Ch 2
Viewers 835

🍊 Chapte 2



ဆေးရုံဆင်းပြီးနောက် ချူမူချင်းသည် ကုမ္ပဏီသို့ပြန်ရန် အလောတကြီးမလုပ်ခဲ့ပေ။ လုမိသားစုနှင့် ကုမိသားစု နှစ်ဖက်စလုံးက ချူမူချင်း ဆေးရုံတက်ရသည်ကို သိသွားကြပြီဖြစ်ရာ ယခုအချိန်တွင် ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။


ဆေးရုံဆင်းခြင်းကို အကျိုးနည်းနည်းဖြင့် မလုပ်ခဲ့ဘဲ ရွှီချန်ခယ်သည် မှာထားသည့်အတိုင်း ပန်းစည်းတစ်စည်းကိုကိုင်ကာ ချူမူချင်း၏အနီရောင် ဖာရာရီကားကို မောင်းနှင်၍ ချူမူချင်းကို "အင်ပါယာရှုခင်းစံအိမ်" သို့ ခေါ်ဆောင်လာခဲ့သည်။


ကားပေါ်တွင် ချူမူချင်းသည် နောက်ခန်း၌ မှီကာ မျက်လုံးမှိတ်အနားယူနေ၏။ ရွှီချန်ခယ် ကားကို တတ်နိုင်သမျှ ငြိမ်အောင်မောင်းပေးပြီး လူနေရပ်ကွက် ဂိတ်ဝသို့ရောက်သောအခါ ချူမူချင်းက တံခါးဖွင့်၍ကားပေါ်မှ ဆင်းလိုက်သည်။


မိုးရွာပြီးစ နေရောင်ခြည်မှာ ကြည်လင်နေပြီး ချူမူချင်းသည် နေကာရန် မျက်လုံးကို လက်ဖြင့်အုပ်ကာ တံခါးဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားသည်။ ဂိတ်ဝမှ တံခါးဝအထိ ခြေလှမ်းအနည်းငယ်သာ ရှိသော်လည်း ချူမူချင်းအဖို့ လျှောက်လှမ်းရသည်မှာ အလွန်ခက်ခဲလှ၏။ ချူမူချင်းသည် ကုတ်အင်္ကျီရှည်ကြီးကို ပတ်ထားသဖြင့် အပြင်ပန်းကြည့်လျှင်တော့ ပုံမှန်မဟုတ်သည်ကို ဘာမှမမြင်ရပေ။


ရွှီချန်ခယ်က နောက်ကနေအပြေးလိုက်ရင်း မသိမသာ သက်ပြင်းချမိသည်။ ခန္ဓာကိုယ်က ဒီလောက်ဖြစ်နေတာတောင် အခုထိ အားတင်းထားတုန်းပါလား။


ချူမူချင်းသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် တိုက်ရိုက်ထိုင်ချလိုက်ကာ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်နှင့် အသက်ကို ခက်ခက်ခဲခဲ ရှူနေရပြီး နဖူးပေါ်တွင်လည်း ချွေးစက်လေးများထွက်နေသည်။


ဆရာဝန်ပေးလိုက်တဲ့ ဆေးတွေကို သေတ္တာတစ်လုံးစာ စီစစ်ပြီးနောက် ရွှီချန်ခယ်က ဆေးတွေကို အမျိုးအစားအလိုက် ခွဲခြားပေးလိုက်သည်။ ထို့နောက် လှည့်ကြည့်လိုက်ရာ ချူမူချင်း၏ မျက်နှာမှာဖြူဖျော့နေဆဲဖြစ်သည်ကို မြင်သဖြင့် "သူဌေး၊ ဆေးတစ်ခါ ထပ်ထိုးဦးမလား" 


ချူမူချင်းက မျက်လုံးဖွင့်၍ သူ့ကိုတစ်ချက်ကြည့်လိုက်ကာ အသံမှာ အနည်းငယ် အက်ရှရှနှင့် "နောက်တစ်ခါ ထပ်ထိုးရင်တော့ လူက ဇကာပေါက်ဖြစ်တော့မှာပဲ" 


ရွှီချန်ခယ်: "......"


"စူးမိသားစုဘက်က ဘယ်လိုရှိလဲ"


ရွှီချန်ခယ်က ဆေးသေတ္တာကို ကော်ဖီစားပွဲအောက်မှာ ထားလိုက်ပြီး "ညှိနှိုင်းပြီးပါပြီ စူးမိသားစုဘက်က ဘာမှမမေးတော့ဘဲ အားလုံးကို ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောပါတယ်"


ချူမူချင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ချူမိသားစုရဲ့အမည်နာမနဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်းဆိုတာ အခုလက်ရှိ စူးမိသားစုအတွက်တော့ လုံလောက်တာထက်ပိုနေပြီလေ၊ သူတို့ သဘောတူမှာပေါ့။


"စူးဝမ်ချင်းကော?"


"သူက..."


 á€œá€˝á€”်ခဲအတဲအ ရက်ပိုင်းတွေက စူးဝမ်ချင်းအကြောင်း စုံစမ်းထားတဲ့ အချက်အလက်တွေကို ပြန်တွေးမိပြီး ရွှီချန်ခယ်ရဲ့ လည်စိက လှုပ်ရှားသွားသည်။ ခဏလောက် စဉ်းစားပြီးနောက် သူက အဲ့ဒီစကားတွေကို ပြန်မျိုသိပ်ထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီလက်ထပ်ပွဲ ချောချောမွေ့မွေ့ဖြစ်သွားဖို့သာ သူ မျှော်လင့်မိသည်။


"သူ့ရဲ့ အချက်အလက်တွေက နည်းနေသေးလို့ ကျွန်တော် မယူလာခဲ့သေးဘူး၊ နေ့လယ်ပိုင်းကျမှ အီးမေးလ် ပို့ပေးလိုက်မယ်"


"အင်း"


"သူဌေး လက်ထပ်တာကို မင်္ဂလာပွဲ မကျင်းပဘဲ အားလုံးကို အကျိုးနည်းနည်းနဲ့ပဲ လုပ်မယ့်အကြောင်း သတင်းလွှင့်ပြီးပြီဆိုတော့... အခုဆိုရင် အားလုံး သိလောက်ပါပြီ"


"သူတို့က ဘာပြောကြလဲ"


"သူတို့က တစ်ယောက်ပြီးတစ်ယောက် လက်ဆောင်တွေ ပို့ကြတယ်၊ အဖိုးကတော့ သိပ်အားရပုံမရဘူး၊ အဲ့ဒါကြောင့် သူဌေးကို အချိန်ရရင် တစ်ခေါက်ပြန်လာခဲ့ဖို့ ပြောနေတယ်"


"မနက်ဖြန် ငါပြန်မယ်၊ မင်း သူ့ကိုပါ တစ်ခါတည်းဝင်ခေါ်ပြီး အဖိုးဆီကိုတန်းသွားလိုက်တော့"


 á€á€ťá€°á€™á€°á€á€ťá€„်းက နဖူးကို လက်ဖြင့်ထောက်ကာ အခါအားလျော်စွာ အသာအယာပွတ်နေမိသည်။ 


"ပန်းကွေ့ ဗီလာမှာပြင်ဆင်တာတွေ ပြီးပြီလား"


"အားလုံး စီစဉ်ပြီးပါပြီ"




ချူမိသားစု၏အဖိုး ချူထျန်းတယ်သည် ငယ်စဉ်က စစ်တပ်နှင့် ရင်းနှီးမှုအချို့ ရှိခဲ့သည်။ သူတို့အုပ်စုသည် မူလက ဆေးဝါးလုပ်ငန်းကို လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး သူနှင့် သူ့မိတ်ဖက်များသည် Alpha များ၏ ထိခိုက်လွယ်သောကာလကို ဟန့်တားပေးနိုင်သည့် ဆေးဖက်ဝင်အပင်များကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုအပင်များကို ထုတ်ယူသုံးစွဲခြင်းဖြင့် Alpha များ၏ထိခိုက်လွယ်သောကာလကို ၃ လအထိ ရွှေ့ဆိုင်းပေးနိုင်ခဲ့သည်။


ထိုစဉ်က စစ်ဘက်ဆေးကုဌာနနှင့် ပူးပေါင်း၍ ဆေးဝါးများ ထုတ်လုပ်ကာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ကြသည်။ နှစ်ပေါင်း ၅၀ ကျော် ကြာပြီးနောက်တွင် Alpha များ၏ ထိခိုက်လွယ်သောကာလမှာ ၁ နှစ် သို့မဟုတ် ထို့ထက်ပို၍ တည်ငြိမ်လာခဲ့သည်။ ထို့နောက်တွင် ချူထျန်းတယ်သည် အိမ်ခြံမြေလုပ်ငန်းနှင့် အီလက်ထရွန်နစ် သတင်းအချက်အ လက် နည်းပညာလုပ်ငန်းများဘက်သို့ တဖြည်းဖြည်းကူးပြောင်းလုပ်ကိုင်ခဲ့သည်။


ယခုအခါ အုပ်စုသည် အဓိက လုပ်ငန်းကဏ္ဍ အများအပြားကို ပေါင်းစပ်ထားပြီး နယ်ပယ်အသီးသီးကို လွှမ်းမိုးထား နိုင်ခြင်းမှာ ချူထျန်းတယ်၏စီးပွားရေးအမြင်ရှိမှုကြောင့် ဖြစ်သည်။ သူ အနားယူခဲ့သည်မှာ ၃ နှစ်ရှိပြီဖြစ်သော်လည်း ကုမ္ပဏီအပေါ် သူ့လွှမ်းမိုးမှုမှာ လျော့ကျသွားခြင်း မရှိပေ။


ချူထျန်းတယ် ဘဝမှာ အေးအေးချမ်းချမ်း ရှိသော်လည်း တစ်ခုတည်းသော အားနည်းချက်မှာ သူ့ မျိုးဆက်များထဲတွင် ဖြစ်သည်။ သူ့သားသမီးများမှာ Omega များသာ ဖြစ်ကြပြီး Alpha အစစ်အမှန်မှာ ချူမူချင်း တစ်ဦးတည်းသာ ရှိခြင်းဖြစ်သည်။ ချူမူချင်းသည် ငယ်စဉ်ကတည်းက သူ့ အချစ်ဆုံးမြေးလည်း ဖြစ်သည်။


အချစ်ဆုံးဖြစ်သည့်တိုင်အောင် အလွန်လည်း စည်းကမ်းကြီးလှသည်။ အမှန်စင်စစ် သူသည် ချူမူချင်းကို အုပ်စု၏ အမွေဆက်ခံသူအဖြစ် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။


ချူထျန်းတယ်က အသက်ကြီးပြီဖြစ်ရာ ကိစ္စတော်တော်များများကို ဂရုမစိုက်နိုင်တော့ပေ။ သူက ချူမူချင်းကို တစ်ဦးတည်း အသားပေး ချစ်ခင်နေခြင်းမှာ ကျန်မိသားစုဝင်များကို မကျေမနပ် ဖြစ်စေခဲ့သည်။ သို့သော် မည်သူမျှ သူ့ရှေ့တွင် မငြင်းဆန်ရဲကြချေ။ သူ မမြင်နိုင်သည့် နေရာများတွင် ချူမူချင်း မည်မျှအနိုင်ကျင့်ခံခဲ့ရသည်ကို သူ စိတ်ကူးပင် မယဉ်နိုင်ခဲ့ပေ။




ည ၇ နာရီအချိန်၊ ချူမိသားစု၏ အိမ်ဟောင်း


ကားနှစ်စီးသည် ခြံတံခါးရှေ့တွင် တစ်စီးပြီးတစ်စီး ဆိုက်ရောက်လာသည်။ ဤအိမ်ဟောင်းကြီးမှာ သက်တမ်းတော် တော်ရှိနေပြီဖြစ်ပြီး အဖိုးက အသက်ကြီးလာသည့်အခါ တိတ်ဆိတ်ငြိမ်သက်သည့် နေရာများတွင် နေလိုသောကြောင့် ဖြစ်သည်။ ပင်မအိမ်ကြီးမှာ အလွန်ကြီးမားပြီး အရှေ့ဘက်တွင် ဥယျာဉ်နှစ်ခုဖြင့် ဝန်းရံထားသည်။ တစ်ဖက်မှာ ဟင်းသီးဟင်းရွက် စိုက်ခင်းဖြစ်ပြီး ကျန်တစ်ဖက်မှာ ပန်းမန်များနှင့် အပင်များ စိုက်ပျိုးထားခြင်းဖြစ်သည်။


နွေဦးမိုးရွာပြီးနောက် အပင်သစ်လေးများ ပေါက်ထွက်လာပြီး အစိမ်းရောင်လွှာလေးများ ဖုံးလွှမ်းနေသည်။


ရွှီချန်ခယ် ကားပေါ်မှဆင်းကာ ဘေးကထိုင်ခုံသို့ ပတ်သွားပြီး စူးဝမ်ချင်းအတွက် တံခါးဖွင့်ပေးလိုက်သည်။ စူးဝမ်ချင်းက အားတုံ့အားနာဖြစ်သွားပြီး "မလိုပါဘူး၊ မလိုပါဘူး" ဟု အမြန်ပြောလိုက်သည်။


ချူမူချင်း ကားပေါ်ကဆင်းရင်း ထိုစကားကို ကြားသွားပြီး အသံလာရာသို့ လှည့်ကြည့်လိုက်ရာ စူးဝမ်ချင်း၏ ဘေးတိုက်မျက်နှာလေးကို မြင်လိုက်ရသည်။ စူးဝမ်ချင်းသည် သေသေချာချာပြင်ဆင်ထားပုံရကာ အပေါ်ပိုင်းတွင် အဖြူရောင် ချီပွန်ရှပ်အင်္ကျီ၊ အောက်ပိုင်းတွင် ဒူးဖုံးအနက်ရောင်စကတ်နှင့် အဖြူရောင် ဖိနပ်အပါးလေးကို ဝတ်ထားသည်။


စူးဝမ်ချင်း ဆံပင်မှာ ပုခုံးအထိသာရှိပြီး လေထဲတွင်လွင့်နေ၏။ စူးဝမ်ချင်း ဆံပင်ကို နားနောက်သို့ သပ်လိုက်ပြီး ခေါင်းမော့လိုက်ချိန်တွင် နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြသည်။


စူးဝမ်ချင်း လန့်သွားသည်။ သိသာထင်ရှားသည်မှာ ဤလူသည် တည်ငြိမ်အေးစက်နေပုံရသော်လည်း ချူမူချင်းဆီမှ အကြောင်းပြချက်မရှိဘဲ ဖိအားပေးနေသလို ခံစားလိုက်ရခြင်းဖြစ်သည်။


ချူမူချင်းသည် အဲ့ဒီမှာ ရပ်နေကာ ခန္ဓာကိုယ်က ဖြောင့်စင်းနေပြီး Alpha တစ်ယောက်ရဲ့ မာနထောင်လွှားတဲ့ အရှိန်အဝါတွေက အတွင်းကနေအပြင်ကို လျှံထွက်နေတာကြောင့် ဖုံးကွယ်ထားလို့တောင် မရဘူး။ ဒီလူက "လူယုတ်မာ A" ဆိုတဲ့ ဝတ္ထုထဲက ဇာတ်လိုက်ကြီးလား။


စူးဝမ်ချင်း ငြိမ်သက်စွာ ရပ်နေရင်း ဇာတ်လမ်းကို ပြန်စဉ်းစားမိသည်။ ထူးဆန်းတာက စူးဝမ်ချင်းဟာ ညနှောင်းပိုင်းအထိ အချိန်ပိုဆင်းရင်း အလုပ်ခွင်မှာ ရုတ်တရက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ နိုးလာတဲ့အခါမှာတော့ ဝတ္ထုတစ်ပုဒ်ထဲကို ရောက်နေပြီး ဝတ္ထုထဲကအသုံးမကျတဲ့ အမြောက်စာဇာတ်ကောင်တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတယ်။


ပြီးတော့ ဒီဝတ္ထုထဲက အကြီးမားဆုံး ဗီလိန်ကတော့ စူးဝမ်ချင်းရှေ့မှာ ရပ်နေတဲ့ ချူမိသားစုရဲ့လက်ရှိအာဏာပိုင် ချူမူချင်းပါပဲ။


စီးပွားရေးလောကမှာ ပြတ်သားပြီး ရက်စက်လှတဲ့ ချူမူချင်းဟာ လုမိသားစုနဲ့ကုမိသားစုရဲ့ လုပ်ကြံမှုတွေကြောင့် ဒီမိသားစုစီစဉ်တဲ့ လက်ထပ်ပွဲကို လက်ခံခဲ့ရတာပါ။


လက်ထပ်ပြီးတဲ့နောက်မှာတော့ ချူမူချင်းရဲ့ ဗီလိန်စိတ်တွေက ထိပ်ဆုံးကို ရောက်သွားပြီး Omega ကို နှိပ်စက်တာ၊ အတင်းအကျပ်အမှတ်အသားပြုတာ၊ ကိုယ်ဝန်ဖျက်ချတာ စတဲ့ ဝတ္ထုထဲက သွေးစိမ်းရှင်ရှင်ထွက်မယ့် ဇာတ်ကွက်တွေ တစ်ခုမှ မကျန်အောင်လုပ်မှာပါ။


စူးဝမ်ချင်းဟာ သူမကိုယ် သူမ အသုံးမကျတဲ့ ဇာတ်ကောင်ဆိုတဲ့အဖြစ်မှန်ကို လက်ခံဖို့ ခဲရာခဲဆစ်ကြိုးစားခဲ့ရပြီး နောက်ဆုံးမှာတော့ "သေချင်လည်း သေရော" ဆိုတဲ့ စိတ်နဲ့ပဲ ဒီလက်ထပ်ပွဲကိုသဘောတူလိုက်ခြင်းပင်။


"သူဌေးချူ..." ရွှီချန်ခယ်က နှုတ်ဆက်လိုက်သည်။


"အင်း" ချူမူချင်းက လှည့်ထွက်သွားပြီး ခြံထဲသို့ လျှောက်သွားသည်။ ရွှီချန်ခယ်က လက်ဖြင့် စူးဝမ်ချင်းကို တို့လိုက်မှ စူးဝမ်ချင်း သတိပြန်ဝင်လာပြီး ခြေလှမ်းစိပ်စိပ်လေးတွေနဲ့ နောက်က လိုက်သွားတော့သည်။


ခြံထဲသို့ ရောက်သောအခါ ဧည့်ခန်းတွင် မည်သူမျှ မရှိဘဲ အဖိုးကို ပြုစုပေးသည့် အဒေါ်ကြီးသာ ရှိနေသည်။ "ဒေါ်လေးလျူ၊ အဖိုးကော?"


"သူဌေးလေးချူ... လူတွေက အပေါ်ထပ်က စာကြည့်ခန်းထဲမှာပါ"


ချူမူချင်းက ခေါင်းမော့ကြည့်လိုက်ရာ ချူမူချင်း နားလည်လိုက်သည်။ အဖိုးက လူတွေကို ပြန်ခေါ်ပြီး တရားဟောတော့မှာဖြစ်ရာ ဒီစကားဝိုင်းကတော့ မကြာခင် ဖြစ်လာတော့မှာပါ။


"ငါ သွားကြည့်လိုက်ဦးမယ်" ဟု ပြောပြီး ချူမူချင်း လှေကားအတိုင်း အပေါ်ထပ်သို့ တက်သွားသည်။


စူးဝမ်ချင်းက ဘယ်ကိုသွားရမှန်း မသိဘဲ ဧည့်ခန်းအလယ်မှာ ဘောင်မဝင်သလို ရပ်နေမိသည်။ စူးဝမ်ချင်းက ပတ်ဝန်းကျင်ကို သေသေချာချာ ကြည့်ပြီး ပုန်းနေဖို့ ထောင့်တစ်ထောင့်ကို ရှာဖို့ကြိုးစားနေ၏။


လှေကားနှစ်ထစ် တက်ပြီးချိန်တွင် ချူမူချင်းက နောက်က အမြီးလေးကို ရုတ်တရက် သတိရသွားကာ လှည့်ကြည့် လိုက်ပြီး အသံမကျယ်သော်လည်း ရှင်းလင်းစွာ ပြောလိုက်သည်။ 


"ဟိုမှာ ထိုင်ပြီး စောင့်နေ"


"ဟုတ်ကဲ့"


ဒုတိယထပ်သို့ ရောက်သောအခါ စာကြည့်ခန်းတံခါးမှာ ပိတ်ထားသည်။ ချူမူချင်းက တံခါးကို ခောက်လိုက်ရာ အတွင်းမှ လေးလံသော အသံတစ်သံ ကြားလိုက်ရသဖြင့် တံခါးဖွင့်ဝင်လိုက်သည်။ ချူထျန်းတယ်က စားပွဲမှာ ထိုင်နေပြီး စားပွဲပေါ်တွင် သေတ္တာနှစ်လုံးရှိကာ လက်ထဲတွင်လည်း အညိုရောင် လက်ပတ်တစ်ခုကို ပွတ်နေ၏။


"ပြန်လာပြီလား"


"ဟုတ်ကဲ့၊ အဖိုး"


"ကုမ္ပဏီ အခြေအနေဘယ်လိုလဲ" 


ချူထျန်းတယ်က စာဖတ်မျက်မှန်ကို ပင့်လိုက်ကာ ထိုင်ခုံမှာ မတ်မတ်ထိုင်ပြီး ချူမူချင်းကို ကြည့်လိုက်သည်။


အေးစက်ပြီး ထက်မြက်လှတဲ့ အကြည့်တွေက မျက်မှန်တွေနောက်မှာ ပျောက်ဆုံးနေသယောင် ရှိသည်။


"အဆင်ပြေပါတယ်"


အမေးအဖြေ တစ်ခုလုပ်ပြီးနောက် အခြေအနေမှာ တော်တော်လေး ငြိမ်သက်နေ၏။


"အစကတည်းက မင်းက ချူအုပ်စုကိုတာဝန်မယူချင်ခဲ့ဘူး၊ မိသားစုထဲမှာလည်း အသုံးချလို့ရတဲ့လူက နည်းတယ်၊ အကယ်၍ တစ်ယောက်ယောက်သာ ရှိခဲ့ရင် ငါ မင်းကို အတင်းအကျပ် မလုပ်ပါဘူး......"


"ကျွန်မ နားလည်ပါတယ်"


စကားမဆုံးခင်မှာပဲ ချူမူချင်းက ကြားဖြတ်ပြောလိုက်သည်။ ချူမူချင်းသည် သူမ အနှစ်သက်ဆုံး ဘာသာရပ်ကို စွန့်လွှတ်ပြီး မိသားစု အစီအစဉ်အတိုင်း နိုင်ငံခြားမှာပညာသင်ခဲ့ရသည်။ ဒီလိုမျိုး အားနာတတ်တဲ့ မျက်နှာကို ကြည့်ဖို့ မဟုတ်ဘဲ ချူမူချင်း စိတ်မပါတာတွေကို တစ်ခုပြီးတစ်ခု လုပ်ဆောင်ခဲ့ရသည်။


ချူမူချင်းသည် သူ့ ဝါသနာ၊ ကျွမ်းကျင်မှုနှင့် လွတ်လပ်ခွင့်တွေကို စွန့်လွှတ်ခဲ့ရပြီး ယခုအခါ သူမ၏ လက်ထပ်ပွဲကို တောင် သူမကိုယ်တိုင်မဆုံးဖြတ်နိုင်ဘဲ တစ်ခွန်းမှမမေးဘဲ ကြေညာခံလိုက်ရခြင်းဖြစ်သည်။


ချူထျန်းတယ်က ချူမူချင်းရဲ့ စိတ်ထဲက မကျေနပ်မှုတွေကို နားလည်နိုင်ပါတယ်။ အခြေအနေတွေက ဒီအဆင့်ထိ ရောက်လာပြီဆိုတော့ ဘာမှလုပ်လို့ မရတော့ဘူး။ ချူမိသားစုက အခုလို တိုးတက်လာတာ ချူမူချင်းကြောင့်ပါပဲ။ 

"ကျန်တာကတော့ အဖိုးက မင်းကို အားနာပါတယ်၊ မင်းကို ဒီနေရာကို တွန်းပို့ခဲ့မိလို့၊ ဒါပေမဲ့ လက်ထပ်ပွဲကိစ္စကိုတော့ မင်း ငါ့စကား နားထောင်ရမယ်၊ ကျန်းမာရေး အစီရင်ခံစာကို ရွှီလေးက ငါ့ဆီ နှစ်တိုင်း ပို့တယ်၊ သူက အချက်အလက်တချို့ကို လိမ်ပြီး ပြင်ထားပေမဲ့ ငါ ဘာအလုပ်လုပ်ခဲ့လဲဆိုတာ မမေ့နဲ့ဦး"


"မင်းရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုလဲဆိုတာ ငါ့ကို ပြောဖို့ လိုသေးလား"


အခြေအနေတွေ ပေါ်သွားတဲ့ ချူမူချင်းက ဘာမှ အားနာပုံမရဘဲ ပြန်မေးလိုက်သည်။ 


"ဒါဆိုရင် ကျမက ဆေးအဖြစ် အသုံးချဖို့အတွက် တစ်ယောက်ယောက်ကိုဖြစ်သလို လက်ထပ်လိုက်ရမှာလား၊ အဖိုးက ကျမကို သူတစ်ပါးကို အသုံးချဖို့ သင်ပေးနေတာလား"


ငယ်ငယ်ကနဲ့ မတူဘဲ ပြင်းထန်လှတဲ့ ချူမူချင်းရဲ့ အမူအရာကို မြင်တဲ့အခါ သူ တစ်ခုခု မှားယွင်းခဲ့သလားဆိုတာ ပြန်စဉ်းစားမိသွားသည်။


သက်ပြင်းရှည်ကြီး ချလိုက်ပြီး ချူထျန်းတယ်က အလေးအနက် တိုက်တွန်းလိုက်သည်။ 


"ခံစားချက်ဆိုတာ ပြုစုပျိုးထောင်လို့ ရပါတယ်၊ မင်း သူ့ကို မကြိုက်တာ ဖြစ်နိုင်ပေမဲ့ စူးမိသားစုက သဘောတူပြီးသားပါ၊ ငါ အဲ့ဒီမိန်းကလေး စူးဝမ်ချင်းကိုလည်း မေးပြီးပြီ၊ သူလည်း သဘောတူတယ်"


"သူက ဘာလို့ သဘောမတူမှာလဲ၊ အခု စူးမိသားစုအခြေအနေ ဘယ်လိုလဲဆိုတာ အဖိုး မသိတာမှမဟုတ်တာ၊ ကျမကို လက်ထပ်လိုက်ရင် သူတို့ စူးမိသားစုက..."


"အဟွတ်၊ အဟွတ်၊ အဟွတ်~" ချူမူချင်း စကားမဆုံးခင်မှာပဲ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ရသည်။


"မင်း ......" ချူထျန်းတယ်က ဆိုသည်။ 


"ထားလိုက်ပါတော့၊ မင်း အပြင်ထွက်ပြီး အဲ့ဒီ စူးမိသားစုက ကောင်မလေးကို ဝင်လာခိုင်းလိုက်ဦး"


ချူမူချင်းသည် ချောင်းဆိုးလွန်းသဖြင့် မျက်လုံးများ နီရဲနေပြီး ထပ်ပြီးငြင်းခုံချင်စိတ် မရှိတော့သဖြင့် ထထွက်လာခဲ့သည်။


ဒုတိယထပ် လက်ရန်းမှာ ရပ်ပြီး အောက်ကို ငုံ့ကြည့်လိုက်ရာ စူးဝမ်ချင်းက ဆိုဖာပေါ်မှာ စနစ်တကျ ထိုင်နေပြီး လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ ဟိုကြည့်ဒီကြည့်နှင့် စိမ်းသက်လှတဲ့ ပတ်ဝန်းကျင်မှာ စိုးရိမ်စိတ်တွေ ပြည့်နေပုံရသည်။


ရွှီချန်ခယ် ပို့ထားတဲ့ အချက်အလက်တွေကို ချူမူချင်း မဖတ်ရသေးပါဘူး။ အချက်အလက်တွေက အရေးမကြီးတော့ သလို ချူမူချင်းနဲ့ စူးဝမ်ချင်း လက်ထပ်ရမယ့် ရလဒ်ကလည်း ပြောင်းလဲသွားမှာ မဟုတ်ဘူးလေ။


"တက်လာခဲ့"


စူးဝမ်ချင်း ထိုအသံကို ကြားတော့ ခေါင်းမော့ကြည့်လိုက်ရာ လက်ရန်းကို ကိုင်ပြီး အပေါ်စီးက ကြည့်နေတဲ့ ချူမူချင်းကို တွေ့လိုက်ရသည်။


စူးဝမ်ချင်းက အလွန် လိမ်မာလှပါသည်၊ ချက်ချင်းထပြီး လှေကားအတိုင်း ပြေးတက်လာကာ ချူမူချင်းရဲ့ ဘေးကို ရောက်လာခဲ့သည်။ 


"ဘာဖြစ်လို့လဲ?"


ချူမူချင်း လှည့်လိုက်ပြီး လက်ရန်းကို ကျောမှီလိုက်ကာ "အဖိုး မင်းကို ခေါ်နေတယ်" 


စူးဝမ်ချင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး ချူမူချင်းကို ကြည့်လိုက်ရာ ချူမူချင်းရဲ့ မျက်လုံးတွေက နီနေပြီး နှုတ်ခမ်းတွေက ဖြူဖျော့ကာ တော်တော်လေးနွမ်းနယ်နေပုံရသည်။


စူးဝမ်ချင်းက စာကြည့်ခန်းတံခါးရှေ့မှာ ရပ်နေရင်း အနည်းငယ်တုံ့ဆိုင်းနေမိသည်။ ဒီလိုမျိုး ဂုဏ်သတင်းကြီးမားတဲ့ လူကြီးတစ်ယောက်နဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာ စူးဝမ်ချင်း မသိဘူးလေ။


စူးဝမ်ချင်း နောက်ကို လှည့်ကြည့်လိုက်တော့ ချူမူချင်းက အဲ့ဒီမှာ မရှိတော့ဘဲ ငွေဖြူရောင် လက်ရန်းကြီးပဲ ကျန်တော့သည်။ သာမန်လူတစ်ယောက်ကို ဒီလိုလာပြောရင်တောင် စိတ်ကြည်မှာ မဟုတ်တာ၊ ဒီလို ဗီလိန်သူဌေးကြီးဆိုရင်တော့ ပြောမနေနဲ့တော့။


စဉ်းစားပြီးနောက် စူးဝမ်ချင်းက တံခါးကို ခေါက်လိုက်ပြီး အတွင်းက အသံကြားတော့မှ "သေချင်သေရော" ဆိုတဲ့ အမူအရာနဲ့ တံခါးကို တွန်းဖွင့်ဝင်လိုက်သည်။


"ထိုင်ပါ"


စူးဝမ်ချင်းက သူမရှေ့က လူကို ကြည့်လိုက်သည်။ ဝတ္ထုထဲမှာ သူ့အကြောင်း အများကြီး မပါသော်လည်း ချူမိသားစုမှာ ဂုဏ်သတင်းကြီးပြီး စကားပြောပိုင်ခွင့်ရှိတယ်ဆိုတာတော့ စူးဝမ်ချင်း သိသည်။ စူးဝမ်ချင်း ထိုင်လိုက်တာနဲ့ ချူထျန်းတယ်က စကားစပြောသည်။


"မူချင်းက ငယ်ငယ်ကတည်းက မိသားစုစည်းကမ်းတွေကြားမှာ ကြီးပြင်းခဲ့ရတာ၊ သူ့ကို ကန့်သတ်တာတွေ အများကြီး လုပ်ခဲ့ကြသလို ဖိအားတွေလည်း ပေးခဲ့ကြတယ်၊ အခု သူ စိတ်တိုတတ်နေတာကို နောက်ပိုင်းမှာ မင်းတို့ချင်း ပိုပြီး နားလည်မှုရှိအောင်လုပ်ပေးပါဦး"


စူးဝမ်ချင်းက စိတ်ထဲကနေ ကြိတ်တွေးလိုက်သည်။


ဒါက စိတ်တိုတတ်ရုံတင် မဟုတ်ဘူး၊ ချူမူချင်း တစ်ယောက်လုံးက အဖိနှိပ်ခံရလွန်းလို့ စိတ်ဖောက်ပြန်နေတာ!


မကျေနပ်တာက မကျေနပ်တာ၊ အပြင်ပန်းမှာတော့ လိုက်လျောရမှာပဲ ဖြစ်လို့ စူးဝမ်ချင်းက "ကျွန်မ လုပ်သင့်တာပါ" 


"ဒါ မင်းအတွက်" 


ချူထျန်းတယ်က လက်နားက သေတ္တာကို ကမ်းပေးလိုက်သည်။ အဲ့ဒါက ပန်းပုံဖော်ထားတဲ့ အညိုရောင် သေတ္တာလေးဖြစ်ပြီး ဘာပုံလဲဆိုတာတော့ မသိသာပေ။


"ကျွန်မ ဒါကို မယူရဲပါဘူး..." စူးဝမ်ချင်း စိတ်ထဲကနေ အော်ဟစ်နေမိသည်။


"ယူလိုက်!" ချူထျန်းတယ်ရဲ့ အသံက ဟိန်းထွက်လာပြီး ဩဇာအာဏာ အပြည့်ပါနေသည်။


"ကျေးဇူးတင်ပါတယ်၊ ဒါဆိုရင် ကျွန်မ လက်ခံလိုက်ပါ့မယ်"


စူးဝမ်ချင်း သေတ္တာကို ကိုင်ထားလိုက်ရာ သစ်သားနံ့သင်းသင်းလေး ထွက်နေသည်။ စူးဝမ်ချင်း စားပွဲအောက်မှာ တိတ်တဆိတ် ဖွင့်ကြည့်လိုက်တော့ ကျောက်စိမ်းလက်ကောက်တစ်စုံဖြစ်နေသည်။ အဖြူရောင်မှာ အစိမ်းရောင် အစင်းလေးတွေ ပါနေပြီး တစ်ချက်ကြည့်ပြီးတာနဲ့ အမြန် ပြန်ပိတ်ထားလိုက်သည်။


"တခြားတော့ မရှိတော့ဘူး၊ အောက်ထပ်သွားပြီး ထမင်းစားကြရအောင်" ဟု ချူထျန်းတယ်က ပြောသည်။


ဒေါ်လေးလျူက ချူမူချင်းပြန်လာမှန်း သိတော့ ဟင်းတွေ အများကြီးချက်ထားသည်။ အသီးအရွက်တွေ၊ အသားဟင်းတွေနဲ့ စွပ်ပြုတ်တွေ။


စူးဝမ်ချင်းက ချူထျန်းတယ်နောက်ကနေ ထမင်းစားခန်းထဲကို လိုက်သွားသည်။ ချူထျန်းတယ်က ပင်မနေရာမှာ ထိုင်ပြီး စူးဝမ်ချင်းကတော့ သင့်တော်တဲ့ နေရာတစ်ခုကို ရွေးထိုင်လိုက်သည်။ ချူမူချင်းက ဖုန်းကို ငုံ့ကြည့်နေပြီး စူးဝမ်ချင်းက ချူမူချင်းဘေးမှာ ဝင်ထိုင်လိုက်သည်။


ပန်းနံ့သင်းသင်းလေး တစ်ခုက လွင့်ပျံ့လာသဖြင့် ချူမူချင်းက ဖုန်းကိုပိတ်ပြီး စူးဝမ်ချင်းကို တစ်ချက်ကြည့်လိုက်သည်။ မိသားစု စုံညီပွဲတွေကို တက်ရင် ပြဿနာမရှိအောင် ချူမူချင်းက ဖီရိုမုန်း ဟန့်တားဆေးတွေကို ကြိုတင် ပြင်ဆင်ထားလေ့ရှိသည်။


ဒါပေမဲ့ စူးဝမ်ချင်းရဲ့ ဖီရိုမုန်းတွေက ဘာလို့ ဒီလောက် သိသာနေရတာလဲ?!


ချူမူချင်း: "သူ တမင်လုပ်တာလား?! ငါ့ကို မြူဆွယ်ဖို့ ဖီရိုမုန်းတွေကို ထုတ်ပြနေတာလား?"


"ငေးမနေနဲ့၊ စားတော့"


ခွဲစိတ်ပြီးကာစမို့ အစားအသောက် သိပ်မရှိသဖြင့် ချူမူချင်းက အထိမ်းအမှတ်အနေနဲ့ နှစ်လုတ်လောက်ပဲ စားလိုက်သည်။


စူးဝမ်ချင်းကတော့ ဗိုက်ဆာနေပြီ။ ရွှီချန်ခယ်က မနက်ကတည်းက စားဖို့ပြောပေမဲ့ စူးဝမ်ချင်းက တစ်မနက်လုံး အင်္ကျီရွေး၊ တစ်နေ့လယ်လုံး မိတ်ကပ်လိမ်းနဲ့ ဘာမှမစားရသေးဘူးလေ။


စူးဝမ်ချင်း နှစ်လုတ်လောက်ပဲ ရှိသေးတယ်၊ ချူမူချင်းက ထမင်းစားတံကို ချလိုက်ပြီး "ငါ ဗိုက်ဝပြီ၊ ကုမ္ပဏီမှာ ကိစ္စရှိသေးလို့ အရင်ပြန်နှင့်မယ်" 


ထိုသို့ပြောပြီး ချူထျန်းတယ် ဘာမှမပြောခင်မှာပဲ တန်းထွက်သွားတော့သည်။ ချူထျန်းတယ်က ထမင်းစားတံကို စားပွဲပေါ် ရိုက်ချလိုက်ပြီး "ငါတို့ အတူတူ ထမင်းမစားရတာ ဘယ်လောက်တောင် ကြာပြီလဲ၊ ပြန်လာတိုင်း ဒီလိုချည်းပဲ" 


"ဒါဆိုရင် ကျွန်မလည်း ပြန်လိုက်ပါဦးမယ်" စူးဝမ်ချင်းလည်း နောက်ကနေ လိုက်ထွက်သွားသည်။


နေမဝင်သေးဘူး၊ ချူမူချင်းက တံခါးဝမှာရပ်ပြီး တံခါးဘေးက သစ်ပင်တွေကို လက်နဲ့ကိုင်ကာ ဖုန်းကို ငုံ့ကြည့်နေသည်။


"နင် နေလို့မကောင်းလို့လား" 


စူးဝမ်ချင်း ချူမူချင်းအနားသွားပြီး မေးလိုက်သည်။


"......"


ချူမူချင်းကမူ ဘာမှ ပြန်မဖြေဘူး။


အဲ့ဒီအချိန်မှာ ရွှီချန်ခယ် ကားမောင်းလာပြီး သူတို့နှစ်ယောက်ရှေ့မှာ ရပ်လိုက်သည်။ ချူမူချင်း ရှေ့ခန်းဆီကို လျှောက်သွားရာ လက်ကအားကိုးရာမရှိဖြစ်ပြီး ချူမူချင်း ရှေ့ကိုယိုင်သွားတော့သည်။