အခန်း - ၁
• October 5 at 4:22 PM
"ဖြန်း"
ပြင်းထန်သောရိုက်ချက်တစ်ခုမှာ
ကျိုးထောင်ဟွာ၏မျက်နှာထက် သက်ဆင်းလာကာ သူမအားနားအူသွားစေပြီး ကိုယ်ဟန်ပျက်ကာ
မြေကြီးပေါ်လဲကျသွားစေ၏။
သူမကို
ရိုက်ဖို့ ဘယ်သူကများ ဒီလောက်သတ္တိကောင်းနေတာလဲ။
သူမပါးပြင်မှာ
နာကျင်သွားရပြီး ငါးညှီအရသာချိုမြမြမှာပါးစပ်ထဲမှလျှံထွက်လာကာ
လုံးဝအားပြတ်သွားသလို ခံစားလိုက်ရသည်။သူမမှာ ဆာလောင်လွန်း၍
ဗိုက်ထဲမှတကြုတ်ကြုတ်မြည်နေလေ၏။သူမသည် နွားတစ်ကောင်လုံးကိုပင် စားနိုင်သည်ဟု
ခံစားနေရသည်။
သူမသည်
ကိုယ့်ကိုကိုယ်ချစ်တတ်လွန်းသူတစ်ယောက်ဖြစ်၍ ဘယ်သောအခါမှ ကိုယ့်ကိုကိုယ်
နာကျင်ခံစားခွင့်မရှိစေခဲ့ရာ ဘာကြောင့်များ ဗိုက်ဆာနေရပါသနည်း။
"ဖူး"
ကျိုးထောင်ဟွာမှာ
ပါးစပ်မှနေ သွေးတစ်လုတ်အန်ထုတ်လိုက်၏။
သူမသည်
အားစိုက်၍ခေါင်းမော့ကြည့်ကာ ကျိန်ဆဲရန်လုပ်လိုက်ပေသိ သူမမော့ကြည့်လိုက်ချိန်တွင်
ရှေးခေတ်ဝတ်စုံကိုဝတ်ထားသည့် အဘွားအိုတစ်ဦးကိုတွေ့လိုက်ရပြီး
ထိုအဘွားအို၏မျက်နှာမှာ မည်းမှောင်၍ကြမ်းကြုတ်သောအရှိန်အဝါဖြင့် ပြည့်နေကာ
သူမအားရွံ့ရှာစက်ဆုပ်ဟန်ဖြင့် ငုံ့ကြည့်နေလေသည်။
သူမသရဲတစ်ကောင်ကို
တွေ့နေရပြန်တာလား။
ဒါမှမဟုတ်
ရှေးခေတ်သရဲတစ်ကောင်လား။
ဤသရဲတွင်
သန်မာသောအရှိန်အဝါတစ်ခုမှရှိပုံမရပါဘဲ သူမအားဤကဲ့သို့စစ်မှန်သည့်
ထင်ယောင်ထင်မှားပုံရိပ်ယောင်တစ်ခုအတွင်းကို မည်ကဲ့သို့ဆွဲခေါ်လာပါသနည်း။
ကျိုးထောင်ဟွာမှ
လှည့်ပတ်ကြည့်လိုက်ရာ : နံရံဟုပင်မပြောနိုင်သည့် မရေမတွက်နိုင်သော အက်ရာများဖြင့်
သေးငယ်သောရှေးခေတ်ခြံဝင်းလေးတစ်ခုကို တွေ့လိုက်ရသည်။
အိမ်သည်ပို၍ယိုယွင်းနေကာ
သက်ကယ်အမိုးသည်လဲ ကျိုးတိုးကျဲတဲဖြင့်နေရာကိုအုပ်မိုးထားလေ၏။
တံခါးမကြီးနှင့်
ပြတင်းပေါက်တို့မှာ ယိုင်နဲ့နေပြီး အိမ်တွင်းမှာ မှောင်မည်းနေကာ
ရှိနေသည့်ပရိဘောဂပစ္စည်းတို့မှာလဲ ကျိုးပဲ့၍ အပြည့်အစုံရှိမနေပေ။
ဆွေးမြေ့နေသော
သစ်သားစားပွဲတစ်လုံးမှာ စားပွဲဒေါက်များပင်မစုံတော့၍ ထောင့်တွင်စောင်း၍မှီထားရကာ
ထိုပေါ်တွင် ပဲ့ရာအချို့နှင့် အညံ့စားကြွေပန်းကန်အချို့ရှိနေသည်။
ကျိုးထောင်ဟွာမှ
ရှုပ်ထွေးနေစဉ် အဘွားအို၏ကြမ်းကြုတ်သောအသံကိုကြားလိုက်ရ၏။
"ခွေးသူတောင်းစားမလေး လီယွမ်ဝေရဲ့ကိုးယောက်မြောက်ကိုယ်လုပ်တော်ဖြစ်မယ့်
နင့်ရဲ့ကြောင်းလမ်းမှုက ဇာတ်လမ်းပြတ်သွားပြီ။နင်သေရင်တောင် နင်ကလီမိသားစုရဲ့
သရဲတစ်ကောင်ဖြစ်လိမ့်မယ်။နင့်လှည့်ကွက်တွေကို ရပ်တန်းကရပ်ပြီး အခုချက်ချင်း
မင်္ဂလာဆောင်ဝတ်စုံလဲလိုက်စမ်း"
ဘာရယ်....
လီယွမ်ဝေ.....
ကိုးယောက်မြောက် ကိုယ်လုပ်တော်....
ကျိုးထောင်ဟွာမှာ
ဒေါသဖြင့်လက်သီးတင်းတင်းဆုပ်လိုက်မိ၏။ဒီသောက်ဘွားတော်က သူမကို
ဘယ်လိုလုပ်ဒီလိုနှိမ့်ချနေတာလဲ။သရဲတစ်ကောင်ရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့တောင်
လာပြောနေတယ်ပေါ့လေ။
"ငါ့ကို
ကိုးယောက်မြောက်ကိုယ်လုပ်တော် လုပ်စေချင်တယ်ပေါ့လေ သွားစမ်းပါ"
ကျိုးထောင်ဟွာမှာ
မတ်တပ်ထရပ်လိုက်ပြီး အဘွားအိုအား ပါးနှစ်ချက်ရိုက်ချလိုက်၏။
သို့သော်
သူမတစ်ကိုယ်လုံးမှာ ပျော့ခွေနေ၍ သူမလက်မှာ အားပါသည်ဆိုရုံမျှသာထိန်းထားနိုင်သည်။
အဘွားစွင်းမှာ
ဒေါသထွက်သွားတော့၏။သူမအသက်ရှင်လာသည့် ဘဝသက်တမ်းတစ်ဝက်တွင် သူမမြေးဖြစ်သူထံမှ
မျက်နှာဖြတ်ရိုက်ခံရမည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ဖူးပေ။
"နင်ခွေးမလေး"
သူမသည်
အလွန်ဒေါသထွက်လွန်း၍ ကျိုးထောင်ဟွာကို နေရာတွင်ပင် သတ်ပစ်ချင်ခဲ့သော်ငြား
မင်္ဂလာချိန်ကျော်တော့မည်ကို သိလိုက်ရရာ သူမဒေါသကို မြိုသိပ်ထားလိုက်ရတော့သည်။
သူမသည်
အငယ်ဆုံးသားဖြစ်သူ ကျိုးစန်းရှစ်နှင့် ချွေးမဝမ့်တို့ကို အမိန့်ပေးလိုက်၏။
"သူမကို
မင်္ဂလာဝတ်စုံအမြန်ဝတ်ပေးပြီး ချက်ချင်းလီအိမ်ဆီ သွားပို့လိုက်ကြ"
အဘွားအို၏စကားအား
ကျိုးထောင်ဟွာကြားသော် မရင်းနှီးသောမှတ်ဉာဏ်လှိုင်းတစ်သုတ်မှာ
သူမခေါင်းထဲစီးဝင်လာလေ၏။ဤပုဂ္ဂိုလ်မှာ သူမအဘွားဖြစ်ကာ သူမကရော.....
ကျိုးကျားရွာက
အသက်ဆယ့်လေးနှစ်အရွယ် မိန်းမငယ်လေးတစ်ယောက်ပေါ့လေ။
အဲ့တော့
သူမကသရဲတစ်ကောင်ကို တွေ့နေရတာမဟုတ်ပဲ အချိန်ခရီးသွားလာတာပေါ့။
ကျိုးထောင်ဟွာမှာ
လုံးဝအံ့ဩထိတ်လန့်သွားရ၏။သူမမှာ ၂၁ရာစု၏
ဂုဏ်သတင်းကျော်ကြားသောရုပ်လွန်ပညာရှင်တစ်ဦးဖြစ်ကာ
ရှေ့ဖြစ်ဟောခြင်း၊သရဲဖမ်းခြင်း၊ဖုန်းရွှေ၊အဆောင်ရေးဆွဲခြင်းနှင့်
ဆေးဝါးပြုလုပ်ရာတွင် ဆရာကျလေသည်။လူချမ်းသာများစွာမှာ
ဖုန်းရွှေ၊ရှေ့ဖြစ်ဟောခြင်းနှင့် အပနှင်ခြင်းတို့အတွက် သူမအားရှာဖွေတတ်ကြ၏။
နှစ်ဆယ့်ခြောက်နှစ်မှာတင်
သူမမှာနှစ်စဉ်ဝင်ငွေ ဂဏန်းဆယ်လုံးရှာဖွေနိုင်ခဲ့သည်။
သူမကိုယ်ကို
မိန်းမလှလေးတစ်ဦးအလား အလိုလိုက်အကြိုက်ဆောင်ခဲ့သောသူမှာ
ဆင်းရဲနွမ်းပါး၍ကြမ္မာငင်နေသော ရှေးခေတ်မှရွာသူလေးတစ်ဦးဆီ
အချိန်နောက်ပြန်ကူးပြောင်းသွားခဲ့လေသည်လား။
မူလကိုယ်၏အမည်မှာ
ကျိုးထောင်ဟွာဖြစ်ပြီး ရွာသားတိုင်းမှ ကျိုးမျိုးရိုးအမည်ကိုဝေမျှမှည့်ဆိုကြသည့်
ကျိုးကျားရွာမှဖြစ်သည်။
တောင်တန်းများဝန်းရံထားသည့်
ကျိုးကျားရွာသည် မကြာမကြာမြူဆိုင်းတတ်၍စိုထိုင်းဆမြင့်လေရာ
ကောက်ရိတ်သိမ်းနှုန်းမှာ ဆိုးဝါးလှလေ၏။ရွာလေးသည် နွမ်းပါးသည်ဟူသော
နာမည်ဆိုးဖြင့်ကျော်ကြားလှပြီး လူအများစုမှာ မြို့ဆီအလုပ်သွားလုပ်ရန်
ရွှေ့ပြောင်းနေထိုင်ကြဖို့ရွေးချယ်ခဲ့ကြသည်။
ကျိုးထောင်ဟွာ၏မိသားစုတွင်
လယ်မြေပင်မရှိခဲ့သောကြောင့် သူမမိဘများမှာ ထိုနှစ်များ၌လှည့်လည်အလုပ်,လုပ်ခဲ့ကြရ၏။သူမအားဤကဲ့သို့ပင်ပန်းမှုမျိုးကို
အောင့်အီးကြိတ်မှိတ်ခံစားခွင့်ပေးရန် ဆန္ဒမရှိကြ၍ မိဘနှစ်ပါးမှာ
သူမအားအိမ်တွင်သာနေထိုင်ခွင့်ပြုခဲ့သည်။
ကျိုးထောင်ဟွာ၏ဖခင်မှာ
ကျိုးမိသားစု၏ဒုတိမြောက်သားဖြစ်၏။
ကျိုးထောင်ဟွာအားမွေးဖွားချိန်တွင်
အသက်အန္တရာယ်ကြုံခဲ့ရ၍ ချမ်ရှီမှာ နောက်ပိုင်းကလေးမရနိုင်တော့ရာ အဘွားစွင်းသည်
ချမ်ရှီအားကွာရှင်းပစ်ရန် တိုက်တွန်းလှုံ့ဆော်ခဲ့လေသည်။
ကျိုးအာ့ရှုမှာ
ဇနီးသည်အားကွာရှင်းရမည်ကို ပြတ်ပြတ်သားသားငြင်းဆိုကာ ကျိုးအိမ်တော်မှ
ဒုတိယအိမ်တော်အဖြစ်ခွဲထုတ်စေသည်ထိ အဘွားစွင်းကို ဒေါသထွက်စေခဲ့၏။
နှစ်များတစ်လျှောက်တွင်
မိသားစုမှာ နေထိုင်မှုဘဝရိုးရှင်းပေသိ ဟန်ချက်ညီညီရှေ့ဆက်ခဲ့ကြသည်။
ထင်မထားသည်မှာ
ကျိုးအားရှုနှင့် သူ၏ဇနီးတို့မျက်စိအောက်၌ ကျိုးထောင်ဟွာရှိမနေချိန်ကို
အဘွားစွင်းမှအခွင့်ကောင်းယူခဲ့၏။
အသက်ငါးဆယ်အရွယ်
လူကြီးမင်းလီမှာ ဒေသခံတစ်ဦးဖြစ်ပြီး ရုတ်ချည်းဆိုးဆိုးဝါးဝါးနေမကောင်းထဖြစ်ရာ
လူနာခုနစ်လမြောက်၏ ခုနစ်ရက်နေ့တွင်မွေးခဲ့သည့်အမျိုးသမီးတစ်ဦးကို
စေ့စပ်သတို့သမီးအဖြစ်ထားရန် ရှာဖွေခဲ့လေသည်။လူကြီးမင်းလီမှာ သတို့သမီးအတွက်
ငွေတေးနှစ်ဆယ်ပင် ပေးဆောင်ရန်ဆန္ဒရှိနေ၏။
ငွေတေးနှစ်ဆယ်တောင်မှလေ။
ဤသည်မှာ
ကျိုးမိသားစုအတွက် ကြီးမားသောပမာဏတစ်ခုဖြစ်ကာ တေးနှစ်ဆယ်ရရန်
တစ်မိသားစုလုံးတစ်နှစ်ကြာအောင် ပင်ပင်ပန်းပန်းအလုပ်,လုပ်ရပေလိမ့်မည်။
အဘွားစွင်း၏မြေးများမှာ
အရွယ်ရောက်လာကြပြီဖြစ်ကာ အစားအသောက်မလုံလောက်သည့်အပေါ် စောဒကတက်ကြလေ၏။
သူတို့သာ
ထိုတေးနှစ်ဆယ်ရခဲ့ပါက ကျိုးမိသားစုအတွက် နေထိုင်မှုဘဝမှာ
အများကြီးပိုကောင်းလာပေလိမ့်မည်။
ထို့ကြောင့်
အဘွားစွင်းသည် သူမစိတ်အားပြင်ဆင်ကာ လူကြီးမင်းလီ၏
ကိုးယောက်မြောက်ကိုယ်လုပ်တော်ဖြစ်လာရန် ကျိုးထောင်ဟွာအား နားချဖို့ထွက်လာခဲ့၏။
သို့သော်မူလကိုယ်မှာ
လိုက်လျောရန်ငြင်းဆန်သောကြောင့် အဘွားစွင်းမှာ သူမအားသုံးရက်ကြာအစားအသောက်မပေးဘဲ
အိမ်ထဲသော့ခတ်ပိတ်ထားခဲ့ရာ နောက်ဆုံးတွင်ဆာလောင်၍ သေဆုံးခဲ့ရတော့သည်။
သူမမျက်လုံးအားထပ်ဖွင့်လိုက်ချိန်တွင်တော့
ဝိညာဉ်အသစ်တစ်ခုမှာ သူမကိုယ်တွင်းမှထွက်လာခဲ့လေ၏။
ယနေ့မှာ
မင်္ဂလာပွဲနေ့ဖြစ်ပြီး အဘွားစွင်းမှာ အငယ်ဆုံးသားနှင့်ချွေးမကိုခေါ်ကာ
ပြန်လာခဲ့လေသည်။အဘွားစွင်းမှာ ကျိုးထောင်ဟွာအား ချည်တုပ်ပြီးခေါ်ရမည်ဆိုလျှင်ပင်
လီအိမ်တော်ဆီပို့ရန်ဆုံးဖြတ်ပြီးဖြစ်၏။
ကျိုးထောင်ဟွာ၏နှလုံးသားလေးမှာ
၂၁ရာစုဘဏ်အကောင့်ထဲရှိပိုက်ဆံတို့အားတွေးမိရာ နာကျင်သွားရသည်။သူမရဲ့ ဗီလာလေးနဲ့
သူမရဲ့ ဇိမ်ခံကားလေးတွေ .....
အသက်ဆယ့်ရှစ်မပြည့်သေးသော်လည်း
ကြွက်သားမြှောင်း ၁၈၅၈ခုဖြင့် အားကစားလိုက်စားသော သူမကောင်လေးကရော။အခုကျ
သူတို့ကသေတော့မယ့်အသက်ငါးဆယ်အရွယ်လူအိုကြီးကို ကံကောင်းမှုယူလာပေးဖို့
ကိုယ်လုပ်တော်လုပ်ရအောင် သူမဆီ လာပြောနေကြတယ်ပေါ့လေ။
သူမသည်သာ
အခြားလူများ၏မှော်အစွမ်းကို ချိုးဖောက်သည့်လူဖြစ်ပြီး သူမအပေါ်ကိုတော့
ယခုလိုမျိုးမည်သူမှမလုပ်နိုင်ခဲ့ကြပေ။
အဘွားစွင်းမှာ
ကျိုးအိမ်တော်၏ ဦးစီးသူဖြစ်ကာ ကျိုးစန်းရှစ်နှင့် ဝမ့်ရှီတို့သည်
သူမစကားနားထောင်ရလေ၏။ပြောရလျှင် ကျိုးထောင်ဟွာမှာ သူတို့သမီးမဟုတ်ချေ။
ထို့အပြင်
ကျိုးထောင်ဟွာသာ လီအိမ်တော်ဆီအပို့ခံလိုက်ရပါက
သူတို့သည်တေးနှစ်ဆယ်ရပေလိမ့်မည်။ထို့နောက် သူတို့သည်
တစ်နေ့သုံးကြိမ်အသားစားရလိမ့်မည်ပင်။
နှစ်ယောက်သားမှာ
တစ်ဦးနှင့်တစ်ဦးကြည့်ကာ တစ်ဦးမှာ ကျန်တစ်ဦးမျက်လုံးများထဲရှိ ဖုံးကွယ်မထားသော
စိတ်လှုပ်ရှားမှုတို့ကို တွေ့နေရလေသည်။
ကျိုးစန်းရှစ်နှင့်
ဝမ့်ရှီမှာ တစ်ဦးသည်အရပ်ရှည်၍ ကျန်တစ်ဦးမှာအရပ်ပုကာ နှစ်ဦးလုံးသည် ပိန်ပါးကြပေသိ
ကျိုးထောင်ဟွာထက်တော့ အများကြီးပိုကျန်းမာပုံပေါ်လေ၏။ထို့အပြင် ကျိုးထောင်ဟွာမှာ
သုံးရက်လုံးလုံး အစာမစားခဲ့ရပေ။
သူတို့ချဉ်းကပ်လာသော်
ကျိုးထောင်ဟွာမှာ တောင့်တင်းသွားရ၏။သူမသာ လီအိမ်တော်ဆီကိုယ်လုပ်တော်တစ်ယောက်အဖြစ်
အမှန်ပို့ခံလိုက်ရပါက ရေစုန်မျောသွားမည်ပင်။
ကံမကောင်းသည်မှာ
သူမမှာ သူတို့အားတွန်းလှန်ရန် အားနည်းလွန်းလှပေသည်။
ရုတ်ချည်းဆိုသလို
ကျိုးထောင်ဟွာမှာ သူမကိုယ်ထဲ၌ ဝိညာဉ်စွမ်းအားအနည်းငယ်ရှိနေသေးသည်ကို ခံစားလိုက်ရ၏။
ဝိညာဉ်စွမ်းအင်မှာ
နည်းပါးပေသိ မရှိသည်ထက်တော့ သာပါသေးသည်လေ။
သူမမျက်ဝန်းတို့မှာ
ကျိုးစန်းရှစ်ထံ အကြည့်ရောက်သွား၏။
သူ့ထံတွင်
မမြင်နိုင်လုနီးပါးဖြစ်နေသည့်
မကောင်းသည့်ယင်ဝိညာဉ်စွမ်းအင်များစွာရှိနေလေသည်။သူ့ကိုယ်ထဲရှိ ယန်ဓာတ်မှာ
မကောင်းဆိုးဝါးစွမ်းအင်များကြောင့် ကုန်လုခါနီးပြီဖြစ်၏။
သို့သော်ငြား
ဤအချိန်တွင်တော့ အခြားလူများမှာ မူမမှန်သည့်အရာတစ်ခုကိုမှ မြင်နိုင်မည်မဟုတ်ပေ။
ကျိုးထောင်ဟွာသည်
သူမမျက်ဝန်းများအား အတန်ငယ်ကျဉ်းမြောင်းကာ စိတ်ထဲတွင်
အစီအစဉ်တစ်ခုထွက်လာလေ၏။သူမသည် ချိတ်စည်းအား သူမညာလက်ဖြင့်တိတ်တဆိတ် ဖိညှစ်ကာ
ကျိုးစန်းရှစ်ကိုယ်ထဲသို့ ဝိညာဉ်စွမ်းအားကိုသာ ထည့်သွင်းပေးလိုက်သည်။
သို့သော်
ဝိညာဉ်စွမ်းအင်အနည်းငယ်မှာ ချက်ချင်းဆိုသလို အကျိုးရလဒ်အနည်းငယ်ထွက်လာစေ၏။
သူမမှာ
ဟိုလိုလို ဒီလိုလိုဖြင့် မေးလိုက်သည်။
"ဦးလေး
ဒီရက်ထဲ မကောင်းဆိုးဝါးဝိညာဥ်တွေက လိုက်ဖမ်းတာခံရပြီး
ဘယ်လိုမှကိုယ်လွတ်ရုန်းမပြေးနိုင်တဲ့ အိပ်မက်ဆိုးတွေမက်နေတယ်မလား"
ကျိုးထောင်ဟွာမှ
ဤစကားပြောလိုက်သည်နှင့် သူမထံခြေတစ်လှမ်း,လှမ်းလာနေသည့် ဝမ့်ရှီမှာ
အခန်းတွင်းဝယ်အအေးဓာတ်ကို ခံစားလိုက်ရပြီး ချက်ချင်းတုန်ယင်သွားရ၏။
တံခါးကို
သုံးရက်လုံးဖွင့်မထားခဲ့၍ အခန်းမှာအရမ်းအေးနေသည်ဟုသာ သူမထင်ခဲ့ခြင်းပင်။
ကျိုးစန်းရှစ်၏
သူငယ်အိမ်တို့မှာ တုန်ယင်သွားရပြီး
"မင်းက
ဘယ်လိုလုပ်သိတာလဲ"
ကျိုးစန်းရှစ်မှာ
သိချင်စိတ်ပြင်းပြနေတော့၏။သူသည် လတ်တလောအိပ်မက်ဆိုးများအကြောင်းကို မည်သူ့ထံကိုမှ
ပြောမပြရသေးပေ။
ဒီကောင်မစုတ်လေးက
ဘယ်လိုလုပ်အများကြီးသိနေရတာလဲ။
ကျိုးထောင်ဟွာမှာ
စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်၏။ဒါပေါ့ သူမသိတယ်လေ။
"ဦးလေး
မနေ့ညကမက်တဲ့ အိပ်မက်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်က ဦးလေးကို
လည်ပင်းညှစ်တာခံလိုက်ရပြီး သေလုမတတ်ဖြစ်သွားတယ်မလား"
ကျိုးထောင်ဟွာမှ
မေးလိုက်ပြန်၏။
ကျိုးစန်းရှစ်၏မျက်နှာမှာ
ပြင်းပြင်းထန်ထန်ပြောင်းလဲသွားတော့သည်။သူမပြောသည်မှာ မှန်၏။
ကျိုးစန်းရှစ်မှာ
ကျိုးထောင်ဟွာထံ မျက်လုံးပြူးကြည့်ရင်း မေးလိုက်သည်။
"မကောင်းဆိုးဝါးက
ငါ့အိပ်မက်ထဲ ဘာလို့ညတိုင်းပေါ်လာရတာလဲ"
"ဘာလို့လဲဆို
ကိစ္စတစ်ခုဖြစ်ခဲ့ပြီး ဦးလေးနဲ့သူ့ကြား သက်ရောက်မှုတစ်ခုဖြစ်စေခဲ့တယ်။ဒါကြောင့်ပဲ
သူကဦးလေးဆီကပ်တွယ်ပြီး ဦးလေးအသက်ကိုယူဖို့လုပ်နေတာလေ"
အခြားလူများ၏
မျက်လုံးထဲတွင်တော့ ကျိုးစန်းရှစ်သည် ပုံမှန်လူတစ်ဦးနှင့် ခြားနားပုံမပေါ်သော်ငြား
ကျိုးထောင်ဟွာ၏မျက်လုံးများထဲတွင်တော့ ကျိုးစန်းရှစ်မှာ သေခါနီးနေပြီပင်။
သူ့မျက်နှာမှာ
စာရွက်အလား သွေးမရှိသလိုဖြူဖျော့နေပြီး မျက်စိတို့မှာလဲ ချိုင့်ဝင်ကာ
နှုတ်ခမ်းတို့သည် ကွဲအက်၍အဖက်များလန်နေ၏။ဤသည်တို့မှာ မကောင်းဆိုးဝါးဝိညာဉ်မှ
သူ၏ယန်ဓာတ်ကို သုညနားထိရောက်အောင် စုပ်ယူထား၍ပင်။
ကျိုးစန်းရှစ်၏
မျက်နှာမှာ အလွန်အကျည်းတန်သွားတော့၏။
အဘွားစွင်းမှာ
ဆူငေါက်လာသည်။
"ခွေးမလေး
နင်ဘယ်လိုအဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ။ငါ့သားအငယ်ဆုံးလေးက
အကြင်နာတတ်ဆုံးကလေးပဲ။သူကကြက်ကလေးတစ်ကောင်ကိုတောင် မသတ်ရဲတာကို
လူတစ်ယောက်ကိုထိခိုက်စေဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဟဲ့"