(20)
ညစာစားပွဲအတွက်အချိန်က ညနေခြောက်နာရီအဖြစ် သတ်မှတ်ထားခဲ့ပြီး နာရီအနည်းငယ်သာကျန်တော့သည့်အတွက် ကျင်းရန် အဆင်ပြေလောက်သည့် ဂိမ်းတစ်ခုကိုရွေးချယ်နေခဲ့သည်။
အလွန်အမင်း ကြမ်းတမ်းခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါးဖြစ်ကာ လူနှစ်ယောက်နဲ့ ကစားနိုင်မည့် ဂိမ်းကိုရွေးချယ်ပါက အကောင်းဆုံးဖြစ်လိမ့်မည်။
“ တွေ့ပြီ!”
ကျင်းရန် ဂိမ်းဘောက်စ်တစ်ခုကို ဆွဲထုတ်လိုက်လိုက်သည်။
“ဒါပဲလေ!”
ရန်ချင်းလင် ဂိမ်းဘောက်စ်၏အဖုံးကို ကြည့်ကာ အပေါ်မှစာကို ဖတ်ကြည့်လိုက်သည်။
“OverCookedလား?”
“ဟုတ်တယ်၊ ဒါပေမယ့် အားလုံးက ဒါကို မီးဖိုချောင်အတွက်ပြတ်ဆဲခြင်းလို့ ခေါ်ကြတယ်”
ရန်ချင်းလင်အနေဖြင့် ထိုဂိမ်းများကိုဝယ်သောအချိန်၌ တစ်ကြိမ်တည်းနှင့် အလွန်အကျွံဝယ်ခဲ့ခြင်းဖြစ်ပြီး အများစုကို အနီးကပ်ကြည့်ရှုခြင်းပင်မပြုခဲ့ပေ။ ထို့ကြောင့် ထိုဂိမ်းအကြောင်းကို သူ ပထမဆုံးကြားသိခဲ့ဖူးခြင်းပင်ဖြစ်ချေသည်။
“ဒီဂိမ်းကို ဘာလို့ “မီးဖိုချောင်အတွက်ပြတ်ဆဲခြင်း” လို့ ခေါ်တာလဲ”
ကျင်းရန် မယုံကြည်နိုင်ဖြစ်သွားရသည်။
“မင်းမသိဘူးလား၊ မင်းက ဂိမ်းဝါသနာရှင်မဟုတ်ဘူးလား။”
“... သိပ်ပြီး သဘောကျတယ်လို့လည်း မဟုတ်ပါဘူး”
“ဒါဆို မင်းဘာလို့ ဂိမ်းတွေ အများကြီးဝယ်ထားတာလဲ”
ရန်ချင်းလင် အချိန်အတော်ကြာအောင် စကားမပြောနိုင်ဘဲဖြစ်နေခဲ့ကာ ကျင်းရန်ကို မည်သို့ လိမ့်ပတ်၍ ဖြေရမလဲကို မတွေးတောနိုင်ဖြစ်နေခဲ့သည်။
ကံကောင်းစွာနဲ့ ကျင်းရန်ကလည်း ဆက်မမေးလာခဲ့ပါချေ။
“ဘာလို့လဲဆိုတော့ စုံတွဲတော်တော်များများ ဒီဂိမ်းကိုကစားပြီး လမ်းခွဲတာမျိုး ဖြစ်သွားကြတာလေ၊ ဒါကြောင့် ‘မီးဖိုချောင်အတွက် ပြတ်ဆဲခြင်း’လို့ခေါ်တာ၊ နွေရာသီအားလပ်ရက်မှာတုန်းက ငါနှင့် ရှန်ကျစ်ရှောင်းတောင် နေ့လယ်ခင်းတစ်ခုတုန်းက ကစားခဲ့ပြီး သူက ငါ့ကို လည်ပင်းညှစ်သတ်လုနီးပါးပဲ၊ ငါလည်း သူ့ကို ခေါင်းအုံးဖိပြီး အသက်ရှူရပ်သွားအောင်လုပ်လုနီးပါးဖြစ်သွားတာ...”
ကျင်းရန် ဂိမ်းကတ်ကို အံထဲသို့ ထည့်လိုက်ပြီး ရန်ချင်းလင်ကို ဂိမ်းလက်ကိုင်တစ်ခု ပေးလိုက်သည်။
“လာခဲ့၊ ကစားရအောင်”
ရန်ချင်းလင် ပြုံးပြီးပြောလာသည်။
“ဒါကို ကစားပြီးသွားလို့ ရွှယ်ကျန်းက ကျွန်တော့်ကိုကွာရှင်းချင်ရင် ဂိမ်းကို “မီးဖိုချောင်အတွက် ကွာရှင်းခြင်း” ဆိုပြီး နာမည်ပြောင်းရလိမ့်မယ်ထင်တယ်”
ဂိမ်းသုံးပွဲသာ ဆော့ကစားရသေးသော်လည်း ရန်ချင်းလင်တစ်ယောက် ဤဂိမ်းကိုကစားသည့်အချိန်တွင် စုံတွဲများ အဘယ်ကြောင့် လမ်းခွဲရကြောင်းကို လေးနက်စွာ နားလည်သဘောပေါက်သွားခဲ့ရပြီ။
ဂိမ်း၏ပုံစံက အလွန်ရိုးရှင်းသည်။ လူနှစ်ယောက်က စားဖိုမှူးနှစ်ယောက်အဖြစ် သီးခြားစီခွဲထားပြီး မှာယူလာသည့် အစားအသောက်ကို စိတ်တိုင်းကျချက်ပြုတ်ပေးရပြီး ဧည့်သည်များကို အရသာခံစေဖို့ ကျွေးမွေးပေးရသည်။
အစားအစာချက်ပြုတ်ရာတွင် ဖြတ်တောက်ခြင်း၊ နှပ်ခြင်း၊ ပေါင်းခြင်းနှင့် ကင်ခြင်းစသည့် လုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်ရန် လိုအပ်သည်။
အဆင့်တိုင်းကိုလည်း စနစ်တကျ လုပ်ဆောင်ရလိမ့်မည်။ ဧည့်သည်များ စားသောက်ပြီးပါကလည်း ထိုပန်းကန်များကို ပြန်လည်အသုံးပြုရမည်ဖြစ်သည့်အတွက် ပန်းကန်များကို ဆေးကြောရဦးမည်။
ကံကောင်းထောက်မစွာပင် အစပိုင်းတွင် သူတို့နှစ်ယျာက်၏ ပူးပေါင်းလုပ်ဆောင်မှုဖြင့် အော်ဒါကို ပြီးမြောက်အောင် လုပ်ကိုင်နိုင်ခဲ့ပြီး ဖောက်သည်များ ထပ်မံတိုးများလာသည်နှင့်အမျှ ပို၍ရှုပ်ပွလာတော့သည်။
ကျင်းရန်: “ငါ မုန်လာဥနီလိုချင်တယ် လှီးပြီးပြီလား?”
ရန်ချင်းလင် : “ကျွန်တော် ခေါက်ဆွဲ ချက်နေတုန်းပဲ”
ကျင်းရန် : “မင်းသွားပြီး မုန်လာဥကို အရင်ပိုင်းလိုက်ဦး၊ ငါတို့မှာ အချိန်မရှိတော့ဘူး!”
ရန်ချင်းလင် “ရွှယ်ကျန်း၊ ပန်းကန်တွေက ဘယ်မှာလဲ၊ ကျွန်တော်တို့မှာ ပန်းကန်တွေ မရှိဘူး”
ကျင်းရန်: “ဖာ့ခ်! ငါ ဆေးဖို့ မေ့နေတယ်၊ ငါ အခုပဲသွားဆေးလိုက်မယ်!”
ရန်ချင်းလင်: “ဒါပေမယ့် အခု ရွှယ်ကျန်းရဲ့ ကိတ်မုန့်က ပျက်စီးသွားတော့မယ်”
ကျင်းရန်: “မင်းအမေပဲ! အဲဒါ မင်း ငါ့ကို ပန်းကန်တွေဆေးခိုင်းနေလို့ ဖြစ်သွားတာ!”
…
စစ်ဆေးရေးအမှတ်တစ်ခုတွင် နာရီဝက်လောက်ကြာပြီးနောက်၊ ကျင်းရန်၏ အမူအရာက အရင်ကထက်ပို၍ နက်ရှိုင်းလာခဲ့ရသည်။
“ဒါက အလုပ်မဖြစ်ဘူးဆိုရင် ငါတို့တွေ အလုပ်ကြမ်းသမားတွေအတွက် ခွဲဝေပေးခံရတော့မယ်၊ ရန်ချင်းလင်၊ မင်းက အသီးအရွက်ဖြတ်ဖို့၊ ဟင်းသီးဟင်းရွက်တွေ တည်ခင်းဖို့၊ ပန်းကန်တွေဆေးဖို့ တာဝန်ယူရမယ်၊ ကျန်တာတွေကို ငါနှင့် ချန်ထားခဲ့လိုက်၊ နားလည်လား”
ရန်ချင်းလင် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
“နားလည်ပြီ”
သို့သော်လည်း ထိုလှည့်ကွက်က အလုပ်မဖြစ်ကြောင်းကို သက်သေပြလာခဲ့ပြီး ကျင်းရန်တစ်ယောက် ရန်ချင်းလင်အား သူ့ကို အကူအညီပေးဖို့ တောင်းခံရန်အတွက် မမေးဘဲ မနေနိုင်ခဲ့ပါချေ။
ရန်ချင်းလင်က သူ့ကို ကူညီဖို့အတွက် သူ့လက်ထဲမှ ပစ္စည်းများကို ဖယ်ထားလိုက်ရပြီး တခြား စားစရာများကို ချက်ပြုတ်ဖို့အတွက် အချိန်မကျန်ဖြစ်သွားရပြန်သည်။
အဆုံးတွက်တော့ သူ့၏ ရွှယ်ကျန်းအပေါ် အမြဲတစေစိတ်သဘောကောင်းမွန်ကာ အလျှော့ပေးထားတတ်သည့် ရန်ချင်းလင်ပင်လျှင် သည်းမခံနိုင်တော့ဘဲ ပြောလာတော့သည်။
“ကျွန်တော်က ဟင်းချက်ဖို့ တာဝန်ယူထားတာမဟုတ်ဘူးလေ၊ ရွှယ်ကျန်း ကျွန်တော့်ကို ဟင်းချက်ခိုင်းနေလို့မရဘူး!”
ကျင်းရန်၏ဆံပင်များက ချက်ချင်းပေါက်ကွဲလုမတတ် ထောင်ထလာခဲ့သည်။
“ငါ့အတွက် ပြုတ်ပေးစမ်းပါ၊ ဒါလေးလုပ်ရုံနှင့် မင်းရဲ့ ဆံပင်တွေ ကျွတ်ထွက်သွားမှာမို့လို့လား၊ ငါ မင်းအတွက် ပန်းကန်လုံးတွေ သွားဆေးပေးရင် ရပြီမဟုတ်ဘူးလား”
ရန်ချင်းလင် အသက်ပြင်းပြင်းရှူလိုက်သည်။
“မီးဖိုချောင်အတွက် ပြတ်ဆဲခြင်း” မှာ အမှန်တကယ်ပင် ဤဂိမ်းနှင့် ထိုက်တန်သော ဂုဏ်သတင်းတစ်ခုသာဖြစ်ကြောင်း သူ သိသွားရပေပြီ။
ကျင်းရန်၏ ပြေးထွက်သွားလာမှုကို အခွင့်ကောင်းယူပြီး ရန်ချင်းလင် ဂိမ်းလက်ကိုင်ကို ချလိုက်ပြီး မျက်လုံးများကိုခဏပိတ်ဆို့လျှက် ပြောလိုက်လးမိသည်။
“ရွှယ်ကျန်း၊ ကျွန်တော်တို့ ခဏလောက် အနားယူရအောင်”
ကျင်းရန်က ဖန်သားပြင်ကို စိုက်ကြည့်နေဆဲဖြစ်ပြီး ဒေါသတကြီး အော်ဟစ်လာသည်။
“မရဘူး၊ ဒီသောက်ကျိုးနည်းအဆင့်ကို မကျော်ဖြတ်နိုင်ဘူးဆိုရင် ငါ့ရဲ့နာမည်မျိုးရိုးက ကျင်း မဟုတ်တော့ဘူး!”
ရန်ချင်းလင် : “... “
သူဘာလို့ ကျင်းရန်နှင့် “မီးဖိုချောင်အတွက် ပြတ်ဆဲခြင်း”ကို ကစားဖို့ သဘောတူလိုက်ရတာလဲ? ရုပ်ရှင်ဇာတ်ကားတွေကြည့်လိုက်တာက မကောင်းဘူးလား။
သူတို့နှစ်ယောက် နောက်ထပ် နာရီဝက်လောက် ကြိုးစားပြီး နောက်ဆုံးတွင်တော့ စစ်ဆေးရေးဂိတ်ကို နောက်တစ်ခုကိုကျော်ဖြတ်နိုင်သွားခဲ့သည်။
ရန်ချင်းလင် အချိန်ကို တစ်ချက်ကြည့်လိုက်ရာ အချိန်က အလွန်ကောင်းမွန်စွာ ကိုက်ညီစွာရှိနေကြောင်း တွေ့ရှိခဲ့ရပြီး သူတို့နှစ်ယောက် ဟိုတယ်သို့ ထွက်ခွာရန် အချိန်နီးနေပြီပင်။
ဤနေ့လယ်ခင်းက အမှန်တကယ်ကို ရာဇ၀တ်မှုတစ်ခုဖြစ်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ကျင်းရန်က လက်စွပ်အကြောင်းကို မေ့လျော့သွားပုံရပြီး လုံးလုံးလျားလျား ချွတ်ယူဖယ်ရှားခဲ့ခြင်းမရှိခဲ့ပေ။
ထိုသည်ကိုတော့ အမြတ်အစွန်းအနည်းငယ်ထဲက တစ်ခုဟုသတ်မှတ်နိုင်သည်။
ကျင်းရန်က ဒေါသထွက်နေခဲ့ပြီး ရန်ချင်းလင်အား မျက်နှာကောင်းမပေးခဲ့ပေ။ ရန်ချင်းလင်သည်လည်း အတော်လေး ဒေါသထွက်ခဲ့ပြီး အလွန်ရယ်စရာကောင်းကြောင်းလည်း ခံစားနေခဲ့မိကာ ထိုအချိန်တွင် သူ့၏ရွှယ်ကျန်းအား ချော့မြူလိုသည့် စိတ်အခြေအနေများရှိမနေခဲ့။
ကျင်းရန် မီးပူတိုက်ထားသည့်အဝတ်အစားကို ပြန်လည်ဝတ်ဆင်လိုက်ကာ လက်ဆောင်များကို ယူပြီး ရန်ချင်းလင်နှင့် အတူ ထွက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင်လည့် သူတို့နှစ်ယောက်က စကားမပြောခဲ့ကြဘဲ ရန်ချင်းလင်မှ ကားကို ရပ်တန့်လိုက်သည့်အချိန်မှသာ ကျင်းရန်က မေးမြန်းခဲ့သည်။
“မင်းရဲ့မိဘတွေကလွဲရင် ဒီညတခြားလူတွေ ရှိနေသေးလား”
“မရှိဘူး”
ရန်ချင်းလင် ပြန်ဖြေခဲ့သည်။
“ကျွန်တော်တို့လေးယောက်ပဲ”
ကျင်းရန် သက်ပြင်းချလိုက်သည်။
ရန်မိသားစုမှ ကြိုတင်မှာယူထားသော စားသောက်ဆိုင်သည်ကား ကွမ်တုံးစားသောက်ဆိုင်ဖြစ်ပြီး သီးသန့်အခန်းများကိုလည်း ရှေးဟောင်းပုံစံဖြင့် အလှဆင်ထားကာ အတော်လေးမျက်စိဖမ်းစားနိုင်ဖွယ်ရှိသည်။
သူတို့ရောက်သွားသည့်နောက်တွင် ရန်ချင်းလင်၏ မိဘများက မရောက်သေးချေ။
ရန်ချင်းလင် ဖုန်းခေါ်ဆိုပြီးနောက် သူ၏မိဘများက လမ်းတွင် ယာဥ်ကြောအနည်းငယ်ပိတ်ဆို့နေခဲ့သောပြောင့် ဆယ်မိနစ်ခန့်ကြာဦးမည်ဟု ပြောပြလာခဲ့သည်။
ရန်မားမားက ရန်ချင်းလင်အား ကျင်းရန်ကို ၎င်းတို့၏ကိုယ်စား တောင်းပန်ရန်လည်း တောင်းဆိုခဲ့သည်။
အတွင်းစိတ်ထဲမှ တောင့်တင်းနေမှုကိ ပြေလျော့စေရန် ကျင်းရန်သူ့၏ဖုန်းကိုဖွင့်၍ ရီချက်၏ Moments ကို ပွတ်ဆွဲနေခဲ့ကာ ကျိယွမ်ရှီးနှင့် သူ့ရည်းစား၏ ဓာတ်ပုံကို like ပေးလိုက်စဥ်တွင် “လောဘကြီးသူများ ဂရု”ထဲမှ စာဝင်လာခဲ့သည်။
ရှန်ကျစ်ရှောင်း: [.ရုပ်ပုံ]
ရှန်ကျစ်ရှောင်း: [ကူညီကြပါဦး၊ ငါ ငါ့ရဲ့နတ်ဘုရားမကို ရုပ်ရှင်ကြည့်ဖို့ မေးလိုက်တာ၊ သူမက မကြာသေးခင်တုန်းက ရုံတင်တဲ့အထဲမှာ ဇာတ်ကားကောင်းတွေ မရှိဘူးလို့ပြောခဲ့တယ်၊ အဲဒါ ဘယ်လိုပြန်ပြောရမလဲ]
ခယ့်ချင်း :[ ဒါဆို ဇာတ်လမ်းကောင်းထွက်တဲ့အချိန်ထိ ကြည့်ဖို့ စောင့်ရမှာမဟုတ်ဘူးလား?]
လောင်ကျိ:[စာလေ့လာစရာရှိတာကို မြန်မြန်လေးသွားပြီးလေ့လာလိုက်ဦး၊ လူကြီးတွေရဲ့စကားဝိုင်းထဲကို ဝင်မပါရဘူး]
ခယ့်ယန်: [ကောင်းပြီ ငါအခုထွက်သွားပြီ. Jpg]
လောင်ကျိ: [သူမကို ဘယ်လိုဇာတ်ကားမျိုးကြည့်ရတာ ကြိုက်လဲလို့ မေးလိုက်လေ၊ ပြီးရင် မင်းလည်း အဲဒီလိုအမျိုးအစားမျိုးကို ကြည့်ရတာ ကြိုက်တယ်လို့ ပြောလိုက်၊ သူမနဲ့ စကားတွေပိုပြီးပြောပေး၊ နောက်ဆုံးကျရင် သူမကို ညစာအတူစားဖို့ တောင်းဆိုလိုက်]
ရှန်ကျစ်ရှောင်း: [@ကျင်းရန် မင်းဘယ်လိုထင်လဲ]
ကျင်းရန်တစ်ယောက် စိတ်ထဲ၌ တွေးတောလိုက်ချေသည်။
‘ငါမှ မချစ်ဖူးတာ။ ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ’
သူက ခေါင်းကိုမော့ပြီး သူ့ဘေးနားတွင်ထိုင်နေသည့် ရန်ချင်းလင်ကို ကြည့်လိုက်သည်။
ရန်ချင်းလင်က ဤပြသနာကို မည်သို့ ကိုင်တွယ်ရမည်ဖြစ်ကြောင်းကို သိနိုင်သည်။
သူက ဤမေးခွန်းကို သေချာပေါက်ဖြေပေးလိမ့်မည်။
“ဟေး ငါ မင်းကို တစ်ခုမေးချင်လို့”
“ပြောလေ”
ကျင်းရန် အဖွဲ့လိုက်စကားပြောမှတ်တမ်းကို ရန်ချင်းလင်အား ပြသလိုက်သည်။
“ဒီနေရာမှာ မင်းသာဆိုရင် ဘာလုပ်မလဲ”
ရန်ချင်းလင် ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။
“ရုပ်ရှင်လက်မှတ်နှစ်စောင်ဝယ်လိုက်မယ်၊ ပြီးရင် လက်မှတ်တွေဝယ်ပြီးပြီဆိုတဲ့အကြောင်းပြောပြီး သူ့ရဲ့အိပ်ဆောင်အောက်ထပ်မှာ သွားစောင့်နေလိုက်မယ်၊ သူ မလာရင် လက်မှတ်တွေက အလဟသဖြစ်သွားလိမ့်မယ်လို့ ပြောလိုက်မယ်”
ကျင်းရန် အံ့ဩသွားရသည်။
“ဒါက အသုံးဝင်ပါ့မလား?”
“မိန်းကလေးဘက်က သဘောတူရင် သူမက ရွှယ်ကျန်းရဲ့အခန်းဖော်ကို လုံးလုံးလျားလျား ငြင်းဆန်နေတာမဟုတ်ဘူးဆိုတာ သက်သေပြနေတာပဲ၊ ဒါဆိုရင် ရွှယ်ကျန်းရဲ့အခန်းဖော်က အလုပ်ပိုကြိုးစားပြီး အခွင့်အရေးရနိုင်တယ်၊ သူမသဘောမတူရင်တော့ ရွှယ်ကျန်းရဲ့အခန်းဖော်ကို လက်လွှတ်လိုက်သင့်ပြီဖြစ်ကြောင်း အတတ်နိုင်ဆုံးဖြောင်းဖြလိုက်တာက ပိုကောင်းတယ်”
“.. ရရင်ရ ၊ မရင်ရင်လည်း အပြတ်ပေါ့”
ကျင်းရန် စာရိုက်နေရင်းပြန်ပြောလိုက်သည်။
“မင်းက အတော်လေးကျွမ်းကျင်တာပဲ၊ မင်းအရင်တုန်းက ဒီလိုမျိုးတွေလုပ်ဖူးတယ်မလား”
ရန်ချင်းလင်က ကျင်းရန်အတွက် လက်ဖက်ရည်တစ်ခွက်ကို လောင်းထည့်ပေးလိုက်ပြီး သူ့ရဲ့နှုတ်ခမ်းတွေက ကွေးညွတ်သွားသည်အထိ ပြုံးလာခဲ့သည်။
“ဟင့်အင်း၊ ကျွန်တော်လည်း မကြာခင်ကမှ စပြီးလုပ်နေတာ”
**