Ch 34
Viewers 2k

Chapter 34

[ဝေးကွာလာခဲ့ခြင်း]


စုန့်လီချင်း၏ လက်ချောင်းများမှာ စုတ်ပြဲနေပြီး သွေးထွက်နေလေသည်။ လက်ဆယ်ချောင်းမှာ နှလုံးသားနှင့် ဆက်နွယ်နေသည်ဟု ပြောကြသကဲ့သို့ စုန်လီချင်း၏ နှလုံးသားမှာလည်း လက်ချောင်းများနည်းတူ နာကျင်နေလေသည်။


သူသည် အံကြိတ်လိုက်ပြီး သူ၏ လက်ချောင်းများမှာ ထိန်းမနိုင်သိမ်းမရ တုန်ခါနေလေသည်။ ထင်းရှူးစေ့ တစ်ပန်းကန်လုံးအား အခွံခွာပြီးနောက် ချွေးများနှင့် စိုရွှဲနေပြီး သူ့ နဖူးပြင်မှာလည်း ချွေးများ စိုနေလေသည်။


“ချီယွီ ကျွန်တော် အခွံခွာလို့ ပြီးသွားပါပြီ” 


စုန့်လီချင်းသည် ပန်းကန်အား ပြလိုက်ပြီး သူ၏ လက်မှာ အလွန်တုန်နေ၍ တည်တည်ငြိမ်ငြိမ်ပင် မကိုင်ထားနိုင်ပေ။


ကျွင်းချီယွီသည် သွေးများပေးနေသည့် ထင်းရှူးစေ့ပန်းကန်းအား ကြည့်လိုက်ပြီး ကြွေပန်းကန် ဘေးအစွန်းများ၌ပင် သွေးများပေနေကာ စုန့်လီချင်း၏ လက်ချောင်းမှာ စုတ်ပြတ်နေပြီး သွေးထွက်နေပြီး ကြောက်စရာ မြင်ကွင်းပင် ဖြစ်သည်။


သူသည် တစ်ခဏမျှ နူးညံသွားကာ သနားစိတ်ဝင်မိသွားသော်ညား သူ သူ့အား လွယ်လွယ်နှင့် အလွတ်ပေးလိုက်မည် မဟုတ်ပေ။


“မင်းရဲ့သွေးတွေ ပေနေတာကို ဒီထင်းရှူးစေ့တွေက စားလို့ရပါဦးမလား” 


ကျွင်းချီယွီသည် အေးစက်စွာ ပြောလိုက်သည်။ 


“ရပြီ ဒီလို သေးငယ်တဲ့ အလုပ်ကိစ္စလေးကိုတောင် မလုပ်နိုင်တဲ့ သူက ပြန်သွားလို့ရပြီ”


စုန့်လီချင်းသည် ခေါင်းမော့ကာ မေးလိုက်သည်။ 


“ဧကရာဇ်မွေးနေ့ ပွဲတော်ကရော၊ အရှင့်သား အတူသွားဖို့ လက်ခံလိုက်ပြီလား”


“ဟမ့်”


ကျွင်းချီယွီသည် မကျေမနပ် ခေါင်းညိတ်လိုက်သည်။


ဟူနွီအာသည် ကျွင်းချီယွီ၏ မကျေနပ်သည့် အမူအယာအားမြင်ကာ သူသည် တစ်ခါထပ်၍ တုံ့ဆိုင်းနေသည်ကို သိလိုက်ပြီး မကျေမနပ်ဖြစ်သွားလေသည်။


အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံရမှုတွေက ဒါဏ်ရာသေးသေးလေးတွေ မဟုတ်ဘူး။


ယောင်းယမ်းတာကနေ သက်သာလာဖို့ကို အချိန်ဆယ်ရက် လိုခဲ့တာ။


“အရှင့်သား၊ အခု အရှင့်သား ခြေထောက်ဆေးဖို့ အချိန်ရောက်ပြီ၊ ကျွန်တော်ရဲ့ လက်သည်းတွေက ရေထိလို့မရသေးဘူး၊ အရှင့်သား အိမ်ရှေ့စံမိဖုရားကို လုပ်ခိုင်းလိုက်ပါလား” 


ဟူနွီအာ အကြံပေးလိုက်သည်။


ကျွင်းချီယွီ၏ မျက်လုံးများမှာ မဲမှောင်သွားခဲ့သည်။ 


“မင်းအခုထိ မင်းရဲ့ ဒေါသတွေကို လက်မလွှတ်နိုင်သေးဘူးလား” 


ကျွင်းချီယွီသည် သူ၏ အတွေးများအား တိုက်ရိုက်ပင်ပြောလိုက်သည်။


ဟူနွီအာသည် သူ၏ ပါးစပ်အား ဖွင့်လိုက်ကာ ငိုတော့မလိုပင် ဖြစ်နေလေသည်။


“ဟူနွီအာက ရန်လိုတတ်တဲ့သူ ဒါမှမဟုတ် အိမ်ရှေ့စံဖိဖုရားအတွက် တမင်သက်သက် ခက်ခဲအောင် လုပ်တတ်တဲ့သူမျိုး မဟုတ်ပါဘူး၊ အလယ်ပိုင်း လွင်ပြင်ဒေသက သူတွေက ပြောကြတယ်၊ အချုပ်အချာအာဏာက အကြောင်းအရာရဲ့ ကျောရိုးဖြစ်ပြီး ခင်ပွန်းသည်က ဇနီးရဲ့ကျောရိုးတဲ့၊ အိမ်ရှေ့စံမိဖုရားကို ခြေထောက်လေးဆေးပေးခိုင်းတာက အရှက်ရစေတယ်လို့ မယူဆသင့်ဘူးမလား”


ကျွင်းချီယွီသည် တွေးလိုက်လေသည်။ နောက်ဆုံးတွင်တော့ စုန့်လီချင်းသည် သူ့အတွက် များများစားစား မပြစုပေးဖူးပေ။ 


ဧကရာဇ်သည် သူတို့နှစ်ဦးမှာ တန်းတူ ဖြစ်သည်ဟု ပြောခဲ့သော်ညား ကျွင်းချင်းယွီသည် သူ့အား တစ်ခါ ခိုင်းစေခဲ့ဖူးသည်။


“အဲဒါဆို လာခဲ့”


စုန့်လီချင်းသည် မသိမ့်မွေ့ကာ အရာအားလုံးအား ကိုယ်တိုင် လုပ်တတ်သူဖြစ်သော်ညား သူကိုယ်တိုင်မှာ ဂုဏ်သိက္ခာရှိသည့် မိသားစုမှ ဖြစ်လေသည်။ သူ၏ ဖခင်မှာ ညီလာခံတွင် ရာထူးမြင့်မားသည့် စစ်သူကြီးတစ်ဦးဖြစ်ကာ စစ်သူကြီး၏ အိမ်တော်၌ သူသည် ဇိမ်ခံဘဝအား နေခဲ့ရသည့် သခင်လေးပင်ဖြစ်သည်။ သူသည် ထိုကဲ့သို့ အစေခံတစ်ဦး၏ တာဝန်အား လုပ်နိုင်မည် မဟုတ်ပေ။


“ကျွန်တော် မလုပ်ပေးနိုင်ပါဘူး”


စုန့်လီချင်းသည် သူ၏ ပုံရိပ်အား အရှက်ကွဲခံမှုကို တောင့်ခံမည့်အစား ခန္ဓာကိုယ်နာကျင်မှုကိုသာ တောင့်ခံလိုက်မည် ဖြစ်သည်။ 


“ကျွန်တော် သင်ပေးနိုင်ပါတယ် အိမ်ရှေ့စံမိဖုရား”


ဟူနွီအာသည် နူးညံ့စွာ ပြုံးလိုက်ပြီး


“ရှောင်ချင်း ရေနွေးပူယူခဲ့ပါ”


ရှောင်ချင်းသည် ညွန်ကြားခံလိုက်ရသည့်အတိုင်း လုပ်လေသည်။ ရေမှာ ဆေးဖက်ဝင်အပင်များနှင့် ပြုတ်ထားပြီး သူမည် ကြေးနီခွက်ထဲသို့ အဖြူရောင်အမှုန်အနည်းငယ် ထည့်လိုက်ကာ ရေအရောင်အား အဝါရောင်ဘက်သို့ သမ်းသွားစေသည်။


စုန့်လီချင်းသည် ဆေး၏ပြင်းရှသည့် အနံ့အား ရှူရှိုက်လိုက်မိလေသည်။


ဟူနွီအာ ဆက်ပြောလေသည်။ 


“အရှင့်သားက အနောက်တိုင်းဒေသတွေမှာ တိုက်ပွဲဆင်နွှဲခဲ့တုန်းက နေတိုင်း ကိုယ်ခံပညာလေ့ကျင့်ပြီး ချီတက်ခဲ့ရတာလေ၊ သူ့ရဲ့ ခြေထောက်တွေက အပင်ပန်းဆုံးပဲ၊ တစ်ခါတည်း အရှင့်သား တိုက်ပွဲထဲမှာ စစ်မြင်းအနင်းခံလိုက်ရတုန်းက ဒါဏ်ရာတစ်ချို့ ရခဲ့တယ်၊ ဒီဆေးတွေအားလုံးက သွေးလည်ပတ်မှု ကောင်းစေပြီးတော့ သွေးကြော စီးဆင်းမှု မကောင်းတာတွေကို ဖယ်ရှားပေးတယ်လေ၊ ဟူနွီအာက အရှင့်သားရဲ့ ခြေထောက်ကို နေတိုင်း ရေဆေးပေးပြီးတော့ ပြေလျော့သွားအောင် နှိပ်နယ်ပေးပါတယ်၊ အခုတော့ ကျွန်တော် အိမ်ရှေ့စံမိဖုရားကိုပဲ လုပ်ခွင့်ပေးလိုက်ပါ့မယ်၊ မိဖုရားက အရှင့်သားကို နက်နက်ရှိုင်းရှိုင်းချစ်တာဆိုတော့ လုပ်ချင်နေမယ်ဆို ကျွန်တော်သေချာပါတယ်”


စုန့်လီချင်းသည် ဘာမှမပြောပဲ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ကျွီချင်းယွီ၏ ဖိနပ်နှင့် ခြေစွပ်အား ကူညီချွတ်ပေးလိုက်သည်။


ကျွင်းချီယွီသည် သူ၏ ခြေထောက်အား ဆေးဖက်ဝင်ရေထဲသို့ စိမ်လိုက်ပြီး သေချာခံစားဖို့ရာအတွက် မျက်လုံးမှိတ်လိုက်လေသည်။


“ခြေထောက်ကို ဆယ်ငါးမိနစ်လောက် ရေစိမ်ထားဖို့လိုပါတယ်၊ ပြီးတော့ တစ်ချိန်တည်းမှာပဲ နှိပ်နယ်ပေးနေတာက ဆေးရဲ့သက်ရောက်မှုကို ပိုကောင်းစေပါတယ်” 


ဟူနွီအာသည် သူ့အား အတင်းအကြပ်ပြောကာ 


“အိမ်ရှေ့စံဖိဖုရား ကျေးဇူးပြုပြီး”


စုန့်လီချင်းသည် သူ၏ လက်သီးအား ညင်သာစွာ ဆုပ်လိုက်ကာ သူ၏ လက်များမှာ သွေးထွက်နေဆဲဖြစ်သည်။


သူသည် နာကျင်မှုအား တောင့်ခံကာ သူ့ လက်ချောင်းများအား ရေထဲသို့ ထည့်လိုက်လေသည်။


ပူနွေးသည့် ရာမှာ ယခုတွင်တော့ ဓါးသွားများကဲ့သို့ ခံစားနေရကာ စုန့်လီချင်း၏ အရေပြားအား ပြတ်ရှစေပြီး သူအား နာကျင်ကိုက်ခဲလာစေသည်။ အစွမ်းထက်သည့် ဆေးသည် တိုးဝင်လာကာ စုန့်လီချင်းသည် သူ့ လက်ချောင်းများမှာ ဓါးသွားများပေါ်တွင် အလှည့်ခံနေရသကဲ့သို့ ခံစားလာရလေသည်။


စုန့်လီချင်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားပြီး နှုတ်ခမ်းမှာလည်း အရောင်မရှိတော့ပေ။


သူသည် ကျွင်းချီယွီ၏ ခြေကျင်းဝတ်အား ကိုင်ထားကာ သူ့ လက်ဖဝါးနှင့်သာ နှိပ်နယ်ပေးနိုင်လေသည်။


ဟူနွီအာသည် မတ်တတ်ရပ်ကာ ပြောလိုက်သည်။


“အိမ်ရှေ့စံဖိဖုရား ဖိဖုရား သွေးကြောပိတ်နေတာတွေနဲ့ သွေးကြောရှင်းသွားဖို့ရာအတွက် အားပိုသုံးဖို့ လိုတယ်၊ အခုနှိပ်နေတာနဲ့ ယားလို့ ကုပ်တာနဲ့က ဘာကွာသေးလို့လဲ” 


စုန်လီချင်းသည် ပို၍အားထည့်ကာ နှိပ်နယ်ရုံသာ တတ်နိုင်လေသည်။ သူ၏ မျက်ခုံးများမှာ မျက်မှောင်ကြုတ်နေကာ ပြင်းပြင်းထန်ထန် အသက်ရှုနေလေသည်။


ဆေးဖက်ဝင်ရေမှာ သွေးလည်ပတ်မှုအား ကောင်းမွန်စေသော်ညား သူ့တွင် သူလည်ပတ်မှုနှေးသည့် ရောဂါရှိပြီးသားဖြစ်သည်။ သွေးထွက်သည်မှာ ရပ်သွားရမည့်အစား ရေထဲတွင် စိမ်လိုက်ခြင်းမှာ ပိုဆိုးသွားစေခဲ့သည်။


သူပို၍ အားထည့်နှိပ်လေလေ သွေးမှာ ပိုခဲသွားလေလေပင်ဖြစ်သည်။ 


တစ်ခဏလေးအတွင်းမှာပင် ဆေးဖက်ဝင်ရေမှာ သွေးများနှင့် ပန်းရောင်ပြောင်းသွားခဲ့သည်။


ကျွင်းချီယွီသည် မျက်လုံးဖွင့်လိုက်ကာ စုန့်လီချင်း၏ ချွေးထွက်နေသည့် မျက်နှာအား ငုံ့ကြည့်လိုက်ပြီး ဖြူဖျော့ပြီး နူးညံ့နေကာ ဖြောင့်တန်းကာ နူးညံ့သည့် နှာခေါင်းလေးနှင့် တင်တင်ကြပ်ကြပ်ပိတ်ထားသည့် နှုတ်ခမ်းတို့ပင် ဖြစ်သည်။


သူသည် လက်ရှိ သိမ်မွေ့ကာ နူးညံ့လေသည်။ ကျွင်းချီယွီ ဟူနွီအာကဲ့သို့ ကျွမ်းကျင်သည့် နှိပ်နယ်မှုအား မခံစားရသော်ညား သူ၏ အရေပြားပေါ်ရှိ အထိအတွေ့လေးမှာ ကျွင်းချီယွီအား တစ်ကိုယ်လုံး ယားကျိယားကျိ ဖြစ်လာစေသည်။ 


ကျွင်းချီယွီ၏ ဝမ်းဗိုက်အောက်ပိုင်း၌ အပူချိန် မြင့်တက်လာလေသည်။ 


သို့ပေမဲ့ သူသည် စုန့်လီချင်းအား မထိတော့ဘူးဟု ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးဖြစ်သည်။ သို့သော်ညား သူသည် သူ့အကြောင်းတွေးနေဆဲဖြစ်ကာ မျက်နှာပျက်စေလေသည်။


“မင်းရဲ့ လက်ချောင်းတွေက အားနည်းလွန်းတယ်၊ အဓိကနေရာတွေကိုတောင် မရှာတတ်တာ၊ မင်းလုပ်ချင်စိတ်မရှိဘူးဆိုရင် ထွက်သွားလိုက်” 


ကျွင်းချီယွီသည် သူ့အား သွားဖို့ရန် လက်ဝှေ့ယမ်း ပြလိုက်လေသည်။


စုန့်လီချင်းသည် နောက်ဆုံးတွင်တော့ စိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်အား ချလိုက်လေသည်။


တုန်ယင်နေကာ ရေထဲမှာ သူ၏လက်များအား ထုတ်လိုက်ပြီး တစ်ခါက သွေးများ အသားများနှင့် ဖုံးလွှမ်းနေခဲ့သည့် လက်ချောင်းထိပ်များမှာ ယခုတွင်တော့ ဖြူဖျော့ကာ  စိုစွတ်နေလေသည်။


စုန့်လီချင်းသည် သူ၏ လက်ချောင်းများမှာ အာရုံခံစားမှု မရှိတော့ကာ မလှုပ်ရှားနိုင်တော့သည်ကို တွေ့လိုက်ရလေသည်။


အနည်းဆုံးတော့ ခုနကလောက်တော့ မနာတော့ဘူးလေ။


“ချီယွီ ဧကရာဇ်ရဲ့မွေးနေ့က”


“ငါသိတယ်” 


ကျွင်းချီယွီသည် စိတ်မရှည်စွာ ပြောလိုက်ပြီး 


“ငါမင်းကို သွားခွင့်ပြုတယ်၊ ဒါပေမဲ့ မင်းဘာကိုပြောသင့်တယ် မပြောသင့်ဘူးဆိုတာကိုတော့ သိရမယ် မင်းသတိကပ်ထားရမယ်” 


“ကောင်းပါပြီ” 


စုန့်လီချင်းသည် သူ၏ ဖြူဖျော့နေသည့် မျက်နှာနှင့် အတင်းပြုံးထားကာ 


“ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံ”


ဦးညွတ်ပြီးနောက် စုန့်လီချင်းသည် အပန်းဖြေနန်းဆောင်မှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။


ကျွင်းချီယွီမှာမူ တစ်ခဏမျှ အံ့အားသင့်နေခဲ့သည်။


သူသည် ဟူနွီအာ၏ နာကြည်းမှုအား ဖြေရှင်းပေးပြီးသွားကာ စုန့်လီချင်းသည် ရိုကျိုးသည့် သဘောထားအား ပြသခဲ့လေသည်။ 


ဒါပေမဲ့ သူဘာလို့ ပျော်နေတယ်လို့ မခံစားရတာလဲ။


ဟူနွီအာသည် ကျွင်းချီယွီ၏ ခြေထောက်ပေါ်ရှိ ဒါဏ်ရာဟောင်းအား စတင်နှိပ်နယ်ပေးခဲ့သည်။


“အရှင့်သား ဘာတွေတွေးနေတာလဲ”


ဟူနွီအာသည် အနည်းငယ် မနာလိုကာ မေးလိုက်သည်။ 


“သူ့အတွက် စိတ်မကောင်းဖြစ်နေတာလား”


“မဟုတ်ပါဘူး”


ကျွင်းချီယွီသည် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားရလေသည်။


“ဒီတိုင်း သူ့ငါ့ကို အိမ်ရှေ့စံလို့ တစ်ခါမှ မခေါ်ဖူးလို့ပါ”


ဟူနွီအာသည် ပဟေဠိဖြစ်သွားကာ 


“အဲဒါ ဘာဖြစ်လို့ပါလဲ”


“ငါလည်း မသိဘူး” 


ကျွင်းချီယွီသည်လည်း ဘာမှားနေသည်ကို အတိအကျမသိနေပေ။


“ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံ၊ ကျေးဇူးတင်ပါတယ်”  


စုန့်လီချင်းသည် သူ့အား ထိုမျှ တရိုတသေ တစ်ခါမှ မဆက်ဆံခဲ့ဖူးပေ။


“သူအမြဲတမ်း ငါ့ရဲ့နာမည် ချီယွီလို့ပဲ သုံးပြီးခေါ်ခဲ့တာ”


ကျွင်းချီယွီ၏ မှတ်ဥာဏ်ထဲတွင် စုန့်လီချင်းသည် သူ့အား “အိမ်ရှေ့စံ” ဟု ခေါ်သည်မှာ ရှားကာ “ချီယွီ” ဟုပင် တမြတ်တနိုးခေါ်လေသည်။ 


“အဲဒါက သူ သူ့နေရာသူ သဘောပေါက်သွားပြီးတော့ သခင်ကို ပိုလေးစားတာတယ်လို့ ဆိုလိုတာပါ” 


ကျွင်းချီယွီကို ဟူနွီအာသည် ပြုံးကာ ခြေထောက်အား ပိုးအဝတ်စနှင့် သုတ်ပေးနေပြီး သူ့ ခြေထောက်အား နမ်းဖို့ရာ ခေါင်းငုံ့လိုက်လေသည်။


ယခင်က ဟူနွီအာသည် သူ့ကိုယ်သူ ဖုန်မှုန့်ထဲသို့ပင် နှိမ့်ချသည့် အမူအယာအား လုပ်ပြီး ဂုဏ်သိက္ခာမဲ့စွာပင် ကျွင်းချီယွီ၏ ယုံကြည်မှုအား ရဖို့ရာ လုပ်ခဲ့သည်။


သူသည် ကျွင်းချီယွီအား မည်ကဲ့သို့ ပျော်ရွှင်အောင် လုပ်ရမည်ကို အတော်လေး နားလည်လေသည်။


“အဲလိုမဟုတ်ဘူး” 


ကျွင်းချီယွီသည် တစ်ခဏမျှ အာရုံလွှင့်သွားကာ သူ့ဘာသာသူ ရေရွတ်နေပြီး 


“အဲဒါက ရင်းနှီးနေတယ်လို့ မခံစားရဘူး”


****


အဓိက ခြံဝန်းထဲ၌။


ရှောင်တိသည် ပိတ်စပုလင်း တစ်ဘူးအား ကိုင်ထားပြီး စုန့်လီချင်းအား စိုးရိမ်စွာကြည့်နေလေသည်။


“သခင်လေး နည်းနည်းလေး သည်းခံပေးပါ”


“လုပ်လိုက်ပါ” 


စုန့်လီချင်းသည် အဝတ်ကြမ်းတစ်ထည်အား ကိုက်ထားရင်း ပြောလိုက်သည်။ 


ရှောင်တိသည် လက်သည်းခွံများ ကျွတ်သွားသည့် သူ၏ လက်ချောင်းထိပ်လေးများပေါ်သို့ ဆေးထည့်ပေးလိုက်သည်။


စုန့်လီချင်း၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာကာ သူ၏ သေးသွယ်သည့် လည်ပင်းပေါ်ရှိ သွေးကြောများမှာ ထောင်လာခဲ့သည်။


“အမ်း ဟမ်း”


ညသည် တိတ်ဆိတ်နေတာ စုန့်လီချင်း၏ ရင်ဘတ်ထဲမှ ပူဆွေးသည့် ငိုကြွေးသံသာ ထွက်ပေါ်နေလေသည်။


စုန့်လီချင်းသည် ဘယ်သောအခါမှ သန်မာကာ ကြံ့ခိုင်သည့် သူတစ်ဦး မဟုတ်ခဲ့ပေ။


သူသည်လည်း နာကျင်မှာကို ကြောက်တတ်လေသည်။


*****


စာရေးသူမှတ်စု-


ငါငိုခဲ့တယ်


E -ဘာသာပြန်-


ပိုငိုခဲ့တယ်


M ဘာသာပြန်-


အခုထိ ပြောစရာ စကားပျောက်


_____________________________________________________________________________