အပိုင်း (၉၇)
ကုန်းပတ်ပေါ်မှာ တိုက်ခိုက်
မကောင်းဆိုးဝါးသည် အလွန်အန္တာရယ်ရှိသည် ထင်ရသည်။ ချီယုံ့ကို တစ်ပတ်လောက်မတွေ့လိုက်ရသော ကျန်းလော်၏စိတ်အခြေအနေသည် ရေသေကဲ့သို့ တည်ငြိမ်နေသည်။ ချီယုံ့ကို ရုတ်တရက်တွေ့လိုက်ရသောအခါ ရေထဲသို့ ကျောက်ခဲအကြီးကြီး ပစ်ချလိုက်သကဲ့သို့ပင် လှိုင်းများထလာသည်။
စိတ်ပျက်၊ ရယ်ချင်၊ စိတ်လှုပ်ရှား၊ ဒေါသထွက် နေကာ ကျန်းလော်သည်ခံစားချက်မျိုးစုံကို မနည်းဖိနှိပ်နေရသည်။ သူ့သူငယ်ချင်းများရှေ့တွင် ဘာဖြစ်လာလာ မျက်နှာမပြောင်းသွားသော ကျန်းလော်သည် ထိုရူးနေသောသူရှေ့ရောက်လျှင် ရှုံ့မဲ့သွားသည်။ ကျန်းလော်သည် အမူအယာမဲ့စွာ သူတစ်ခုခုလုပ်နေသော အရေးအကြီးဆုံးအချိန်တိုင်းတွင် ပေါ်လာတတ်သော ချီယုံ့ကို သိချင်စွာကြည့်လိုက်သည်။
သို့သော် သူသည် သူများ၏ဝိဉာဉ်ပေါင်းစည်းနိုးထခြင်းကို ဝင်နှောက်ယှက်ခဲ့ပြီး စစ်တုရင်ခုံပေါ်မှ ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့သောကြောင့် အလွန်ပျော်သွားပြန်သည်။ ကုန်းပတ်ပေါ်တွင် လေပြင်းတိုက်နေကာ လှိုင်းအကြီးကြီးများ သင်္ဘောကို လာရိုက်ခတ်သည်။ ကျန်းလော်သည် ချီယုံဆိုလိုသည်ကို နားလည်သည်။ ထိုမကောင်းဆိုးဝါးသည် ကျန်းလော်သူ့ကို ပြောခဲ့သော စကားကို ရှင်းရှင်းကြီး မှတ်မိနေသည်။
“ငါမင်းနဲ့ဆော့ရတာ ပင်ပန်းနေပြီ”
သို့သော် မကောင်းဆိုးဝါးသည် သိသိကြီးနှင့် တမင်တကာကို လောင်စာလာထည့်နေသည်။
“ဒီငါးနှစ်ကောင်လှိမ့်နေတာကိုကြည့်ရတာ ရွံစရာကောင်းတယ်”
ကျန်းလော်သည် ဆက်ပြောလိုက်သည်
“ဒါပေမဲ့ မင်းကို ဒုက္ခပေးရတာထပ်စာရင် ပျော်စရာကောင်းပါသေးတယ်၊ ပြောရရင် ငါမင်းကို ပျင်းလာဖို့တအားလွယ်လွန်းတယ် မှတ်မိတယ်မလား ငါမင်းကို မိနစ်နှစ်ဆယ်လောက်ပဲ ကစားရသေးတယ် ပျင်းသွားပြီ”
သို့သော် ရိုးရိုးသားသားပြောရလျှင် ကျန်းလော်သည် သူ့နောက်မှ မကောင်းဆိုးဝါးနှင့် ရှေ့မှငါးနှစ်ကောင်ကိုသာရွေးခိုင်းမည်ဆိုလျှင် သူသည် ထိုငါးနှစ်ကောင်ထက် ချီယုံ့ကို သင်ခန်းစာပေးဖို့ကိုသာ မတွေဝေပဲ ရွေးလိုက်မည် ဖြစ်သည်။ သူ့ပါးကိုလက်ခုပ်ထဲထည့်ပြီး ချီယုံသည် အသံမြှင့်လိုက်ပြီး ပြောလိုက်သည်။
“ကိုယ်ဒီကိုလာရတဲ့ အကြောင်းအရင်းက မင်းကိုလာကြည့်တာပါလို့ ပြောထားပြီးပြီလေ”
မကောင်းဆိုးဝါးသည် ကျန်းလော်နားနားကိုကပ်ပြီး ကုန်းပတ်ကို တစ်ချက်ကြည့်လိုက်သည်။ မှောင်မဲနေသော ကောင်းကင်ကို ဆွဲဖြဲမတတ် လျှပ်စီးတစ်ချက်လက်သွားသည်။ နားကွဲမတတ်မိုးခြိမ်းသံကြီးကြားလိုက်ကာ မုန်တိုင်းလာနေလေပြီ။
ကောင်းကင်နှင့်မြေကြီးကို ထက်ခြမ်းခွဲမတတ် လျှပ်စီးကြောင်းကြီးလက်လာသောအချိန်တွင် ငါးအထီးအမနှစ်ကောင်သည် ပူးကပ်သွားသည် ။ သူတို့ထံမှ အကျိအချွဲအရည်များသည် လျှပ်စီးရောင်အောက်တွင် တောက်ပနေသည်။ ငါးနှစ်ကောင်၏အလေးချိန်သည် ပေါင်၇၀၀ကျော် ၈၀၀လောက်ရှိမည်ဖြစ်သောကြောင့် သူတို့လူးလိမ့်လိုက်ချိန်တွင် ကုန်းပတ်ကြမ်းပြင်သည် အနည်းငယ်တုန်ခါသွားသည်။ ချီယုံသည် ထိုမြင်ကွင်းကို စိတ်ဝင်တစားကြည့်နေသည်။
ထိုသို့သောမြင်ကွင်းသည် သူ့ကို စိတ်မဝင်စားစေနိုင်သော်လည်း သူသည် စိတ်ကို ဆွဲဆန့်ပြီး ကြည့်နေသည်။ ကျန်းလော်သည် မျက်ခုံးတွန့်သွားပြီး ချီယုံသည် အိပ်ရာပေါမှအခန်းများကို တီဗီထဲမှသင်ခဲ့ကြောင်း သတိရသွားသည်။
‘ဒီနှစ်ကောင်ကိုကြည့်ပြီးတော့ နှာဘူးကောင်ချီယုံက အဲ့တာမလုပ်တတ်သွားလောက်ပါဘူး၊ လုပ်တတ်သွားရင်ရော’
ကျန်းလော်သည် ဖြစ်နိုင်ကြောင်းတွေးမိသည်နှင့် ချီယုံရှေ့ပိတ်ရပ်လိုက်ကာ ချီယုံခြေထောက်ကို အသေတက်နင်းလိုက်သည်။ လက်အားနေသော ကျန်းလော်သည် ချီယုံ့ကို သွေးငါးရှဉ့်ကို တိုက်ခိုက်ရန် ထုတ်ထားသော မြွေကြီးနှင့်အလစ်ဝင်တိုက်လိုက်သည်။
ငါးအထီးသည် သူတို့အနားကပ်လာသော လူသားအနံ့ရသောအခါ သူမိတ်လိုက်သည်ကို လာနှောက်ယှက်သောကြောင့် ဒေါသတကြီး မာန်ဖီလိုက်သည်။ သွားထက်ထက်များပေါ်လာအောင် ပါးစပ်အကျယ်ကြီးဟပြီး မာန်ဖီလိုက်ကာ ကျန်းလော်ကို ဝေးဝေးသွားရန် ခြောက်လိုက်သည်။ ကျန်းလော်သည် ဂရုမစိုက်ဘဲ ချောနေသောအကျိအချွဲများရှိနေသော နေရာအထိပြေးဝင်လိုက်ကာ ငါးနှစ်ကောင်လူးလိမ့်နေသော နေရာနားထိ အကျိအချွဲများနှင့် လျောခနဲရွေ့သွားလိုက်သည်။ သူသည် ရွှေရောင်အဆောင်ဖြင့်စီမံထားသော ဓားမြှောင်ကိုကိုင်ထားပြီး မျက်လုံးများသည် ထက်ရှနေသည်။
သွေးငါးရှဉ့်အထီးသည် သူ့အောက်ရှိအမကောင်ကို ပွေ့ထားရာမှ ချလိုက်ပြီး အကျိအချွဲများနှင့် လျှောလိုက်လာကာ သူ့အနားရောက်ခါနီးနေသော ကျန်းလော်ဘက်သို့ အမြှီးကြီးနှင့် လွှဲရိုက်လိုက်သည်။ ကျန်းလော်သည် ချက်ချင်း ဦးတည်ဘက်ပြောင်းလိုက်ကာ လှပစွာဖြင့် အမြှီးကြီးကို ရှောင်လိုက်သည်။ အမြှီးကြီးနှင့် ထိလုထိခင်တွင် ကျန်းလော်သည် သွေးငါးရှဉ့်ကိုယ်ပေါ်သို့တက်နင်း၍ လေထဲသို့ နောက်ကျွမ်းပစ်ခုန်လိုက်သည်။ ကျန်းလော်သည် နောက်ပြန်ခုန်လိုက်ပြီး လက်ထဲမှဓားဖြင့် အထီး၏ခေါင်းကိုစိုက်လိုက်ကာ ကြမ်းပြင်ပေါ်သို့ ခန့်ညားသေသပ်စွာ ဆင်းလိုက်သည်။
ဆံပင်အနက်နှင့် လူငယ်လေး၏ တိုက်ခိုက်ပုံသည် လှပသေသပ်သော အနုပညာလှုပ်ရှားမှုကို ကြည့်နေရသလိုပင်၊ မိစ္ဆာကောင်၏ခေါင်းမှ ကျောရိုးထိ ဓားနှင့်ထိုးခွဲသွားပြီး ကြမ်းပြင်ပေါ်ရပ်လိုက်ချိန်တွင် ဆံပင်အနက်များသည် ကြိုးပြေသွားပြီး ပုခုံးပေါ်ဝဲကျလာကာ လေထဲတွင် တလွင့်လွင့်ဖြစ်နေသည်။ မြွေအစောင့်နှင့်တိုက်ခိုက်နေသော မကောင်းဆိုးဝါး၏အာရုံသည် ကောင်လေးထံသို့သာ ကပ်ညှိနေသည်။ သူ့မျက်လုံးများသည် မြွေအစောင့်ထံတွင် မရှိဘဲ ရေချိုးခန်းဝတ်စုံအောက်မှ ပေါ်သွားသော ကောင်လေး၏ပေါင်တံများထံတွင် တဝဲလည်လည်ဖြစ်နေသည်။
မကောင်းဆိုးဝါး၏အကြည့်သည် ဆာလောင်နေကာ ဝါးစားမတက်ဖြစ်နေသည်။ ကံမကောင်းစွာပင် ရေချိုးခန်းဝတ်စုံသည် ခနသာ လွင့်သွားသောကြောင့် မကောင်းဆိုးဝါးသည် ပေါင်တံလှလှများကို ဆက်မမြင်ရတော့ချေ။ ကျန်းလော်ကြမ်းပြင်ပေါ်ခြေချလိုက်သည်နှင့် ရေချိုးခန်းဝတ်စုံသည် ဒူးခေါင်းအောက်အထိ ပြန်ကျသွားသည်။ မကောင်းဆိုးဝါးသည် ပေါင်တံလှလှများမှ မရုန်းထွက်နိုင်ပဲ သက်ပြင်းချလိုက်သည်။ သူ့အကြည့်များသည် ကျန်းလော်ကို လန့်ပြီးတောင့်ခနဲဖြစ်သွားစေသည်။ ထိုသူသည် သူ့တစ်ကိုယ်လုံးကို သိမ်းကျုံး၍ ဝါးစားတော့မလို ကြည့်နေသည်။ ထိုအချိန်တွင် ပျော့ပြောင်းပြီး ကြောက်စရာကောင်းသော မြွေသည် ပထမဆုံးအကြိမ်အဖြစ် မကောင်းဆိုးဝါးနားသို့ကပ်နိုင်ခဲ့ရာ မကောင်းဆိုးဝါး၏လက်မောင်းကိုကိုက်ဖို့ပြင်နေသည်။ နာကျင်မှုသည် မကောင်းဆိုးဝါးကို သတိပြန်ဝင်လာစေကာ သူသည် သူ့ကိုကိုက်ထားသောမြွေကို ငုံ့ကြည့်လိုက်သည်။ သို့သော် ချက်ချင်းပင် ကျန်းလောကိုပဲ ပြန်ကြည့်နေသည်။
ကောင်လေးသည် သူ့အကြည့်များကို သတိထားမိကာ မိစ္ဆာအထီးကို ဓားနဲ့စိုက်လိုက်ချိန်တွင် သူ့မျက်နှာကို စင်သွားသော သွေးများကို သုတ်လိုက်ပြီး မကောင်းဆိုးဝါးကို မသိလိုက်မသိဘာသာ ကြည့်လိုက်ပြီး သူ့အဝတ်ကို ပြန့်နေအောင် လက်ဖြင့်သေချာသပ်နေသည်။ ကြောက်စရာကောင်းလောက်အောင် တိမ်ဖုန်းနေသော ညဘက်တွင် ရေခဲကျောက်စိမ်းကဲ့သို့ လက်လှလှလေးသည် ရေချိုးခန်းဝတ်စုံကို ပွတ်သပ်နေသည်။ ထိုအချိန်တွင် ရုတ်တရက်ကြီး လေထုထဲမှ ငါးညှီနံ့သည် ပိုပိုဆိုးလာသည်။
မကောင်းဆိုးဝါးနှင့်လူသားတို့သည် ကျောဘက်မှသွေးများရေပန်းကဲ့သို့ ပန်းထွက်နေသော သွေးငါးရှဉ့်ဆီမှ နောက်ဆုတ်လိုက်ကြသည်။ မိစ္ဆာအထီးသည် နာကျင်စွာဖြင့် မိစ္ဆာမအနားတွင် လှိမ့်နေသည်။ သူသည် ကျန်းလော်ကို နာကျည်းစွာကြည့်လိုက်သည်။ သာယာမှုရှာဖွေနေသည်ကို ဖျက်ဆီးသော လူသားကို အမုန်းကြီးမုန်းနေကာ ကြမ်းပြင်ပေါ်မှ ကျန်းလော်ဆီသို့ မြန်မြန်ဆန်ဆန် ပြန်တိုးဝင်လာသည်။
ရေသူမိစ္ဆာသည် အလွန်ကြီးမားသော ခန္ဓာကိုယ်နှင့် လူသားကဲ့သို့ ခြေလက်လေးဘက်ပေါက်နေကာ ရွံစရာကောင်းသော မိချောင်းတစ်ကောင်ကဲ့သို့ တွားသွားလာသော်လည်း အလွန်လျှင်မြန်သည်။ ကျန်းလော်သည် လက်ကိုဝတ်စုံပေါ်မှဖယ်လိုက်ပြီး မိစ္ဆာထီးဆီသို့ ပြန်လည်အာရုံစိုက်လိုက်သည်။ ငါးထီးကောင်နှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ခြင်းသည် သူယခင်တစ်ခေါက်တုန်းကကဲ့သို့ ချောင်းသတ်လိုက်ခြင်းနှင့် ကွာခြားစွာ အလွန်အန္တာရာယ်များသည်။ ငါးအထီး၏သွားများသည် ငါးမန်းတစ်ကောင်ကဲ့သို့ ထက်ရှနေကာ သူ့ကိုသာကိုက်မိလိုက်လျှင် အရိုးများပါ တိကနဲပြတ်ထွက်သွားနိုင်သည်။
ကျန်းလော်သည် အထီးကောင်သည် သူ့ကိုအပြည့်အဝအာရုံမစိုက်နိုင်ကြောင်းသိပြီး ထိုအကောင်များနှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်လျှင် အသာစီးမရနိုင်မှန်းသိသည်။ ထို့ကြောင့်သူသည် ကုန်းပတ်ပေါ်သို့ မျက်စိရှင်ရှင်ထားပြီး ကြည့်လိုက်ကာ ကုန်းပတ်လက်ရန်းဆီသို့ ပြေးထွက်သွားတော့သည်။ ငါးအထီးသည် ကျန်းလော်နောက်မှာ ချက်ချင်းပြေးလိုက်သည်။ ထိုအချိန်တွင် မိုးများသည်းထန်စွာကျလာသည်။ ကျန်းလော်သည် ရေချိုးခန်းဝတ်စုံနှင့် အပေါ်ဝတ်တစ်ထည်သာ ဝတ်ထားသည်။ ခုနလေးတင်မှ လျှော်ထားသော ဆံပင်များသည် ရွှဲရွှဲစိုသွားတော့သည်။ သင်္ဘောသည်လည်း မုန်တိုင်းဒဏ်ကြောင့် ခါယမ်းနေသည်။
မိုးရေများကြောင့် အကျိအချွဲများနှင့် သွေးများရောသွားကာ ကုန်းပတ်တစ်ခုလုံးသည် ရေခဲပြင်စကိတ်ကွင်းကဲ့သို့ ဖြစ်သွားတော့သည်။ မိုးများသောကြောင့် ကျန်းလော်သည် ဘာမှမမြင်ရတော့ပေ။ မိုးရေများသည် နဖူးမှ လည်ပင်းအထိစီးကျလာသည်။ ကျန်းလော်သည် ငါးညှီနံ့ပြင်းပြင်းကို ရနေသည်။ သူသည် အပေါ်ဝတ်ကို လျှင်မြန်စွာချွတ်လိုက်ကာ သူ့လက်နားကို အပေါ်ဝတ်နှင့်ပတ်လိုက်ပြီး ထိုပေါ်မှ ကြိုးတစ်ချောင်းနှင့် တွဲချည်လိုက်သည်။ ငါးအထီးကောင်သည် တဖြည်းဖြည်းသူနှင့် နီးလာသည်၊ ကျန်းလော်သည် အရှိန်တင်ပြီး ပြေးသည်။ ကျန်းလော်သည် ပြုံးလိုက်ပြီး ဒီထက်ပိုပြီး မြန်အောင်မပြေးနိုင်တော့သော အချိန်တွင် သူသည် ကိုယ်ကိုကြမ်းပြင်ထိကပ်သွားအောင်ကွေးလိုက်ပြီး လက်ရန်းအောက်ထဲသို့ ဝင်သွားကာ လှေပေါ်မှခုန်ချသွားသည်။
ငါးအထီးသည် အရှိန်လွန်ပြီး ရေထဲပြုတ်ကျသွားချိန်တွင် သူ့ကိုပြုံးပြီးလက်ယမ်းပြနေသော လူသားကို မြင်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ရေထဲမှ ‘ဗွမ်း’ဆိုသော အသံကြားလိုက်သည်။
ငါးသည် ရေထဲသို့ ကျသွားလေပြီ။
ကျန်းလော်သည် အပေါ်ဝတ်အင်္ကျီနှင့်လက်ကိုပတ်ပြီး လက်ရန်းတွင် တွဲလွဲခိုတားကာ ပင်လယ်ထဲသို့ကြည့်လိုက်ပြီး ပျော်ရွှင်စွာအော်ရယ်လိုက်သည်။ ထို့နောက်သူသည် လှေပေါ်သို့ ပြန်တက်လာကာ မျက်နှာပေါ်တွင် အပြုံးအကြီးကြီး ချိတ်ထားသည်။ သူတက်နေတုန်းတစ်ဝက်တွင် ကျန်းလော်လက်အနားသို့ ပြောင်လက်နေသော သားရေဖိနပ်တစ်ရံရောက်လာသည်။ ကျန်းလော်မော့ကြည့်လိုက်ရာ ပုံပျက်သွားသော ဆံပင်နှင့် မိုးစက်များမျက်နှာပေါတွင် တစ်စက်စက်စီးကျနေကာ တစ္ဆေစွမ်းအားများလွမ်းခြုံထားသော ချောမောမပျက်သည့် မကောင်းဆိုးဝါးကို တွေ့လိုက်သည်။ အစောင့်အရှောက်မြွေ၏ခေါင်းသည် ထိုလူ၏လက်ထဲတွင် တင်းကျပ်စွာကိုင်ထားခံရပြီး ရွှေရောင်မြွေကြီးသည် မကောင်းဆိုးဝါးလက်မောင်းကို ကိုယ်လုံးဖြင့် အသေရစ်ပတ်ထားသည်။ နှစ်ဖက်စလုံးသည် လုံးဝအလျော့ပေးမည့်ပုံမပေါ်ချေ။
ချီယုံသည် ဤနေရာသို့ သူ့ဘာသာသူ လာချင်လို့ရောက်လာတာဖြစ်သည်။ ကျန်းလော်သည် တွေးမိသွားသည်။
“ဒီနေရာမှာ ဟိုကောင့်ထက်ပိုဆိုးတဲ့ကောင်ကို ရှင်းရဦးမှာ မေ့သွားတယ်”
သူသည် မကောင်းဆိုးဝါးနောက်မှ တွားသွားပြီး ထွက်ပြေးနေသော ငါးမိစ္ဆာမကို ကြည့်လိုက်သည်။ ကျန်းလော်သည် မကောင်းဆိုးဝါးကို ကြည့်လိုက်သည်။ သူသည် မကောင်းဆိုးဝါးသည် ဤလှေပေါ်သို့ အဘယ့်ကြောင့် ထပ်ရောက်လာမှန်း နားမလည်နိုင်တော့ချေ။
၎င်းသည် သူ့ခန္ဓာအစစ်ကိုပင် ပြောင်းခဲ့သေးသည်။ ချီယုံ့လူပ်ရှားမှုတိုင်းသည် သူ့ကိုတမင်တကာကို လိုက်နှောက်ယှက်နေသလိုပင်။ သို့သော် ဒီအချိန်တွင် ကျန်းလော်သည် ချီယုံဘာကြောင့် ရောက်လာမှန်း မခန့်မှန်းနိုင်တော့ချေ။
သူသည် တွေးနေရင်းပင် လှေပေါ်သို့ တွယ်တက်နေသည်ကိုလည်း မရပ်လိုက်ပေ။
‘မတော်လို့ မကောင်းဆိုးဝါးက ငါ့ကို ပင်လယ်ထဲ ပစ်ချလိုက်မှဖြင့်’
ကျန်းလော်သည် ကုန်းပတ်ပေါ်သို့ ရောက်ပြီးနောက်မောပန်းစွာဖြင့် ဒူးထောက်ထိုင်ချလိုက်သည်။ ကျန်းခလာ်သည် မကောင်းဆိုးဝါးကို သတိရသွားပြီး မပျော်ရွှင်တော့စွာ ထရပ်လိုက်သည်။
“ကြည့်လို့မှကောင်းသွားရဲ့လား”
လက်ရန်းမှတွယ်တက်လာသော ကောင်လေး၏အလှသည် သေးသွယ်သောခါးနှင့် ကောက်ကြောင်းလှလှများထင်ပေါ်နေသည်မှာ ညှို့အားပြင်းသော ရေသူထီးတစ်ကောင်ကဲ့သို့ပင်။ မကောင်းဆိုးဝါး၏မျက်လုံးများသည် နက်မှောင်လာပြီး သူသည် ကုန်းလိုက်ကာ ကျန်းလော်၏ခေါင်းကို လက်နှစ်ဖက်နှင့် အားပြင်းစွာကိုင်လိုက်သည်။ ချီယုံသည် ဘယ်တုန်းကမှ တစ်စုံတစ်ယောက်ကြောင့် ထိန်းမနိုင်သိမ်းမရ စိတ်မလှုပ်ရှားခဲ့ဖူးချေ။
သူလိုချင်သည်မှာ ကောင်လေး၏အတွင်းနတ်ဆိုးကို လွတ်ပေးရန်သာဖြစ်ပြီး ဤသို့ အဓိပ္ပာယ်မရှိသော အရာများမဟုတ်တာ သေချာသည်၊လွန်စွာ ပုပ်သိုးနေသော အရာများနှင့် ကောင်လေးကိုနှိုင်းယှဉ်ကြည့်ရသည်မှာ သူ့ကို တအားပျင်းလာစေသည်၊ ကိုယ်ချင်းစာတရား၊ အမှောင်ထု၊ အမှားပြင်တာတွေကို ချီဘုံသည် လုံးဝဂရုမစိုက်ပေ။ သူအတွက်မူ သန်မာပြီး စွမ်းအားရှိသော ခန္ဓာကိုယ်နှင့်ပင် လုံလောက်နေပြီဖြစ်သည်။
ထိုသို့သာဖြစ်သင့်သည်။ သူ့တွင် မည်သည့်ခံစားချက်မှ ရှိမလာသင့်ပေ။
“မင်းက ကိုယ့်ကို တော်တော်ပြောင်းလဲသွားစေတာပဲ”
မကောင်းဆိုးဝါးသည် တိုးတိုးပြောလိုက်ပြီး မိုးရေထဲတွင် ခေါင်းကိုငုံ့လိုက်ကာ သူ့နှုတ်ခမ်းနှင့် လူသားကောင်လေး၏ နှုတ်ခမ်းကို ဖိလိုက်သည်။ အေးစက်သောလေပြင်းများတိုက်နေပြီး မိုးရေများကြောင့် စိုရွှဲနေသည့်နှစ်ယောက်သည် ရန်ဖြစ်နေသလို နှုတ်ခမ်းများပူးကပ်ထားသည်။ လေတိုက်သံများကို အတိုင်းသားကြားနေရကာ ကုန်းပတ်ပေါ်တွင် ခဲသွားနိုင်လောက်အောင် အေးစက်နေသည်။ မကောင်းဆိုးဝါးသည် နှုတ်ခမ်းအချင်းချင်းခွာလိုက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ကျန်းလော် မင်းလေးကိုယ့်ကို အောင်အောင်မြင်မြင်ကြီး အာရုံပြောင်းအောင် လုပ်နိုင်ခဲ့ပါပြီ”
လူသား၏မျက်လုံးများသည် ရေဝင်ထားသောကြောင့် အလွန်မှုန်ဝါးနေသည်။ သွေးများသည် မိုးရေများကြောင့် အစောထဲက မရှိတော့ပေ။ သူတို့နှစ်ယောက်မျက်နှာချင်းကပ်နေသောကြောင့် ကျန်းလော်နှာခေါင်းမှ ထွက်သက်ဝင်သက်နွေးနွေးသည် သူတို့ကြားမှ ပင်လယ်လေကို ဖယ်ထုတ်နေသလိုဖြစ်နေသည်။ သူသည် မကောင်းဆိုးဝါး၏ ဖိထားခြင်းကိုခံနေရကာ ကျောမတ်မတ်ရပ်နေပြီး
“ငါကလား”
သူ့နှုတ်ခမ်းထောင့်များကော့တက်သွားပြီး ရွှင်ရွှင်ပြပြပြုံးလိုက်သည်။
“အာ”
မကောင်းဆိုးဝါးသည် အသံပြုလိုက်ပြီးနောက် နှေးကွေးစွာပြောလိုက်သည်။
“ဟုတ်တယ် မင်းလေးက”
နောက်ခနလေးတွင် မကောင်းဆိုးဝါးသည် သူအချိန်အကြာကြီး မြည်းစမ်းချင်နေသော လူသားကောင်လေး၏ နှုတ်ခမ်းကို ဖိကပ်နမ်းလိုက်သည်။ မိုးသည် သွန်ချသလိုရွာနေကာ ပိုပိုသည်းလာသည်။ မိုးများသည် ကျန်းလော်တို့ကို ငါးဖမ်းပိုက်ကြီးနှင့် အုပ်ထားသကဲ့သို့ လေးလံနေအောင် ရွာသွန်းနေသည်။ ကျန်းလော်သည် အနည်းငယ်အသက်ရှူကျပ်လာကာ တစ်ခနကြာပြီးနောက် သည်းမခံနိုင်တော့ပဲ လက်ကိုမြှောက်လိုက်ကာ မကောင်းဆိုးဝါး၏ ဆံပင်ကို ဆောင့်ဆွဲလိုက်တော့သည်။ သူ့ခေါင်းကို အနောက်ရောက်အောင် ဆံပင်ကို အားဖြင့်ဆောင့်ဆွဲလိုက်သည်။ လေပြင်းမုန်တိုင်းနှင့် မိုးရွာနေသည့်ကြားတွ်င ကောင်းကင်ကြီးသည် မှောင်မည်းနေကာ ပင်လယ်ထဲတွင် Angonese သင်္ဘောကြီးတစ်စင်းသာရှိသလိုပင်။ ကျန်းလော်စိတ်ထဲတွင် တလောကလုံးတွင် Angonese သင်္ဘောကြီး၏ ကုန်းပတ်တစ်ခုထဲသာ ရှိတော့သလို ခံစားနေရသည်။
ရန်သူနှစ်ယောက်သည် ကုန်းပတ်ပေါ်တွင် ပြင်းပြင်းပြပြနမ်း နေကြပါသတဲ့။
သွေးနံ့များလှိုင်လှိုင်ထနေသောနေရာတွင် တိုက်ခိုက်နေသော နှစ်ယောက်သည် ဘယ်ဘက်ကမှ ရပ်တန့်လိုဟန်မရှိကြပေ။ ကျန်းလော်သည် ချီယုံ၏ကော်လာကို ဆွဲလိုက်ပြီး သူ့ကို ကြမ်းပြင်ပေါ်သို့ ဆွဲလှဲလိုက်သည်။ ထိုခနလေးတွင် ကျန်းလော်နှုတ်ခမ်းသည် မကောင်းဆိုးဝါးပါးစပ်ထဲမှ လွတ်မြောက်သွားသည်။ သို့သော် ခနပင်မကြာပေ။ မကောင်းဆိုးဝါးသည် ကျန်းလော်ကို သူ့အောက်သို့ပို့ကာ ဖိထားလိုက်ပြီး ထပ်နမ်းလိုက်သည်။ ထိုနှစ်ယောက်သည် အပေါ်အောက်နေရာလုနေကာ ကုန်းပတ်ပေါ်တွင် လှိမ့်နေကြသည်။
မကောင်းဆိုးဝါးသည် သူ့အောက်မှလူသားကို ချုပ်ထားရင်း ခပ်မြူးမြူးရယ်လိုက်ကာ
“ဒီလိုအချိန်မှာ ဆရာ့စကားနားထောင်ပြီး ကလန်ကဆန်မလုပ်ရဘူး ကျန်းလော်လေး”
ကျန်းလော်သည် သူ့ခြေထောက်ဖြင့် မကောင်းဆိုးဝါး၏ ခြေနှစ်ဖက်ကို လိမ်ယှက်လိုက်ကာ မကောင်းဆိုးဝါးကို ဆွဲ၍ လှိမ့်ပစ်လိုက်သည်။ သူသည် ချက်ချင်းပင် မကောင်းဆိုးဝါး၏ကိုယ်ပေါ်ရောက်သွားသည်။ သူသည် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ကာ မကောင်းဆိုးဝါး၏ကိုယ်ပေါ်တက်ထိုင်နေလိုက်ပြီး နှာမှုတ်လိုက်ကာ
“မင်းလို ကိုယ့်ကျောင်းသားကိုယ် အသားယူတတ်တဲ့ ဆရာမျိုးကို နာခံရမှာ......”
သူသည် မကောင်းဆိုးဝါး၏ မေးရိုးကို ညစ်လိုက်သည်။ မကောင်းဆိုးဝါးသည် ကျန်းလော်ကို ပြန်မခုခံပဲ ညင်သာစွာထထိုင်လိုက်သည်။ ထို့နောက် မကောင်းဆိုးဝါးသည် ကျန်းလော်ခြေထောက်ကို သူ့ခါးတွင် ချိတ်ထားစေပြီး ကောင်လေးကို သူနှင့်လက်ရန်းကြားထဲတွင် ကြားလေပင်မသွေးရအောင် ရင်ဘက်ချင်းကပ်ထားလိုက်သည်။
“ကိုယ့်လိုဆရာမျိုးမှာပဲ ကိုယ့်ဆရာကိုပြန်သတ်ဖို့ အချိန်ပြည့်တွေးနေတဲ့ တပည့်ရှိတာ”
ပြောနေရင်း သူ့လက်များသည် ကျန်းလော်၏ရေချိုးခန်းဝတ်စုံအစွန်းနားကို လာလှန်နေသည်။ ကျန်းလော်သည် မှင်တက်သွားပြီး မကောင်းဆိုးဝါး၏လက်ကို ဆွဲချလိုက်သည်။ ထို့နောက် သူ့နောက်မှ လက်ရန်းကို နောက်ပြန်ကိုင်ကာ အားယူပြီး မကောင်းဆိုးဝါးကို ဒူးနှင့်တိုက်လိုက်သည်။ မကောင်းဆိုးဝါးနောက်လှန်သွားသောအချိန်တွင် သူသည် ထိုနေရာမှ မြန်မြန်ထကာ မကောင်းဆိုးဝါးနောက်တွင် သွားရပ်လိုက်ပြီး
“ပြောရဦ်းမယ် မင်းကဘာလို့ ငါ့ဘယ်သူလဲလို့လာမေးတာလဲ အဲ့အကြောင်းမေးမလို့ဟာ အခုမှမေးရတော့တယ်”
‘ကျစ်’
ကျန်းလော်သည် ဆူပူလိုက်သည်။
‘ဘာလို့ချီယုံက ငါ့ထက် အရပ်ရှည်နေရတာလဲ။ သူငါ့ကို အနောက်ကဖမ်းထားတုန်းက ငါ့ထက်နည်းနည်းပိုရှည်နေတာ။ သေချာပေါက် ဟိုရုပ်ထုကို အရပ်ရှည်အောင်လုပ်ထားလို့ဖြစ်ရမယ်၊ သူအဲ့တာကြောင့်ပဲ ဒီလောက်အရပ်ရှည်တာနေမှာ’
မျက်တောင်တစ်ခတ်အတွင်းမှာပင် ချီယုံသည် ကျန်းလော်ရှေ့မှ မြူနက်များဖုံးသွားပြီး ပျောက်သွားသည်။ ထို့နောက် သူ့နောက်တွင် ချက်ချင်းပြန်ပေါ်လာသည်။ ကျန်းလော်သည် လက်သရမ်းကောင်ချီယုံ့လက်များကို ရှောင်၍ နောက်ပြန်ကန်လိုက်သည်။
“အဲ့တာက မေးကိုမေးသင့်တာ မဟုတ်ဘူးလား”
မကောင်းဆိုးဝါးသည်ပြုံးလိုက်ပြီး ရှောင်လိုက်သည်။ ထို့နောက် ကျန်းလော်နားထဲသို့ လေမှုတ်၍
“ကောင်းလိုက်တဲ့ ကိုယ်ခံပညာနော်”
မိမိတပည့်သည် ကိုယ်ခံပညာတော်လာ၍ ပျော်ရွှင်နေသော ဆရာကောင်းတစ်ယောက်ကဲ့သို့ မကောင်းဆိုးဝါးသည် စိတ်သက်သာသွားပုံဖြင့် ပြောသည်။
“ဒါဆိုရင် ဒီနေ့အတွက် ကိုယ်ခံပညာဆက်သင်ကြတာပေါ့”
မကောင်းဆိုးဝါးသည် ကျန်းလော်ကန်ချက်ကြောင့် ဘေးကိုရှောင်လိုက်ပြီး လက်နှစ်လုံးလောက်နောက်ဆုတ်ကာ ခြေသလုံးကို ဘိလပ်မြေအိတ်ကို ကန်သလို ကန်လိုက်သည်။
“ကိုယ်ခံပညာဆိုတာ တစ်ခါတစ်လေ မှော်စွမ်းအားတွေထက်ပိုအသုံးဝင်တယ်”
ငါ့မေးရိုးကနေ ချွေးတွေလိုလို မိုးရေတွေလိုလိုစီးကျလာတာ ပြောနိုင်တယ်၊ ကျန်းလော်သည် စိတ်ရောကိုယ်ရော နှစ်ခုလုံးပူလာသလို ခံစားရသည်။ အပြင်ဘက်တွင် အလွန်အေးနေသော်လည်း သူသည်ပူသည်ထက်ပူလာသည်။ ထိုသို့သော ခြောက်သွေ့ပူလောင်လာခြင်းသည် သူ့လှုပ်ရှားမှုများကို နှေးကွေးလာစေပြီး စိတ်ရှုပ်ထွေးလာစေသည်။ မကောင်းဆိုးဝါးနှင့် တိုက်ခိုက်နေသည့် သူ့အရှိန်သည် အလွန်မြန်နေသည့်အပြင် မိုးရေများသည် သူ့ကိုနည်းနည်းမျှအေးမလာစေပေ။
‘မဟုတ်သေးဘူး’
‘ဒီလောက်လေး လေ့ကျင့်ခန်းလုပ်တာနဲ့ ဒီလိုကြီးပူလာစရာ အကြောင်းမရှိဘူး0
ကျန်းလော်သည် ရုတ်တရက် မလှုပ်ရှားတော့ချေ။ သူ့အသက်ရှူသံသည် လေးလံနေပြီး သူသည် မကောင်းဆိုးဝါးကို မော့ကြည့်ရန် မနည်းအားယူနေရကာ
“ဆက်မတိုက်တော့ဘူး”
မီးတငွေ့ငွေ့လောင်ကျွမ်းနေသော ထင်းပုံထဲရောက်နေသလို ခံစားနေရသော ကျန်းလော်သည် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
‘ဘာတွေဖြစ်ကုန်တာလဲ’
‘ဒီခံစားချက်ကြီးက သမင်အချင်းစားလိုက်မိသလိုပူနေတာ အဆိပ်သောက်လိုက်သလိုကို တကိုယ်လုံးလောင်သွားတော့မလိုပဲ’
သူသည် သူ့အင်္ကျီကော်လာကို ဆွဲဆုပ်လိုက်ပြီး ရေထဲကျသွားသော ငါးထီးအကြောင်းသတိရလိုက်သည်။
‘အပူတက်နေတဲ့ ငါးအထီးကောင်ရဲ့သွေးတွေပါးစပ်ထဲဝင်သွားလို့များလား အဲ့တာဆိုလဲဘာလို့................’
ကျန်းလော်မျက်နှာသည် ဖြစ်နိုင်ချေကို တွေးကြည့်ပြီး မည်းမှောင်သွားသည်။
############################################