Ch 5
Viewers 2k

အခန်း(5) 




ယွင်ချန်တောင်ပေါ်တစ်နေရာမှာတော့  “ဝိညာဥ်ရေးရာ” ရိုက်ကူးရေးအဖွဲ့က သူတို့ရဲ့ နောက်ထပ် တိုက်ရိုက်ထုတ်လွင့်သွားမဲ့ အပိုင်းအတွက် လိုအပ်တာတွေကို ပြင်ဆင်ချိန်ညှိနေခဲ့တယ်။




ရိုက်ကူးရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သယ်လာဖို့ တာဝန်ယူထားတဲ့ လက်ထောက်တစ်ယောက်က မနီးမဝေးဆီမှ  ဒါရိုက်တာ ရဲ့ အော်ဟစ်သံတွေကိုကြားလိုက်တာကြောင့် အသံလျှော့ချပြီး ဘေးနားကလူကိုမေးလိုက်တယ်။




“ ဒါရိုက်တာလီ ဒီနေ့ ယမ်းမှုန့်တွေများစားမိလာတာလား .. ငါ ခုနက တင် ကြိုးတွေကို မတော်တဆ ခလုတ်တိုက်မိတော့လည်း သေလောက်အောင် အအော်ခံလိုက်ရတယ်”




ဘေးနားမှ လုပ်ဖော်ကိုင်ဖက်က ပြန်ပြောလိုက်တယ် ။




“ ဟေး.. မင်းမသိသေးဘူးလား.. ပရိုဂျူဆာက ဒီရိုက်ကူးရေးတစ်ဝက်လောက်ကိုရောက်မှ တစ်ယောက်ယောက်ကို တွန်းထည့်နေတယ်လေ. ဒါကြောင့်  ဒါရိုက်တာလီက ရက်အတော်ကြာအောင် ဒေါသထွက်နေခဲ့တာ.. ဘယ်သူက မင်းကို သေနတ်အောက်ကိုဝင်ခိုင်းလို့လဲ!”




“ဝိညာဉ်ရေးရာ” ပရိုဂရမ်ရဲ့ အစီအစဥ်တည်ဆောက်မှုက တကယ်ကိုထူးခြားတယ်။




ပရိုဂရမ်ကို ရိုက်ကူးနေတဲ့အချိန်မှာပဲ တစ်ဆက်တည်း ထုတ်လွင့်ပြသလိမ့်မယ်။ 




အချိန်ကတော့ ရှစ်ရက်ကြာတိုင်းမှာ  အပိုင်းသစ်တစ်ပိုင်းစီကိိုထုတ်လွှင့်ပြသမှာဖြစ်ပြီး ကြားထဲမှ အချိန်တွေမှာတော့ ပါဝင်တဲ့သရုပ်ဆောင်တွေကို အနားပေးနိုင်ရုံသာမကဘဲ ရိုက်ကူးရေးအဖွဲ့သားတွေအတွက် တည်းဖြတ်မဲ့ကိစ္စရပ်တွေကို ချိန်ညှိဖို့အတွက်လည်း အချိန်ရနိုင်လိမ့်မယ်။




ပရိုဂရမ်ရဲ့ပထမဆုံးအပိုင်းအတွက် ပရိုဂရမ်အဖွဲ့က လူဆယ်ယောက်ကိုရွေးချယ်ခဲ့တယ်။ ထိုလူတွေက လူရွှေးပွဲကို လာရောက်ဖြေဆိုခဲ့ကြတဲ့  လူထူးဆန်းတဲ့ အယောက်တစ်ရာထဲကနေ တရားဝင်ရွေးချယ်ထားတာပဲ။




မမျှော်လင့်စွာနဲ့ ရိုက်ကူးရေးအတွက်ပြင်ဆင်ပြီးချိန်မှာပဲ လူတစ်ယောက်က မတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပြီး လူတစ်ယောက်က နှုတ်ထွက်သွားခဲ့တယ်။




အစတုန်းကတော့ ဒါရိုက်တာက လွတ်သွားတဲ့တစ်ယောက်နေရာကို အစားထိုးဖို့အတွကာ လူရွေးပွဲမှာ ပြုတ်သွားတဲ့ အယောက်(၉၀)ထဲမှ  ပြန်လည်ရွေးချယ်ဖို့ကြံစည်ခဲ့ပေမယ့် ပရိုဂျူဆာက ပိုပြီးလုစိတ်ဝင်စားမှုကို ရရှိစေရန်အတွက် ကုကျစ်စုန့် ကို ပရိုဂရမ်ထဲသို့ ထည့်လာခဲ့တယ်။




ဒါကြောင့်ပဲ ဒါရိုက်တာလီက ရက်တော်တော်ကြာအောင်ဒေါသထွက်နေတာဖြစ်လေတယ်။




လက်ထောက်လေးက ခေါင်းကိုကုတ်ရင်းပြောလိုက်တယ်။




“ဒါအတွက်ကြောင့်လား?  ကုကျစ်စုန့်က အရမ်းလှပြီး ဒုတိယတန်းစား သရုပ်ဆောင်တွေထက်တောင် ပို ပြီးအောင်မြင်ကျော်ကြားသေးတယ်မလား.. ပရိုဂရမ်ကို သူ ပါဝင်လာရင်  ပိုပြီးတော့ ကျော်ကြားသွားစေမှာမဟုတ်ဘူးလား”




လုပ်ဖော်ကိုင်ဖက်က ပြန်ပြောလိုက်တယ်။




“ မင်းက လူသစ်ပဲရှိသေးတော့ သိတာတွေလည်း နည်းလွန်းသေးတယ်.. အဲဒီကောင်မလေးက ဒေါသကြီးပြီး နာမည်ကြီးတွေကိုလည်း ရန်စရတာကို ကြိုက်သေးတယ်.. ငါတို့လို ပရိုဂရမ်အသေးလေးကို ပြသနာတွေပဲ ယူလာပေးမှာ”




သူတို့စကားပြောလို့ မဆုံးသေးခင်မှာပဲ ဒါရိုက်တာက လှမ်းအော်လာခဲ့တယ်။




“ မင်းတို့နှစ်ယောက် ဘာရပ်လုပ်နေကြတာလဲ .. မင်းတို့ကိုယ်မင်းတို့  ကျောက်ရုပ်တွေလို့ မှတ်နေကြတာလား”




လီချန်ဟဲ အော်ဟစ်လာတာကိုကြားတော့ ဝန်ထမ်းနှစ်ယောက်က ခေါင်းငုံ့လိုက်ကြကာ လူချင်းခွဲလိုက်တယ်။




ဒါပေမယ့် လီချန်ဟဲက ပိုလို့တောင် ဒေါသထွက်လာခဲ့တယ်။




“ ဝိညာဉ်ရေးရာ” ဆိုတာက သူ့ရဲ့မူလရွေးချယ်မှုပဲ။ သို့ပေမဲ့ သူက နာမည်ကြီး ဒါရိုက်တာတစ်ယောက်မဟုတ်ဘူး။ 




အစပိုင်းမှာတုန်းက သူ့ဆီမှာ အဆက်အသွယ်ရော၊ ငွေကြေးရော မရှိခဲ့တာကြောင့် ရွေးချယ်စရာမရှိတော့ပဲ ထုတ်လုပ်သူလင်းဟိန်နဲ့ ပူးပေါင်းခဲ့ရတယ်။




လင်းဟိန်က ဒီလိုမျိုး အနာဂတ်ဟောပြောတာတွေကို မယုံကြည်ဘူး။ သူက လူထု စိတ်ဝင်စားမှု အကျိုးကိုသာ ကြည့်ခဲ့ပြီး  လူ ပထမဆုံးရာသီနှစ်ခုမှာ ရယ်စရာကောင်းတဲ့လုပ်ကြံဇာတ်ကွက်တွေ အများကြီးထည့်သွင်းခဲ့တယ်။




ဒါပေမဲ့ ဒီလိုပုံစံကပဲ လုံးဝကျော်ကြားသွားခဲ့ပြီး စပွန်ဆာတွေအများကြီးကို ဆွဲဆောင်မိခဲ့သလို ပိုက်ဆံလည်းအများကြီးရှာနိုင်ခဲ့တယ်။




သို့ပေမယ့် လီချန်ဟဲရဲ့ တကယ်ရည်ရွယ်ချက်ကတော့ ကွဲပြားနေခဲ့တယ်။ သူရဲ့ မူလရည်ရွယ်ချက်ကတော့ ဒီပရိုဂရမ်ကိုအသုံးပြုပြီး  တောက်ဓမ္မပညာရပ်ကို လူတွေကို ပြနားလည်ယုံကြည်ဖို့ သက်သေပြချင်ခဲ့တာ။




အတိတ်တုန်းက သူ့မှာ ပိုက်ဆံမရှိခဲ့တာကြောင့် တောက်ဓမ္မဆရာတွေကို မဖိတ်ခေါ်နိုင်ခဲ့သလို တောက်ဓမ္မပရိုဂရမ် ကောင်းကောင်းတစ်ခုလည်း  မဖြစ်လာခဲ့ဘူး။ ဒါပေမဲ့ အခုတော့ သူ့မှာပိုက်ဆံတွေရှိနေပြီဖြစ်လို့ ရိုက်ကူးရေးကို ကောင်းကောင်းလုပ်နိုင်နေပြီ။




သူက နှစ်တစ်ဝက်လောက်ကို အချိန်ကုန်ခံပြီး ထူးဆန်းတဲ့လူတွေ ၊ သဘာဝလွန်ဖြစ်ရပ်အခန်းအနားတွေ နဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ရှာဖွေခဲ့တယ်။ သူ့အနေနဲ့ တကယ့် ဝိညာဥ်ဆိုင်ရာအရေးအခင်း variety show ရာသီတစ်ခုကို ဖန်တီးပေးချင်နေတယ်။




ဒါပေမဲ့လည်း season အသစ် စတဲ့အချိန်မှာပဲ လင်းဟုန်က နောက်တစ်ခါ လူထုရဲ့ အာရုံစိုက်မှုအတွက် ကုကျစ်စုန့်ကို ထည့်သွင်းလာကာ ပေါ့ပျက်ပျက်ပြောလာပြန်တယ်။




“ သြော် ဒါရိုက်တာလီ..  မင်းက အရမ်းတင်းကြပ်လွန်းနေတာပဲ.. တကယ်လို့ ကြည့်စရာအကြောင်းအရာတစ်ခုခုသာ မရှိရင် ဘယ်ပရိတ်သတ် နဲ့ စပွန်ဆာက မင်းရဲ့ show ကိုအားပေးတော့မှာလဲ “ဒီသဘောထားက လီချန်ဟဲကို တော်တော်လေးဒေါသထွက်သွားစေပြီး ရက်တော်တော်ကြာတဲ့အထိ တင်းမာနေခဲ့မိတယ်။




ပြီးတော့ သူ့ရဲ့ ကုကျစ်စုန့်အပေါ်အမြင်သည်လည်း အောက်ခြေအထိ ကျဆင်းသွားခဲ့တယ်။




လက်ထောက်ဒါရိုက်တာ: “ လီကော.. ကျွန်တော်တို့ တိုက်ရိုက်ထုတ်လွှင့်မှုကို တရားဝင် မစခင် မိနစ်နှစ်ဆယ်ကျန်သေးတယ်..  တိုက်ရိုက်ထုတ်လွှင်မှုအခန်းကတော့ စတင်နေပါပြီ..  ပရိတ်သတ်တွေကလည်း စတင်ကြည့်ရှူနေကြပြီ “ 




လီချန်ဟဲ ထိုနေရာကို ထသွားပြီး ကြည့်လိုက်တော့  ပင်မထိန်းချုပ်ခန်းနှစ်ခုဆီမှ  ဖန်သားပြင်ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းဆယ်ခုရှိနေခဲ့ပြီ။




  ကင်မရာတွေကို မဖွင့်ရသေးတာကြောင့် မျက်နှာပြင်ကတော့ အမည်းရောင်သာ ပေါ်နေသေးတယ်။




“ဝိဥာဥ်ရေးရာ”ရဲ့ ပထမရာသီနှစ်ခုကတည်းက ကြည့်ရှုသူတွေနှင့် ကုကျစ်စုန့်ရဲ့ black fanတွေ ကျေးဇူးကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုစတင်ပြီးနောက် သုံးမိနစ်အတွင်းမှာပဲ အခန်းတစ်ခုချင်းစီ ကြည့်ရှုသူပေါင်း တစ်သောင်းကျော်လောက်ရှိနေပြီဖြစ်တယ်။




အထူးသဖြင့် ဒီတိုက်ရိုက်ထုတ်လွှင့်မှုမှာ ကုကျစ်စုန့်ရဲ့နာမည်ပါဝင်လာတာကြောင့် လူအရေအတွက်က ဂဏန်းခြောက်လုံးစာ ပမာဏအထိ ထိုးတက်လာခဲ့ပြီး စက္ကန့်နဲ့အမျှ ပိုပိုပြီးများပြားလာတယ်။ 




တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက အနက်ရောင်သာရှိနေသေးပြီး ဘာမှတောင်မလွှင့်ရသေးပေမဲ့ ကောမန့်တွေက ပလူပျံနေပြီ။




[ ရှုန်းတိတို့၊ ကျယ်မေ့တို.. အားလုံး ရောက်ကြပြီလား?  ဖရဲစေ့တွေ သောက်စရာတွေ ပြင်ဆင်ထားကြနော်.. “ မျောက်ပြပွဲ”က ရှစ်ရက်မှတစ်ခါကြည့်ရတာ ]




[ ကုကျစ်စုန့်ရဲ့ နာမည်ကိုတွေ့လို့ ဘာမှမကြည့်ပဲ ဆဲဖို့သက်သက် ဝင်လာတာ ..  အခု ငါ လူတိုင်းကို ပထမဆုံး “ပုလိပ်ရောဂါအမျိုးအစား “ အနုပညာရှင်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်] 




[ အာ... ကောမန့်တွေက ရှုပ်ရှက်ခတ်နေတာပဲ.. ဘာလို့ ဒီသရုပ်ဆောင်ကိုဝိုင်းဆဲနေကြတာလဲ] 




[ မိသားစုတိုင်းပဲ မင်းတို့ရဲ့ အဃာတအမုန်းတရားတွေအတွက် လက်စားချေလို့ရပါပြီ..  ကုကျစ်စုန့် ကိုမုန်းတီးနေသရွေ့ မင်းက ဘယ်သူ့ရဲ့ဖန်လဲဆိုတာကို ဂရုစိုက်စရာမလိုဘူး .. ဒီနေ့မှာ ငါတို့အားလုံးက ညီအစ်မတွေပဲ!] 




[ သူမရဲ့ မျက်နှာက ပုံပျက်ပန်းပျက်ဖြစ်တယ်သွားတယ်ဆို! အလှလေးက အခု စျေးကွက်ထဲကိုမဝင်နိုင်တော့ဘူးပေါ့?  ဒီပရိုဂရမ်လည်း မကြာခင် ကံဆိုးမိုးမှောင်ကျတော့မှာပဲ .. ဒီကပ်ဆိုး သရုပ်ဆောင်က ရည်ရွယ်ချက်ရှိရှိဝင်လာတာများလား ]




[ မြန်မြန်ထွက်လာပြီး အဆဲခံစမ်းပါ .. သူမက အရင်ကတည်း အရှက်မရှိတာပဲ မဟုတ်ဘူးလား ..  ငါ့ ကီးဘုတ်က အဆင့်သင့်ဖြစ်နေပြီနော်] 




[… …]




ရာသီနှစ်ခု ထုတ်လွင့်ပြီးတဲ့နောက်မှာ ရိုက်ကူးရေးအဖွဲ့သားတွေကလည်း သူတို့ရဲ့ပရိုဂရမ်အကြောင်းကိုနားလည်နေကြပြီ။




လူအများကြီးက ဆဲဆိုနေကြပေမဲ့လည်း လူအများကြီးကပဲ ဒီပရိုဂရမ်ကို ကြည့်ရတာကို ကြိုက်နေကြလိမ့်မယ်။




သို့ပေမယ့် ကုကျစ်စုန့်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာလိုမျိုး တိုက်ရိုက်ထုတ်လွှင့်မှုစတင်တာနှင့်  ထောင်သောင်းမကတဲ့ လူတွေ တဖွဲဖွဲ့ဝင်လာကြတာကို မြင်ဖူးတာကတော့ သူတို့အတွက် ပထမဆုံးအကြိမ်ပဲ။




လက်ထောက်ဒါရိုက်တာက ခဏလောက် ကြောင်အနေခဲ့ပြီး ပြန်မေးလိုက်တယ်။




“လီကော.. ကျွန်တော်တို့ ကောမန့်တွေကို ထိန်းချုပ်လိုက်ရမလား? စကားလုံးတွေ filter ခံတာမျိုး တစ်ခုခုလေ....” 




လီချန်ဟဲရဲ့ အသံက အေးစက်နေခဲ့တယ်။




“ မလိုဘူး” 




သူတို့က နာမည်ကြီးချင်နေတာမလား? သူမရဲ့မန်နေဂျာကိုယ်တိုင်ကတောင် ကိုယ်တိုင်ဖုန်းဆက်ပြီး သူတို့ရဲ့အနုပညာရှင်တွေကို အထူးဂရုစိုက်နေစရာမလိုဘူးပြောထားတာပဲ။




သူ့အနေနဲ့ ကုကျစ်စုန့်က ဒီမှတ်ချက်တွေကို ကြည့်မိသွားဖို့တောင် ဆုတောင်းမိသေးတယ်။ 




သူမသာ သည်းမခံနိုင်တော့ရင် ထွက်သွားမှာပဲ ။




“ ကောင်းပါပြီ ”  




လက်ထောက်ဒါရိုက်တာက ဒီအမျိုးသမီးအနုပညာရှင်က အရမ်းသနားစရာကောင်းတယ်လို့ ခံစားနေမိတယ်။  




ဒီဖန်သားပြင်ပေါ်မှ ဆဲဆိုကြိမ်းမောင်းစကားတွေကို ကြည့်မိတဲ့ ဘယ်သူမဆို စိတ်ဓာတ်တွေ ပြိုကွဲသွားရမှာပဲ။




“ပရိုဂရမ် ထုတ်လွှင့်မှုမစခင် ဆယ်မိနစ်ပဲ ကျန်တော့တယ်.. သူ့မကို ဖုန်းခေါ်လိုက်ရမလား”




လီချန်ဟဲက မပျော်ရွင်နေခဲ့ဘူး။




“ ရိုက်ကူးရေးက ပထမနေ့ပဲရှိသေးတယ်.. သူမကနောက်ကျနေပြီ.. ထိပ်တန်းသရုပ်ဆောင်တွေလိုလုပ်နေတာပဲ”




  


“ ကုကျစ်စုန့်ကို ဆက်သွယ်ဖို့ ဘယ်သူ တာဝန်ယူထားတာလဲ ? သူမက ဘာလို့ အခုထိ မရောက်သေးတာလဲ”




တာဝန်ရှိအမျိုးသမီး ပြန်ပြောလိုက်တယ်။




“ ကျွန်မ မစ်စ်ကုကို လွန်ခဲ့တဲ့တစ်နာရီတုန်းက ဖုန်းဆက်ထားပါတယ်.. အဲတုန်းက သူမက တောင်ခြေကိုရောက်နေပြီလို့ ပြောခဲ့တာပဲ.. ကျွန်မ ထပ်ခေါ်လိုက်ပါ့မယ်”




သူမက ဖုန်းကိုထုတ်ယူပြီးနောက် ခဏလောက် ကြောင်အ,နေခဲ့တယ်။




“မစ်စ်ကု ပြောတာက.. သူမပြောတာ.....”




“ ပြောပါ ဒါရိုက်တာကြီး “ 




သာယာနာပျော်ဖွယ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့အသံက ရုတ်တရက် ရိုက်ကူးရေးအဖွဲ့သားတွေရဲ့နောက်ကနေ ထွက်လာခဲ့တယ်။ 




သူတို့တွေ ခေါင်းလှည့်ကြည့်လိုက်တော့ အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးထုတ် နဲ့ maskကိုတပ်ထားတဲ့ မိန်းကလေးနှစ်ဦး ရပ်နေတာကိုတွေ့လိုက်ရတယ်။အရှေ့က အမျိုးသမီးက မီးခိုးရောင်ဝတ်စုံကို ဝတ်ထားပြီး အရပ် (1.7)မီတာလောက် ရှိပုံရတယ် ။ 


သူမက သူမရဲ့ မျက်လုံးကိုသာ ဖော်ပြထားပြီး သူမရဲ့မျက်တောင့်လေးတွေက ရှည်လျားပေမဲ့ အောက်ကိုလည်းစိုက်မနေသလို အပေါ်ကိုလည်း အရမ်းကော့မနေခဲ့ဘူး။ 




သူမရဲ့ မျက်ဆံက ကြည်လင်ရှင်းလင်းနေပြီး မျက်လုံးရဲ့အဆုံးသတ်မှာရှိနေတဲ့ အသားကတော့ နှင်းတွေလို ဖြူဆွတ်နေခဲ့တယ်။




သူတို့တွေ ထိုမိန်းကလေးရဲ့မျက်နှာတစ်ခုလုံးကို မမြင်ရသေးပေမဲ့လည်း သူမက အလွန်လှပလိမ့်မယ်ဆိုတာ သေချာပေါက်သိနေပြီ။




“ ရှင် ကျွန်မကို ရှာနေပုံရတယ်နော် “




ထိုမိန်းလှလေးက mask ကိုချွတ်ပြီး သူမရဲ့ မျက်နှာတစ်ခုလုံးကို ဖော်ပြလာတယ်။




“ ကျွန်မက ကုကျစ်စုန့်ပါ .. နောက်ပြီး ဒါက ကျွန်မရဲ့လက်ထောက် ရှောင်ကျိုး”




ရှောင်ကျိုးက စိတ်လှုပ်ရှားစွာနဲ့ ခါးကိုကိုင်းညွတ်လာတယ်။




“ဟဲလို ဒါရိုက်တာကြီး! “ 




တာဝန်ရှိအမျိုးသမီးက တံတွေးမျိုချလိုက်တယ်။ ပြီးမှ ဖုန်းကို လီချန်ဟဲဆီသို့ လှမ်းပေးလိုက်တယ်။




“ ဒါရိုက်တာလီ .. မစ်စ်ကုက ကျွန်မဆီကို လွန်ခဲ့တဲ့ မိနစ်နှစ်ဆယ်လောက်ကတည်းက ရောက်နေပြီဆိုပြီး စာပို့ထားပါတယ်..  ကျွန်မ မမြင်လိုက်လို့ပါ..  တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်! “




ကုကျစ်စုန့်ပြန်ပြောလိုက်တယ်။




  “ သူမကို အပြစ်မတင်ပါနဲ့..  လူတိုင်းက အလုပ်ရှုပ်နေတာကို ကျွန်မမြင်လို့လေ.. နောက်ပြီး အချိန်လည်း ရှိသေးတာပဲ.. ဒါကြောင့် ကျွန်မ ဝင်မနှောင့်ယှက်တာ”




လီချန်ဟဲ သူရှေ့မှ ပြုံးနေတဲ့မိန်းကလေးကိုကြည့်ရင်း သူ့ရဲ့ စိတ်ခံစားချက်တွေက ရှုပ်ထွေးလာရတယ်။ သူရဲ့မျက်နှာအိုကြီးကလည်း  ရှက်ရွံ့မှုကြောင့် နီရဲနေပြီ။ တကယ်လို့ သူ မှတ်မိတာသာ မှန်မယ်ဆိုရင် ဒီကောင်မလေးနှစ်ယောက်က ဒီကို ရောက်နေတာ အချိန်အတော်လေးကြာနေပြီ။  နောက်ပြီး သူတို့တွေက  ပစ္စည်းအသေးလေးတွေကိုတောင် ကူရွေ့ပေးနေခဲ့ကြသေးတယ်လေ။