အခန်း(3)
[ဒီတော့
လင်းဟူက ‘ QUEEN ‘ ရဲ့ အတွင်းသတင်းတွေကိုရရှိခဲ့ပြီး
ကုကျစ်စုန့်ဆီကနေ လုယူသွားခဲ့တယ်ပေါ့?]
[ ချင်ကျန်းက
သူမကိုပေးခဲ့တာ ! အဲဒီလင်းဟူက ချင်းကျန်းကို ‘ကုကျစ်စုန့်က မျက်နှာပေါ်က
ဒဏ်ရာကြောင့် ရုပ်ရည်ပျက်စီးသွားပြီဆိုတော့
သူမရဲ့မျက်နှာကို “ခွဲစိတ်ပြုပြင်”ချင်တယ် ဆိုပြီး ပြောလာလိမ့်မယ်’လို့
သွားပြောခဲ့တာလေ
ဒါကြောင့်
ချင်ကျန်းက စိတ်အနှောက်အယှက်ဖြစ်သွားခဲ့တယ်..
လင်းဟူက အဲဒီအချိန်ကို အခွင့်ကောင်းယူပြီး ကုကျစ်စုန့်ရသင့်တဲ့အရာတွေကို
လုယူသွားခဲ့တာ....]
ကုကျစ်စုန့်က
လူနာဆောင်ထဲမှာ အထုတ်ပြင်နေရင်းနဲ့ သူမရဲ့ခေါင်းထဲက ဒေါသထွက်နေတဲ့ စနစ်ရဲ့
စကားတွေကို နားထောင်နေရတယ်။
ဒီနေ့က သူမ
ဆေးရုံကဆင်းလို့ရပြီဖြစ်တဲ့နေ့ဖြစ်ပြီး သူမ သတိရလာခဲ့တဲ့အချိန်ကနေ တွက်ကြည့်ရင်
အချိန်တစ်ပတ်လောက်ကြာနေခဲ့ပြီ။
ဒါပေမဲ့
ချင်ကျန်းကတော့ လုံးဝပြန်မလာခဲ့လေဘူး။
တစ်ခြားတစ်ဖက်မှာတော့
စနစ်က networkကြိုးတွေကနေတစ်ဆင့်
သူမရဲ့ကုမ္ပဏီအတွင်းမှ အကြီးပိုင်း၊အငယ်ပိုင်းတွေရဲ့ အတွင်းရေးအုပ်စုတွေထဲကို
ခိုးဝင်ခဲ့ပြီး အတင်းအဖျင်းပြောနေကြတဲ့ဝန်ထမ်းတွေဆီကနေ သတင်းအချက်အလက်များစွာကို
ရယူခဲ့တယ်။
ဒီရက်ပိုင်းတွေမှာ
အင်တာနက်ပေါ်က သတင်းမျိုးစုံမှလွဲပြီး ချင်ကျန်းက သူကိုယ်တိုင်ကလည်း
အကြောင်းအရာအလုံးစုံကို လူသိရှင်ကြား ကြေညာမပေးခဲ့သလို ကုမ္ပဏီရဲ့
ရေတပ်ကိုလည်းလှုပ်ရှားခိုင်းခဲ့ခြင်းမရှိလဲ့ဘူး။
ဒီလိုအချိန်တွေအတွင်းမှာ
‘ ကုကျစ်စုန့်
ကွယ်လွန်သွားပြီ ‘ ၊
‘ကုကျစ်စုန့်
မျက်နှာပျက်ဆီးသွားပြီ’
၊ ‘ဒုတိယအဆင့် မင်းသမီးတွေကတော့
အပြစ်တွေကျူးလွန်ခဲ့လို့ လက်စားချေခံလိုက်ရတယ် ‘
စတဲ့ သတင်းတွေက
ပွတ်လောရိုက် ဆူညံနေခဲ့တယ်။
ထပ်ပြောရမယ်ဆိုရင်
ချင်ကျန်းက မူလကတည်းက ကုကျစ်စုန့်
အတွက်စီစဥ်ထားတဲ့ မျက်နှာဖုံးဓာတ်ပုံရိုက်ကူးရေးတွေ နှင့် ကော်ဇောနီလျောက်ပွဲကို
သူ့ရဲ့လက်အောက်ကိုအသစ်ဝင်လာတဲ့ လင်းဟူဆီသို့
တိုက်ရိုက်လွှဲပြောင်းပေးချင်နေခဲ့တာဖြစ်ပြီး ကုကျစ်စုန့် ရဲ့ဒဏ်ရာက
အကြောင်းပြချက်တစ်ခုအဖြစ်သာ အသုံးပြုခဲ့တယ်ဆိုတာကို လူတိုင်းသိနေခဲ့တယ်။
ဦးနှောက်ရှိတဲ့သူတိုင်းက
ချင်ကျန်းတစ်ယောက် ကုကျစ်စုန့်ကို ဒီအတိုင်းအေးခဲထားချင်နေတယ်ဆိုတာကို
တွေးတောသိနိုင်လိမ့်မယ်။
စနစ်: “ ချင်ကျန်းက
အရမ်းရွံဖို့ကောင်းတယ်.. သူက ဒါရိုက်တာလျို့ ဆီကိုဖုန်းဆက်ပြီး မင်းရဲ့
လေးယောက်မြောက်ဇာတ်ရံနေရာကိုပါ အစားထိုးခိုင်းစေချင်နေခဲ့တာ!”
ကုကျစ်စုန့်အနေနဲ့
ဒီမတော်တဆမှု မဖြစ်ခင်ကမှ ရိုက်ကူးရေးအဖွဲ့ထဲကိုဝင်လာခဲ့တာဖြစ်ပြီး သူမက “မျောလွင့်ပင်လယ်ရဲ့ ဒဏ္ဍာရီ” အတွက်လေးယောက်မြောက်ဇာတ်ရံ_ ယွီချင်း
ရဲ့နေရာမှာ ပါဝင် သရုပ်ဆောင်ရမဲ့သူပဲ။
လူတိုင်းက
ဒီဇာတ်လမ်းတွဲရဲ့ မူလလက်ရာက နာမည်ကြီးဝတ္တုဆိုတာကို သိထားခဲ့ကြတယ်။
ဒီဇာတ်လမ်းတွဲထဲမှာ
နာမည်ကြီးတွေ အများကြီးပါဝင်မှာဖြစ်ပြီး အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်က
ဦးဆောင်ရိုက်ကူးလိမ့်မယ်။
ဒါကြောင့်ပဲ
ကုကျစ်စုန့်က ဒီထက်ပိုမြင့်တဲ့ ဇာတ်ကောင်နေရာကို သရုပ်မဆောင်ခဲ့ရတာပဲ။
ဒါပေမဲ့ သူမဆီမှာ
လှပတဲ့ မျက်နှာလေးရှိပြီး ဝတ္တုထဲမှ ယွီချင်းကလေး ဇာတ်လမ်းထဲမှာ
နံပါတ်တစ်အလှကလေးဖြစ်နေခဲ့တာကြောင့် ဒီဇာတ်ကောင်ကို အောင်မြင်စွာ ရရှိနိုင်ခဲ့တာ။
သို့ပေမဲ့
အခုချိန်မှာတော့ သူမရဲ့ မျက်နှာက ပျက်စီးသွားခဲ့ပြီ။
ဒါကြောင့်
အဆုံးသတ်မှာ သူမရဲ့နေရာကို ပြိုင်ဘက်ရဲ့နွေဦးလှေမြေပြင်ပေါ်ကိုပြုတ်ကျချိန်မှာ
အခွင့်ကောင်းယူပြီး တက်နိုင်ခဲ့တဲ့ လင်းဟူနဲ့ အစားထိုးခိုင်းလိုက်တော့တယ်။
ကုကျစ်စုန့်
တည်ငြိမ်စွာပြောလိုက်တယ် :
“ မင်း ဘာလို့
ဒီလာက်တောင်ဒေါသ ထွက်နေရတာလဲ .. ဒီဇာတ်လမ်းဇာတ်ကွက်တွေက
မင်းသိပြီးသားပဲမဟုတ်ဘူးလား “
မူလ
ဇာတ်လမ်းထဲမှာဆိုရင်တော့ ကုကျစ်စုန့်က သူမရဲ့
မျက်နှာပျက်စီးသွားလို့ဆိုတဲ့အကြောင်းပြချက်အတွက်ကြောင့် တက်သစ်စလူသစ်တွေဆီမှာ
သူမရဲ့အရင်းအမြစ်တွေကို ဖြည်းဖြည်းချင်းစီ ပေးလိုက်ရတာကို အလွန်အမင်း
မလိုလားခဲ့ဘူး။
သို့ပေမယ့်
သူမရဲ့မျက်မှာကို ပလပ်စတစ်ဆာဂျရီ လုပ်ဖို့အတွက် ပိုက်ဆံလိုအပ်တာကြောင့်
ချင်ကျန်းရဲ့ ဖြောင်းဖျစကားတွေကို နားထောင်ခဲ့ရတယ်။
ဒီလိုနဲ့ သူမက
(35)အဆင့်ရှိတဲ့ကုန်ပစ္စည်းတွေကိုပဲ ထောက်ခံချက်တွေ၊ကြော်ငြာတွေကိုသာ
လက်ခံနိုင်ခဲ့တော့တယ်။
သို့ပေမယ့် သူမက
အမျိုးမျိုးသော အနုပညာရှင်တွေနဲ့ မကြာခဏတွေ့ဆုံလာရပြီးနောက် traffic ရနိုင်ခဲ့တဲ့ ဇာတ်လိုက်မကို ကျိန်ဆဲခဲ့တယ်
ဆိုတဲ့ ကောလာဟလတွေပေါ်ထွက်လာရပြီး လူတိုင်းက ရွံရှာရတဲ့
ပိုးကောင်တစ်ကောင်သာသာဖြစ်လာခဲ့ရတယ်။
နောက်ဆုံးမှာ သူမ
ပိုက်ဆံစုဆောင်းနိုင်ခဲ့ပြီး ခွဲစိတ်ခန်းကိုဝင်ခဲ့ပေမဲ့လည်း ခွဲစိတ်မှုက
မအောင်မြင်ခဲ့ဘူး။
ထို့အစား ဒဏ်ရာက
ပိုမိုဆိုးရွားလာခဲ့ပြီး နောက်ဆုံးမှာတော့ လုံးဝကိုပျက်စီးသွားခဲ့ရတယ်။
သူမက လူမဟုတ်
သရဲမဟုတ်တဲ့ အခြေအနေကို ရောက်ရှိခဲ့ရပြီး အဆုံးသတ်မှာတော့
အထပ်မြင့်အဆောက်အအုံပေါ်ကနေ ခုန်ချပြီး သတ်သေသွားခဲ့ရတယ်။
စနစ် : “……”
“ စုန့်ကျဲ..
ကျွန်တော်က ဇာတ်လမ်းကို ဝင်နှောက်ယှက်လို့ မရတဲ့ အရာလေးပါပဲ.. ပြီးတော့ ဇာတ်လမ်းထဲက ဘာမှကိုလည်း
ပြောင်းလဲလို့မရဘူး..ဒါပေမဲ့ အခုတော့မတူတော့ဘူးလေ.. ကျွန်တော်က စုန့်ကျဲနဲ့
တစ်လမ်းတည်းကိုပဲ အတူလျှောက်နေရပြီ!”
စနစ်က
ထိုစကားကိုပြောပြီးနောက် သူ စုဆောင်းလာတဲ့သတင်းတွေအကုန်လုံးကို ကုကျစ်စုန့်ဆီသို့
ပို့ပေးလိုက်တယ်။
ဒါတွေက
ချင်ကျန်းနဲ့ တစ်ခြားသူတွေရဲ့ စကားပြောမှတ်တမ်းတွေပဲ။ သူက အဆင့်(၁၈)
အနုပညာရှင်တွေနဲ့ အီစီကလီပြောဆိုနေတဲ့ စကားတွေ၊ အဆိုတော်တစ်ယောက်ကို
အောက်လုံးတွေသုံးပြီး ဆဲဆိုနေတာတွေ၊ အပျော်ဆော့ကစားဖို့ ဖိတ်ခေါ်တာတွေ စတဲ့အရာတွေ
အများပြီး ပါဝင်တယ်။
စနစ်:”
ကျွန်တော်တို့ ဒါတွေကိုဖြန့်လိုက်ပြီး သူ့မျက်နှာကို လူတွေသိသွားအောင်
လုပ်သင့်တယ်!”
“ မလို..ဘူး
ဒီစကားပြောမှတ်တမ်းတွေက သူ့ကို မကောင်းတဲ့လူတစ်ယောက်ဆိုတာကိုပဲ သက်သေပြနိုင်မှာ “
ကုကျစ်စုန့်
ဆက်ပြောလိုက်တယ်။
“ ချင်ကျန်းက
နောက်ကွယ်မှာပဲ လှုပ်ရှားရတဲ့ လူတစ်ယောက်လေ.. သူက အနုပညာရှင်တစ်ယောက်
မဟုတ်ဘူး.. ဒီတော့ သူ့ကို ဒီကုမ္ပဏီက
ထုတ်ပယ်တာကို ခံရမယ်ဆိုရင်တောင် တစ်ခြားအလုပာတွေကို လုပ်ပြီး လူမြင်ကွင်းကနေ
ရှောင်နေလို့ရသေးတယ် “
“ ဒါဆို
ကျွန်တော်တို့ ဘာလုပ်သင့်လဲ? သူ့ကို ဒီအတိုင်းလွှတ်ထားပေးပြီး မင်းကို
ပစ်မှတ်ထားနေတာကို စိတ်တိုင်းကျ လုပ်ခိုင်းနေမလို့လား “
စနစ်ကတော့ ဒါတွေကို
တကယ်ဖြန့်ချင်နေတဲ့ပုံပဲ။
ကုကျစ်စုန့်
ပြန်ပြောလိုက်တယ်။
“ စိတ်မပူနဲ့..
ပြုလုပ်တဲ့အကျိုးဆက်တွေကို တန်ပြန်ခံရမယ်ဆိုတာက ကောင်းကင်ဘုံ၊ ကမ္ဘာကြီးနဲ့
လူသားတွေရဲ့ ဆက်သွယ်ချက်တွေထဲမှာ ရှိတယ်..
အချိန်ကျလာပြီဆိုရင် သူ့ကိုရှင်းဖို့ နည်းလမ်းပေါ်လာလိမ့်မယ် “
စနစ်က ခေါင်းကို
တဆတ်ဆတ်ညိတ်လိုက်တယ်။
“ကျွန်တော် စုန့်ကျဲကို ယုံထားလိုက်ပြီ!”
ဒီအခိုက်အတန့်မှာပဲ
ကုကျစ်စုန့်က သူ့ရဲ့ဖုန်းထဲမှာရှိတဲ့ Variety show တစ်ခုကို ဖွင့်လိုက်ပြီး ရုတ်တရက် ထူးဆန်းတဲ့
အော်သံတစ်ခုထွက်လာခဲ့တယ်။
ထို့နောက်မှာတော့
ဖုန်းမျက်နှာပြင်ပေါ်မှာ လက်ဝအကျယ်ရှိတဲ့ အနီနဲ ခရမ်းရောင်ဝတ်စုံကို ၀တ်ဆင်ထားတဲ့
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပေါ်ထွက်လာတာကို တွေ့လိုက်ရတယ်။
သူ့ရဲ့ဆံပင်တွေက
ရှည်လျားပြီး သူ့ရဲ့ မျက်လုံးတွေကတော့ ခေါင်းကို အတတ်နိုင်ဆုံးမော့ထားသလိုမျိုး
ပြူးကျယ်နေခဲ့တယ်။ သူ့ရဲ့လက်ထဲမှာလည်း ဓားရှည်တစ်ချောင်းကိို ကိုင်ထားခဲ့ပြီး
အရှေ့အနောက်ကို ခုန်ပေါက်နေခဲ့တယ်။
မကြာခင်မှာပဲ
သူ့ပါးစပ်ထဲမှ ထူးဆန်းတဲ့ ငိုကြွေးမြည်တမ်းသံထွက်လာခဲ့တယ်။
“ ယန်ဖူရဲ့အရှင် ..
ကျွန်တော် အရှင့်ရဲ့
ကာကွယ်ပေးမှုကိုရရှိထားပါတယ်..
… “
Barrageပေါ်မှာတော့
ရယ်မောလှောင်ပြောင်မှုတွေ အနိုင်ကျင့်စကားတွေနဲ့ အသက်ဝင်နေခဲ့တယ်။
[ ဒီလူက
ဘာလုပ်နေတာလဲ? က နေတာလား?
သူ့ကိုရးကြည့်ရတာ မျက်လုံးတောင် စူးလာပြီ]
[ ငါကတော့
အော်ရယ်နေပြီ.. ငါ အခုလေးတင် ရှာကြည့်လာတာ.. ဒီတောက်ဓမ္မဆရာက “ Ksitigarbha
Sutra “ ကိုရွတ်ဆိုနေတာတဲ့.. ဒါပေမဲ့ သူက စကားလုံးအတိုင်း
ရိုးရိားရွက်ဖတ်နေတာလေ.. နောက်ပြီး
တလွဲကြီးတွေ ရွက်နေတာ!]
[ ဒီအမှိုက် variery show
ကတော့ အပိုင်းတိုင်းက စုတ်ပြတ်နေတာပဲ.. သူက variety showမှာပါနေရပေမဲ့
ဒီလိုတွေ အော်နေရတုန်းပဲ.. ငါတောင် သူ့အစားရှက်လာပြီ.. ငါ့မျက်စိတွေကို
ငါ့ခြေထောက်နဲ့သာ ဖုံးကွယ်ထားချင်တော့တယ်......]
စနစ်ရဲ့
အသံနှုန်းထားက စိတ်ရှုပ်ထွေးနေပုံပေါ်နေခဲ့တယ်။
“......စုန့်ကျဲ ..
အဲဒီအစီအစဥ်မှာပါဝင်ချင်လို့လား “
ကုကျစ်စုန့်ကြည့်နေခဲ့တဲ့
ပရိုဂရမ်အစီအစဥ်က “ ဝိညာဥ်ရေးရာ “ လို့ ခေါ်တဲ့ ရုပ်လွန်ပညာရပ်အကြောင်း variety show
တစ်ခုပဲ။
သူမက
ထိုပရိုဂရမ်ရိုက်ကူးတဲ့နေရာကိာသွားပြီး ပြိုင်ပွဲဝင်အသစ်အဖြစ် ပါဝင်
ရိုက်ကီုးသွားဖို့ ဆုံးဖြတ်ထားတယ်။
ဒီအစီအစဥ်က
တောက်ဓမ္မပညာကို လေ့လာခြင်းဆိုတဲ့ ထွင်လုံးကို သုံးပြီး
ရိုက်ကူးထုတ်လွှင့်နေတာဖြစ်လေတယ်။
အစီအစဥ်အတွက်
ရုပ်လွန်ပညာရပ်ကို ကျွမ်းကျင်တယ်ဆိုတဲ့
လူထူးဆန်း အုပ်စုတစ်စုကို ရွေးချယ်ထားခဲ့ သဘာဝလွန်အရာတွေကို
ကိုင်တွယ်ဖြေရှင်းနေစဥ်မှာ သူတို့အသုံးပြုတဲ့ တိုက်ခိုက်နည်းတွေကို ပရိုဂရမ်မှာ
ရိုက်ကူးထုတ်လွှင့်သွားလိမ့်မယ်။
ဒီပရိုဂရမ်က
ပထမဆုံးသော ရုပ်လွန်ပညာရပ်ဆိုင်ရာ ပရိုဂရမ်လည်းဖြစ်တာကြောင့်
ပထမဆုံးစတင်ထုတ်လွှင့်ကတည်းက လူအများကြီးရဲ့ စိတ်ဝင်စားမှုကိုခံခဲ့ရတယ်။
ထိုကဲ့သို့
လူစိတ်ဝင်စားများတဲ့အတွက်ကြောင့်လည်း သူက တစ်ခြားသော variety showတွေအားလုံးကို ကျော်တက်သွားခဲ့သေးတယ်။
အခုချိန်မှာတော့
သူတို့ကရာသီနှစ်ခုစာကိုတောင် ရိုက်ကူးထုတ်လွှင့်ပြီးနေခဲ့ပြီ။
သုံးခုမြောက်ရာသီကတော့
အပိုင်းသစ်တစ်ပိုင်းကိုသာ ထုတ်လွင့်ရသေးပေမဲ့
hot searchပေါ်ကို
ဒီပရိုဂရမ်နဲ့ပတ်သက်ပြီး အများအပြားရောက်ရှိနေခဲ့ပြီ။
ဒါပေမယ့်
ထိုအကြောင်းအရာတွေအားလုံးကတော့ အဆဲဆိုအလှောင်ပြောင်ခံထားခဲ့ရတာတွေချည်းပဲ။
အရင်ရာသီတွေတုန်းက
ဧည့်သည်တစ်ယောက်ချင်းစီတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်တီထွင်မှုတွေ ရှိခဲ့ကြတယ်။
လူအုပ်စုရဲ့တီထွင်တဲ့ကခုန်မှုတွေက
ရုပ်ဆိုးမှုတွေနဲ့ ပြည့်နေခဲ့တယ်။ သူတို့အားလုံးက သူတို့မှာ
ယင်နဲ့ယန်မျက်လုံးတွေရှိနေတယ်လို့ ပြောခဲ့ကြပြီး အာရုံပြုခြင်းမှတစ်ဆင့်
နတ်ဘုရားတွေကို ဆင့်ခေါ်နိုင်တယ်လို့ ပြောခဲ့ကြတယ်။ ရလဒ်အနေနဲ့
အင်တာနက်သုံးစွဲသူတွေက သူတို့ရဲ့ နောက်ခံကို စစ်ဆေးရှာဖွေခဲ့ကြတော့တယ်။
သူတို့ထဲက
တစ်ယောက်က လွန်ခဲ့တဲ့တစ်လတုန်းက ဟုန်တျင့်မှာ သရုပ်ပြသူတစ်ယောက် အဖြစ်
အလုပ်လုပ်ခဲ့တယ်။ အိမ်ခြေယာမဲ့တွေ၊
ဝက်သားရောင်းသူတွေနဲ့ လူလိမ်တွေတောင်ပါဝင်ကြသေးတယ်......
ဒီလိုနဲ့
တစ်ချို့လူတွေက သူတို့ခေါ်တဲ့ သဘာဝထူးဆန်းဖြစ်စဥ်တွေဆိာတာက ပရိုဂရမ်အဖွဲ့က
စီစဥ်ထားခဲ့တာဖြစ်ပြီး ရိုက်ကွင်းအခြေအနေတွေကိုလည်း ကြိုတင်စီစဥ်ထားတာဖြစ်ကြောင်း
ပြိုင်ပွဲဝင်တချို့က ထုတ်ဖော်ပြောခဲ့တယ်တဲ့။
ဒါတွေကြောင့်ပဲ
ဒီပရိုဂရမ်ကိုထုတ်လွှင့်တဲ့အချိန်တိုင်းမှာ လူအများကြီးက လာရောက်ကြည့်ရှူကြပြီး
သွေးဆူစွာနဲ့ ဝေဖန်တိုက်ခိုက်နေခဲ့ကြတာပဲ။
အင်တာနက်သုံးစွဲသူတွေက
ဒီလူတွေက ဘယ်လိုနတ်ဘုရားအတုတွေကိုဆင့်ခေါ်ပြီး ဘယ်လောက်အထိတောင်
လိမ်ညာပြနိုင်မလဲဆိုတာကို ကြည့်ချင်နေကြတယ်။
မူလဇာတ်လမ်းထဲမှာတော့ သူမက ဒီလို ပေါတောတောပရိုဂရမ်မှာ
ပါဝင်ချင်စိတ်မရှိခဲ့ဘူး။ ဒါကြောင်း ချင်ကျန်းကို
ထပ်တလဲလဲတောင်းပန်ခဲ့ပြီးနောက် ချင်ကျန်းက သဘောတူပြီး
စာချုပ်ကိုဖျက်သိမ်းခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ်
ကုကျစ်စုန့်ကတော့ ထိုပရိုဂရမ်အတွက် ဇာတ်ညွန်းကိုရရှိပြီးနောက် ထိုနေ့မှာပဲ
အရင်တုန်းက အပိုင်းဟောင်းတွေကို ပြန်ကြည့်တော့တယ်။
သူမက
ခဏလောက်တောင်မနားခဲ့ပဲ ရာသီနှစ်ခုစာလုံးကိုအကုန်ကြည့်ရှုခဲ့တာ။
ဒီတော့
စနစ်ရဲ့မေးခွန်းကိုကြားလိုက်ရချိန်မှာ သူမက ခေါင်းညိတ်ပြလိုက်တယ်။
“သေချာတာပေါ့ .. ငါ
ပါဝင်သွားမှာ “
အခုချိန်မှာတော့
သူမက ဒိီအနုပညာနယ်ပယ်ကလည်း ကောင်းသားပဲလို့တောင် ရုတ်တရက်ခံစားမိနေပြီ။
ဒီလိုလို
တခြားဟာတွေနဲ့ကွဲလွဲပြီး အဓိပ္ပါယ်ရှိတဲ့ အစီအစဥ်တွေလည်း ရှိနေသေးတာပဲ ။
စနစ်:”?”
“တောက်ဓမ္မပညာရပ်က
ဒီကမ္ဘာပေါ်မှာ ပျောက်ကွယ်စပြုနေပြီလေ .. ဒီအစီအစဥ်ပေါ်လာတယ်ဆိုတာက
တောက်ဓမ္မပညာရပ်အကြောင်းကို ကြေငြာပေးပြီး ငါ့တို့ရဲ့ တောက်ဓမ္မဂိုဏ်းကို
အားကောင်းစေဖို့အတွက်ပဲဖြစ်ရမယ်..
ဒါကြောင့်
တောက်ဓမ္မဂိုဏ်းတွေရဲ့ အကြီးအကဲ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါက ဘာလို့
မသွားဘဲနေရမှာလဲ “
စနစ်:” ? ? ? ?”