Ch-19
သူမ,မသိဟုမထင်ပါနှင့်။ခုန၌ဝံပုလွေများအားဆွဲဆောင်ခဲ့သည့်
ဝံပုလွေအူသံများမှာ သူတို့ဆီမှထွက်လာခြင်းပင်။ဤကောင်လေးများမှာ
ပြဿနာရှာရသည်ကိုဝါသနာပါပြီးအနှောက်အယှက်ပေးတတ်သည့် ကောင်လေးများဖြစ်သည်။
ထွက်ပြေးချင်တယ်ပေါ့လေ
ဟုတ်လား။အိပ်မက်တောင်မက်မနေနဲ့။
ရှန်းမင်မှာကျိုးထောင်ဟွားထံဇဝေဇဝါဖြင့်ကြည့်ကာ
"ညီမထောင်ဟွား
ဘယ်သူနဲ့စကားပြောနေတာလဲ၊ဒီမှာမကောင်းဆိုးဝါးတွေ ရှိနေလို့လား"
ကျိုးထောင်ဟွားမှာ
အဖြူရောင်အမွေးလုံးလေးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး
"မကောင်းဆိုးဝါးတော့မဟုတ်ပါဘူး၊ဒါပေမယ့်ပြဿနာရှာရတာကြိုက်တဲ့
နတ်ဆိုးပေါက်တွေပါ၊သူတို့ကအတုခိုးတဲ့နေရာမှာ
ဆရာကျတယ်လေ၊ဝံပုလွေအူသံကိုအတုခိုးပြီးတော့
လူတွေကိုနောက်ရတာသဘောကျနေကြတာ၊ခုနကဝံပုလွေတွေကလဲ
သူတို့ခေါ်လို့ရောက်လာကြတာလေ"
ကျိုးထောင်ဟွားမှာစကားပြောရင်း
ထိုအမွေးလုံးလေးကို ရှန်းမင်မျက်နှာရှေ့တွင် ဝှေ့ယမ်းပြလိုက်သော်လည်း
ရှန်းမင်မှာတော့ ဘာကိုမှမမြင်ရပေ။
ကျိုးထောင်ဟွားလက်ထဲရှိ
ထိုကောင်လေးမှာမူ ရှန်းမင်နှင့်ဤမျှနီးကပ်နေသည်ကိုမြင်သောအခါ ကြောက်လွန်းသဖြင့်
သတိလစ်လုနီးပါးပင်ဖြစ်သွားတော့သည်။
နောက်တစ်ခဏတွင်
ကျိုးထောင်ဟွားသည်ထိုအနှောက်အယှက်ပေးတတ်သော ကောင်လေးများကို
လက်ဖြင့်တစ်ကောင်ချင်းစီအသာပုတ်ပေးကာ ပြောလိုက်၏။
"နောက်တစ်ခါလူတွေကို
ခြောက်လှန့်ဖို့ တောင်ပေါ်ကနေ ဝံပုလွေတွေကိုထပ်ခေါ်နေဦးမယ်ဆိုရင်
ငါနင်တို့ကိုသတ်ပစ်မယ်၊နင်တို့ကိုယ်ထဲမှာ
ငါ့အငွေ့အသက်တွေထည့်ထားပြီးပြီ၊နင်တို့ကမ္ဘာပတ်ပြီးပြေးရင်တောင်
လိုက်ရှာလို့ရတယ်နော်"
"!!!"
ချက်ချင်းပင်
ထိုအကောင်လေးများ၏စိတ်ထဲတွင် ကြောက်ရွံ့မှုများမှာ
ဒီရေအလားတိုးဝင်လာတော့သည်။ဒီမိန်းကလေးက
တစ်ကယ်ကြောက်ဖို့ကောင်းတာပဲ။ဟိုမုဆိုးထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်။
သူတို့အားလုံးမှာခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်ကြသည်။
ကျိုးထောင်ဟွားမှ
ပိတ်ကာထားသည့်စက်ကွင်းကိုဖယ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက်
၎င်းတို့မှာအဖြူရောင်ဘောလုံးလေးများပြေးသွားသကဲ့သို့ အမြန်ဆုံးထွက်ပြေးသွားကြပြီး
မြေကြီးထဲ၊မြက်ခင်းထဲနှင့်သစ်ပင်ပင်စည်များ နောက်တွင် ပျောက်ကွယ်သွားကြတော့၏။
ရှန်းမင်မှာ
ကျိုးထောင်ဟွားနောက်မှလိုက်လာပြီးမေးလိုက်သည်။
"အရင်တုန်းကလဲ
အဲ့အကောင်လေးတွေကဝံပုလွေအူသံကိုအတုခိုးပြီး လူတွေကို ခြောက်လှန့်ဖို့
ဝံပုလွေတွေခေါ်လာကြတာလား"
ပြန်စဉ်းစားကြည့်လျှင်
ဝံပုလွေများမှလူကိုကိုက်သွားတတ်သည်ဆိုသည့်သတင်းမျိုး
သူတစ်ခါမှမကြားဖူးပေ။တောင်ခြေသို့ရောက်သည်နှင့်
ဝံပုလွေအုပ်ကြီးပေါ်လာတတ်သည်ကိုသာမြင်လိုက်ရခြင်းဖြစ်သည်။
ကျိုးထောင်ဟွား
ခေါင်းငြိမ့်ပြကာ
"ဒီအကောင်လေးတွေက
တောင်စောင့်သတ္တဝါလေးတွေလေ၊သူတို့ကတောင်တန်းနဲ့ တစ်သားတည်းဖြစ်နေကြတာ၊ဒါကြောင့်ပဲ
တောင်ခြေရဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ် လူရှိတာကိုသူတို့အာရုံခံမိတာနဲ့
ချက်ချင်းပေါ်လာပြီးတော့ ဝံပုလွေအူသံကိုအတုခိုးပြီး
လူတွေကိုခြောက်လှန့်ရင်းပျော်နေကြတာ"
ရှန်းမင်အံ့အားသင့်သွားဟန်ဖြင့်မေးလိုက်သည်။
"ဒါဆို
ကိုယ်ကျတော့ဘာလို့တစ်ခါမှမကြုံခဲ့ရတာလဲ"
ကျိုးထောင်ဟွားမှာ
ရှန်းမင်ကိုယ်ပေါ်မှထွက်ပေါ်နေသော ပြင်းထန်လှသည့် အရှိန်အဝါကို
တစ်ချက်ကြည့်လိုက်ပြီး
"အစ်ကို့ရဲ့အရှိန်အဝါက
အစ်ကို့ကိုကာကွယ်ပေးထားတယ်ဆိုတာကို အစ်ကိုမသိဘူးမလား၊ခုနကအကောင်လေးဆိုရင်
အစ်ကို့ကိုမြင်တာနဲ့ သတိလစ်တော့မယ့်အတိုင်းပဲ"
ရှန်းမင်သည်
သူ့ကိုယ်ပေါ်ရှိအရှိန်အဝါ၌ အကျိုးကျေးဇူးရှိနေသည်ကို
ပထမဆုံးအကြိမ်သိလိုက်ရခြင်းဖြစ်သည်။ဤအရှိန်အဝါကြောင့်သာ
သူသည်တောင်ပေါ်သို့တက်၍အမဲလိုက်ပြီးအသက်ဆက်နိုင်ခဲ့ခြင်းမဟုတ်ပါလား။ပထမဆုံးအကြိမ်အဖြစ်
ရှန်းမင်သည်မိမိကိုယ်ပေါ်ရှိအရှိန်အဝါကို ထိုမျှလောက်မမုန်းတီးတော့ပေ။
"အစ်ကိုရှန်းမင်
ခုနကပစ်ခဲ့တဲ့ဝံပုလွေကို မရောင်းပါနဲ့ဦး၊ဝံပုလွေသားမွှေးက
ရှားပါးတယ်၊ဆောင်းတွင်းအတွက် အင်္ကျီချုပ်ရင်
အရမ်းနွေးမှာ၊အစ်ကိုကတောင်ပေါ်မှာအမဲလိုက်ရတာဆိုတော့
တောင်ပေါ်ကစိုထိုင်းပြီးအေးတယ်လေ၊အဲ့တော့ဝံပုလွေသားမွှေးအင်္ကျီကိုပိုဝတ်သင့်တယ်"
ကျိုးထောင်ဟွား
အကြံပေးလိုက်သည်။
ယခုနှစ်ဆောင်းတွင်း၏ပြင်းထန်သော
နှင်းဒဏ်တွင် ဝံပုလွေသားမွှေးအင်္ကျီမှာသေချာပေါက်အလွန်နွေးထွေးစေလိမ့်မည်။
"ကျေးဇူးပဲ"
ရှန်းမင်သည်
သူမအကြံပေးချက်ကို မသိစိတ်မှနေလိုက်နာမိကာ ဝံပုလွေအားပခုံးပေါ်ထမ်း၍
အိမ်သို့ပြန်သယ်သွားတော့သည်။
ဝံပုလွေများနှင့်အနှောက်အယှက်ပေးတတ်သည့်သတ္တဝါလေးများမရှိတော့သဖြင့်
ကျိုးထောင်ဟွားသည်အိမ်သို့အမြန်ပြန်ကာ သူမဂေါ်ပြားလေးနှင့် ခြင်းတောင်းအားယူ၍
ပျော်ပျော်ရွှင်ရွှင်ဖြင့်ပြန်ရောက်လာခဲ့၏။
သုံးလှမ်းလျှောက်ပြီးတိုင်းဆေးပင်တစ်ပင်တွေ့နေရသဖြင့်
မကြာမီမှာပင် ခြင်းတောင်းတစ်ဝက်ခန့်ပြည့်သွားတော့သည်။သူမသည်
မနက်ဖြန်မြို့ထဲသို့သွားကာ ဆေးဆိုင်များမှဝယ်မဝယ်သွားကြည့်ရန် စီစဉ်ထား၏။
အကယ်၍ဝယ်ကြမည်ဆိုလျှင်တော့
ဤသည်မှာချမ်းသာမည့်လမ်းစပင်။သူမရောရွာသားများပါ
ဆေးပင်များရောင်းပြီးပိုက်ဆံရှာနိုင်ကြလိမ့်မည်။ဆောင်းတွင်းမရောက်ခင်
အိမ်အသစ်ဆောက်ရန်ငွေစုနိုင်ကြပြီး
ဆောင်းတွင်းကိုဘေးကင်းကင်းဖြင့်ကျော်ဖြတ်နိုင်ကြလိမ့်မည်။တောင်ခြေရှိထင်းများကိုလည်း
ခုတ်ယူနိုင်ပြီဖြစ်၍ ဆောင်းတွင်း၌အေးခဲနေမည်ကို ကြောက်စရာမလိုတော့ပေ။
တိုက်တိုက်ဆိုင်ဆိုင်ပင်
ဆောင်းလလယ်ပွဲတော်သည်လည်း သန်ဘက်ခါတွင်ကျရောက်မည်ဖြစ်ပြီး ကျိုးအာ့ရှုလည်းလည်း
ပြန်လာတော့မည်ဖြစ်ရာ ကျိုးထောင်ဟွားသည်ဟင်းသီးဟင်းရွက်အချို့ကြိုတင်ဝယ်ယူရန်
စီစဉ်ထားသည်။
မိသားစုဝင်များမှာ
ဆောင်းလလယ်ပွဲတော်တွင် ကောင်းကောင်းမွန်မွန်စားသောက်ကြရင်းဖြတ်သန်းသင့်ပေ၏။
ကျိုးထောင်ဟွားအိမ်ပြန်ရောက်သော်
ချမ်ရှီသည် ဆေးပင်များအပြည့်ပါလာသည့်ခြင်းတောင်းကို မြင်လိုက်ရသည်။၎င်းတို့သည်
စားသုံး၍ရသောဟင်းသီးဟင်းရွက်ရိုင်းများပင်မဟုတ်ချေ။
ချမ်ရှီမှာတွန့်ဆုတ်နေဟန်ဖြင့်
မေးလိုက်သည်။
"ထောင်ဟွား......အမေတို့မှာကြက်တွေ
ဘဲတွေ မွေးထားတာလဲမဟုတ်ဘဲနဲ့ ဒီမြက်တွေကိုဘာလို့တူးလာရတာလဲ"
"အမေ......ဒါတွေကသာမန်မြက်တွေ
မဟုတ်ဘူး ဆေးဖက်ဝင်အပင်တွေ၊မနက်ဖြန်မြို့ထဲက
ဆေးဆိုင်မှာသွားရောင်းလို့ရမလားဆိုတာကြည့်မလို့"
"ဆေးဖက်ဝင်အပင်တွေဟုတ်လား"
ချမ်ရှီမှာအံ့အားသင့်သွားရသည်။
သူမအနေဖြင့်ဆေးပင်များကို
မခွဲခြားတတ်သော်လည်း ထောင်ဟွားကိုတော့ အကြွင်းမဲ့ယုံကြည်လေသည်။
နောက်တစ်နေ့တွင်
ကျိုးထောင်ဟွားသည်*ရာသီသွေးအစေခံ*ထိုးပေးထားသည့်
လက်ကိုင်ပုဝါများ၊ချမ်ရှီထိုးထားသည့် လက်ကိုင်ပုဝါများနှင့်ဆေးပင်များကို
ခြင်းတောင်းထဲသို့သေသေချာချာထည့်လိုက်၏။သားအမိနှစ်ယောက် မနက်စာစားပြီးနောက်
မြို့ထဲသို့ထွက်လာခဲ့ကြသည်။
မြို့ထဲတွင်......
ကျိုးထောင်ဟွားနှင့်
ချမ်ရှီတို့သည် ဆေးဆိုင်သို့အရင်ဆုံးသွားလိုက်ကြသည်။ဆေးဆိုင်ကောင်တာတွင်
ကျိုးထောင်ဟွားကဲ့သို့ပင် ဆေးပင်လာရောင်းသူအချို့လည်းရှိနေ၏။ချမ်ရှီအတွက်မူ
ဆေးပင်လာရောင်းရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။
ကျိုးထောင်ဟွားအလှည့်ရောက်သောအခါ
ဆိုင်ရှင်သည်သူမယူလာသည့် ဆေးပင်များကိုစစ်ဆေးကြည့်၏။အားလုံးမှာအတွေ့များသည့်
ဆေးပင်များသာဖြစ်သော်လည်း အရေအတွက်မှာ အတော်ပင်များပြားလှသည်။
ဆိုင်ရှင်သည်
ဆေးပင်များကိုစစ်ဆေးရင်း ပေသီးခေါက်ကာပြောလိုက်၏။
"စုစုပေါင်း
ပြား၁၆၀ဖိုးပါ"
"???"
ချမ်ရှီမှာအံ့ဩလွန်းသဖြင့်
ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ဤခြင်းတောင်းဝက်ခန့်မှာ ဤမျှတန်ဖိုးရှိသည်လား။
ဤပမာဏသည်
မြို့ထဲ၌ရှစ်ရက်ကြာ သူမအလုပ်လုပ်မှရမည့် လုပ်အားခထက်ပင် ပိုများနေသည်လေ။
ကျိုးထောင်ဟွားလက်ဖဝါးထဲသို့
ပြား၁၆၀ကျလာသည်ကိုမြင်မှသာ ချမ်ရှီတစ်ယောက် သတိပြန်ဝင်လာတော့သည်။
ကျိုးထောင်ဟွားလည်းအလွန်ဝမ်းသာသွားရ၏။သူမထင်ထားသည့်အတိုင်းပင်
တောင်ခြေရှိဆေးပင်များကို ပိုက်ဆံနှင့် လဲလှယ်နိုင်ပြီး
မြို့ထဲမှဆေးဆိုင်များတွင်လည်း အလွယ်တကူရောင်းဝယ်နိုင်သည်။
ကျိုးကျားရွာသည်
တောင်တန်းများဖြင့်ဝန်းရံနေပြီး ထိုတောင်ခြေသို့မည်သူမှခြေမချရဲခဲ့ကြပေ။အကယ်၍သာ
၎င်းတို့ကို စနစ်တကျခူးဆွတ်ကြမည်ဆိုလျှင်
ချမ်းသာကြမည်မှာအသေအချာပင်။တောင်ကိုအမှီပြုပြီး
ကျိုးကျားရွာသားများ၏ကောင်းစားမည့်နေ့ရက်များ ရောက်လာပေတော့မည်။
မနက်ဖြန်ကျလျှင်
ရွာသူကြီး၊အဘိုးရှန်းဖျင်တို့နှင့်အတူတိုင်ပင်ရန် သူမစီစဉ်လိုက်သည်။ရွာသူကြီးမှာ
ဆေးပင်ခူးရန် လူစုပေးရမည်ဖြစ်ပြီး အဘိုးရှန်းဖျင်မှာတော့
လူများအားဆေးပင်ခွဲခြားတတ်အောင် သင်ပေးရမည်ဖြစ်၏။
ဆေးဆိုင်မှထွက်လာပြီးနောက်
ကျိုးထောင်ဟွားနှင့်ချမ်ရှီတို့သည်
ပုံမှန်ရောင်းနေကျနေရာတွင်ဆိုင်ခင်းလိုက်ကြသည်။အရင်အတိုင်း
အော်ဟစ်ရောင်းချလိုက်သော်လည်း ဤတစ်ခေါက်ရှိလက်ကိုင်ပုဝါများမှာ
မနေ့ကထက်အများကြီးပိုလှနေတော့၏။
မူလ၌ကျိုးထောင်ဟွားမှာ
ဤလက်ရာမြောက်လှသော လက်ကိုင်ပုဝါများကို
တစ်ထည်လျှင်၄ပြားနှင့်ရောင်းရန်စိတ်ကူးထားသော်လည်း ယခုတော့၄ပြားဆိုသည်မှာ
ဤလက်ရာနှင့်မထိုက်တန်ဟု သူမခံစားလိုက်ရသည်။
ဤမျှလက်ရာမြောက်သည့်လက်ကိုင်ပုဝါဆိုလျှင်၁၀ပြားတန်ရမည်ပင်။
ဈေးနှုန်းမှာအနည်းငယ်မြင့်နေသော်လည်း
ဖြတ်သွားဖြတ်လာတိုင်းသည် လက်ကိုင်ပုဝါထက်ရှိပန်းထိုးလက်ရာများအားမြင်သည်နှင့်
ဝယ်ယူရန် ဝန်လေးမနေကြပေ။အချို့ဆိုလျှင် တစ်ခါတည်း ၃/၄ထည်ထိဝယ်သွားကြသည်။
"အများကြီးဝယ်ရင်
ဈေးလျှော့ပေးလို့ရမလား"
"အလှလေးရှင့်......ကျွန်မတို့လက်ကိုင်ပုဝါတွေက
လုံးဝမဈေးကြီးပါဘူးနော်၊ဒီပေါ်က တည်သီးပုံတွေကိုကြည့်ပါဦး၊ပန်းထိုးလက်ရာက
အရမ်းကောင်းတာလေ၊ဒီလောက်ကောင်းတဲ့လက်ရာကို
ဒီဈေးနဲ့ဘယ်မှာရနိုင်ဦးမှာလဲ၊ဒီလိုလက်ရာမျိုးက ကျွန်မဆီမှာပဲရှိတာပါ၊အခုမဝယ်ထားရင်
နောင်တရလိမ့်မယ်နော်"
ကျိုးထောင်ဟွားစကားပြောနေစဉ်မှာပင်
ထိုအမျိုးသမီးလက်ထဲရှိလက်ကိုင်ပုဝါအား အခြားသူတစ်ယောက်မှလုယူမတတ်ဖြစ်နေသဖြင့်
သူမသည်ရွေးထားသည့်လက်ကိုင်ပုဝါများကို အမြန်ဆုပ်ကိုင်ကာပြား၃၀ပေးချေလိုက်တော့သည်။
*ရာသီသွေးအစေခံ*ထိုးထားသည့်
လက်ရာမြောက်လက်ကိုင်ပုဝါ၇၂ထည်နှင့်ချမ်ရှီထိုးထားသည့်၅ထည်ကို
စုစုပေါင်း၇၃၀ပြားဖြင့်ရောင်းလိုက်ရ၏။
ကျိုးထောင်ဟွားသည်
စိတ်ထဲမှနေတွက်ချက်ကြည့်လိုက်ပြီး ချမ်ရှီ၏နား,နားကပ်ကာ
စိတ်လှုပ်ရှားစွာပင်တိုးတိုးလေးပြောလိုက်သည်။
"အမေ......သမီးတို့ငွေ၅တေးပြည့်သွားပြီ၊အပိုအနေနဲ့၁၆၂ပြားတောင်ကျန်သေးတယ်"
"တကယ်လား"
ချမ်ရှီမှာဤမျှအချိန်မြန်မြန်နှင့်ငွေ၅တေးစုမိသွားသဖြင့်
အံ့အားသင့်နေမိတော့သည်။၎င်းထဲမှ၄တေးမှာ ကျိုးအိမ်ဟောင်းမှရထားခြင်းပင်။
"အမေ.......မနက်ဖြန်ဆောင်းလလယ်ပွဲဆိုတော့
အဖေလဲပြန်လာတော့မှာလေ၊အသားတွေငါးတွေနဲ့ ကောင်းကောင်းမွန်မွန်
စားဖို့သွားဝယ်သွားကြစို့"
ကျိုးထောင်ဟွားအကြံပေးလိုက်သည်။
ယနေ့သူမယူလာသည့်အဆောင်၁၂ခုလုံး
မရောင်းရသေးသော်လည်း ငွေ၅တေးပြည့်သွားပြီဖြစ်ရာ
ဤနေရာတွင်အချိန်ထပ်မဖြုန်းလိုတော့ပေ။
ချမ်ရှီလည်း
ချက်ချင်းပင်သဘောတူလိုက်သည်။မိသားစုအခြေအနေမှာ နောက်ဆုံးတွင်တော့
အနည်းငယ်ပြေလည်လာပြီဖြစ်သည်။အကြွေးများဆပ်နိုင်ရုံတင်မကဘဲ
ငွေ၅တေးတောင်စုမိနေပြီလေ။ထို့ပြင်ထောင်ဟွားစားချင်သည်ဆိုလျှင်
သူမလည်းအကုန်ဝယ်ပေးမည်ဖြစ်၏။
သားအမိနှစ်ယောက်ဆိုင်အမြန်သိမ်းကာ
မြေကြီးပေါ်မှအဝတ်ဟောင်းကိုခေါက်လိုက်ကြသည်။
သူတို့ထွက်ခွာရန်ပြင်လိုက်စဉ်မှာပင်
အမျိုးသားတစ်ဦးသည် သူတို့ဆိုင်သို့ အပြေးအလွှားရောက်လာပြီး
"မိန်းကလေး......ကျွန်တော့်ကိုကယ်ပါဦး"
ကျိုးထောင်ဟွားသေချာကြည့်လိုက်ရာ
သူသည်မနေ့က သူမဆီမှနေအဆောင်ဝယ်သွားသည့် ဦးလေးကြီးဖြစ်နေသည်ကို မှတ်မိသွားတော့သည်။