အခန်း (၇၆) – နင် အာ့ထောင်ကို
ကြိုက်နေတာလား
ကျီကျောက်သည် အနည်းငယ်
စိတ်ရှုပ်သွားသော်လည်း သူမ၏ လက်ဖဝါးတွေကိုတော့ နာခံမှုရှိစွာ
ဖွင့်ပေးလိုက်ဆဲဖြစ်သည်။
“ဘာဖြစ်လို့လဲ။”
ရှန်းယောင်က ညင်သာစွာ ပြုံးပြီး
သူမ၏ လက်ဖဝါးထဲ တစ်စုံတစ်ခုကို ထည့်ပေးလိုက်သည်။
ကျီကျောက်က တစ်ချက်ကြည့်လိုက်ရာ
သူမ၏ လက်ဖဝါးပေါ်တွင် မက်မွန်သီးပုံသဏ္ဍာန် ငွေနားကပ်တစ်ရံကို တွေ့လိုက်ရသည်။
မက်မွန်သီးလေးတွေရဲ့ အရွယ်အစားက
ပဲပိစပ်အရွယ်လောက်သာရှိပြီး အလွန်ချစ်ဖို့ကောင်းသည်။
“ဒါက…” ကျီကျောက်က
အံ့အားသင့်သွားကာ နှစ်လိုဖွယ်ကောင်းစွာ မေးမြန်းလိုက်သည်၊ “ရှင် ဘာဖြစ်လို့ ဒါကို ဝယ်လာတာလဲ။ ကျွန်မ…”
“မင်း ဒါကို ကြိုက်လား”
ရှန်းယောင်သည် ကျီကျောက်၏ မျက်ဝန်းထဲရှိ အံ့အားသင့်မှုတွေကို သတိမပြုမိဘဲ မနေပေ။
သူက တိုးတိုးလေး မေးခဲ့သည်၊ “ဒါက မင်းအတွက် ကျေးဇူးတင်လက်ဆောင်ပါ။”
“ကျေးဇူးတင်လက်ဆောင်လား။ ရှင်
ကျွန်မဆီ ဘာရဖူးလို့လဲ။”
“မင်း အရင်က ကိုယ့်ကို
ရွှေထောင်ချီတန်ကြေးရှိတဲ့ စာရေးစုတ်တံ ဝယ်မပေးဖူးဘူးလား” ရှန်းယောင်က တိုးတိုးလေး
ရှင်းပြသည်၊ “သူငယ်ချင်းတွေကြားမှာ အပြန်အလှန် မျက်နှာသာပေးတာ ရှိသင့်တယ်လေ။”
“ကျေးဇူးပါ” ကျီကျောက်က မပြုံးဘဲ
မနေနိုင်ပေ။ “ကျွန်မ ဒါကို အရမ်းကြိုက်တယ်။”
ရှန်းမိသားစုအိမ်ခြံဝင်းကို
ပြန်ရောက်တော့ ကျောက်လန်ဟွာနှင့် ဒုတိယမရီးရှန်းတို့သည် လက်ဆောင်များကို
လက်ခံရရှိသည့်အတွက် အလွန်ပျော်ရွှင်သွားခဲ့ကြသည်။
“ကောင်မလေး၊ နင် ဘာဖြစ်လို့
ပိုက်ဆံတွေ ထပ်ဖြုန်းရပြန်တာလဲ။”
“အမေ ဘာဖြစ်လို့
စမ်းမဝတ်ကြည့်တာလဲ။ ကျွန်မ ဒါလေးကို အမေနဲ့ အရမ်းလိုက်မယ်လို့ထင်တယ်” ကျီကျောက်က
ခပ်မြန်မြန်ပြုံးပြီး ပြောလိုက်သည်၊ “ပြီးတော့ ဒီဘူးသီးသေးသေးလေးရဲ့ အဓိပ္ပါယ်က
အရမ်းကောင်းတယ်။ ဒီဘူးသီးလေးက ကောင်းချီးမင်္ဂလာလို့ အဓိပ္ပါယ်ရတယ်။ အမေ
ကံကောင်းသူ ဖြစ်လာလိမ့်မယ်။”
“အမေ ဘာဖြစ်လို့
စမ်းမဝတ်ကြည့်တာလဲ။ ကျွန်မလည်း ဒီလိပ်ပြာလေးတွေကို အရမ်းကြိုက်တယ်”
ဒုတိယမရီးရှန်းက ဆန္ဒစောစွာ ပြောလာခဲ့သည်၊ “အာ့ထောင် ငါက လိပ်ပြာတွေကို
အကြိုက်ဆုံးဆိုတာ နင်ဘယ်လိုသိတာလဲ။”
မူရင်းဝတ္ထုကို ဖတ်ဖူးသော
ကျီကျောက်သည် ဒုတိယမရီးရှန်း၏ အကြိုက်ဆုံးမှာ လိပ်ပြာပုံသဏ္ဍာန် ဆံထိုး
လက်ဝတ်ရတနာဖြစ်ကြောင်း သိသောကြောင့် သူမ ဒါကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်မ ဒီအတိုင်း
မှန်းဆကြည့်မိတာလေ” ကျီကျောက်က နုံနုံအအလေး ပြုံးလိုက်သည်၊ “ကျွန်မ မှန်းဆလိုက်တာ
မှန်သွားလိမ့်မယ်လို့ မထင်ထားဘူး။”
“နင်က အရမ်းတော်တာပဲ။”
“အာ့ထောင် သွားရအောင်။ နင်နဲ့
နင့်ဒုတိယမရီးတို့ အမေနဲ့အတူ ဒီလက်ဝတ်ရတနာအသစ်တွေကို စမ်းဝတ်ကြည့်ရအောင်”
ကျောက်လန်ဟွာက တခစ်ခစ် ရယ်မောလိုက်သည်။
“အမေ” ရှန်းယောင်က ရုတ်တရက်
ပြောလိုက်သည်၊ “အမေ အာ့ထောင်ကို သူမ အခန်းဆီ အရင်ပြန်နားခိုင်းလိုက်ပါလား။ မနေ့ညက
ကျွန်တော် ရုတ်တရက် အဖျားကြီးသွားတော့ အာ့ထောင်ပဲ ကျွန်တော့်ကို တောက်လျှောက်
ပြုစုပေးနေရတာလေ။”
“စန်းလန် နင် ဘာဖြစ်လို့
ရုတ်တရက်ကြီး အဖျားတက်ရတာလဲ။ အခုရော နေကောင်းသွားပြီလား” ကျောက်လန်ဟွာက
စိုးရိမ်တကြီး မေးလိုက်သည်။ သူမသည် ခြေဖျားထောက်ပြီး ရှန်းယောင်၏ နဖူးကို
စမ်းလိုက်သည်။
“အမေ ကျွန်တော် အခု သက်သာသွားပြီ။”
ကျောက်လန်ဟွာက သူ့ကို စေ့စေ့စပ်စပ်
စစ်ဆေးကြည့်ပြီးတော့ ကျီကျောက်၏ မျက်ဝန်းအောက်ရှိ အမည်းရောင် အကွင်းလိုက်ကြီးကို
သတိပြုမိလိုက်သည်။
“ကောင်မလေး၊ မြန်မြန်လေး
နင့်အခန်းပြန်ပြီး အနားယူချေ။”
“အမေ တကယ်တော့ ကျွန်မ အရမ်း
မပင်ပန်းပါဘူး…”
“နင် အိပ်ချင်သည်ဖြစ်စေ
မအိပ်ချင်သည်ဖြစ်စေ ခဏတဖြုတ်လောက် နင့်မျက်လုံးကို ပိတ်ပြီး အနားယူချေ”
ကျောက်လန်ဟွာက ကျီကျောက်ကို နောက်ထပ် စကားတစ်ခွန်း ထပ်မပြောတော့ဘဲ ရှန်းယောင်ရဲ့
အခန်းဆီ တိုက်ရိုက် ပြန်ဆွဲခေါ်သွားခဲ့သည်၊ “နင် ကောင်းကောင်း အနားယူပြီး
အိပ်ချေ။”
“ဟုတ်ကဲ့ပါ၊ ဒါဆိုရင်လည်း”
ကျီကျောက် ညင်သာစွာ ပြုံးလိုက်သည်၊ “အမေ ကျွန်မ အရင် အနားယူလိုက်ဦးမယ်နော်။”
ကျီကျောက်သည် သူမ
အိပ်မပျော်နိုင်ဘူးလို့ ထင်ခဲ့မိပေမယ့် သူမ ခေါင်းအုံးနဲ့ ခေါင်း ထိလိုက်တဲ့
အချိန်တိုအတွင်းမှာပဲ သူမ အိပ်ပျော်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
ထိုအချိန် ရှန်းမိသားစု
ဧည့်ခန်းတွင်။
“ငွေငါးလျန်းလား” ကျောက်လန်ဟွာရဲ့
မျက်လုံးတွေက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်၊ “ဒီနိုင်ငံခြားကုန်သည်က
တကယ်ရက်ရောတာပဲ။”
“ကျွန်တော့်ကို ဆေးကုသဖို့
ငွေနှစ်လျန်း အသုံးပြုခဲ့တယ်။ ကျန်တဲ့ ပိုက်ဆံတွေနဲ့ အာ့ထောင်က
အမေတို့သုံးယောက်အတွက် ငွေနားကပ်သုံးရံ ဝယ်လာခဲ့တာ” ရှန်းယောင်က တိုးတိုးလေး
ရှင်းပြသည်။
“ဒီကောင်မလေး ငါတို့အတွက်ပဲ
ဘာဖြစ်လို့ အမြဲတွေးနေရတာလဲ။ သူမက သူမအတွက်ရော ဘာဖြစ်လို့ လက်ဝတ်ရတနာ
ထည့်မဝယ်လာရတာလဲ” ကျောက်လန်ဟွာက စိတ်ထိခိုက် နာကျင်သွားသည်။
“အမေ စိတ်မပူနဲ့။ ကျွန်တော်
အာ့ထောင်အတွက် ကျွန်တော့်ကိုယ်ပိုင်ငွေနဲ့ ငွေနားကပ်တစ်ရံ ဝယ်လာခဲ့တယ်။”
“တော်တယ်” ကျောက်လန်ဟွာက
ချက်ချင်းပင် ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။
ထို့နောက် သူမသည် ခေါင်းမော့ပြီး
သူမ၏ သားဖြစ်သူကို အတွေးများစွာ စိုက်ကြည့်နေခဲ့သည်။
“အမေ” ရှန်းယောင်က
စိတ်ရှုပ်ထွေးစွာ မျက်ခုံးပင့်လိုက်သည်။
“စန်းလန် နင် ငါ့ကို
ရိုးရိုးသားသားပြော။ နင် အာ့ထောင်ကို ချစ်မိသွားပြီလား။” ကျောက်လန်ဟွာက
သူ့မျက်လုံးတွေကို စိုက်ကြည့်ပြီး လေးလေးနက်နက် မေးလိုက်သည်။
ရှန်းယောင်က
တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။