Ch 12
Viewers 2k

Chapter 12


“အရှင့်သား”



ရှောင်တိက ဒူးညွှတ်ပြီး အရိုအသေပြုဖို့ပြင်လိုက်စဥ် ကျွင်းချီယွိက လက်ကာပြလာသည်။



"ထွက်သွား"



ရှောင်တိ တစ်ချက်တွေသွားသည်။ အရှင်သခင်ရဲ့အမိန့်မို့ မလွန်ဆန်ရဲပေမယ့် တံခါးပိတ်ပြီး ထွက်မသွားခင်မှာ စုန့်လီချင်းကို စိုးရိမ်သည့် အကြည့်တစ်ချက်တော့ ကြည့်သွားသေးသည်။



အခန်းထဲတွင် စုန့်လီချင်းနှင့် ကျွင်းချီယွိတို့ နှစ်‌ယောက်သာ ကျန်ခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်နေမိသည်။



သူဘာတွေတွေးနေသလဲ စုန့်လီချင်းမသိပါ။ သူ့ရဲ့နက်နက်ရှိုင်းရှိုင်း မျက်ဝန်းတွေက စုန့်လီချင်းကိုသာ ငေးကြည့်နေပြီး ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ စဥ်းစားနေပုံရသည်။



စုန်လီချင်း ခဏလောက် ဝမ်းနည်းသွားရသည်။ သူတို့ငယ်ငယ်ကဆို အရာရာကို ပြောပြနိုင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ မုန်းတီးမှုတွေကြောင့် သူတို့နှစ်‌ယောက်သား ကြည့်ရုံသာ ကြည့်နေနိုင်တော့သည်။ စုန့်လီချင်း ဘယ်ကနေစပြောရမှန်း မသိတော့။



"ချီယွိ"



စုန့်လီချင်း စကားစဖို့ ကြိုးစားလိုက်သည်။



"မင်း အနောက်ပိုင်းဒေသတုန်းက..."



"မင်းကို ဘယ်တုန်းကမှ မသိခဲ့ဖူးရင် ကောင်းမှာပဲ”



ကျွင်းချီယွိက ရုတ်ခြည်းပြောလာခဲ့ပြီး သူ့အကြည့်မှာလည်း အေးစက်နေလေသည်။



စုန့်လီချင်း မှင်သက်မိသွားရသည်။ ကျွင်းချီယွိရဲ့ နှုတ်ကနေ ဒီလိုစကားလုံးတွေထွက်လာတာကို သူမယုံနိုင်သေးပေ။



"ဘာ...ဘာပြောတယ်”



"ငါပြောတာက ငါငယ်ငယ်တုန်းကသာ မင်းနဲ့မသိခဲ့ရင် အခုလိုကိစ္စတွေအားလုံးက ဖြစ်လာမှာမဟုတ်ဘူး! ၊ မင်းမျက်နှာကိုလည်း နေ့တိုင်း မြင်နေရမှာမဟုတ်ဘူး ၊အချိန်တွေကိုသာ နောက်ပြန်လှည့်နိုင်လို့ ရမယ်ဆိုရင် အဲဒီအချိန်တုန်းက ကျောင်းတော်ကို ဘယ်တော့မှ သွားခဲ့မှာမဟုတ်ဘူး ၊ ဒါဆိုမင်းနဲ့လည်း တွေ့မှာမဟုတ်တော့ဘူး!”



စကားဆုံးသည်နှင့် ကျွင်းချီယွိသည် စုန့်လီချင်းအား စားပွဲဘက်သို့ တွန်းလွှတ်လိုက်သည်။



စုန်လီချင်းရဲ့ခါးဟာ စားပွဲအစွန်းနဲ့ထိမိပြီး နောက်ပြန်လဲကျသွားတာကြောင့် ကျွင်းချီယွိရဲ့လက်မောင်းကိုသာ လှမ်းဆွဲလိုက်ရသည်။



"မင်းကြောင့်သာမဟုတ်ရင် ငါခမည်းတော်ဆီကနေ နေ့တိုင်းဆုံးမစကားတွေ နားထောင်နေရမှာမဟုတ်ဘူး! ၊ မင်းကဂြိုဟ်ကောင်ပဲ”



စုန့်လီချင်း နားလည်လိုက်သည်။ ကျွင်းချီယွိ ပြန်လာတဲ့အချိန်မှာ အခုလို ဒေါသထွက်နေရတာက သူနန်းတော်ထဲဝင်ပြီး ဧကရာဇ် ဆုံးမတာကို ခံခဲ့ရတာကြောင့် ဖြစ်နိုင်သည်။



"ချီယွိ၊ ငါတို့ စိတ်အေးအေးထားပြီး သေချာထိုင်စကားပြောလို့ မရဘူးလား"



"ရတယ်"



ကျွင်းချီယွိက ပြုံးပြီးဆက်ပြောသည်။



"မင်းသာဧကရာဇ်နဲ့ ပြေလည်အောင်လုပ်ဖို့ အခွင့်အရေးရှာနိုင်ခဲ့ရင် ငါမင်းနဲ့ စကားကောင်းကောင်း ပြောပေးမယ်လို့ ကတိပေးတယ် ၊ မင်းကို အရင်လိုပဲ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးမယ် ၊ ဟူနွီအာထက်တောင် ပိုကောင်းကောင်းမွန်မွန် ဆက်ဆံပေးမယ်"



စုန့်လီချင်း ချက်ချင်းငြင်းပယ်လိုက်သည်။

"ကွာရှင်းဖို့က... ဒါပေမယ့် ငါတို့လက်ထပ်ထားတာ တစ်ရက်ပဲ ရှိသေးတယ်လေ!”



"ငါတခြားလူတွေ စီစဥ်ပေးတဲ့အတိုင်း တစ်ရက်တောင် မနေနိုင်ဘူး!"



သူ့ရဲ့အထက်စီးဆန်ဆန် အမူအရာကိုကြည့်ရင်း သူ့အတွေးတချို့ကို စုန့်လီချင်း နောက်ဆုံးတော့ နားလည်သွားခဲ့သည်။



ကျွင်းချီယွိဆိုတာ သူ့ခွန်သူ့အားကို ထုတ်ပြနေသည့် ဝံပုလွေတစ်ကောင်နှင့် တူသည်။ ခြေသည်းလက်သည်းတွေကို ဖြန့်ကျက်ထားပြီး သူ့ရဲ့ခြိမ်းခြောက်နိုင်စွမ်းနဲ့ တန်ခိုးစွမ်းရည်ကို တိုင်တည်ပြဖို့ စိတ်အားထက်သန်နေကာ မည်သူကမှသူ့ကို မလွှမ်းမိုးထားနိုင်ပေ။



အလွန်အမင်း ချစ်ခင်မြတ်နိုးအလိုလိုက်ခံရမှုကြောင့် ဖြစ်ပေါ်လာသည့် ပုန်ကန်လိုစိတ်တွေကလည်း သာမန်လူတွေထက် ပိုမိုကြမ်းတမ်းနေသည်။



ဒါကြောင့် သူမေးလိုက်မိသည်။



"ဧကရာဇ်ကိုဆန့်ကျင်ဖို့ ငါ့ကိုလက်နက်အနေနဲ့ အသုံးပြုနေတာလား ၊ မင်းက တခြားလူတွေ စီစဥ်ပေးတာကို မကြိုက်တာကြောင့်မို့လို့လေ ၊ ဒါမှမဟုတ် ဒီတိုင်းငါနဲ့ပဲ မနေနိုင်တာလား"

ကျွင်းချီယွိ စိတ်ဆွခံလိုက်ရခြင်းကြောင့် ဓားသွားလိုမျက်ခုံးတွေ တွန့်ကွေးကုန်သည်။



"စုန့်လီချင်း၊ ငါ့ခမည်းတော်က ငယ်ငယ်လေးကတည်းက လောင်ရှစ်ဇီရဲ့ ရှေးဟောင်းကျမ်းတွေကို ဖတ်ခိုင်းခဲ့တာ၊ ငါမပျော်ခဲ့ဘူး၊ ဒေါသထွက်တယ်၊ အဲအစုတ်ပလုတ်တွေကို ဆွဲဖြဲချင်စိတ်တောင် ပေါက်တယ်! မင်းက အဲဒီလို စိတ်ကုန်စရာကောင်းတဲ့ အဆင့်တစ် စာပေပညာရှင် ဖြစ်နေတယ်လေ၊ ပျင်းဖို့ကောင်းချက်”



ကျွင်းချီယွိ ဒီလက်ထပ်ပွဲကို ဘယ်လောက်တောင် အတိုက်အခံလုပ်နေလဲဆိုတာကို မြင်နိုင်သည်။ ဒါဆို သူ့နဲ့တစ်ရက်တောင် မနေနိုင်ဘူးပေါ့။ စုန့်လီချင်း အေးစက်မှုကို မခံစားမိဘဲ မနေချေ။



စုန့်လီချင်း မျက်လွှာချလိုက်ပြီး အသိအမှတ်ပြုမခံရတဲ့ ဝမ်းနည်းမှုကို ဖုံးကွယ်ရင်း သက်ပြင်းဖွဖွသာ ချလိုက်သည်။



"ချီယွိ၊ မင်းငါ့ကို တကယ်မုန်းနေတယ်ဆိုရင် ငါ့ကို ကွာရှင်းစာလွှာသာပေးလိုက်”



"ဧကရာဇ်က သဘောမတူလောက်ဘူးဆိုတာ မင်းလည်းသိတာပဲ! မင်းကိုယ်တိုင် လိုလိုလားလား ကွာရှင်းဖို့ပြောမှပဲရမှာ”



စုန့်လီချင်းရဲ့မေးရိုးက ကျွင်းချီယွိ ဖျစ်ညှစ်တာခံလိုက်ရပြီး ဒေါသတကြီးဖြစ်‌နေတဲ့ ကျွင်းချီယွိကို မော့ကြည့်ဖို့ အတင်းဖိအားပေးခံလိုက်ရသည်။



"ငါမလုပ်ဘူး”



"ပြန်ပြောစမ်း”



ကျွင်းချီယွိ အံကြိတ်လျက် ခြိမ်းခြောက်လိုက်သည်။



စုန့်လီချင်းရဲ့လေသံက မကြုံစဖူး ခိုင်မာပြတ်သားနေသည်။



"ငါဘယ်တော့မှ ကွာရှင်းဖို့ပြောမှာ မဟုတ်ဘူး ၊ ပြီးတော့ ငါမသေမချင်း ငါ့ဘက်ကအရင် မင်းကိုထားသွားမှာမဟုတ်ဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ ငါမင်းကိုချစ်လို့ ၊ မင်းထင်ထားတာထက် ပိုချစ်မိနေလို့”



"မင်း..."



စာရေးတဲ့နေရာမှာ အားနည်းနုနယ်လှတဲ့ စုန့်လီချင်းက ဒီလိုခေါင်းမာလိမ့်မယ်လို့ ကျွင်းချီယွိ ထင်မထားခဲ့။ သူ့ကိုဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။ တကယ်သတ်ပစ်လို့ကလည်း မရဘူး။



"ကောင်းပြီလေ၊ မင်းက အိမ်ရှေ့စံမိဖုရား သိပ်ဖြစ်ချင်တာမလား ၊ ဒီဂုဏ်ပုဒ်ကို ရထားပြီးပြီဆိုမှတော့ အိမ်ရှေ့စံမိဖုရားရဲ့ တာ၀န်ကို ယူရတော့မှာပေါ့!”



ကျွင်းချီယွိ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး စုန့်လီချင်းရဲ့ခါးကို ဆွဲကိုင်ကာ ပြင်းပြင်းထန်ထန် ဖျစ်ညှစ်လိုက်သည်။



သူ့ရဲ့ တိရစ္ဆာန်လို တဏှာရာဂတွေ ပြန်နိုးထလာပြီဆိုတာကို စုန့်လီချင်းသိတာနဲ့ သူ့ကိုတွန်းဖယ်ပစ်ဖို့ ရုန်းလိုက်သည်။



"ချီယွိ...ငါနေလို့သိပ်မကောင်းသေးဘူး…”



စုန့်လီချင်းကအခုမှ လောကီရေးရာတွေကို မြည်းစမ်းဖူးတာဖြစ်သည်။ ဒါပေမယ့် မနေ့ညက မိုးမလင်းမချင်း နှိပ်စက်ခံထားရတော့ သူ့ရဲ့မရပ်မနားဆန္ဒတွေကို ဘယ်လိုလုပ် ခံနိုင်တော့မှာလဲ။



"မင်းလိုချင်တာ မလိုချင်တာတွေကို ပြောရမယ့်အလှည့် မဟုတ်သေးဘူး”



ကျွင်းချီယွိမှာ နဂိုကတည်းက မကုန်နိုင်မခန်းနိုင်တဲ့ အင်အားတွေ အပြည့်ရှိနေပြီးသားဖြစ်သည်။ အခုဆို ဒေါသကြောင့် ပိုလို့တောင် ကြမ်းကြမ်းတမ်းတမ်း ပြုမူလာကာ သူ့‌လက်တွေကို ချက်ချင်းဆိုသလို မြှောက်လိုက်သည်။



စုန့်လီချင်း ရုတ်တရက် သဘောပေါက်သွားသည်။



ဒါက ချစ်တာမဟုတ်ဘူး။ ဒေါသဖြေနေတာပဲ။

မနေ့ညက အတူနေခဲ့တာကလည်း ချစ်ခြင်းကြောင့် ပေါင်းစပ်တာမဟုတ်ဘဲ ကျွင်းချီယွိက သူ့အပေါ်မှာ ဒေါသလာဖြေရုံသက်သက်ပဲ။



စုန်လီချင်းမှာ ရုတ်ခြည်းဆိုသလို မျှော်လင့်ချက်တွေနဲ့ စိတ်ဝင်စားမှုတွေအားလုံး ပျောက်ဆုံးသွားရသည်။



"မလုပ်...အွင်း”



စုန့်လီချင်းရဲ့စကားလုံးတွေက ကျွင်းချီယွိရဲ့နှုတ်ခမ်းတွေနဲ့ ပိတ်ဆို့ခြင်းခံလိုက်ရသည်။



"သခင်ပျော်အောင် လုပ်ပေးဖို့က အိမ်ရှေ့စံမိဖုရားဖြစ်တဲ့ မင်းတာဝန်ပဲ၊ နားလည်လား”



ကျွင်းချီယွိ အထက်စီးဆန်ပြီး အပေါ်ကနေလွှမ်းမိုးသူ ဖြစ်တဲ့အတွက်ကြောင့် ဘာနေနေကိစ္စမရှိ။



သို့ပေမယ့် စုန့်လီချင်းကတော့ စက်ဆုပ်ရွံရှာမှုကိုပဲ ခံစားမိသည်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နှုတ်ခမ်းတွေက သူမဟုတ်တဲ့ တခြားတစ်ယောက်ကို နမ်းထားပြီးသား ဖြစ်နေလို့ပဲဖြစ်သည်။



ကျွင်းချီယွိရဲ့ နှုတ်ခမ်းတွေက နမ်းရှိုက်ဖို့ နီးကပ်လာချိန်မှာ စုန့်လီချင်းရှောင်လိုက်သည်။



"မင်း ထပ်ရှောင်ရဲတယ်လား”

စုန်လီချင်း သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားသည်မှာ အသက်သာအသေခံလိုက်မည်၊ အလျှော့ပေးမည်မဟုတ်ဆိုသည့် ပုံစံပင်။



"အိုး၊ ငါသိပြီ"



စုန့်လီချင်းက သစ်တုံးလို တောင့်တောင့်ကြီးရပ်နေပြီး သူ့အလိုကိုမလိုက်မည့်ပုံစံကို မြင်တော့ ကျွင်းချီယွိ တစ်ခုခုကို သဘောပေါက်သွားသည်။



"ဟူနွီအာနဲ့ငါ့ကြားမှာ တိုးတိုးတိတ်တိတ် ဆက်ဆံရေးရှိတာကို မင်းဒီ‌နေ့မနက် ဟူနွီအာဆီကနေ ကြားခဲ့တာပဲ ၊မင်း စိတ်ထဲမထားဘူးမလား”



"မထားပါဘူး”



စုန့်လီချင်း ခေါင်းကိုဘေးစောင်းကာ ပြန်ပြောလိုက်သည်။



"အချစ်ဆိုတာက တစ်မူထူးခြားတယ် ၊ကမ္ဘာပေါ်မှာရှိတဲ့ အဖြူစင်ဆုံးအရာပဲ"



"ဪ"



ကျွင်းချီယွိက လှောင်ပြုံးပြုံးသည်။



"လိင်ဆက်ဆံပြီးသွားတာနဲ့ လူပျိုမစစ်တော့ဘူးဆိုရင် မင်းမနေ့ညက ငါ့ကိုပေးခဲ့ပြီးပြီဆိုတော့ မင်းလည်း အပြစ်အနာအဆာမရှိ ပြီးပြည့်စုံတဲ့ စုန့်လီချင်း မဟုတ်တော့ဘူးပေါ့၊ မင်းအခု နည်းနည်းလေးငြင်းလိုက်တာနဲ့ ပြန်စင်ကြယ်သွားမယ်လို့ ထင်နေတာလား”



သူပြောလိုက်တဲ့စကားကြောင့် စုန့်လီချင်းရဲ့နှုတ်ခမ်းတွေ တုန်ယင်သွားပြီး ရှက်လည်းရှက်၊ ဒေါသလည်းထွက်သွားရသည်။



"ကျွင်းချီယွိ၊ မင်း...မင်း မကောင်းတဲ့ကောင်!”



ဒါက စုန့်လီချင်းရဲ့ အပြင်းထန်ဆုံးစကားလုံးပင်။



"မင်းကငါနဲ့ ဒီနေ့မှ တွေ့ဖူးတာမဟုတ်ဘူးလေ၊ သူတို့ငါ့ကို ငယ်ငယ်က ဘယ်လိုခေါ်လဲဆိုတာ မင်းမေ့သွားပြီလား”



အရှင်ငယ်လေး၊ နတ်ဆိုးလေး၊ ဒါတွေက ကျွင်းချီယွိ ကလေးဘ၀က နာမည်ပြောင်တွေပင်။



စုန့်လီချင်း ရုန်းကန်နေပေမယ့် နောက်ဆုံးတော့ ကျွင်းချီယွိရဲ့ ကုတင်ပေါ်ပစ်တင်ခြင်း ခံလိုက်ရသည်။



ဒါက အချစ်ကြောင့်မဟုတ်ပဲ အပြစ်ပေးခြင်းသက်သက်သာ။



စိတ်ကိုသာမက ခန္ဓာကိုယ်ကိုပါ နှစ်ဆအနိုင်ကျင့်ခြင်းပင်။



သုံးရက်ဆက်တိုက် ကျွင်းချီယွိအိမ်တော်ကို ပြန်လာတာနဲ့ စုန့်လီချင်းကို သူမမောမချင်း ညှင်းပန်းနှိပ်စက်သည်။ ပျော့ခွေသွားမှသာ ရပ်ပေးလေသည်။



ရုန်းကန်ရင်းကနေ တစ်ကိုယ်လုံး ထုံကျင်သွားတာတောင်မှ စုန့်လီချင်း သူ့ကံကြမ္မာကို လက်မခံခဲ့ပေ။ သိုပေမယ့် မင်္ဂလာဦးညမှာ လေဒဏ်နဲ့ အအေးဒဏ်တွေခံခဲ့ရတဲ့အပြင် အခုလို ညှင်းပန်းနှိပ်စက်ခံရတာကြောင့် တစ်နေကုန် မူးနောက်နေပြီး သတိလစ်နေသည်။ ထို့နောက် ကျွင်းချီယွိရဲ့ အတင်းအကြပ်နှိုးမှုကြောင့် ပြန်နိုးလာခဲ့ရပြီး ဒီလိုပဲဆက်သွားခဲ့ရသည်။



သို့ပေမယ့် သူဘယ်တော့မှ မမေ့သည့် အရာတစ်ခုရှိသည်။ ထိုအရာကတော့ မနက်မိုးသောက်သည်နှင့် ကျွင်းချီယွိကို ရေချိုးဖို့ပြင်ဆင်ပေးခြင်း၊ အဝတ်အစားလဲပေးခြင်းနှင့် မနက်စာပြင်ဆင်ပေးခြင်းပဲ ဖြစ်သည်။ အကြောင်းအရင်းကတော့ အိမ်ရှေ့စံမင်းသားက ညီလာခံပြန်တက်နေပြီဖြစ်ကာ မှန်ကန်သည့်လမ်းကြောင်းပေါ် ရောက်နေပြီဖြစ်သောကြောင့်ပင်။ နေ့စဉ်နေ့တိုင်း မနက်ခင်းညီလာခံ တက်ရသည်။



သူ မိဖုရားတစ်ပါးရဲ့ တာဝန်ကို တစ်သဝေမတိမ်း လိုက်နာခဲ့ပါသည်။ ကျွင်းချီယွိကို အလုပ်အကျွေးပြုပြီးသည့်နောက် သူကိုယ်တိုင် ရထားလုံးနှင့် နန်းတော်တံခါးဝအထိ လိုက်ပို့ပေးခဲ့သည်။



အင်ပါယာနန်းတော်ထဲက ညီလာခံခန်းမဆီ အလျင်စလိုသွားနေတဲ့ မှူးမတ်အရာရှိတစ်အုပ်က တိုင်းရေးပြည်ရာတွေ ဆွေးနွေးနေကြတာကိုကြည့်ရင်း စုန့်လီချင်းရဲ့ မျက်လုံးတွေထဲမှာ မနာလိုအားကျမှုတွေ အပြည့်ဖြစ်လာရသည်။



သူညီလာခံနဲ့ ဝေးကွာနေတာ ဝမ်းနည်းစရာပဲ။ ဒါကြောင့် ကျွင်းချီယွိကိုပဲ သူ့အစား တက်ခိုင်းဖို့သာရှိသည်။ ဒီလိုဆိုရင် သူ့ဘဝတစ်ဝက်လောက် စာ‌တွေကြိုးစားခဲ့ရတာ အလဟဿဖြစ်ပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်လို့ ရသေးတာပေါ့။

_________________________________________________________________________