အခန်း
(၁၂၅) – အလွန်ဆုံး ငါတို့ တရားရုံးမှာ ဖြေရှင်းကြတာပေါ့
“နင်…
အာ့ထောင်၊ နင်က အကြင်နာကင်းမဲ့လှချည်လား” အမျိုးသမီးရှဲ့က မျက်ရည်တွေကို သုတ်ဖယ်ပြီး
ငိုကြွေးလိုက်သည်၊ “တကယ်လို့ ငါ နင့်ကို မပျိုးထောင်ပေးခဲ့ဘူးဆိုရင် နင် ဒီလိုမျိုး
လှလှပပလေး ကြီးပြင်းလာပါ့မလား။ ပြီးတော့ နင် ငါးနှစ်အရွယ်တုန်းက အပြင်းအထန် နာမကျန်းဖြစ်ခဲ့သေးတယ်။
တကယ်လို့ ငါသာ နင့်ကို ကောင်းကောင်း မပြုစုခဲ့ဘူးဆိုရင် နင် သေသွားတာ ကြာလှပေါ့။ ပြီးတော့
နင် ရှစ်နှစ်အရွယ်တုန်းကလည်း မြစ်ထဲ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့သေးတယ်။ တကယ်လို့ ငါသာ
အချိန်မီ မရောက်လာခဲ့ဘူးဆိုရင် နင် ရှိနေပါဦးမလား။”
“နင်
နင့်အဖွားကို စိတ်ဆိုးနေသေးတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် အာ့ထောင် နင် ဒီလောက်အထိ ကျေးဇူးမကန်းသင့်ဘူး။
ငါက တကယ်တမ်း… နင့်အဖွားရင်း မဟုတ်ဘူးဆိုရင်တောင်မှ ငါတို့ နင့်ကို ပြုစုပျိုးထောင်ပေးခဲ့ခြင်း
မရှိဘူးဆိုရင် နင် ဒီနေ့အထိ ကောင်းကောင်း ရှင်သန်နိုင်ပါ့မလား။ နင်… နင် ဘယ်လိုကျေးဇူးတင်ရမှန်း
မသိဘူးဆိုရင်တောင် အဆင်ပြေပါသေးတယ်၊ ဒါပေမယ့် နင်က ငါ့ကို တကယ်တမ်း ခရိုင်တရားရုံးဆီကိုတောင်
ပို့ချင်သေးတယ်ပေါ့လေ။”
ကျီကျောက်က
မျက်ရည်များ ဖုံးလွှမ်းနေတဲ့ အမျိုးသမီးရှဲ့ကို အမူအရာကင်းမဲ့စွာ ကြည့်လိုက်သည်။ သူမသည်
ရယ်ချင်စရာကောင်းတယ်လို့သာ ခံစားလိုက်ရသည်။
“ကျွန်မ
ငါးနှစ်သားတုန်းက ဖျားနာရတဲ့ အကြောင်းရင်းက ရှင် ကျွန်မကို ညနက်သန်းခေါင် ခြံထဲမှာ
အတင်းအကြပ် ထင်းခုတ်ခိုင်းလို့ ဖြစ်ခဲ့ရတာလေ။ ကျွန်မ ရှစ်နှစ်သားတုန်းက မြစ်ထဲ ပြုတ်ကျမလို
ဖြစ်ခဲ့တာကလည်း ဘာကြောင့်လဲဆိုတာ ရှင် မသိဘူးလား။ ရှင် အိမ်နီးနားချင်အဖွားနဲ့ ရန်ဖြစ်စကားများတော့
ရှင် ရှုံးသွားတော့ ရှင့်ဒေါသတွေကို ပုံချစရာ နေရာမရှိလို့ ရှင် ကျွန်မကို မြစ်ထဲ ကန်ချခဲ့တာလေ”
ကျီကျောက်က လှောင်ရယ် ရယ်လိုက်သည်။ “ကျွန်မ အမြဲတမ်း မှတ်မိနေတာက အဲဒီ ‘အဖွား’ ဆိုတာက
ကျွန်မကို နာကျင်အောင် အမြဲ လုပ်ခဲ့တယ်။ ရှင်က ကျွန်မ ဒါတွေကို မေ့သွားပြီလို့ တကယ်ထင်နေတာလား။”
မူလပိုင်ရှင်က
အမျိုးသမီးရှဲ့ကို အရမ်းမုန်းတယ်။
ကျီမိသားစု၏
အဘိုးရဲ့ မူလပိုင်ရှင်အပေါ် ရိုးသားတဲ့ ချစ်ခြင်းမေတ္တာကြောင့်သာ မဟုတ်ရင် မူလပိုင်ရှင်ဟာ
ဥပဒေနှင့် ဆန့်ကျင်သော ကိစ္စရပ်များကို လွန်ခဲ့သော အချိန်များကပင် လုပ်ခဲ့မိမှာကို
စိုးရိမ်မိသည်။
အမျိုးသမီးရှဲ့ဟာ
အပြင်မှာ ကြင်နာတတ်တဲ့ အဖွားတစ်ယောက်လို ဟန်ဆောင်နေပေမယ့် တကယ်တော့ သူမဟာ ကင်းမြီးကောက်လို
အဆိပ်ပြင်းတဲ့ အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် သူမ စိတ်မကြည်တဲ့အချိန်တိုင်း မူလပိုင်ရှင်ကို
ရိုက်နှက်လိမ့်မည်။ မူလပိုင်ရှင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအများစုမှာ အမျိုးသမီးရှဲ့ကြောင့်
ဖြစ်သည်။
အနီးနားတွင်
ရပ်ကာ ကိစ္စတိုင်းကို နားထောင်နေသော ရှန်းယောင်သည် သူ့နှလုံးသားထဲတွင် မသိလိုက်ဘဲ နာကျင်သွားသလို
ခံစားလိုက်ရသည်။
အာ့ထောင်၏
ငယ်ဘဝက ဤမျှလောက် ဆင်းရဲဒုက္ခ ခံစားခဲ့ရလိမ့်မည်ဟု သူ လုံးဝ မထင်ခဲ့မိပေ။
“ရွာလူကြီးကျီ
ကျွန်မတို့ ပြောလတ်စ စကားကို ဆက်ပြောရအောင်” ကျီကျောက်က ခပ်တည်တည် မျက်နှာထားဖြင့်
အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။ “ကျီဟွေ့က ငွေချေးစာချုပ်ရေးပြီး ကျီမိသားစုရဲ့ အိမ်နဲ့
မြေကို ကျွန်မဆီ ပေါင်နှံထားသရွေ့ ကျွန်မ ဒီငွေလျန်း ၃၀၀ ကို သေချာပေါက် ထုတ်ပေးမယ်။
မဟုတ်ရင် ဒီအကြောင်းကို ဆက်ပြောစရာ မလိုဘူး။”
“အာ့ထောင်
နင်နဲ့ ကျီဟွေ့က စေ့စပ်ပြီးသားလေ…”
“ရှင်တို့တွေ
ကျွန်မဆီ ရုတ်တရက် ရောက်လာပြီး ကျီဟွေ့နဲ့ ကျွန်မက စေ့စပ်ထားပြီးသားလို့ ဘာဖြစ်လို့
အတင်းအကြပ် လာပြောနေလဲဆိုတာကိုတော့ ကျွန်မ မသိဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မနဲ့ ရှန်းယောင်က
လက်ထပ်ပြီးပြီ၊ ကျွန်မက ရှန်းဟယ်ကျေးရွာ ရှန်းမိသားစုဝင်တစ်ယောက်ပဲ။ ကျွန်မ ကျီအာ့ထောင်က
မှန်ကန်တယ်။ တကယလို့ ရွာလူကြီးက ဒီကိစ္စကို အတင်းအကြပ် ဆက်ပြောနေဦးမယ်ဆိုရင် ကျွန်မတို့
ခရိုင်တရားရုံးမှာ တွေ့ကြရအောင်။”
သူမသည်
ဘယ်တုန်းကမှ ပျော့ညံ့သူ မဟုတ်ခဲ့ပါ။
သူမသည်
ပြဿနာတွေနဲ့ ကြုံတွေ့လာတဲ့အခါ ကြောက်ရွံ့နေမှာ မဟုတ်ဘူး။
အဆိုးဆုံးးကတော့
သူတို့နဲ့ တရားရုံးမှာ တွေ့ကြတာပေါ့။
ကျီရှစ်သည်
ကျီကျောက်၏ သဘောထားက ၁၈၀ ဒီဂရီ ပြောင်းလဲသွားလိမ့်မည်ဟု မမျှော်လင့်ထားတာကြောင့် ရုတ်တရက်
ထိတ်လန့်သွားခဲ့သည်။
အဟွတ်…
အဟွတ်…
တစ်ချိန်လုံး
တိတ်ဆိတ်နေခဲ့သော ရှန်းဟယ်ကျေးရွာ၏ ရွာလူကြီး ရှန်းမုန့်ဟူသည် နှစ်ကြိမ်တိုင်တိုင်
ချောင်းဆိုးဟန်ဆောင်လိုက်သည်။ ထို့နောက် သူက ခပ်ဖြည်းဖြည်း ပြောလိုက်သည်၊ “ရှန်းယောင်ရဲ့
မိန်းမ ပြောတာ မှန်တယ်။ ငါတို့ရှန်းဟယ်ရွာသားတွေက အမြဲ စည်းလုံးကြတယ်။ အရင်တုန်းက ကျီအာ့ထောင်က
ဘယ်သူနဲ့မဆို စေ့စပ်ကြောင်းလမ်းခဲ့ပါစေ အခု သူမ ရှန်းဟယ်ရွာသားနဲ့ လက်ထပ်ပြီး ငါတို့ရွာသူဖြစ်နေခဲ့ပြီ၊
သူမကို တခြားဘယ်သူမှ ခေါ်ဆောင်ခွင့် မရှိဘူး။”
“ဒါပေမယ့်
ကျီအာ့ထောင်…”
“လူအိုကြီးကျီ
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခရိုင်တရားရုံးက ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။ မကြာမီရက်ပိုင်းအတွင်း
မိုးခေါင်ရေရှားမှုပြဿနာကို စုံစမ်းဖို့ ငါတို့ တင်းယွမ်ခရိုင်နဲ့ ပတ်ဝန်းကျင် ကျေးရွာတိုင်းကို
အရာရှိအချို့ လာရောက်ကြလိမ့်မယ်။ မိုးခေါင်ရေရှားမှုပြဿနာဖြစ်နေချိန်အတွင်း ရှီလျို့ရွာက
ကလေးတွေကို ရောင်းချခဲ့တာကို ရှာတွေ့သွားခဲ့မယ်ဆိုရင် အဲဒီအကျိုးဆက်ကို ခင်ဗျားကို
လက်ခံနိုင်ရဲ့လား။”
“ဒါက…”
ကျီရှစ်က ဒါကို မမျှော်လင့်ထားဘူး။