အပိုင်း (၁၀၃)
သင်္ဘောကို ဖောက်ခွဲခြင်း (၁)
“ချပ်.............”
လုယုံရိသည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူနားကြားမှားသွားလား သိချင်စွာ မေးလိုက်သည်။
“သင်္ဘောကို ဖောက်ခွဲလိုက်မယ် ဟုတ်လား”
ကျန်းလော်သည် တည်ကြည်စွာခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် သင်္ဘောကို ဖောက်ခွဲကြမယ်”
ကောကျူသည် ရယ်ရွှင်ကို ကြည့်လိုက်ပြီး
“ဘယ်လို ဖောက်ခွဲကြမှာလဲ ငါတို့ဖောက်ခွဲလိုက်ရင်တောင် သွေးငါးရှဉ့်တွေက ရေထဲမှာ အသက်ရှင်နိုင်သေးတယ် ဒါပေမဲ့ မဖောက်ခွဲရင်ရော..”
“ငါလည်း ဒီလိုလုပ်ရင် အကုန်ပြေလည်သွားနိုင်တယ်လို့ မပြောဘူးကွာ”
ကျန်းလော်သည် သဘောထားကြီးသည့်ပုံဖြင့် ပြုံးပြလိုက်ပြီး ခုနစကားကို ဆက်ပြောလိုက်သည်။
“ငါပြောချင်တာကကွာ သင်္ဘောကို သွေးငါးရှဉ့်တွေနဲ့ အတူတူတစ်ခါထဲ ဖောက်ခွဲပစ်လိုက်ဖို့ပြောတာ”
တခြားခုနှစ်ယောက်၏ တုံ့ပြန်မှုကို မစောင့်ဘဲ ကျန်းလော်သည် စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“ဒီသင်္ဘောကြီးက တစ်စီးလုံး သွေးငါးရှဉ့်ဥတွေနဲ့ သားလောင်းတွေနဲ့ ပြည့်နေတာကွာ တကယ်လို့ သွေးငါးရှဉ့်အမတွေထဲက တစ်ကောင်ကောင်သာ လွတ်သွားရင် ဖြစ်လာမဲ့ အကျိုးဆက်က မတွေးရဲစရာပဲကွ ဒီသင်္ဘောက သွေးငါးရှဉ့် ထီးတွေ သွေးငါးရှဉ့်အမတွေရဲ့ သားဖောက်ဖို့လုပ်ထားတဲ့ အသိုက်လေ ဒီသင်္ဘောဝမ်းထဲမှာ ဘာတွေရှိနေလဲဆိုတာ မင်းတို့လည်း သိတာပဲ”
“မတရားခံရတဲ့လူတစ်ယောက်ချင်းစီတိုင်းရဲ့ ဗိုက်ထဲမှာ သားလောင်းတွေနဲ့ ဥတွေ မရေမတွက်နိုင်အောင်ရှိနေတာနော် မကြာခင် အဲ့ဒီသားလောင်းတွေ အခွံဖောက်ပြီး ထွက်လာတော့မှာ သာမန်လူတွေကို ညမနက်ခင် သက်ကယ်လှေပေါ်တင်ပြီး ထွက်ပြေးခိုင်းဖို့နဲ့ ငါတို့အတွက် သက်ကယ်လှေစီစဉ်ထားပြီး လွတ်မြောက်ဖို့ အလွယ်ဆုံးနည်းက တစ်ခုပဲ ရှိတော့တယ်လေ၊ ညရောက်လို့ သွေးငါးရှဉ့်အမတွေကိုသတ်ပြီး သင်္ဘောဝမ်းထဲက ထွက်ဖို့က သွေးငါးရှဉ့်အမတွေနဲ့ ငါးအထီးတွေကို ဆွဲဆောင်ပြီး သင်္ဘောဝမ်းထဲမှာ သော့ခတ်ထားလိုက်ရအောင်၊ ပြီးမှ သင်္ဘောဝမ်းကိုအရင်ဖောက်ခွဲပြီးရင် သင်္ဘောတစ်ခုလုံးကို ဖျက်ဆီးပစ်ကြမယ်”
လုယုံရိ မေးရိုးသည် အောက်ကျနေပြီး ဝမ်ယမ်လန်သည် ဖောက်ခွဲခြင်း၏ ဖြစ်နိုင်ချေများကို တွေးကြည့်နေသည်။
“Angonese သင်္ဘောကြီးက ကြီးလွန်းတယ် သင်္ဘောတစ်စီးလုံးဖောက်ခွဲဖို့ဆိုရင် သင်္ဘောဝမ်းနဲ့ သင်္ဘောတစ်စီးလုံး မဖောက်ခင်စပ်ကြားမှာ အချိန်နှစ်နာရီလောက် ယူမှရမယ် ပြီးရင်လည်း ငါတို့ လွတ်မြောက်ဖို့ အချိန်ကိုလည်း အစီအစဉ်ဆွဲရင် တစ်ခါထဲ ထည့်တွက်ထားရမယ်ကွ”
“တကယ်ကြီး ဖောက်ခွဲပစ်ကြမလို့လား”
စိုင်လောင်အာသည် အေးစက်စက်လေတချို့ ရှူသွင်းလိုက်ပြီး
“ရဲတွေ လာမှာ မစောင့်တော့ဘူးလား”
ကျန်းလော်သည် သူ့အတွေ့အကြုံများကို ပြန်တွေးရင်းပြောပြသည်။
“ဥပဒေကြောင်းအရ သာဆိုရင် ငါတို့ သူတို့လာတာကိုစောင့်ကိုစောင့်ရမှာ ဟုတ်ပေမဲ့ ”
သူသည်ရပ်သွားသည် နံရံပေါ်မှ သင်္ဘောသာ သုံးရာနှစ်ဆယ်ကျော်၏ ဓာတ်ပုံများကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“အကယ်၍ ငါတို့မှန်းထားတဲ့အတိုင်း ငါးအထီးအကောင် သုံးရာနှစ်ဆယ်ကျော်ရှိပြီး သားလောင်းနဲ့ ဥတွေ အများကြီး ရှိခဲ့မယ်ဆိုရင် ရဲအရာရှိ ဘယ်နှစ်ယာက်လောက်ကများ သူတို့အကုန်လုံးကို တစ်ကောင်မှ မလွတ်ဘဲ ဖမ်းမိနိုင်မှာလဲ”
သွေးငါးရှဉ့်များကို ဖြေရှင်းရန် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးနည်းမှာ ကျန်းလော်ပြောခဲ့သော ဖောက်ခွဲခြင်းနည်းလမ်းပင် ဖြစ်သည်။
ကောကျူသည် ခါးသက်စွာပြုံးလိုက်ပြီး သူ့မျက်နှာသည် အလွန်စိတ်ဓာတ်ကျနေပုံပေါက်ကာ
“ငါတို့ရဲတွေလာတဲ့အထိစောင့်ကြရင်တောင် ဒီငါးတွေကို မဖျက်ဆီးနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ ဘယ်လိုလူမျိူးက မှ ထာဝရအသက်ကို ငြင်းဆန်မှာမဟုတ်သလို အသက်ရှည် နုပျိုမှုကိုလည်း လွန်ဆန်နိုင်မှာ မဟုတ်ဘူး၊ နောက်ထပ်အမှားကြီးကြီး ထပ်ဖြစ်လာတာမျိုး အချိန်မရွေးဖြစ်လာနိုင်တယ်”
ကျိုးကျုံးချိုးသည် နံရံပေါ်မှ ပုံများကို ဆွဲဖြုတ်လိုက်ပြီး ခိုင်မာစွာပြောလိုက်သည်။
“ကောင်းပြီ သင်္ဘောကို ဖောက်ခွဲဖို့ ငါတော့ ထောက်ခံတယ်ဟာ”
ခွမ့်ကျိန်းသည်လည်း တိတ်ဆိတ်စွာ လက်မြှောက်လိုက်သည်။ လုယုံရိသည် ရုတ်တရက် ခုန်ထလာပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ဘမ်းးး မဖောက်ခွဲရင် ငါလူမဟုတ်တော့ဘူး ငါ့ဘဝတစ်လျှောက်လုံး ဒီလောက်ကြီးတဲ့ သင်္ဘောကြီး တစ်ခါမှ မဖောက်ခွဲဖူးသေးဘူး”
“ငါတို့ကတော့မင်းနဲ့မတူဘူးကွ”
ကောကျူက နောက်လိုက်သည်။
“ငါတို့အားလုံးတစ်ခါမှ လှေလေးတောင် မဖောက်ခွဲဖူးဘူး”
ကျန်းလော်သည် သူတို့စကားများကြောင့် စိတ်လှုပ်ရှားလာသည်။ သူသည် စာရွက်နှင့် ဘောလ်ပန်ရှာလိုက်ပြီး ရေးရင်း ပြောလိုက်သည်။
“သွေးငါးရှဉ့်တွေက အမြင်အားမကောင်းကြဘူး ဒီတော့ ငါတို့ အကျိအချွဲတွေထဲ လူးလိုက်ကြမယ် ပြီးရင် လူတွေကို သက်ကယ်လှေတွေစီခေါ်သွားကြမယ်၊ သူတို့ကို ဖိနပ်နဲ့ တခြားအသံမြည်စေမဲ့အရာတွေ တစ်ခုမှ သယ်မလာဖို့ ပြောရမယ် သော့တွေ လက်ဝတ်ရတနာတွေနဲ့ တခြားဟာတွေ။ ငါတို့ အသံတစ်စက်မှမထွက်ဘဲ ဖြေးဖြေးချင်းသူတို့ကို သက်ကယ်လှေပေါ်တင်ပေးပြီးရင် သူတို့ဘေးကင်းတာနဲ့ လုပ်ငန်းစကြမယ်”
ကျန်းလော်သည် စာရွက်ပိုင်းလေးပေါ်တွင် စာတချို့ထပ်ရေးလိုက်သည်။
“ဒါက သက်ကယ်လှေတွေထားတဲ့ သင်္ဘောပေါ်က တည်နေရာ”
“ဒုကပ္ပတိန် သင်္ဘောပေါ်လိုက်ပြတုန်းက ကောကျူနဲ့ငါ အဲ့အခန်းထဲမှာ သက်ကယ်လှေနဲ့ သက်ကယ်အင်္ကျီတွေ တွေ့ခဲ့တယ် သင်္ဘောအလယ်ပိုင်းလောက်မှာပဲ၊ ငါတို့သာမန်လူတွေ သင်္ဘောပေါ်က ထွက်သွားပြီဆိုတာနဲ့ စားဖိုဆောင်ကိုသွားပြီး ဆီစည်ပိုင်းတွေနဲ့ ဂက်စ်အိုးတွေသွားသယ်ကြမယ် ပြီးရင် ဆီတွေကို သင်္ဘောဝမ်းထဲမှာ အရင်ပတ်ထားပြီးနောက်မှ ဂက်စ်အိုးတွေကို နေရာချပြီး ဖောက်ခွဲလိုက်ရင် သားလောင်းတွေ သေချာပေါက် သေလောက်တယ်”
“ငါတို့ မြေအောက်ခန်းလိုနေရာရှာဖို့လိုတယ် ဂက်စ်အိုးတွေကို ဒီကောင်တွေ သတိမထားမိအောင် နေရာချရမှာ ပြီးရင် ဂက်စ်အိုးတွေပေါ်မှာ မီးတောက်မန္ဆာန်ဆွဲထားလိုက်ရုံပဲ”
လုယုံရိသည်လက်သီးဆုပ်ပြီး အကြံပေးလာသည်။
“မန္တာန်ဆွဲတာက ငါတို့အားလုံး လုံခြုံမဲ့တစ်ခုထဲသော နည်းလမ်းကွ”
ကျန်းလော်သည် လက်မထောင်ပြလိုက်ပြီး
“ဟုတ်တယ် ဟုတ်တယ်”
“အဲ့ဒါအပြင်ကို နောက်ထပ် အရေးကြီးတာ တစ်ခုရှိသေးတယ်”
ကျန်းလော်သည် သူတို့ကို သွေးငါးရှဉ့်အမများ၏ လူချမ်းသာများကို ထိန်းချုပ်နိုင်စွမ်းကို ပြောပြလိုက်သည်။
“ဟုတ်ပြီ”
ဝမ်ယမ်လန်သည် တင်းကြပ်စွာ သက်ပြင်းချရင်း ပြောသည်။
“ငါတို့ သွေးငါးရှဉ့်တွေရဲ့ ခေါင်းဆောင်ကို အရှင်ဖမ်းရတော့မှာပဲ သူတို့ ထိန်းချုပ်ထားတဲ့ လူချမ်းသာတွေအကြောင်း မေးပြီးမှ ဒီကောင့်ကို ဖြေရှင်းရတော့မယ်”
ကျန်းလော်သည် သူ့ကို ပြုံးပြလိုက်သည်
“ဟုတ်တယ်”
“သွေးငါးရှဉ့်တွေရဲ့ ခေါင်းဆောင် ဆိုရင်................”
ကျိုးကျုံးချိုးသည် သေချာစဉ်းစားပြီး ထိပ်ဆုံးမှ ကပ္ပတိန်၏ ဓာတ်ပုံကို လက်ညှိုးထိုးပြလိုက်ကာ
“ကပ္ပတိန် မဖြစ်နိုင်ဘူးလား”
“ဖြစ်နိုင်ခြေအရှိဆုံးကတော့ သူပဲ”
ရယ်ရွှင်သည် ပေါ့ပါးစွာပြောလိုက်သည်။
“သင်္ဘောသားတွေက ဒီလူကို တော်တော်ကြောက်ကြတယ်”
သူတို့ရနိုင်သမျှ အချက်အလက်များကို အစီအစဉ်ထဲ သေချာပေါင်းစု ထည့်ထားကြသည်။ သူတို့တွင် တွေဝေနေရန် အချိန်မရှိပေ။ သူတို့အားလုံးသည် ခပ်သွက်သွက်ပင် ဓာတ်ပုံများ ခွဲယူလိုက်ကြပြီး အခန်းထဲမှထွက်ခဲ့ကြသည်။ ထို့နောက် သင်္ဘောဝမ်းထဲသို့ ပတ်ကြည့်ပြီး သွေးငါးရှဉ့်ဟု သံသယရှိသူများ ပါနေမလား လိုက်ရှာကြသည်။
ကျန်းလော်သည် သွေးငါးရှဉ့်အမ သားလောင်းများကို စားထားသော လူချမ်းသာတချို့ကို တွေ့မိပြီး သူတို့ကို ခွဲထုတ်ဖို့ လုပ်သော်လည်း ထိုသူများသည် အခုထိ အသိစိတ် ထိန်းချုပ်မခံထားကြရသေးပေ။ ကျန်းလော်သည် သွေးငါးရှဉ့်အမများ ထိုသူတို့ကို ထိန်းချုပ်ရန် အချိန်မပေးသေးသည်ကို အံ့ဩသွားသည်။
သူသည်ထိုလူများကို တစ်စုတစ်စည်းထဲနေနိုင်အောင် စီစဉ်ပေးလိုက်သည်။ သို့မှသာ ထိုသူများကို တစ်ခါထဲရဲလက်အပ်နိုင်မည် ဖြစ်သည်။
သူတို့လှည့်ပတ်ကြည့်ပြီး ပြန်လာကြသောအခါ သူ့လူများသည် ဓာတ်ပုံများနှင့် လူတိုင်းကို တိုက်စစ်ခဲ့ပြီးဖြစ်သည်။ သူတို့သည် လူအုပ်ထဲတွင် သွေးငါးရှဉ့်တစ်ကောင်မှ ရှာမတွေ့ခဲ့ပေ။
ကံမကောင်းမှုကြီးထဲမှ ကံကောင်းမှုကြီး ဖြစ်သည်။ သာမန်လူများသည် ဤနေရာတွင် ပုံးနေကြရင်း ရုတ်တရက်ဆန်စွာ မိစ္ဆာကဲ့သို့ရုပ်ဆိုးဆိုး ရွံစရာသွေးငါးရှဉ့်ကို မြင်လိုက်ရသည်။ သူတို့သည် သာမန်လောကတွင် နေထိုင်ကြသည့်အလျောက် မကောင်းဆိုးဝါး မိစ္ဆာများကို ရုပ်ရှင်များ အိပ်ရာဝင်ပုံပြင်များထဲတွင်သာ ကြားဖူးခဲ့ကြခြင်းဖြစ်ပြီး မျက်မြင်ကိုယ်တွေ့ မကြုံဖူးကြပေ။ သူတို့ရှေ့သို့ အကောင်လိုက်ကြီး ပေါ်လာကြသောအခါ လူတိုင်းသည် ကြောက်ရွံလာကြပြီး လှုပ်ဖို့တောင် မရဲကြတော့ပေ။
သူတို့သည် ဤနေရာမှ ရိုးရိုးရှင်းရှင်း ဒေါသအလျောက် မထွက်သွားနိုင်ကြပေ။ သူတို့ထွက်သွားလိုက်လျှင် မကောင်းဆိုးဝါးများ၏ အစာဖြစ်သွားနိုင်ပြီး ထွက်သွားဖို့လဲ မရဲကြပေ။
ထို့ကြောင့် ကျန်းလော်နှင့်တခြားသူများပြောသည့်အတိုင်း မည်သူမျှ အထွန့်မတတ်ကြပဲ လက်ခံလိုက်နာကြသည်။ သာမန်လူများသည် ကျန်းလော်တို့ပြောပြသည့်အတိုင်း အကျိအချွဲများတွင် လူးလိမ့်ကြကာ ဆင်းရဲချမ်းသာမရွေး အကုန်နာနာခံခံ လူနံ့မထွက်ရလေအောင် လူးလိမ့်ကြသည်။ ထို့နောက် သူတို့သည် အသံထွက်စေမည့် ပစ္စည်းများအားလုံးကို ချထားခဲ့ကြကာ မလွတ်မြောက်နိုင်မည်ကို စိုးရိမ်ကြောက်ရွံ့နေကြသည်။
သူတို့အားလုံး စည်းစည်းလုံးလုံးရှိကြသောကြောင့် ကျန်းလော်တို့ သက်သာသွားကြသည်။ ကျိုးကျုံးချိုး၊ လုယုံရိနှင့် ခွမ့်ကျိန်းတို့သည့် လူအုပ်ကြီးကို ဦးဆောင်၍ စိုင်လောင်အာနှင့် ကောကျူတို့သည် တစ်ဖက်တစ်ချက်မှ ဝန်းရံကာ ကျန်းလော်၊ ဝမ်ယမ်လန်နှင့် ရယ်ရွှင်တို့သည် နောက်မှ ပိတ်ပြီး လိုက်ပါပို့ဆောင်ပေးကြသည်။
သူတို့အုပ်စုသည် သင်္ဘောလေသာဆောင် (ခေါ်) ကုန်းပတ်ပေါ်မှ ခြေဗလာဖြင့် ဖွဖွလေး လမ်းလျှောက်လာကြသည်။ သူတို့အားလုံးပေါင်းလျှင် လူလေးရာနီးနီးရှိကာ အားလုံး အစီအရီ တန်းစီပြီး သတိထားလျှောက်ကြသော်လည်း အားလုံးပေါင်း၍ အသံတိုးတိုးတော့ ကြားရသေးသည်။
သင်္ဘောတစ်ခုလုံးသည် ယခုအချိန်တွင် သွေးငါးရှဉ့်များ အပြည့်ဖြစ်နေသည်။ သူတို့သည် အတက်နိုင်ဆုံး ထိုအကောင်များကို ရှောင်သွားကြသော်လည်း တည့်တည့်တိုးလာသောအခါ လူအင်အားနှင့် အနိုင်ယူ သတ်ဖြတ်လိုက်ကြရသည်။
သက်ကယ်လှေများ ထားရာနေရာသည် သင်္ဘောဝမ်းနှင့် တအားမဝေးသော်လည်း နာရီဝက်လောက်တော့ လမ်းလျှောက်ကြရသည်။
တံခါးသည် သော့ပိတ်ထားပြီး အရေးပေါ်ခလုတ်သည် တံခါးသော့ ဘေးတွင်ရှိသည်။ ကျန်းလော်သည် တံခါးသော့ကို ဖွင့်လိုက်ပြီး သက်ကယ်လှေတစ်စီးသည် အခန်းထဲတွင် သပ်ရပ်စွာ ထည့်ထားသည်။ ထိုနေရာရှိအခန်းများတွင် သက်ကယ်ပစ္စည်းများ တန်းစီထည့်ထားသည်။ ထို့နောက် လူတစ်ယောက်ချင်းစီတိုင်းသည် သက်ကယ်လှေများကို လက်ရန်းများကို တွဲခိုထားသော အောက်ဆင်းသွားသည့် လူများက လက်လွှဲယူကြပြီး သက်ကယ်လှေကို ပင်လယ်ထဲချပေးကြသည်။
သက်ကယ်လှေတစ်စီးသည် လူအယောက်နှစ်ဆယ်လောက်ဆန့်ပြီး သက်ကယ်အင်္ကျီများသည် လူတိုင်းအတွက် လုံလုံလောက်လောက် ရှိသည်။ ကျန်းလော်သည် ချန်လိနှင့် လိရှားကို လှေပေါ်သို့ တင်ပေးလိုက်ရန်လုပ်သော်လည်း ချန်လိသည် ကျန်းလော်နှင့်သာ လိုက်ချင်သည်။ ထို့ကြောင့် ကျန်းလော်သည် သူ့ကို မတားတော့ဘဲ လိရှားကိုငုံ့ကြည့်လိုက်ကာ သိမ်မွေ့စွာမေးလိုက်သည်။
“လိရှားရော အခုလိုက်မသွားချင်ဘူးလား”
လိရှားမျက်လုံးများသည် ကြောက်ရွံ့မှုကြောင့် မျက်ရည်များပြည့်နေပြီး ကျန်းလော်ရှပ်အင်္ကျီကို ဆွဲကာ တိတ်ဆိတ်စွာ ခေါင်းယမ်းပြသည်။ ကျန်းလော်သည် ပြုံးလိုက်ပြီး
“ဒါဆိုလဲ နေခဲ့ကွာ”
သူသည် ချန်လိကို လိရှားကို ခေါ်၍ သင်္ဘောဝမ်းထဲသို့သွားရန် ပြောလိုက်သည်။ သူနှင့် သူငယ်ချင်းများသည် စားဖိုဆောင်သို့သွား၍ ဆီပေပါများနှင့် ဂက်စ်အိုးများကို သွားယူကြသည်။ ကျန်းလော်သည် တစ်ယောက်ယောက် ကျကျန်ခဲ့ပုံပေါ်သော စီးကရက်ဘူးနှင့် မီးခြစ်တစ်ခုကောက်ရခဲ့သည်။ ထို့နောက် သိမ်းလိုက်ပြီး ဆီပေပါများ သယ်ရန်သွားလိုက်သည်။
မီးခြစ်ထဲတွင် ဂက်စ်များရှိသေးပြီး သုံးလို့ရနေသေးသည်။
အပြန်လမ်းတွင် လုယုံရိသည် တွန်းလှည်းတစ်ခု ရှာတွေ့ခဲ့သည်။ သို့သော် ဘီးတစ်ခါလှိမ့်လိုက်တိုင်း အသံတအားဆူသောကြောင့် အသုံးပြု၍ မဖြစ်ပေ။ ထို့ကြောင့်သူတို့သည် ဆီပေပါများနှင့် ဂက်စ်အိုးများကို လက်ဗလာဖြင့်သာ သယ်ရသည်။
ကျိုးကျုံးချိုးသည် သူတို့ထဲတွင် အားအသန်ဆုံးဖြစ်သောကြောင့် ဂက်စ်အိုး နှစ်အိုးကို တစ်ခါထဲ သယ်လာပြီး လူတိုင်းနောက်တစ်ခေါက် ပြန်သယ်စရာမလိုအောင် လုပ်ပေးလိုက်သည်။
ကျန်းလော်သည် နောက်ဘက်မှ ချောင်းကြည့်နေသလို ခံစားချက်ကြောင့် ဆီပေပါများမသယ်သေးဘဲ မတ်တပ်ရပ်၍ နောက်လှည့်ကြည့်လိုက်သည်။ ထို့နောက် ရှေ့တိုးကြည့်လိုက်သည်။ သူသည် ရုတ်တရက် နောက်ပြန်လှည့်ကြည့်လိုက်ပြန်သည်။ သူသည် အမြဲလိုလို သူ့ကိုစောင့်ကြည့်နေသလို ခံစားနေရသည်။
သူ့နောက်မှ ကော်ရစ်တာတလျှောက်လုံးတွင် ဘာမှမရှိအောင် ရှင်းလင်းနေသည်။ ကျန်းလော်သည် ကော်ရစ်တာအလွတ်ကြီးကို တည်ငြိမ်စွာ မျက်လုံးမှေးကြည့်လိုက်သည်။
သင်္ဘောဝမ်းထဲသို့ ပစ္စည်းများသယ်ပြီးသွားချိန်တွင် ပတ်ဝန်းကျင်သည် မှောင်စပြုနေပြီဖြစ်သည်။ သူတို့သည် သင်္ဘောဝမ်းတစ်ခုလုံးကို ဆီများ နှံ့နေအောင် လိုက်ပတ်လိုက်ကြပြီး ဂက်စ်အိုးများကို ရှေ့ထဲနှင့် နောက်နားသို့ သေချာအစီအစဉ်တကျ နေရာချထားလိုက်သည်။
ကျန်းလော်သည် ဂက်စ်အိုးများပေါ်တွင် သူကိုယ်တိုင် ဖူလုများရေးဆွဲပြီး နောက်ဆုံးစုတ်ချက်ဆွဲပြီးသောအခါ စိတ်သက်သာစွာ သက်မချလိုက်သည်။
“နောက်ဆုံးတော့ ......”
ဝမ်ယမ်လန်သည် တံခါးအပြင်ဘက်မှ ကောင်းကင်ကိုကြည့်လိုက်သည်။
“မှောင်နေပြီကွ”
နောက်ထပ် ဂန္တဝင်တွင်မည့် စစ်ပွဲကြီး စပေတော့မည်။
သူတို့တွင် ထိုစစ်ပွဲအကြောင်း အဝေးကြီး တွေးရန် အချိန်မရှိသောကြောင့် အားလုံးအဆင်သင့်ဖြစ်ချိန်တွင် သင်္ဘောဝမ်းထဲမှ ထွက်လိုက်ကြသည်။
ချန်လိနှင့် လိရှားတို့သည်လည်း သင်္ဘောဝမ်းထဲတွင် မနေခဲ့ပေ။ ထို့ကြောင့်ကျန်းလော်သည် စိတ်မပါစွာပြောလိုက်သည်။
“သူတို့ကို ငါတို့နောက်လိုက်လာခိုင်းလိုက်တော့ တိတ်တိတ်ဆိတ်ဆိတ်နေဖို့နဲ့ ငါတို့နောက် ခပ်ဝေးဝေးက လိုက်ဖို့ ပြောလိုက်ဦး”
ကောကျူကပြောသည်။
“အန္တာရာယ်မများဘူးလားကွာ”
“သူတို့ငါတို့နဲ့နေရင် ပိုအန္တာရာယ်များမှာ”
ကျန်းလော်သည် ခေါင်းယမ်းလိုက်ပြီး လိရှားနောက်ကျောကို ပုတ်ပေးလိုက်သည်။
“လှေပေါ်မှာ ဘာဖြစ်မလဲ ကြိုသိနိုင်တာမဟုတ်ဘူးလေ”
ကျန်းလော်သည် ထိုသို့ပြောလိုက်သော်လည်း လိရှားနှင့် ချန်လိသည် ကျန်းလော်ကို ခွဲသွားရန် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြသေးသည်။ ကောကျူက အလျှော့မပေးဘဲ ဘာမှပြန်မပြောတော့မှ စိတ်မပါစွာ ထွက်သွားတော့သည်။ သူတို့သည် ညနက်ကြီးထဲတွင် ကုန်းပတ်ဦးပိုင်းသို့ ခြေဖွသွားလိုက်ကြသည်။
လမ်းတလျှောက်တွင် သူတို့သည် ငါးထီးတစ်ကောင်မှ မတွေ့ခဲ့ရပေ။ သူတို့ထင်သည်မှာ ကုန်းပတ်တစ်ခုလုံးကို ချွဲကျိကျိ သွေးငါးရှဉ့်များ တွားသွားနေမည်ဖြစ်သည်။
သွေးငါးရှဉ့်များအားလုံးသည် ကုန်းပတ်ဦးပိုင်းတွင် စုနေကြပြီး သွေးငါးရှဉ့်အမများကို ဝိုင်းထားသည်။ သွေးငါးရှဉ့်များသည် သူတို့ပါးစပ်များကို ဟထားပြီး ထူးဆန်းသော အသံများ ထုတ်နေကြသည်။ အကျိအချွဲများသည် သူတို့ကိုယ်ပေါ်မှ စီးကျနေပြီး ကြီးမားပြီး အနက်ရောင်နှင့် အနီရောင်ငါးများသည် တစ်ကောင်နှင့်တစ်ကောင် အစီအရီလျောသွားနေကြသည်။
မြင်ကွင်းသည် မြွေသိုက်ထက်ပင် ကြောက်စရာကောင်းနေသေးသည်။ ကြည့်နေရင်း တစ်အုပ်စုလုံးသည် ဦးရေပြားများပင် စပ်ဖြင်းဖြင်းဖြစ်လာသလို ခံစားရပြီး ထိုအခိုက်တွင် ပင်လယ်လေသည်သူတို့ဆီသို့ ငါးညှီနံ့အလုံးအရင်းလိုက် သယ်လာသောကြောင့် လူများကို အန်ချင်သွားစေသည်။
ရယ်ရွှင်သည် ကျောက်တုံးကဲ့သို့ မာကျောသော မျက်နှာထားဖြင့်
“ငါးအမတွေက ဟိုးအဝေးကြီးမှာ”
ငါးအထီးများသည် ငါးအမများပေါ် တစ်လွှာပြီး တစ်လွှာ အုပ်ထားပြီး အောက်ပြန်ဆင်းရန် နေရာလွတ်သေးသေးသာ ချန်ထားကြသည်။
ကျန်းလော်သည် နောက်လှည့်ပြီးထိုင်ချပြီး နောက်မှ ကွန်တိန်နာကို မှီ၍ စီးကရတ်တစ်လိပ်ဆွဲထုတ်လိုက်သည်။ သုံးနာရီကြာအောင် တွေးနေပြီး နောက်ဆုံးတွင် အသိပြန်ဝင်လာသည်။ သူ့ဘေးမှလူသည် စိုးရိမ်မှုများနေပြီး
“ဒါကြီးကို ဘယ်လိုများ ဖြေရှင်းရမှာလဲကွာ”
ကျန်းလော်သည် ပျော်ရွှင်စွာ မီးခိုးငွေ့များ မှုတ်ထုတ်လိုက်သည်။ သူ့မျက်လုံးထောင့်များသည် ပင်ပန်းမှုကြောင့် အနည်းငယ်နီရဲနေသော်လည်း သူ့ပုံစံသည် အချစ်ကို တွေ့ဖူးသွားသလို လူငယ်လေး၏ မျက်နှာထားဖြင့် သိမ်မွေ့မှုတစ်ချို့ ပေါင်းစည်းနေကာ သန်မာတိကျသော အရှိန်အဝါတစ်မျိုး ထုတ်လွတ်နေသည်။
သူသည် လွယ်ကူစွာပြောလိုက်သည်။
“ငါ့ဆီမှာ ယင်ယန်လက်ကောက်ရှိတယ်လေ”
လူအားလုံး၏ မျက်လုံးများသည် ချက်ချင်းတောက်ပလာကြသည်။
ဟုတ်သည်။ ယင်ယန်လက်ကောက်ကို ကြယ်တည်နေရာယူကာ ယင်ယန်လက်ကောက်၏ လျှို့ဝှက်ချက်ဆယ့်နှစ်မျိုး အစီအရင်ကို သုံးပြီး သွေးငါးရှဉ့်အမများကို သင်္ဘောဝမ်းထဲသို့ ရွှေ့ပြောင်း၍ ရသည်လေ။
#################################