြုံပုတ်ထဲဝင်၍ ရှာခဲ့သည်ပင်။ ကျန်းလော်သည် သူ့အနံ့သူမခံနိုင်တော့ပဲ သူ့ကိုယ်သူ ရွံရှာလာသည်။ သို့သော် ကျန်းလော်သည် မနေ့ညကသာ ဤကဲ့သို့ နံစော်နေပါလျှင် ချီယုံသည် သူ့ကိုရွံသွားလောက်သည်ဟု တွေးမိနေသည်။ 

‘မင်းချီယုံကို ဒီနည်းသုံးပြီး ရွံပြီးထွက်ပြေးအောင် လုပ်မလား’

ကျန်းလော်သည် သူ့ကိုယ်သူမေးလိုက်သည်။ ကျန်းလော်သည် အဖြေပြန်မရခင် လက်လျော့လိုက်သည်။ 

‘ဒီနည်းက ရန်သူတစ်ထောင်ကို သတ်ဖို့ ရှစ်ရာအဆုံးခံရမဲ့ ဗျူဟာလိုပဲ စုတ်ပဲ့တယ် မလုပ်ဖူး’

ဂိုတောင်သည် ထိုနေရာနှင့် အနည်းငယ်ဝေးသည်။ ဂိုထောင်ဆီရောက်သောအခါ စီးဝမ်ကွေးသည် အထုပ်ကို စားပွဲပေါ်တင်လိုက်သည်။ 

“ဒီအထုပ်က အနံ့မတူဘူး”

သူသည် ထိုအထုပ်ကိုယူကြည့်လိုက်သည်။ အထုပ်သည် ပလက်စတစ်အကြည်နှင့် အထပ်ထပ်ပတ်ထားသည်။ စီးဝမ်ကွေးသည် ထိုအထုပ်ကို ဖြည်ကြည့်လိုက်ရာ လက်ဖဝါးနှစ်ဖက်အရွယ် ဖန်ပုလင်းတစ်လုံးထွက်လာသည်။ ထိုပုလင်းထဲတွင် ခြောက်သွေ့နေသော ဆံပင်မရှိသော ကလေးတစ်ယောက်ရှိနေသည်။ ကလေး၏လက်နှင့်ခြေထောက်များသည် သစ်ကိုင်းခြောက်များကဲ့သို့ ခြောက်သွေ့နေပြီး မျက်လုံးကို တင်းတင်းမှိတ်ထားပြီး အသားအရည်သည် မဲနက်နေသည်။ 

ကလေးကို မြူမည်းများဝန်းရံထားသည်။ လုယုံရိသည် စိတ်ဆိုးနေသော မျက်နှာနှင့် ဝမ်းနည်းနေကာ

“ဒါက လူကလေးလေးပဲ”

ထိုသရဲကလေးလေးသည် ကုမန်ထုန် နှင့် အတော်လေးတူသည်။ သို့သော် ထိုနှစ်ခုသည် လုံးဝမတူညီသော အရာနှစ်ခုဖြစ်သည်။ ကုမန်ထုန်သည် အထက်လမ်းဆရာများမှ လေလွင့်နေသော ဝိဉာဉ်ငယ်လေးများကို ဆင့်ခေါ်၍ ကောင်းသည့်အရာများပြုလုပ်ရန် ကိုးကွယ်ကြသည့် အရာဖြစ်သည်။ ဤသရဲကလေးလေးလိုကမူ သူတို့သည် ဝတ်ရုံမည်းများဝတ်လေ့ရှိပြီး ရက်စက်သောနည်းလမ်းများကိုသုံးကာ ဝိဉာဉ်များကို ငြိမ်းချမ်းမှုမရစေဘြ သူတို့လောဘအတွက် ခိုင်းစားရန် မကောင်းဆိုးဝါးဖြစ်သည် အထိမွေးမြူထားကြသည်။

ထိုနတ်ဆိုးငယ်လေးများမွေးသည့် အတတ်ပညာသည် Gurmukhများထက် ပိုဆိုးသည်။ ထိုအရာသည် လျှင်မြန်စွာ အလုပ်ဖြစ်ပြီး ရလာဒ်ကောင်းများထွက်တတ်သည်။ သို့သော် တန်ပြန်မှုသည် လည်းကြီးမားသည်။ ကျန်းဖုန်းသည် ဒီလိုအရာမျိုးကို သူ့အနားတွင် သိမ်းမထားရဲပေ။

ကျန်းလော်သည် ထိုပုလင်းကို ပလက်စတစ်နှင့် ပြန်ပတ်ထားလိုက်ပြီး 

“ကျန်းချန်မြင်လိုက်တဲ့ ကျန်းဖုန်းခြေထောက်နားက ကလေးက ဒီကလေးဖြစ်မယ်”

ထိုအချိန်တွင် ဒါရိုက်တာသည် ဖုန်းခေါ်လာပြီး

“ဆရာ ကျန်းဖုန်းဆီမှာ တစ်ခုခုဖြစ်သွားတယ်”

ကျန်းဖုန်းသည် သန့်စင်ခန်းထဲတွင် သတိလစ်နေသောကြောင့် သင်တန်းသားများသည် ကျန်းဖုန်းကိုဆေးရုံပို့လိုက်ကြသည်။ ထို့နောက် ကျန်းဖုန်းသည် နိုးလာသည်နှင့် ရူးသွပ်သွားသကဲ့သို့ အော်ဟစ်နေသည်။ သူ့မျက်နှာကို အုပ်ထားပြီး

“ငါ့မျက်နှာ ငါ့မျက်နှာ”

ကျန်းလော်တို့ ဆေးရုံရောက်သွားသောအခါ သူနာပြုသည် အသံတိုးတိုးလေးနှင့် 

“လူနာက ရူးသွားပြီ သူ့မျက်လုံးသူနှိုက်ထုတ်နေလို့ သူနာပြုတွေတော်တော်ဆွဲလိုက်ရတယ်”

သူနာပြုမလေးတစ်ယောက်သည် လက်မောင်းနှစ်ဖက်ကို ပွတ်နေပြီး တုန်ယင်နေသော အသံဖြင့်

“သူက သူ့မျက်နှာကို ကုတ်ခြစ်နေပြီး ပြုံးတောင်ပြုံးနေသေးတယ် သူက ရူးသွားပြီး သွက်သွက်ခါအောင် ရူးနေပြီ”

ကျန်းလော်တို့ လေးယောက်သည် အချင်းချင်းကြည့်လိုက်ပြီး ဆေးရုံခန်းထဲသို့ မြန်မြန်ဆန်ဆန် ဝင်သွားကြသည်။ ကျန်းဖုန်းသည် ဆရာဝန်ဆီမှ စိတ်ငြိမ်ဆေးထိုးခံလိုက်ရပြီး အကူအညီမဲ့စွာ အိပ်ရာပေါ်တွင် လှဲနေသည်။ သူ့မျက်နှာတစ်ခုလုံးသည် ကုတ်ခြစ်ထားသောကြောင့် သွေးများရဲနေကာ မျက်လုံးများကို ကော်ထုတ်ထားသောကြောင့် မျက်လုံးနေရာတွင် သွေးနီရောင် အပေါက်ကြီးနှစ်ပေါက်သာကျန်တော့သည်။ ဒါရိုက်တာသည် အခန်းတံခါးပိတ်လိုက်ပြီး 

“သူကဆရာဝန်ကိုတောင် ဆွဲကုတ်ချင်နေတာ ဆရာဝန်ကို သူ့နှာခေါင်းယူထားတယ်ဆိုပြီး အော်နေသေးတယ် ဆရာ သူ့ကိုကြည့်ပေးပါဦး သရဲများအပူးခံလိုက်ရသလားမသိဘူး”

“မဟုတ်ဘူး သူက သူ့မှာမျက်နှာမရှိဘူးထင်ပြီး မျက်နှာရှာနေတာ”

ဒါရိုက်တာသည် သူတို့စကားကိုနားမလည်ဟန်ကြည့်နေသည်။ သို့သော် ကျန်းလော်သည် ကုတင်နားသို့ လျှောက်သွား၍ ကျန်းဖုန်းကို ငုံ့ကြည့်လိုက်သည်။ ကျန်းဖုန်းသည် သူ့ကိုမြင်သောအခါ စိတ်လွတ်သွားပြန်ပြီး

“ငါ့မျက်နှာ ဘယ်မှာလဲ ငါ့မျက်နှာ ဘယ်မှာလဲ”

ကျန်းလော်သည် နှုတ်ခမ်းစေ့လိုက်ပြီး

“မင်းမျက်နှာကို မမြင်ရသေးဖူးလားလို့ ငါမမေးသင့်ဘူးနော်”

ကျန်းဖုန်းသည် တောင့်တင်းသွားသည်။ ကျန်းလော်သည် လူကလေးထည့်ထားသော ပုလင်းကို ကျန်းဖုန်းရှေ့ရှိ စားပွဲပေါ်တွင်တင်လိုက်ကာ

“ဒါကိုမင်းသိမယ်လို့ထင်ပါတယ် မင်းက ဒါကိုမွေးထားပြီး စွန့်ပစ်တယ် ပြီးတော့ ဖြစ်လာတဲ့ တန်ပြန်အပြစ်ဒဏ်ကိုလည်း ရှောင်လိုက်သေးတယ် အခုက မင်းမျက်နှာပဲပျောက်သွားသေးတာ တကယ်လို့ မင်းအသက်ပါမပျောက်ချင်ရင် ငါမေးတာကို ဖြေ၊ လိကျန်းတို့သုံးယောက်က ဘာလို့သေသွားတာလဲ”

ကျန်းဖုန်းသည် တုန်ရီနေပြီး

“ငါ ငါမသိဘူး....”

“မင်းတို့လေးယောက် ခွက်နတ်သမီးဆော့ကြတယ်လေ ပြီးတော့ တစ်ခုခုကို ဆင့်ခေါ်လိုက်မိတယ် အဲ့ဒီနောက်မှာ တစ်ယောက်ပြီးတစ်ယောက်သေသွားကြတယ်မလား မင်းကတော့ ဓားစာခံသုံးပြီး သေခြင်းတရားကို လမ်းလွှဲလိုက်လို့ မသေလိုက်ဘူး”

ကျန်းလော်သည် အေးစက်စွာပြောလိုက်ပြီး 

“ဖုန်းရှုယွင်သေသွားတယ် မင်းကတော့ မသေဘူး မင်းကိုယ်မင်း သေခြင်းကိုရှောင်လွှဲလိုက်နိုင်ပြီထင်နေလား၊ မင်းနားမှာ တစ်ခုခုက ဆက်တိုက်ရှိနေတာ မခံစားမိဘူးလား၊ မင်းက သင်တန်းသားအသစ်သုံးယောက် ထပ်ရောက်လာတာကိုမြင်တော့ လိကျန်းတို့သေသွားတာကို မြင်ယောင်လာပြီး သူတို့သေသွားရတဲ့အကြောင်းအရင်းကို သတိရလာတယ်လေ”

“မင်းက မင်းသေမှာကို မင်းအလှည့်ရောက်လာမှာကိုကြောက်လာပြန်တယ်လေ မင်းကိုယ်မင်း မင်းနေရာမှာအစားသေသွားတဲ့ သူကိုတွေးပြီး အားတင်းနေပေမဲ့ မင်းကြောက်နေတုန်းပဲ ဟုတ်တယ်မလား”

ကျန်းဖုန်းမျက်နှာ ဖြူဖတ်သွားသည်ကို ကြည့်ပြီး ကျန်းလော်သည် စက်ဆုပ်ရွံရှာစွာဖြင့် 

“မင်းမပြောချင်ရင်တော့ ငါတို့မင်းကို လာသတ်မဲ့ဟာကို မတားပေးနိုင်ဘူး”

သူသည် လှည့်ထွက်လာလိုက်သည်။ ကျန်းဖုန်းသည် ကြောက်လန့်စွာဖြင့်

“မသွားပါနဲ့”

သူသည်ကျန်းလော်လက်မောင်းကို ထဆွဲလိုက်ရာ ကုတင်ပေါ်မှ လှိမ့်ကျသွားပြီး နာကျင်စွာအော်လိုက်ကာ မျက်ရည်များကျလာပြီး

“ကူညီပါ ကျေးဇူးပြုပြီး ငါ့ကိုကယ်ပါဦ်း”

ကျန်းလော်သည် ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ 

“မင်းပြောတာ အားလုံးနီးပါးမှန်ပါတယ်”

ကျန်းဖုန်းသည် ငိုနေပြီး

“ငါတို့ ငါတို့ ခွက်နတ်သမီးဂိမ်းကစားခဲ့တယ် ပြီးတော့ မျက်နှာမဲ့မိစ္ဆာခေါ်လိုက်တယ်၊ မျက်နှာမဲ့မိစ္ဆာက ငါတို့ ဆန္ဒတွေဖြည့်ပေးမယ်လို့ ပြောခဲ့တယ်၊ လိကျန်းတို့သုံးယောက်က ပွဲဦးထွက်ရဖို့ဆုတောင်းခဲ့ပေမဲ့ ငါကတော့ ငါနဲ့တစ်တန်းထဲမှာ ရှိတဲ့သူတွေ သေဖို့ဆုတောင်းခဲ့တာ သူတို့သေမှ ငါက C နေရာမှာ ပွဲဦးထွက်ခွင့်ရမှာလေ၊ မျက်နှာမဲ့မိစ္ဆာကလည်း လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်”

“ဒါပေမဲ့ တခြားသူတွေ မသေဘဲ လိကျန်းတို့သုံးယောက် အရင်သေသွားတယ် အဲ့ဒီအချိန်မှာ ငါသဘောပေါက်သွားတယ် ဆုတောင်းပြည့်ဖို့ တောင်းတဲ့သူအသက်ကို ပေးရမယ်ဆိုတာ”

“သေပြီးမှတော့ ဘယ်လိုပွဲဦးထွက်မလဲ ”

ကျန်းဖုန်းသည် စိတ်ခံစားမှု ပြင်းထန်လာပြီး

“အဲ့ဒီနေ့တွေမှာ ငါရူးသွားတော့မလိုပဲ ဒါပေမဲ့ ဖုဝေက ငါ့ကိုလာပြောတယ် သူဘာတွေသိထားလို့လဲတော့မသိဘူး၊ သူ့မှာ အဲ့လိုမျက်နှာလေးရှိတာနဲ့ အရာအားလုံးရှိတယ်ထင်နေတာ အဲ့ကောင်က၊ ငါသေရင် သူ့ကိုပါခေါ်သွားပစ်မယ်၊ အဲ့ဒီအချိန်မှာ မျက်နှာမဲ့မိစ္ဆာကို သူ့ဆီလမ်းလွှဲသွားအောင် လုပ်မဲ့နည်းလမ်းရှာတွေ့ခဲ့တယ် အဲ့တာနဲ့ ငါသရဲလေးဆီသွားလိုက်ပြီး ငါ့ကိုကောင်းချီပေးပြီး အသက်ကယ်ပေးဖို့ တောင်းဆိုခဲ့တယ်၊ ဒါပေမဲ့ အဲ့ဒီသရဲက မျက်နှာမဲ့ကောင်ကို မတားနိုင်ဘူး အဲ့တာကြောင့်ငါသူ့ကို ဘယ်နေရာမှ သုံးစားလို့မရဘူးဆိုပြီး ဆူဆဲပြီး လွင့်ပစ်လိုက်တာ နောက်နေ့ကျတော့ ငါအဆောင်က ခိုးထွက်ပြီး အင်တာနက်ကဖေးမှာရှာကြည့်တော့ ဓားစာခံ လွှဲတဲ့နည်းကို တွေ့လိုက်တယ်”

ကျန်းဖုန်းသည် ဖုန်းရှုယွင်သည်အသုံးချရန် အကောင်းဆုံးဖြစ်သည်ကို တွေ့လိုက်ပြီး သူသည် မတွေဝေပဲ အသုံးချလိုက်တော့သည်။ သူသည် မျက်နှာမဲ့မိစ္ဆာကို ဖုန်းရှုယွင်သည် သူလို့ထင်သွားစေပြီး သတ်စေလိုက်ကာ သူသည်တော့ လွတ်မြောက်သွားခဲ့သည်။ သို့သော် ကျန်းဖုန်းသည် သူ့အနားတွင် တစ္တေအရိပ်အယောင်များ မရပ်တန့်သွားသည်ကို မသိရှိခဲ့ပေ။ ကျန်းချန်သာ သူ့နားတွင် ကလေးသရဲကို မမြင်ခဲ့လျှင် ကျန်းဖုန်းသည် သူစွန့်ပစ်ခဲ့သော တစ္ဆေသည် သူ့ကို သတ်ရန်ကြံနေသည်ကို သိလိုက်မည်မဟုတ်ပေ။ ကျန်းဖုန်းသည် တွားယားတောင်းပန်နေပြီး ကျန်းလော်ခြေထောက်ကို ဖက်၍

“ကျေးဇူးပြုပြီး ငါ့ကိုကယ်ပါကွာ.........”

ကျန်းလော်သည် နောက်ဆုတ်လိုက်ပြီး ရှေ့လှည့်ကြည့်လိုက်ကာ

“ရဲခေါ်ပြီးပြီလား”

ရယ်ရွှင်သည် ခေါင်းညိတ်လိုက်သည်။

“ခနနေရောက်လာလိမ့်မယ်”

ကျန်းဖုန်းသည် မြေပေါ်သို့ ပုံကျသွားသည်။ 

သူတို့ဆေးရုံမှ ထွက်လာပြီးနောက် လုယုံရိသည် သက်ပြင်းချလိုက်ပြီး

“မျက်နှာမဲ့မိစ္ဆာက ရိုက်ကူးရေးအဖွဲ့သားတွေကို ဆက်လုပ်ဖို့ ခြိမ်းခြောက်တာ ကျန်းဖုန်းရဲ့ ဆုတောင်းကြောင့်ကိုး၊ ဒါနဲ့ အဲ့ဒီဟာက ဖုဝေကို ဦးတည်နေပြီဆိုတော့ ငါတို့အဲ့ဒီမိစ္ဆာကို မရှင်းပစ်ရင် ဒီပြဿနာကို ဖြေရှင်းလို့ ပြီးတော့မှာမဟုတ်ဘူး”

ကျန်းလော်သည် စီးကရတ်ကို ရှိုက်သွင်းလိုက်ပြီး

“ငါလည်း အဲ့ဒီမျက်နှာမဲ့ကောင် စောင့်ကြည့်ခံနေရတယ်”

ကျန်သုံးယောက် “................”

ကျန်းလော်သည် စိတ်ကူးယဉ်ဆန်သော အကြံတစ်ခုရလာသည်။

‘မျက်နှာမဲ့မိစ္ဆာကိုရှင်းဖို့ ချီယုံ့ကို ပြောလိုက်ရမလား’

#####################################