Ch 5
Viewers 508

အခန်း(5)


 


နောက်အခိုက်အတန့်တွင် ယင်ရိလျိုသူမ၏ယခင်အတွေးများကိုချက်ချင်းဆိုသလို ငြင်းပယ်လိုက်သည်။ 


 


သူမ၏ ရှည်လျားသော ယုန်နားရွက်များမှတစ်ဆင့် လေထုထဲတွင် တုန်ယင်နေသကဲ့သို့ မသိမသာ လှုပ်ရှားသံများကို ကြားလိုက်ရသည်။ 


 


မသိစိတ်အရ သူမ၏ခေါင်းကို မော့ကြည့်လိုက်ချိန်တွင် မြင်လိုက်ရသည့်အရာကြောင့် ကြောက်ရွံစွာဖြင့် အော်မြည်သံများကို ထုတ်လွှတ်မိလုနီးပါးပင်။ 


 


သူမ၏ရှေ့ရှိ မျက်နှာကျက်ပေါ်တွင်  အလွန်ကြီးမားသည့် သို့မဟုတ်  ဘတ်စကတ်ဘောလုံးဆယ်လုံးစာ အဆအရွယ်အစားရှိသည့် ပင့်ကူကြီး တစ်ကောင်ကို တွေ့လိုက်ရခြင်းပင်။


 


ယင်ရိလျို၏အမြင်အာရုံသည်ကား အလွန်ကောင်းမွန်လှသဖြင့် သူမကိုမရပ်မနားစိုက် ကြည့်နေသည့် ပင့်ကူ၏အရောင်စုံ မျက်လုံးများနှင့်တစ်ကွ ထိုအရာ၏ ထူထဲလှသော အမွှေးရှိသည့် ခန္ဓာကိုယ်ကိုပါ ရှင်းလင်းစွာ မြင်လိုက်ရလေသည်။ 


 


ကမ္ဘာပျက်ကပ်နေ့များအတောအတွင်း သူမ၏သတ္တိသည်က အဆပေါင်းများပြားစွာတိုးလာပါသော်လည်း ဤကဲ့သို့မကောင်းဆိုးဝါးမျိုးဖြင့် ရုတ်တရက်ရင်ဆိုင်လိုက်ရသည့်အခါတွင် သူမသည်ကား ကျောက်ရုပ်ဖြစ်သွားလေသည်။ 


 


မျက်နှာကျက်ပေါ်မှ ပင့်ကူမှာ သူ၏အစွယ်များကို ပိတ်လိုက်ဖွင့်လိုက်ဖြည်းညှင်းစွာ လုပ် 


နေခဲ့သည်။ 


 


ရှေ့မတိုးသာသည့် အခြေအနေတစ်ခုအတွင်း ကျရောက်နေကာ သူတို့က တစ်ကောင်နှင့် တစ်ကောင် အကဲခတ်နေသကဲ့သို့ရှိနေစဥ်  ယင်ရိလျိုတစ်ယောက် ရုတ်တရက် ထူးဆန်းသည့်အာရုံခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။ 


 


ဤပျက်ကပ်နေ့များအတွင်း အခြားသန္ဓေပြောင်းတိရစ္ဆာန်အချို့ကို တွေ့ခဲ့ရသော်လည်း ယခုတွေ့နေရသည့် ပင့်ကူကဲ့သို့ ထူးဆန်းလှသည့် ခံစားချက်မျိုးကို မပေးစွမ်းကြချေ။ 


 


ဤသန္ဓေပြောင်းတိရစ္ဆာန်သည်လည်း ရန်သူအကြီးကြီးတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ အလွန်စိတ်လှုပ်ရှားနေသည်ကို သူမ အာရုံခံနိုင်လေသည်။ 


 


သူမ အစမ်းသဘောဖြင့် အော်မြည်သံနှစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ သူမ တစ်ခဏမျှစောင့်ပြီးနောက် အတွေးများကို ဆက်သွယ်ခြင်းနှင့်ဆင်င်တူသော စိတခြင်းစိတ်သွယ်မှု တစ်ခုကို လက်ခံရရှိလိုက်သည်။ 


 


ချက်ချင်းဆိုသလို ယုန်ဖြစ်နေသည့် သူမကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရသည်။ 


 


သူမ တကယ်ကြီး ဒီပင့်ကူရဲ့ရည်ရွယ်ချက်ကို နားလည်နိုင်နေတာလား? 


 


အတိုချုပ် ဖလှယ်ပြီးနောက် ယင်ရိလျိုသည် အခြေအနေကိုနားလည်သွားသည်။ 


 


သန္ဓေပြောင်းကာလ အတောအတွင်း သက်ရှိများသည်ကား ပို၍ကြီးလာရုံမျှသာမကဘဲ သူတို့၏ဉာဏ်ရည်သည်လည်း တိုးတက်သည့်ပုံရသည်။


 


သို့သော်လည်း ဤသို့ဖြစ်ပွားရန် အခွင့်အရေးတစ်သောင်းတွင် တစ်ကြိမ်သာလျှင် ဖြစ်နိုင်ချေရှိသည်။


 


သန္ဓေပြောင်းတိရစ္ဆာန်အများစု၏ ဉာဏ်ရည်သည်က မပြောင်းမလဲ ကျန်ရှိခဲ့ပြီး သူတို့က မည်သို့အမဲလိုက်ရမည်ကိုသာ သိထားကြလေသည်။ 


 


ဤပင့်ကူ၏ဉာဏ်ရည်မှာ ဆင့်ကဲဖြစ်စဉ်ပြီးနောက် တိုးတက်ခဲ့ပုံရ၏။ သို့သော်ငြားလည်း အများအပြားတော့ မဟုတ်ပေ။ ထိုအရာ၏ ဉာဏ်ရည်က ခြောက်နှစ် ခုနှစ်နှစ်အရွယ် လူသားကလေးတစ်ယောက်၏ဉာဏ်ရည်နှင့် တူညီလေည်။


 


သူ၏ ရည်ရွယ်ချက်ကို ကောင်းကောင်းမွန်မွန် မဖော်ပြနိုင်ပေ။ ထိုကြောင့် ထိုအရာပို့ပေးလာသည့်  စိတ်ချင်းဆက်သွယ်သော စာများသည်လည်း အများအားဖြင့် မရှင်းမလင်းပါချေ။ 


 


သို့သော်လည်း ထိုစကားများကိုရရှိပြီးနောက် ယင်ရိလျိုအနေဖြင့် အပြင်ဘက်မှ လက်ရှိအခြေအနေကို အနည်းနှင့်အများ နားလည်သဘောပေါက်လာနိုင်ခဲ့သည်။ 


 


ပျက်ကပ်နေ့ ရောက်ရှိပြီးနောက် အစာကွင်းဆက်၏ ထိပ်ဆုံးတွင်ရပ်တည်ခဲ့ကြသော လူသားများမှာ ယခုအခါတွင် အမဲလိုက်ခံရသူများဖြစ်လာကြသည်။ 


 


အပြင်ဘက်လောကသည်ကား အရှုပ်အထွေးတစ်ခု ဖြစ်လာနှင့်ပြီးဖြစ်၏။ သန္ဓေပြောင်းတိရစ္ဆာန်များက လျှင်မြန်စွာပေါက်ဖွားလာပြီးနောက် လူများသည်လည်း အရင်းအမြစ်များလုယက်ရန်အတွက် အချင်းချင်းတိုက်ခိုက်နေကြသည်။ 


 


ကျင်းမိသားစု၏ ဗီလာသည်ကား နေထိုင်သည့်လူဦးရေ အနည်းငယ်ကျဲသည့် ဆင်ခြေဖုံးတွင် တည်ရှိနေသည့်အတွက်ကြောင့် ဤရက် 


အနည်းငယ်အတွင်းတွင် အလွန်ငြိမ်းချမ်းနေသည့် ပုံပေါ်ရနေခြင်းဖြစ်သည်။ 


 


ဤကဲ့သို့ကြီးမားသည့် ပင့်ကူကြီးထံ၌ စိတ်ခံစားချက်နှင့်ဉာဏ်ရည်ရှိသည်ကို သိရှိပြီးနောက် ယင်ရိလျို၏အကြောက်တရားများလည်း အတော်အသင့်လျော့ပါးသွား၏။


 


ကြီးမားသည့် အညိုနက်ရောင် မျက်လုံးများကို မြင်ပြီးနောက်တွင် သူကအနည်းငယ်ချစ်စရာကောင်းသကဲ့သို့ပင် ခံစားရသည်။ 


 


၎င်းထုတ်လွှင့်လိုက်သည့် ပြတ်တောင်းပြတ်တောင်း ဦးနှောက်လှိုင်းများသည်က ကလေးတစ်ယောက်ကဲ့သို့ သူ၏ ပတ်ပတ်လည်တွင် လျှောက်ခုန်နေကာ ယုန်ကိုလည်း တက်တက်ကြွကြွ မတိုက်ခိုက်ဘဲ သူ၏အမိန့်များကိုသာ နာခံ၍ ဗီလာထဲမှ အစားအစာများကို မြေအောက်ခန်းထဲသို့ တိတ်တဆိတ်သယ်ဆောင်ပေးခဲ့သည်။ 


 


အဆုံးသတ်တွင်တော့ ဤသည်မှာသေစေနိုင်စွမ်းအား ပြင်းသည့် သန္ဓေပြောင်းပင့်ကူတစ်ကောင်ပင်ဖြစ်နေသေးသည်။ 


 


၎င်းကြောင့် ကိုမာဝင်နေသည့် ကျင်းရန် ထိခိုက်သွားမည်ကို ယင်ရိလျိုစိုးထိတ်သောကြောင့် ပင့်ကူအားမြေအောက်အနီးသို့ ချဥ်းကပ်ခွင့်မပြုရဲခဲ့ပေ။ 


 


နေ့လည်ခင်းတွင် သူမ ခြံထဲ၌ ပြေးပြီးခုန်ပေါက်သွားလာနေသည့်အချိန်တွင် အဝေးတစ်နေရာမှ ကျယ် 


လောင်သည့် ဆူညံသံတစ်ခုကို ကြားလိုက်ရသည်။


 


ထိုအသံများ ထွက်ပေါ်လာသည့် နေရာကို စူးစမ်းကြည့်ရလျှင် ဗီလာ၏ အပြင်ဘက်မှလာသည့် ပုံပေါ်သောကြောင့် သူမ၏ယုန် 


နားရွက်များပင် တုန်ရီသွားခဲ့လေသည်။ 


 


တစ်ခဏမျှတုံ့ဆိုင်းပြီးနောက် သူမခုန်လိုက်ပြီး နှစ်ကြိမ်ခန့်ရပ်လိုက်ပြန်သည်။ 


 


သူမက မြက်ရိုင်းထဲတွင် ခဏ ပုန်းနေခဲ့ပြီး ဗီလာခြံဝင်း၏အပြင်ဘက်ရှိဂိတ်ဆီသို့ ခုန်သွားလိုက်သည်။ 


 


ကျင်းမိသားစု၏ ကာကွယ်ထိန်းချုပ်နိုင်ချင်စိတ်များသည်က ဤနေရာတွင် အလုပ်ဖြစ်ခဲ့သည်။ 


 


ဓါတ်အားပျက်တောက်မှုများ ဖြစ်ခဲ့ပြီးနောက်တွင် ဂိတ်တံခါးများသည်က လုံးဝပင် လော့ခ်ကျသွားခဲ့သည်။


 


အနီးနားတွင် လွတ်မြောက်ခဲ့သည့် လူများနှင့် သန္ဓေပြောင်းတိရစ္ဆာန်များရှိသော်လည်း ကျင်းမိသားစု၏ခံစစ်လိုင်းကို ဖောက်ဝင်ရန် ကျရှုံးခဲ့ကြလေသည်။ 


 


ယင်ရိလျို ခြံစည်းရိုးပေါ်သို့  ခုန်တက်လိုက်ချိန်တွင် အပြင်ဘက်ရှိလှုပ်ရှားမှုများ ရပ်သွားခဲ့သည်။


 


သိပ်မဝေးသည့်နေရာတွင်တော့ မြေပြင်ပေါ်သို့ ခြေထောက်တစ်ဖက် ပြုတ်ကျလာခဲ့ကာ လက်တစ်ဖက်ကို ကိုက်ဝါး၍ နေ့လည်စားစားနေသည့် သွားရည်တစ်မျှမျှဖြင့် သန္ဓေပြောင်း ခွေးတစ်ကောင်ကို တွေ့လိုက်ရလေသည်။


 


ထိုခွေးသည်က သူ့အမြှီးကို ဖြေးညှင်းစွာ လှုပ်ရမ်းကာ မကြာခင် အဝေးသို့ ထွက်သွားခဲ့သည်။ 


 


ပျက်ကပ်နေ့များတွင် လူသားများ အမှန်တကယ်  အမဲလိုက်ခံနေခြင်းကို သူမမျက်မြင်တွေ့ရသည်မှာ ပထမအကြိမ်ပင်ဖြစ်၏။ 


 


ဤကဲ့သို့မြင်ကွင်းသည်က သူမအစာအိမ်ကို တွန့်လိမ်လာစေ၏။ လုံးဝိုင်းသည့်ယုန်ငယ်လေး၏အမြီးက တုန်ရီနေပြီး ပွင့်ချပ်သုံးချပ်ပုံယုန်နှုတ်ခမ်းများသည်လည်း တစ်စက်စက်တုန်ယင်နေခဲ့သည်။ 


 


ပျက်ကပ်နေ့၏ ပထမဆုံးရက်ကို ကျော်လွန်ပြီးနောက် ဖုံးလွှမ်းနေသည့်မြူထုသည်လည်းတဖြည်းဖြည်း လွင့်ပြယ်လာပြီး နေနှင့်လသည်လည်း ကြက်သွေးရောင်တောက်ပနေခဲ့သည်။ 


 


ယခုလက်ရှိအချိန်သည်က အလွန်နောက်ကျနေပြီဖြစ်ကာ ကောင်းကင်ပေါ်ရှိ တိမ်များကလည်း မီးပင်လယ်တစ်ခုကဲ့သို့ လောကကြီးတစ်ခုလုံးကို တုန်လှုပ်ဖွယ်အရောင်ဖြင့် ခြယ်သထား၏။ 


 


ယင်ရိလျိုတစ်ယောက် စိတ်အခြေအနေ မကောင်းစွာဖြင့် ခြံစည်းရိုးပေါ်မှ ခုန်ချလိုက်သည်။


 


ကျင်းရန် မည်သည်အချိန်တွင် နိုးထလာမည်ကို သူမ မသိပေ။ သူမကိုယ်တိုင်သည်လည်း ခေါင်းမဲ့နေသည့် ယင်ကောင်ကဲ့သို့ ဖြစ်နေရကာ အခြားရွေးချယ်စရာ နည်းလမ်းလည်းမရှိပေ။ 


 


ရုတ်တရက် သူမ၏ ခေါင်းထဲမှ ဇာတ်ကြောင်းအလယ်ပိုင်းကို သတိရလိုက်သည်။ 


 


ဇာတ်လိုက်နှင့် ဗီလိန်နှစ်ယောက်လုံးသည်က ဗီလိန်နှင့် မြို့တစ်ခုထဲတွက်ရှိနေကြပြီး ဇာတ်လိုက်နှင့် ပြန်လည်မွေးဖွားလာသော ဇာတ်လိုက်မတို့၏ သန္ဓေပြောင်းမှုသည်လည်း ပျက်ကပ်နေ့များ၏ စတုတ္တရက်တွင် ပြီးဆုံးခဲ့သည်။ 


 


ထိုနေ့က ယနေ့ပင်ဖြစ်ပေ၏။ 


 


ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့၏ အရေးကိစ္စများကို သူမ စဉ်းစားနေစဉ်မှာပင် ပွတ်တိုက်သံနှင့် တိုးညှင်းသော တွန်သံအား တိတ်ဆိတ်သည့်ပတ်ဝန်းကျင်တွင် ရုတ်တရက်ကြားလိုက်ရသည်။


 


ဤသည်က သူမ၏သူငယ်ချင်းဖြစ်သူ ပင့်ကူလေးထံမှ အသံထုတ်လွှတ်နေခြင်းပင်။


 


သူမ၏ ခေါင်းကို ချက်ချင်းလှည့်လိုက်စဉ် သူမ၏ နောက်ရှိ ရုတ်တရက်ဖြစ်ပေါ်လာသော ပြောင်းလဲမှုကိုသူမမြင်လိုက်ရသည်။ 


 


အစိမ်းရောင်တြိဂံ-ခေါင်းပုံမြွေတစ်ကောင်သည် မြက်တောထဲတွင် မည်သည့်အချိန်က ရှိနေသည်ကို သူမမသိချေ။ 


 


၎င်း၏ ခန္ဓာကိုယ်နှင့် မြက်ခြောက်ရိုင်းပုံသည်ကား အရောင်တူနေသောကြောင့် ထိုအရာ ပုန်းအောင်းနေခြင်းအား ယင်ရိလျိုလုံးဝ မရှာမတွေ့နိုင်ပေ။ 


 


သူမအား သားကောင်အဖြစ် ပစ်မှတ်ထားခံရခြင်းကို သတိမထားမိလိုက်ဆိုသည့် အတွေးကြောင့် သူမ၏ အမွှေးများပင် ထောင်သွားခဲ့ရသည်။ 


 


ပိုင်ရှောင်ရှောင်သည်က ဉာဏ်ကောင်းသော ကြီးမားသည့် သန္ဓေပြောင်းပင့်ကူတစ်ကောင် ဖြစ်သော်လည်း ယင်ရိလျိုထက် နှေးကွေးစွာ လှုပ်ရှားတတ်သောကြောင့် အခွင့်အရေးကို စောင့်ဆိုင်းနေသည့် တြိဂံမြွေထံမှ ရစ်ပတ်ခြင်းကိုခံလိုက်ရသည်။ 


 


အစိမ်းရောင်တြိဂံမြွေက ပင့်ကူကြီး၏ခန္ဓာကိုယ်နှင့်ခြေထောက်များကို ပတ်လည်ရစ်ပတ်ထားပြီး ၎င်း၏ချွန်ထက်သော သွားများနှင့် ပင့်ကူ၏ ခေါင်းကိုခိုင်ခိုင်မာမာကိုက်ခဲထားခဲ့သည်။ 


 


သန္ဓေပြောင်းပင့်ကူမှာ ရုန်းကန်ရင်းဒေါသထွက်သွားပုံရပြီး သူ၏ကိုယ်ပေါ်ရှိ အမွေးနုများသည်ပင် ကြွေကျသွားသော်လည်း မြွေကိုယ်တိုင်သည်လည်း သန္ဓေပြောင်းဖြစ်နေပြီး အလွန်အမင်းအဆိပ်ရှိနေသောကြောင့် ပင့်ကူအား လုံးဝကြောက်ရွံမသွားသည်မှာ သနားစရာကောင်းလှပေစည်။ 


 


တစ်ခဏကြာပြီးနောက် ပင့်ကူ၏လှုပ်ရှားမှုက ရပ်တန့်သွား၏။ 


 


ယင်ရိလျိုသည်လည်း နှေးကွေးစွာနောက်ဆုတ်လိုက်မိလေ၏။ ပင့်ကူ၏ ဦးနှောက်လှိုင်းများ ပျောက်ကွယ်သွားသည်ကို သူမထောက်လှမ်းနိုင်ခဲ့သည်။ 


 


ဦးနှောက်လှိုင်းအသစ်မရှိသော အစိမ်းရောင်မြွေသည်ကား မုဆိုးစစ်စစ်တစ်ကောင်သာဖြစ်ပြီး မဆက်သွယ်နိုင်သည်ကို ညွှန်ပြနေခဲ့၏။ 


 


မြွေကြီး၏ခန္ဓာကိုယ်က သားကောင်ကို အားအပြည့်ဖြင့်ညှစ်ပြီးနောက် ခရမ်းနက်ရောင် မြွေဆိပ်များကိုထွေးထုတ်လိုက်ကာ သူ့၏ရှေ့ရှိယုန်အားပါးလှပ်သော မြွေမျက်လုံးအစုံဖြင့် စိုက်ကြည့်လိုက်သည်။ 


 


ပင့်ကူများဖြင့်နှိုင်းယှဥ်လျှင် ယုန်များသည်က အသေအချာပင် ပို၍ဝဖြိုးပေသည်။ 


 


ယင်ရိလျိုတစ်ယောက်ကူးပြောင်းလာပြီးကတည်းက အကြီးမားဆုံးစိန်ခေါ်မှုကိုရင်ဆိုင်ရနေသည်ဟု ခံစားမိသည်။


 


ယခင်က မယုံနိုင်စရာကိစ္စများကို လုပ်ဆောင်ခဲ့ပြီး သန္ဓေပြောင်းငါးတစ်ကောင်ကို သေသည်အထိရိုက်ခဲ့သော်လည်း ဤမြွေစိမ်းအား ရန်စရန်မလွယ်ကူပေ။ 


 


သို့သော်လည်း ဤမြွေသည်က အသေအချာပင် တူညီသည့်အဆင့်တွင်ရှိသူ မဟုတ်ပေ။ 


 


သူမ နောက်သို့လှည့်ပြီး ပြေးချင်ပါသော်လည်း သူမ၏ လည်ပင်းအား နောက်ဘက်မှ ကိုက်ဖြတ်ခံရမည်ကို ကြောက်သောကြောင့် ၎င်းကို ရင်ဆိုင်ရန်အတွက် သူမ၏ နှလုံးသားထဲမှ အကြောက်တရားကိုသာ တောင့်ခံထားခဲ့ရပြီး မြွေ၏မျက်စံကို စိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့လေသည်။ 


 


မြွေစိမ်းသည်ကား ဖြေးညှင်းစွာဖြင့် ခန္ဓာကိုယ်အား ဆန့်ထုတ်လိုက်ရပြီး ယင်ရိလျှိုကို လျှင်မြန်စွာ ကိုက် 


ရန်အတွက် ထူပျစ်နေသည့်အဆိပ်စိမ်းရည်များဖြင့် သူမ၏ မျက်လုံးကို ဖြန်းလိုက်သည်။ 


 


ဤအရေးကြီးသောအခိုက်အတန့်တွင် မြွေစိမ်း၏လှုပ်ရှားမှုများက ရုတ်တရက်ရပ်တန့်သွားခဲ့သည်။


 


ယင်ရိလျို နောက်သို့ဆုတ်လိုက်ပြီးနောက်တွင် သိလိုက်ရသည်မှာ မြွေ၏ လှုပ်ရှားကသာ ရပ်တန့်သွားခြင်းမဟုတ်ဘဲ သူ၏မျက်လုံးထဲတွင် ခြောက်ခြားမှုများပေါ်လာခြင်းသာဖြစ်ပေသည်။ 


 


သူမက သန်မာသည့်နောက်ခြေဖြင့် ကန်လိုက်ရင်းဖြင့် သန်မာသည့်အားတစ်ခုကို ခံစားမိလိုက်ကာ ထိုအားက သူမအား ဝေးဝေးရောက်သည်အထိ ခုန်နိုင်ရန် ဦးဆောင်ပေးကြောင်းကိုလည်း ခံစားမိခဲ့၏။ 


 


ခွေလျက်ရှိနေသည့်ပန်းမြွေကို ကြည့်ရင်းဖြင့် သူမ၏နှလုံးသားထဲတွင် တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှု တစ်ခုကို ရုတ်တရက်ခံစားလိုက်ရသည့်အတွက် ထိုခံစားချက်ကို အပြင်းအထန်မောင်းထုတ်လိုက် 


ရသည်။


 


ထို့နောက် လျှင်မြန်စွာ ခုန်ကာ မြွေ၏ သည်းခြေနေရာကို ကုတ်ဖြဲလိုက်တော့သည်။ 


 


*