အခန်း (၃၈)
ဝမ်လော့ရှန်းသည် ရှန်လင်းနှင့် ဆုဝန်တို့ ရှန်ယာယာနှင့်အတူ မနီးမဝေးမှ လာနေသည်ကို တွေ့လိုက်သောအခါ သူသည် တကယ့်ကို မသက်မသာ ခံစားလိုက်ရသည်။
ဆိုရပါလျှင် အရာအားလုံးသည် ဆုဝန် လမ်းပေါ်၌ မေ့လဲကျသွားသောကြောင့်သာဖြစ်သည်။ အကယ်၍ သူမသာ လဲမကျခဲ့ပါလျှင် ဝမ်မိသားစုသည်လည်း သူမအား သူတို့မိသားစုမှ ဤလောက်မြန်မြန် ခွဲထုတ်မည် မဟုတ်ပေ။ သူမသည် ဝမ်မိသားစုတွင် ဆက်နေနေပြီး ဝမ်မိသားစု၏ ဝင်ငွေရရှိရေးအတွက် တစ်စိတ်တစ်ဒေသမှ ကူညီပေးကာ သူမ၏ ယခု ပုံပန်းသွင်ပြင်နှင့်သာဆိုပါလျှင် သူသည် သူမကို အနာဂတ်တွင် ကိုယ်လုပ်တော်အဖြစ် လက်ထပ်ယူမည်ဖြစ်သည်။
ဝမ်လော့ရှန်းယခင်ဘဝက ဆုဝန်သည် သူ၏ ဇနီးမယားဖြစ်ခဲ့ပြီး ယန်ယွင်ရန်သည် သူ၏ ကိုယ်လုပ်တော် ဖြစ်ခဲ့သည်ကို သိသော်လည်း ယန်ယွင်ရန်အတွက်မူ မှားယွင်းသည်ဟု ခံစားရနိုင်သည်။ သို့သော် သူသည် အကျိုးရှိရှိ ကိုင်တွယ်နေနိုင်သေးသရွေ့ သူသည် ယန်ယွင်ယန်အား သူ့ဇနီးအဖြစ် တင်မြှောက်ကာ ဆုဝန်ကို ကိုယ်လုပ်တော်အဖြစ် ယူလိုက်မည်ဆိုပါလျှင် ယခင်ဘဝနှင့် လုံးဝသွေဖီ ဆန့်ကျင်နေပေလိမ့်မည်။
ဝမ်လော့ရှန်းသည် ဆုဝန်က ယခင်က ပုံစံနှင့် လုံးဝမတူကွဲပြားနေသည်ကို မြင်လိုက်ရသည်။ ယခုအခါ သူသည် သူ့ရင်ထဲတွင် ဆုဝန်ကို မမုန်းတော့ပါ။ ဝမ်လော့ရှန်းသည် အကြိမ်ပေါင်းများစွာ သူ့စိတ်ထဲတွင် ဆုဝန်အား နံဘေးမှ ရနံ့မွှေးပျံ့သော အင်္ကျီလက်အနီရောင်ကို ထည့်ပေးလိုက်ပါလျှင် အကြံဆိုးတစ်ခု မဟုတ်ဟုပင် တွေးမိပေသည်။
ဆုဝန်သည် ဝမ်အိမ်တော်၏ ဂိတ်ပေါက်ဝအနီး၌ ဝမ်လော့ရှန်း ထိုင်နေသည်ကို မြင်လိုက်သည်။ သို့သော် ဆုဝန်သည် သူ့ကို မမြင်ချင်ယောင်ဆောင်ပြီး ရှန်ယာယာ၏ လက်ကိုကိုင်ကာ ရှန်လင်း၏ အနောက်မှ နီးကပ်စွာ လိုက်လာခဲ့သည်။
"အဟမ်း အဟမ်း အဟမ်း" ဝမ်လော့ရှန်းသည် ဆုဝန်က သူ့ကို မမြင်ဘူးဟု ထင်၍ ရည်ရွယ်ချက်ရှိရှိဖြင့် အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်သည်။
ဆုဝန်ကလည်း မကြားချင်ယောင်ဆောင်ကာ ရှန်လင်းနောက်မှ လိုက်သွားပြီး ရှန်အိမ်တော်သို့ ဝင်သွားရန် ပြင်လိုက်သည်။ ဝမ်လော့ရှန်းသည် ဆက်သည်းမခံနိုင်တော့့ပေ။ ထို့ကြောင့် သူသည် လှမ်းခေါ်လိုက်သည်။ "ဆုဝန်"
သို့သော် ဆုဝန်သည် မကြားချင်ယောင်သာဆောင်ပြီး သူတို့နှစ်ယောက်လုံးသည် ရှန်အိမ်တော ထဲသို့ ခြေလှမ်းနေကြပြီ။
ဝမ်လော့ရှန်းသည် ယခုအခါ အလွန်ပင် ဒေါသထွက်သွားပြီး သူ့အိမ်ဂိတ်ပေါက်မှ အမြန်ထွက်ကာ ခြံအိမ်တော်၏ တံခါးပေါက်ရှေ့သို့ သွားပြီး အော််ခေါ်လိုက်သည်။ "ဆုဝန်"
ခြံတံခါးသို့ လှမ်းနေသော ရှန်လင်း၏ လက်များသည်လည်း ရုတ်တရက် ရပ်တန့်သွားသည်။
ဝမ်လော့ရှန်းသည် ထပ်၍ ခေါ်ပြန်သည်။ "ဆုဝန်"
ဆုဝန်သည် မျက်မှောင်ကြုတ်ပြီး စိတ်မရှည်စွာမေးလိုက်သည်။ "ဘာဖြစ်လို့လဲ အစ်ကိုဝမ်"
ဆုဝန်က အစ်ကိုဝမ်ဟု ခေါ်လိုက်သည်။ ယခင်က ဆုဝန်သည် ဝမ်လော့ရှန်းအား ကိုကိုလော့ရှန်း ဟု ခေါ်နေကျ ဖြစ်ပြီး အလွန်ကြင်နာလှသည်။ သို့သော် ယခုအခါ ဆုဝန်သည် သူ့အား အစ်ကိုဝမ်ဟု ခေါ် လိုက်သောအခါ ဝမ်လော့ရှန်း သည် ပို၍ပင် မကျေမနပ်ခံစားလိုက်ရသည်။
"စကားနည်းနည်းလောက် ပြောပါရစေဦး" ဝမ်လော့ရှန်း၏ အသံသည် အလွန်နူးညံ့နေသည်။
ဆုဝန်သည် တစ်ခြမ်းပိတ်ထားသော ရှန်အိမ်တော် အိမ်တံခါး၏ အတွင်းဘက်တွင် ရပ်ကာ "အကယ်၍ အစ်ကိုဝမ် တစ်ခုခုပြောစရာ ရှိတယ်ဆိုရင် ဒီကနေပဲ ပြောကြရအောင်ပါ" ဟု ပြောလေသည်။
ဝမ်လော့ရှန်း၏ အသံသည် ပို၍ပင် နူးညံ့လာသည်။ "ဒီနေရာမှာ စကားပြောရတာ အဆင်မပြေမှာ အစ်ကို စိုးတယ်"
ဆုဝန်သည် နားထောင်ပြီး ပြန်ပြောသည်။ "အမျိုးသားနဲ့ အမျိုးသမီးတွေမှာ စည်းတွေအများကြီး ရှိပါတယ်။ ခုလို အပြင်မှာ ပြောဖို့မသင့်တော်တဲ့ စကားမျိုးဆိုရင် နှစ်ဦးတည်းရှိတဲ့ နေရာမျိုးမှာလဲ ပြောဖို့ သင့်တော်မှာ မဟုတ်ပါဘူး။ အကယ်၍ အစ်ကိုဝမ် အခြားပြောစရာ မရှိတော့ဘူး ဆိုရင် ကျွန်မ သွားပါတော့မယ်" ဆုဝန်သည် ထိုသို့ပြောပြီး တံခါးကိုပိတ်ရန် ဟန်ပြင်လိုက်သည်။
ဝမ်လော့ရှန်းသည် ကတိုက်ကရိုက်နှင့် ရှေ့သို့ တိုးလာသည်။ ရှန်မိသားစုတံခါး ပိတ်သည်ကို မြင်သောအခါ သူသည် ပြောလိုက်သည်။ "ညီမဆုဝန် အစ်ကို ညီမကို ပြောစရာ တကယ်ရှိတာပါကွာ" ယခင်က ဝမ်လော့ရှန်းသည် ဆုဝန်အား သူ့ညီမငယ်ကဲ့သို့ တစ်ခါမှ မခေါ်ဖူးပေ။ ထို့ပြင် အမြဲတမ်းလိုလို အဆင့်နိမ့်သူတစ်ဦးကဲ့သို့ အော်ဟစ်၍သာ ပြောဆိုနေခဲ့ဖူးသည်။ ယခုအချိန်မှသာ ဆုဝန်၏နာမည်ကိုခေါ်ကာ ဝမ်လော့ရှန်းသည် သူ့ညီမငယ်တစ်ဦးကဲ့သို့ အသံဖြင့် ပြောခြင်းဖြစ်သည်။ တကယ့်ကို မြှောက်ပင့်ပြောဆိုသည့် ပုံစံဖြင့် ပြောခြင်းဖြစ်ပါပေသည်။
ဤသည်ကို မြင်သောအခါ ရှန်လင်းသည် အိမ်ထဲသို့ ဝင်သွားချင်သည်။
ဆုဝန်က ရှန်လင်းကို တားရင်း ပြောလိုက်သည်။
"အစ်ကိုရှန်လင်း ညီမကို ခဏစောင့်ပေးပါ။ အစ်ကိုဝမ် ပြောတဲ့ထဲမှာ အစ်ကိုနားထောင်မရတာ ဘာမှမရှိပါဘူး" ဝမ်လော့ရှန်းသည် အလွန် ဒေါသထွက်သွားသည်။ သူ ဆုဝန်ဆီ လာရသည့် အဓိကအကြောင်းအရင်းမှာ သူသည် သူ့အမေပြောသောစကားကို ကြားပြီးနောက် ဆုဝန်တွင် လစာဘယ်လောက် ကျန်သေးသည်ကို မေးပြီး လစာကို ပြန်ပေးလိုက်ဖို့ ပြောရန်သာ ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဝမ်မိသားစုသည် ငွေကြေးအနည်းငယ် အဆင်ပြေနေကြသဖြင့် အဝတ်အစားအသစ်များ ပစ္စည်းအသစ်များကို ဝယ်ခဲ့ကြသည်။ ထိုပိုက်ဆံများအားလုံးမှာ အစေခံ ခန့်ထားရန် ပိုက်ဆံများ ဖြစ်သည်။ ပိုက်ဆံများကုန်သွားသောအခါ ယခုအချိန်တွင် အမျိုးသမီးဝမ်သည် အဝတ်ဆိုင်နှင့် အခြားဆိုင်များကို ပေးရန် ပိုက်ဆံများ ကျန်နေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဆုဝန်၏ ပုံပန်းသွင်ပြင်သည် ကြည့်ကောင်းနေပြီး အားနည်းသည့် အရိပ်အယောင် လုံးဝမရှိတော့သည်ကို အမျိုးသမီးဝမ်သည် သိထားသည်။ ထို့ကြောင့် သူမသည် ဝမ်လော့ရှန်းအား စေလွှတ်ပြီး ဆုဝန်၏ လစာများအကြောင်းကို မေးခိုင်းသည်။
အမှန်တကယ်ပင် ဝမ်မိသားစုသည်လည်း ဝမ်လော့ရှန်းအား ဆုဝန်ကို သေချာဂရုစိုက်ပြီး သိမ်သိမ်မွေ့မွေ့ဆက်ဆံရန် မှာလိုက်သည်။ သို့မှသာ ဆုဝန်သည် ဝမ်မိသားစုဆီကို ပြန်ပြောင်းရွှေ့လာပြီး သူတို့မိသားစုအတွက် အလုပ်များ လုပ်ပေးချင်လာမည် ဖြစ်ပေသည်။
ဝမ်လော့ရှန်းသည် ဝမ်အမျိုးသမီးဆီမှ ဆုဝန်ကို သေချာဂရုစိုက်ပြီး သိမ်မွေ့စွာ ဆက်ဆံပေးရန် ပြောဆိုချက်ပင် မလိုအပ်ပေ။ ယခုရက်ပိုင်းအတွင်းတွင် သူသည် ဆုဝန်နှင့် မကြာခဏ ဆုံမိသည်။ သူသည် ဆုဝန်ကို မြင်လိုက်တိုင်း သူ့စိတ်ထားသည် မထင်မှတ်ဘဲနှင့် နူးညံ့သွားတတ်သည်။ ထို့ကြောင့် ဝမ်လော့ရှန်း၏ စိတ်ထားသည် ယခုအချိန်တွင် ဟန်ဆောင်နေစရာမလိုဘဲ နူးညံ့သွားလေသည်။
ဆုဝန်က ရှန်လင်းထွက်သွားမည်ကို ငြင်းပယ်နေသည်ကို တွေ့လိုက်ရသောအခါ ဝမ်လော့ရှန်းသည် အနည်းငယ် ခေါင်းကိုက်သွားသည်။ ရှန်လင်းရှိနေချိန်တွင် ဆုဝန်အား ပိုက်ဆံအကြောင်း မေးရမည်ကို သူသည် တကယ်ရှက်ပေသည်။
သို့သော် ယခုအခါ ဆုဝန်သည် ရပ်ခိုင်းလိုက်သောကြောင့် သူသည် တစ်ခုခုတော့ ပြောရမည်ဖြစ်သည်။ ထို့ကြောင့် ဝမ်လော့ရှန်းသည် ပြောလိုက်သည်။ "ခုရက်ပိုင်းအတွင်း ဘယ်လိုတွေ နေနေလဲ။ အစားအသောက်နဲ့ အဝတ်အစားရော လုံလောက်ရဲ့လား။ အမေနဲ့ ညီမလေးက ညီမဆုဝန်နဲ့ပတ်သက်ပြီး တကယ်ကို စိတ်ပူနေတာ"
ဆုဝန်သည် သူမရင်ထဲမှ လှောင်ပြောင်ကာ ရယ်လိုက်မိသည်။ သူမလမ်းပေါ်မှာ လဲကျပြီး ဆေးဖိုးပေးဖို့ အကြွေးရှိသည်ဟု ပြောတုန်းက သူမကို စွန့်ပစ်ခဲ့သူများက စိတ်ပူသည်တဲ့လား။ သူမတို့သည် အလွန်စိတ်ပူနေသည်ဟုသာ ပြောပြီး ရှန်အိမ်တော်သို့ တစ်ခါလောက်လာ၍ မျက်နှာပင် မပြပေ။ ယခုမှ သူမကို လာစိတ်ပူပြနေရသည့် အကြောင်းရင်းမှာ သူမ၏ ပိုက်ဆံကြောင့်ဆိုသည်မှာ သေချာသည်။
ဆုဝန်က ပြန်ပြောလိုက်သည်။ "ညီမအခု အစ်ကိုရှန်တို့အိမ်မှာ ကောင်းကောင်းစားပြီး ကောင်းကောင်းနေနေပါတယ်။ အဒေါ်ဝမ်မ်နဲ့ လော့ရွှယ်ကို ဘာမှ စိတ်မပူဖို့ပြောပေးပါ။ အေးဆေးသက်သာနေကြပါလို့။ စိတ်မပူပါနဲ့လိူ့။ နော် အစ်ကိုဝမ်" ပြောရင်း ဆုဝန်သည် တံခါးကို ထပ်ပိတ်လိုက်သည်။ ဝမ်လောရှန်းသည် အလျင်အမြန် တံခါးကို ဆွဲဖွင့်ကာ "ညီမဆုဝန်၊ အစ်ကို့မှာ ပြောစရာရှိသေးတယ်" ဟု ထပ်ပြောလိုက်သည်။
ဆုဝန်က ပြောသည်။ "အစ်ကို အရင်က ညီမတို့ရဲ့ လက်ထပ်မဲ့ သတင်းကြောင့် အတင်းအဖျင်းတွေ အများကြီး ထွက်ခဲ့ပြီးပါပြီ။ အခုက အားလုံး ရှင်းလင်းသွားပြီဆိုတော့ အနာဂတ်မှာ အထင်လွဲစေနိုင်တဲ့ ဖြစ်ရပ်တွေကို ရှောင်ရှားတာ ကောင်းပါလိမ့်မယ်။ မဟုတ်ရင် အားလုံးက ညီမတို့ရဲ့ လက်ထပ်ခြင်းသဘောတူညီချက်ဟာ တကယ်ရှိတယ်လို့ ထင်နေကြပါလိမ့်မယ်"
ဆုဝန်သည် ပြောပြီးပြီးချင်း ရှန်အိမ်တော်၏ တံခါးကို လုံးဝ ပိတ်ချလိုက်ပေသည်။
ဝမ်လော့ရှန်းသည် တံခါးကို ထပ်မံ၍ ခေါက်နေသော်လည်း အချည်းနှီးသာဖြစ်သည်။ ဆုဝန်၊ ရှန်လင်းနှင့် ရှန်ယာယာတို့သည် သူတို့အခန်းသို့ အသီးသီးပြန်သွားကြပြီ ဖြစ်သည်။
ဝမ်လော့ရှန်းသည် ဆက်၍ ညည်းတွားနေသည်။ သူသည် မူလက ဆုဝန်အား လစာကိစ္စပြောရန် စီစဥ်ထားခဲ့သည်။ သို့သော် သူသည် ယခုအခါ ပြောဖို့ အခွင့်အရေးလေးပင် မရလိုက်ပေ။ ကြည့်ရသည်မှာ သူနောက်တစ်ကြိမ်ကို စောင့်နေရန်ပင် ရှိတော့သည်။
ဝမ်လော့ရှန်းသည် အိမ်ကို တစ်ယောက်တည်း ပြန်လာပြီး ဆုဝန်သူ့ကို ပြောသောစကားများကို သူတစ်ယောက်တည်း တစိမ့်စိမ့် တွေးနေမိသည်။ ဆုဝန်သည် သူ့တွင် ချစ်ရမည့်သူရှိနေပြီဟု ခုဆိုလျှင် တွေးထားလောက်ပြီဖြစ်သည်။ သူသည် ယခင်က ဆုဝန်ကို ယန်ယွင်ရန်အတွက် ချက်ပြုတ်ပေးရန် မေးခဲ့ဖူးသည်။ ယန်ယွင်ရန်အား မျက်နှာလုပ်ရန် ဆုဝန်က သူ့အဖို့ အကောင်းဆုံးလုပ်ပေးလိမ့်မည် ဖြစ်ပြီး သူ့အနာဂတ်လက်ထပ်ခြင်းအပေါ် အကျိုးသက်ရောက်စေလောက်မည့် ကောလဟာလများအား ကာကွယ်ပေးနေတာ ဖြစ်သည်။
သိူ့သော် သူတို့နှစ်ယောက်ကြားတွင် ပိုက်ဆံအကြော င်းပြောရန် အလွန်နှောင့်နှေးပြီး အချိန်မရ ဖြစ်သွားသည်။ ထို့ကြောင့် သူသည် မနက်ဖြန်တွင် ကျောင်းကို စောစောသွား၍ ရှန်လင်း မပါဘဲ ဆုဝန်နှင့်အတူ အပြင်တွင်တွေ့ကာ ပိုက်ဆံကိစ္စ ပြောရပေမည်။
ရှန်လင်း၊ ဆုဝန်နှင့် ရှန်ယာယာတို့သည် အိမ်ကိုပြန်ရောက်သောအခါ မမျှော်လင့်ဘဲ အမျိုးသမီးရှန် ချက်ပြုတ်ထားသော ဆန်ကြမ်းဆန်ပြုတ်သည် သူတို့ကို စောင့်ကြိုနေသည်။
အမျိုးသမီးရှန်သည် သူမခြေထောက် အအေးမိသောကြောင့် နာမကျန်းဖြစ်ပြီးကတည်းက မီးဖိုမဝင်နိုင်သည်မှာ နှစ်နှစ်ပင် ရှိပြီ။ သို့သော် ယခုအခါ သူမသည် ဆန်ပြုတ်ပင် ကျိုပေးထားသည်။
ရှန်လင်း၊ ဆုဝန်နှင့် ရှန်ယာယာတို့သည် အလွန်ပင် အံ့အားသင့်သွားကြသည်။ အမျိုးသမီးရှန်သည်မူကား ခုတင်ပေါ်တွင် ထိုင်လျက်ပင်။ ယခုအခါ သူမသည် ပြုံးပြကာ သူတို့သုံးယောက်ကို ပြောလိုက်သည်။
"အချို့သော အကြောင်းပြချက်တွေကြောင့် အမေ့ခြေထောက်နဲ့ ခြေဖဝါးတွေက နေ့တိုင်း ပင်ပင်ပန်းပန်း ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဒီနေ့နေ့လယ် ကလေးတို့ မရှိကြတုန်း ရှန်လင်းရဲ့ အဘိုးအဘွားတွေက အပြင်ကနေ ဆဲဆိုအော်ဟစ်နေတယ်လေ။ အမေလဲ နည်နည်းဒေါသထွက်သွားပြီးတော့ ရုတ်တရက် ခြေထောက်တွေက အားရှိလာသလို ခံစားလိုက်ရတယ်။ ချက်ချင်းဆင်းပြီး လမ်းလျှောက်ကြည့်တော့ မယုံနိုင်စရာပဲ။ အမေလမ်းလျှောက်နိုင်နေတယ်လေ"
"ဝမ်ဝမ်လေးက အမေ့ခြေထောက်တွေ ပိုကောင်းလာတယ်လို့ ပြောတုန်းက အမေက အမေ့စိတ်သက်သာရာရအောင် ပြောပေးတယ်ပဲ ထင်နေတာ။ ဒါပေမဲ့ အခုတော့ အမေ့ခြေထောက်တွေက အရင်ကထက် ပိုပြီး သက်သာလာတယ် ထင်ပါရဲ့"
ရှန်ယာယာကလည်း "မမဆုဝန် ဒီကို ရောက်လာပြီးကတည်းက သမီးတို့အိမ်မှာ ကိစ္စကောင်းတွေ ဆက်တိုက်ဖြစ်လာတာပဲ" ဟု ပြောသည်။
ရှန်ရှီးကလည်း "ဟုတ်တယ်။ ဆုဝမ်လေး တို့အိမ်မှာ စပြီးလာနေကတည်းက နေ့တိုင်းနေ့တိုင်း တစ်ခုပြီးတစ်ခုက ပိုပိုကောင်းလာတယ်လို့ ခံစားရတယ်" ဟု ပြောသည်။
ဆုဝန်ကမူ ပြုံးပြီးသာ ပြန်၍ ပြောလေသည်။ "ကဲ ဒါဆို အရမ်းကြီး ယဥ်ကျေး နှိမ့်ချမနေတော့ဘူးနော်။ ကျွန်မကြောင့် ကံကောင်းလာတယ်ပဲ ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် အဒေါ့်ရဲ့ ခြေထောက်ကလဲ အကြောင်းပြချက် မရှိဘဲ ပြန်ကောင်းလာတယ်လေ။ အစ်ကိုရှန်လင်းရဲ့ လယ်ကလဲ ရိတ်သိမ်းပြီးသွားပြီဆိုတော့ တို့တတွေ ကွင်းကျိုးစီရင်စုကို သွားကြည့်တာ အကောင်းဆုံး ဖြစ်မယ်ထင်တယ်"
ဆုဝန်သည် ယခင်က ရှန်လင်းတို့ မိသားစုနှင့် အိမ်နီးချင်းဖြစ်ခဲ့သည်။ ထို့ကြောင့် ရှန်လင်းသည် ချင်းယွင်ကောင်တီရှိ ဆေးစင်တာမှ ဆေးဆရာ အားလုံးနီးပါးကိုခေါ်ကာ အမျိုးသမီးရှန်ကို ကုသပေးခဲ့ကြောင်း သူမသိသည်။ သို့သော် ဘယ်သူကမှ အမျိုးသမီးရှန်၏ ခြေထောက်ကို မကုသပေးနိုင်ခဲ့ပါပေ။ ချင်းယွင်ကောင်တီမှ ဆေးဆရာအားလုံးနီးပါးနှင့် ကုသခဲ့ခြင်းကြောင့် ရှန်လင်းတို့မိသားစုသည် ဆင်းရဲမွဲတေသည့် အခုလိုအခြေအနေသို့ ရောက်ခဲ့ကြသည်။
ရှန်လင်းကလဲ ထောက်ခံသည်။ "ဟုတ်တယ်။ တို့တွေ ကွင်းကျိုးစီရင်စုကို သွားပြီး ကြည့်သင့်တယ်။ သမားတော်ကောင်းတစ်ယောက်ယောက်ကိုသာ ရှာတွေ့မယ်ဆိုရင် ရောဂါကို ကုသဖို့က ဆေးကောင်းရှိတာ အသင့်လျော်ဆုံးပဲပေါ့"
"ဆောင်းဦးသီးနှံတွေ ရိတ်သိမ်းပြီးသွားရင်ပိုက်ဆံ ရလာမှာပဲ။ အဲဒါအကုန်ကို အမေ့ကို ဆေးကုဖို့အတွက် သုံးရမယ်။ နောက်ရက်တွေအတွက်ကတော့ အစ်ကိုကောင်တီကိုသွားပြီး အလုပ်လုပ်ပြီးတော့ ပိုက်ဆံရှာမယ်။ ပြီးတော့ အဲဒါက မိသားစုကိုတော့ ကျွေးမွေးထားနိုင်မယ်လို့တော့ အစ်ကိုထင်တယ်" ဆုဝန်က ဝင်ပြောသည်။ "အဘိုးရှန်နဲ့ အဘွားရှန်တို့ကလဲ ပိုက်ဆံအချို့ လိုဦးမယ်ထင်ရဲ့။ အဲ့တော့ကာ အဒေါ်ရှန်ကို ကျင်းကျိုးမှာ ဆရာဝန်နဲ့ပြပြီး ဆေးကုပေးဖို့ထိ လောက်ပါ့မလား မသိတော့ပါဘူး"
ရှန်လင်းက "ခုကစပြီး အစ်ကိုက အဘိုးအဘွားတွေကို ဘယ်လို တာဝန်ကျေမှုတွေမှ ပေးတော့မှာ မဟုတ်ဘူး။ အစ်ကို့အဖေက အလုပ်တွေလုပ်ပြီး နှစ်တွေအများကြီး ပိုက်ဆံတွေလဲ ပေးခဲ့ပြီးပြီ။ သူက အဖေ့အပေါ် အဘိုးအဘွားတွေရဲ့ ကြင်နာမှုအတွက် ပြန်ပြီးပေးဆပ်ခဲ့ပြီးပြီပဲ"
ဆုဝန်သည် အလွန်ပင် စိတ်သက်သာရာ ရသွားသည်။
ရှန်လင်းသည် နောက်ဆုံးတွင် ရုးမိုက်သည့် မြေးလိမ္မာလေးတစ်ဦး မဟုတ်တော့ပေ။
ဆုဝန်တွင် ပိုက်ဆံရှိသည်။ ထို့ကြောင့် သာမန်အားဖြင့် သူမသည် ရှန်ရှီးအား ဆေးကုရန် ထိုပိုက်ဆံများကို သုံးနိုင်သည်။ ဆုဝန်သည် သူမ၏ ပိုက်ဆံကို ရှန်လင်းကို မပေးရခြင်းမှာ သူမကိုယ်တိုင်သုံးဖို့ပင် ထိုပိုက်ဆံသည် မလုံလောက်သောကြောင့်သာ ဖြစ်ပါပေသည်။ ထို့ပြင် ထိုမဆီမဆိုင်လူများကို ပေးရန် ပိုက်ဆံအပိုမရှိသောကြောင့်လဲ ဖြစ်ပါသည်။ ဟုတ်သည်။ ရှန်လင်း၏ ဤသို့ သိနားလည်သွားခြင်းသည် ဆုဝန်အတွေးကြောင့်တော့ မဟုတ်ပါပေ။
ရှန်ရှီးသည် အနည်းငယ် စိတ်ထဲ ခုသွားသည်။ မှားသည်ဟု ပြောဖို့ရာကိုလဲ ဝန်လေး၍ သွားသည်။ တကယ်တော့ ရှန်ရှီးသည် အလွန် ကြင်နာတတ်သည်။ ရှန်လင်းအဘိုးအဘွားများကို တာဝန်ကျေဖို့ လျစ်လျူရှုလိုက်လျှင်တောင် ရှန်လင်း၏ ပညာရေးနှင့် ပတ်သက်၍ လုပ်စရာ အများကြီး ရှိသေးသည်။
သူ့အမေပြောတာကို နားထောင်ပြီး ရှန်လင်းသည် သူ့အမေအား အဘိုးရှန်နှင့် အဘွားရှန်တို့ ယခုနှစ်များအတွင်း ဆက်ဆံခဲ့ပုံများက်ု ပြောပြသည်။ သူ့အဘိုးအဘွားများအဖို့ ထိုသို့ ပြုလုပ်ပေးနေသည်မှာ အချည်းနှီးသာ ဖြစ်ပေသည်။
"တာဝန်မကျေတဲ့ မြေးမိုက်အဖြစ် နာမည်ထွက်ခဲ့တယ်တဲ့လား။ တာဝန်ကျေတာရော မကျေတာရောကို မကျေဘူးလို့ပဲ သတ်မှတ်နေမှတော့ အနာဂတ်မှာ တကယ့်ကို တာဝန်မကျေနဲ့တော့ပေါ့" ရှန်ရှီးသည် တွေးဆပြီး ပြောသည်။
ရှန်လင်းက ထပ်မံ၍ပြောပြန်သည်။ "ဒီလို ငွေကြေးနဲ့ တာဝန်သိမှုတင်မကဘူး ကျွန်တော် နောက်အခါတွေမှာလဲ အဘိုးအဘွားနဲ့ ဦးလေးတို့ရဲ့ အလုပ်တွေကို ကူလုပ်မှာ မဟုတ်ဘူး။ သူတို့ဆီမှာ လူအင်အားက ကျွန်တော်တို့ထက်လဲ ပိုများကြတာပဲ။ အဲ့တော့ အနာဂတ်မှာ ကျွန်တော်က ကျွန်တော့်လယ်အတွက် အလုပ်တွေကို အရင်ဆုံး ပြီးအောင် လုပ်မယ်။ ပြီးတော့ ကျွန်တော့်ကို ကူညီပေးခဲ့ဖူးတဲ့ လူတွေကို ပြန်ကူညီပေးမယ်။ အချိန်ရရင် ကောင်တီကိုသွားပြီး ပိုက်ဆံလဲ ရှာမယ်။ ပိုက်ဆံတင်မကဘူး။ ကျွန်တော့်အချိန်နဲ့ ခွန်အားကိုလဲ အလဟဿ မဖြုန်းးတီးတော့ဘူး"
ဆုဝန်ကလည်း အနည်းငယ် ထပ်ဖြည့်စွက်၍ ပြောသည်။ သူမသည် ရှန်ရှီး၏အတွေးများကို ပြင်ပေးရမည်။ ရှန်ရှီးသည် နာခံမှုတရားသုံးပါးနှင့် သူတော်ကောင်းတရား လေးပါးတို့ကို နားထောင်ပြီး ကြီးပြင်းလာရသူဖြစ်သည်။ သာမန်အားဖြင့် သူမသည် ထို ကံကြွေးချစာပေများ၏ ဦးနှောက်ဆေးခြင်းကို ခံထားရပေမည်။ သို့သော် သူမသည် ရူးမိုက်သူတစ်ဦးတော့မဟုတ်။ ဆုဝန်၏စကားအနည်းငယ် ပြောပြီးသောအခါ ရှန်ရှီးက နားလည်သည်။
ရှန်ရှီးသည် ခေါင်းညိတ်ကာ ပြောသည်။ "ဟုတ်တယ်။ အရင်က အမေ အရမ်း အတွေးတွေ ရှုပ်ထွေးနေခဲ့လို့ပဲ"
ရှန်ရှီးနားလည်သွားသည်ကို မြင်သောအခါ ရှန်လင်းက ဆက်ပြောသည်။ "ကျွန်တော် အမေ့ရဲ့ ခြေထောက်တွေကို သေချာဂရုစိုက်ပြုစုမယ်။ ခုကစပြီး အရေးအကြီးဆုံး အရာက အမေတို့သုံးယောက် ဘဝမှာ ကောင်းကောင်းမွန်မွန် နေရဖို့ပဲ။ ခုကစ နောက်ပိုင်းတွေ အမေတို့ တာဝန်ကျေတာ မကျေတာ ဘာမှ အရေးမကြီးတော့ဘူး"
ရှန်ရှီးသည် သူမခေါင်းကို မော့လိုက်ပြီး သူမရှေ့မှ အရပ်ရှည်ရှည် လူကောင်ထွားထွားနှင့် သူ့သားလေးကို ကြည့်လိုက်သည်။ ထို့နောက် ရှင်းမပြတတ်သော ခံစားမှုမျိုး သူမနှလုံးသားထဲမှ ခံစားလိုက်ရသည်။
ယခင်က သူမသားသည် အမြဲ ဆိတ်ဆိတ်နေတတ်သည်။ ထို့ကြောင့် သူသည် ဘာကိုမဆို တစ်ကြိမ်ထက် ပို၍ မပြောဖူးပေ။
...
အခန်း (၃၈) (ခ)
ဆုဝန်သည်လည်း အတော်လေး နားလည်သွားသည်။ ယခုအခါ ရှန်လင်းက ပြောသည့် "သုံးယောက်လုံး ဘဝကောင်းမှာ နေရမယ်" ဟူသောစကားကို ဆုဝန်သည် အချိန်အကြာကြီး ကြားယောင်နေမိသည်။
ရှန်လင်းသည် မီးဖိုချောင်သို့ သွားပြီး အသီးအရွက်အချို့ကို အတူတူစားဖို့ ကြော်နေသည်။
ဆုဝန်သည် ရှန်လင်းနှင့် အလုပ်လုပ်ရာတွင် မပြိုင်ပေ။ ထို့ပြင် ရှန်လင်းသည် ယနေ့ အလွန် မပင်ပန်းခဲ့ပေ။ ဆုဝန်သည် မိသားစု၏ အလုပ်ကို အတူတကွ မျှဝေ လုပ်ဆောင်သင့်သည်ဟု ယူဆခံယူထားသည်။
ဒုတိယနေ့ နံနက်သောစောတွင် ရှန်လင်းသည် လက်အိတ်များကို ဝတ်ဆင်ကာ စိုက်ခင်းသို့ သွားပြီး ပြောင်းများကို ခြွေလေသည်။ ပြောင်းများသည် ရက်အတော်ကြာသောအခါ ခြောက်နေပြီ။ ထို့ကြောင့် ရှန်လင်းသည် ယခုနှစ်တွင် အမြန်ဆုံး ပြောင်းခြောက်သွားသူ ဖြစ်သည်။
ရှန်လင်းသည် စိုက်ခင်းထဲတွင် ပြောင်းဖူးများကို ခြွေနေသည်။ အဘိုးရှန်နှင့် အဘွားရှန်တို့သည် သူတိူ့သားကြီးကို ရှန်လင်းကဝိုင်းမကူသောကြောင့် အပြစ်ဆိုရန် လာကြသည်။ ရှန်လင်းသည် အဘိူးရှန်နှင့် အဘွားရှန်တို့၏ မျက်နှာများကို ရှင်းရှင်းလင်းလင်း လှမ်းမြင်လိုက်သည်။ ရှန်လင်းက အဘိုးရှန်အား ပြောလိုက်၏။
"ဦးလေးရဲ့ မိသားစုကသာ ကျွန်တော့်ကို ပြောင်းဖူးခြွေတဲ့နေရာမှာ အရင်ဆုံး လာကူညီပေးမယ်ဆိုရင် ကျွန်တော်လဲ ဦးလေးအလုပ်ကို သွားပြန်ကူ ပေးပါ့မယ်"
အဘိုးရှန်သည် လုံးဝ မမျှော်လင့်ထားပေ။ သားကြီးရှန်နှင့် အခြားလူများသည် သူတို့အလုပ်တွေ မပြီးသေးဘဲ မည်သို့ ရှန်လင်းကို ကူညီနိုင်မည်နည်း ဟုသာ ပြောလိုက်သည်။
ရှန်လင်းကလဲ "ကျွန်တော်လဲ ကျွန်တော့အလုပ်မှ မပြီးသေးတာ။ ဦးလေးကို ဘယ်လိုလုပ် လာကူညီပေးနိုင်ပါ့မလဲ" ဟုသာ ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် အဘိုးရှန် ဘာတွေပဲ တက်ပြောနေပါစေ၊ ရှန်လင်းသည် ဘာမှမကြားသလိုသာ နေနေလိုက်တော့သည်။
အဘိုးရှန်သည် အလျင်အမြန်ပင် ရှန်လင်း၏ ပြောင်းများကို သူ့သားကြီးရှန်ဆီ သယ်သွားတော့သည်။ သူသည် တောင်းကို သယ်နေစဉ် ဘေးမှ စိုက်ခင်းကို ဝိုင်းကြည့်နေကြသော လူများကြောင့် ရပ်လိုက်ရသည်။
စိုက်ခင်းကို ဝိုင်းကြည့်နေကြသော လူများက ပြောပေသည်။ အဘိုးရှန်နှင့် ရှန်လင်းတို့သည် မတူသော မိသားစုမှ ဖြစ်သည်။ ထို့ကြောင့် အဘိုးရှန်သည် ရှန်လင်းပြောင်းများကို သယ်သွား၍ မရပေ။
ချင်းရှီရွာမှ စိုက်ခင်းများကို စောင့်ကြည့်နေကြသူများမှာ အခြားရွာများမှ ရွာသားများဆီမှ ကောက်ပဲသီးနှံများ ခိုးယူခံရမှုကို ကာကွယ်ရန်နှင့် ရွာသားအချင်းချင်း ကောက်နှံ ခိုးယူမှုမှ ကာကွယ်ရန် ဖြစ်ပေသည်။ ထို့ပြင် သွေးရင်း ညီအစ်ကို အချင်းချင်း ခွင့်ပြုချက်မရှိဘဲ ကောက်ပဲသီးနှံများ ယူကြခြင်းမှ ကာကွယ်ရန်လည်း ပါဝင်သည်။ ပထမဖြစ်ရပ်နှစ်ခု ဖြစ်သည်မှာ ရှားပါးသည်။ အများဆုံး ဖြစ်တတ်သော ငြင်းခုံမှုမှာ သွေးသားရင်း အချင်းချင်း ကိစ္စရပ်ပင် ဖြစ်သည်။ တစ်ဦးစီတွင် ဖုံးကွယ်ထားသော လုပ်ရပ်များရှိသည်။ သူတို့ ဆွေမျိုးများကို စောင့်ကြည့်ကြပြီး အခြားသူများ၏ ကောက်ပဲသီးနှံများကို ယူကြခြင်းကြောင့် ထိုပြဿနာများ၊ ငြင်းခုံမှုများသည် စိုက်ခင်းထဲတွင် အဓိက ဖြစ်တတ်သော ငြင်းခုံမှုများပင် ဖြစ်ပါပေသည်။
ထိုအကြောင်းပြချက်ကြောင့် ချင်းရှီရွာတွင် စည်းကမ်းတစ်ချက် ထပ်ပေါင်းထည့်ခဲ့ရပေသည်။ မိသားစု ခွဲခြားပြီးသား ဖြစ်သရွေ့ မိသားစုပိုင် ကောက်နှံများသည် ထိုမိသားစုတစ်စုနှင့်သာ သက်ဆိုင်သည်။ အခြားဆွေမျိုးများက ထိုကောက်ပဲသီးနှံများကို ယူဆောင်ခွင့် မပြုပါချေ။ ထို့ကြောင့် ထိုသို့ မိသားစုခွဲပြီးသား လူများက သီးနှံများကို လက်လွတ်စပယ် ယူသွားသည်ကို မြင်လျှင် တိတိကျကျ တားမြစ်ကြပေသည်။
အဘိုးရှန်နှင့် အဘွားရှန်တို့သည် စကားလုံးအချို့ကို ပြောချင်နေသေးသော်လည်း သူတို့သည် စိုက်ခင်းစောင့်သူများထံမှ အပြစ်တင်ခြင်းကို ခံကြရသောကြောင့် ဘာမှဆက်၍ မပြောဝံ့ကြတော့ပေ။ ထို့ပြင် စိုက်ခင်းစောင့်ကြပ်သူများမှာ အရပ်ရှည်ရှည် ခပ်ကြမ်းကြမ်းလူများကိုသာ ရွေးချယ်ထားသည် ဖြစ်ပေသည်။
အဘိုးရှန်နှင့် အဘွားရှန်တို့တွင် ရှန်လင်း၏ ပြောင်းဖူးများကို ပြန်ချထားပြီး သူတို့၏ တောင်ကြားစိုက်ခင်းသို့ ပြန်သွားရန်မှတပါး အခြား ရွေးချယ်စရာ မရှိတော့ပါ။
ရှန်လင်းသည် သူ့နှလုံးသားထဲတွင် သိလိုက်သည်။ ယခင်က အဘိုးရှန်တို့ သူ့ပြောင်းဖူးများကို လက်လွတ်စပယ် မယူကြသည်မှာ ရှန်လင်းက ပြောင်းများ စုစည်းရောင်းချပြီး ရသော ငွေများကို ပေးနေသောကြောင့်သာ ဖြစ်သည်။
ယခုနှစ်မှ စတင်၍ ရှန်လင်းသည် ပိုက်ဆံများကို တာဝန်ကျေပွန်မှုအတွက် ဟုဆိုကာ ပေးဖို့ အစီအစဉ် လုံးဝ မရှိတော့ပါပေ။ သူ့ဦးလေးသည်လည်း ယခင်က ဘာပိုက်ဆံကိုမှ မပေးခဲ့ဖူးဘူး မဟုတ်ပါလော။
ဆုဝန်နှင့် ရှန်ယာယာတို့သည် နောက်တစ်နေ့ နံနက်တွင် အဝတ်ဟောင်းများကို ဝတ်ဆင်ကာ သူတို့ကျောတွင် ခြင်းတောင်းများကို သယ်လျက် ရွာထဲသို့ ဘယ်ရီသီးများ ခူးရန် သွားပေတော့သည်။
ထို သစ်သီးရိုင်းများသည် ကောင်းမွန်သော ဘယ်ရီသီးများထက် ပို၍ သေးသည်။ ထို့ပြင် သူ့အရသာသည် ပိုအချဉ်စူးးကာ သစ်သီးကောင်းများထက် ပိုခါးပေသည်။ ရွာထဲက ဘယ်သူကမှ ထိုအသီးများကို မခူးကြပေ။ စားစရာမရှိသူများပင် ထိုဘယ်ရီသီးရိုင်းများကို မခူးကြပါပေ။
ထို သစ်သီးရိုင်းပင်များး ပေါက်ရောက်ရာ တောင်သည် မတ်စောက်ပြီး ကွေ့ကောက်သည်။ သို့သော် တက်ဖို့ရာမှာ လွယ်ကူသည်။
သို့သော် ဆုဝန်သည် အပင်ပေါ်တက်ဖို့ စိတ်ကူးမရှိပါ။ ဘယ်ရီသီးရိုင်းများသည် အလွန်မာသည်။ သစ်ပင်အောက်မှ မြေကမူ အလွန်ပျော့ပေသည်။ သစ်သီးများကို ခြွေချပြီး ကောက်ယူလိုက်လျှင်တောင် အသီးများသည် မနာနိုင်ပါပေ။
ဆုဝန်သည် တုတ်တံအရှည်ကြီးကို ရှာလိုက်ပြီး ဘယ်ရီသီးရိုင်းပင်သို့ အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်သည်။ ဘယ်ရီသီးများသည် မိုးသီးများကဲ့သို့ ကြွေကျလာသည်။ ဆုဝန်နှင့် ရှန်ယာယာသည် အမြန် ကောက်ယူလိုက်သည်။ ခြင်းတောင်းများမှာ ပြည့်လုပင် ဖြစ်သွားသည်။ ဆုဝန်သည် ခြင်းတောင်းကို သယ်ကာ ကျန်သော ခြင်းတောင်းကို ထပ်ဖြည့်ရန် ရှန်ယာယာအား သစ်ပင်အောက်တွင် ထားခဲ့သည်။
ဘယ်ရီရိုင်းပင်ပေါ်တွင် အသီးများ အတော်များများပင် ရှိနေသေးသည်။
ခေတ္တမျှ ကြာသောအခါ ဆုဝန်သည် ကျောတွင် ခြင်းတောင်းတစ်ခုကို သယ်ထားသည်။ ခြင်းတောင်းသည် အလွန်မလေးလျှင် သူမသည် သယ်နိုင်ပေသည်။
ဆုဝန်သည် ပထမအသီးတောင်းကို ရှန်အိမ်တော်တွင် ပြန်ထားသည်။ ထို့နောက် သူမသည် စောစောက ဘယ်ရီရိုင်းပင်ဆီသို့ ပြန်၍လာသည်။ ရှန်ယာယာ ဘယ်ရီရိုင်းသီးများကို ခူးနေသည်ကို မြင်ကြသောအခါ မိန်းမငယ်လေးများသည် မနီးမဝေးမှ ကြည့်ကာ ရယ်နေကြသည်။
ထိုမိန်းမငယ်လေးများမှာ ရှန်ယာယာအား ယခင်က လှောင်ပြောင် သရော်ခဲ့ကြသော မိန်းကလေးများသာ ဖြစ်သည်။ ထို အစိမ်းရောင်ပန်းပွင့်ကလစ်နှင့် ကောင်မလေးက ထိပ်ဆုံးတွင် ပါသည်။
ထို အစိမ်းရောင်ပန်းပွင့်ကလစ်နှင့် ကောင်မလေးနာမည်မှာ ချန်စူးစူးဟု ခေါ်သည်။ ထို့ပြင် သူမ၏ မိသားစုသည် ရွာထဲတွင် ချမ်းသာသော မိသားစုတစ်ခု ဖြစ်သည်။ ချန်မိသားစုသည် ရွာထဲတွင် ကျွဲနွား တိရစ္ဆာန်များ အငှားပေးသည့် တစ်ခုတည်းသော မိသားစုဖြစ်သည်။ ချန်မိသားစုသည် အထက်စီးဆန်ပြီး ချန်စူးစူးက ရှန်ယာယာအား လှောင်ပြောင်ခြင်းမှာ ရှန်မိသားစုသည် သူတို့ ချန်မိသားစုထံမှ ကျွဲနွားနှင့် လှည်းများ မငှားသောကြောင့် ဖြစ်ပေသည်။
ချန်စူးစူးသည် သူမ၏ အစိမ်းရောင်ပန်းကလစ်ကို ပန်ထားမြဲ ဖြစ်သည်။ ထို့ပြင် သူမ၏ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေကြသော မိန်းမငယ်ကလေးများကလဲ သူမအား ထောက်ခံနေကြပေသည်။
ချန်စူးစူးသည် မြေကြီးပေါ်မှ ဘယ်ရီသီးရိုင်းများကို ကောက်နေသော ရှန်ယာယာ့အား ဝံ့ကြွားစွာ ပြောလိုက်သည်။
"ဟဲ့ ဘာလို့ ဘယ်ရီသီးရိုင်းတွေကို လာကောက်နေရတာလဲ။ နင့်မိသားစုက အရမ်းကို ဆင်းရဲနေပြီး အသီးရိုင်းတွေကိုတောင် စားချင်လာကြလို့လားဟင်"
ပန်းပွင့်ကလစ်အစိမ်းနှင့် ကောင်မလေး၏ နောက်လိုက်ကလေးတစ်ယောက်က ဆက်ပြောသည်။
"ဒီ အသီးရိုင်းတွေကလေ လူစားဖို့ မဟုတ်ဘူး။ စူးစူးတို့အိမ်က နွားတွေတောင် ဒီအသီးတွေကို စားရတာ မကြိုက်ဘူး"သူ့အခြားနောက်လိုက် နှစ်ယောက်ကလဲ တစ်ယောက်ပြီးတစ်ယောက် ထောက်ခံကြပြီး ဆင်းရဲလွန်း၍ ဘယ်ရီသီးများ စားရသည် ဟုဆိုကာ ရှန်ယာယာ့မိသားစုကို လှောင်ပြောင်ကြလေသည်။
ချန်စူးစူးသည် သူ၏မျက်နှာတွင် ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ကာ
"နင်အင်္ကျီအသစ်မဝယ်ဘူးလား။ ငါက နင့်မိသားစုက အရင်က ချမ်းသာဖူးတယ် ထင်တာ။ ဘယ်လိုလုပ် စားစရာတောင်မရှိလို့ ဘယ်ရီရိုင်းသီးတွေ စားရတဲ့အထိ ပြောင်းလဲသွားရတာလဲ။ ဒါနဲ့ ဟိုအရင်က ဝယ်ထားဖူးတဲ့ အဝတ်အစား အသစ်တွေကရော။ ဒီဖောင်းကားနေပြီး ဝဟန်ဆောင်နေတဲ့ မျက်နှာကြီးပဲ ရှိတာလား ဟားဟားဟား"
အခြားမိန်းကလေး များစွာတို့ကလဲ လှောင်ရယ်ကုန်ကြသည်။
ရှန်ယာယာသည် ထိုမိန်းမငယ်လေးများနှင့် အငြင်းအခုံ မဖြစ်ချင်ပေ။ သူမသည် ဘာမှ မကြားသလိုသာ ဟန်ဆောင်ကာ မြေပြင်ပေါ်မှာ ဘယ်ရီသီးများကိုသာ သဲကြီးမဲကြီး ကောက်၍နေသည်။
ရှန်ယာယာက ဘာမှပြန်၍ မတုံ့ပြန်သည်ကို မြင်သောအခါ ချန်စူးစူးသည် ရှေ့သို့ တိုးလာကာ ရှန်ယာယာ့ရှေ့မှ ဘယ်ရီရိုင်းသီးပေါ်ရပ်ပြီး နင်းခြေပစ်လိုက်သည်။
အခြား မိန်းမငယ်လေးများစွာကလဲ ချန်စူးစူး ဘယ်ရီရိုင်းသီးအပေါ် ရပ်လိုက်သည်ကို မြင်သောအခါ သူတို့သည်လည်း ရှေ့တိုးလာကာ ထိုအသီးများပေါ် ရပ်လိုက်ကြပေသည်။
ဆုဝန်က အော်ပြီး "ဟယ် ဟယ် ဘာတွေ လုပ်နေကြတာလဲ" ဟုပြောလိုက်သည်။ ဆု၀န်အသံသည် ကျယ်လွန်းသဖြင့် မိန်းမငယ်လေးများသည် နင်းနေရာမှ ရပ်လိုက်ကြပေသည်။
ဆုဝန်သည် သူတို့ထက် အနည်းငယ် ပိုကြီးပြီး တစ်ခုခုဆိုလျှင် ဆုဝန်က နိုင်နိုင်သည်။
ချန်စူးစူးသည် လှည့်ကြည့်လိုက်သောအခါ ဆုဝန်ဖြစ်ကြောင်း တွေ့လိုက်ရသည့်အတွက် သူမမျက်နှာတွင် မကျေနပ်မှုများ ပေါ်လာသည်။ ချန်စူးစူးကပြောသည်။ "နင်က ပိုက်ဆံတွေကို တကယ့်သူဌေးကြီးလို သုံးနေတာပဲ။ ဒီကိုလာပြီး တောင်ပေါ်ဘယ်ရီသီးရိုင်းတွေမခူးရခင် ပိုက်ဆံတွေအကုန် သုံးလိုက်တာဖြစ်ရမယ်"
ဆုဝန်သည် ချန်စူးစူးကို မမြင်သည့်အလား ရှန်ယာယာ့ဆီသို့သာ လျှောက်လာသည်။ ထို့နောက် ရှန်ယာယာ့ကို ပြောသည်။
"တို့နှစ်ယောက်တည်း ဒီဘယ်ရီသီးတွေကို ခူးနေရင် အရမ်းနှေးနေမှာ။ တို့နဲ့အတူ ဘယ်ရီသီးခူးဖို့ ကောင်မလေး အချို့ကို သွားခေါ်ပါလား။ တစ်ယောက်ကို တစ်ရက် ဆယ်ပြားပေးမယ်လို့ ပြောလိုက်နော်"
ချန်စူးစူးနှင့်တကွ ရှန်ယာယာ့ကို လှောင်ပြောင်ကြသော သူမ၏ နောက်လိုက်မိန်းမငယ်လေးများ အားလုံးသည် ကြောင်သွားသည်။ ဘယ်ရီရိုင်းသီးများ ခူးသည့်အလုပ်က တစ်ရက်ကို ဆယ်ပြားရသည်တဲ့လား။ သူတို့သည်လည်း ထိုအလုပ်မျိုးကို လုပ်ချင်သွားသည်။
ဆုဝန်သည် ချန်စူးစူးနှင့် အခြားကလေးများကို မမြင်သလိုပင်နေသည်။ ထို့နောက် "သွား သွား သစ်သီးတူတူခူးဖို့လူ သွားရှာနော်။ များများခေါ်ခဲ့နိုင်လေ ကောင်းလေပဲ။ ခု အစ်မလည်း ဟိုဘက်ရွာကို သွားပြီး နွားလှည်းငှားလိုက်ဦးမယ်။ အဲ့တော့ အလုပ်ပိုမြန်မြန်လုပ်လို့ရတာပေါ့" ဟု ပြောလိုက်သည်။
ချန်စူးစူးသည် မသက်မသာ ခံစားလိုက်ရသည်။ သူမတို့မိသားစုသည် ချင်းရှီရွာတွင် ချမ်းသာသည့် အိမ်ထောင်စု ဖြစ်သော်ငြား သူမကိုယ်တိုင်ပင် ဆယ်ပြားသောပိုက်ဆံ မရှိချေ။ အကယ်၍ သူမသာ သစ်သီးရိုင်းများ ခူးခြင်းမှ ငွေဆယ်ပြားရနိုင်ပါလျှင် သူမလည်း လုပ်ချင်မည်ဖြစ်သည်။ ထို့ပြင် သူမတို့ မိသားစုတွင် နွားများနှင့် နွားလှည်းများရှိသည်။ အကယ်၍ ဆုဝန်သာ သူမတို့ နွားလှည်းကိုငှားမည် ဆိုပါလျှင် အကောင်းဆုံးပင်ဖြစ်သည်။
ရှန်ယာယာသည် ဆုဝန်က ယခုခူးသော သစ်သီးရိုင်းများနှင့် ဘာလုပ်မည်ကို သိသည်။ ရှန်ယာယာသည်လည်း ဤ အသီးများခူးခြင်းကို တတ်နိုင်သမျှ မြန်မြန် ပြီးစေချင်သည်။ အခြားသူများ ယခုနည်းလမ်းကို သိသွားကြပြီး သူမတို့နှင့် စီးပွားရေး ပြိုင်ဆိုင်လာကြမည်ကို မလိုလားပေ။ ထို့ကြောင့် ရှန်ယာယာသည် အမြန်ပြေး၍ သူငယ်ချင်း ရှာတော့သည်။ နောက်ဆုံးစကားပြောကြချိန်က သူမကို ကူညီပေးခဲ့သော အဝါရောင် ပန်းပွင့်ကလစ်နှင့် ကောင်မလေးသည် သူ့အဖို့ သူငယ်ချင်းကောင်း ဖြစ်ပေသည်။ သူမနှင့် သေချာမဆက်ဆံဖူးသော မိန်းမငယ်လေးများ၊ ယောင်္ကျားလေးငယ်လေးများ အများကြီး ရှိပေသည်။ သူတို့သည်လည်း ငွေဆယ်ပြားကို ရလိုကြပေသည်။
ရှန်ယာယာသည် တစ်ယောက်ယောက်ကိုရှာရန် အမြန်လေး ပြေးသွားလိုက်သည်။
အခြားမိန်းမငယ်လေးများသည် ဆုဝန်က သူတို့အား သစ်သီးရိုင်း ခူးခြင်းမှ ငွေဆယ်ပြား ပေးမည်လောဟူသည့် မျှော်လင့်ချက်ဖြင့် ဆုဝန်ကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။
ထိုကလေးမများအနက် အဝါရောင်ပန်းပွင့်ကလစ်ပန်ထားသော ကလေးမတစ်ယောက်က ဆုဝန်ကို မေးလိုက်သည်။ "ဆုဝန်၊ ကျွန်မ ဘယ်ရီရိုင်းသီးခူးပေးမယ်ဆိုရင် ကျွန်မကို ဆယ်ပြားပေးမလား"
အခြားမိန်းမငယ်လေးများအားလုံးကလဲ ထောက်ခံကြသည်။
ဆုဝန်သည် သူမရင်ထဲမှ လှောင်ပြောင်လိုက်မိသည်။ သို့သော် သူမမျက်နှာတွင်တော့ ဘာအမူအရာမှ မပြပေ။ သူတို့က ရှန်ယာယာ့ကို လှောင်ပြောင်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် ရှန်ယာယာ့အပေါ် လေးစားမှုလဲ မရှိကြပါ။ သူတို့သည် ယာယာ့ကို ညီမရင်းသဖွယ် မခေါ်ရင်တောင် နာမည်အစ စာလုံးလေးတော့ ခေါ်သင့်သည်။ သူမသည် ထိုသို့သော သူတို့အား ဘာကောင်းသောအရာမှ မပေးနိုင်ပေ။
ဆုဝန်က ပြောလိုက်သည်။ "ကလေးတို့ကို သုံးဖို့တော့ မရဲဘူး။ ဒီအသီးတွေပေါ် တက်နင်းနေမှာ စိုးရိမ်တယ်"
ချန်စူးစူးက ပြောသည်။ "ဒီအသီးတွေက နင်တို့မိသားစုက ပိုင်တာလဲ မဟုတ်ဘူး။ ဒီအသီးတွေက ရွာက အသီးတွေပဲ။ ငါတို့နင်းချင် နင်းမယ်။ မနင်းချင်မနင်းဘူး"
ထိုစကားကို ကြားသောအခါ ဆုဝန်သည် ရှန်ယာယာကောက်ထားသော ဘယ်ရီရိုင်းသီး ခြင်းတစ်ဝက်ကို မှောက်ချလိုက်ပြီး ပြောလိုက်သည်။ "ဒီအသီးတွေက ရွာကဟာတွေဆို ဒါ နင်တို့နဲ့ ဆိုင်တယ်ပေါ့။ ငါကတော့ ရွာထဲက မဟုတ်ဘူးမို့ ရော့ ကောက်လိုက်"
ရှန်စူးစူးသည် အထက်စီးဆန်လွန်းသည်။ ဆုဝန်သည် ချန်စူးစူးအပေါ် စဘောမကျချေ။ သူ့အသံသည်လည်း လုံးဝ ကြင်နာမှု ကင်းမဲ့သည်။
မည်သို့ဖြစ်စေ၊ အနောက်ဘက်တောင်တွင်လည်း သစ်သီးရိုင်းများစွာ ရှိနေသေးသည်။ ဆုဝန်သည် ရွာထဲမှ အသီးများကိုသာ ခူးရခြင်းမှာ အနောက်ဘက်တောင်သည် ဝေးသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ သို့သော် သူမသည် နွားလှည်းငှားမည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်ပါက အနောက်ဘက်တောင်သို့ သွားရန် စိတ်ပူနေစရာ မလိုတော့ချေ။
အနောက်ဘက်တောင်သည် တောင်တစ်ခုသာ ဖြစ်သည်။ သို့သော် ထိုတောင်တွင် အရမ်းမမက်စောက်သော တောင်စောင်းလေးရှိသည်။ နွားလှည်းသည် သာမန်မြေပြန့်တွင် သွားသကဲ့သို့ပင် အပေါ်တက် အောက်ဆင်း သက်သာစွာ လုပ်နိုင်သည်။ ကလေးများကလဲ အနောက်ဘက်တောင်တွင် မကြာခဏ ကစားတတ်ကြသဖြင့် ဘေးကင်းမှုအတွက်လဲ စိုးရိမ်နေစရာ မလိုပေ။
ဆုဝန်စကားပြောပြီးသောအခါ သူမသည် ခြင်းတောင်းက်ု ကောက်ယူလိုက်ပြီး ဟိုဘက်ရွာသို့ သွားပေတော့သည်။
ဆုဝန်အနောက်တွင် မိန်းမငယ်လေးများက ချန်စူးစူးအား သူတို့၏ ငွေဆယ်ပြားရနိုင်သည့်အခွင့်အရေးကို နှောင့်ယှက်သောကြောင့် အပြစ်တင်သံများစွာ ကြားနေရပေသည်။
ရှန်ယာယာသည် သစ်သီးရိုင်းများကောက်ရန် ကလေးများကို သွားရှာတော့သည်။ သူမသည် ဍထိုနေ့က ပန်းပွင့်ကလစ်နှင့် ကောင်မလေးအပါအဝင် ခုနစ်ယောက် ရှစ်ယောက်ကို တစ်ခါတည်း ခေါ်ရပေမည်။ ထို့ပြင် ရွာထဲမှ ကြင်နာတတ်သော စိတ်ထားရှိသူ ယောင်္ကျားလေး၊ မိန်းကလေး အခြားကလေးများ အားလုံးကို ခေါ်ရပေမည်။
________________________