☘️ Chapter 10
၎င်းတို့၏ အိမ်ထောင်ရေးမှာ သားမက်တော်အဖြစ် ဝင်ရောက်ပေါင်းသင်းသည့် အစဉ်အလာအတိုင်း မဟုတ်သော်လည်း သာမန်အိမ်ထောင်ရေးများနှင့်ကွဲပြားနေသည်။
ရှန်းဟုန်ယွင်နှင့် ကျောက်ရုံတို့သည် ၎င်းတို့မှ မွေးဖွားလာသော ကလေးများကို ရှန်းဟု မျိုးရိုးအမည် မှည့်ခေါ်ရန် အစကတည်းက သဘောတူထားခဲ့ကြသည်။
၎င်းတို့၏ပထမဆုံးရင်သွေးမှာ သမီးမိန်းကလေးဖြစ်ပြီး ရှန်းဟုန်ယွင်ဟု အမည်မှည့်ကာ ရှန်းမျိုးရိုးကိုပင် ဆက်ခံစေခဲ့သည်။
ဒုတိယရင်သွေးမှာမူ ကျောက်ဟုန်လန်ဖြစ်ပြီး အစ်မဖြစ်သူထက် ဆယ်နှစ်ခန့် ငယ်ရွယ်သည်။
သူ့ကို မွေးဖွားလာချိန်တွင် ရှန်းဟုန်ယွင်မှာ ရှန်းဟုန်ယွင်၏ ကောင်းမွန်သော ပညာသင်ကြားပေးမှုများအောက်တွင် အတော်ပင် တတ်မြောက်နေပြီဖြစ်သည်။
ကျောက်ရုံသည် ကျောက်ဟုန်လန်ကို မိခင်ဝမ်းဗိုက်ထဲ ရှိနေစဉ်ကတည်းက အမည်ရွေးချယ်ထားခဲ့ပြီးဖြစ်သည် မိန်းကလေးဆို လျှင် ရှန်းဟုန်လန်၊ ယောက်ျားလေးဆိုလျှင်လည်း ရှန်းဟုန်လန်ဖြစ်သည်။
သို့သော် မွေးဖွားလာပြီးနောက် ရှန်းဟုန်ယွင်ကမူ သူ့ကို ကျောက်ဟုန်လန်ဟု တိုက်ရိုက်အမည်ပေးခဲ့၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ကျောက်ဟုန်လန်မှာ သိုင်းပညာပါရမီ အလွန်ထူးချွန်ပြီး မိသားစုစီးပွားရေးကို ဆက်ခံရန်မလိုအပ်သဖြင့် ကျောက်ရုံက သူ့ကို ချင်းဟုန်ဓားဂိုဏ်းသို့တပည့်အဖြစ် တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။
ရှန်းဟုန်ယွင်သည်လည်း ကျောက်ရုံထံမှ သိုင်းပညာသင်ယူခဲ့သော်လည်း သူမ ပါရမီမှာ သာမန်မျှသာဖြစ်ကာ ရှန်းမိသားစု၏ လုံခြုံရေးကိုစောင့်ရှောက်ရန်အတွက်မူ လုံလောက်ပေသည်။
အနည်းဆုံးတော့ သူမတွင် သိုင်းမဟာမိတ်ခေါင်းဆောင်ဖြစ်သော ဖခင်နှင့် ထူးချွန်သော ပါရမီရှင် မောင်လေးတစ်ယောက် ရှိနေသည် မဟုတ်ပါလား။
ထို့ကြောင့်လည်း ယွင်ဟွေ့ကျိုးက ကျောက်ဟုန်လန်အား သူဌေးတစ်ဦးဖြစ်ကြောင်း လျန်လီကို ကွယ်ရာတွင် အမြဲပြောလေ့ရှိခြင်း ဖြစ်သည်။ ကျောက်ဟုန်လန်က သူတို့ကို ထမင်းဖိတ်ကျွေးသည့်အခါတိုင်း ယွင်ဟွေ့ကျိုးက လျန်လီအား ဈေးနှုန်းကို မကြည့်ဘဲ ကြိုက်တာမှာစားရန် အမြဲပြောလေ့ရှိသည်။
လျန်လီသည် ယွင်ဟွေ့ကျိုးနောက်သို့ လိုက်ပါကာ ကျောက်ရုံထမင်းစားပွဲသို့ ရောက်ရှိလာပြီး အဓိကစားပွဲတွင် ထိုင်ခွင့်ရခဲ့သည်။
သိုင်းလောကမှ အကျော်အမော်များနှင့် အနှိုင်းမဲ့ပညာရှင်များ ပြည့်နှက်နေသည့် ထိုစားပွဲတွင် သူ့ကဲ့သို့ ကြက်သတ်တာကို မြင်လျှင်ပင် ကြက်ဆိတ်မှာ ကြောက်နေရသည့် လူစားမျိုးလည်းပါဝင်နေတော့သည်။
ယွင်ဟွေ့ကျိုးကမူ သိုင်းပညာရှင် အကျော်အမော်များနှင့် အပြန်အလှန် နှုတ်ဆက်စကားဆိုနေစဉ်၊ လျန်လီမှာမူ စားပွဲပေါ်ရှိ အရသာရှိသော ဟင်းလျာများကိုကြည့်ကာ သွားရည်ကျနေမိ၏။
သဘာဝအတိုင်းပင်၊ သူ့ကဲ့သို့လူတစ်ယောက် အဓိကစားပွဲသို့ ခိုးဝင်ထိုင်နေသည်ကို မနှစ်မြို့သူအချို့ ရှိနေသည်။
သို့သော် သူသည် ယွင်ဟွေ့ကျိုး ခေါ်ဆောင်လာသူဖြစ်သည့်အပြင်၊ ကျောက်ရုံကိုယ်တိုင်ကလည်း ယွင်ဟွေ့ကျိုးအပေါ် အလွန်ရင်းနှီးပျူငှာသဖြင့် လူအများစုမှာ အောင့်အည်းသည်းခံနေကြရုံသာ။
သို့သော် လူအများစုကသာ သည်းခံကြခြင်းဖြစ်ပြီး အချို့ကမူ သည်းမခံနိုင်ကြပေ။
အမှန်ပင်၊ သူတို့ စတင်စားသောက်တော့မည့်ဆဲဆဲမှာပင် အခြေအနေကို နားမလည်သော တစ်စုံတစ်ယောက်က ထရပ်လိုက်တော့သည်။
"လေးစားအပ်ပါတဲ့ စီနီယာတို့" ထိုသူက အရင်ဆုံးထရပ်ကာ အဓိကစားပွဲရှိ လူများကို ယဉ်ကျေးစွာ လက်အုပ်ချီနှုတ်ဆက်ရင်း လူတိုင်း၏အာရုံကို မိမိထံသို့ ဆွဲယူလိုက်သည်။
ထို့နောက် သူက လျန်လီဘက်သို့ လှည့်ကာ ပြောလိုက်သည်မှာ "ဒီလူငယ်သူရဲကောင်းယွင်ကတော့ အခုပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိထားသူဖြစ်လို့ စီနီယာတို့နဲ့ စားပွဲတစ်ခုတည်းမှာ ထိုင်နေတာကို ဘယ်သူမှ ကန့်ကွက်စရာ မရှိပါဘူး၊ ဒါပေမဲ့ ဒီညီငယ်လေးမှာ ရော စီနီယာတို့နဲ့ စားပွဲတစ်ခုတည်းမှာ ထိုင်နိုင်လောက်အောင် ဘယ်လိုအရည်အချင်းတွေရှိသလဲဆိုတာ ကျွန်တော် သိပါရစေ”
သူက ထိုသို့ပြောပြီးနောက် အဓိကစားပွဲ၏ ဘေးရှိစားပွဲတွင် ထိုင်နေသော ကျောက်ဟုန်လန်ဘက်သို့ လှည့်၍ ဦးညွှတ်ပြလိုက်သော် လည်း ကျောက်ဟုန်လန်ကိုမူ တစ်စုံတစ်ရာမပြောခဲ့ပေ။
သို့သော် သူ့ မျက်ဝန်းများထဲတွင်မူ တမင်တကာလုပ်ယူထားသော နောင်တရိပ်အချို့ ပါဝင်နေ၏။
ကျောက်ဟုန်လန် မျက်နှာတွင် အမြဲရှိနေကျ အပြုံးမှာရှိနေဆဲဖြစ်သော်လည်း သူ့ မျက်ဝန်းထဲမှ အပြုံးများမှာမူ ပျောက်ကွယ်သွား သည်မှာ ကြာလှပြီဖြစ်သည်။
သူသည် ထိုသူ၏ရန်တိုက်ပေးလိုသော ရည်ရွယ်ချက်ကို သဘာဝအတိုင်းနားလည်လိုက်၏။
ဒါက သူ့ ဖခင် ကျင်းပသည့် ထမင်းစားပွဲဖြစ်သလို၊ ဤသူမှာ ပြိုင်ပွဲ၏ချန်ပီယံလူငယ်များအတွက် လူသိရှင်ကြား ပြဿနာရှာ နေခြင်းဖြစ်ကာ သူ့ကိုပါ ဤကိစ္စထဲ ဆွဲသွင်း၍ ရန်တိုက်ပေးရန်ကြိုးစားနေခြင်းက သူ့ကို အမှန်ပင်စိတ်အနှောင့်အယှက် ဖြစ်စေသည်။ အကယ်၍ သူသာ တစ်စုံတစ်ရာတုံ့ပြန်လိုက်ပါက သူ၏ မိသားစုကို လောကသူရဲကောင်းများရှေ့တွင် အရှက်ရ အောင် လုပ်မိသလိုဖြစ်သွားမည် မဟုတ်ပါလား။
ထိုသို့ တွေးမိသဖြင့် သူသည် ချွီထင်ချွမ်ကို စကားလှည့်ပြောလိုက်ကာ၊ ထိုသူ၏ စကားများကို မကြားခဲ့သလို၊ သူ့ အပြုအမူ များကိုလည်း မမြင်ခဲ့သလိုမျိုး ချွီထင်ချွမ်ပန်းကန်ထဲသို့ ဟင်းအချို့ကို အသာအယာထည့်ပေးနေလိုက်သည်။
သူသည် ထိုသူကို လုံးဝကို လျစ်လျူရှုလိုက်ခြင်းဖြစ်သည်။
မျက်စိရှိသူ မည်သူမဆို ကျောက်သခင်လေးက ထိုပြဿနာရှာသူကို လူပြက်တစ်ယောက်ကဲ့သို့ သဘောထားနေသည်ကို မြင်နိုင်ပေသည်။
ယွင်ဟွေ့ကျိုးသည်လည်း မျက်မှောင်ကြုတ်သွား၏။ ဆရာဖြစ်သူထံတွင် သိုင်းပညာစတင်သင်ယူပြီးကတည်းက သူ့ ဦးလေးဖြစ်သူမှာ သိုင်းပြိုင်ပွဲတိုင်း၏နောက်ဆုံးဗိုလ်လုပွဲများကို သူ့အား လိုက်လံကြည့်ရှုခိုင်းလေ့ရှိသလို၊ ပြိုင်ပွဲအပြီး ထမင်းစားပွဲများကိုလည်း ခေါ်သွားလေ့ရှိသည်။ ယခင် ချန်ပီယံအချို့မှာလည်း သူတို့နှင့်အတူ လူအချို့ကို အဓိကစားပွဲတွင် ခေါ်ယူထိုင်ခိုင်းခဲ့သည်ကို သူသိရှိထားပြီး၊ ၎င်းတို့ထဲတွင် သိုင်းပညာလုံးဝမတတ်သူများပင် ပါဝင်ခဲ့ဖူးသည်။
ထိုစဉ်က မည်သူမျှ ပြဿနာရှာသည်ကို သူ မမြင်ခဲ့ဖူးပေ။
အဘယ်ကြောင့် သူ ချန်ပီယံဖြစ်၍ သူ့အနာဂတ် ညီငယ်လေးကို အဓိကစားပွဲတွင် ခေါ်ယူထိုင်ခိုင်းချိန်မှသာ တစ်စုံတစ်ယောက်က ဤမျှအထိ မကျေမနပ်ဖြစ်နေရပါသနည်း။
ထို့ပြင် သူသည် လျန်လီကို ခေါ်လာမည့်အကြောင်း ကျောက်ရုံကို ကြိုတင်ပြောကြားထားခဲ့ပြီးဖြစ်သလို၊ စားပွဲတစ်ခုတည်းတွင် ထိုင်နေသော စီနီယာများအားလုံးကလည်း ထိုအကြောင်းကိုသိရှိထားကြသည်။
ခဏမျှ အခြေအနေမှာ တိတ်ဆိတ်သွား၏။
ကျောက်ရုံက သူ့တူကိုချလိုက်ပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင်၊ လျန်လီ တိုးတိုးလေး ညည်းတွားလိုက်သည်မှာ "စားပွဲပေါ်က စီနီယာတွေတောင် ဘာမှမပြောကြဘဲ အေးအေးဆေးဆေးရှိနေကြတာ... တကယ့်ကို သိုင်းလောကရဲ့ စီနီယာကြီးတွေပီသပါပေတယ်၊ သူတို့ရဲ့ စရိုက် အမူအရာနဲ့ သိုင်းပညာတွေက တကယ့်ကိုမှ ထိပ်တန်းတွေပဲ”
"ဒါ့အပြင် သိုင်းမဟာမိတ်ခေါင်းဆောင်က သူရဲကောင်းပေါင်းစုံကို ဒကာခံကျွေးတဲ့ ထမင်းစားပွဲပဲဥစ္စာ၊ အားလုံး သဟဇာတ ဖြစ်ဖြစ်နဲ့ ပျော်ပျော်ပါးပါးစားသောက်ကြတာ ပိုမကောင်းဘူးလား ဘယ်လိုလုပ်ပြီး ဒီလောက်အမြင်မရှိတဲ့သူမျိုး ရှိနေရတာလဲ”
"မရှိနိုင်ပါဘူး၊ ဘယ်သူမှ ဒီလောက်အထိ တုံးအပြီး အမြင်မရှိနိုင်ပါဘူး၊ ဒါကြောင့် ဒါ တမင်သက်သက်လုပ်တာပဲ ဖြစ်ရမယ်”
သူ့ စကားလုံးများမှာ မိမိကိုယ်ကိုယ် ပြောနေသည့်အသွင် ပေါက်သော်လည်း၊ တက်ရောက်လာသူ အားလုံးကမူ သူသည် ထိုပြဿနာရှာသူကို ထောင်ချောက်ဆင်နေမှန်းသိလိုက်ကြသည်။ အခြေအနေက ဤသို့ဖြစ်လာပြီဆိုမှတော့ ထိုသူမှာ မိမိကိုယ်ကိုယ် တုံးအကာ အမြင်မရှိသူအဖြစ် ခံယူမလား၊ သို့မဟုတ် တမင်သက်သက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝန်ခံမလား ရွေးချယ်ရတော့မည်ဖြစ်သည်။
ဒါက သိုင်းမဟာမိတ်ခေါင်းဆောင်၏ ထမင်းစားပွဲဖြစ်သဖြင့် "တမင်သက်သက်" ဟု ဆိုခြင်းမှာ ခေါင်းဆောင်ကို မလေးစားခြင်းပင် ဖြစ်ပေလိမ့်မည်။
ထို့ပြင် သူသည် အလယ်တွင် စကားလုံးသုံးလုံးကို ချန်လှပ်ထားခဲ့သော်လည်း၊ ထိုစကားလုံး သုံးလုံးမှာ မည်သည့်အရာဖြစ်သည်ကို လူတိုင်းက သိရှိနေကြသည်။
'ဧကရာဇ်မင်းထက် နန်းတွင်းအမတ်က ပိုပြီးလောနေတယ်' ဆိုသည့် သဘောမျိုးပင်။
ချက်ချင်းဆိုသလို အတင်းအဖျင်းဝါသနာပါသော သိုင်းသမားအချို့က ထိုသူကို အားနာခြင်းမရှိဘဲ တဟားဟား ရယ်မောလိုက်ကြ တော့သည်။
ပိုအံ့အားသင့်စရာကောင်းသည်မှာ တစ်စုံတစ်ယောက်က "အမတ်မင်းက ပိုပြီး လောနေတာပဲဟေ့!" ဟု ဟစ်အော်လိုက်ခြင်းပင်။
ထိုသူ့ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားတော့သည်။ သူသည် လျန်လီကို ခဏမျှစိုက်ကြည့်နေသော်လည်း၊ ရုတ်တရက် သူ့ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရ၏။
သူ အကြည့်လွှဲလိုက်သောအခါ ယွင်ဟွေ့ကျိုးက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
ယွင်ဟွေ့ကျိုးနှင့် မိမိကြားရှိ အရည်အချင်းကွာဟမှုနှင့် ပတ်ဝန်းကျင်မှ ရယ်မောသံများကိုထည့်တွက်ကာ သူ ထိုနေရာတွင် ဆက်မနေရဲတော့ပေ။ သူသည် နှာတစ်ချက် ပြင်းပြင်းမှုတ်လိုက်ပြီး ထရပ်ကာ ထွက်ခွာသွားလေတော့သည်။
သူ ထွက်သွားပြီးနောက် ကျောက်ရုံလည်း အခြေအနေကို ပြန်လည် ထိန်းညှိပေးလိုက်၏။
သူသည် ယွင်ဟွေ့ကျိုးကို ကောင်းမွန်စွာဆက်ဆံသူဖြစ်သဖြင့်၊ ယွင်ဟွေ့ကျိုး ခေါ်ဆောင်လာသော လျန်လီကိုလည်း အဆိုးမြင်မည် မဟုတ်ပေ။
သူသည် ယဉ်ကျေးသော စကားအချို့ ဆိုပြီးနောက်၊ ထိုင်ကာ လျန်လီ ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးလိုက်ခြင်းဖြင့် သူ့ကို ထောက်ခံအားပေးကြောင်း ပြသလိုက်သည်။
အမှန်စင်စစ် ဤသည်မှာ ယွင်ဟွေ့ကျိုးကို အားပေးခြင်းလည်း ဖြစ်ပေသည်။
အချို့လူများက ကျောက်ဟုန်လန်ထံသို့ တစ်ဖန် လှည့်ကြည့်လိုက်ကြပြီး ဤလူငယ်သူရဲကောင်း ကျောက်မှာ ထိုသူ၏ စကားများကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားလေသလားဟု ကြည့်ကြသော်လည်း၊ သူသည် မမလေးချွီအား ဟင်းများ ထည့်ပေးမြဲ ထည့်ပေးနေသည်ကိုသာ တွေ့ကြရသည်။
မမလေးချွီ၏ပန်းကန်ထဲတွင် ဟင်းများမှာ တောင်ကုန်းလေးသဖွယ်စုပုံနေတော့သည်။
မမလေးချွီကမူ ပြုံးလျက် လူငယ်သူရဲကောင်း ကျောက်ကို စကားပြောနေသလို၊ ဟင်းများ ထပ်မထည့်ရန်လည်း လက်လှမ်း၍ တားဆီးနေရှာသည်။
ထိုနှစ်ဦးမှာ အလွန်ရင်းနှီးကျွမ်းဝင်နေသည့်ပုံ ပေါက်နေ၏။
စိတ်အနှောင့်အယှက်ပေးသူကို ဖယ်ရှားပြီးနောက် လျန်လီသည် မိမိကိုယ်ကိုယ် လက်မထောင်ပြလိုက်မိသည်။ စားပွဲရှိ စီနီယာကြီးများ စတင်စားသောက်ကြသည်ကို မြင်သောအခါ သူလည်း အားနာမနေတော့ဘဲ ပျော်ရွှင်စွာပင် စားသောက်တော့သည်။
စီနီယာကြီးများစွာ ရှိနေသဖြင့် လျန်လီသည် ယွင်ဟွေ့ကျိုးနှင့် နှစ်ယောက်တည်း စားစဉ်ကထက်များစွာ ပိုယဉ်ကျေးသိမ်မွေ့နေ၏။
ယွင်ဟွေ့ကျိုးက လျန်လီ၏ထိန်းသိမ်းထားသော အမူအရာကိုကြည့်ကာ ရံဖန်ရံခါ ပြုံးနေမိသည်။
သို့သော် စားပွဲရှိ စီနီယာကြီးများအနက် အရက်ကြိုက်သူ တစ်ဦးက ယွင်ဟွေ့ကျိုးနှင့် အတူ သောက်ရန် ဇွတ်အတင်း တိုက်တွန်းနေ၏။
ယွင်ဟွေ့ကျိုးမှာ ငြင်းဆန်၍မရသဖြင့် ထိုသူနှင့်အတူ သောက်လိုက်ရသည်။
ထို့နောက် ထမင်းစားပွဲ တစ်ဝက်ခန့်တွင်၊ လျန်လီသည် ယွင်ဟွေ့ကျိုး၏ ဘယ်ဘက်လက်က စားပွဲပေါ်မှနေ၍ စားပွဲအောက်သို့ လျှောဆင်းသွားသည်ကို ခံစားလိုက်ရသည်။
သူတို့နှစ်ဦးမှာ နီးကပ်စွာ ထိုင်နေကြသဖြင့် ခြေထောက်ချင်းထိကပ်နေကြ၏။
ယွင်ဟွေ့ကျိုးက သူ့ ခြေထောက်များကို ပိုနီးကပ်အောင် ဆွဲယူလိုက်ပြီးနောက်၊ သူ့လက်ဖြင့် လျန်လီ ခြေထောက်ကို အသာအယာ ပြန်လည် စုစည်းပေးလိုက်သည်ကို ခံစားလိုက်ရသည်။
ထို့နောက် ယွင်ဟွေ့ကျိုး၏ဘယ်ဘက်လက်မှာ လွတ်နေသော နေရာသို့ရွှေ့သွားပြီးနောက်၊ မကြာမီမှာပင် လျန်လီ ခြေထောက် ဘေးဘက်တွင် ပူနွေးသော ခံစားချက်တစ်ခုပေါ်ပေါက်လာတော့သည်။