Ch 3
Viewers 3k

🔥 Chapter 3

လျှို့ဝှက်ဆန်းကြယ်သော အကဲဖြတ်ဒိုင်



ကျိုးယွီဟယ်က ရယ်မောလိုက်ပြီး သရုပ်ဆောင်ရွေးပွဲခန်းမသို့ ပြန်သွားလိုက်သည်။


သူ ဝင်ပေါက်မှ ပေါ်လာသည်နှင့်တစ်ပြိုင်နက် မျက်စိပသာဒဖြစ်စေသော သူ့ရုပ်ရည်ကြောင့် ခန်းမထဲမှ လူများစွာ၏ ဝေဖန်ပြောဆိုခြင်းကို ခံရလေသည်။


ကျိုးယွီဟယ်က စူးစမ်းနေသောအကြည့်များကို လျစ်လျူရှုပြီး မူလနေရာဖြစ်သော တတိယတန်းသို့ ပြန်တိုးဝင်သွားလိုက်သည်။ နို့လက်ဖက်ရည် ဖိတ်စင်ထားသည့် ဇာတ်ညွှန်းကို ပြန်ကောက်ကိုင်လိုက်ရာ ရင်းနှီးသော ခံစားချက်တစ်ခု ရရှိလာသည်။ ဇာတ်ညွှန်းပေါ်ရှိ စာကြောင်းတိုင်းက သူနှင့် ရင်းနှီးနေသည်။


သူ တကယ်ပင် ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။


“တိတ်ကြ တိတ်ကြ… သရုပ်ဆောင်ရွေးပွဲကို အခု စပါတော့မယ်… ကိုယ့်နံပါတ် အခေါ်ခံရတဲ့ ကျောင်းသားတွေက စင်ပေါ်ကို လာပေးပါ…”

ကျိုးယွီဟယ်၏ ပုံပန်းသွင်ပြင်ကို လူအများ ပြောဆိုနေကြစဉ်မှာပင် စင်မြင့်ပေါ်မှ ဒါရိုက်တာချိုက်ရုန်ရှီးက မိုက်ကရိုဖုန်းကို ဖွင့်လိုက်သည်။ “လူငယ်တို့၏ ဖခင်” ဟု ခေါ်ဆိုခံရသော ဤဒါရိုက်တာကြီး၏ စကားကြောင့် ဆူညံနေသည့် မြင်ကွင်းက ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။   


သူ စကားပြောပြီးနောက် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။


သူ့ဘေးမှ ဇာတ်ညွှန်းရေးဆရာမ မစ္စဖန်လင်းက ညာဘက်အစွန်ဆုံးရှိ ထိုင်ခုံလွတ်ကို လက်ညှိုးထိုးပြပြီး စောင့်သင့်၊ မစောင့်သင့် မေးမြန်းနေပုံရသည်။


ဒါရိုက်တာချိုက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မည်သူကိုမျှ မတွေ့ရသောကြောင့် ခေါင်းခါလိုက်ပြီး မိုက်ကရိုဖုန်းကို ထပ်မံဖွင့်ကာ ပြောလိုက်သည်။

" နံပါတ်တစ် စမယ်…"


×××××


ဝန်ထမ်းများ၏ လမ်းညွှန်မှုအောက်တွင် သရုပ်ဆောင်ရွေးပွဲကို စည်းကမ်းတကျ ဆက်လက်လုပ်ဆောင်နေပေသည်။


စိတ်ဓာတ်တက်ကြွနေသော လူငယ်တစ်ဦးက စင်ပေါ်သို့ တက်ရောက်သွားစဉ် နောက်တစ်ဦးက စိတ်ပျက်အားငယ်စွာဖြင့် ဆင်းလာကာ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းသော မိန်းကလေးအချို့ကလည်း ပြင်းထန်သော ဝေဖန်မှုများကို ကြားလိုက်ရသည့်အခါ မျက်လုံးများ နီရဲလျက် ခန်းမထဲမှ တန်းတန်းမတ်မတ် ပြေးထွက်သွားကြသည်။


ဒါရိုက်တာချိုက်က ခေါင်းခါယမ်းလိုက်ပြီး များများစားစားအာရုံမစိုက်ဘဲ နောက်တစ်ယောက်ကို ချက်ချင်းခေါ်လိုက်သည်။


ထိုသို့သော ကြမ်းတမ်းပြီး တင်းမာသည့် အငွေ့အသက်က ရယ်မောနေကြဆဲဖြစ်သော လူအုပ်ကြီးထဲမှ လူတစ်ယောက်ချင်းစီကို နှလုံးခုန်သံများ ဗုံသံကဲ့သို့ မြန်ဆန်သွားစေသည်။ ဇာတ်ညွှန်းစာရွက်ပေါ်တွင် မျက်လုံးများက အာရုံစူးစိုက်ထားကာ ထိုဇာတ်ညွှန်းကို အပြီးတိုင်ဖတ်ရှုရန် သန္နိဋ္ဌာန်ချထားသည့်စိတ်ဓာတ်ဖြင့် စာသားများကို အသည်းအသန် ရွတ်ဆိုနေကြသည်။


ကျိုးယွီဟယ်က ပြုံးလိုက်သည်။ ဤကလေးများ အလွန်ဂရုတစိုက် လုပ်ဆောင်နေကြသည်ကို သူ အပြစ်မမြင်ပေ။ အဘယ်ကြောင့်ဆိုသော် ချိုက်ရုန်ရှီးနှင့် ဖန်လင်း + လူငယ်ရုပ်ရှင်ဇာတ်ကားများ စသည့်ပေါင်းစပ်မှုမျိုးက အနုပညာရှင် အမြောက်အမြားကို ကျော်ကြားစေခဲ့ပြီး ဖြစ်သောကြောင့်ပင်။


ထို့အပြင် ဒါရိုက်တာချိုက်က ရုပ်ရှင်လောကတွင် သူရိုက်ကူးသည့် ဇာတ်ကားတိုင်းအတွက် အနုပညာရှင်အသစ်များကို အသုံးပြုလေ့ရှိသည့် ရှားရှားပါးပါး ဒါရိုက်တာကြီးများထဲမှ တစ်ဦးလည်း ဖြစ်သည်။


၎င်းက သူ ရိုက်ကူးနေသည့် ဇာတ်ကားအမျိုးအစားနှင့် သက်ဆိုင်သည်။


“လူငယ်ရုပ်ရှင်ဇာတ်ကား” များတွင် အဓိကဇာတ်လိုက်ကို “နုပျိုလန်းဆန်း” နေရန် လိုအပ်ပေသည်။


ဤသည်မှာ အသက်အရွယ် နုပျိုခြင်းသက်သက် မဟုတ်ဘဲ၊ “နုပျိုလန်းဆန်းမှု” ကို ဆိုလိုခြင်းဖြစ်ပြီး ပရိသတ်က တစ်ချက်ကြည့်လိုက်သည်နှင့် ပွင့်လန်းစပြုနေသည့် လူငယ်လေးနှင့် လူငယ်ဘဝ၏ လှပမှုကို မြင်တွေ့နိုင်ရပေမည်။ ၎င်းက ထိုသရုပ်ဆောင်တို့အတွက် ရုပ်သံဇာတ်လမ်းတွဲတွင် ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ခြင်းလည်း ဖြစ်ရပေမည်။*


၎င်းတို့နှစ်ဦး*(ဒါရိုက်တာနှင့်သရုပ်ဆောင်)က ရုပ်သံဇာတ်လမ်းတွဲတွင် ပူးပေါင်းလုပ်ဆောင်ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်သော်ငြားလည်း၊ သရုပ်ဆောင်တစ်ဦးဖြစ်လိုသည့် အိပ်မက်ရှိသော လူငယ်များအတွက်မူ ၎င်းသည် အရေးမကြီးပေ။


 â€œá€á€ťá€­á€Żá€€á€şá€›á€Żá€”á€şá€›á€žá€Žá€¸â€ ဟူသည့် စကားလုံးသုံးလုံးအတွက်ဆိုလျှင် သူတို့သည် မီးထဲပင် ကိုယ့်ကိုယ်ကိုယ် လှမ်းပစ်ချရန် ဝန်လေးမည် မဟုတ်ပေ။


၎င်းမှာ သူ၏ မှော်ဆန်မှုပင် ဖြစ်သည်။


သို့သော်လည်း ချွင်းချက်များ ရှိသည်။


လူပြည့်ကျပ်နေသော နောက်တန်းထိုင်ခုံများနှင့်မတူဘဲ၊ ရှေ့ဆုံးတန်းနှစ်တန်းမှာ အလွန်ဟင်းလင်းဖြစ်နေပြီး၊ လူအနည်းငယ်သာ ထိုင်နေကြသည်။ သူတို့က စိတ်အေးလက်အေး ပုံပေါက်နေကြပြီး၊ မေးစေ့များ အနည်းငယ် မော့ထားကြသည်။ ဇာတ်ညွှန်းစာရွက်များကို လက်ဖဝါးထဲတွင် တင်းတင်းဆုပ်ကိုင်ထားကြသည့် အခြားသူများကဲ့သို့ မဟုတ်ကြပေ။


သူတို့က နာမည်အနည်းငယ်ရှိနေပြီဖြစ်သည့် သရုပ်ဆောင်မျိုးဆက်သစ်လေးများ ဖြစ်နေကြပြီဖြစ်ရာ၊ သဘာဝအတိုင်းပင် အခြားသူများထက် အရေးပါသော အခြေခံအရည်အချင်းများ ရှိနေကြသည်။


ကျိုးယွီဟယ်က ဤအမျိုးအစားထဲတွင် မပါဝင်သည်မှာ သေချာပေသည်။ သူထိုင်နေသည့် တတိယတန်းက အုပ်စုအကြားတွင် အနိမ့်ဆုံးနေရာ ဖြစ်သည်။


သရုပ်ဆောင်ရွေးပွဲကျင်းပရာ နေရာက ပြဇာတ်ရုံဖြစ်နေခြင်းကြောင့် စင်မြင့်က ပရိသတ်နှင့် အနည်းငယ် ကွာဝေးနေပြီး၊ ပါဝင်သူများက မိုက်ခရိုဖုန်း ယူဆောင်လာခြင်း မရှိသောကြောင့် ပြိုင်ဘက်၏ အခြေအနေကို လေ့လာလိုလျှင် တတ်နိုင်သမျှ ရှေ့သို့ တိုးဝှေ့ထိုင်ရမည် ဖြစ်သည်။ ကျိုးယွီဟယ် သန့်စင်ခန်းမှ ပြန်လာချိန်တွင် သူ့ထိုင်ခုံနေရာကို လူတိုင်းက ချန်ထားပေးခဲ့ခြင်းမှာ သူ၏ ကုမ္ပဏီဖိအားနှင့် သူ့မျက်နှာကို အနည်းငယ် သိနေခြင်းတို့ကြောင့် ဖြစ်သည်။


စန်အန်းသည်လည်း သူ့မျက်နှာတွင် စိတ်ပျက်ဒေါသထွက်သည့် အမူအရာဖြင့် သန့်စင်ခန်းမှ ပြန်ရောက်လာသည်။ ကျိုးယွီဟယ်က လူအုပ်အလယ်တွင် ကြပ်ညပ်နေသည်ကို မြင်လိုက်ရသောအခါ သူရုတ်တရက် အနည်းငယ် ဂုဏ်ယူမိသွားသည်။ သူက ကျိုးယွီဟယ်ကို တစ်ချက်ကြည့်လိုက်ပြီး ဗလာဖြစ်နေသော ဒုတိယတန်းတွင် ဝင်ထိုင်လိုက်သည်။


ကျိုးယွီဟယ်က ဤအသေးစိတ်အချက်များကို ဂရုမစိုက်ပေ။ သူ့စိတ်အာရုံတစ်ခုလုံးက လက်ထဲမှ ဇာတ်ညွှန်းပေါ်တွင်သာ ရှိနေသည်။


သူ ယခင်က ထိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ဖူးသော်လည်း၊ ၎င်းမှာ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်က ဇာတ်ကားဖြစ်သည့်အတွက် အသေးစိတ်အချက်အလက်များစွာတို့ကို ဝေဝါးနေပြီဖြစ်သည်။


ကောင်းသည့်အရာတစ်ခုမှာ ဤဇာတ်ဝင်ခန်းသည် ထိုအချိန်က သရုပ်ဆောင်ရွေးပွဲမတိုင်မီ ညတွင် ကျိုးယွီဟယ်က စန်အန်းကို အဖော်ပြုပေးကာ အကြိမ်ပေါင်းများစွာ ပြန်လည်လေ့ကျင့်ပေးခဲ့သည့် ဇာတ်ဝင်ခန်းဖြစ်သောကြောင့် ယခု သေချာစဉ်းစားကြည့်သည့်အခါ မှတ်ဉာဏ်အောက်ခြေမှ မေ့လျော့နေခဲ့သော အရာများက ရေလွှမ်းမိုးသကဲ့သို့ ပြန်လည်ပေါ်ထွက်လာသည်။


ပြည့်စုံလုနီးပါး ဖြစ်နေပြီ…


ဂရုတစိုက်ဖြင့် အကြိမ်အနည်းငယ်ခန့် သေချာပြန်လည်သုံးသပ်ပြီးနောက် ကျိုးယွီဟယ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ခေါင်းမော့လိုက်သည်။


ခန်းမထဲမှ သရုပ်ဆောင်စစ်ဆေးမှုများမှာ တစ်ဝက်ကျော်ခန့် ပြီးဆုံးနေပြီဖြစ်ပြီး၊ ဒါရိုက်တာချိုက်နှင့် ဇာတ်ညွှန်းရေးဆရာမလင်းတို့က သရုပ်ဆောင်စစ်ဆေးခံနေသူများကို ဝေဖန်သုံးသပ်သည့်အကြည့်များဖြင့် လှည့်ပတ်ကြည့်ရှုနေကြသည်။ တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည့်အလား ပြဇာတ်ရုံဝင်ပေါက်ကိုလည်း အချိန်တိုင်း ကြည့်နေကြသည်။


“သူတို့ ဘယ်သူ့ကို ကြည့်နေတာလဲ…” 

နောက်နားက မိန်းကလေးတစ်ဦးက ဘေးမှ လူငယ်လေးကို တိုးတိုးလေး မေးလိုက်သည်။


ထိုလူငယ်လေးက နောက်လှည့်ကြည့်လိုက်သည်။

“ငါလည်း မသိဘူး… ဒီသရုပ်ဆောင်ရွေးပွဲအတွက်တော့ အဓိကဇာတ်လိုက်ရှန်းယန်နေရာက သရုပ်ဆောင်ကလည်း ကူညီပေးဖို့ လာမယ်လို့ ပြောတယ်…”


ထိုမိန်းကလေးမှာ အံ့အားသင့်သွားပြောသည်။

“ဒီနှစ်ယောက်က အကြံပေးမယ့်သူကို လိုသေးတာလား…” 


လူငယ်လေးက ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်… သူက သရုပ်ဆောင်တစ်ယောက်လို့ ကြားတယ်…” 


ထိုမိန်းကလေးမှာ ပို၍ပင် အံ့အားသင့်ကာ ပြောလိုက်သည်။

"ဒါရိုက်တာချိုက်က လူငယ်ရုပ်ရှင်တွေအတွက် သရုပ်ဆောင်အသစ်တွေပဲ ရွေးတယ်ဆို…" 


“ရှင်းရှင်းလင်းလင်းတော့ မသိဘူး… စောင့်ကြည့်ရမှာပဲ… မေးမနေနဲ့တော့…”


“အင်း…”


……..


နောက်တန်းရှိ ထိုနှစ်ဦး၏ မှတ်ချက်စကားများက ကျိုးယွီဟယ်၏ရင်ထဲသို့ ငှက်မွေးတစ်မျှင်ကဲ့သို့ ဖွဖွလေး ကျရောက်သွားသည်။


သူက ရှေ့ဆုံးမှ စားပွဲရှည်နေရာလွတ်ကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် အနည်းငယ် စိတ်မငြိမ်မသက် ဖြစ်သွားသည်။


သူတို့ မည်သူ့ကို စောင့်နေသည်ကို သူ သိသည်။


ရှဲ့ယိဖုန်း...


ထိုစကားလုံးသုံးလုံးကို မျိုချလိုက်လျှင်ပင် ၎င်း၏အရသာသည် သူ၏နှုတ်ခမ်းနှင့် သွားများကြားတွင် ပျံ့နှံ့နေပေလိမ့်မည်။


ရှဲ့ယိဖုန်းသည် အဓိကဇာတ်ကောင် “ရှန်းယန်”ဖြင့် ပြန်လည်နုပျိုခြင်း (Rejuvenation) ဇာတ်ကားတွင် “မတော်တဆ” နာမည်ကြီးလာခဲ့သော အဓိက သရုပ်ဆောင်ဖြစ်သည်။


၎င်းမှာ မတော်တဆဖြစ်သော်လည်း မလွဲမရှောင်သာပေ။


ရှဲ့ယိဖုန်းက အသက် ၁၂ နှစ်အရွယ်တွင် ကလေးသရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး၊ ပွဲဦးထွက်ပြီး နှစ်နှစ်အတွင်း အလျင်အမြန် လူကြိုက်များလာကာ နောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်တွင် သူက လူသစ်တစ်ယောက်အနေဖြင့် ကြိုးစားသင်ယူခဲ့ပြီး ရိုက်ကွင်းနှင့် လုပ်ရိုးလုပ်စဉ် အမြောက်အမြားကို ဖြတ်ကျော်ခဲ့ရသည်။


ဆယ်နှစ်တာကာလက သူ၏ဘဝတွင် ပေါ့ပါးသော မြင်းဖြူတစ်ကောင်ကဲ့သို့ ဖြစ်ခဲ့သည်ဟု ထင်ရသော်လည်း သူ၏ဝမ်းနည်းမှုနှင့် ခါးသီးမှုများကိုမူ သူတစ်ဦးတည်းသာ သိပေသည်။  


နောက်ဆုံးတွင် ဆယ်နှစ်ကြာ တိတ်ဆိတ်နေခဲ့သော ရှဲ့ယိဖုန်းက အသက် ၂၄ နှစ်အရွယ်တွင် ရုပ်ရှင်ဧကရာဇ်ရွှမ်းထုံ ဇာတ်ကားထဲမှ ပူယီအဖြစ် သရုပ်ဆောင်ခဲ့သည့် ဇာတ်ကောင်ကြောင့် ပြည်တွင်းပြည်ပ ရုပ်ရှင်ဆု စုစုပေါင်း ခုနစ်ဆုကို ရရှိခဲ့ပြီး၊ ယင်းသည် ရုပ်ရှင်သမိုင်းမှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့ကာ ထိုအချိန်မှစ၍ သူ၏အနေအထားက အရှိန်အဟုန် ကောင်းမွန်နေခဲ့သည်။


ထိုအချိန်မတိုင်မီတွင် သူက အောင်မြင်မှုများစွာရရှိခဲ့သော လူငယ်သရုပ်ဆောင်တစ်ဦး ဖြစ်သော်လည်း သူ့ကို စိတ်ဝင်စားသူ မည်သူမျှ မရှိခဲ့ပေ။


သူ၏ ကျော်ကြားမှုက  “Youth Again” ဇာတ်ကားကို တစ်ချိန်တည်း ပြသနိုင်ခဲ့ရုံသာမက အခြားသော ဂန္ထဝင်ဆန်သော်လည်း မှေးမှိန်နေခဲ့သော လက်ရာများကိုပါ ပရိသတ်များက အကြိမ်ကြိမ် ကြည့်ရှုခဲ့ပြီး အံ့ဩခဲ့ကြရသည်။


တရုတ်ရုပ်ရှင်သမိုင်းတစ်လျှောက် ဆုအများဆုံးရရှိခဲ့သည့် ရုပ်ရှင်မင်းသား ရှဲ့ယိဖုန်းက နိုင်ငံ၏ ရတနာတစ်ပါးဖြစ်ပြီး ကျိုးယွီဟယ်၏ ယခင်ဘဝတွင် အရေးအပါဆုံးသော ပုဂ္ဂိုလ်များထဲမှ တစ်ဦးလည်းဖြစ်သည်။


သူ့ယခင်ဘဝ၌ ကျီချန်၏ အကြီးမားဆုံးရန်သူမှာ ရှဲ့ယိဖုန်း ဖြစ်ခဲ့သည်။ ထို့ကြောင့် ကျိုးယွီဟယ်သည်လည်း သူ့ကို မကြိုက်မနှစ်သက်ခဲ့ပေ။ သို့သော် မီးလောင်ပြီးနောက်တွင် ကျီချန်က သူ့ဘဝမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သော်လည်း ရှဲ့ယိဖုန်းကမူ သူ့ကို ပိုမိုဂရုစိုက်ခဲ့သည်။ ထိုအချိန်တွင် ရွှေနဂါးဆုအတွက် ဆန်ခါတင်စာရင်းဝင်စေခဲ့သော ဇာတ်ကောင်ကိုပင် ရှဲ့ယိဖုန်းက သူ့အား မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။


သူက ရှဲ့ယိဖုန်းအား ကျေးဇူးရှင်နှင့် အချစ်ဆုံးသူငယ်ချင်းအဖြစ် သဘောထားခဲ့သော်လည်း ဤပုဂ္ဂိုလ်သည် သူ ထင်ထားသည်ထက်ပင် သူ့အတွက် ပိုမိုအရေးပါနိုင်ကြောင်း သူ မသေဆုံးမီတွင် စိတ်ထဲ၌ လင်းလက်သွားသော ပုံရိပ်များက ပြောပြနေခဲ့သည်။


ဤအကြောင်းကို တွေးမိသောအခါ၊ ကျိုးယွီဟယ်၏ စိတ်ခံစားချက်က အကြောင်းပြချက်မရှိဘဲ တောင့်တင်းလာခဲ့သည်။


ထို့နောက်တွင် သူက သူ့ရှေ့၌ ဦးထုပ်ဆောင်းထားသော လူငယ်တစ်ဦး ထိုင်နေသည်ကို မြင်လိုက်ရသည်။


သူ့ရင်ခုန်သံမှာ ရုတ်တရက် အရှိန်မြှင့်လာခဲ့သည်။


ကျိုးယွီဟယ်က သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ လှည့်ကြည့်လိုက်ရာ သူ၏ ကြည့်ရှုထောင့်က ထိုသူ၏ ဘေးတိုက်မျက်နှာ၏ ချောမွေ့သောလိုင်းများနှင့် ယောက်ျားပီသပြီး ဆွဲဆောင်မှုရှိသော လည်စေ့ကို မြင်နိုင်ရန် အလွန်သင့်လျော်နေခဲ့သည်။

  

ထိုလူငယ်လေးက ခြေထောက်ရှည်များကို လှပစွာ ယှက်တင်လျက် ထိုင်ချလိုက်သည်။ သူ၏ဘယ်ဘက်လက်တွင် ဇာတ်ညွှန်းကို ကိုင်ထားပြီး ညာဘက်လက်ကို စားပွဲပေါ်သို့ ဖွဖွလေး တင်ထားကာ တစ်ချိန်တည်းတွင် စင်မြင့်ကိုကြည့်လိုက်၊ စိတ်ဝင်စားဟန်ဖြင့် ပြုံးလိုက် လုပ်နေသည်။


ထိုသို့ ထိုင်နေရုံဖြင့်ပင် သူ့ပတ်ဝန်းကျင်သို့ နက်နဲပြီး အစွမ်းထက်သည့် လွှမ်းမိုးမှုတစ်ရပ် ပျံ့နှံ့နေသည်။


သူ့ပတ်ဝန်းကျင်တွင် တီးတိုးပြောသံများ စတင်ဖြစ်ပေါ်လာသည်။


လူအချို့က ထိုသို့ပင် ဖြစ်သည်။ ဘာမှ မလုပ်ဘဲနေသော်လည်း ထင်ရှားနေတတ်သည်။


ထိုကဲ့သို့သော အရှိန်အဝါ၊ သြဇာနှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမျိုးကို ဤမျှငယ်ရွယ်သော သရုပ်ဆောင်တစ်ဦး၌ မြင်တွေ့ရခြင်းမှာ မဖြစ်သင့်ပေ။


၎င်းမှာ မလွယ်ကူသော ခံစားချက်ဖြစ်သည်မှာ သေချာသည်။


အထူးသဖြင့်... သူ့ကို မသိဘဲနှင့်ဆိုလျှင် ပို၍ပင် ဖြစ်သည်။


ထိုလူငယ်လေးအတွက် နေရာဖယ်ပေးပြီး ကျိုးယွီဟယ်၏ ရှေ့တည့်တည့်တွင် ထိုင်လိုက်သူမှာ ပြီးခဲ့သည့်နှစ်က ထျန်းချန်ရုပ်မြင်သံကြားမှ လက်မှတ်ထိုးခန့်အပ်ထားသော နာမည်ကျော် လူသစ် ဟန်ချန် ဖြစ်သည်။ သူက ဝေ့ပေါ် ပေါ်တွင် Follower သုံးသန်းရှိပြီး သရုပ်ဆောင်စစ်ဆေးပွဲတစ်ခုလုံးတွင် အလုံးစုံစွမ်းရည် အကောင်းဆုံးရှိသူ အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်သည်။


ဟန်ချန်က ထိုလူငယ်လေး အလွန်စိတ်အားထက်သန်စွာနှင့် သူ့နေရာမှန်ကို ရောက်လာပုံပေါ်သည်ကို မြင်သောအခါ သေချာစွာ မကြည့်ဘဲ နေရာပေးလိုက်သည်။ ထိုင်ပြီးနောက် မျက်နှာကို အနီးကပ်ကြည့်လိုက်မှသာ တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။


ဟန်ချန်က ထိုလူငယ်လေးကို လက်ဖြင့် တွန်းတိုက်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“ဟေး ဘယ်ကုမ္ပဏီကလဲ…”


ထိုလူငယ်လေးက မော့ကြည့်လာပြီး ဟန်ချန်ကို ခဏမျှ စိုက်ကြည့်လိုက်သည်။ ထို့နောက် လူပြည့်နေသော နောက်တန်းနှင့် လွတ်နေသော ရှေ့တန်းကို ပြန်ကြည့်လိုက်ရာ သူသည်လည်း ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားသည်။


ရေးသားထားသော စည်းမျဉ်းများ မရှိသော်ငြားလည်း ဖျော်ဖြေရေးနယ်ပယ်က ဆေးဆိုးခံ ပန်းအိုးကြီးသဖွယ် ဖြစ်ရာ၊ လောကဓမ္မတာကို မသိသူ မရှိပေ။  ဤအခြေအနေကို ကြည့်ခြင်းဖြင့် ရှေ့ဆုံးအတန်းနှစ်တန်းမှ လူများက အဆင်ပြေသလိုထိုင်နေခြင်းမဟုတ်ကြောင်း သိနိုင်ပေသည်။


ဟန်ချန်က ထိုလူငယ်လေး၏ လုပ်ရပ်များကို ကြည့်ကာ တောင်းပန်သည့် မျက်နှာပေးဖြင့် ထွက်သွားလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ထိုလူငယ်လေးက သူ၏ အာရုံစိုက်မှုကို လက်ထဲမှ ဇာတ်ညွှန်းဆီသို့ ပြန်လည်ပို့ဆောင်လိုက်ပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။

"Oneworld Picturesက ပါ…" 


“Oneworld Pictures” ဟူသော စကားကို ကြားလိုက်သောအခါ ဟန်ချန်မှာ လုံးဝ စိတ်ပြေလျော့သွားပြီး ထိုလူငယ်အပေါ် သူ၏ သဘောထားက ပို၍ပင် မောက်မာလာခဲ့သည်။ သူက ထိုလူငယ်လေး၏ ဖိနပ်ကို ခြေထောက်ဖြင့် ကန်လိုက်ကာ ပြောသည်။

“ဒါ မင်းထိုင်ရမယ့်နေရာ မဟုတ်ဘူးကွ…” 


ထိုလူငယ်လေးက ရယ်လိုက်ပြီး မေးသည်။

“ဘာလို့လဲ…” 


“လူတွေဘေးမှာ ထိုင်ရတာ ငါ မကြိုက်လို့…”


“သြော် ဟုတ်လား…”

သူက ပြောပြီး တစ်ဖက်လူကို ဆက်မကြည့်တော့ပေ။ သူ၏ အစောပိုင်း အဖြေသည်ပင် “အလိုအလျောက် အကြောင်းပြန်ခြင်း” သာဖြစ်သည်ဟု ထင်ရသည်။

 

ဟန်ချန်က ထိုလူငယ်လေး၏ အပြောအဆို မချေငံမှုကို မြင်သောအခါ အခြားစကားတစ်ခုခု ပြောရန် ပြင်ဆင်လိုက်စဉ် ကျိုးယွီဟယ်၏ အေးစက်သောအသံက သူ့နောက်မှ ထွက်ပေါ်လာသည်။

“မင်း ငါ့ကို ကွယ်နေတယ်…”


ဟန်ချန်က အရပ်ပိုရှည်ပေမယ့် အတိအကျကို ဒီအချိန်ကြီးမှ...


ဟန်ချန်က ကျိုးယွီဟယ်ကို နောက်လှည့်ကြည့်ပြီး တင်းမာနေသောလေသံဖြင့် မေးလိုက်သည်။

“မင်းက ဘယ်သူလဲ…” 


“I.S ဖျော်ဖြေရေးကုမ္ပဏီက ကျိုးယွီဟယ်…”


I.S ဖျော်ဖြေရေးကုမ္ပဏီက တရုတ်နိုင်ငံရှိ အကြီးဆုံး အေဂျင်စီများထဲမှ တစ်ခုဖြစ်ပြီး အာရှရှိ ဂုဏ်သိက္ခာအရှိဆုံး အိုင်ဒေါများ မွေးထုတ်ရာဌာနလည်း ဖြစ်သည်။ နှစ်များတစ်လျှောက် နာမည်ကျော် အိုင်ဒေါအဖွဲ့များ မည်မျှ ထုတ်လုပ်ခဲ့သည်ကို သူ မသိပေ။ ၎င်း၏ သရုပ်ဆောင်အဖွဲ့ခွဲကို မကြာသေးမီကမှ စတင်ခဲ့သော်လည်း ကြီးမားသော ကုမ္ပဏီကြီး ဖြစ်သည်မှာ သေချာပေသည်။


“I.S ဟုတ်လား…”

ဟန်ချန်၏ လေသံမှာ အနည်းငယ် ညင်သာသွားငည်။ သူက ကျိုးယွီဟယ်၏ မျက်နှာကို ကြည့်ကာ၊ သူ့စိတ်ထဲတွင် ကျိုးယွီဟယ်ကို အလှပန်းအိုး (ရုပ်ရည်ချောမောပြီး တုံးအသူ) တစ်ဦးနှင့် အလိုအလျောက် တန်းတူထားလိုက်သည်။

“ဒါက အိုင်ဒေါတွေ လာရမယ့်နေရာ မဟုတ်ဘူး… ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ်ဆိုရင် စောစောထွက်သွားပါ… I.S ရဲ့ မျက်နှာကို မဖျက်နဲ့…”


အိုင်ဒေါများနှင့် သရုပ်ဆောင်များကြားတွင် အစဉ်အလာအရ အထင်အမြင်သေးသည့် ကွင်းဆက်တစ်ခု ရှိနေပုံရသည်။ ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင်ဟု သတ်မှတ်သူများစွာ၏ ထင်မြင်ချက်အရ အိုင်ဒေါများသည် သူတို့၏ မျက်နှာနှင့် သရုပ်သကန်အပေါ်တွင်သာ အခြေခံ၍ ပရိသတ်အများအပြားကို ဆွဲဆောင်နိုင်ကြသည်။ 


သူတို့က အဲလို လွယ်လွယ်ကူကူ အောင်မြင်နိုင်နေပါရက်နဲ့ ဘာလို့ သရုပ်ဆောင်တစ်ယောက်ရဲ့ အလုပ်ကို လာခိုးနေရတာလဲ…



🔥🔥🔥