Ch 95
Viewers 12k

အခန်း (၉၅) – အရမ်းနီးလွန်းတယ်

 

ကျီကျောက်သည် ရှန်းယောင် ဖမ်းမိသော ငါးရှဉ့်ကြီးကို မြင်သောအခါ ပျော်ရွှင်စွာ ထခုန်ခဲ့သည်။

 

“ရှင်က တကယ်အံ့ဩဖို့ကောင်းတာပဲ” ကျီကျောက်က ငါးရှဉ့်ကြီးကို စိုက်ကြည့်ပြီး သူမ၏ နှုတ်ခမ်းပါးတွင် ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ သူမသည် ဒီငါးရှဉ့်ကို ဘယ်လို ချက်ပြုတ်ရင် ကောင်းမလဲ ဆိုတာကို တိတ်တဆိတ် တွေးနေခဲ့သည်။

 

“ဟမ့်၊ မင်း တကယ်တော်တာပဲ” ရှန်းလန်က နှာခေါင်းရှုံ့ပြီး ရှန်းယောင်ရဲ့ လက်ထဲက ငါးမြှားချိတ်ကို ဆွဲယူလိုက်သည်။ သို့ရာတွင် သူ့အရှိန်က အရမ်းမြန်ပြီး ရှန်းယောင်ရဲ့ လက်ဖဝါးကိုပါ ခြစ်မိသွားခဲ့သည်။

 

“နင် ဘာဖြစ်လို့ ဒီလောက် အမှတ်မရှိရတာလဲ” ကျီကျောက်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်၊ “နင်က အရမ်းဆိုးတာပဲ။ နင်က ရှန်းယောင်ကို ထိခိုက်စေတယ်၊ နင်က အရမ်းလွန်သွားပြီ။”

 

“ငါ အဲ့လိုဖြစ်သွားဖို့ မရည်ရွယ်ပါဘူး” ရှန်းလန်က ရှန်းယောင်ရဲ့ လက်ကို မတော်တဆ ခြစ်မိသွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမယ့် သူ တောင်းပန်စကား မဆိုနိုင်ဘူး။ သူက ခေါင်းမော့ပြီး သူတို့နှစ်ယောက်သားဘက်လှည့်ကာ ဒေါသတကြီး ပြောလာခဲ့သည်၊ “ငါ ငါးရှဉ့်ဖမ်းနေတာကို အနှောင့်အယှက်ပေးလို့ ငါ နင့်ကို အပြစ်တောင် မတင်ခဲ့ဘူး။”

 

“ငါပြောရဦးပါမယ်၊ နင်က ဘာဖြစ်လို့ အရင်ဆုံး စောဒကတက်နေရတာလဲ” ကျီကျောက်က သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ သူမရဲ့ အင်္ကျီလက်တွေကို ခေါင်တင်ပြီး သူနဲ့ ငြင်းခုံရန်ဖြစ်ဖို့ပြင်သည်။

 

ရှန်းယောင်က သူမရဲ့ အင်္ကျီလက်ကို တိတ်တဆိတ် ဆွဲပြီး တားမြစ်လိုက်သည်၊ “အာ့ထောင် ကိုယ့်ဒဏ်ရာက သေးသေးလေးပါ။”

 

“ဒါဆို အိမ်ကို အရင်ပြန်ရအောင်” ကျီကျောက်က သူ့ကို လက်တစ်ဖက်နဲ့ တွဲထားပြီး နောက်လက်တစ်ဖက်က ငါးရှဉ့်ကို ကိုင်ကာ ရှန်းမိသားစုအိမ်ခြံဝင်းရှိဆီသို့ လမ်းလျှောက်ပြန်လာခဲ့ကြသည်။

 

လူနှစ်ယောက်၏ ခြေရာများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်အခါမှ လယ်ကွင်းတောင်ကြောပေါ်တွင် ငါးရှဉ့်ဆက်ဖမ်းနေဆဲဖြစ်သည့် ရှန်းလန်က မပျော်မရွှင်နဲ့ တောင်းပန်စကားဆိုသည်။

 

သူတို့ အိမ်ပြန်ရောက်ပြီးနောက် ကျီကျောက်သည် ရှန်းယောင်၏ လက်ဖဝါးပေါ်ရှိ ဒဏ်ရာကို သေချာဆေးကြောပြီး ဆေးထည့်ပေးနေရင်း မျက်မှောင်ကြုတ်လိုက်သည်၊ “အိမ်မှာ ဆေးရှိနေတာ ကံကောင်းသွားတယ်။ ဒါပေမယ့် ရှင့်ဒဏ်ရာက နည်းနည်းနက်တယ်။ ရှင့်အရေပြားက လန်သွားတော့ နည်းနည်းတော့ နာလိမ့်မယ်။ နာရင် နည်းနည်းလောက် သည်းခံလိုက်နော်။”

 

“အဲဒီရှန်းလန်က အရမ်းလွန်တယ်။ သူက တောင်းပန်တယ်လို့တောင် မပြောဘူး” ကျီကျောက်သည် ထိုအကြောင်းကို တွေးရင် ဒေါသ ပိုထွက်လာခဲ့သည်။

 

“သူ စိတ်မကောင်းပါဘူး။ သူက အရင်ကတည်းက နည်းနည်း ပြောရခက်တဲ့ အကျင့်စရိုက်မျိုး ရှိလို့ပါ” ရှန်းယောင်က မသိမသာ ပြုံးလိုက်သည်၊ “ဒါ့အပြင် ဒဏ်ရာက မပြင်းထန်ပါဘူး။ အာ့ထောင် မင်း အရမ်းစိတ်ပူနေဖို့ မလိုပါဘူး။”

 

“အဲဒီငါးမြှားကြိုးတွေမှာ ပိုးမွှားတွေ ဘယ်လောက်ရှိနိုင်တယ်ဆိုတာ ရှင် သိလား။ ဒဏ်ရာက သေးသေးလေးဆိုပြီး စိတ်ပူစရာ မလိုဘူးလို့ ရှင် မထင်နဲ့။ တစ်ခါတစ်လေ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေတာက မထင်ရှားတဲ့ ပြဿနာ သေးသေးလေးတွေပဲ…” ကျီကျောက်က တတွတ်တွတ် ပြောနေတာကို ရပ်တန့်လိုက်ပြီး ဥုံဖွ နှစ်ကြိမ် ပြုလုပ်လိုက်သည်၊ “ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ…”

 

သူမ ပြောတဲ့ ပိုးမွှားတွေရဲ့ အဓိပ္ပါယ်ကို သူ နားမလည်ပေမယ့် သူ့အပေါ် အရမ်းဂရုစိုက်တာကို မြင်ရတော့ ရှန်းယောင် သူ့စိတ်ထဲမှာ နွေးထွေးသွားသည်။

 

ပြတင်းပေါက်မှ လေပြေလေညင်းသည် အိမ်ထဲသို့ တိုက်ခတ်လာပြီး သူမ၏ နားရွက်နားမှ ဆံပင်တွေကို ဖြတ်တိုက်သွားခဲ့သည်။

 

ရှန်းယောင်၏ နှလုံးခုန်သံ တစ်ချက် မြန်ဆန်သွားသည်။ သူ့အကြည့်တွေက သူမ၏ အထူးလှပသော နားရွက်လေးပေါ်သို့ ကျရောက်သွားသည်။ သူမ၏ နားရွက်လေးတွင် ဝတ်ဆင်ထားသော မက်မွန်သီးပုံစံ နားကပ်လေးတွေက ယိမ်းနွဲ့နေပြီး အလွန်ချစ်စရာကောင်းသည်။

 

သူက ရုတ်တရက် လက်ဆန့်ပြီး သူမရဲ့ ဆံပင်တွေကို သိမ်းဖယ်ပေးလိုက်သည်။

 

“ရပြီ” သူ့လက်ဖဝါးပေါ်ရှိ ဒဏ်ရာကို ဆေးထည့်ပေးနေတဲ့ ကျီကျောက်က ပြုံးပြီး ခေါင်းမော့လိုက်သည်။ ထိုအခါမှ ရှန်းယောင်၏ မျက်နှာနှင့် အလွန်နီးကပ်နေမှန်း သိလိုက်ရသည်။

 

ဒုတ်… ဒုတ်… ဒုတ်…

 

ကျီကျောက်သည် သူမရဲ့ တည်ငြိမ်ပြီး အားကောင်းသော နှလုံးခုန်သံကိုပင် ခံစားနိုင်သည်။

 

ရှန်းယောင်က ဖြည်းညင်းစွာ ချဉ်းကပ်လာပြီး ကျီကျောက်သည် မသိစိတ်က မျက်နှာလွှဲသွားခဲ့သည်။

 

“ကောင်းပါပြီ” ရှန်းယောင်သည် သူ့စိတ်ထဲက စိတ်ပျက်လက်ပျက် ခံစားချက်ကို ဖိနှိပ်လိုက်ပြီး နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်၊ “ကိုယ် မင်းရဲ့ နားကပ်တွေ ပြုတ်ကျတော့မယ်လို့ ထင်လို့ပါ။”

 

“အိုး…” ကျီကျောက်က စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်သည်၊ “ကောင်းပြီ၊ ကျွန်မ ဒီငါးရှဉ့်တွေကို ချက်ပြုတ်ပြင်ဆင်ဖို့ မီးဖိုချောင်ကို အရင်သွားနှင့်မယ်။ ရှင်… ကောင်းကောင်း အနားယူပါ။”

 

“ကိုယ် မင်းနဲ့ လိုက်ခဲ့ရမလား။”

 

“မလိုပါဘူး” ကျီကျောက်က အလျင်စလို လက်ခါလိုက်သည်။ သူမရဲ့ ကတိုက်ကရိုက်ဆန်သော နောက်ကျောက အဝေးကို ပြေးသွားတဲ့ ယုန်ငယ်လေးလိုပါပဲ။

 

ကျီကျောက်သည် မီးဖိုချောင်ထဲသို့ အမြန်ပြေးသွားပြီး ရေကို ခပ်ကာ မျက်နှာသစ်လိုက်သည်၊ ဒါပေမယ့် သူမရဲ့ မျက်နှာပေါ်ရှိ အပူချိန်က လုံးဝ မလျော့ကျသွားဘူး။