Ch 117
Viewers 12k

အခန်း (၁၁၇) - အရိပ်ခိုရန် သစ်ပင်ကြီးတစ်ပင်ကို အမှီသဟဲပြုပါ

 

“၃… လျန်း ၃၀၀ လား” ကျီကျောက်တစ်ယောက် အံ့အားသင့်သွားခဲ့သည်။

 

ရှန်းမိသားစုဝင်များသည်လည်း အံ့အားသင့်သွားခဲ့ကြသည်။

 

“ဟုတ်တယ်၊ လျန်း ၃၀၀ ပဲ” လက်ထောက်ဆိုင်ရှင်ယို့က ပြတ်ပြတ်သားသား ခေါင်းညိတ်ပြသည်၊ “သခင်မကြီးမာရဲ့ မွေးနေ့ပွဲမှာ ဒီသိုးကောင်လုံးကင်ရဲ့ တန်ဖိုးက သေချာပေါက် လျန်း ၃၀၀ ကျော်လိမ့်မယ်။ နောက်ပြီး အဲဒီပွဲမှာ ရရှိလာမယ့် ဟုန်ရှင်းစားသောက်ဆိုင်ရဲ့ နာမည်တန်ဖိုးက လျန်း ၃၀၀ ထက် တန်ဖိုးပိုရှိတယ်။”

 

“လက်ထောက်ဆိုင်ရှင်ယို့ ကျွန်မ နားမလည်ဘူး” ကျီကျောက်က တိတ်တဆိတ် ခေါင်းခါလိုက်သည်၊ “တကယ်တော့ သိုးကောင်လုံးကင်ကို ကင်ဖို့က သိပ်မခက်ဘူး။ ဒါ့အပြင် ပါဝင်ပစ္စည်းတွေ၊ လိုအပ်တဲ့ အကင်တံနဲ့ မီးသွေးကအစ အစ်ကို ပို့ပေးခဲ့တာဖြစ်တဲ့အတွက် ဒီငွေ လျန်း ၃၀၀ ကို ညီမ လက်မခံနိုင်ဘူး။”

 

ကျီကျောက်သည် အလွန်စည်းကမ်းကြီးသူဖြစ်ပြီး သူမ ဘာမှ မလုပ်ဘဲ ဆုလာဘ်ကို လက်ခံမည် မဟုတ်ပါ။

 

“အစ်ကို ပို့ပေးလိုက်တဲ့ သိုးကလေး နှစ်ကောင်ကတင် ပိုက်ဆံ တော်တော် တန်နေပြီ။ တကယ်လို့ ညီမ ဒီဆုလာဘ်ကို လက်ခံနေဦးမယ်ဆိုရင် ညီမ အရမ်း… အရမ်းလူမဆန်လွန်းကျနေပြီ မဟုတ်ဘူးလား။”

 

“ဟားဟား ဟားဟား…” လက်ထောက်ဆိုင်ရှင်ယို့သည် ကျီကျောက် ငြင်းလိမ့်မယ်ဆိုတာကို မျှော်လင့်ထားပြီးသား ဖြစ်သည်၊ “အာ့ထောင် ဒီ လျန်း ၃၀၀ က သိုးကောင်လုံးကင်အတွက် ဆုလာဘ်တစ်ခုသက်သက်ချည်း မဟုတ်ဘဲ အရောင်းအဝယ် တစ်ခုလည်း ဖြစ်တယ်။ နင် ငါတို့စားသောက်ဆိုင်ရဲ့ စားဖိုမှုးခေါင်းဆောင်ကို အနောက်မြောက် ဟင်းလျာ တော်တော်များများ သင်ကြားပေးဖို့ တောင်းဆိုချင်တယ်။ အဓိကပါဝင်ပစ္စည်းအနေနဲ့ သိုးသားကို အသုံးပြုတဲ့ ဟင်းလျာတွေဆို ပိုကောင်းလိမ့်မယ်။”

 

“လက်ထောက်ဆိုင်ရှင်ယို့ ညီမ အစ်ကိုတို့စားသောက်ဆိုင်ရဲ့ စားဖိုမှုးခေါင်းဆောင်ကို အနောက်မြောက်ဟင်းလျာချက်ပြုတ်နည်းတွေ သင်ကြားပေးချင်ပေမယ့် ဒီဆုလာဘ် လျန်း ၃၀၀ ကို မလိုချင်ဘူး” ကျီကျောက်က တစ်ခဏတာမျှ တွေးတောကြည့်ပြီး သိပ်မကြာခင်မှာပဲ အကြံတစ်ခု ရလာခဲ့သည်၊ “ဟုန်ရှင်းစားသောက်ဆိုင်ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ ဆိုင်အသေးလေးက အစ်ကိုတို့စားသောက်ဆိုင်ရဲ့ အပိုင်ပဲလို့ ညီမ ကြားထားတယ်၊ အဲ့တာ ဟုတ်လား။”

 

“နင်ပြောတာ စားသောက်ဆိုင်ရဲ့ လမ်းဘေးအစားအစာ ရောင်းချတဲ့ နေရာလေးကိုလား။”

 

“ဟုတ်တယ်” ကျီကျောက်က ကမန်းကတန်း ခေါင်းညိတ်သည်၊ “ငါ စားသောက်ဆိုင်ထဲက ဆိုင်လေးကို လိုချင်နေတာ၊ လက်ထောက်ဆိုင်ရှင်ယို့ သဘောတူနိုင်မလား။”

 

“အာ့ထောင် အဲ့ဆိုင်လေးက သိပ်မကြီးဘူး။ နင် ဘာလို့ လိုချင်တာလဲ။”

 

“ညီမ အကြော်ရောင်းချင်လို့ပါ” ကျီကျောက်က တည်ငြိမ်တဲ့ အပြုံးနဲ့ ရှင်းပြသည်၊ “အကြော်ဆိုတာ လမ်းဘေး သရေစာ တစ်မျိုးပါ။ ဆိုင်နေရာက အရမ်းကြီးဖို့ မလိုအပ်ဘူး။ ဒါ့အပြင် အကြော်က စားသောက်ဆိုင်ရဲ့ အဓိက စီးပွားရေးကို မထိခိုက်စေဘူး။ ပြီးတော့ ပိုအရေးကြီးတာက ညီမ စားသောက်ဆိုင်မှာ နေတဲ့ အချိန်ပိုများလေလေ စားသောက်ဆိုင်ရဲ့ စားဖိုမှုးတွေနဲ့ ဟင်းချက်အတွေ့အကြုံတွေကို ဖလှယ်ဖို့ အချိန်ပိုရလေလေပဲ။”

 

ကျီကျောက်သည် မူလက ခရိုင်မြို့ပေါ်တွင် ဆိုင်ခန်းငယ်လေး တစ်ခန်း ငှားရမ်းပြီး တို့ဟူးပုတ်ကို ဦးစွာ ရောင်းချပြီး နောက်မှ လုပ်ငန်းချဲ့ထွင်ဖို့ နည်းလမ်းများကို တွေးတောခဲ့သည်။

 

ဒါပေမယ့် သူမ အခုပဲ သေသေချာချာ တွေးလိုက်မိသည်။ တကယ်လို့ ခရိုင်မြို့ပေါ်မှာ သူမကိုယ်တိုင် ဆိုင်ခန်းလေး တည်ထောင်တာထက် ဟုန်ရှင်းစားသောက်ဆိုင်ကို အမှီပြုပြီး အသက်မွေးဝမ်းကြောင်းပြုမယ်ဆိုရင် ကြိုးစားမှု တစ်ဝက်လောက်နဲ့ ရလဒ်ကို နှစ်ဆ ရလိမ့်မည်။

 

“အာ့ထောင် နင့်မှာ လျန်း ၃၀၀ ရှိရင် ခရိုင်မြို့ပေါ်မှာ သင့်တော်တဲ့ ဆိုင် တစ်ဆိုင်ကို သေချာပေါက် ဝယ်နိုင်လိမ့်မယ် မဟုတ်ဘူးလား” လက်ထောက်ဆိုင်ရှင်ယို့က သူမ၏ အတွေးတွေကို အတော်လေး အံ့အားသင့်သွားခဲ့သည်။

 

“တကယ်လို့ ညီမသာ အဲ့လိုလုပ်လိုက်ရင် အစ်ကို့ကို သူငယ်ချင်းအဖြစ်ကနေ ဆုံးရှုံးရမှာကို ကြောက်ရလိမ့်မယ် မဟုတ်လား” ကျီကျောက်က မေးခွန်းကို ပြန်မဖြေဘဲ အမေးသာ ပြန်ထုတ်ခဲ့သည်။

 

ဟားဟား ဟားဟား…

 

ဒီတစ်ကြိမ်မှာတော့ လက်ထောက်ဆိုင်ရှင်ယို့ရဲ့ မျက်နှာပေါ်က အပြုံးက ပိုလို့တောင် တောက်ပနေခဲ့ပါသည်။

 

“ဒါ့အပြင် သစ်ပင်ကြီး တစ်ပင်ရဲ့ အရိပ်ကို ခိုလှုံတာက ပိုကောင်းတယ်လေ၊ မဟုတ်ဘူးလား။”

 

“အာ့ထောင် နင်က ငါထင်ထားတာထက် ပိုထက်မြက်တယ်” လက်ထောက်ဆိုင်ရှင်ယို့က စိတ်ပါလက်ပါ ချီးကျူးလိုက်သည်၊ “ငါ ဆိုင်ကိစ္စကို သူဌေးနဲ့ ဆွေးနွေးပေးမယ်။”

 

“ဒါဆို ညီမ ဝိုင်အစား ဒီလက်ဖက်ရည်ကို ဂုဏ်ပြုတဲ့အနေနဲ့ သောက်လိုက်မယ်နော်။ ကျေးဇူးပါ အစ်ကိုယို့” ကျီကျောက်က ခွက်မြှောက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

 

ကျီကျောက်သည် အရသာရှိသော သိုးကောင်လုံးကင်အပြင် သိုးသားစွပ်ပြုတ်ကိုလည်း ချက်ပြုတ်ထားသည်။

 

နောက်ဆုံးတော့ လက်ထောက်ဆိုင်ရှင်ယို့တစ်ယောက် တကယ်မစားနိုင်တော့ဘူး။

 

“ငါ အာ့ထောင်ရဲ့ အရသာရှိတဲ့ အစားအစာတွေကို မြည်းစမ်းကြည့်ချိန်တိုင်း အစာအိမ် နှစ်လုံးလောက် ရှိဖို့ ဆန္ဒပြုမိတယ်။”

 

“အလွန်အကျွံ စားသောက်တာက မကောင်းဘူး” ကျီကျောက်က အပြုံးလေးနဲ့ ဖျောင်းဖျသည်၊ “ရှန်းယောင် လက်ထောက်ဆိုင်ရှင်ယို့နဲ့ ဟိုနားဒီနားလေး ခဏတဖြုတ် လမ်းထွက်လျှောက်ပါလား။”

 

ကျီကျောက်သည် ဒီအချိန်မှာ လက်ထောက်ဆိုင်ရှင်ယို့တစ်ယောက် ရထားလုံးစီးပြီး ခရိုင်မြို့ကို ပြန်သွားခဲ့မယ်ဆိုရင် လမ်းမှာ သူ အော့အန်သွားမှာကို စိုးရိမ်မိပါသည်။