အပိုင်း (၆၈)
ပြင်းပြင်းပြပြတိုက်ခိုက်
ကျန်းလော်၏ ကိုယ်နေဟန်ထားသည် အရမ်းသန်မာနေသည်။ သူ့နှုတ်ခမ်းကိုလာထိခြင်းသည် မကောင်းဆိုးဝါး တွေးထားသည်နှင့် ကျော်လွန်နေသည်။ ချီယုံသည် ခေါင်းငုံ့လိုက်ပြီး ကျောရိုးသည်လည်း ကုန်းသွားကာ သူ့အပြုအမူကောင်းများမှာ လွင့်ပစ်လိုက်သလို ပျောက်သွားပြီး အသာစီးရနေသလိုမာန်တက်နေသော မကောင်းဆိုးဝါးကြီးသည် လုံးလုံးကြီး တောင့်တင်းသွားတော့သည်။ သွေးနံ့များနှင့် ကျန်းလော်ကိုယ်မှ အေးစက်စက် ရေချိုးဆပ်ပြာနံ့သည် သူ့နှာခေါင်းထဲသို့ တမြေ့မြေ့ရလာသည်။
ကျန်းလော်သည် အချိန်အကြာကြီးပြေးခဲ့ရသောကြောင့် အသက်ရှူသံမြန်နေကာ အသက်ရှူလိုက်တိုင်း လေပူများထွက်နေသည်။ ရေချိုးဆပ်ပြာနံ့နှင့် သူ့ကိုယ်သင်းနံ့ကို ချီယုံ့တစ်ကိုယ်လုံးသို့ ဖုန်းထားသည်။
လူပေါင်းများစွာ၏သွေးများသည် မကောင်းဆိုးဝါးလူသတ်သမားမျက်နှာမှ လူငယ်လေး၏မျက်နှာပေါ်သို့ ပေသွားသည်။ လူသတ်သမား၏ နှုတ်ခမ်းများသည် အေးစက်နေသည်။
ရေထဲချထားသော ကျောက်တုံးကဲ့သို့အေးစက်နေသော်လည်း ပျော့ပြောင်းနူးညံ့နေပြီး လူသားအရေပြားကဲ့သို့ပင် သေသပ်ပျော့ပြောင်းနေသည်။ ပိုင်ရှင်ကဲ့သို့ပင် စိတ်ပျက်ဖွယ်အာရုံနောက်စရာကောင်းသော်လည်း သူတော်ကောင်းယောင်ဆောင်ထားသည်။
တစ်စက္ကန့်လောက်တွေဝေနေပြီး ကျန်းလော်သည် ကြမ်းတမ်းစွာ ချီယုံ့နှုတ်ခမ်းနှင့် လျှာကို ကောင်းကောင်းကြီး မြည်းစမ်းတော့သည်။
‘ကိုယ်တွင်းရည်လဲတာလေးများ နှုတ်ခမ်းနီပေါ်နှုတ်ခမ်းနီထပ်ဆိုးလိုက်သလိုပဲ လွယ်လွယ်ပါ ဟားဟား’
မကောင်းဆိုးဝါးနှင့် လူသားသည် နှုတ်ခမ်းချင်းဂဟေဆက်နေသည်။
ရေနှင့်မီးရောနေသကဲ့သို့ မည်းမှောင်သော တပ်မက်မှုသည် ဦးနှောက်ကို အလုပ်လုပ်ရပ်သွားစေသည်။ ချီယုံသည် ခနလောက် သတိပြန်ဝင်လာသည်။ မကောင်းဆိုးဝါးသည် ဆံပင်အနက်နှင့်လူငယ်လေးကို ထူးဆန်းစွာငုံ့ကြည့်လိုက်သည်။ လူငယ်လေးနှင့် မျက်လုံးချင်းဆုံသွားသည်။
သေချာပေါက်သူကသာစနမ်းသူဖြစ်သော်လည်း လူငယ်လေး၏ အမူအယာသည် ဝတ်ကျေတမ်းကျေပုံပေါက်နေကာ အနည်းငယ်စိတ်မရှည်တော့ပုံပေါ်သည်။ ကောင်လေးသည်သူ့မျက်နှာဘယ်လိုဖြစ်နေမှန်းလဲ သိပုံရကာ ပြောင်ပြောင်ကြီး ဂရုမစိုက်ဘဲ မကောင်းဆိုးဝါး၏ မျက်လုံးထဲကို ကြည့်နေသည်။ မကောင်းဆိုးဝါးကို စိန်ခေါ်သလို ကြည့်နေသည်။
ချီယုံ့လည်စေ့သည် အထက်အောက် လှုပ်ရှားသွားပြီး တစ်ခုခုပြောမလို့ရှိသေးသည် သူ့ရှေ့မှသူ၏ နူးညံ့ပျော့ပြောင်းသောနှုတ်ခမ်းတစ်စုံက သူ့ပါးစပ်ကို လာပိတ်သွားသည်။ သူတစ်ခါမှမကြုံဖူးသော ခံစားချက်သည် သူ့ကိုလွှမ်းမိုးသွားသည်။ ထို့နောက်သူသည် သူ့လည်စေ့သည် အဘယ့်ကြောင့် အပေါ်ရောက်လိုက်အောက်တစ်ချိန်လုံးဖြစ်နေတာလဲ သိချင်နေသည်။
ထိုခံစားချက် အကျဉ်းချုပ်ပြီးပြောရမည်ဆိုလျှင်တောင် အနည်းငယ်ရှည်သေးသည်။ မျိုသိပ်ထားသော မှောင်မိုက်ဆိုးရွားသော အတွေးများည် သတိမထားမိဘဲ တိုးပွားလာကာ ပင်လယ်ထဲတွင် လောင်စာဆီသောက်မိပြီး လှိုင်းတွေကြားထဲ မြောပါသွားသလို ခံစားချက်မျိုးဖြစ်သည်။
မကောင်းဆိုးဝါး၏မျက်လုံးများသည် အတွင်းထဲမှ မှောင်မိုက်လာပြီး သူ့လက်ထဲမှာလွှသည် ဖြည်းဖြည်းချင်း အောက်လျောကျသွားသည်။ လွှစက်သံသည် တဂျီးဂျီးမြည်နေပြီး ကော်ရစ်တာတလျှောက်တွင် နားကွဲမတတ်ဖြစ်စေသည်။ ကျန်းလော်သည် သူ့ကိုယ်သူ အိပ်မွေ့ချပြီး ချီယုံကို မရွံရှာအောင် ကြိုးစားပြီး ထိန်းချုပ်နေသည်။ သူသည် ချီယုံ့ကို အသိမပေးဘဲ ကြမ်းတမ်းစွာ အလစ်ဝင်တိုက်လိုက်ခြင်းဖြစ်သည်။ ကျန်းလော်သည် အချိန်ကို ရေတွက်ရန်လည်း မမေ့ပေ။ နောက်တစ်မိနစ်အတွင် နှာဘူးကောင်ချီယုံနှင့် နမ်းတာကို ရပ်ဖို့ ဆုံးဖြတ်လိုက်သည်။
သို့သော် မကောင်းဆိုးဝါးသည် ရုတ်တရက် သူ့ခါးကိုဆွဲဖက်လိုက်ပြီး ရင်ဘက်များပင် လှုပ်နေအောင် တဟိဟိရယ်နေပြီး သူ့နှုတ်ခမ်းနှင့် လျှာကို ပျော်မွေ့စွာ အားရပါးရ ဆွဲစုပ်ကစားနေသည်။
ကျန်းလော်၏ ရူးမိုက်သောအကြည့်ကိုမြင်ကာ မကောင်းဆိုးဝါးသည် အနည်းငယ်ကိုယ်ချင်းခွာလိုက်ပြီး နှုတ်ခမ်းချင်းထိနေကာ အသက်ရှူသံများရောနှောနေပြီး တိုးတိတ်စွာပြောလိုက်သည်။
“တကယ်ပဲ ဒီနည်းလမ်းက ပျင်းစရာမကောင်းဘူးပဲ”
နှုတ်ခမ်းများသည် စိုရွှဲနေပြီး စကားပြောလိုက်တိုင်း ထိကပ်သွားကြကာ ချစ်သူနှစ်ယောက်ပူးကပ်ပြီး ကလူကျီစယ်နေလိုဖြစ်နေသည်၊ ထို့နောက် လျှာချင်းပြန်တိုက်ခိုက်ကြကာ သူတို့နှစ်ယောက်သည် အသက်ရှူကျပ်လာသောကြောင့် ခနပြန်ခွာလိုက်ပြီး
“မစ်စတာကျန်း ကိုယ်ဒီနည်းကို အရမ်းကြိုက်တယ်ကွာ”
ထိုသို့ပြောပြီးနောက် ဆံပင်အနက်နှင့်လူငယ်လေးကို ပြင်းပြတောက်လောင်စွာကြည့်လိုက်ပြီး ဆွဲဖက်လိုက်ကာ ပိုမိုပြင်းထန်စွာ နမ်းလိုက်သည်။
အနမ်းသည် စောနတုန်းက သူစလိုက်သည်နှင့် အလွန်ကွဲပြားကာ ကျန်းလော်သည် မတရားထိန်းချုပ်ခံလိုက်ရာသလို အတင်းဖိပြီးအနမ်းခံနေရသည်။ သူ့ခေါင်းသည် နောက်ပြန်ကျိုးကျမတတ်မော့နေပြီး သူ့လျှာသည် အစုပ်ခံရသောကောင့် အလွန်နာကျင်နေသည်။
မကောင်းဆိုးဝါးသည် လူမဟုတ်သောကြောင့် သူ့လျှာသည် အလွန်ရှည်ပြီး နက်နဲသည်။ မီးတောက်မတတ်မျက်လုံများနှင့်စိုက်ကြည့်နေပြီး မကောင်းဆိုးဝါးကို စိတ်မပါလက်မပါ ပြန်တိုက်ခိုက်နေသည်။ လျှာများသည် ကြမ်းတမ်းစွာတိုက်ပွဲဝင်နေပြိး ခုခံတွန်းကန် ကိုက်ပစ်ပြီး အသေအကျေတိုက်ခိုက်နေကြသည်။
နှစ်ယောက်လုံးသည် ဘယ်သူမှနောက်ဆုတ်မပေးချင်ကြသောကြောင့် တိုက်ပွဲသည် ပိုပိုပြင်းထန်လာသည်။ သွေးအရသာသည် နှုတ်ခမ်းနှင့် သွားများကြားပျံ့နှံ့လာသည်။ ကျန်းလော်သည် ချီယုံ့ဂုတ်ပိုးကို လက်နှင့်အသေဖိထားပြီး နောက်မှချီယုံ့အင်္ကျီကော်လာကို တင်းနေအောင်ဆွဲထားသည်။ မကောင်းဆိုးဝါးကို လည်ပင်းအစ်ပြီး သေစေချင်သည့်အလား ကုန်းနေအောင် ဆွဲထားသည်။ လွှစက်သည် အကြောင်းတစ်ချို့ကြောင့် ရပ်သွားပြီး နားရှက်စရာကောင်းလောက်အောင် အသည်းအသန်နမ်းနေကြသည့် အသံများသာ ကြားရတော့သည်။
လေးဆယ့်ရှစ်စက္ကန့်
လေးဆယ့်ကိုးစက္ကန့်
.............................
‘ဆယ်စက္ကန့်ပဲလိုတော့တယ် ဖိုက်တင်း ကျန်းလော်’
အချိန်ပြည့်သွားသည်နှင့် ကျန်းလော်သည် မတုံ့ဆိုင်းပဲ ချီယုံ့ပါးစပ်ကို ကိုက်လိုက်သည်။ ကျန်းလော်သည် သူ့နှုတ်ခမ်းကို လက်နှင့်ခပ်ကြမ်းကြမ်းပွတ်လိုက်သည်။ သူ့နားကပ်လာသော ချီယုံကိုပြုံးကြည့်လိုက်သည်။ ထို့နောက် လက်ကိုမြှောက်လိုက်ကာ ချီယုံ့ကိုကြမ်းပြင်ပေါ်သို့ တွန်းချလိုက်သည်။
ထိုခနတွင် ခြောက်လွှာမှ မီးများပျက်သွားပြီး အမှောင်ကျသွားကာ မကောင်းဆိုးဝါးသည် အမှောင်ထဲသို့ ကျသွားပြီး ကျန်းလော်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ကျန်းလော်သည် လရောင်အောက်တွင် တောက်ပနေသည်။ သွေးစွန်းပြီး အနည်းငယ်ယောင်ယမ်းနေသော နှုတ်ခမ်းများဖြင့်ပြုံးနေပြီး ချီယုံကို ငုံ့ကြည့်လိုက်သည်။
“ဂိမ်းရဲ့အဖြေမှန်က ချင်ဖန် ဟုတ်တယ်မလား ချီယုံ”
နီရဲနေသော နှုတ်ခမ်းထောင့်များသည် ကော့တက်နေပြီး လေ့ကျင့်ခန်းအပြင်းအထန်လုပ်ထားသောသူ တစ်ယောက်ကဲ့သို့ အသက်ရှူသံများပြင်းနေကာ ခပ်အက်အက်အသံနှင့် ပြင်းရှစွာပြောလိုက်သည်။ သူသည် အေးစက်ပြတ်သားစွာပြောသေးသည်။
“မင်းငါ့ကို လျှို့ဝှက်ချက်တစ်ခုအကြွေးတင်သွားပြီ မင်းငါ့ကို ပြောပြဖို့ အသက်ရှင်နေဖို့ မျှော်လင့်ပါတယ်”
ထိုအချိန်တွင် မျက်နှာမဲ့မိစ္ဆာသည် အမှောင်ထုထဲမှ ဖြေးဖြေးချင်းထွက်လာပြီး ဂျူတီကုတ်အဖြူရောင်ဝတ်ထားသော လူသတ်မိစ္ဆာဆီသို့ တည့်တည့်ကြီး လျှောက်လာသည်။ ကျန်းလော်သည် နှေးကွေးစွာပြုံးလိုက်ပြီး လေချွန်ရင်းထွက်သွားသည်။
သူသည် ပေါ့ပါးစွာလှေကားဆီလျှောက်သွားသည်။ သူသည် လုယုံရိနှင့် စီဝမ်ကွေးကို ရှာဖို့လုပ်သည်။ သူသည် ထိုနှစ်ယောက် အခုထိရောက်မလာသေးမှန်း ထူးဆန်းစာသိလိုက်သည်။
‘လူတွေရော ဘယ်ရောက်သွားတာလဲ’
လုယုံရိနှင့် စီဝမ်ကွေးသည် အသက်ရှင်ရန် မနည်းရုန်းကန်နေကြရသည်။ ဖုယွင်အာသည် အလွန်သန်မာလာပြီး သူတို့ထင်တာထက်တောင်ပိုအားကြီးနေသေးသည်။ သူတို့သည် လွတ်သွားသည်နှင့်ခြောက်လွှာသို့ ပြိုင်တူပြေးတက်လိုက်သော်လည်း လှေကားခန်းအမှတ်အသားကို ကြည့်လိုက်သောအခါ သူတို့သည် သုံးလွှာမှာပဲရှိနေသေးသည်။
သူတို့သည် သရဲမထွက်လာသော နံရံဘေးမှာပဲရှိနေသေးသည်။
‘မကြောက်နဲ့ မကြောက်နဲ့ အိုး သရဲမထွက်လာတဲ့ နံရံကြီးပဲ မကြောက်နဲ့ လုယုံရိ ကြောက်စရာမလိုဘူး ဒီလိုအချိန်မှာသေချာအာရုံစိုက်ထား’
‘ဒါပေမဲ့ ဖုယွင်အာကြီးက ငါ့နောက်မှာလို့ ဝါး’
သူတို့နောက်မှ ဖုယွင်အာသည် နံရံကို တွယ်ကုပ်ပြီး သူတို့ဆီသို့ နံရံပေါ်မှ တွဲလောင်းကျလာသည်။ သူ့ဆံပင်များသည် အသက်ရှင်နေသကဲ့သို့ပင် ရှည်ထွက်လာသည်။
‘သေလောက်အောင်ကြောက်စရာကောင်းတယ်’
လုယုံရိသည် ပါးစပ်အပြည့် စကားလုံးများပြောရန်ရှိနေသော်လည်း ပြောမထွက်ဘဲ ပါးစပ်အဟောင်းသားဖြစ်ကာ တောင့်တောင့်ကြီး ရပ်နေသည်။ သူထိုသို့ အူတူတူပုံဖြစ်နေလေ ဖုယွင်အာဒေါသကြီးလာလေဖြစ်သည်။ ဖုယွင်အာသည် ခေါင်းကိုယမ်းလိုက်ပြီး ဆံပင်များကို အောက်သို့ လျှောတိုက်ကာ လုယုံရိလည်ပင်းကို သွားရစ်ဖို့ကြိုးစားသည်။ ထို့နောက် ထိုဆံပင်များဖြင့်ပင် နံရံသို့ လွှဲရိုက်လိုက်သည်။
လုယုံရိသည် တံတွေးမျို့ချလိုက်သည်။
“သောက်ကျိုးနည်း.....”
စီဝမ်ကွေးသည် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး သရဲမဆီသို့ ပြေးသွားလိုက်သည်။ သူ့လက်ထဲတွင် ဆောင်ဓားကြီးရှိမနေသောကြောင့် မသာမ သောက်သရဲမကို ဘယ်လိုဖြေရှင်းရမလဲ မသိပေ။ စီဝမ်ကွေးသည် အမြဲလိုလိုပင် သူ့သူငယ်ချင်းများကို ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ကာကွယ်ရမည်ဟု ဆုံးဖြတ်ထားသော်လည်း ထိုသရဲမကိုကောင်းကောင်းကိုင်တွယ်နိုင်မည် ထင်ထားသော်လည်း လက်တွေ့တွင် သူသည် သူငယ်ချင်းကို ဘေးကင်းရာသို့ပင် ခေါ်မပြေးနိုင်ပေ။
သရဲမသည် သူပြေးရာနောက်သို့ အသေအကြေပြေးလိုက်လာသည်။ ဒီခံစားချက်သည် စီဝမ်ကွေးအတွက် ခွေးလိုက်ဆွဲလို့ အသည်းအသန်ပြေးနေရသကဲ့သို့ပင်။ ဘယ်လိုပြောရမလဲ ‘ကျွန်တော်ပြေးနေရပြီ’ ဆိုတာမျိုးပေါ့။
စီဝမ်ကွေးသည် စိတ်ဓာတ်ကျလာကာ ကပေါက်တိကပေါက်ချာတွေးတော့သည်။
‘ဒီသရဲမကို ငါတကယ်ကြီး ပြန်မတိုက်နိုင်တော့ဘူးလားကွာ’
စီဝမ်ကွေးသည် ဖုယွင်အာကိုလှည့်ကြည့်လိုက်သည်။ ဖုယွင်အာသည် သေနေသောလည်း ရှင်ပြီးပြန်ပေါ်လာသည်။ သူမသည် ပုတ်သိုးနေပုံပေါ်ကာ သူမလှုပ်ရှားလိုက်တိုင်း အသားပုတ်များ ကျကျလာပြီး ထိုအသားပုတ်များပဲ့ထွက်သွားသော နေရာသည် ချက်ချင်းပြန်ပြည့်လာသည်။ စီဝမ်ကွေးသည် ရုတ်တရက်ပြောလိုက်သည်။
“သူမက ရုပ်သေးဖြစ်သွားတာ”
လုယုံရိသည် သတိလစ်သွားမလို ခံစားလိုက်ရသည်။ ရုပ်သေးပညာအကြောင်းကြားတိုင်း သူသည် ချီယုံတို့ ချီမိသားစုကို ပြေးမြင်မိသည်။ သို့သော် ချီမိသားစုသည် ဖုယွင်အာကို လွတ်ပြီး သူတို့ကို သတ်ခိုင်းစရာအကြောင်းမရှိပေ။ လုယုံရိသည်ပြေးနေရင်း အနောက်သို့ ဖူလုတစ်ဆောင်ပစ်ထုတ်လိုက်သည်။ ထိုအချိန်တွင်ရုတ်တရက်ကြီး လှေကားဆီမှ ရယ်ရွှင်၏နှစ်ရုပ်မရှိနိုင်သော ရှောင်ဖန်ပေါ်လာသည်၊
လုယုံရိသည် ရယ်ရွှင်က သူတို့ကို စိုးရိမ်၍ ရှောင်ဖန်ကို လွတ်လိုက်သည်ထင်ပြီး အပျော်လွန်သွားသည်။
“ရှောင်ဖန် ဒီသရဲမကို ရိုက်ပစ် ”
ရှောင်ဖန်သည် ဖုယွင်အာကို စိတ်ပျက်စွာကြည့်နေပြီး လုံးဝမလှုပ်ပေ။ လုယုရိသည် ထူးဆန်းသွားပြီး ရှောင်ဖန့်ဆီပြေးသွားလိုက်ကာ ရှောင်ဖန့်ပါးကို ပုတ်လိုက်ပြီး
“ရှောင်ဖန် ရေ”
ရှောင်ဖန်က ပြောသည်။
“သူမကို.............ရှာ...တွေ့ပြီ”
လုယုံရိသည် ရုတ်တရက်ကြီး စိတ်ခံစားချက်မကောင်းတော့ပေ။ ရှောင်ဖန်သည် ရယ်ရွှင်စကားကို အမြဲနားထောင်သည်။ ရယ်ရွင်ဘာပြောပြောနားထောင်ပြီး တော်တော်လေးနာခံမှုရှိသည်။ အဆုံးတွင် ရယ်ရွှင်သည် သူ့သခင်ဖြစ်သောကြောင့်ပင်။
‘ဒါပေမဲ့ အခုဘာလို့ ရှောင်ဖန်က ကိုယ်ပိုင်အသိရှိနေသလိုမျိုး ဖုယွင်အာကို ကြည့်နေရတာလဲ’
“............ရှောင်ဖန်”
သူသည် ယောင်ဝါးဝါးလှမ်းခေါ်လိုက်သည်။
ရှောင်ဖန်သည် မည်းမှောင်နေသော မျက်လုံးများဖြင့် သူ့ကို လှည့်ကြည့်လိုက်ပြီး
“သူမကို နာအောင်မလုပ်ပါနဲ့”
လုယုံရိသည် နှေးကွေးစွာ တံတွေးမြိုချလိုက်သည်။
‘ရှောင်ဖန်ကတော့ တစ်ခုခုမှားနေပြီ’
ရှောင်ဖန်သည် ဖုယွင်အာဘက်လှည့်လိုက်သည်။ ထိုအချိန်တွင် ဖုယွင်အာသည် ရှောင်ဖန်ကို သူမဆံပင်များနှင့်ဆွဲယူလိုက်ကာ ဝမ်းနည်းခြင်းအရုပ်ကို ခေါင်းအစခြေအဆုံး ဆံပင်ထွေးကြီးထဲ နစ်မြုပ်ပစ်လိုက်သည်။ ရှောင်ဖန်သည် ခေါင်းစောင်းလိုက်ပြီး ဖုယွင်အာကို ဆံပင်များကြားမှ ကြည့်နေသည်။
ဖုယွင်အာသည် ရှောင်ဖန်သာ လူဆိုလျှင် ချက်ချင်းသေသွားနိုင်လောက်သော အားဖြင့် ညစ်နေကာ ခနအကြာတွင် ဖုယွင်အာသည် သူမဆံပင်များကို ရှည်ထုတ်လိုက်ပြီး လုယုံရိနှင့် စီဝမ်ကွေးကို ဆံပင်များကြားနှစ်မြှုပ်ပစ်လိုက်သည်။
သူမသည် ရှောင်ဖန်ဘေးမှ ဖြတ်လျှောက်သွားသည်။ ရှောင်ဖန်သည် သူမကိုစိုက်ကြည့်နေသည်။ ရှောင်ဖန်ထဲ ဝင်ထားသော ဝမ်ရှင်းဟွေ့သည် အကြောင်းအရာတော်တော်များများကို မေ့နေပြီး ဝမ်းနည်းခြင်းအရုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီးနောက်ပိုင်း သူမ၏ ကိုယ်ပိုင်နေရာ ဇာတိကိုပင်မသိနိုင်တော့ပေ။
သို့သော် ယခုတွေးကြည့်လိုက်လျှင် အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိသွားသည်။
သေချာပေါက် ရှောင်ဖန်ဖြစ်နေသော ဝမ်ရှင်းဟွေ့သည် သူမကိုယ်သူမပင် မမှတ်မိသည့်အပြင် သူမသည် ခံစားချက်များကို နားမလည်နိုင်တော့သောကြောင့် ဝမ်းနည်းခြင်းဆိုသည်ကို သိမည်မဟုတ်ပေ။ သို့သော် ယခုတွင် တခြားနာမည်နှင့် စိတ်ထဲမှလာသော နာမည်ကြားလွန်ဆွဲနေကာ
“ပေး ပေး”
“ဖုယွင်အာ”
ဖုယွင်အာသည် ရပ်တန့်သွားပြီး ရှောင်ဖန်ကို လှည့်ကြည့်လိုက်သည်။ ရှောင်ဖန်သည် ထိုတုံ့ပြန်မှုကြောင့် အလွန်ပျော်သွားပြီး သူကပြန်ပြောလိုက်ချင်သည်။
“ငါပါ......”
‘ငါက..................ငါက ဘယ်သူလဲ’
‘ငါက ရှောင်ဖန်’
‘ငါက ဝမ်းနည်းခြင်းအရုပ်လေး’
‘ငါ့သခင်က ရယ်ရွှင်လို့ခေါ်တယ်’
‘သခင့်မှာ သူငယ်ချင်းကောင်းတွေ အများကြီး ရှိတယ်’
‘နင်သတ်ချင်နေတဲ့ လူနှစ်ယောက်က သခင့်သူငယ်ချင်းတွေ’
‘နင်လည်း ငါနဲ့ သုငယ်ချင်းလုပ်လို့ရတယ်’
ရှောင်ဖန်ကပြောသည်။
“ငါ..........”
ဆံပင်ထွေးလိုက်ကြီးသည် ရုတ်တရက် ရှောင်ဖန်ကို လွှတ်လိုက်သည်။
ဖုယွင်အာသည် ထိုတစ်ယောက်ကို သတ်၍မရမှန်းသိလိုက်သောကြောင့် သူမသည် ထိုတစ်ယောက်ကို ပြင်းထန်စွာ အသားကုန်ညစ်ပစ်သည်။ ဘယ်လောက်မှမကြာပေ သူမသည် ရှောင်ဖန်ကိုလည်ပင်းမှ နှစ်ပိုင်းဖြဲမိတော့မလို့ပင်။ လုယုံရိသည် အော်ပစ်လိုက်သည်။
“ရှောင်ဖန်”
သူသည် အဆုတ်များကွဲမတတ်အော်လိုက်ပြီး နောက်ဆုံးသောဖူလုကို ဖုယွင်အာဆံပင်ထဲသို့ ပစ်ထည့်လိုက်သည်။ ဖုယွင်အာဆံပင်သည် မီးလောင်သွားကာ ကုန်းပေါ်သို့ရောက်သွားသော ငါးကဲ့သို့ ဖြတ်ဖြတ်လူးနေကာ အရုပ်ကိုလွတ်ချလိုက်သည်။ လုယုံရိသည် ရှောင်ဖန်ကို ဖမ်းလိုက်ကာ ကြောက်လန့်စွာနောက်ဆုတ်ပြီး စီဝမ်ကွေးနှင့်အတူ လှေကားမဟုတ်တော့သော ဆံပင်ခြည်တောင်ကုန်းပေါ်သို့ ပြေးတက်လိုက်ကြသည်။
“သောက်သရဲ မြန်မြန် ငါ့မှာဖူလုတွေ ထပ်မရှိတော့ဘူး”
လုယုံရိသည် အမောတကောပြောလိုက်သည်။
“ငါကြားဖူးတာ ကလေးသေးက သရဲတွေကို တားဆီးနိုင်တယ်တဲ့ ငါတို့သေးပေါက်ချကြမလား”
စီဝမ်ကွေးသည် မျက်ခုံးတွန့်သွားပြီး ချက်ချင်းငြင်းလိုက်သည်။
“မပေါက်ဘူး”
“မပေါက်ဘူး ဟုတ်လား ငါ့ကောင်ရ အခုက ကပ်ဆိုက်နေတာကွ လုပ်သင့်မလုပ်သင့်တွေးနေရမဲ့ အချိန်မဟုတ်တော့ဘူးလို့”
လုယုံရိသည်သူ့ကို အပြစ်တင်သည့် အကြည့်နှင့်ကြည့်လိုက်ပြီး ဆွဲလိုက်သည်။
“ငါသိပြီ မင်းက ကလေးမဟုတ်တော့ဘူးမလား ဟုတ်တယ်မလား”
သူသည် စီဝမ်ကွေးကို မနာလိုစွာကြည့်လိုက်ပြီး ဝမ်းနည်းခြင်းအရုပ်ကို စီဝမ်ကွေးလက်ထဲထိုးထည့်လိုက်ကာ ဘောင်းဘီဇစ်ဖြုတ်လိုက်သည်။
“ကျန်းလော်နဲ့ ရယ်ရွှင်သာရှိရင် ငါတို့အတူတူပေါက်ကြမှာ အခုတော့ ဟွန့်”
စီဝမ်ကွေးသည် သူ့ကိုလှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ
“မင်းကတော့ တကယ့်ကို ဟန်မဆောင်တတ်တာပဲ”
သူတို့အငြင်းပွားနေချိန်တွင် သူတို့နောက်သို့ ဆံပင်ခြည်နှစ်တန်းရောက်လာသည်။ လုယုံရိသည် မျက်လုံးပြူးသွားပြီး သေခြင်းရှင်ခြင်းကြားတွင် ဘာလုပ်ရမှန်းမသိတော့စွာ အူတူတူလေးရပ်နေသည်။ စီဝမ်ကွေးလက်ထဲမှ ရှောင်ဖန်သည် ရုတ်တရက် ပါးစပ်ဟလိုက်ပြီး ထိုဆံပင်နှစ်တန်းကို မြိုချလိုက်သည်။
လုယုံရိသည် စိတ်သက်သာရရသွားပြီး ချက်ချင်းလန့်သွားပြန်ကာ
“ရှောင်ဖန် တွေ့ကရာတွေ မစားရဘူးလို့ ဟာကွာ”
ရှောင်ဖန်သည် သူပြောတာကို နားမထောင်ဘဲ ဆံပင်များကို ဝါးနေကာ စီဝမ်ကွေးကိုယ်ပေါ်မှ ခုန်ချလိုက်ပြီး ဖုယွင်အာဆီသို့ လျှောက်သွားသည်။ ထို့နောက် ပါးစပ်အကျယ်ကြီးဟပြီး ဖုယွင်အာတစ်ကိုယ်လုံး မြိုချလိုက်သည်။
ဝမ်းနည်းခြင်းအရုပ်၏ ပါးစပ်ထဲထည့်စားခံရသော ဝိဉာဉ်တို့သည် ဝမ်းနည်းခြင်းအရုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သွားမည် ဖြစ်ပြီး ရှောင်ဖန်သည် သူ့သူငယ်ချင်းနှင့် ထာဝရမခွဲခွာချင်ပုံပေါ်သည်။
“ပြီးသွားပြီ”
လုယုံရိသည် ပွစိပွစိပြောလိုက်ပြီး နောက်သို့နှစ်လှမ်းဆုတ်လိုက်ကာ
“ရှောင်ဖန်ကတော့ လုပ်ချလိုက်ပြီ ပေါက်ကရတွေ စားလိုက်ပြီကွာ”
စီကွေးသည် ခေါင်းရှုပ်သွားပြီး
“ပေါက်ကရစားတာလား ဘာဖြစ်မှာမို့လို့လဲ”
သူပြောနေတုန်းရှိသေးသည်။ ရှောင်ဖန်ကိုယ်ပေါ်မှ ဆံပင်များပေါက်လာကာ တစ်ရုပ်လုံးဖုံးသွားသည်။ လှေကားခန်းတစ်ခုလုံးဆံပင် ပင်လယ်ထဲရောက်သွားသလို လူနှစ်ယောက်သည်လည်း ချော်လဲသွားသည်။
“သူပေါက်ကရစားလိုက်တိုင်း အဲ့ဒီဟာကို အစာမချေနိုင်ခင်အထိ သူစားလိုက်တဲ့ ဝိဉာဉ်ရဲ့ သဘာဝလွန်ဟာတွေက ဒီတိုင်းသူ့ကိုယ်ထဲက ထွက်နေတော့မှာ”
လုယုံရိသည် အကျယ်ကြီးအော်ပြောသည်။
“ပြီးတော့လဲ အဲ့ဟာကြီး ဘယ်အချိန်ပြီးမလဲ ဘယ်သူမှ မသိဘူး”
သူတို့ပြောလို့မပြီးခင်တွင်ပင် နှစ်ယောက်လုံးသည် လှေကားအောက်သို့ ဆံပင်ချည်များနှင့် လျှောစီးသလို လျှောကျသွားတော့သည်။
လုယုံရိသည် တစ်ထစ်ပြုတ်ကြတိုင်း ခေါင်းတိုက်မိပြီး အလွန်မူးဝေနေသည်။ လှိမ့်ကျတာရပ်သွားသောအခါ သူတို့သည် မြေညီထပ်သို့ရောက်နေပြီး ဖြစ်သည်။ သူသည် ခြေထောက်များတုန်နေပြီး ခေါင်းကို လက်နှင့်ဖိကိုင်ထားကာ နာနေသောနေရာသို့ သုတ်လိုက်သည်။ သူ့လက်သည် သွေးများရွှဲနစ်သွားပြီး သူ့ဦးနှောက်သည် ပေါက်ထွက်မတတ်ဖြစ်သွားကာ စုတ်သပ်လိုက်သည်။ ထို့နောက် သူသည် တစ်ခုခုကို ရုတ်တရက်သတိရသွားသည်၊။
“စီကွေး”
စီဝမ်ကွေးသည် ထောင့်တစ်ထောင့်တွင် လှေကားလက်ရန်းကို ဆွဲထားကာ ဆံပင်လှိုင်းထဲပါမသွားအောင် တင်းခံထားသည်။ သူ့ခေါင်းဂျိုစောင်းနားမှ အိတ်လိုအရာဆီမှ ချွန်ထက်သော ဦးချိုလိုအရာသည် ပေါက်ထွက်လာပြီး ဦးချိုထိပ်ဖျားသည် အသားများဖုန်းနေသော်လည်း လှိုင်းအရှိန်ကြောင့် ပြုတ်ထွက်သွားကာ ဒဏ်ရာပေါ်လာသည်။
ဒဏ်ရာသည် အသစ်ပြန်ဖြစ်သွားပြီး ခနကြာသောအခါ ထန်ပိသည် မျက်လုံးကို ဖြေးဖြေးချင်းဖွင့်လိုက်သည်။
ထန်ပိသည် သူဆံပင်ခြည်များကြားထဲရောက်နေမှန်း သိသွားသည်။ သူသည် ဆံပင်ခြည်များကိုဆွဲဖြတ်ပစ်ပြီး မတ်တပ်ရပ်လိုက်ပြီး လုပ်နေကျကဲ့သို့ လက်ရမ်းလိုက်ရာ ကိုင်နေကျ ဓားအကြီးကြီး ရှိမနေပေ။
ထန်ပိသည် နေရာအနှံ့ပတ်ကြည့်လိုက်ပြီး အနံ့ခံကြည့်လိုက်ရာ တစ်နေရာလုံး လူသားအနံ့များလှိုင်လှိုင်ထနေသည်။
လူသားအနံ့ပင်မကပဲ သခင့်အနံ့ပါရနေသေးသည်။
ထန်ပိသည်ခေါင်းငုံ့လိုက်ပြီး အောက်မှဆံပင်ချည်များကို ငုံ့ကြည့်လိုက်သည်။ သူသည် ထိုဆံပင်များကို ဖြတ်လျှောက်သွားသည်။ သူသည် သူ့သခင်ရှိရာသို့ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။ သူသည် လမ်းလျှောက်နေရင်း ရုတ်တရက်ရပ်လိုက်သည်။
မှတ်ဉာဏ်ထဲတွင် နုံချာတုံးအသော လူသားသည် သူ့နောက်သို့လိုက်လာပြီး ဆံပင်ထဲအမြှုပ်ခံလိုက်ရသလိုပင်။
ထန်ပိသည် သူံးစက္ကန့်လောက် ရပ်နေပြီး ဆက်သွားသည်။ မြေညီထပ်မှ သရဲမထွက်လာရာ နံရံသည် အကောင်းအတိုင်းပြန်ဖြစ်လာပြီဖြစ်သည်။
‘သခင့်အနံ့ကခြောက်လွှာမှာပဲ’
သို့သော် ထန်ပိသည် သခင့်ဆီမသွားခင် လက်နက်အရင်သွားယူရမည်ဟု တွေးလိုက်သည်။
သူ့လက်နက်၏အနံ့သည် ပုံရိပ်ယောင်အပြင်ဘက်မှာရှိနေသည်။
‘ငါက အဲ့ကို လက်နက်ပြန်ယူဖို့သွားမှာ လူသားတွေကို ကူညီဖို့မဟုတ်ဘူး’
ထန်ပိသည် သူ့ကိုယ်သူဆုံးမနေသည်။
ထန်းပိသည် တိတ်ဆိတ်နေပြီး အားကုန်စုစည်းပြီး နံရံကို တစ်ချက်ထဲ ရိုက်ချလိုက်သည်။ အဆောက်အဦးတစ်ခုလုံးသည် ရေမျက်နှာပြင်လှုပ်ခတ်သွားသလို လှိုင်းထသွားသည်။ နံရံသည် အပိုင်းပိုင်းအစစဖြစ်သွားကာ လူသားအစိတ်အပိုင်းများ ပျံ့ကျဲနေသော ဆေးရုံမှ တိတ်ဆိတ်သန့်ရှင်းသော အဆောင်အဖြစ်ပြောင်းလဲသွားသည်။
ထန်ပိသည် ကော်ရစ်တာအလွတ်ကြီးကို သေချာကြည့်ကာ နောက်ပြန်မလှည့်တမ်း မြေညီထပ်သို့ တန်းတန်းမတ်မတ်သွားကာ သူ့ဓားကြီးကို သွားယူတော့သည်။
ငါးလွှာနှင့်ခြောက်လွှာကြားလှေကားတွင်ဖြစ်သည်။
ကျန်းလော် အမှောင်ထဲသို့တွန်းချခဲ့သော ချီယုံသည် မျက်နှာမဲ့မိစ္ဆာနှင့် ရင်ဆိုင်နေရသည်။ မျက်နှာမဲ့မိစ္ဆာသည် ဒူးထိရှည်သော လက်ကြီးနှင့် ချီယုံ့လည်ပင်းကို ဆွဲထားကာ ချီယုံ့ပုခုံးကို လာကိုက်နေသည်။ ချီယုံသည် ထိုမိစ္ဆာကို လစ်လျူရှုထားလိုက်ပြီး သူ့မျက်နှာသည် အိုးဖင်ကဲ့သို့ မည်းမှောင်နေသည်။
ချီယုံသည် အလွန်လူကဲခတ်တော်သူဖြစ်သောကြောင့် ခဏအတွင်းမှာပင် သူပလေးခံလိုက်ရပြီမှန်း သိသွားသည်။
သူ့နှုတ်ခမ်းသူကိုင်ကြည့်လိုက်ရာ ကျန်းလော်အနံ့ကျန်နေသေးပြီး ကျန်းလော်၏ကိုယ်ငွေ့နွေးနွေးကိုပင် ခံစားမိနေသေးသည်။
ထို့အပြင် ကျန်းလော်၏ သွေးစက်များအရသာကိုပင် ကောင်းကောင်းကြီး ရနေသေးသည်။
‘မဟုတ်ဘူး ငါတကယ်ပလေးခံလိုက်ရတာ ငါအကွက်ချခံလိုက်ရတာ”
ချီယုံသည် ကျန်းလော်ထံမှ မျက်နှာမဲ့ မိစ္ဆာကို ခုခံရန် ဓားစာခံလုပ်ခံလိုက်ရသည်ကို မယုံနိုင်ဖြစ်နေသည်။ မကောင်းဆိုးဝါးသည် သွေးစွန်းနေသော ဂျူူတီကုတ်ဝတ်ထားပြီး ရူးသွပ်သွားသလို အကျယ်ကြီး အော်ရယ်နေပြီး သူ့နှုတ်ခမ်းမှသွေးများကို လျှာနှင့်သပ်လိုက်သည်။
သွေးသည် အနည်းငယ်ညှီနံ့နံနေသော်လည်း ချိုမြနေသည်။ လူသတ်သမားသည် မျက်လုံးမှေးကြည့်လိုက်သည်။ သူသည် ကျန်းလော် သူ့ကို အမှောင်ထဲ တွန်းချသွားသည်ကို မှတ်ထားလိုက်သည်။
ဒေါသအဟုန်သည် မိုးထိမြင့်တက်သွားသည်။ ချီယုံသည် အတွေးလွန်နေပြီး မျက်နှာမဲ့မိစ္ဆာသူ့လည်ပင်းကို လာကိုက်မှ အသိပြန်ဝင်လာသည်။ ချီယုံသည် ကုန်းထလိုက်ပြီး မျက်နှာမဲ့မိစ္ဆာကို ဆွဲမလိုက်သည်။ သူ့နောက်မှ တစ္ဆေနည်းလမ်းကဲ့သို့ အရာတစ်ခုပေါ်လာပြီး ထိုအကာင်ကို စားပစ်လိုက်သည်။ ချီယုံသည် အစားခံနေရသော မိစ္ဆာကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ
“မင်းကြောင့်မို့လို့ သူကအဖြေကို နှစ်ခေါက်ရှာဖို့လုပ်ခဲ့တာပေါ့လေ”
သူ့မျက်လုံးများသည် အေးစက်နေသော်လည်း မျက်နှာကမူ ပြုံးရွှင်နေသည်။
“ငါဒီလိုကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်ကို မင်းကြောင့်ရတာဆိုတော့ ကျေးဇူးတင်ရမှာပေါ့”
မကောင်းဆိုးဝါးသည် ပြောနေရင်းရှေ့တိုးလာကာ မိစ္ဆာ၏ ခေါင်းကို ဆွဲဖြုတ်လိုက်သည်။ ထို့နောက် မျက်နှာမဲ့မိစ္ဆာ၏ခေါင်းသည် သူ့လက်ထဲတွင် သွေးမှုန်များအဖြစ်ပြောင်းသွားသည်အထိ ခြေမွခံလိုက်ရသည်။
ချီယုံသည် နောက်သို့ ပြန်ဆုတ်လိုက်ပြီး တစ္ဆေနည်းလမ်းမှ မျက်နှာမဲ့မိစ္ဆာ၏ ခန္ဓာကိုယ်ကို အငမ်းမရစားသောက်နေသည်ကို စိမ်ပြေနပြေကြည့်နေသည်။ သူသည် ခြောက်လွှာသို့တက်သွားလိုက်ပြီး မီးပြန်ဖွင့်လိုက်ကာ တစ်လွှာလုံးလိုက်ကြည့်လိုက်သည်။
ကျန်းလော်သည် ခြောက်လွှာတွင် မရှိတော့ပေ။
#############################