Ch 121
Viewers 12k

အခန်း (၁၂၁) – သဘောမတူဘူး

 

ကျီဟွေ့က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်၊ “အာ့ထောင် နင် နင့်နောက်ခံကို မသိချင်ဘူးလား။ ငါ့အဖွားက နင့်မှာ ကျောက်စိမ်းဆွဲသီးအပြင် ငွေစက္ကူတွေလည်း အများကြီးပါလာတယ်လို့ပြောတယ်။”

 

“ငွေစက္ကူတွေလား” ကျီကျောက်က သိချင်စိတ်ပြင်းပြစွာ မျက်ခုံးပင့်လိုက်သည်၊ “ဘာငွေစက္ကူတွေလဲ။”

 

“အဲ့တာက…” မျက်လုံး ဂနာမငြိမ်ဖြစ်နေသော ကျီဟွေ့သည် ဒီအကြောင်းကို ထုတ်ပြောလုနီးပါး ဖြစ်သွားခဲ့သည်၊ “အာ့ထောင် နင့်လက်ထဲက ပေါက်ပြားကို အရင်ချနိုင်မလား။”

 

ကျီကျောက်သည် တစ်ခဏတာမျှ စဉ်းစားလိုက်ပြီစးနောက် ပေါက်တူးကို သူမဘေးနား ချထားလိုက်သည်။ “နင် လိုချင်တာ ငါ့ကို မြန်မြန်ပြော”

 

“အာ့ထောင် ငါ တကယ့်ကို ဒုက္ခရောက်နေလို့ပါ။ မဟုတ်ရင် ငါ နင့်ကို ဒီလိုမျိုး လာတောင်းဆိုပါ့မလား။ နင် ငါ့ကို သနားစာနာပြီး ကူညီပေးပါ ဟုတ်ပြီလား” ကျီဟွေ့သည် မြေကြီးပေါ်မှာ ဆက်လက်လဲလျောင်းနေရင်း တောင်းဆိုခဲ့သည်၊ “သိပ်မများပါဘူးဟာ။ နင် ငါ့ကို ငွေလျန်း တစ်ရာပဲ ချေးပေးပါ။”

 

“ငွေလျန်း တစ်ရာ ဟုတ်လား” ကျီကျောက်တစ်ယောက် ရယ်ချင်သွားသည်၊ “ကျီဟွေ့ နင့်ကိုယ်နင် အရမ်းအထင်ကြီးနေပါ့လား။”

 

“အာ့ထောင် ငါတို့က မိသားစုတွေပဲလေ။ ရှန်းမိသားစုဆီကနေ နင် ဝှက်ထားတာ တစ်ခုခုတော့ ရှိမှာပဲလေ၊ ဒါပေမယ့် နင်က ငါ့ကိုပါ ဝှက်ထားချင်တာလား” ကျီဟွေ့က ယုတ်မာချင်သလို အပြုံးဖြင့် သူမကို ပြောလာခဲ့သည်၊ “တကယ်လို့ နင့်မှာ အဲ့လို အရည်အချင်း မရှိရင် နင် ဟုန်ရှင်းစားသောက်ဆိုင်ရဲ့ လက်ထောက်ဆိုင်ရှင်ကို အကူအညီတောင်းကြည့်ပါလား။ ပြီးတော့ အဲဒီ ဆင်းရဲနွမ်းပါးတဲ့ စာသင်သား‌ ကျောက်ရှန်းကလည်း နင့်လက်ထောက်ဆိုင်ရှင်ယို့ရဲ့ အကူအညီကြောင့် အချုပ်ခန်းထဲ မဝင်ရတာ မဟုတ်လား။”

 

“အာ့ထောင် ငါ့ညီမ နင်က အဲဒီခြေကျိုး စန်းလန်ကို မထီမဲ့မြင်ပြုနေတာကို ငါ သိတာပေါ့။ တကယ်လို့ အဖွားသာ နင့်အပေါ် ဒီလောက်အထိ ရက်စက်ပြီး ရောင်းချခဲ့တာ မဟုတ်ရင် နင် အနာဂတ်မရှိတဲ့ ရှန်းမိသားစု တတိယသား ခြေကျိုးနဲ့ လက်ထပ်ခဲ့မှာ မဟုတ်ဘူး။ အဲဒီလက်ထောက်ဆိုင်ရှင်ယို့မှာလည်း ဇနီးတစ်ယောက်ရှိနှင့်နေပြီးသားမို့ နင် ဘာမှ ဆက်မလုပ်နိုင်တာ မဟုတ်လား။ အာ့ထောင် ငါ နင့်ရဲ့ အခက်အခဲတွေကို သေချာပေါက် နားလည်ပါတယ်…”

 

“ငါနဲ့ လက်ထောက်ဆိုင်ရှင်ယို့ကြားမှာ မသင့်လျော်တဲ့ ဆက်ဆံရေးမျိုး ရှိတယ်လို့ နင်ထင်နေတာလား။”

 

“မဟုတ်လို့လား” ကျီဟွေ့က မသိစိတ်က မေးလိုက်မိသည်။

 

“ထွီ…” ကျီကျောက်က ဒေါသတကြီး တံတွေးထွေးကာ ပေါက်ပြားကို တဖန် ကောက်ယူကာ ကျီဟွေ့ကို ခွေးမောင်းသလို မောင်းထုတ်လိုက်သည်၊ “နင့်လို စိတ်ဓာတ်ပျက်ပြားနေတဲ့သူကသာ တခြားသူတွေကို နင့်စိတ်နဲ့နှိုင်းပြီး အကဲဖြတ်တတ်မှာပေါ့။ ငါ ကျီအာ့ထောင် မဟုတ်တာ ဘာမှ မလုပ်ဘူး။ တကယ်လို့ နင် မဟုတ်မမှန်တဲ့ စကားတွေကို ထပ်ပြောဝံ့တယ်ဆိုရင် ယုံချင်ယုံ မယုံချင်နေ ငါ နင့်လျှာဖြတ်ပြီး ခွေးကျွေးပစ်မယ်။”

 

ကျီဟွေ့တစ်ယောက် အလွန်ထိတ်လန့်သွားပြီး တံတွေးတောင် မမျိုချဝံ့တော့ပေ။

 

တကယ်လို့ သူသာ မြန်မြန် မရှောင်နိုင်ခဲ့ပါက အဲဒီပေါက်ပြားက သူ့ခေါင်းကို အစိတ်စိတ် အမြွာမြွာ ခွဲပစ်လိုက်လိမ့်မယ်။

 

ကျီကျောက်သည် သူမ၏ မကောင်းတဲ့ ဝမ်းကွဲကို မောင်းထုတ်ပြီးနောက် ပေါက်ပြားသယ်ရင်း ရှန်းမိသားစု အိမ်ခြံဝင်းထဲသို့ ပြန်ဝင်လာခဲ့သည်။

 

ရှန်းယောင်က သူမကို ဖရဲသီးစိတ် ကမ်းပေးလိုက်သည်၊ “ဒါကို စားကြည့်”

 

“ကျေးဇူးပါ” ကျီကျောက် ကျေးဇူးတင်စွာ ပြုံးလိုက်ပြီး ဖရဲသီးကို တစ်ကိုက် ကိုက်စားလိုက်သည်။

 

ဖရဲသီး နှစ်စိတ်လောက် စားသောက်ပြီးနောက် ကျီကျောက်သည် နောက်ဆုံးတော့ စိတ်လျော့သွားနိုင်ခဲ့သည်။

 

မမျှော်လင့်ဘဲ ရှန်းယောင်က သူမအနား ချဉ်းကပ်လာပြီး သူမနှင့် ခြေတစ်လှမ်းအကွာမှာ ရပ်လိုက်သည်။

 

“ဘာ… ဘာဖြစ်လို့လဲ။”

 

ရှန်းယောင်က လက်မြှောက်ပြီး သူမ နှုတ်ခမ်းထောင့်စွန်းမှာ ပေကျံနေတဲ့ ဖရဲသီးအရည်လေးတွေကို သုတ်ပေးလိုက်သည်။

 

“အခုနတုန်းက ကျီဟွေ့ ပြောခဲ့တာကို ရှင်… ရှင် ဘယ်လိုထင်လဲ” ဒီအချိန်မှာ ကျီကျောက်သည် အကြောင်းပြချက်မရှိဘဲ သူမ၏ နှလုံးသားလေး ယားယံနေသလို ခံစားနေရသည်၊ “သူတို့ပြောသလို အမျိုးသမီးတွေက လူရှေ့သူရှေ့မှာ မျက်နှာထုတ်မပြသင့်ဘူးလား။ ရှင်ရော အဲ့တာကို သဘောတူလား။”

 

ရှန်းယောင်က ခေါင်းခါလိုက်သည်၊ “ကိုယ် သဘောမတူဘူး။”

 

“ဘာဖြစ်လို့လဲ” ကျီကျောက်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

 

“ကိုယ် ငယ်ငယ်လေးတုန်းက ကိုယ့်အမေ ကိုယ့်ကို ခရိုင်မြို့က ဘုရားပွဲတော်ဆီ အလည်အပတ် လိုက်ပို့ပေးတုန်းက ပြဇာတ်တစ်ခုကို ကိုယ် နားထောင်ခဲ့ရတယ်” ရှန်းယောင်က ပြုံးပြုံးလေး ရှင်းပြခဲ့သည်၊ “အဲဒီအချိန်မှာ အမျိုးသမီးတွေကိုလည်း အမျိုးသားတွေအောက် မနှိမ့်ချသင့်ဘူးဆိုတာ နားလည်သဘောပေါက်သွားခဲ့တယ်။”

 

ကျီကျောက်က ရှန်းယောင်တစ်ယောက် ဒီလောက် စိတ်သဘောထားကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

 

“ရှန်းယောင် ကျွန်မ ဟင်းချက်ရတာ ကြိုက်တယ်။ ကျွန်မ ဟင်းချက်ရတာကို အရမ်းကြိုက်တယ်” ကျီကျောက်က ပြုံးပြီး တိုးတိုးလေး ပြောလိုက်သည်၊ “ကျွန်မ ချက်ပြုတ်သမျှ ဟင်းပွဲတိုင်းကို လူတိုင်း သဘောတကျ စားသောက်တာကို မြင်ရတဲ့အခါ ကျွန်မ အရမ်းဝမ်းသာတာပဲ။”

 

 

အခန်း (