Ch 1
Viewers 2k

အခန်း (၁) မှားယွင်းသော ဂုဏ်သတင်း

ချင်းရှီကျေးရွာ စာသင်သား ၀မ်လော့ရှန်း၏ အိမ်တွင်ဖြစ်၏။

၀မ်လော့ရှန်း၏ ကလေးသတို့သမီး ဆု၀န်က ကျိုးပဲ့နေသော အိပ်ရာပေါ်၌ အိပ်ပျော်နေပြီး ဖြူဖျော့ပိန်ကပ်နေလေ၏။ 

ဆု၀န်၏ ယောက္ခမလောင်း ၀မ်ရှီးနှင့် ယောက်မလောင်း ၀မ်‌လော့ရွှယ်တို့က တံခါးကို တွန်းဖွင့်လိုက်ကြသည်။

ဆု၀န်က သတိလစ်နေသေးသည်။

ယောက်မလောင်း ၀မ်လော့ရွှယ်က စိုးရိမ်ပူပန်စွာ ပြောလိုက်၏။

“အမေ သူ့အတွက် သမားတော်တစ်ယောက် ရှာကြရအောင်။ မဟုတ်ရင် သခင်လေးသွမ့်က မနက်ဖြန်ကျ အိမ်မှာလာစားသောက်တဲ့အခါ သမီးတို့ ဘယ်လိုလုပ်ကြမလဲ”

ဝမ်အမျိုးသမီးက မျက်မှောင်ကြုံ့လိုက်လေ၏။ “ငါသူ့ကို အရေးပေါသုံးဖို့ထားတာကို သူက သတိလစ်သွားရတယ်လို့”

မနက်ဖြန်ကျ လာလည်မည့်သူ၏ အရေးပါမှုကိုတွေးပြီး ၀မ်အမျိုးသမီးက ၀မ်လော့ရွှယ်ကို သမားတော်တစ်ယောက် သွားဖိတ်ရန် အကြည့်ဖြင့် အချက်ပြလိုက်ပြီး သူမက ကျိန်ဆဲရန် မမေ့လျော့ခဲ့ပေ။

“ငါက သူ့အတွက် ပိုက်ဆံသုံးပေးရအုံးမယ်။ ရှုံးလိုက်တာအေ”

၀မ်လော့ရွှယ်က ယခု အမြန်ပြေးထွက်သွားသည်။ သူမ၏ မျက်နှာပေါ်ရှိ စိုးရိန်ပူပန်မှုများက အစစ်အမှန် ဖြစ်သော်ြငား ဆု၀န်ကို စိတ်ပူသောကြောင့်မဟုတ်ပေ။

၀မ်လော့ရှန်း၏စာသင်ဖက် သွမ့်ကျင်းထျန်သည် ကျောင်းသို့ ၀မ်လော့ရှန်းယူလာသည့် စားစရာကို မတော်တဆ မြည်းစမ်းမိပြီး ထပ်တလဲလဲ အံ့သြမှင်တက်ခဲ့သည်။

ထိုစားစရာကို ၀မ်လော့ရှန်း၏ ညီမ ၀မ်လော့ရွှယ် ပြုလုပ်ပေးခဲ့ကြောင်းသိပြီး သွမ့်ကျင်းထျန်က ၀မ်လော့ရွှယ်၏ အချက်အပြုတ်လက်ရာသည် ချင်းယွင်ကောင်တီထဲရှိ အတော်ဆုံး စားတော်ကဲထက် ပိုတော်ကြောင်း ချီးကျူးခဲ့၏။ သူသည် ထမင်းတစ်နပ်စားရန် ၀မ်ချန်း၏ အိမ်သို့ ရောက်လာမှာြဖစ်သည်။

သွမ့်ကျင်းထျန်သည် ချင်းယွင်ကောင်တီရှိ အချမ်းသာဆုံး မိသားစု၏ သားဖြစ်သည်။ ဤသွမ့်သခင်လေးသည် ချမ်းသာယုံသာမက ချောမောခန့်ညားသည်။ ဝမ်လော့ရွှယ်က သူမရင်ထဲ၌ မျှော်လင့်ချက်ကောင်းများ ရှိနေလေ၏။

ထို့ကြောင့် ဆု၀န်နိုးမှ ရလေမည်။ ဆု၀န် နိုးမလာလျှင် မနက်ဖြန်ကျ ဧည့်သည်များအတွက် စားစရာ ရှိတော့မှာ မဟုတ်ပေ။ 

တကယ်တော့ ၀မ်လော့ရွှယ်က သမားတော်မပင့်ခင် ကျိုးပဲ့နေသော သစ်သားအိပ်ရာပေါ်တွင် လှဲနေသော ဆု၀န်က နိုးနေပြီဖြစ်သည်။ ဆု၀န်သည် ကီးတက္ကသိုလ်ရှိ စီးပွားရေးကျောင်းသူတစ်ယောက် ဖြစ်ပြီး သူမနိုးထလာချိန်၌ သူမသည် ဇာတ်လိုက် ၀မ်လော့ရှန်းနှင့် ဇာတ်လိုက်မင်းသမီး ယန်ယွင်ရန်တို့ကြား ချစ်ခြင်းတရားကို အတားအဆီး ဖြစ်စေသည့် နာမည်တူညီသော အမျိုးသမီးဇာတ်ပို့ဆီသို့ ကူးပြောင်းသွားကြောင်း သိလိုက်ရ၏။ ထို၀တ္ထုသည် သူမ ဖတ်နေခဲ့သည့် ၀တ္ထုဖြစ်သည်။ ၀တ္ထုထဲတွင် ဇာတ်ပို့ ဆု၀န်က ၀မ်လော့ရှန်း၏ ကလေးသတို့သမီးဖြစ်ခဲ့သည်။ သူမက မိုက်မဲလွန်းပြီး သပ်ရပ်မှုမရှိပေ။ သူမက မကြာခဏ ပေါ်လာတတ်တာ မဟုတ်ဘဲ အိမ်အလုပ်တချို့လုပ်မှသာ ပေါ်လာတတ်၏။

သူမကဤ၀တ္ထု၏ ဇာတ်လိုက်မင်းသမီး ယန်ယွင်ရန်နှင့် မယှဥ်နိုင်ပေ။ 

၀မ်လော့ရှန်းပေါ် သူမ အထင်ကြီးသောကြောင့် အမျိုးသမီးဇာတ်ပို့သည် ၀မ်မိသားစု၏ လျှို့ဝှက်ချက်များကို ခြိမ်းခြောက်မှုတစ်ရပ်အနေဖြင့် အသုံးပြုခဲ့ပြီး ဝမ်လော့ရှန်းကို သူမနှင့် လက်ထပ်ခိုင်းခဲ့ကာ ပညာသင်သားမိသားစု၌ မွေးဖွားခဲ့သော ယန်ယွင်ရန်ကို ကိုယ်လုပ်တော်တစ်ယောက် ဖြစ်စေခဲ့ပြီး ဇာတ်လိုက်မင်းသမီး ယန်ယွင်ရန်က သိမ်ငယ်မှုများစွာ ခံစားခဲ့ရသည်။

ဇာတ်ပို့သည် ဇာတ်လိုက်ဝမ်လော့ရှန်းနှင့် ကွာရှင်းပြီးနောက် သူသည် ဝမ်လော့ရှန်း၏ ပြိုင်ဘက် ရှန်လင်းကိုတောင် လက်ထပ်ခဲ့ပြီး သူတို့နှစ်ယောက်က ဇာတ်လိုက်မင်းသားနှင့် မင်းသမီးကို အတူပေါင်းပြီး ဖြေရှင်းတော့သည်။ 

ဝတ္ထုကို ဖတ်ပြီးသွားသော ဆုဝန်က သူမနှင့် နာမည်ချင်းတူညီသော အမျိုးသမီးဇာတ်ရံသည် ရက်စက်သော လူဆိုးတစ်ယောက်မဟုတ်ဘဲ သူမက အလွန်သနားဖွယ်ကောင်းမှန်း သိလိုက်ရသည်။

သူမသည် ငယ်ရွယ်စဥ်ကတည်းက ဝမ်မိသားစုထဲတွင် နွားလို မြင်းလို အလုပ်လုပ်ပေးခဲ့ပြီး ဝမ်မိသားစု၏ အိမ်တွင်းအိမ်ပြင်ကိုပါ ဂရုစိုက်ပေးခဲ့၏။ ဝမ်မိသားစုထဲရှိလူတိုင်းကို စိတ်ကျေနပ်စေရန် သူမ အလုပ်ကို အသုံးပြုခဲ့ပြီးဝမ်မိသားစုကို ဂရုစိုက်ခဲ့သည်။

သူမ အလုပ်ကြိုးစားမှုနှင့် အလုပ်လုပ်ရန် စိတ်လိုလားမှုကြောင့် ဝမ်မိသားစုသည် လုပ်ငန်းကိုင်ငန်းများ အစဥ်ပြေလာပြီး သူမ အထူးတလည်ဂရုစိုက်မှုကြောင့် ဝမ်လော့ရှန်းသည် ရွှေစာရင်း၌ နာမည်ပါလာ၏။ သူမ၏ စီမံခန့်ခွဲမှုကြောင့် ဝမ်လော့ရှန်း၏ အသက်မွေးဝမ်းကြောင်းသည်လည်း ချောမွေ့ခဲ့သည်။

သို့သော် ဝမ်မိသားစုသည် ထိုအရာများအားလုံးက မူလပိုင်ရှင်နှင့် သက်ဆိုင်သည်ဟု လုံးဝမတွေးခဲ့ပေ။ ဝမ်မိသားစုအမြင်အရ ဝမ်လော့ရှန်းသည် သူ၏ ပါရမီနှင့် ဥာဏ်ရည်ထက်မြက်မှုကြောင့် ကျောင်းတွင် အဆင်ပြေနေတာဖြစ်သည်။ 

ဝမ်မိသားစု မူလပိုင်ရှင်ဟု တွေးသူက ဟောင်းနွမ်းနေသော အဝတ်အစားများကို ဝတ်ထားသည့် မူလပိုင်ရှင်သည် ပညာသင်သားဖြစ်ပြီး ကျင်းရှီတစ်ယောက်ဖြစ်သော ဝမ်‌လော့ရှန်းနှင့် မထိုက်တန်ဟုသာဖြစ်သည်။ ရူးမိုက်သောဆုဝန်သည် မိသားစုအရေးကိစ္စများကို ဝင်စွက်ဖက်ရန် ဇနီးသည်တစ်ယောက်အနေဖြင့် သူမ၏ အဆင့်အတန်းကို အသုံးချခြင်းခဲ့သောကြောင့်သာ မဟုတ်လျှင် ပညာတတ်ဇာတ်လိုက်မ ယန်ယွင်ရန်သည် ဝမ်မိသားစုကို ပိုတောင်ကောင်းအောင် လုပ်ပေးနိုင်မှာ သေချာသည်။ အလွှာပေါင်းများစွာ ခြားပြီးနောက် မူလပိုင်ရှင်သည် ထိုအတိုင်းဖြစ်သွားတော့သည်။ 

ဆုဝန်သည် ဝမ်မိသားစုအတွက် အရာအားလုံးကို ဂရုစိုက်ပေးရန် အကောင်းဆုံး ကြိုးစားခဲ့သောငြား အဆုံးကျ ၀မ်မိသားစုသည် ဇာတ်လိုက်မ ယန်ယွင်ရန်ကိုသာ ချီးကျူးခဲ့ပြီး ယန်ယွင်ရန်က ပညာတတ်ကာ စီမံခန့်ခွဲမှုကောင်းသည်။ သူမသည် ဝမ်လော့ရှန်းကို ကောင်းမွန်စွာ ကူညီနိုင်သူဟု ဆိုခဲ့သည်။ ဆုဝန်က အလွန်ဒေါသထွက်ပြီး ဤအမျိုးသမီးဇာတ်ရံသည် သူမက အလားအလာရှိသည့်သူကို လက်ထပ်ခဲ့တာဖြစ်သည်။ ဆိုရလျှင် ဆုဝန်၏ အမျိုးသမီးဇာတ်ရံကဏ္ဍသည် ဝမ်လော့ရှန်းနှင့် ကွာရှင်းပြီးနောက် ဝမ်လော့ရှန်း၏ ရန်သူ ရှန်းလင်းကို လက်ထပ်ခဲ့ပြီး ထိုလူ၏ စီးပွားရေးက တစ်မုဟုတ်ချင်း အောင်မြင်လာခဲ့သည်။ 

ဝတ္ထုကိုဖတ်နေသော ဆုဝန်သည် ကျင်းလီ၏ဘဝ ဝမ်လော့ရှန်းကို သူမ ချစ်မြတ်နိုးခဲ့ပုံ၊ ဝမ်မိသားစုအတွက် သူမက မည်သို့သောပုံပေါက်မှန်း သိခဲ့ရသည်။ သူမသာ ဤအမျိုးသမီးဇာတ်ရံဆိုပါက ဝမ်မိသားစုမှ ထွက်ခွာပြီး စာအုပ်ထဲရှိ ရက်စက်ကြမ်းကြုတ်သော အမျိုးသားဇာတ်ပို့ ရှန်းလင်းကို တတ်နိုင်သမျှ မြန်မြန်သွားရှာမှာဖြစ်သည်။ သူတို့အတွဲက ကောင်းမွန်လွန်းသောကြောင့် မျက်ရည်များ ကျရလောက်သည်အထိ စိတ်ထိခိုက်စေသည်။ 

အမျိုးသားဇာတ်ပို့သည် ငယ်ရွယ်စဥ်ကတည်းက ဒုက္ခများစွာခံစားခဲ့ရကြောင်း စာအုပ်ထဲတွင် ပြောထားသည်။ သူမသည် ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးဇာတ်ပို့ ဖြစ်လာမည့်အစား ဝမ်မိသားစုအိမ်ကနေ စောစီးစွာ ထွက်ခွာပြီး အမျိုးသားဇာတ်ပို့အိမ်သို့ သွားသင့်သည်။ 

သူမ နိုးထလာချိန်၌ ကလေးသတို့သမီးလောင်း ဆုဝန်ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိချေ။ ဆုဝန်သည် အစောတုန်းက ဝမ်သားအမိ၏ ပြောစကားကို ကြားပြီး ယနေ့က သွမ့်ကျင်းထျန်တို့ ဝမ်အိမ်သို့ ညစားလာမစားမီ တစ်ရက်အလိုမှန်း သိလိုက်၏။ သူမ ဝမ်လော့ရှန်းနှင့် လက်မထပ်ရသေးပေ။

ဝတ္ထုထဲတွင် ယောက်မလောင်း ဝမ်လော့ရွှယ်ကျေနပ်စေရန်အတွက် ယခင်စီစဥ်ညွှန်ကြားသူ ယောက္ခမလောင်း ဝမ်ရှီးသည် ဟင်းလျာများအားလုံးနှင့် သူမ ပြုလုပ်ခဲ့သည့် ချည်ထိုးပန်းထိုးများအားလုံးကို သူမ၏ ယောက်မအမည်ဝမ်လော့ရွှယ် လုပ်ခဲ့သည်ဟု အမည် တပ်ခဲ့ပြီး ဝမ်လော့ရွှယ်အတွက် ဟွေ့ကျီလန်ရှင်း ဟူသည့် နာမည်ကောင်းတစ်ခု ဖန်တီးပေးခဲ့သည်။ ရလဒ်အနေဖြင့် ထိမ်းမြားရန်အတွက် ဝမ်လော့ရွှယ်၏ တံခါးဝသို့ လူများစွာရောက်လာကြပြီး အကြွယ်ဝဆုံးလူ၏သား သွမ့်ကျွင်းထျန်ကတောင် ဝမ်‌လော့ရွှယ်၏ ချက်ပြုတ်မှုလိုက်ရာကြောင့် ဝမ်လော့ရွှယ်အပေါ် မြင့်မားသည့် အမြင်တစ်ခုရှိသည်။ 

ချင်းရှီကျေးရွာရှိလူတိုင်းသည် ဝမ်လော့ရွှယ်က စိတ်ထားကောင်းသည့် မိန်းမကောင်းလေးတစ်ယောက် ဖြစ်သည်။ လူတိုင်းသည် ဝမ်မိသားစု၏ အသက်ရှူမှားလောက်ဖွယ် စားစရာများအကြောင်း ပြောနေကြပြီး ဝမ်မိသားစု၏ အဝတ်အထည်ပေါ်ရှိ ချည်ထိုးလက်ရာများကိုသာ မြင်ကြသည်။ 

တကယ်တော့ ဝမ်မိသားစု၏ အိမ်တွင်းအလုပ် အိမ်ပြင်အလုပ် အလုပ်ကြမ်းများဖြစ်စေ သိမ်မွေ့သော လက်ရာများဖြစ်စေ အားမလုံးကို မူလပိုင်ရှင် ကလေးသတို့သမီးကသာ ပြုလုပ်ခဲ့တာဖြစ်သည်။ 

မူလပိုင်ရှင်သည်  ၀မ်မိသားစုအိမ်သို့ ရောက်လာချိန်မှစ၍ ဝမ်လော့ရွှယ်က သူဌေးမိသားစု၏ သမီးတစ်ယောက်ကဲ့သို့ နေခဲ့ရသည်။ သို့သော် ဝမ်လော့ရွှယ်သည် ဟောင်းနွမ်းသည့် အဝတ်အစားများ ဝတ်ထားသူများကို ဘယ်တုန်းကမှ အထင်မသေးခဲ့ပေ။ ဆုဝန် သူမမောင်နှင့် သူမအစ်ကိုတို့က ချစ်မြတ်နိုးရသူ ယန်ယွင်ရန်တို့က ညီအစ်မကဲ့သို့ ရင်းနှီးခဲ့ကြသည်။ 

အမျိုးသမီးဇာတ်ပို့သည် ဝမ်လော့ရွှယ်၏ “ဟွေ့ကျီလန်ရှင်း”ဟူသော ဂုဏ်သတင်းအကြောင်း အမှန်အတိုင်းပြောမည်ဟု ခြိမ်းခြောက်ပြီး ဝမ်လော့ရှန်းနှင့် လက်ထပ်ခဲ့သည်။

ကလေးသတို့သမီးသည် ဝမ်မိသားစုအတွက် ဘာမှ ပြန်မပေးခဲ့ဘဲ ဝမ်လော့ရှန်းနှင့် ယန်ယွင်ရန်တို့ကြားရှိ ဆက်ဆံ‌ရေးကို အတားအဆီးဖြစ်စေသော ရက်စက်ကြမ်းကြုတ်သည့် အမျိုးသမီးဇာတ်ပို့အဖြစ်သာ နေထိုင်ခဲ့ပြီး ဝမ်မိသားစု၏ ပျော်ရွှင်နေသောဘဝကို ဖျက်ဆီးခဲ့သည်။ 

အချစ်နှင့်အမုန်းကို ရှင်းရှင်းလင်းလင်းသိသော လူတစ်ယောက်အနေဖြင့် ဆုဝန်သည် ဝမ်မိသားစု၏ မျက်လုံးဖြူ ဝံပုလွေ မဖြစ်ခဲ့ပေ။ ဝမ်လော့ရှန်း၏ ရန်သူ ရှန်လင်းက သူမကို အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး သူမသည် ရှန်လင်းကို ရှာရန်အတွက် ဝမ်မိသားစုထဲမှ ထွက်သွားချင်ရုံသာရှိသည်။

ဆုဝန်သည် လက်ရှိအခြေအနေကို ဝေဖန်ဆန်းစစ်ခဲ့၏။ ယခုအချိန်တွင် ဝမ်မိသားစုက မတိုးတက်သေး‌ပေ။ ဆုဝန်က ခက်ခဲပင်ပန်းပြီး ညစ်ပတ်သည့် အလုပ်အားလုံးကို ဖြေရှင်းရန်လိုသည်။ ဝမ်မိသားစုက ကလေးသတို့သမီး ဆုဝန်ကို သေချာပေါက် အလွယ်တကူ ထွက်သွားခွင့်ပေးမှာ မဟုတ်ပေ။ အမျိုးသားဇာတ်ပို့ ရှန်လင်းနှင့် ဝမ်လော့ရှန်းက အိမ်နီးချင်းများဖြစ်ပြီး သူတို့က ယခုအချိန်တွင် ဆင်းရဲနေကြသည်။ ဆုဝန်သည် ရှန်မိသားစုသို့ သွားရန် ဝမ်မိသားစုမှ အလျင်စလို ထွက်ခွာခဲ့လျင် ဝမ်မိသားစုက သူမကို လွှတ်ပေးဖို့ ငြင်းဆန်မည်ဖြစ်ကာ ရှန်မိသားစုကလည်း အခက်တွေ့နေလိမ့်မည်။ 

မနက်ဖြန်ကျ အိမ်တွင်လာစားသောက်မည့် အကြွယ်ဝဆုံးလူ၏သား သွမ့်ကျင်းထျန်အကြောင်း တွေးမိပြီး ဆုဝန်၏ စိတ်ထဲ အကြံဥာဏ်တစ်ခု ပေါ်လာသည်။ သူမသာ ရှန်၏အိမ်သို့ အရင်သွားချင်ပါက တိုင်းပြည်ကို ကယ်တင်ရမည်ဖြစ်ကာ ဝမ်မိသားစုအိမ်မှ အပြည့်အဝ ထွက်ခွာနိုင်ရန် တရားဝင်အကြောင်းပြချက်တစ်ခု အရင်ဆုံး ရှာရမည်။ 

ဝမ်လော့ရွှယ်၏ ဟွေ့ကျီလန်ရှင်းဟူသော ဂုဏ်သတင်းသည် ဝမ်လော့ရွှယ်၏ ကိုယ်ပိုင်အရည်အချင်းအစစ်ဖြင့်သာ ရသင့်သည်။

ဝမ်လော့ရွှယ်က သမားတော်ကို ဝမ်မိသားစုအိမ်သို့ အမြန်ခေါ်သွားသော်ငြား ဆုဝန်နိုးနေပြီဆိုတာကို ဆေ

တွေ့လိုက်ရသည်။ ယခု သူမနိုးလာပြီဖြစ်သောကြောင့် ဆုဝနကို ကုသပေးရန် သမားတော်ကို မလိုအပ်တော့ချေ။ 

ဝမ်လော့ရွှယ်က သမားတော်ကို ပြန်သွားခိုင်းသော်ငြား သမားတော်က သူသည် အချည်းနှီး ခြေမကြွနိုင် ဆွေးနွေးခအဖြစ် ၁၅ဝမ်တောင်းခဲ့သည်။

ဝမ်‌လော့ရွှယ်က ရွေးချယ်စရာမရှိတော့ဘဲ သမားတော်ကို ငွေ၁၅ပြားပေးခဲ့ရ၏။ ပြီးနောက် ဆုဝန်ကို အေးတိအေးစက် မျက်နှာထားဖြင့်  မနက်ဖြန်ကျ ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက် လာမည်ဖြစ်ကြောင်းနှင့် ဟင်းလျာ၈မျိုးနှင့် ဟင်းချိုတစ်ခွက် ချက်ခိုင်းထားပြီး မနက်ဖြန်မနက်မတိုင်ခင် ဝမ်လော့ရွှယ်၏ အိမ်ကို သန့်ရှင်းရေး လုပ်ခိုင်းထား၏။ အင်္ကျီများနှင့် အဝတ်ကော်လံများကို ပျိုနီပန်းများ ချည်ထိုးထားရမည်။

လုံ့လဝီရိယရှိပြီး ခြိုးခြံချွေတာတတ်သော အိမ်အကူ ဝမ်ရှီးကမူ ဆုဝန်ကြောင့် ၁၅ဝမ် အချည်းနှီးသုံးခဲ့ရကြောင်း သိသောအခါ ခြံဝန်းထဲတွင် ဆုဝန်ကို အော်ဟစ်နေ၏။

“ဆုဝန် နင်မိသားစုကို ဆုံးရှုံးပြီးပြီဘဲ။ ညည်း ဒီအိမ်ကို ရောက်လာသည့် အချိန်ကစပြီး ပြဿနာတွေ ဘယ်လောက် ဖြစ်စေခဲ့ပြီးပြီလဲ။ မနှစ်တုန်းက နင်ပန်းကန်ဆေးတုန်းက ပန်းကန်တစ်ချပ်ခွဲခဲ့တယ်။ ပန်းကန်လုံးတစ်လုံးကို ၁၀ ဝမ် တန်တယ် ၁၀ ဝမ်”

“တစ်နေ့လုံး ခက်ခဲနေတော့တာပဲ။ နင့်ရဲ့ မျက်နှာထားကို ပြင် ငါတို့မိသားစုရဲ့ ကံကောင်းမှုကို နင်ဖျက်စီးနေတာ။ “

“တစ်နေ့လုံး ဘယ်လိုပျင်းရိရမလဲဆိုတာပဲ နင်သိတယ်။ တစ်နေ့ကုန် အလုပ်မလုပ်ဘူး။ အစကတည်းက ဒီနေရာကနေ ထွက်သွားပါတော့လား ဆန်ကုန်မြေလေးရဲ့”

၁၅ ဝမ် ကုန်ပြီးနောက် ဝမ်ရှီးက တံတွေးထွေးပြီး ရေအိမ်သွားတော့သည်။ 

ရုတ်တရက် နောက်ဖေးခြံဝန်းထဲမှ “အို့”ဟူသော အသံတစ်သံ ပေါ်ထွက်လာပြီး ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဝမ်ရှီး၏ ခေါ်သံကြားလိုက်ရတော့သည်။ ဝမ်ရှီး၏ အော်သံက အမြန်ထွက်လာသည်။

“‌လော့ရွှယ် လော့ရွှယ် ဒီကို မြန်မြန်လာအုံး။ အမေ ရေအိမ်ထဲ ပြုတ်ကျသွားလို့”

ဆုဝန်က အလွန် စိတ်သက်သာရာရသွားသည်။ 

အရေးပေါ်အခြေအနေတွင် ဝမ်ရှီးကသူ့သမီးအရင်းကိုသာ တွေးမိသည်။

ဝမ်အမျိုးသမီးသည် အပြောအဆို ကိုယ် နှုတ် အမူအရာ နှစ်ရပ်လုံးက ကျေးတောသူသာ ဖြစ်၏။

သူမသည်  ဝမ်‌မိသားစုက ဝမ်လော့ရှန်းကို အရှက်ကွဲစေမှာကို စိုးရိမ်ပူပန်သောကြောင့် ဆုဝန်သည် ဝမ်ရှီးနှင့် ဝမ်လော့ရှန်း၏ အတန်းဖော်များ လုပ်ဖော်ကိုင်ဖက်များနှင့် အဆက်အဆံမလုပ်မိအောင် အကောင်းဆုံးရှောင်ခဲ့သည်။ သို့သော် ဝမ်မိသားစုသည် သူမက သူတို့အလုပ်အကိုင်ကို ဖျက်စီးသည်ဟုသာ အမြဲတစေပြောခဲ့သည်။ နောင်ကျ ဆုဝန်သည် ဝမ်ရှီး၏ အလွန်ရက်စက်သည့် အမူအကျင့်ကို တားတော့မှာ မတားဘဲ သူမကိုယ်သူမ ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးဇာတ်ပို့အဖြစ် ပြောင်းလဲခဲ့သည်။ 

ထို့အပြင် ဆုဝန်သည် မနက်ဖြန်အခွင့်အရေးကို ယူပြီး ဝမ်မိသားစုထဲမှ ထွက်သွားမည်။

ဝမ်လော့ရွှယ်က မျက်မှောင်ကြုတ်လိုက်၏။ သူမသည် တစ်စုံတစ်ယောက်ကို ကူဖို့ ရေအိမ်သို့ မသွားချင်ပေ။ ထိုလူက သူမမိခင်အရင်း ဖြစ်နေလျှင်တောင် မသွားချင်။ ဝမ်လော့ရွှယ်က မနှစ်မြို့ဖွယ်အနံ့ကို ရနေပြီးသည့်ပမာ နှာခေါင်းပိတ်ထားလိုက်သည်။

“ဆုဝန် နင်သွားလိုက်”

ဝမ်လော့ရွှယ်သည် ဆုဝန်က သတိလစ်ရာမှ နိုးထခါစဆိုတာကို လျစ်လျူရှုထားလျက် ညွှန်ကြားလိုက်တော့သည်။ 

ဆုဝန်က လှည့်လာပြီး သူမအသံက ဖျော့တော့နေ၏။ 

“မနက်ဖြန်နေ့လည်စာက အရေးမကြီးဘူးလား။ အခု ပါဝင်ပစ္စည်းတွေ သွားပြင်ဆင်တော့မယ်” ပြောပြီးနောက် ဆုဝန်သည် ထပ်ပြီး လဲကျသွားတော့မည့်သယောင် ခန္ဓာကိုယ်ကို လှည့်ထွက်သွားသည်။ 

ဝမ်လော့ရွှယ်သည် မည်သည်က ပိုအရေးကြီးမှန်း သိနေသောကြောင့် နှုတ်ခမ်းတွန့်လျက် ဆုဝန်ကို မကျေမနပ်ကြည့်ကာ ပြောလိုက်၏။

“သကြားညိုရည်တချို့ သွားသောက်လိုက်။ မြန်မြန် ပြင်ဆင်တော့။ မနက်ဖြန် ဘာမှ မလွဲချော်စေနဲ့”

ဝမ်ရှီးက ထပ်ခေါ်ပြန်၏။

“ဝမ်လော့ရွှယ် သမီးမိုက်။ ဒီအမေအိုကြီးကို ဘာကြောင့် လာမကူသေးတာလဲ။ ဆုဝန် ဆုဝန် မျက်လုံးဖြူ ဝံပုလွေ။ ဝမ်မိသားစုက နင့်ကို စားစရာတွေပေးနေတာ”

ဝမ်လော့ရွှယ်က မျက်ရည်မကျဘဲ ငိုချင်လာသည်။ နှာခေါင်းပိတ်ထားလျက် ရေအိမ်သို့သွားကာ သူမ၏ မိခင် အမျိုးသမီးဝမ်ကို ဆွဲထုတ်လိုက်၏။

ဆုဝန်သည် မီးဖိုချောင်ထဲတွင် မနက်ဖြန်အတွက် ဟင်းချက်ဖွယ်ရာများကို အေးအေးလူလူ ပြင်ဆင်နေပြီး အမျိုးသမီးဇာတ်ပို့သည် တကယ့်ကိုပင် ကံကောင်းခြင်း ငါးလေးမှန်း သိလိုက်သည်။ သူမ နိုးထလာခါစ ဖြစ်သည့်တိုင် အားမနည်းတော့ပေ။ 

အမျိုးသမီးဝမ်က ရေအိမ်ထဲ ပြုတ်ကျသွားပြီး ‌ဒေါသများပြည့်နေကာ မည်သည့်နေရာမှာမှ ပေါက်ကွဲစရာမရှိ ဖြစ်နေသည်။ အိမ်အပြင်ကို သန့်ရှင်းရေးလုပ်နေစဥ် သူမက ဆုဝန်ကို ဆွဲခေါ်တော့၏။ 

“ဒီဟာမ ဆုဝန်သာ သတိမလစ်သွားရင် ငါက ရေအိမ်ထဲ ဘယ်လိုလုပ်ပြုတ်ကျမှာလဲ”

ဆုဝန်သည် သူမသာသာ တွေးလိုက်၏။ ဤရက်စက်ကြမ်းကြုတ်သော အမျိုးသမီး ဇာတ်ပို့ကဏ္ဍသည် တစ်ကယ့်ကိုပင် ရက်စက်ကြမ်းကြုတ်သော  အမျိုးသမီးဘဲ ဖြစ်၏။ အမျိုးသမီး ဖြစ်လာရသည့်အကြောင်းမှာ ဆိုးရွားသည့် ကိစ္စဟူသမျှသည် ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးဇာတ်ပို့ကြောင့်သာ ဖြစ်သည်ဟု ယမယ်ရှာခံရသည်။ ဝမ်ရှီးက သူမထွက်သွားပြီးနောက် အရာအားလုံးအတွက် သူမိကို အပြစ်တင်မလားဟုတောင် သိချင်မိသည်။ 

စာအုပ်ထဲတွင် သွမ့်ကျင်းထျန်က အိမ်တွင်လာစားသောက်သည့်နေ့တွင် အမျိုးသမီးဇာတ်ပို့သည် သွမ့်ကျင်းထျန်က သူတို့မိဘ၏ ရုပ်ဆိုးသောအသွင်အပြင်ကြောင့် မနှစ်မြို့ဖြစ်မှာကို စိုးရိမ်ပူပန်ခဲ့၏။ ထို့ကြောင့် သူမသည် ဝမ်လော့ရှန်းနှင့် သိပ်စကားမပြောခဲ့ပေ။ ဝမ်လော့ရှန်း၏ စာကြည့်ခန်းထဲသို့သာ စားစရာများ အရင်ဆုံးယူသွားပေးပြီး ဝမ်လော့ရှန်းကို ဧည့်သည်များနှင့်သာ စားစေ၏။

သွမ့်ကျင်းထျန်၏ မိသားစုက စီးပွားရေးလုပ်ငန်းကြီး ရှိနေပြီ။ အများစုက အိမ်တွင် စာအုပ်များ စုဆောင်းထားကြသည်။ ဝမ်လော့ရှန်းကသာ သွမ့်မိသားစုမှ စုဆောင်းထားသည့် စာအုပ်အနည်းအကျဥ်းကို ရနိုင်လျှင် ဆယ်နှစ်စာ အေးစက်သောပြတင်းပေါက်ကို အနည်းဆုံး ၃နှစ် လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးဇာတ်ပို့သည် ဝမ်လော့ရှန်းနှင့် သွမ့်ကျင်းထျန်၏ ဆက်ဆံရေးကို အဆင်ပြေအောင်ပံ့ပိုးပေးခဲ့သည်။ 

သူမသည် စာကြည့်ခန်းထဲသို့ စားစရာများ ယူသွားပေးစဥ် သူမက ဝမ်လော့ရွှယ်၏ အကျိုးဆောင်မှုများကို ဖျက်ဆီးခဲ့သည်ဟု ဝမ်မိသားစုက စောဒကတက်ခဲ့သည်။ လူတိုင်း အတူတကွ စားသောက်နေလျှင် ဝမ်လော့ရွှယ်က သွမ့်ကျင်းထျန်နှင့် ပိုပြီးထိတွေ့ရန် အခွင့်အရေး ရလာလိမ့်မည်။ အဆက်အသွယ်ရှိခဲ့ပါက သွမ့်ကျင်းထျန်သည် သေချာပေါက်ပျော်ရွှင်လိမ့်မည်။ 

ဝမ်ရှီ၏ ဖခင်နှင့် မိခင်တို့သည် ရုပ်ပျက်ဆင်းပျက် စားသောက်တတ်ခြင်းကြောင့် သူတို့ ဂုဏ်သိက္ခာကို ထိခိုက်နာကျင်စေမည်ကို စိုးရိမ်သဖြင့် အမျိုးသမီးဇာတ်ပို့သည် အကြောင်းအရင်းမှန်ကို မပြောခဲ့ဘဲ ဝမ်မိသားစုမှ စောဒကတက်မှုအားလုံးကို သည်းခံခဲ့၏။ အမျိုးသမီးဇာတ်ပို့သည် လူအများကို မြှင့်တင်ပေးရာ၌ အောင်မြင်လာ၏။

ဆုဝန်က စိတ်ပြင်ဆင်လိုက်သည်။  ထို့ကြောင့် သူမ ၎င်းကို စိုးရိမ်မနေတော့ပေ။ သူမ ဧည့်သည်များနှင့် ဝမ်မိသားစုကို တစ်စားပွဲထဲ၌ အတူစားခွင့်ပေးကာ ဝမ်လော့ရွှယ်နှင့် ပိုမို ထိတွေ့ဆက်ဆံခွင့် ပေးလိုက်မည်။