Ch 11&12
Viewers 978

Ch 11.1


(ရှောင်လန်ဟွားနဲ့ လက်သမားလေး၏ အတိတ်)


ယဲ့ကွမ်ရှန်က စပါးကျီရှိလူတိုင်းကြားနိုင်လောက်အောင် သူ့အသံကို မြင့်တင်လိုက်သည်။


"1940 ခုနှစ်မှာ ရှောင်လန်ဟွားနဲ့ ဆုန်းဖုန်းကျွန်းက လက်သမားလေးတို့ ချစ်ကြိုက်ခဲ့ကြပြီး အတူတကွ ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ကြတာ။"


ရှောင်လန်ဟွားရဲ့ နာမည်ကိုကြားတော့ အဘိုးကြီးယဲ့က နောက်ပြန်ဆုတ်သွားပြီး သူ့အမူအရာမှာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေသည်။


"အစကတော့ ပြီးပြည့်စုံတဲ့ အိမ်ထောင်တစ်ခုပဲ! ဒါပေမယ့် ကံမကောင်းစွာနဲ့ အိမ်ပိုင်ရှင်စုန့်က ရှောင်လန်ဟွားကို မျက်စိကြပြီး သူမကို သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် ယူချင်ခဲ့တာ။"


"ရှောင်လန်ဟွားနဲ့ လက်သမားက သဟဇာတမဖြစ်ဘူးလို့ ပြောပြီး သူတို့ရဲ့အိမ်ထောင်ရေးက တစ်ရွာလုံးကို အန္တရာယ်ဖြစ်စေလိမ့်မယ်..."


"ရှောင်လန်ဟွားနဲ့ လက်သမားက ညဘက်မှာ ထွက်ပြေးသွားခဲ့တယ်! သူတို့က လိုက်ဖမ်းခဲ့တာ။"


"သူတို့ကို ဖမ်းအိပြီး ရှောင်လန်ဟွားနဲ့ လက်သမားကို မြစ်ထဲ နစ်သတ်လိုက်ကြတာ။"


"အဲဒီတုန်းက ကျွန်တော်က ဆယ်နှစ်သားပဲ ရှိသေးတယ်။ ညဘက် အိမ်လွမ်းတော့ လျောင်မိသားစုအလုပ်ရုံက ခိုးထွက်လာပြီး မြစ်ဘက် လမ်းလျှောက်လာခဲ့တယ်။" ယဲ့ကွမ်ရှန်က အဘိုးကြီးယဲ့ကို လက်ညှိုးထိုးပြီး "သူတို့ ရှောင်လန်ဟွားနဲ့ လက်သမားကို ရေနစ်သတ်တာကို ကျွန်တော် မြင်ခဲ့တယ်။" 


အဘိုးကြီးယဲ့၏စိတ်က လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က အဖြစ်အပျက်ကို ရုတ်တရက် ပြန်မြင်ယောင်လာပြီး "မဟုတ်ဘူး၊ ငါ မဟုတ်ဘူး၊ ငါ မဟုတ်ဘူး။"


"ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ။ ကြိုးကို ခဗျားချည်ခဲ့တာ၊ ကျောက်ခဲတွေကို လှောင်အိမ်ထဲထည့်တာလည်း ခဗျားပဲ၊ လှောင်အိမ်ထဲကို မြစ်ထဲ တွန်းချတာလဲ ခဗျားပဲ..."


ယဲ့ကွမ်ရှန်က ရှောင်လန်ဟွားရဲ့မိသားစုကို လှည့်ကြည့်လိုက်ပြီး "အန်တီ တောင်းပန်ပါ! ဒီအဖြစ်အပျက်ကို တစ်ချိန်လုံး စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း သိမ်းဆည်းထားခဲ့တယ်။ အန်တီကို မပြောရဲခဲ့ဘူး..."


အရင်ဘဝတုန်းက အဘိုးကြီးယဲ့က ရှောင်လန်ဟွားနဲ့ လက်သမားတို့ရဲ့သွေးတွေနဲ့ စွန်းထင်းနေခဲ့တာကို ဘယ်သူမှ မသိခဲ့ကြဘူး။


အဘိုးကြီးယဲ့က ယဲ့လီ ထွက်မပြေးဖို့ ခြိမ်းခြောက်တဲ့အခါ ဒီအဖြစ်အပျက်ကို ထုတ်ပြောခဲ့တာ။


ယဲ့ကွမ်ရှန် မနေ့က ကျန်းတုံးကျုံးနဲ့ ဆွေးနွေးခဲ့ပြီး တုဟုန်ရီက လူလာကယ်တင်မဇ ပြောဖို့ စောင့်နေခဲ့တာ။


သမီးဖြစ်သူ သေဆုံးသွားတဲ့ကြောင်းကြားတော့ အိမ်နီးချင်းအမျိုးသမီးက တုန်လှုပ်ကာ ဒေါသထွက်သွားပြီး "မကောင်းဆိုးဝါး မကောင်းဆိုးဝါး!"


အဘိုးကြီးယဲ့က လူသတ်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း လုံးဝမသိတဲ့ တုဟုန်ရိက ထိတ်လန့်သွားသည်။ "သူပြောတာ? အမှန်တွေလား?"


အဘိုးကြီးယဲ့က ခေါင်းခါပြီး "မဟုတ်ဘူး၊ သူ လိမ်နေတာ! ငါ မလုပ်ဖူးဘူး။"


သူ့ကိုယ်သူ အရူးအမူး ကာကွယ်နေသော်လည်း သူ့မျက်နှာပေါ်ရှိ ထိတ်လန့်နေမှုက သူ့ကို သစ္စာဖောက်နေသည်။


အဘိုးကြီးယဲ့၏အမူအရာကို မြင်လိုက်ရတော့ တုဟုန်ရီ၏နှလုံး တစ်ချက်ခုန်သွားသည်။


ယဲ့ကွမ်ရှန်က သူ့လက်သီးတွေကို တင်းတင်းဆုပ်လိုက်ပြီး "လူသတ်ရင် သေချာပေါက် အသက်နဲ့ ပြန်ပေးဆပ်ရမှာ!"


"ကျွန်မတို့ တရားမျှတမှုကို တောင်းဆိုတယ်။" လျောင်ချူရှင်းနဲ့ ယဲ့လီတို့က နောက်ကနေ အော်လာသည်။ "ရှောင်လန်ဟွားနဲ့ လက်သမားတို့အတွက် တရားမျှတမှုကို တောင်းဆိုပါတယ်။"


"ရှောင်လန်ဟွားရဲ့ မိသားစု၊ မင်းတို့ရဲ့ရန်သူကို မြင်ပြီလား?" ယဲ့ကွမ်ရှန်က အဘိုးကြီးယဲ့ကို လက်ညှိုးထိုးပြီး "သူက ဒီမှာလေ။"


"သနားစရာ ငါ့ရဲ့သမီးလေး...." ဘေးအိမ်က အမျိုးသမီးက ပြေးလာပြီး အဘိုးကြီးယဲ့ကို ရိုက်သည်။


အဘိုးကြီးယဲ့က သူ့ကိုယ်သူ ခုခံကာကွယ်ရင်း "ငါ မလုပ်ခဲ့ဘူး... ငါမလုပ်ခဲ့ဘူး... ငါနဲ့ ဘာမှမဆိုင်ဘူး။"


"အိမ်ပိုင်ရှင်စုန့်ကို ဒီခေါ်လာခဲ့!" ကျန်းတုံးကျုံးက အော်လိုက်သည်။


အိမ်ပိုင်ရှင်စုန့်ကို ခေါ်လာပြီးနောက် ကျန်းတုံးကျုံးက လိမ္မာပါးနပ်စွာ မေးသည်။ "ရှောင်လန်ဟွားကို သတ်ခဲ့တယ်လို့ တစ်ယောင်ယောက်က မင်းကို သတင်းပို့ခဲ့တယ်။"


စကားပြောနေစဉ် ကျန်းတုံးကျုံးက အဘိုးကြီးယဲ့ဦးတည်ရာကို ရည်ရွယ်ချက်ရှိရှိရော မရှိတာနဲ့ရော တစ်ချက်ကြည့်လိုက်သည်။


အိမ်ပိုင်ရှင်စုန့်က ထိုနှစ်တွင် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို အဘိုးကြီးယဲ့ ထုတ်ဖော်ခဲ့သည်ဟု အလိုလိုထင်မှတ်ပြီး သူ့ကိုယ်သူ အမြန်ကာကွယ်သည်။


"အဲ့ဒါ သူပဲ! အစကတော့ ရှောင်လန်ဟွားက လွတ်မြောက်သွားမှန်း ကျွန်တော် မသိလိုက်ဘူး။ ရှောင်လန်ဟွား လွတ်သွားပြီလို့ ငါ့ကို ပြောခဲ့တာ သူပဲ။ အဲ့ဒါကြောင့် ငါ လိုက်ဖမ်းခဲ့တာ။"


အဘိုးကြီးယဲ့၏မျက်နှာက ဖြူဖျော့သွားပြီး "အဲဒါ သူပြောသလို မဟုတ်ဘူး! အရင် လက်ထောက်ဒါရိုက်တာတုကို ငါ ကယ်ခဲ့တာ သူ သိပြီး ပိုင်ဂုံးဇီကို ပြောပြချင်ခဲ့တာ။ ငါနဲ့ လက်ထောက်ဒါရိုက်တာတုကို ကာကွယ်ဖို့ လုပ်ခဲ့တာ! ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး..."


အဘိုးကြီးယဲ့က တုဟုန်ရီဘက်လှည့်ပြီး "လက်ထောက်ဒါရိုက်တာ ငါ့ကို ကယ်ပါဦး! ခဗျားကို ကယ်ဖို့ ကျွန်တော် လုပ်ခဲ့တာ။"


Ch 11.2


(ရှောင်လန်ဟွားနဲ့ လက်သမားလေး၏အတိတ်)


တုဟုန်ရီက အဘိုးကြီးယဲ့ အပြစ်ကို သူ့ကိုယ်ပေါ် ပစ်ချလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။ ဒေါသတကြီးဖြင့် အဘိုးကြီးယဲ့ကို လက်ညှိုးထိုးပြီး သူ့ခန္ဓာကိုယ် တုန်ရီနေကာ "မင်းက အပြစ်မဲ့တဲ့လူနှစ်ယောက်ကို သတ်လိုက်တာ ငါ့အတွက်လို့ မင်းတကယ် ပြောနေတာလား? မင်းက ရိုးရိုးရှင်းရှင်းပဲ..."


"လက်ထောက်ဒါရိုက်တာ ကျွန်တော့်ကို ကယ်ပါ! ကယ်ပေးပါ!" အဘိုးကြီးယဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။


"အဲဒီနေ့က ကျွန်တော် ဘာမှမလုပ်ခဲ့ဘူး။ အိမ်ပိုင်ရှင်စုန့်ရဲ့ လက်ပါးစေတွေက ကြိုးနဲ့ချည်ကာ လှောင်အိမ်ထဲ ထည့်လိုက်ပြီး နစ်မြုပ်သွားခဲ့တာပါ။ ကျွန်တော့် ဘယ်လိုလူလဲဆိုတာ လက်ထောက်ဒါရိုက်တာလည်း သိပါတယ်! လူယုတ်မာ ယဲ့ကွမ်ရှန်က ကျွန်တော့်ကို ရန်ငြိုးထားပြီး သူက ကျွန်တော့်ကို တမင်တကာ ဆဲဆိုလိုက်တာပဲ!"


တုဟုန်ရီက အဘိုးကြီးယဲ့ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်ကာ "လူသတ်မှုမှာ မင်းရဲ့ ပါဝင်ပတ်သက်မှုကို ဝန်ခံမှာလား?"


"မဟုတ်ဘူး! မဟုတ်ဘူး! ငါ ဝန်ခံတာ မဟုတ်ဘူး။ ငါ ဘာမှ မလုပ်ဘူး။ ငါနဲ့ ဘာမှမဆိုင်ဘူး။" အဘိုးကြီးယဲ့က လန့်ဖျပ်သွားကာ ချက်ချင်းပင် သူ့ဝန်ခံချက်ကို ငြင်းဆိုသည်။ "လက်ထောက်ဒါရိုက်တာ ငါ မင်းကို တစ်ကြိမ်ကယ်ခဲ့ပြီးပြီ။ ဒီတစ်ခါတော့ ငါ့ကို ကယ်ပါဦး။"


အဘိုးကြီးယဲ့က ဘာကိုမှ ဝန်ခံဖို့ ငြင်းဆန်နေတာကို မြင်တော့ ဘေးအိမ်က အမျိုးသမီးက သူ့ကို မညှာမတာ ရိုက်နှက်ကာ "နင်က အကြင်နာမဲ့ လက်ပါးစေ! နင် ဘယ်သူလဲဆိုတာ ငါအတိအကျသိတယ်။ ယဲ့လီနဲ့ ယဲ့ဇီက အရမ်းလိမ္မာတဲ့ ကလေးတွေ။ ဒါကို နင်က နေ့တိုင်းရိုက်တယ်!"


"မကောင်းဆိုးဝါး! နင်က လူကောင်းတစ်ယောက်လို့ ပြောရဲသေးတယ်? သူတို့ ငါ့သမီးကို ရှာတွေ့ကြတာ အံ့သြစရာတော့ မဟုတ်ဘူး။ လက်စသတ်တော့ နင် ပြောပြလိုက်တာပဲ?"


ဘေးအိမ်က အမျိုးသမီးက သူကို ရိုက်ရင်း ငိုကြွေးကာ "သနားစရာကောင်းတဲ့ ငါ့ရဲ့သမီးလေး၊ လက်သမားနဲ့ အဝေးကို ပြေးသွားတယ်လို့ အမြဲထင်ခဲ့တာ။"


"ငါက သူမလွယ်အိတ်ထဲမှာ ငွေလက်ကောက်တစ်ကွင်းကို ချည်ထားပေးလိုက်တယ်။ လအနည်းငယ်ကြာတော့ ယဲ့ထန်ရှစ်ရဲ့ လက်ကောက်ဝတ်မှာ ထပ်တူကျတဲ့ လက်ကောက်တစ်ကွင်းကို တွေ့လိုက်ရတယ်။ အဲဒါ မေးကြည့်တော့ နင်က သူမအတွက် ဝယ်ပေးခဲ့တာလို့ ပြောတယ်။ နင့်မိသားစုက ငွေလက်ကောက်ကို တတ်နိုင်တယ်လို့ ထင်ခဲ့တာ။ ဒါကြောင့် ငါ ဂရုမစိုက်ဘူး..."


"နင်ကို သေအောင်ရိုက်သတ်မယ်၊ သေအောင်ရိုက်သတ်မယ်!"


အဘိုးကြီးယဲ့က နောက်ပြန်ဆုတ်ကာ သူ့လက်နှစ်ဖက်နဲ့ တားလိုက်တယ်။ "မင်း ဘာလုပ်နေတာလဲ? မင်း,သမီးသေတာက ငါနဲ့ဘာမှမဆိုင်ဘူး။ ငါ မသတ်ဘူး။ အရာအားလုံးကို မရှင်းပြရသေးဘူး။ ဒါကြောင့် ငါနဲ့ဘာမှမဆိုင်ဘူး။"


အဖွဲ့ဝင်တစ်ယောက်က ရှေ့တိုးလာပြီး ယဲ့ထန်ရှစ်ရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး "လက်ကောက်ဝတ်က အင်္ကျီစကို ဖယ်လိုက်။"


ယဲ့ထန်ရှစ်က နာကျင်စွာ အော်ဟစ်လိုက်ပြီး အဖွဲ့ဝင်တွေက ကရုဏာမရှိကြပေ။


အဖွဲ့ဝင်ဟောင်းတစ်ယောက်က ရှေ့ကိုလှမ်းလာပြီး "ချန်းနျန်တုမှာရှိတဲ့ ချမ်းရှိန့်ငွေဆိုင်မှာ လုပ်ခဲ့တာ။ သူတို့လုပ်ပေးတဲ့ ပစ္စည်းအရွယ်အစားအောက်မှာ ပိုင်ရှင်ရဲ့ အမှတ်အသားကို ချန်ထားလေ့ရှိတယ်။ အတွင်းပိုင်းမှာ 'ချမ်းရှိန့်' နဲ့ 'လန်ဟွား' ဆိုတဲ့ စာလုံးပါတယ်။


ကျန်းတုံးကျုံးက ဖြူဖျော့ပြီး ထိတ်လန့်တုန်လှုပ်နေသည့် တုဟုန်ရိကို ကြည့်လိုက်ကာ "လက်ထောက်ဒါရိုက်တာ လက်ကောက်ကို ဖော်ထုတ်ဖို့ တစ်ယောက်ယောက်နဲ့ ဒီလေက်ကောက်ကို ချန်းနျန်တုဆီ ပို့သင့်တယ်လို့ ခဗျားထင်လား?"


တုဟုန်ရီမျက်ခုံး ပင့်သွားပြီး သူ့အသံက တောင်းပန်တိုးလျှိုးသံပါနေသည်။ "ငါ... နေလို့သိပ်မကောင်းဘူး... ငါ ချန်းနျန်တုကို အရင်ပြန်တော့မယ်..."


"ဒီနေ့ အဖြစ်အပျက်တွေကို အမှန်အတိုင်း တင်ပြပါ့မယ်။" ကျန်းတုံးကျုံးက တုဟုန်ရီကို ဆွဲထားရန် မကြိုးစားဘဲ ရိုးရိုးရှင်းရှင်း ထွက်သွားစေခဲ့သည်။


ဒီစကားကိုကြားတာနဲ့ တုဟုန်ရီ ခေတ္တရပ်ပြီး စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားခဲ့သည်။


ဒီအချိန်မှာ အမှန်တရားက ရှင်းပါတယ်။


ယဲ့ထန်ရှစ်တွင် နာမည်မရှိပေ။ လန်ဟွား၏ အမှတ်အသားပါတဲ့ ဒီငွေလက်ကောက်က သူမနှင့်း မသက်ဆိုင်ကြောင်း ထင်ရှားသည်။


တုဟုန်ရီက ကြီးနိုင်ငယ်ညှင်းကာ ရာဇဝတ်မှုကို ဖုံးကွယ်ရန် စိတ်အားထက်သန်စွာ စီရင်စုကနေ ပြေးလာခဲ့သည်။


ပြန်သွားပြီးရင် သူ ဘာလုပ်သင့်လဲ?


ကျန်းတုံးကျုံးက "အိမ်ပိုင်ရှင်စုန့်နဲ့ အဘိုးကြီးယဲ့က လူသတ်မှုမှာ ပါ၀င်ပတ်သက်နေတယ်။ သူတို့ကို အခုလောလောဆယ် ထိန်းသိမ်းထားရမယ်! ရုံးချိန်းမှာ ခရိုင်အရာရှိတွေကို ဆုံးဖြတ်ချက်ချပေးဖို့ တောင်းဆိုမယ်။ အားလုံးပဲ နစ်နာမှုတွေရှိရင် ကျေးဇူးပြုပြီး ပြောပါ။"


ဒီနေ့ အဖြစ်အပျက်တွေက တကယ်ကို မထင်မှတ်ထားပေ။ ကျန်းတုံးကျုံး စကားပြီးတဲ့အခါ နောက်ဆုံးတွင် အဖွဲ့ဝင်တွေက သူတို့၏အိပ်မက်မှ နိုးလာသည်။


အမျက်ဒေါသနဲ့ ပြည့်နေတဲ့အသံ ထွက်လာသည်။ "ရှောင်လန်ဟွား သေပြီ?"


"အဘိုးကြီးယဲ့က ပြောပြလိုက်တာ? သူတို့က ဒါဇင်အနည်းငယ်သော အိမ်နီးနားချင်းတွေပဲကို ဒီလောက်တောင် ရက်စက်တာပဲ!"


"သူက ယဲ့လောင်စန်း၊ ယဲ့လီနဲ့ ယဲ့ဇီတို့ကို ဆက်ဆံတဲ့ပုံကို ကြည့်ရုံနဲ့ သူက ဘယ်လိုလူလဲဆိုတာ မင်း ပြောပြနိုင်တယ်။"


"သူက ခရိုင်မှာရှိတဲ့ သူ့သားကြီးရဲ့ အလုပ်ကနေ အခွင့်ကောင်းယူပြီး ရာဇ၀တ်မှုတွေ ကျူးလွန်နေတာ။"


"သူ့ကိုရိုက်၊ ရိုက်ကြစမ်း!"


အော်ဟစ်သံက ကောင်းကင်အနှံ့ ပျံတက်သွားကာ အဘိုးကြီးယဲ့ကိုအလွန်ထိတ်လန့်တုန်လှုပ်သွားစေပြီး မျက်နှာဖြူဖျော့သွားစေခဲ့သည်။


Ch 12.1


(ယဲ့ထန်ရှစ်၏ အသနားခံမှု)


အဘိုးကြီးယဲ့နဲ့ အိမ်ပိုင်ရှင်စုန့်တို့ကို ခေါ်ဆောင်သွားတာကို မြင်လိုက်ရတော့ ယဲ့ထန်ရှစ် စိတ်ထဲတွင် တုန်လှုပ်သွားပြီး "အခုကစပြီး စော်ဇီဂုံးမှာ ငါတို့ ဘယ်လိုရှင်သန်ကြမှာလဲ?"


ဘယ်သူမှ သူမအမေးကို ပြန်မဖြေပေ။ အဖွဲ့ဝင်တွေက သူတို့ကို ရွံရှာမုန်းတီးမှုဖြင့် စိုက်ကြည့်နေကြသည်။


ယဲ့မိသားစုနဲ့ နီးစပ်တဲ့သူ အများအပြားက ညစ်ညမ်းမှုတစ်ခုခုကြောင့် သူတို့ပါ ညစ်ညမ်းသွားမှာကို စိုးရိမ်သဖြင့် ဘေးဖယ်သွားကြသည်။


ယဲ့မိသားစုဝင်တွေ၏ အကြည့်က မည်သည့်နေရာကို ကျရောက်သွားပါစေ၊ အဖွဲ့ဝင်အားလုံးက သူတို့၏အကြည့်တွေကို ငြင်းဆန်ကာ အကြည့်လွှဲသွားကြသည်။


ယဲ့ထန်ရှစ်က မနေနိုင်ဘဲ ယဲ့ကွမ်ရှန်ဆီ လျှောက်သွားကာ "နင်က ဒီအရာအားလုံးကို စတင်ခဲ့သူပဲ! နင့်ကြောင့်သာ မဟုတ်ရင် နင်အဖေလည်း... နင် သွားပြီး အသနားခံလိုက်။ အတွင်းရေးမှူးကျန်းက သေချာပေါက် နားထောင်မှာ။ ငါ နင်ကို တောင်းဆိုတယ်လို့ သတ်မှတ်လိုက်!"


သူမက တောင်းဆိုစကားဆိုသော်လည်း သူမ၏စကားတွေက အမိန့်ပေးသည့်လေသံ၌သာ ရှိနေသည်။


ယဲ့ကွမ်ရှန်က သူ့အမေကို ကြည့်ပြီး ညှာတာမှုကင်းတဲ့ မျက်လုံးတွေနဲ့ "ရှောင်လန်ဟွားနဲ့ လက်သမားလေးကို အသက်ပြန်ရှင်အောင် လုပ်ဆောင်နိုင်ခဲ့ရင် ကျွန်တော် အသနားခံပေးမယ်။"


"သူက နင်အဖေလေ!" ယဲ့ထန်ရှစ် တုန်လှုပ်သွားသည်။ "နင့်ကို ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ခဲ့တာ.."


"ရှောင်လန်ဟွားနဲ့ လက်သမားလေးက ကျောက်တုံးအက်ကွဲရာကြားကနေ ထွက်လာလို့ သူတို့မှာ မိဘတွေ မရှိတာလား?" ယဲ့ကွမ်ရှန်က မျက်မှောင်ကြုတ်လိုက်သည်။


ယဲ့ကွမ်ရှန်၏စကားကိုကြားပြီးနောက် ယဲ့ထန်ရှစ်က လျောင်ချူရှင်းကို ထပ်မံအသနားခံသည်။ "နင် ငါ့ကိုရိုက်တဲ့ကိစ္စကို ငါ ဘာမှမဖြစ်ခဲ့ဘူးဆိုပြီး ဟန်ဆောင်ပေးမယ်။ ကျေးဇူးပြုပြီး နင့်ယောက္ခမကို လွှတ်ပေးဖို့ အတွင်းရေးမှူးကျန်းကို တောင်းဆိုပေးလို့ရမလား?"


"ခဗျားတောင်းပန်ချင်ရင် ခဗျားကိုယ်တိုင် လုပ်လို့ရတယ်!" လျောင်ချူရှင်းက ပြတ်ပြတ်သားသား ငြင်းလိုက်သည်။ "မကောင်းဆိုးဝါးကို ကျွန်မ မတောင်းဆိုပေးဘူး! နတ်ဆိုးနဲ့ ပြတ်သားတဲ့ မျဉ်းကြောင်းတစ်ခုဆွဲပြီး အဆက်အသွယ်အားလုံးကို ဖြတ်ပစ်မယ်။"


ယဲ့ထန်ရှစ်က ယဲ့လီ ဘက်လှည့်ပြီး "ရှောင်လီ နင့်အဖိုးက ပုံမှန်ဆို နင့်ကို အချစ်ဆုံးပဲ။ နင် အတွင်းရေးမှူးကျန်းကို တောင်းဆိုပေးလေ မကောင်းဘူလား?"


"အဘိုးက သမီးကို ချစ်တယ်။ ဒါကြောင့် နေ့တိုင်း သမီးကို ရိုက်တယ်? ဒါပေမယ့် သူက ယဲ့ကျင်းကျစ်ကိုလည်း ချစ်တယ်လေ ဘာလို့ ယဲ့ကျင်းကျစ်ကို မရိုက်တာလဲ?" ယဲ့လီက ခေါင်းလှည့်ကာ သူမကို ကျောပေးလိုက်သည်။


အရင်ဘဝတွင် မောင်လေးသေဆုံးပြီးနောက် သူမ ယဲ့မိသားစုကို ဂရုမစိုက်ဘဲ ထွက်ပြေးလွတ်မြောက်ခဲ့သည်။


သူမဦးလေးဖြစ်သူကို ရှာဖို့သွားမှ သူသေသွားပြီဆိုတာ သိလိုက်ရတယ်။


ယဲ့မိသားစုက သူမကို ဖမ်းမိသွားမှာကြောက်လို့ ညသန်းခေါင်မှာတောင် ထွက်ပြေးခဲ့ရတယ်။


သူမက ရှောင်လန်ဟွားထက် ကံကောင်းတယ်... ယဲ့မိသားစုက သူမကို လူသိရှင်ကြား ရှာဖွေဖို့ မဝံ့မရဲဖြစ်နေပြီး သူမကို လျှို့ဝှက်စွာရှာဖွေနေခဲ့သည်။


နောက်ပိုင်းတွင် သူမ ရွှေ့ပြောင်းအလုပ်သမားတွေနှင့်အတူ အနောက်မြောက်ဘက်ကို ထွက်ပြေးခဲ့သည်။


အဲဒီမှာ သူမက အမျိုးမျိုးသော လှုပ်ရှားမှုတွေမှာ လုံ့လစိုက်ထုတ်ပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တယ်။


လယ်ယာလုပ်ငန်းကို ကျွမ်းကျင်ရုံသာမက အမျိုးသမီးတပ်မဟာနှင့် ပြည်သူ့စစ်တွင်လည်း ပါဝင်ခဲ့သေးတယ်။


သေနတ်ပစ်နည်းကို သင်ယူခဲ့ပြီး.....


ရိက္ခာအလုံအလောက် စုဆောင်းပြီးနောက် သူမက စော်ဇီဂုံးကို ဆွေမျိုးများထံ အလည်အပတ်နဲ့ ရောက်ရှိခဲ့ကာ ယဲ့မိသားစုရှေ့တွင် ပေါ်လာခဲ့သေးတယ်။


သူမက ချမ်းသာလို့ သူတို့ကို ပေးကမ်းသင့်တယ်လို့ ပြောသေးတယ်။


ယဲ့မိသားစုဝင်အားလုံးကို စုစည်းပြီးနောက် ပေါက်ကွဲသွားစေခဲ့သည်။ 

(T/N ဒီမှာ ပေါက်ကွဲတာကလေ ယဲ့လီက ပေါက်ခွဲလိုက်တာ။ ထင်တယ်။)


ယဲ့လီတို့မိသားစုက အသနားခံပေးရန် ငြင်းဆိုတာကိုမြင်တော့ ယဲ့ထန်ရှစ်က မျက်ရည်ဝဲကာ "နင်တို့က မကောင်းဆိုးဝါးတွေပဲ! အသိတရားမရှိတဲ့ မကောင်းဆိုးဝါး!" 


ခဏစဉ်းစားပြီးတဲ့အခါမှာတော့ သူမ ကျန်းတုံးကျုံးဆီ လျှောက်သွားပြီး "ကျွန်မ လျောင်ချူရှင်းကို သတင်းပို့ချင်တယ်။ ချွေးမတစ်ယောက်အနေနဲ့ ယောက္ခမကို ရိုက်တယ်။"


ကျန်းတုံးကျုံးက "ဒါက မိသားစုကိစ္စ၊ ငါ ဂရုမစိုက်ဘူး!"


"ဟိုးရှေးရှေးကတည်းက ဘယ်ချွေးမက ယောက္ခမကို ရိုက်လို့လဲ? သူ့ကို သေချာ‌ပေါက် ဖမ်းရမယ်။" ယဲ့ထန်ရှစ်က အော်လာသည်။


"ဒါဆို အဘိုးအဘွားတွေက မြေးတွေကို ရိုက်ပိုင်ခွင့်ရှိလား? ငါလည်း မင်းကို ဖမ်းသင့်တယ်မလား?" ကျန်းတုံးကျုံးက ၎င်းတို့၏ ယုတ္တိမဲ့တဲ့အပြုအမူကြောင့် ယဲ့မိသားစုကို ရွံရှာနေပြီဖြစ်သည်။


ယဲ့ထန်ရှစ်က ခဏမျှ အံ့အားသင့်သွားသည်။ "အဘိုးအဘွားက သူ့မြေးကို ရိုက်နှက်တာကို ဂရုစိုက်စရာလိုသေးလို့လား? ဒါက ငါတို့မိသားစုအရေး! ဘယ်သူက စွက်ဖက်ပိုင်ခွင့်ရှိလို့လဲ?"


"ယောက္ခမနဲ့ ချွေးမတို့ ရန်ဖြစ်ရင်လည်း အဲ့ဒါက မိသားစုအရေးပဲ၊ ငါ စွက်ဖက်ပိုင်ခွင့် မရှိဘူး။" ဟု ကျန်းတုံးကျုံးက ပြန်ပြောသည်။


"နင်? နင် သူတို့ကို ဘက်လိုက်နေတယ်!" ကျန်းတုံးကျုံးက သူမအတွက် ရပ်တည်ပေးမည်မဟုတ်ကြောင်း ယဲ့ထန်ရှစ် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ သူမ ပေါင်ကိုရိုက်ကာ မြေပြင်ပေါ်ထိုင်ပြီး "သနားစရာကောင်းလိုက်တဲ့ အဘိုးကြီး... သားကြောင့် သေရတော့မယ်!"


ငိုသံကြောင့် ယဲ့လီ စိတ်ရှုပ်သွားပြီး ဘေးအိမ်က အမျိုးသမီးဆီ လျှောက်သွားကာ သူမနား,နား "အဘွားနားကပ်ပေါ်မှာအပြာရောင် အမှတ်အသားတစ်ခု တွေ့ခဲ့တယ်။" လို့ တိုးတိုးလေး ပြောလိုက်သည်။


Ch 12.2


(ယဲ့ထန်ရှစ်၏ အသနားခံမှု)


အိမ်နီးနားချင်းအမျိုးသမီးက ယဲ့လီစကားကိုကြားတဲ့အခါ ရုတ်တရက် တုန်လှုပ်သွားပြီး "ဟုတ်တယ်၊ နားကပ်။"


အိမ်နီးနားချင်းအမျိုးသမီး၏ အကြည့်တွေက ယဲ့ထန်ရှစ်၏နားရွက်ပေါ် ရောက်သွားပြီး အော်ဟစ်က။ "မိန်းမပျက်! ငါ့သမီးနားကပ်ကို ပြန်ပေးစမ်း။"


လက်ဆန့်ဆွဲလိုက်ရာ ယဲ့ထန်ရှစ်၏နားရွက် စုတ်ပြဲသွားပြီး သွေးစီးကျလာသည်။


အိမ်နီးနားချင်းအမျိုးသမီးက လက်ထဲကနားကပ်ကိုကြည့်ရင်း မျက်ရည်တွေကျလာပြီး "ရှောင်လန်ဟွားရဲ့အမှတ်အသား တကယ်ရှိနေတာပဲ? ဒါလည်း ငါ့သမီးဟာပဲ..."


သူမက ရှေ့ပြေးသွားကာ ယဲ့ထန်ရှစ်ကို လက်သီးနဲ့ထိုးကာ ကန်နေသည်။


ယဲ့လောင်အာ့နဲ့ ယဲ့လောင်စစ်တို့က လူခွဲရန် ကြိုးစားကြသည်။


အိမ်နီးနားချင်းအမျိုးသမီး၏ သားနဲ့မြေးတွေက မတ်တပ်ထရပ်ကာ ယဲ့မိသားစုဝင်တွေကို အေးစက်စက်ကြည့်လိုက်သည်။


ယဲ့လောင်အာ့နဲ့ ယဲ့လောင်စစ်တို့ မလှုပ်ရဲတော့ပေ။


ခဏလောက်တော့ ယဲ့ထန်ရှစ်ရဲ့ငိုသံက စပါးခင်းကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။


ကျန်းတုံးကျုံးက စိတ်ရှုပ်သွားကာ ယဲ့ကွမ်ရှန်ကို စကားပြောရန် စပါးကျီအပြင်ဘက် ခေါ်လိုက်သည်။


"ငါ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြဖို့ မနက်ဖြန် ချန်းနျန်တုခရိုင်ရုံးကို သွားမှာ။"


"ခဗျား ယဲ့ကွမ်ဝမ်ကို သတိထားရမယ်။ သူ မင်းကို မကောင်းတာလုပ်မှာစိုးတယ်။" ယဲ့ကွမ်ဝမ်က ယဲ့ကွမ်ရှန်၏အကြီးဆုံးအစ်ကိုဖြစ်ပြီး အဘိုးကြီးယဲ့ တန်ဖိုးထားဆုံးသော အကြီးဆုံးသားဖြစ်သည်။


ကျန်းတုံးကျုံးက "ကျန်ရုံအဖွဲ့ဝင်တစ်ယောက်ကို ဘာလို့ကြောက်ရမှာလဲ?"


ယဲ့ကွမ်ရှန်က သက်ပြင်းချလိုက်ပြီး "အတွင်းရေးမှူးကျန်း ဒီအဖြစ်အပျက်ပြီးရင် ကျွန်တော်တို့မိသားစု ဒီမှာပဲ ဆက်မနေနိုင်တော့မှာစိုးတယ်။"


ကျန်းတုံးကျုံးက "မင်းတို့က ကိုယ်ကျိုးမဖက်ဘဲ တက်တက်ကြွကြွနဲ့ ရာဇ၀တ်ကောင်တွေကို ဖော်ထုတ်ပေးနေတာ။ ဘယ်သူကမှ စကားလုံးတစ်တက်တောင် မပြောနိုင်ကြဘူး။"


"နောက်ဆုံးတော့ သူက ကျွန်တော့်အဖေအရင်းပဲလေ။ ကျွန်တော်က သူ့ကို သတင်းပို့တယ်။ တခြားသူတွေက ဘာမှမပြောရင်တောင် စိတ်ထဲမှာတော့ ကျွန်တော့်ကို ဒေါသဖြစ်နေတုန်းပဲ။" 


ယဲ့ကွမ်ရှန်က သူ့မိသားစုရဲ့ အနောက်မြောက်ကို သွားချင်တဲ့ ဆန္ဒကို ပြောပြခွင့်ရခဲ့သည်။ "ကျွန်တော် လျောင်မိသားစု အလုပ်ရုံမှာ အလုပ်လုပ်တုန်းက တိုင်းပြည်က အနောက်မြောက်ဒေသကို ဖွံ့ဖြိုးတိုးတက်စေချင်ပြီး နယ်စပ်ကို ပံ့ပိုးပေးဖို့ လူတိုင်းကို တောင်းဆိုခဲ့တာ ကြားခဲ့ရတယ်။"


"အနောက်မြောက်?" ကျန်းတုံးကျုံး မျက်လုံးများ ပြူးကျယ်သွားသည်။ "အနောက်မြောက်ကို သွားချင်လား"


ဒါက ဒီနှစ် ၄ ရက် ၅ လပိုင်းမှာ အတည်ပြုတာ။ (လယ်ယာမြေ တိုးချဲ့စိုက်ပျိုးခြင်း၊ လူဦးရေ ပြောင်းရွှေ့နေထိုင်စေခြင်းနှင့် စိုက်ပျိုးမြေဧရိယာ တိုးချဲ့၍ သီးနှံအထွက်နှုန်း တိုးမြှင့်ခြင်းဆိုင်ရာ ကနဦးအကြံပြုချက်များ)


ကျန်းတုံးကျုံးလည်း ဒီအဆိုပြုချက်ကို မကြာသေးမီကမှ သိခဲ့ရသော်လည်း ယဲ့ကွမ်ရှန်က တုံ့ပြန်ရန် အသင့်ဖြစ်နေမယ်ဟာ သူ မမျှော်လင့်ခဲ့ပေ။


ယဲ့ကွမ်ရှန်က "အထက်က ကျွန်တော်ကို လိုအပ်တဲ့နေရာ ကျွန်တော် သွားမှာပဲ။ လူကြီးမင်းမြောင်ကတော့ လုပ်စရာရှိတာကို လုပ်ရမှာပဲ။"


ကျန်းတုံးကျုံး လေးစားမှုအပြည့်ဖြင့် ယဲ့ကွမ်ရှန်လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ "ရဲဘော်ယဲ့ကွမ်ရှန် မင်းရဲ့ အကြံဥာဏ်တွေက အရမ်းမွန်မြတ်တယ်! မင်းဆီက ငါ သင်ယူချင်တယ်။"


ထို့နောက် ရှက်မိသွားကာ "ကျွန်တော်က အငြိမ်းစား ကေဒါတစ်ယောက်ပါ။ ပြီးတော့ ကျွန်တော့်ရဲ့တွေးခေါ်မှု အဆင့်က ခင်ဗျားထက်တောင် နိမ့်နေသေးတယ်။"


ယဲ့ကွမ်ရှန်က ကျန်းတုံးကျုံးလက်ကို ခါလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်တော့်ကို လူယောက်ကို ပေးပါ။ ကျွန်တော် ဒီည သူတို့ကို ဆုန်းဖုန်းကျွန်းကို ခေါ်သွားမှာ။"


သူ လူလိုချင်တာကြားတော့ ကျန်းတုံးကျုံး အံ့အားသင့်သွားသည်။ "မင်း ရန်သွားဖြစ်မှာတော့ မဟုတ်ဘူးလား?"


"ဘာလို့ရန်ဖြစ်ရမှာလဲ?" ယဲ့ကွမ်ရှန် ပြုံးလိုက်သည်။ "ကျွန်တော်က သူတို့ကို ရိတ်သိမ်းဖို့ ကူညီပေးမှာ။"


ဆုန်းဖုန်းကျွန်းရှိ လူအများစုက တခြားနေရာများတွင် စီးပွားရေးလုပ်ကြပြီး အမျိုးသားလုပ်သား အလွန်နည်းပါးသည်။


ဆုန်းဖုန်းကျွန်း ရိတ်သိမ်းမှု မပြီးပြတ်သေးဟု ခန့်မှန်းလို့ရသည်။


သူက ရိတ်သိမ်းမှုကို ကူညီရန် အရင်ဆုံး လူတွေကို သူနှင့်အတူ ခေါ်သွားရမယ်။


ပြီးတော့ ရေကာတာတည်ဆောက်ဖို့ ဆွေးနွေးကြမယ်။ အဲဒီအခါကျ လူတွေက သူ့ကို မျက်နှာသာပေးကြလိမ့်မယ်လို့ သူထင်တယ်။


ကျန်းတုံးကျုံးက နားလည်သွားပြီး "ငါ မင်းကို သန်မာတဲ့ လုပ်သားလူယောက် ပေးလိုက်မယ်။ ညအိပ် သွားလိုက်။"


ယဲ့ကွမ်ရှန်၏စကား "လူကြီးမင်းက ကျွန်တော့်ကို လိုအပ်တယ်" ကို ပြန်သတိရပြီး ကျန်းတုံးကျုံးရဲ့နှလုံးသားက ပူနွေးသွားသည်။


သူက ယဲ့ကွမ်ရှန်ကို ရိုးသားစွာ ကြည့်ပြီး "ဒီနှစ် ဒီတစ်ခေါက်မှာ သေချာပေါက် မင်း နေရာရဖို့ ငါ တိုက်ပွဲဝင်ပေးမယ်။"