Ch 122
Viewers 8k

အပိုင်း (၁၂၂) 


ဆူးချွန်ပန်းခြုံပေါ်မှ နားဆွဲတစ်စုံ 

သခင့်၏ မကြာခနထင်သလို စိတ်ပြောင်းနေမှုကြောင့် ကောဝူချန်သည် ရွေးချယ်စရာ မရှိတော့ဘဲ သခင့် အမိန့်ကိုသာ နာနာခံခံ လိုက်နာလိုက်ရတော့သည်။ သို့သော် သခင်ဖြစ်သူ မှန်လောကထဲသို့ ဝင်သွားသည်နှင့် ကန့်လန့်ကာနောက်ကွယ်မှ လူသည် အရိပ်ထဲတွင်သာ ပုန်းနေဦးမည်ဖြစ်သည်။ ကောဝူချန်သည် တခြားသော မထင်မှတ်ထားသည့် အနှောက်အယှက်များကို ရှောင်ရန် ဟွာပိပေးခဲ့သော အရိုးပုလွေကို သုံးရန် ဆုံးဖြတ်လိုက်သည်။ 

လူအရိုးကဲ့သို့ ဖြူဖွေးပြောင်လတ်နေသော လက်ဖဝါးအရွယ်သာရှိသော အရိုးပုလွေကို အနီရောင် ကြိုးဖြင့် ချည်၍ အလှဆင်ထားသည်။ ကောဝူချန်သည် ပြတင်းပေါက်ရှေ့တည့်တည့်တွင် ရပ်၍ သုံးကြိမ်တိတိ မရပ်မနား ပုလွေမှုတ်သည်။ 

ထိုပုလွေကို ဟွာပိ၏လက်ချောင်းအရိုးမှလုပ်ထားပြီး ပုလွေသံကို ဟွာပိမှလွဲ၍ မည်သူမျှ မကြားနိုင်ပေ။ အချိန်အနည်းငယ်ကြာပြီးနောက် အနီရောင်ဝတ်ဆင်ထားသော လူတစ်ယောက်သည် လေပြင်းတစ်ချက်နှင့်အတူ ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲရောက်လာပြီး ဟွာပိသည် ခြေဗလာဖြင့် မတ်တပ်ရပ်နေကာ အေးစက်သော အသံဖြင့် မေးလိုက်သည်။ 

“မင်းငါ့ကို ဒီလိုတစ်ဝက်တစ်ပြတ်ခေါ်ရအောင် ဘာများဖြစ်နေလို့လဲ” 

ကောဝူချန်က ပြောသည်။ 

“မင်းငါနဲ့အတူတူ သခင့်ကို စောင့်ကြည့်ပေးရမယ်” 

ဟွာပိမျက်မှောင်ကြုံ့သွားသည်။ 

ကောဝူချန်သည် ကြမ်းပြင်ပေါ်တွင် လဲကျနေသော လူသားများကို ကြည့်၍ ဟွာပိကို အိပ်ခန်းဆီသို့ ခေါ်သွားသည်။ 

“သခင့်ကို စောင့်ကြည့်ရင်း သခင် ချင်ခြင်းတက်နေတဲ့ လူသားကိုလည်း တစ်ခါထဲ စောင့်ကြည့်ပေးစမ်းပါကွာ” 

ဟွာပိသည် ရုတ်တရက် ကျန်းလော့၏စက်ဆုပ်ဖွယ်မျက်နှာထားကို သတိရသွားပြီး သူ့အမူအယာသည် ယင်ကောင်တစ်ကောင် မျိုချလိုက်သလို ရှုံ့မဲ့သွားသည်။ 

ကောဝူချန်သည် သူ့ကို ကြည့်နေရင်း 

“သခင်အတွက် ပထမဆုံးအကြိမ် မှန်လောကထဲကို ဝင်ပြီးပြန်ထွက်လာမှာမို့လို့ ငါမလိုက်သွားတာ ဒါပေမဲ့ နောက်တစ်ကြိမ် သခင်ပြန်ဝင်ရင် ငါလည်း သခင်နဲ့တူတူလိုက်သွားမှာ အဲ့အချိန်ကျရင် မင်းကပဲ ငါတို့ကို စောင့်ကြည့်ပေးရမှာ ” 

ဟွာပိသည် ခြေလှမ်းရပ်သွားပြီး သူ့ကို ကြည့်လိုက်သည်။ 

“မင်းလည်းသွားမှာလား” 

ကောဝူချန်သည် မပီမသအလင်းရောင်အောက်တွင် ပြံဒး၍ သူ့မျက်လုံးထဲတွင် အလင်းတစ်ချက်လက်လာပြီး ခေါင်းညိတ်ပြလိုက်သည်။ 

“အဲ့ဒီနောက်ကွယ်က ကောင်တွေ ဘာလုပ်ချင်နေလဲဆိုတာ ကိုယ်တိုင် သွားကြည့်မှဖြစ်မယ်” 

ဟွာပိသည် ကောဝူချန်လုပ်ချင်နေသည့် အရာကို နည်းနည်းမှ စိတ်မဝင်စားသော်လည်း 

“မင်းဘာလုပ်ချင်လုပ်ချင် ဂရုမစိုက်ဘူး သခင့်လုံခြုံရေးအတွက်ကတော့ ငါလုပ်နိုင်တာအကုန်လုပ်မှာမို့လို့ စိတ်ချလို့ရတယ် မင်းနဲ့ လူသားအတွက်ကတော့ ထန်ပိကိုခေါ်လိုက် ငါမကြည့်ပေးနိုင်ဘူး” 

“အိုက်ယား ဒီလောက်လူအများကြီး သုံးဖို့မလိုပါဘူးကွာ” 

ကောဝူချန်က ပြောသည်။ 

“မင်းလုပ်နိုင်တာ ငါသိပါတယ် ဟွာပိရာ” 

ဟွာပိသည် နှာခေါင်းရှုံ့၍ လက်ပိုက်ကာ တစ်ခွန်းမှ ပြန်မပြောတော့ပေ။ ကောဝူချန်က ပြောသည်။ 

“မင်းကောင်းကောင်းလုပ်ပေးရင် ငါမင်းကို ဂိမ်းထဲမှာ ထိပ်တန်းဝင်အောင်လုပ်ပေးမယ်လေ နောက်ထပ်မင်းကို နုတယ်လို့ ဘယ်သူမှ မပြောစေရတော့ဘူးကွာ ” 

ဟွာပိမျက်နှာသည် မည်းမှောင်သွားပြီး 

“ ............................ ကောင်းပြီ” 

စုတ်လုံးစုတ်နေသော ထန်ပိသည် ရုတ်တရက် နှာချေသွားသည်။ ပတ်ပတ်လည်ကို လိုက်ကြည့်ပြီး ဘာမှမမြင်သောအခါ လက်ထဲက ဂိမ်းစက်ကိုပြန်ကိုင်ပြီး လေးလေးနက်နက် ဆက်ဆော့တော့သည်။ 

“အားးးး စီကွေး ကယ်ပါဦး” 

သူ့ဘေးမှ လုယုံရိသည် အသံရှည်ကြီး ဆွဲပြီး အော်ပြောသည်။ 

“မိစ္ဆာကောင်ကြီးလာကိုက်နေပြီ အဲ့တာကြီး တိုက်ပစ်လိုက်စမ်းပါကွာ” 

ထန်ပိသည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ဗျူဟာချကာ ဖန်သားပြင်ထက်မှ စစ်သည်ကို ထိန်းချုပ်၍ လှုပ်ရှားမှုအကြီးကြီး လုပ်တော့မည့်အချိန်တွင် ဖန်သားပြင်ထက်မှ စစ်သည်သည် နောက်ကျွမ်းပစ်၍ ကိုယ့်ကိုယ်ကို ဓားနှင့် ထိုးမိပြီး သေသွားသောအခါ ထန်ပိ၏ မျက်နှာသည် တွေးကြည့်စရာမလိုအောင် မီးသွေးတုံးလို မည်းမှောင်သွားတော့သည်။ 

ထန်ပိ “................” 

လုယုံရိ “......................” 

ဂိမ်းအိုဗာဟူသော စားလုံးနှစ်လုံး ဖန်သားပြင်ထက်ပေါ်လာလေသည်။ 

လုယုံရိသည် ဂိမ်းစက်ကို လွှင့်ပစ်၍ စိတ်ပျတ်စွာပြောသည်။ 

“မဆော့တော့ဘူး မဆော့တော့ဘူး ပျော်စရာလည်း မကောင်းဘူး” 

သူတို့နောက်ဘက်တွင် ရယ်ရွှင်သည် ဆိုဖာပေါ်တွင် ထိုင်၍ ရှောင်ဖန်၏ ဆံပင်ကို ဂရုတစိုက်သုတ်ပေးကာ ခေါင်းဖီးပေးနေသည်။ ထို့နောက် ပေါ့ပါးစွာ ပြောသည်။ 

“မင်းတို့သေတာ ဘယ်နှစ်ခါရှိနေပြီလဲ” 

“၃၉၈ခါ ” 

လုယုံရိသည် အသက်မရှူတမ်းပြောလိုက်သည်။ 

“တကယ့်ကို ထူးချွန်တာပဲ” 

ရယ်ရွှင်သည် ခေါင်းညိတ်လိုက်ပြီး တစ်စက်ကလေးမှ လှောင်နေပုံမပေါက်ဘဲ အတည်ပေါက်ပြောသည်။ 

“မင်းတို့ ဒီလောက်တောင် သတ်သေဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားနိုင်ထဲက မင်းတို့ကို ဘယ်သူမှ မယှဉ်နိုင်တော့လောက်ဖူး” 

သူတို့ စကားပြောနေချိန်တွင် ဝမ်ယမ်လန်နှင့် ခွမ့်ကျိန်းတို့သည် လက်ထဲတွင် ဈေးဝယ်အိတ်အပြည့်ဖြင့် အခန်းထဲဝင်လာကြသည်။ အခန်းထဲတွင် အပြင်က လေအေးများမဝင်နိုင်သောကြောင့် နွေးထွေးနေရာ သူတို့နှစ်ယောက်သည် လက်အိတ်များနှင့် လည်စည်းများ အနွေးထည်များ အကုန်ချွတ်လိုက်ပြီး အဝတ်ချိတ်ရန် ချိတ်မှာ သွားချိတ်လိုက်သည်။ 

“မင်းသူတို့နဲ့ အဆက်အသွယ်ရလား” 

ကောကျူသည် ဖုန်းကို ချလိုက်ပြီး 

“စိုင်လောင်အာက အိမ်ပြန်သွားတယ်တဲ့ ဒါပေမဲ့ နှစ်သစ်ကူးအမှီပြန်လာမယ်တဲ့ ကျန်းလော့ကိုတော့ ဖုန်းနံပါတ်က ဆက်သွယ်မှုဧရိယာပြင်ပ ကြီးပဲ ပြောနေတယ်” 

“ကျုံးချိုးကို ခေါ်ကြည့်ပြီးပြီလား” 

“ခေါ်နေတုန်း” 

ကောကျူသည် လက်ဝှေ့ယမ်းပြပြီး 

“သူက အခုထိဖုန်းမကိုင်သေးလို့လေ” 

လုယုံရိသည် ကြမ်းပြင်ပေါ်မှ ထ၍ ကောကျူဆီသို့ လျှောက်သွားသည်။ ထန်ပိသည် သူတို့ကို တိတ်ဆိတ်စွာ ကြည့်၍ ဂိမ်းစက်ကို အောက်ချလိုက်သည်။ 

စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျိုးကျုံးချိုးတစ်ယောက် ဖုန်းကိုင်လာလေပြီ။ သို့သော် ကောကျူဘာမှမပြောရသေးခင် သူမက အရင်စပြောလာသည်။ 

“ငါအခုပဲ လျန်အိမ်တော်က ထွက်လာတာ ကျန်းလော့နဲ့ လျန်ရွှီတို့ လွန်ခဲ့တဲ့ နှင်းတွေတအားကျနေတဲ့ ရက်တွေထဲက တောင်ပေါ်တက်သွားတာတဲ့ အဲ့ဒီမှာ ဘာဆက်သွယ်ရေးလိုင်းမှမရှိဘူးတဲံ ဒီတော့ ငါသူတို့နဲ့ အဆက်သွယ်မရခဲ့ဘူး ဒါပေမဲ့ အဲ့ဒါ ပုံမှန်ပါပဲ  စိုးရိမ်စရာတော့ မရှိပါဘူး” 

“နိုးးးးးးးးးးး” 

လုယုံရိသည် စိတ်ပျက်စွာ ပြောလိုက်သည်။ 

“ငါတို့ အားလပ်ရက်ရတာတောင် မပြန်လာဘူးလားလို့ ငါသူ့ကို မတွေ့ရတာ လဝက်တောင်ရှိနေပြီကို ပြီးတော့လဲ အခုက ရယ်ရွှင့် မွေးနေ့လေ” 

ရယ်ရွှင်သည် သက်ပြင်းချလိုက်ပြီး စိတ်ပျက်မှုဖြင့် ရှောင်ဖန်ကို ဖက်ထားလိုက်ကာ 

“ဘာမှမတတ်နိုင်တော့ဘူး ” 

ကောကျူက မေးသည်။ 

“ပြောဦး ကျန်းလော့က ဘာလို့ လျန်အိမ်တော်ကို သွားရတာလဲ ကျုံးချိုး မင်းသူသွားရတဲ့ အကြောင်းအရင်းသိလား” 

ကျိုးကျုံးချိုးသည်လည်း ထိုအကြောင်းကို အံ့ဩနေသူဖြစ်ကာ 

“ငါ အရင်တစ်ခေါက် ကျန်းလော့အတွက် အထုပ်အပိုးတွေ သွားပေးတုန်းက  သူနဲ့ လျန်ရွှီကို မေးသေးတယ် ဒါပေမဲ့ နှစ်ယောက်လုံး ဘာမှမပြောကြဘူး လျန်မိသားစုတွေက ပုံမှန်ဆို အပြင်ထွက်လေ့မရှိဘူး ဒီတစ်ခေါက် သူတို့က အကြီးအကဲတွေကို ရှာဖို့ တောင်ပေါ်တက်သွားကြတာ လျန်ရွှီတောင် မဖြေရှင်းနိုင်လို့ ကျန်းလော့ကို တောင်ပေါ်ခေါ်သွားရတာ ဖြစ်မယ်” 

သူမသည် မတွေးတတ်တော့အောင် ရှုပ်ထွေးနေပြီး 

“ထားလိုက်ပါတော့ဟာ ကျန်းလော့ထွက်လာမှပဲ ပြန်စုကြတာပေါ့” 

နေ့လည်ခင်းအစောပိုင်းတွင် တစ်လနီးပါး မတွေ့ခဲ့ရသော လူတစ်စုသည်  အတူတူစုဝေးကြပြီး ပါတီလုပ်ရန် ပြင်ဆင်နေကြသည်။ ပွဲမစသေးခင် သူတို့အခန်းတံခါးကို လာခေါက်သည့် အသံကို ကြားလိုက်ရလေသည်။ 

မဖြစ်နိုင်ဘူးဆိုတာ သိနေသော်လည်း လုယုံရိသည် ပျော်ရွှင်သွားပြီး 

“ကျန်းလော့ရောက်လာတာလား မသိဘူးနော်” 

ဝမ်ယမ်လန်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး 

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” 

လုယုံရိသည် တိုးတိုးရေရွတ်လိုက်ပြီး တံခါးသွားဖွင့်လိုက်သည်။ 

“............... သူမရှိရင် အမြဲတမ်း တစ်ခုခုလိုနေသလိုပဲ” 

သို့သော် တံခါးဖွင့်လိုက်သောအခါ သူတို့ဘယ်တုန်းကမှ မမျှော်လင့်ထားသည့်သူတစ်ယောက် တံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ 

လုယုံရိသည် အေးခဲသွားသည်။ 

“အသုဘပစ္စည်းအရောင်းဆိုပိုင်ရှင်လား” 

အခန်းထဲမှ လူတိုင်းသည် ကတိုက်ကရိုက် မတ်တပ်ရပ်လိုက်ကြပြီး တံခါးဆီသို့ လျှောက်သွားကြကာ အဝတ်ထူထူကြီးဖြင့် တစ်ကိုယ်လုံးလုံနေအောင် အုပ်ထားပြီး ဖုန်များပေနေသော အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ကို ဝိုင်းကြည့်ကြသည်။ 

အားလုံးသည် အတွေးတစ်ခုထဲကို တူညီစွာ တွေးမိကြသည်။ 

‘ဘာလို့ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ကြီးက ဒီလောက်အေးနေတာကို ဒီထိရောက်လာရတာလဲ’ 


ကောကျူက ပြောသည်။ 

“ဖြစ်နိုင်တာ ငါတို့က အခုအားလပ်ရက်ဆိုတော့ သူ့ဆိုင်က ဘာမှမဝယ်တော့ စားစရာမရှိလို့များ အိမ်ထိ ပစ္စည်းတွေ လာရောင်းတာလား မသိဘူးနော်” 

ကျိယောင်ဇီသည် ချောင်းဟန့်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ 

“ဒီမှာ ဘာမှပြတ်လပ်မနေဘူးကွ မင်းတို့မှာ ပိုက်ဆံရှိလို့ ပေးချင်ရင်လည်း ပေးကွာ ငါ့နှယ့် ကျုပ်က ဒီကို သတိပေးစရာ ရှိလို့လာခဲ့တာ ” 

“သတိပေးစရာလား” 

ကျိယောင်ဇီသည် မျက်ခုံးပင့်လိုက်ပြီး လည်စည်းအနက်ရောင်ကို မျက်နှာတစ်ခုလုံးနီးပါးအုပ်ထားသည့်ကြားက သူ့တို့ကို တည်ကြည်လေးနက်စွာ ကြည့်လိုက်သည်။ 

“နှစ်ခုရှိတယ် ” 

“ပထမဆုံးက ဌာနမှူးရှုနှဲ့ အဆက်သွယ်ပြတ်သွားတာ ကြာပြီ ချီ(ချီယယ်)မိသားစုနဲ့ ချီ(ချီယုံ)မိသားစုနှစ်ခုက ပိုင်ဟွားတက္ကသိုလ်က ကျောင်းသားတွေကို ဆက်တိုက်ပစ်မှတ်ထားနေတာကို တိတ်တဆိတ် သက်သေစုပြီး ရွှမ်လင်းစစ်ဆေးရေးရုံးကို ပို့လိုက်တာ အဲ့ထဲက အဆက်အသွယ်မရတော့တာ ရွှမ်လင်းစစ်ဆေးရေးရုံးဆိုတာ တက္ကသိုလ်ကြီးဆယ့်နှစ်ခုရဲ့ ရုံးချုပ်ကို ပြောတာ” 

“လွန်ခဲ့တဲ့ ရက်တွေက ချီ(ချီယယ်)မိသားစုနဲ့ ချီ(ချီယုံ)မိသားစုက အခုဆို စွပ်စွဲခံနေရပြီးပြီး ပြီးတော့ မင်းတို့ ပစ်မှတ်ထားခံရတဲ့သူတွေက နောက်လာမဲ့ ဆယ်ရက်နေရင် ရုံးတော်မှာ သူတို့နဲ့ ရင်ဆိုင်လျှောက်လဲရမှာ တကယ်လို့ မင်းတို့ထဲက တစ်ယောက်ယောက်က ရှိမနေခဲ့ရင် ကြားနာမှုစဖို့  နှောင့်နှေးသွားမှာ နောက်အခွင့်အရေးက ဘယ်တော့မှ ရလာမလဲ မပြောနိုင်တော့ဘူး” 

အသုဘပစ္စည်းအရောင်းဆိုပိုင်ရှင်လားသည် ချောင်းဆိုးလိုက်ပြီး ဝမ်ယမ်လန်သည် ထိတ်လန့်နေရာမှ နိုးထလာကာ 

“အထဲဝင်ပါဦး” 

“မဝင်တော့ဘူး” 

ကျိယောင်ဇီသည် လက်ကို ဖြေးညှင်းစွာ မြှောက်လိုက်ပြီး 

“ဒုတိယတစ်ခုက ” 

လက်သီးဆုပ်ထားတာကို ဖြည်ပြလိုက်သည်။ အမည်းရောင်အဝတ်စနှင့် အုပ်ထားသည့် ကြက်သွေးရောင် နားဆွဲတစ်စုံသည် သူ့လက်ဖဝါးထဲတွင် တောက်ပစွာ ပေါ်ထွက်လာသည်။ 

နားဆွဲသည် သံချေးတက်နေသလို အနည်းငယ်မည်းနေပြီး ပန်းခိုင်လိုလို ဆူးချွန်လိုလို သုံးခုပူးထားသည့်ပုံစံဖြစ်ကာ သေချာကြည့်လိုက်လျှင် တစ်ခုခုကို ထူးထူးဆန်းဆန်း ခံစားမိလာသလို ဖြစ်စေသည်။ 

“သုံးရက်အတွင်း ကျန်းလော့ဆီကို ရောက်အောင်ပို့ရမယ် မဟုတ်ရင် .....” 

ကျိယောင်ဇီသည် ခေါင်းမော့လိုက်ပြီး သူတို့ကို သေချာကြည့်လိုက်ကာ 

“မင်းတို့မြင်ရင် ဘယ်တော့မှ ပျော်နိုင်မှာမဟုတ်တဲ့ အန္တာရာယ်မျိုးက ကျန်းလော့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားလိမ့်မယ်” 

#############################