အခန်း
(၁၃၇) – ဒါက ဘယ်လိုတောင် မယုံကြည်နိုင်စရာကောင်းတဲ့ ကံကောင်းမှုမျိုးလဲ
“ရှင်ပါလား”
ထိုလူကို ရှင်းရှင်းလင်းလင်း မြင်ပြီးနောက် ကျီကျောက်က ယဉ်ကျေးပျူငှာသော အပြုံးဖြင့်
တုံ့ပြန်ခဲ့သည်။
“မိန်းကလေးကျီ၊
မင်း ကျွန်တော့်ကို မှတ်မိသေးတာပဲ” ချင်မင်ဟုန်၏ မျက်လုံးထဲ အလင်းတန်း တစ်ခု ဖျတ်ပြေးသွားခဲ့သည်။
“ကျွန်တော် တကယ်ပဲ ဂုဏ်ယူမိပါတယ်။”
“ဒီလောက်
ချဲ့ကားနေစရာ မလိုပါဘူးရှင်” ကျီကျောက်က သူမ၏ ဦးခေါင်းကို တိတ်တဆိတ် ကုတ်ပြီး တိုးတိုးလေး
ပြောလိုက်သည်။
ပါးဖန်းခယ့်လောင်းကစားအိမ်ပိုင်ရှင်က
အရမ်းရင်းနှီးနေပါလား။
“မိန်းကလေးကျီ၊
တကူးတက ဖိတ်ကြားတာထက် မတော်တဆ တိုက်တိုက်ဆိုင်ဆိုင် တွေ့တာ ပိုကောင်းပါတယ်။ ကျွန်တော်
မင်းကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ကြားချင်ပါတယ်၊ ဒီအခွင့်အရေးလေး ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ချင်မင်ဟုန်က ရက်ရက်ရောရော ပြုံးပြီး သူမကို ပွင့်ပွင့်လင်းလင်း ဖိတ်ကြားခဲ့ပါသည်။
ကျီကျောက်က
ပြုံးပြီး ခေါင်းခါလိုက်သည်။ ထို့နောက် သူမက တိတ်ဆိတ်နေတဲ့ ရှန်းယောင်၏ လက်ဖဝါးကို
မြှောက်ကာ တိုးတိုးလေး ရှင်းပြခဲ့သည်၊ “ရှင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့်
ကျွန်မ ဒီနေ့ ကျွန်မခင်ပွန်းသည်နဲ့အတူ စာအုပ်ဆိုင်ကို အဖော်လိုက်ပေးမလို့ပါ။”
ထိုအခါမှသာ
ချင်မင်ဟုန်သည် သူမဘေးတွင် ရပ်နေသော အပြာဖျော့ရောင် ပုံရိပ်ကို သတိပြုမိလိုက်သည်။
“မိန်းကလေးကျီက
အိမ်ထောင်ကျပြီးပြီလို့ ကျွန်တော် မထင်ထားဘူး” ချင်မင်ဟုန်၏ မျက်လုံးထဲတွင် စိတ်ပျက်သွားတဲ့
အရိပ်အယောင် ဖျတ်ပြေးသွားသော်လည်း ခဏအကြာတွင် သူ့နဂိုမူလအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်၊
“မိန်းကလေးကျီက အလုပ်များနေတယ်ဆိုတော့လည်း ကျွန်တော် အရင်သွားနှင့်လိုက်ပါမယ်။”
အစကနေ
အဆုံးအထိ ချင်မင်ဟုန်သည် ရှန်းယောင်ဆီ အကြည့်တစ်ချက်မှ မရောက်ခဲ့ပေ။
ရှန်းယောင်သည်
လုံးဝ အလျှော့မပေးခဲ့ပေ။ သူ့အကြည့်တွေက ကျီကျောက်၏ မျက်နှာကိုသာ အမြဲကြည့်နေပြီး ချင်မင်ဟုန်၏
မျက်နှာကို လုံးဝ မကြည့်ခဲ့ပေ။
“ရှန်းယောင်
ကျွန်မတို့ စာအုပ်ဆိုင်ထဲ ဝင်ကြရအောင်လား” ကျီကျောက်သည် သူမ ဘေးနားရှိ လူကို တစ်ချက်ကြည့်ပြီး
ချိုမြိန်စွာ ပြုံးလိုက်သည်။
သူမ၏
တောက်ပပြီး လှပသော အပြုံးကို မြင်လိုက်ရတော့ ရှန်းယောင်၏ နှလုံးသားထဲက မကျေနပ်ချက်များ
ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
ဝမ်လီစာအုပ်ဆိုင်သည်
တင်းယွမ်ခရိုင်ရှိ အကြီးဆုံး စာအုပ်ဆိုင်ဖြစ်ပြီး စာအုပ်မျိုးစုံ
ရှိလေသည်။
သမိုင်းစာအုပ်များ၊
မေးခွန်းဟောင်းစာအုပ်များနှင့် ပုံပြင်စာအုပ်များကိုပါ တွေ့နိုင်ပါသည်။ စာအုပ်များကို
သစ်မာသား စာအုပ်စင်ပေါ်တွင် သပ်ရပ်စွာ တင်ထားရုံသာမက အမျိုးအစားတွေကိုပါ သေသပ်စွာ ခွဲခြားပေးထားသည်။
“ကျွန်မ
ချန်ချန်လေးအတွက် စာအုပ်အချို့ ရွေးချယ်ချင်တယ်။ စကားလုံးတစ်ထောင်နဲ့ မိသားစုနာမည်တစ်ရာကို
ရွေးချယ်တာက ကောင်းမယ်လို့ ရှင်ထင်လား။” ကျီကျောက်သည် ရှန်းယောင်၏ အင်္ကျီလက်ကို အသာဆွဲရင်း
တိုးတိုးလေး မေးလိုက်သည်။
“ဟင်…
မင်း ဘာပြောလိုက်တာလဲ။”
ကျီကျောက်သည်
တခဏတာမျှ တွေးတောပြီး ခြေဆောင့်လိုက်သည်။ သူမသည် ရှန်းယောင်၏ နား,အနားသို့ ကပ်ကာ သူမ
ခုနတုန်းက ပြောတဲ့ စကားကို ထပ်ပြောလိုက်သည်။
“မင်း
အဲ့ဒီစာအုပ်နှစ်အုပ်ကို ဝယ်ဖို့ မလိုဘူး။”
“ဘာဖြစ်လို့လဲ။”
“ဘာဖြစ်လို့လဲဆိုတော့
ချန်ချန်မှာ အဲဒီစာအုပ်နှစ်အုပ် ရှိတယ်လေ” ရှန်းယောင်က တိုးတိုးလေး ရှင်းပြလိုက်သည်။
“ဟင်…”
ကျီကျောက်က စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်ပြီးနောက် နားလည်သဘောပေါက်သွားခဲသည်၊
“ရှင် ချန်ချန့်ကို အဲဒီစာအုပ်နှစ်အုပ် ပေးထားပြီးပြီလား။”
“အင်း”
ရှန်းယောင်က အသာလေး ခေါင်းညိတ်လိုက်သည်၊ “ချန်ချန်က စာလုံးတွေကို သိပ်မကျွမ်းကျင်သေးပေမယ့်
သူ့မှတ်ဉာဏ်က အရမ်းကောင်းတယ်။ ကိုယ် သူ့ကို တစ်ခါလောက် ရှင်းပြခဲ့ဖူးသရွေ့ သူက အဲ့တာကို
မှတ်မိတယ်။ ဒါက သူ့အရည်အချင်းပဲ။ သူ့ကို အသေအချာလေး သင်ကြားပြသပေးလိုက်မယ်ဆို သူက နောင်အနာဂတ်မှာ
သေချာပေါက် အောင်မြင်ကျော်ကြားလာလိမ့်မယ်။”
“တကယ်လား”
ကျီကျောက်၏ မျက်ဝန်းတွေ ချက်ချင်းဆိုသလို တောက်ပသွားခဲ့သည်၊ “ရှန်းယောင်က ချန်ချန်က
အရမ်းလိမ္မာတယ်ဆိုတော့ သူ့အစ်မတစ်ယော်ကအနေနဲ့ ကျွန်မ သူ့ကို လက်ဆောင် တစ်ခုလောက် ပေးသင့်တယ်လား။
ရှင်က သူ့ကို အဲဒီစာအုပ်နှစ်အုပ် ပေးခဲ့ပြီးပြီဆိုတော့ ရှင့်မှာ တခြားအကြံပေးစရာ စာအုပ်များ
ရှိမလား။”
“ဒီအချိန်အတောအတွင်း
ကိုယ် ချန်ချန်ကို သဲစားပွဲပေါ်မှာ ရေးခိုင်းထားတယ်။ အခု သူ
စာရေးနိုင်ပြီဆိုတော့ သူ့အတွက် စာရေးစုတ်တံနဲ့ စာရေးစက္ကူ ပြင်ဆင်ပေးရမယ့်
အချိန်ရောက်ပြီ” ရှန်းယောင်က လေးလေးနက်နက် အကြံပြုသည်။
“ကျွန်မလည်း
အဲ့တာက ပိုကောင်းမယ်လို့ထင်တယ်” ကျီကျောက်သည် စိတ်လှုပ်ရှားစွာနဲ့ စာရေးစုတ်တံနှင့်
စာရေးစက္ကူ အတွဲလိုက် ရွေးချယ်လိုက်သည်။
သူတို့နှစ်ယောက်သား
ကျသင့်ငွေကို ပေးချေသောအခါတွင် လုံးဝ ကြက်သေ သေသွားခဲ့သည်။
“အင်…
ရှင် ထပ်ပြောပေးနိုင်မလား။ ရှင်တို့စာအုပ်ဆိုင်က ကျွန်မ ဝယ်ယူခဲ့တဲ့ ပစ္စည်းတွေအတွက်
တပြားတချပ်မှ မပေးရဘူးဟုလား။ ရှင်တို့ကတောင် ကျွန်မကို ငွေ ခြောက်လျန်း ပြန်ပေးဦးမယ်။
ရှင်တို့ အမှားမလုပ်မိတာ သေချာရဲ့လား” ကျီကျောက်သည် သူမ၏ နားတွေက တခုခု မှားယွင်းကြားမိခဲ့သလို
မယုံကြည်နိုင်ပေ။ သူမက တစ်ခုခု ဝယ်ယူခဲ့ခြင်းအတွက် ငွေကြေး မပေးခဲ့ရရုံတင်မက ပိုက်ဆံပါ
ရဦးမယ်တဲ့လား။
ဒါက ဘယ်လိုတောင်
မယုံကြည်နိုင်စရာကောင်းတဲ့ ကံကောင်းမှုမျိုးလဲ။
“ချစ်ရပါသော
ဝယ်သူ၊ မင်းက ဒီနေ့ ကျွန်တော်တို့ဆိုင်ကို လာရောက်ဝယ်ယူတဲ့ နှစ်ဆယ့်ခြောက်ယောက်မြောက်
ဧည့်သည်မို့လို ကျွန်တော်တို့ဆိုင်ရဲ့ စည်းမျည်းစည်းကမ်းအရ ဒီနေ့ မင်း ဝယ်ယူတဲ့ ပစ္စည်းအားလုံး
အခမဲ့ပေးတာပါ။ ဒါ့အပြင် ကျွန်တော်တို့ စာအုပ်ဆိုင်ရဲ့ ဆုလာဘ်ထဲမှာ ဒီငွေ ခြောက်လျန်းလည်း
ပါဝင်ပါတယ်။”