Ch 15&16
Viewers 984

Ch 15.1


(အဘိုးကြီးယဲ့၏နောက်ဆုံးကြိုးပမ်းမှု)


လျောင်ရှုရွှယ်က လျောင်အိမ်ရဲ့အလုပ်ရုံကို စုန်းဖုန်းယွီကိုပေးလိုက်တာဆိုတာက ငြိမ်းချမ်းရေးယူလိုက်တာဖြစ်သည်။


အိမ်ကိုပါ ပေးလိုက်သည်။


လျောင်ရှုရွှယ်က ရှိသမျှအကုန်သုံးလိုက်မှ စော်ဇီဂုံအတွက် ငြိမ်းချမ်းရေးနဲ့ ရေကာတာပြင်လို့ရတာ ဖြစ်သည်။


ယဲ့လီက လေးစားစွာဖြင့် လျောင်ရှုရွှယ်ကို ကြည့်နေသည်။


လျောင်ရှုရွှယ်က အလုပ်ရုံကိစ္စကြောင့် သေမယ်ဆိုတာ မသိတော့ အခုလိုရှိသမျှအကုန်ပေးလိုက်ဖို့က တော်တော်လေး ကြိုးစားလိုက်ရသည်။


ကျန်းတုံးကျုံးကလည်း ရင်ဘက်ကိုရိုက်ပြီး "မင်းတို့လမ်းမှာ လိုသမျှအကုန်လုံးကို ငါတို့စောဇီဂုံက လုပ်ပေးမယ်။ စားဖို့သောက်ဖို့၊ ဆောင်းတွင်းမှာဝတ်ဖို့ကစ အကုန် ငါတို့လုပ်ပေးမယ်။"


"အဲ့ဒီအချိန်ကျရင် မင်းတို့ လမ်းမှာသုံးဖို့အတွက်လည်း ပိုက်ဆံထည့်ပေးမယ်။ ပြီးတော့ လမ်းမှာရေသောက်ဖို့လည်းလိုသေးတယ်...... ငါ ရွာထဲက ရေပုံးပေးလိုက်မယ်။ အချိန်ကြည့်ဖို့လည်း‌ လိုသေးတယ်ဆိုတော့ နာရီပါပေးလိုက်မယ်။"


ကျန်းတုံးကျုံးက စော်ဇီဂုံမှာရှိသမျှအကုန်သုံးပြီး ယဲ့လျောင်နှစ်မိသားစုအတွက် လမ်းစရိတ်လုပ်ပေးချင်နေသည်။


ချန်းနျန်တုကသတင်းကို ထပ်ပြောရရင်တော့ "အနောက်မြောက်ဘက်ကိုသွားရင် ရထားအကြာကြီးစီးရမှာ။ အဲဒါကြောင့် မင်းတို့ လမ်းအတွက် ရိက္ခာတွေယူသွားရမယ်။ အဲ့ဒါဆို လမ်းမှာ ရိက္ခာနဲ့ အစားအစာတွေ လဲပြီးစားလို့ရတယ်။ ရိက္ခာတွေအတွက်ကတော့ မပူနဲ့ ငါတို့ပြင်ဆင်ပေးထားမယ်။"


ပြီးတာနဲ့ သူရေးထားတဲ့ တောင်းခံစာကို ထုတ်လိုက်ပြီး "လောင်စန်း မင်းကြည့်လိုက် ဘာပြဿနာမှမရှိရင် လက်မှတ်ထိုးလိုက်တော့။ ငါမနက်ဖြန် သမဝါယမအသင်းဆီသွားပြီး ဒီကိစ္စကို လုပ်လိုက်တော့မယ်။"


ယဲ့ကွမ်ရှန်က လအရောင်နဲ့ တစ်ချက်ကြည့်လိုက်ပြီး "တောင်းခံစာ?"


"မင်းကို ထောက်ခံပေးဖို့ လူနှစ်ယောက်လိုတယ် ငါနဲ့ စုန်းဖုန်းယွီက အတွင်းရေးမှူးနဲ့ ဖြစ်မယ်။"


"အဲ့ဒီအချိန်ကျရင် ငါအနောက်မြောက်ဘက်က ရဲဘော်တစ်ချို့ကို စာပို့ထားလိုက်မယ်။ တစ်နှစ်စောင့်ကြည့်ပြီးရင် ပြောင်းလို့ရပြီ။"


ယဲ့ကွမ်ရှန်က တောင်းခံစာကို ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် "ငါ‌ အနောက်မြောက်ဘက်ကို ရောက်ရင် သေချာပေါက် အလုပ်ကိုသေချာလုပ်ပြီး ဥပဒေကိုလည်းလိုက်နာမှာပါ! ငါတို့စော်ဇီဂုံရဲ့နာမည်ကို မပျက်စေရပါဘူး။"


ယဲ့ကွမ်ရှန်က ထပ်ပြီးတော့ "ငါနဲ့ ချူရှင်း ဆွေးနွေးပြီးသွားပြီ။ ငါတို့အခက်ခဲဆုံးနေရာကိုသွားပြီး အဖွဲ့ရဲ့စစ်ဆေးမှုကိုခံယူမယ်။"


အခက်ခဲဆုံးနေရာကို သွားမယ်ဆိုတာသိရတော့ ကျန်းတုံးကျုံးက ယဲ့ကွမ်ရှန်ရဲ့လက်ကို ကိုင်လိုက်ပြီး "လောင်စန်း၊ရဲ‌ဘော်ကွမ်ရှန် မင်းအရမ်းတော်တာပဲ!"


နောက်တစ်နေ့မနက်မှာတော့ ကျန်းတုံးကျုံးနဲ့ လျောင်ရှုရွှယ်က စုန်းဖုန်းယွီကိုသွားသည်။


အဲ့ဒီနေ့မှာပဲ ကျန်းတုံးကျုံးက စော်ဇီဂုံနဲ့ စုန်းဖုန်းယွီ ပေါင်းစည်းလိုက်ကြောင်း ကြေညာသည်။


ဒီသတင်းက တစ်ရွာလုံးကို အံ့ဩသွားစေသည်။


ကျန်းတုံးကျုံးက သမဝါယမအသင်းကို အလုပ်သွားလုပ်ချိန် လက်ထောက်ဒါရိုက်တာကျိန့်ကနေမှ 


"ငါက နောက်ထပ်ရန်ဖြစ်ရဦးမယ်ထင်နေတာ။ ဒီမှာတင် ပြီးသွားမယ်လို့တောင် မထင်ထားဘူး။"


ကျန်းတုံးကျုံးကလည်း နာမည်ကောင်းဝင်မယူဘဲ "ဒီတစ်ခေါက်မှာ ရဲဘော်ယဲ့ကွမ်ရှန်က အရမ်းကြိုးစားထားတာပါ။"


ယဲ့ကွမ်ရှန်ကို တိုးတက်အောင်လုပ်ပေးရမယ်ဆိုတော့ အရေးကြီးတဲ့နေမှာဆိုရင်တော့ ယဲ့ကွမ်ရှန်ကို လောင်စန်းအစား ရဲဘော်လို့ခေါ်ရမည်ဖြစ်သည်။


ယဲ့ကွမ်ရှန်က လျောင်ရှုရွှယ်ကို အလုပ်ရုံပေးဖို့နဲ့ စုန်းဖုန်းယွီမှာ ရေကာတာပြင်ရမဲ့ ကိစ္စတွေအားလုံး လုပ်ပေးခဲ့ကြောင်း ပြောပြလိုက်သည်။


ပြီးတာနဲ့ ကျန်းတုံးကျုံးက ရယ်ပြီးတော့ "လက်ထောက်ဒါရိုက်တာ! ဒီတစ်ခေါက် ကျွန်တော် သူ့ကိုပျိုးထောင်ပေးမလို့ အဲ့ဒါသမဝါယမအသင်းကို စာရေးပေးပြီးသွားပြီ။ အဲ့ဒါဘယ်လိုထင်လဲ?"


"မျိုးရိုးကြီးက မျိုးရိုးငယ်လေးတွေကို ပျိုးထောင်ပေးတော့မယ်ပေါ့! ယဲ့ကွမ်ရှန်ရော လျောင်ရှုရွှယ်ရော တော်ကြတယ်!" လက်ထောက်ဒါရိုက်တာကျိန့်က ကျေနပ်စွာဖြင့် "မိတ်ဆက်လို့ပြီးပြီလား?"


"ပြီးပါပြီ။ စုန်းဖုန်းယွီဘက်ကလည်း ရဲဘော်ယဲ့ကွမ်ရှန်ရဲ့အကြောင်းကိုကြားပြီး အရမ်းကို ရင်ထဲခံစားသွားရပြီး သူ့ကို ထောက်ခံပေးနေကြတယ်။" ကျန်းတုန်းကျုံးက အဘိုးကြီးယဲ့၏အကြောင်းကို ပြောတော့ "....တကယ်ကို လူမဟုတ်ဘူးပဲ။"


"ဒီလိုကောင်မျိုးက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသင့်တယ်! ငါကတော့ သေနတ်ပစ်သတ်ဖို့ အကြံပြုချင်တယ်!" လက်ထောက်ဒါရိုက်တာကျိန့်က ထိုအကြောင်းသိရတာနဲ့ အရမ်းစိတ်တိုသွားသည်။


ကျန်းတုံးကျုံးက ခေါင်းဆောင်ကျိန့်ရဲ့မျက်နှာကို အကဲခတ်ပြီးတော့မှ တုဟုန်ရီအကြောင်း ပြောလိုက်သည်။ "ကျွန်တော် တုဟုန်ရီကို စီရင်ခိုင်းစေချင်တယ်။"


လက်ထောက်ဒါရိုက်တာကျိန့်က စဉ်းစားပြီးတော့မှ "သူပြန်လာပြီးနောက် ငါ့ကို အရင်နှစ်ကအကြောင်းတွေ ပြောပြတယ်.... သူ့မှာလည်းတာဝန်ရှိတယ်...."


ပြောပြီးတော့မှ ခေါင်းခါကာ "ငါ ဒီကိစ္စကို အထက်ကိုတင်ပြပြီး စီရင်ခိုင်းလိုက်ပြီ! အဲ့ဒါကြောင့် မင်း သူ့ကို စောင့်ခိုင်းထားလိုက်ပါ။ စီရင်ဖို့ကိစ္စကိုတော့ မင်းခေါင်းဆောင်လုပ်လိုက်။"


ကျန်းတုံးကျုံးက ထပ်ပြီးတော့ ခေါင်းမာမနေတော့ဘူး။


စီရင်ရမဲ့နေ့ရောက်တော့ ယဲ့ကွမ်ရှန်က ယဲ့လီနဲ့ ယဲ့ဇီကို မသွားခိုင်းဘဲ "သမီးတို့နှစ်ယောက် အိမ်မှာပဲနေခဲ့လိုက်။"


ယဲ့ကွမ်ရှန်က ယဲ့ဇီကြောက်သွားမှာကို စိုးရိမ်နေတယ်ဆိုတာ ယဲ့လီသိတာကြောင့် ခေါင်းလေးငြိမ့်လိုက်ပြီး "မောင်လေးကို သေချာဂရုစိုက်လိုက်ပါမယ်။"


ရွာသူရွာသားတွေက တရားရုံးကို ရောက်သွားတာကြောင့် စော်ဇီဂုံတစ်ရွာလုံး တိတ်ဆိတ်နေသည်။


Ch 15.2 


(အဘိုးကြီးယဲ့၏နောက်ဆုံးကြိုးပမ်းမှု)


တရားရုံးဘက်ကနေသာ ငိုသံတွေနဲ့ ငြင်းခုံသံတွေထွက်ပေါ်လာသည်။


ယဲ့လီက ယဲ့ဇီ အပြင်ဘက်ကိုပဲ ကြည့်နေတာကို မြင်တော့ ခဏစဉ်းစားပြီး "ငါတို့ *ခဲလုံးကောက်တိုင်းဆော့မလား?"

(T/N မြန်မာလို ဇယ်ကောက်တာပါ။)


"ဆော့မယ်လေ။" ယဲ့ဇီ ထထိုင်လိုက်သည်။


ရက်တွေအကြာကြီး ကုတင်ပေါ်မှာလှဲနေရပြီး နေ့တိုင်းဆေးတွေ သောက်နေရတော့ သူအရမ်းပျင်းနေသည်။


ယဲ့လီက ခဲလုံး ၅ လုံးကို ပေးလိုက်သည်။


ခဲလုံး ၄ လုံးကို မြေပြင်ပေါ်ချလိုက်ပြီး ၁ လုံးကိုတော့ ယဲ့ဇီ လက်ထဲတွင် ကိုင်ထားသည်။


လက်ကိုမှောက်လိုက်ပြီး ခဲလုံးကို လက်ဖမိုးပေါ်တင်ပြီး ခဲလုံးကို လေထဲမြှောက်လိုက်သည်။ ခဲလုံးလေထဲမြှောက်နေတဲ့အချိန်မှာပဲ ကြမ်းပြင်က ခဲလုံး ၁ လုံးကို ကောက်လိုက်သည်။


စည်းကမ်းချက်ကတော့ ကျန်တဲ့ ၃ လုံးကို မထိရဘူး။


မြေကြီးပေါ်က ခဲလုံးကို ကောက်ပြီးတာနဲ့ လေထဲက ခဲလုံးကိုပြန်ဖမ်းရသည်။


ခဲလုံး ၂ လုံး ပွတ်တိုက်သံက ကြည်လင်စွာထွက်ပေါ်လာသည်။


ပထမတစ်ဆင့်ပြီးတာနဲ့ လက်ထဲတွင် ခဲလုံး ၂ လုံးရှိနေသည်။


ဒုတိယအဆင့်ကတော့ ခဲလုံး ၂ လုံးကို လေထဲမြှောက်ပြီး လက်ဖမိုးပေါ်တင်ရမည်။ ပြီးတာနဲ့ မြေကြီးပေါ်က ခဲတစ်လုံးကို ကောက်ယူရမည်။ လက်ထဲခဲလုံး ၂ လုံး ပြန်ကျလာချိန်မှာ ကျန်တဲ့ခဲ ၁ လုံးကလည်း လက်ထဲရောက်နေရမည်။


ယဲ့ဇီ၏လက်သေးသေးလေးက ဒုတိယအဆင့်ထိပဲ ရောက်နိုင်သည်။


ယဲ့လီက သူပျော်ရွှင်ဖို့အတွက် ပထမအဆင့်မှာကတည်းက မဖမ်းမိချင်ယောင်ဆောင်ပြီး သူ့ကိုပဲ တစ်ချိန်လုံးဆော့ခိုင်းသည်။


ယဲ့ဇီက ပျော်ရွှင်စွာကစားရင်းနဲ့ စိတ်ရှုပ်စရာတွေကို မေ့သွားသည်။


အဝေးကနေ ဗုံတီးသံကို ကြားလိုက်ရသည်။


ယဲ့လီက အပြင်ကိုထွက်ကြည့်လိုက်သည်။


ဝန်ထမ်းတစ်ယောက်က ဗုံတီးရင်း အရှေ့ကနေသွားပြီး နောက်တစ်ယောက်ကတော့ လက်ထဲမှာ စာလိပ်လိုမိုက်နဲ့အော်နေသည်။


"‌....စော်ဇီဂုံက ရှောင်လန်ဟွားနဲ့ စုန်းဖုန်းယွီရဲ့အဖွဲ့ဝင်ကို မကောင်းကြံပြီး စော်ဇီဂုံရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးတဲ့သူကို စစ်ဆေးပြီးနောက်မှာ ‌သေနတ်ပစ်ပြီးစီရင်မယ်! အခုချက်ချင်းပဲ။"


ကြိုးတွေနဲ့ချည်ခံထားရတဲ့ အဘိုးကြီးယဲ့ကို ယဲ့လီတွေ့လိုက်ရသည်။


အဘိုးကြီးယဲ့မှာ အရင်ကလို အရှိန်အဝါမျိုး မရှိတော့ဘဲ ဆံပင်တွေရှုပ်ပွနေကာ မျက်နှာကလည်း ဖူးယောင်နေသေးသည်။ လမ်းတောင်မလျှောက်နိုင်တော့လို့ ဝန်ထမ်းနှစ်ယောက်က တွဲပေးထားရသည်။


ယဲ့လီလေးနေတဲ့စိတ်ကလည်း အဆင်ပြေသွားပြီဖြစ်သည်။


အရင်ဘဝရဲ့မကောင်းဆိုးဝါးက အဆိပ်ပြင်းတဲ့မြွေလိုပဲ သူမရဲ့နှလုံးကို ကိုက်ထားသည်။


အခုတော့ မကောင်းတဲ့သူလည်း ရသင့်တဲ့ပစ်ဒဏ်ကို ရသွားပြီဖြစ်သည်။


ယဲ့ဇီက ရောက်လာပြီး ယဲ့လီမျက်နှာပေါ်က မျက်ရည်တွေကိုသုတ်ပေးကာ "မမ ဘာလို့‌ငိုနေရတာလဲ?"


"မမ ပျော်လို့ပါ!" ယဲ့လီက မောင်လေးကို ရင်ခွင်ထဲထည့်လိုက်ပြီး လူတွေမမြင်အောင်လုပ်ကာ "မမတို့ ဘဝသစ်စရတော့မယ်။"


ခြံဝန်းရှေ့ကိုရောက်တော့ အဘိုးကြီးယဲ့ ဖက်နေကြတဲ့ မောင်နှမကို တွေ့လိုက်ရသည်။


သူရဲ့မျက်လုံးထဲကို မုန်းတီးမှုတွေရောက်လာပြီး ခေါင်းမော့ကာ အားလုံးကြားရအောင် အော်ပြောလိုက်ပြီး "ယဲ့ကွမ်ရှန်! မင်းလာခဲ့။"


ယဲ့ကွမ်ရှန်က ယဲ့လီတို့မောင်နှမကို မမြင်ရအောင် အဘိုးကြီးယဲ့၏အရှေ့‌တွင် ရပ်လိုက်ပြီး "ဘာလုပ်မလို့လဲ?"


အဘိုးကြီးယဲ့က ယဲ့ကွမ်ရှန်ကို စိုက်ကြည့်ကာ "ငါ မင်းကိုဒီလောက် ကျွေးမွေးပြုစုပေးခဲ့တာကို မင်းကကျွေးတဲ့လက်ကို ပြန်ကိုက်တယ်!"


"ပြောပြီးသားပဲ ကျွန်တော့်ကို ယောက္ခထီးက ကျွေးမွေးခဲ့တာလို့။" ယဲ့ကွမ်ရှန်က မဲ့ပြုံး ပြုံးလိုက်ပြီး "ခင်ဗျားလည်း ပစ်ဒဏ်ကို ခံယူသင့်နေပြီ။"


"အားလုံးကြားလိုက်တယ်မလား?" အဘိုးကြီးယဲ့က အနောက်မှာရှိတဲ့ ဝန်ထမ်းတွေကို ကြည့်ကာ "ငါ သူ့ကို ဒီအထိကျွေးမွေးထားတာ! အဲ့ဒါကို သူက ကျေးဇူးတောင်ပြန်မဆပ်ဘူး။"


"ယဲ့ကွမ်ရှန်! ငါသာသေသွားခဲ့ရင် မင်းဘယ်တော့မှ မင်းရဲ့မိဘအရင်းက ဘယ်သူတွေလဲဆိုတာ သိတော့မှာမဟုတ်ဘူး......" အဘိုးကြီးယဲ့က အံကြိတ်လိုက်ပြီး "ငါ ဒီလျှို့ဝှက်ချက်ကို အုတ်ဂူထဲထိသယ်သွားမှာ!"


မိဘအရင်းဆိုတာကို ကြားလိုက်ရတော့ ဝန်ထမ်းတွေက ကြောင်သွားပြီး အချင်းချင်းကြည့်နေကြသည်။


ရုတ်တရက် ရယ်သံအကျယ်ကြီး ထွက်ပေါ်လာသည်။


Ch 16.1


(မိဘအရင်း)


ယဲ့ကွမ်ရှန် ရယ်တာ မျက်ရည်တောင်ကျနေပြီး "မိဘအရင်း?"


"ငါသာ သေသွားရင် မင်းရဲ့မိဘအရင်းက ဘယ်သူဆိုတာကို သိမှာမဟုတ်တော့ဘူးလေ။" အဘိုးယဲ့က ယဲ့ကွမ်ရှန်ကို စိုက်ကြည့်ရင်း "ငါ့ကိုမသတ်ဖို့ သူတို့ကို သွားတောင်းပန်ပေးရင် နင့်မိဘအရင်းက ဘယ်သူတွေလဲဆိုတာကို ပြောပြပေးမယ်။"


"သေခါနီးနေတာတောင် အမှားကိုမသိသေးဘူး။ ဒီလိုအကြောင်းပြချက်မျိုးနဲ့ ကျွန်တော့်ကို ထိန်းချုပ်ချင်နေသေးတယ်။" ယဲ့ကွမ်ရှန်က ရယ်လိုက်ပြီး သေချာစွာဖြင့် "ခေါ်သွားလိုက်တော့။"


ယဲ့ကွမ်ရှန်က ကိုယ့်အဖေအရင်းကို မသိချင်ဘူးဆိုတာကို သိတာနဲ့ အဘိုးယဲ့က အလောတကြီးဖြင့် "ငါ့ကိုလွှတ်ပေးရင် မင်းရဲ့မိဘအရင်းက ဘယ်သူဆိုတာကို ပြောပြမယ်။"


ယဲ့ကွမ်ရှန်ရဲ့အသံက မကျယ်ပေမယ့် အဘိုးယဲ့ရဲ့နားထဲမှာတော့ မိုးကြိုးသံလိုပဲ ကြားလိုက်ရတာက "တုဟုန်ရိလို့ ပြောချင်တာမလား?"


"ဟမ်? ဘာပြောလိုက်တယ်?" အဘိုးယဲ့က ယဲ့ကွမ်ရှန် တုဟုန်ရိကို ခန့်မှန်းနိုင်မယ်လို့ မထင်ထားပေ။ အလောတကြီးဖြင့် "မင်းဘယ်လိုသိတာလဲ?"


ယဲ့ကွမ်ရှန်က ရယ်နေရင်းဖြင့် "ခင်ဗျားမြို့ထဲရောက်ကတည်းက တုဟုန်ရိကိုတွေ့ဖူးပြီး သူက ချမ်းသာတယ်ဆိုတာကို သိထားတယ်။ အဲ့ဒီတုန်းက ခင်ဗျား ပိုက်ဆံအတွက် တုဟုန်ရိကို ကယ်ခဲ့တာ။"


"....နောက်တော့ တုဟုန်ရိရဲ့မိန်းမက အိမ်မှာကလေးမွေးတယ်။ ခင်ဗျားက ချမ်းသာချင်တာကြောင့် တုဟုန်ရိရဲ့ကလေးနဲ့ ခင်ဗျားရဲ့ကလေးကို လဲလိုက်တယ်။ အဲ့ဒါနဲ့ပဲ မွေးခါစကလေးနှစ်ယောက်ကို ဝတ်တာလည်းတူ စားတာလည်းတူအောင် လုပ်ခဲ့တယ်။ တုကတော် သတိမထားမိအောင်လို့လေ။"


"သူတို့ပြန်သွားတဲ့အချိန်မှာ ခင်ဗျားက တမင်သက်သက်ကလေးကို မှားပေးလိုက်တယ်။ တုကတော်က လောနေတာကြောင့် သေချာမကြည့်မိလိုက်ဘူး။"


"သူတို့ရွာကထွက်တော့ ကလေးမှားနေတယ်ဆိုတာကို သိလိုက်တယ်။ အဲ့ဒါနဲ့ ပြန်လာပြီးလဲတော့ အိမ်မှာဘယ်သူမှရှိမနေဘူး၊ ကုတင်ပေါ်မှာ ကလေးတစ်ယောက်ပဲရှိတယ်....။ သူတို့ကပဲ ကလေးမှားယူမိတယ်ထင်ပြီး ကုတင်ပေါ်မှာ ငွေငါးကျပ်တင်ပြီး ကလေးပြန်လဲပြီး သွားခဲ့တယ်။"


"ခင်ဗျားက ကိုယ့်ဘာသာအထင်တွေကြီးပြီး အားလုံးကိုအရူးတွေလို့ ထင်နေတာပဲ။ ဒီကမ္ဘာပေါ်မှာ ကိုယ့်သားသမီးကို မမှတ်မိတဲ့မိဘဆိုတာ ရှိမှမရှိတာ။"


အဘိုးယဲ့က အလောတကြီးဖြင့် "မဖြစ်နိုင်ဘူး! မင်းကဘယ်လိုလုပ် ဒီကိစ္စတွေသိနေရတာလဲ?"


တုကတော် ကလေးလာပို့တုန်းက အဘိုးယဲ့နဲ့ ယဲ့ထန်ရှစ်ကအိမ်မှာမရှိနေဘူး။


ပြန်လာတဲ့အချိန် ကုတင်ပေါ်မှာ ငွေငါးကျပ်တွေ့တော့ တုကတော်က ကျေးဇူးတင်တဲ့အနေနဲ့ ထားသွားတာလို့ ထင်နေခဲ့သည်။


တုကတော်က ကလေးပြန်လာလဲသွားလိမ့်မယ်လို့ သူလုံးဝမထင်ထားဘူး။


"ကျွန်တော်က ခင်ဗျားနဲ့ရုပ်အရမ်းဆင်ပြီး ကျွန်တော့်အမေနဲ့လည်း ရုပ်ဆင်တယ်။ အဲ့ဒါကို ဘယ်လိုလုပ်ပြီး ကျွန်တော်ကတုအိမ်တော်က သားဖြစ်ရမှာလဲ?" ယဲ့ကွမ်ရှန် ရယ်ရင်းနဲ့ မျက်ရည်တွေကျလာပြီး "အဲ့ဒါကြောင့် ခင်ဗျားက ကျွန်တော့်ကို သတ်ချင်နေတာလား?"


အဘိုးယဲ့က ပိုပိုပြီးတော့ စိတ်လောလာကာ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မင်းက ဘယ်လိုလုပ်ပြီးတော့ ငါ့သားအရင်း ဖြစ်နိုင်မှာလဲ? ဒါဆို တုဟုန်ရိရဲ့ အကြီးဆုံးသားကရော?"


"နဂိုကတည်းက သားအရင်းပဲကို...." ယဲ့ကွမ်ရှန် နောက်ကိုတစ်လှမ်းဆုတ်လိုက်ပြီး "ကျွန်တော့်မှာ ခင်ဗျားလိုအဖေမျိုးရှိနေတာ အရင်ဘဝက လုပ်ခဲ့တဲ့မကောင်းမှုတွေကြောင့်ထင်တယ်။"


"မဖြစ်နိုင်ဘူး! မဖြစ်နိုင်ဘူး! "လက်ထောက်ဒါရိုက်တာတုကအဘိုးယဲ့ကို ဆွဲခေါ်သွားတာတောင် နောက်ပြန်လှည့်ကြည့်ပြီး "မင်းက ဘယ်လိုမှ ငါ့သားအရင်းဆိုတာ မဖြစ်နိုင်ဘူး။ ငါ့သားက ဘယ်တော့မှ မိန်းမအိမ်လိုက်နေတဲ့သမက် မလုပ်ဘူး! လောင်တာ့နဲ့ လောင်အာ့ကတောင် ဒီလောက်စကားနားထောင်တာ မင်းလိုမျိုးတစ်ယောက်မှ မရှိဘူး။"


"မိန်းမအိမ်လိုက်နေတဲ့သမက်?" ယဲ့ကွမ်ရှန်က ရယ်ရင်းနဲ့ ခေါင်းခါလိုက်ပြီး "အသက်ရှစ်နှစ်ကတည်း ကျွန်တော်ကို လျောင်မိသားစုဆီ ပို့ထားပြီး ဂရုတောင်မစိုက်ဘူး။ ယောက္ခထီးက ကျွန်တော်ပေါ် အရမ်းကောင်းပြီး သူ့သမီးနဲ့တောင် လက်ထပ်ပေးတဲ့အပြင် မိသားစုလုပ်ငန်းကိုပါ ပေးချင်နေသေးတယ်။ ယောက္ခထီးကို ကျေးဇူးဆပ်တာ ဘာမှားလို့လဲ?"


လျောင်ချုရှင်းက ဘေးရောက်လာခဲ့ပြီး ယဲ့ကွမ်ရှန်ရဲ့လက်ကို ကိုင်လိုက်သည်။


"ကိုယ် ဘာမှမဖြစ်ပါဘူး။" ယဲ့ကွမ်ရှန်က ဇနီးဖြစ်သူကို ခေါင်းခါပြလိုက်ပြီး "ကိုယ်က ဒီအတိုင်း ယောက္ခထီး မသေခင်မှာ ကျေးဇူးကုန်အောင်မဆပ်လိုက်ရလို့ ဝမ်းနည်းနေတာပါ။"


သူက တဖြည်းဖြည်းဝေးသွားတဲ့ အဘိုးယဲ့ကို ကြည့်ပြီး "ကိုယ်က စိတ်ရင်းစေတနာနဲ့ အိမ်ကို စားစရာတွေပို့တယ် ပိုက်ဆံတွေပို့တယ်။ သူတို့ ကိုယ့်ကို ပိုပြီးချစ်လာစေချင်ရုံပါ။"


"သူ ကိုယ့်ကိုပိုရိုက်လေ ကိုယ့်ကတော့ သူ့အချစ်တွေ ပိုပြီးရချင်လေပဲ။ သူ ကိုယ့်ကိုမကြိုက်လေ ကိုယ့်က သူကြိုက်လာအောင်ကို လုပ်ချင်နေခဲ့တာ။"


"ဒါပေမယ့် ကိုယ်မေ့နေခဲ့တာက ကိုယ်မွေးကတည်းက သူ့ကိုချမ်းသာအောင်လုပ်ပေးရမယ့် ပစ္စည်းတစ်ခုဆိုတာကိုပဲ။"


ယဲ့ကွမ်ရှန်ရဲ့အသံက တဖြည်းဖြည်းနဲ့ တိုးသွားသည်။


ယဲ့လီက တံခါးအပြင်ဘက်မှာရပ်နေပြီး အဖေပြောတာတွေနားထောင်ရင်း ဝမ်းနည်းလာရသည်။


တုဟုန်ရိရဲ့ကိစ္စကို သူတို့အရင်ကတည်းက သိသည်။


ယဲ့ကွမ်ရှန်က အဘိုးယဲ့ရဲ့သားပဲဖြစ်သည်။


ယဲ့ကွမ်ရှန်ပြောသလိုပဲ သူတို့နှစ်ယောက် ဒီလောက်ရုပ်ဆင်တာ ဘယ်လိုလုပ် အရင်းမဟုတ်ရမှာလဲ?


အဝေးကနေ ပစ်လိုက်တဲ့ သေနတ်သံနှစ်ချက်ကို ကြားလိုက်ရသည်။


Ch 16.2


(မိဘအရင်း)


ခဏနေတော့ ကျန်းတုံးကျုံး ရောက်လာပြီး


"ငါတို့ရဲ့ လက်ထောက်ဒါရိုက်တာကျိန့်က မင်းရဲ့အကြောင်းကိုကြားပြီး မင်းနဲ့တွေ့ချင်နေတယ်။" ကျန်းတုံးကျုံးက ရယ်ရင်းဖြင့် "အတော်ပဲဖြစ်သွားတာပေါ့။ ငါလည်း ချန်းနျန်တုကိုသွားပြီး အိမ်အတွက် လိုတာတွေသွားဝယ်မလို့ မနက်ဖြန်အတူတူသွားမလား?"


ဒုတိယနေ့မှာတော့ ကျန်းတုံးကျုံးက နွားလှည်းငှားပြီး ယဲ့လီနှင့်အတူ မြို့ပေါ်တက်သွားသည်။


ချန်းနျန်တုကိုရောက်တော့ ကျန်းတုံးကျုံးက နွားလှည်းဖြင့် သမဝါယမအသင်းထဲဝင်သွားပြီး လက်ထောက်ဒါရိုက်တာကျိန့်ကို သွားတွေ့သည်။


"လက်ထောက်ဒါရိုက်တာကျိန့်" ယဲ့ကွမ်ရှန်က ဒီလိုရာထူးကြီးတဲ့ခေါင်းဆောင်မျိုးနဲ့ ပထမဆုံးအကြိမ်လက်ဆွဲနှုတ်ဆက်ရတာဆိုတော့ နည်းနည်းစိတ်လှုပ်ရှားနေသည်။

(T/N လက်ထောက်ဒါရိုက်တာကျိန့်က လက်ထောက်ဒါရိုက်တာတုထက် ရာထူးပိုကြီးတယ်ထင်တယ်။)


"စိတ်မလှုပ်ရှားပါနဲ့ အေးအေးဆေးဆေးထိုင်ပြီး စကားပြောရအောင်။" လက်ထောက်ဒါရိုက်တာကျိန့်က လျောင်ချူရှင်းနှင့်ပါ လက်ဆွဲနှုတ်ဆက်လိုက်ပြီး ယဲ့လီနဲ့ ယဲ့ဇီတို့နှင့်ပါ လက်ဆွဲနှုတ်ဆက်လိုက်သည်။


"သမီးက အိမ်အဟောင်းက ပြတင်းပေါက်မှာ စာအတုလုပ်တာကို ရှာတွေတဲ့ ယဲ့လီလား? သူရဲကောင်းလေးပဲ။ ရှောင်ယဲ့ဇီကလည်း တော်တယ် ဒီလောက်ပြင်းတဲ့ဒဏ်ရာရတာတောင် ခံနိုင်ရည်ရှိတယ်။"


လက်ထောက်ဒါရိုက်တာကျိန့် ချီးကျူးတာခံရတော့ ယဲ့ဇီကရှက်သွားပြီး လျောင်ချူရှင်းရဲ့အနောက်မှာ သွားပုန်းနေကာ ခေါင်းလေးပဲထွက်ပြီး လက်ထောက်ဒါရိုက်တာကျိန့်ကို ခိုးကြည့်နေသည်။


ယဲ့လီကလည်း လေးနှစ်ပဲရှိသေးတော့ ရှက်ရှက်နှင့်ခေါင်းငြိမ့်လိုက်သည်။


လက်ထောက်ဒါရိုက်တာကျိန့်က ယဲ့ကွမ်ရှန်ဘက်ကို လှည့်၍ "မင်းတို့ရဲ့ အနောက်မြောက်ဘက်ကိုသွားပြီး ကူညီချင်တဲ့စိတ်ကို လေးစားပါတယ်။"


"လိုအပ်တာကိုသာ ပြောလိုက်ပါ။ ငါတို့အသင်းက နိုင်သလောက် ကူညီပေးမှာပါ။"


အမှုရခါစကို ချန်းနျန်တု အနောက်မြောက်ဘက်ကိုသွားဖို့ စာတင်လိုက်သည်။


လက်ထောက်ဒါရိုက်တာကျိန့်လည်း မျက်နှာရသွားသည်။


ဒါကြောင့်မို့ပဲ သူက ယဲ့ကွမ်ရှန်ကို အားနာနေသည်။


ယဲ့ကွမ်ရှန် စဉ်းစားပြီးတော့မှ "ကျွန်တော့်သားက ခေါင်းကိုက်နေတုန်းပဲ သူပြန်ကောင်းလာမှပဲ သွားတော့မယ်။"


လက်ထောက်ဒါရိုက်တာကျိန့်က ယဲ့ကွမ်ရှန်ကို ကြည့်ပြီး "ငါအကြံတစ်ခုပေးလိုက်မယ်။ မင်းတို့ သမဝါယမအသင်းရဲ့ဆေးရုံမှာ ကလေးကို သွားပြလိုက်လေ။ ဆေးရုံတက်စရာရှိတာတက်ပြီး ဆေးသောက်စရာသောက်ပါ။"


ယဲ့ကွမ်ရှန်က မတ်တပ်ရပ်လိုက်ပြီး "ကျေးဇူးတင်ပါတယ်ခေါင်းဆောင်။"


ကျန်းတုံးကျုံးကလည်း သူ့အတွေးကို ပြောပြလိုက်သည်။ 


"ကျွန်တော်တို့ အိမ်ပိုင်ရှင်စုန့်ရဲ့အိမ်ထဲမှာ သိုးမွေးအနွေးထည်တွေနဲ့ ကြွေပန်းကန်တွေ တွေ့လိုက်တယ်။ နည်းနည်းလောက်ရွေးပြီး ရဲဘော်ယဲ့ကွမ်ရှန်နဲ့ သူ့မိသားစုကို ပေးချင်ပါတယ်။"


လက်ထောက်ဒါရိုက်တာကျိန့်က ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်ပြီ ရတယ်။" 


လက်ထောက်ဒါရိုက်တာကျိန့်က ယဲ့လီတို့တစ်မိသားစုလုံးကို ကြည့်လိုက်ပြီး "ရဲဘော်ကွမ်ရှန်ရဲ့စိတ်ဓာတ်ကို အရမ်းလေးစားတယ်။ အဲ့ဒါကြောင့် ရဲဘော်ကွမ်ရှန်ကို ဟောပြော‌ပွဲလေးတွေ လုပ်စေချင်တယ်။"


ဟောပြောပွဲ? ဒါက ယဲ့ကွမ်ရှန်ကို စံပြပုဂ္ဂိုလ်အနေနဲ့ ထားချင်နေတာလား?


တကယ်လို့ စံပြပုဂ္ဂိုလ်ဖြစ်သွားမယ်ဆိုရင် ယဲ့ကွမ်ရှန်ကိုဘယ်သူမှ ဒုက္ခပေးရဲတော့မှာ မဟုတ်ဘူး။


ယဲ့လီကတော့ ယဲ့ကွမ်ရှန်သဘောတူဖို့ မျှော်လင့်မိသည်။


ယဲ့ကွမ်ရှန်က ဇနီးဖြစ်သူကိုကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ "ကျွန်တော် ပြောတာကိုနားထောင်ပါ့မယ်။"


"ဟုတ်ပြီ ရဲဘော်ကောင်းပဲ!" လက်ထောက်ဒါရိုက်တာကျိန့်က ရယ်ရင်းဖြင့် ယဲ့ကွမ်ရှန်ရဲ့လက်ကို ကိုင်လိုက်သည်။


စကားခဏလောက်ပြောပြီးမှပဲ ကျန်းတုံးကျူံးက ယဲ့လီတို့တစ်မိသားစုလုံးနှင့် ရုံးခန်းမှထွက်သွားတော့သည်။


သမဝါယမအသင်းမှ ထွက်သွားပြီးနောက် ကျန်းတုံးကျုံးက အရှေ့ကနှစ်ထပ်တိုက်ကို ညွှန်ပြသည်။


"အဲ့ဒါက ငါတို့ချန်းနျန်တုရဲ့ အဆိုင်တစ်ရာမြောက်ဈေးဆိုင်ပဲ။ ဘေးမှာက စာတိုက်ရုံးနဲ့ ရှင်းဟွာစာအုပ်ဆိုင်၊ ဘယ်ဘက်ဆက်သွားမယ်ဆိုရင် အုပ်ချုပ်ရေး‌အဆောက်အအုံနဲ့ ထန်ယန်းအရက်ချက်ကုမ္ပဏီပဲ။"


"ဒီလမ်းတစ်ခုလုံးက ဈေးဆိုင်တွေပဲ။ အချိုပွဲဆိုင်၊ အသီးအရွက်ဆိုင်၊ အသားဆိုင်၊ ဓားဆိုင်၊ သားရေဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင်၊ ဖိနပ်ဆိုင်....."


ယဲ့လီ အရင်ဘဝကလည်း ဒီလိုလမ်းမျိုး မရောက်ဖူးတာကြောင့် ခေါင်းမော့ပြီး သေချာကြည့်နေသည်။


(A/N နှစ် ၅၀ ကနေ ၅၅ နှစ်အတွင်းက ဈေးဆိုင်တွေကို စုံစမ်းလို့ရခဲ့သည်။


အဲ့ဒီအချိန်တုန်းက ဈေးဆိုင်တွေအများကြီး ရှိခဲ့သည်။


အဲ့ဒီအချိန်တုန်းက ထန်ယန်းအရက်ချက်ကုမ္ပဏီက ရောင်းဝယ်ရေးကုမ္ပဏီပဲ။ အဲ့ဒီမှာအလုပ်လုပ်တဲ့သူရှိလား? သမိုင်းအကြောင်းပြောပြပေးပါ။)