အခန်း ၁၂ မကျေနပ်မှုများ
ဝံပုလွေကို အမဲလိုက်ရန်
ထွက်ခွာသွားသည့်အဖွဲ့က ဝံပုလွေများနှင့်
ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် ပြန်ရောက်လာကြသည်။ သူတို့အထဲမှ
လူအများအပြားတွင် ဒဏ်ရာအနည်းငယ်စီ
ရရှိခဲ့သော်လည်း
ခွန်အားအပြည့်နှင့်
တိုက်ပွဲမှ လွတ်မြောက်လာနိုင်ကြသည်။
စုန့်တင်းရှန်း
အပြေးရောက်လာသည့်အချိန်တွင်
ရွာမှ အမည်မသိလူငယ်တစ်ဦးက ဝံပုလွေများအား ရိုက်နှက်ခဲ့ပုံကို သိုင်းဝိုင်းချဲ့ထွင်ကာ အားရပါးရ
ပြောပြနေခဲ့သည်။
“ငါ
ပြောပြမယ်၊
ဒီဝံပုလွေတွေက အရမ်းကို ပါးနပ်တယ်။ ငါတို့အားလုံး
ဘေးကင်းပြီအထင်နဲ့
အနားယူနေတဲ့ ညသန်းခေါင်မှာ
သူတို့တွေက
ခိုးကြောင်ခိုးဝှက် ရောက်လာတာကွ။ အဲ့တာက
အရမ်းကြောက်စရာကောင်းတယ်။ အမှောင်ထဲက စိုက်ကြည့်နေတဲ့ အစိမ်းရောင်မျက်လုံးကြီးတွေက
တကယ်ကို ကြောက်စရာကောင်းလွန်းတယ်!”
သူက
ပို၍ပင် စိတ်လှုပ်ရှားလာပုံဖြင့် "ဒါပေမယ့် ကျူးဇီရဲ့ အမြှော်အမြင်ရှိပုံကို
ကျေးဇူးတင်ရမယ်၊ သူက ငါတို့ကို တစ်ညလုံး အလှည့်ကျ ကင်းစောင့်ဖို့ ပြောပြီး ငါတို့
တစ်ညလုံး အဲဒီအကောင်တွေ မကပ်လာအောင် တားထားနိုင်ခဲ့တယ်။ မိုးလင်းတော့ လူကြီးတွေက
လေးတွေ မြှားတွေ ယူပြီး သူတို့နောက်ကို လိုက်သွားကြတယ်၊ ငါတို့ လူငယ်တွေက
ဂူပေါက်ဝကို ပိတ်ဆို့ထားပြီး ကျွံဝင်လာတဲ့ ကောင်တွေကို အဆင့်သင့်
စောင့်ခုတ်ရုံပဲ"
"ပြီးတော့ ခွေးတွေလည်း
ရှိသေးတယ်၊ သူတို့ကလည်း အရမ်းကို
ကြမ်းတမ်းကြတယ်။
မင်းတို့
ကြည့်လိုက်... အဲ့အဝါရောင်ခွေကြီးကို တွေ့လား? သူက ဝံပုလွေခေါင်းဆောင်ကို
ရင်ဆိုင်ပြီး အသားကုန် အူတာ၊ မင်းတို့ မကြားလိုက်ရတာ ကံကောင်းတယ်၊ အဲ့တာက ငါတို့ကို အရမ်းကြောက်လန့်စေတယ်"
ဝံပုလွေနှစ်ဆယ်နီးပါး၏
ခန္ဓာကိုယ်များကို ရွာလယ်ရှိ
ဂျုံများ
အခြောက်လှမ်းသည့် တလင်းပြင်တွင် နေရာချထားပြီး စုန့်ကျစ်ယွမ်နှင့် စုန့်ကျွင်းရှန်တို့က သူတို့ သားသတ်ဓားများကို
ကိုင်ဆောင်ကာ
အေးခဲနေသော ဝံပုလွေများ၏ အရိုးများနှင့်
အရေခွံများကို ဖယ်ထုတ်နေကြသည်။ စောင့်ကြည့်ရန် လူအများအပြား ဝိုင်းဖွဲ့လာကြပြီး အနီးနားရှိ
ရွာများမှ လူများလည်း တယောက်ပြီး တယောက် ရောက်လာကြသည်။
စုန့်တင်းရှန်းက
ကျိုးယိနိုကို
တစ်ချက်ရှာကြည့်လိုက်ပြီး သူက လူအုပ်ထဲတွင် မတ်တပ်ရပ်နေသည်ကို
တွေ့လိုက်ရသည်။ သူက
ခေါင်းငုံ့နေပြီး ရွာလူကြီးနှင့် တစ်ခုခု ပြောနေပုံရသည်။ သူ့ပတ်ဝန်းကျင်တွင်
ရှုပ်ထွေးနေသော်လည်း စုန့်တင်းရှန်းက ကျိုးယိနို၏ သူ့ကိုယ်သူ
ယုံကြည်မှုအပြည့်နှင့် အေးဆေးတည်ငြိမ်မှုကို သတိမပြုဘဲ မနေနိုင်ခဲ့ပေ။
"ကျူးဇီ၊ မင်းမိန်းမက
မင်းကို
ရှာဖို့
ရောက်လာပြီ"
စူးရှသောအမြင်ရှိသည့်
တစ်စုံတစ်ယောက်က စုန့်တင်းရှန်းကို မြင်သွားပြီး အမြန်အော်ပြောလိုက်သည်။
ကျိုးယိနိုက
လှည့်ကြည့်လိုက်ပြီး စုန့်တင်းရှန်းကို တွေ့သွားချိန်တွင်
သူမျက်နှာက
နီရဲလာခဲ့သည်။ သူက သူမဆီသို့ ပြေးလာပြီး အပြုံးဖြင့်
နှုတ်ဆက်လိုက်သည်။
"တင်းရှန်း"
"ရှင် အဆင်ပြေရဲ့လား?"
စုန့်တင်းရှန်းက
ကျိုးယိနိုကို
ဂရုတစိုက် ကြည့်လိုက်ပြီး
ဒဏ်ရာရနေသည့် လက္ခဏာများ ရှိ မရှိ စစ်ဆေးလိုက်သည်။
ကျိုးယိနိုက ခေါင်းခါပြလိုက်ပြီး
သူမ စိတ်အေးစေရန် ထပ်ပြုံးလိုက်ကာ "ငါ အဆင်ပြေပါတယ်"
"အိုက်ယား... မရီးရေ၊ မင်းယောက်ျားက
အရမ်း
အဆင်ပြေပါတယ်၊
ငါ သူ့ရဲ့အပြုအမူတွေကို
မြင်ခဲ့တယ်။
သူက ပိန်ပေမယ့်
အရမ်းသန်မာတယ်။
သူ
သူ့ဓားရှည်ကို တစ်ချက်
လှုပ်ရမ်းပြီး
လွှဲလိုက်တာနဲ့ ဝံပုလွေရဲ့လည်ပင်းက တစ်ဝက်နီးပါး
ပြတ်သွားတယ်"
ရွာသားတစ်ယောက်က
ကျယ်လောင်သောအသံဖြင့်
ဝင်ပြောလိုက်ပြီး ထိုလူငယ်လေးက စုတ်တသတ်သတ် ဖြစ်နေကာ သူ့မျက်လုံးများတွင် သဘောကျမှုများ ပြည့်နှက်နေလေသည်။
"ရှင် ဘာမှ
မဖြစ်သရွေ့ အဆင်ပြေပါတယ်..."
စုန့်တင်းရှန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး မြေပြင်ပေါ်မှ ဝံပုလွေအသေကောင်များကို
ကြည့်ကာ "ဒီဝံပုလွေတွေကို ဘယ်လိုလုပ်ကြမှာလဲ?"
ကျိုးယိနိုက "ဝံပုလွေအရေခွံနဲ့ အသားတွေကို မြို့ထဲကထက် သက်သာတဲ့ဈေးနဲ့
ရောင်းပေးမယ်လို့ ရွာလူကြီးက
ပြောတယ်။ လိုချင်တဲ့သူက ငွေပေးချေပြီး ယူနိုင်တယ်။ ဝံပုလွေအမဲလိုက်တဲ့အဖွဲ့ကလူတိုင်းကတော့
အသားနှစ်ကျင်းပိုရလိမ့်မယ်။ ဝံပုလွေအရေခွံတွေကိုတော့
တစ်ဝက်စျေးနဲ့ ရနိုင်လိမ့်မယ်”
"ဒါဆို
ဝံပုလွေအရေခွံနည်းနည်းဝယ်ကြရအောင်"
စုန့်တင်းရှန်းက
ဝံပုလွေအသေကောင်များကို ကြည့်ရန် သူမ၏လည်ပင်းကို ဆန့်ထုတ်လိုက်သည်။ သူမ ယခင်က
တိရစ္ဆာန်ရုံရှိ လှောင်အိမ်၏အတွင်းမှ ဝံပုလွေများကိုသာ အဝေးမှ မြင်ဖူးခဲ့ပြီး
ဤမျှနီးကပ်စွာမြင်လိုက်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ထိုဝံပုလွေများ၏
အမွေးများက
အလွန်ထူထဲပြီး နွေးထွေးနေပုံရသောကြောင့်
ဆောင်းရာသီအတွက် ပြီးပြည့်စုံလှသည်။
ဝံပုလွေအရေခွံနှင့်
ဝံပုလွေအသားများကို စျေးပေါပေါဖြင့် ရောင်းချပေးခဲ့ပြီး
ရရှိလာသည့် ငွေများကို
ဝံပုလွေလိုက်ခဲ့သည့်
မုဆိုးအုပ်စုအား ခွဲဝေပေးခဲ့သည်။
နောက်ဆုံးတွင်
ထိုအရာက ခက်ခက်ခဲခဲ ရရှိသောငွေ ဖြစ်ပြီး အနီးနားမှ ရွာတော်တော်များများအတွက်
ဝံပုလွေပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့သည့်အတွက် မည်သူကမျှ ဘာမှ မပြောကြပေ။
ဝံပုလွေအသားက
နည်းနည်းငယ်ညှီသော်လည်း
မှန်ကန်သောနည်းလမ်းဖြင့် ချက်ပြုတ်နိုင်လျှင် အံ့သြစရာကောင်းလောက်အောင်
အရသာရှိလှသည်။ လူတိုင်းအတွက် အသားနှင့်
ဆီ အလုံအလောက်မရှိသည့်အချိန်
ဖြစ်သည့်အပြင် ဝံပုလွေအသားက
ဝက်သားထက် နှစ်ဝမ်ခန့်ပို
စျေးသက်သာသောကြောင့်
လူများစွာက
၎င်းကို ခြင်းတောင်းဖြင့် လာဝယ်ကြသော်လည်း ဝံပုလွေအရေခွံများကို
ဝယ်ယူသူကတော့ နည်းပါးလှသည်။ ဝံပုလွေ၏စျေးအကြီးဆုံးအစိတ်အပိုင်းက
၎င်း၏သားမွေးဖြစ်ပြီး ပြီးပြည့်စုံသော သားမွေးတစ်ခုက အနည်းဆုံး ငွေတစ်လျန်
သို့မဟုတ် နှစ်လျန်ခန့် တန်ဖိုးရှိသည်။ ပျက်ဆီးနေသော ဝံပုလွေအရေခွံများက
ပိုစျေးသက်သာသော်လည်း ဝယ်ယူချင်သည့်သူများလည်း ရှိနေပြီး အမြန်ကုန်သွားခဲ့သည်၊
သူတို့က ကြီးကြီးမားမား မလိုအပ်ပဲ အပိုင်းသေးလေးများဖြင့် ဒူးစွပ်များ
ပြုလုပ်ရန် စိတ်ကူးထားကြသောကြောင့် အများစုက
လက်တွေ့အသုံးဝင်သည့်အရာကိုသာ ရွေးဝယ်ကြခြင်း ဖြစ်သည်။
စုန့်ကျစ်ယွမ်က
ဝံပုလွေအသားငါးကျင်း
ဝယ်ခဲ့သော်လည်း ကျိုးယိနို ဝေစုရခဲ့သည့်
အသားနှစ်ကျင်းနှင့်ပေါင်းလျှင် စုစုပေါင်းအသားခုနစ်ကျင်း ရရှိခဲ့သည်။ ထိုပမာဏက
မိသားစုတစ်စုလုံးအတွက် နွေးနွေးထွေးထွေးနှင့် စိတ်ကျေနပ်ဖွယ် စားနိုင်စေမည့်
ဟင်းတစ်ခွက်ကို ချက်ကာ စားပွဲအပြည့်တည့်ခင်းနိုင်မည့် အရသာရှိသော စွပ်ပြုတ်ကို
ချက်ပြုတ်ရန် လုံလောက်နေပြီး စွပ်ပြုတ်က
ဆောင်းရာသီ၏အေးခဲမှုကို သက်သာစေပေလိမ့်မည်။
စုန့်တင်းရှန်းအတွက် ထူထဲပြီး
သက်တောင့်သက်သာရှိစေမည့် အိပ်ရာခင်းများ ပြုလုပ်ရန် ဝံပုလွေအရေခွံခြောက်ခု
ဝယ်ပေးရန် တောင်းဆိုခဲ့ပြီး
စုန့်မိသားစုမှ သက်ကြီးရွယ်အိုနှစ်ဦးအတွက် ဝံပုလွေအခင်းတစ်ခုစီ ထည့်တွက်ထားပြီး
သူတို့အိမ်၏ချွေးမများအတွက်လည်း
ထည့်တွက်ထားခဲ့သည်။
အထူးသဖြင့် လက်ရှိတွင် ကျင်းချောင်းအာက ကိုယ်ဝန်ဆောင်နေရပြီး အအေးဒဏ်ကြောင့် တုန်တုန်ယင်ယင် ဖြစ်နေရသည်။ ထို့ကြောင့် သူမအတွက်
နွေးထွေးစေမည့် ဝံပုလွေအခင်းတစ်ခု လိုအပ်နေခဲ့သည်။
ရွာထဲမှ လူတစ်စုကတော့ ဝံပုလွေအရိုးများကိုပင် ဝိုင်းဖွဲ့ဝယ်ယူနေကြသည်။ ဆင်းရဲနွမ်းပါးသော
ရွာသားများက အရသာရှိသော ဟင်းချိုတစ်ခွက် ဖန်တီးနိုင်ရန် ထိုအရိုးတွင်
တွယ်ကပ်နေသေးသော အသားများကို ကောင်းစွာ အသုံးချနိုင်ကြသည်။ သူတို့က ထိုအသားစလေးများကို
ဟင်းရည်ချက်ခြင်း သို့မဟုတ် အသီးအရွက်ဖြင့်ရောကြော်ခြင်းမျိုး ပြုလုပ်ကြပြီး
မည်သည့်အရာကိုမျှ ဖြုန်းတီးမည် မဟုတ်ပေ။
ပုံပျက်နေသော
ဝံပုလွေအရေခွံများလည်း အများကြီး
ရောင်းချခဲ့ရသည်။
ဖန့်ရှီပင်လျှင် မိသားစုရှိ လူတိုင်းအတွက်
ဒူးခေါင်းစွပ်များကို
ပြုလုပ်ရန်
လူရေတွက်ပြီး
နူးညံ့ပျော့ပျောင်းသော
အရေခွံအပိုင်းအစအချို့ကို ဂရုတစိုက်
ရွေးချယ်ကာ
ဝယ်ယူခဲ့သည်။
ဝံပုလွေ အကောင်နှစ်ဆယ်ကျော်ကို
ရွာသားများက
ဘာအကြွင်းအကျန်မှ မကျန်အောင် ဝယ်ယူခဲ့ကြပြီး စုစုပေါင်း
ငွေလျန်နှစ်ဆယ်ကျော်
ရရှိခဲ့သည်။
မုဆိုးတစ်ဦးလျှင်
ငွေတစ်လျန်စီ
ရရှိခဲ့ပြီး ပိုသည့်ငွေများကို မြို့ထဲမှ
သကြားလုံးများ သွားဝယ်ကာ အနီးအနားရှိ
ရွာတော်တော်များများက
ကလေးများကိုပါ
ဝေမျှပေးကြမည်
ဖြစ်သည်။
သကြားလုံးဝယ်ရန်
ငွေအများကြီး မကျန်တော့သော်လည်း
ကလေးများအားလုံးအတွက်
သကြားလုံးများ ဝယ်ရန်
လုံလောက်နေပြီး ကလေးများကို ပျော်ရွှင်စေမည် ဖြစ်သည်။
အိမ်သို့
ပြန်ယူလာသော ဝံပုလွေအရေခွံများကို
အရောင်ချွတ်ရန် လိုအပ်ပြီး
ထိုအရာက
စုန့်ကျစ်ယွမ်အကျွမ်းကျင်ဆုံး အရာဖြစ်သည်။ စုန့်ကျစ်ယွမ် ပြုလုပ်ပေးသော အရေခွံများက နူးညံ့ပြီး
နွေးထွေးပုံရသည့်အပြင်
အမြင်လည်းလှသောကြောင့် တခြား တက်နိုင်သူများကပင် သူတို့၏ဝံပုလွေအရေခွံများကို
ပြုပြင်ပေးရန်
စုန့်ကျစ်ယွမ်ထံ အပ်နှံကြပြီး ငွေအနည်းငယ်ဖြင့် ထပ်သုံးရန် ဆန္ဒရှိတက်ကြသည်။
ဝံပုလွေများအပြင် ကျိုးယိနိုက
ယုန်သုံးကောင်၊
ရစ်ငှက်နှစ်ကောင်နှင့်
အရွယ်မရောက်တစ်ရောက်သမင်တစ်ကောင်ကိုလည်း သူ့ခြင်းတောင်းထဲတွင်
သယ်ဆောင်လာနိုင်ခဲ့သည်။
စုန့်ကျစ်ယွမ်နှင့် ဖန့်ရှီတို့က ဆွေးနွေးလိုက်ကြပြီး
၎င်းတို့ကို စနစ်တကျ စီစဉ်ကာ ရိုးရိုးရှင်းရှင်း ရောင်းချလိုက်ကြသည်။
ထို့နောက် ကျိုးယိနိုအတွက် တစ်ခုခု ဝယ်ပေးနိုင်ရန် ငွေကို စုန့်တင်းရှန်းအား လွှဲပေးလိုက်သည်။
အခြားမိသားစုများမှ
ချွေးမငယ်လေးများက သူမကို ငြူစူသောအကြည့်ဖြင့် လှမ်းကြည့်နေကြသည်။ သူတို့က အိမ်ထောင်သည်ဖြစ်နေလျှင်ပင်
မည်သူမျှ လက်ထဲတွင် ငွေကိုင်ခါင့်
မရှိကြပေ။ သူတို့ ခက်ခက်ခဲခဲ
ကြိုးကြိုးစားစား ရှာဖွေ၍ ရရှိသော ငွေများကို မိသားစုမှ
အကြီးအကဲများထံ အပ်နှံရပြီး လူကြီးများက ကုန်ကျစရိတ်များကို ပြန်စီမံပေးကြသည်။
ယခုအချိန်တွင်
စုန့်တင်းရှန်းက တုံ့ဆိုင်းမနေဘဲ သူမ၏မိခင်ကို
ကျေးဇူတင်လိုက်ပြီး ငွေကို အေးအေးဆေးဆေး ယူကာ သူမ၏ပိုက်ဆံအိတ်ထဲသို့
တိုက်ရိုက်ထည့်လိုက်သည်။ ထို့နောက် ကျိုးယိနို သယ်ဆောင်လာသော
ခြင်းတောင်းထဲသို့ ဝံပုလွေအရေခွံများကို ထည့်ကာ ဖန့်ရှီနှင့် ရယ်မောစကားပြောရင်း
အိမ်ပြန်သွားတော့သည်။
"စုန့်တင်းရှန်းရဲ့အိမ်ထောင်ရေးကံက
ဆိုးရွားပြီး မကောင်းဘူးလို့
ပြောကြတယ်မလား?
ကဲ.. ကြည့်ကြည့်လိုက်ကြဦး၊ ဒါကို ကံဆိုးတဲ့အိမ်ထောင်ရေးလို့
ခေါ်တာလား?" စုန့်မိသားစုမှ မိသားစုဝင်များ
ထွက်ခွာသွားသည်ကို နောက်မှ ကြည့်နေသော တချို့သူများက
မထိန်းနိုင်တော့ဘဲ အချင်းချင်း အတင်းအဖျင်းပြောရန် စတင်လိုက်ကြသည်။
"သူ(မ)မှာ စောင့်ရှောက်ပေးရမယ့် လူကြီးသူမလည်း
မရှိဘူး၊
သူမရဲ့မွေးရင်း
မိသားစုပဲ ရှိတယ်၊ ပြီးတော့
သူ(မ)ရဲ့မိသားစုကလည်း သူ(မ)ကို
အရမ်းဂရုစိုက်ပြီး
ထောက်ပံ့ပေးနေသေးတာ မဟုတ်ဘူးလား? အခုတောင်မှ
စုန့်တင်းရှန်းရဲ့မိသားစုက
ပိုက်ဆံတွေ အများကြီး စုဆောင်းနိုင်နေပြီ၊ သူတို့က သူ(မ) အသက်ကြီးလာရင်
ပညာရှင်နဲ့ လက်ထပ်ပြီး မင်းမျိုးမင်းနွယ်လို နေရဖို့ မျှော်လင့်ထားခဲ့ကြတာ။ အခုလို
ဖြစ်လာမယ်လို့ ဘယ်သူက ထင်မှာလဲ?"
"ဟေး၊
ပေါက်ကရေတွေ
မပြောကြနဲ့။ ရှမိသားစုနဲ့
လက်ထပ်ရင် သူ(မ)က ဘယ်လိုလုပ်ပြီး လက်ထပ်ပြီးတာနဲ့ အိမ်ထောင်ဦးစီး
ဖြစ်လာမှာလဲ? ပြီးတော့ စတုတ္ထစုန့်မိသာစုက အခု အိပ်မက်တွေထဲမှာ အသက်ရှင်နေတာပဲ
မဟုတ်ဘူးလား? သူတို့က စုန့်မျိုးနွယ်တစ်ခုလုံးမှာ အကောင်းဆုံးတွေ
ဖြစ်လာတော့မှာ"
"အဲ့လိုလား?
ငါကတော့ အဲ့လို မထင်ဘူး၊ ပဉ္စမနဲ့ ဆဋ္ဌမမိသားစုကလည်း
မဆိုးဘူးလို့ ငါ ထင်တယ်၊ ဒုတိယအိမ်မှာလည်း စျေးရောင်းသမားနည်းနည်း
ရှိသေးတယ်။ ပင်ပန်းပေမယ့် ပိုက်ဆံကတော့ အများကြီး ရတာပဲ
မဟုတ်ဘူးလား?"
“အိုး၊ အဲ့တာတော့
ဟုတ်တယ် တတိယမိသားစုကတော့ အဆင်မပြေဘူး
ထင်တယ်၊ တခြားသူတွေက သူတို့ကို ကူညီပေးပေမယ့် သူတို့ဘက်က
မကြိုးစားတော့ ဘာမှ မတတ်နိုင်ဘူးပေါ့၊ ပြဿနာက သူတို့က ဝက်သတ်ဖို့တောင် မလုပ်ရဲဘူး။ အဲ့လိုဆိုမှတော့
သူတို့က
လယ်ထဲမှာပဲ ပင်ပင်ပန်းပန်း အလုပ် လုပ်ရတော့မှာပေါ့”
"စုန့်လောင်စန်းရဲ့မိသားစုက
ဘာဖြစ်နေလို့လဲ? အခု
ထောင်ဟုန်က ပညာရှင်မိသားစုကို လက်ထပ် ဝင်သွားပြီး ပညာရှင်ရဲ့ဇနီးဖြစ်နေပြီ မဟုတ်လား? သူ့(မ)ယောကျ်ား
ရာထူးရသွားတာနဲ့ သူတို့ရဲ့အဆင့်အတန်းက ငါတို့ရဲ့ခေါင်မိုးပေါ်ကို တက်သွားလိမ့်မယ်"
ထိုအချိန်တွင်
စုန့်တင်းရှန်းက ထိုအဓိပ္ပာယ်မရှိသော
အတင်းအဖျင်းစကားများကို မကြားနိုင်တော့ဘဲ ရက်အနည်းငယ်အတွင်းတွင် ဖန့်ရှီနှင့်အတူ ခရိုင်မြို့သို့
သွားရန် စီစဉ်နေခဲ့သည်။ သူမတို့က အပြန်တွင်
သူမတို့၏ဦးလေးကို ပြန်ခေါ်သွားကာ
တစ်မိသားစုလုံး
နှစ်သစ်ကူး ဆင်နွဲရန် ပြင်ဆင်မှုများ စတင်ပြုလုပ်ဖို့
ဆွေးနွေးနေခဲ့ကြသည်။
"ကျွန်မ အထည်ကြမ်းတွေ ဝယ်ဖို့
စိတ်ကူးထားတယ်။ အဲ့ဒါမှ
ကျိုးကော အတွက် အကြမ်းခံတဲ့ အဝတ်တစ်စုံလောက် ချုပ်ပေးနိုင်လိမ့်မယ်၊ ပြီးတော့
နောက်ထပ် ဖိနပ်တစ်ရန်လောက်လည်း
ထပ်ဝယ်ရမယ်။ သူ့အတွက်
ပုဆိန်တစ်ချောင်းလောက် ဝယ်ပေးဖို့လည်း စဉ်းစားနေမိတယ်"
ဖန့်ရှီက
မျက်ခုံးပင့်လိုက်ပြီး "အခု မင်းက မင်းရဲ့အိမ်ကို တာဝန်ယူနေရပြီ။ မင်း
ကိုယ်တိုင် စီမံခန့်ခွဲပြီး
ဆုံးဖြတ်ရမယ်၊ မင်းက အမေ့ကို တစ်သက်လုံး
မင်းအတွက်
စိတ်ပူခိုင်းချင်နေသေးတာလား?"
စုန့်တင်းရှန်းက တိုးတိုးလေး
သက်ပြင်းချလိုက်ပြီး
"သမီး
သိပါတယ်၊ တကယ်တော့ သမီးက အမေအတွက် ပန်းထိုးလက်ကိုင်ပုဝါတစ်ထည်ဝယ်ပေးဖို့ စိတ်ကူးနေတာပါ"
ဖန့်ရှီက ရယ်မောကာ
ခေါင်းခါလိုက်ပြီး
"မင်းအမေက မင်းရဲ့လက်ကိုင်ပုဝါကို လိုအပ်နေလို့လား?
သမီးအတွက်ပဲ သမီး ဝယ်စမ်းပါ၊ တကယ်လို့ သမီးမှာ အဲ့လို အတွေးရှိရင်တော့ သမီးရဲ့အဖွားနဲ့ အကြီးဆုံးအဒေါ်အတွက် ပန်းထိုးဖို့
တစ်စုံစာစီလောက် ဝယ်ပေးလိုက်လေ။ သမီးရဲ့အဖွားနဲ့ အကြီးဆုံးအဒေါ်က သမီးအတွက်
အများကြီး
တွေးပေးခဲ့ကြတယ်”
စုန့်တင်းရှန်းက ပြုံးလိုက်ပြီး
ခေါင်းညိတ်ပြလိုက်သည်။
"အဲ့တာလည်း ဟုတ်တယ်။ ဒါပေမယ့် အကြီးဆုံးအဒေါ်က သမီးရဲ့လက်ရာကို မကြိုက်လောက်ဘူး။ အစ်မချောင်းအာကတော့ ပန်းထိုးတာ
အရမ်းတော်တယ်၊ သမီးလက်ရာဆိုရင်တော့ အကြီးဆုံးအဒေါ်က မသုံးပဲ
ဖယ်ထားမှာကို သမီး စိုးရိမ်မိတယ်"
"မင်းရဲ့ယောင်းမ ကျင်းချောင်အာက အခုအတောအတွင်း
လက်ကိုင်ပုဝါတွေ
ပန်းထိုးဖို့ အချိန်မရှိဘူး၊
သူ(မ)က ငါတို့မိသားစုမှာ
အလုပ်အရှုပ်ဆုံးသူပဲ၊
အတွင်းရော အပြင်ပါ အလုပ် လုပ်နေရတယ်။ ငါတို့သာ သူ(မ) ပင်ပန်းမှာကို
တွေးပြီး
မတားရင် သူ(မ)က ဒီအဝတ်အစားတွေကိုတောင် အကုန်လုပ်ပေးလိမ့်မယ်၊ မင်းနဲ့ မင်းအစ်မက မင်းရဲ့ယောင်းမချောင်းအာလောက်
လုံ့လဝီရိယ ရှိပြီး လိုက်လျောညီထွေနေတက်ရင် မင်းအမေက ဘယ်လိုလုပ်ပြီး
ဒီလောက် စိုးရိမ်နေရမှာလဲ?"
အမေနှင့်
သမီးက ခြံထဲသို့ မရောက်မချင်း စကားပြောရင်း ရယ်မောလာကြသည်။ စုန့်ကျစ်ယွမ်က ဝံပုလွေအသားနှင့်
ဝံပုလွေအရေခွံများကို သယ်ဆောင်ကာ
အရှေ့မှ ထွက်သွားခဲ့ပြီး ထိုအရာများကို အိမ်တွင် နေရာချပြီးနောက် မိသားစုရှိ
လူကြီးနှစ်ဦးအား နှုတ်ဆက်ကာ သားဖြစ်သူနှင့်အတူ အလျင်စလို ပြန်ထွက်သွားလေသည်။ သူက ယနေ့တွင် ဝက်သတ်ပေးရန် တခြားရွာမှ
လူများအား သဘောတူထားသောကြောင့်
ထိုနေရာတွင် ဝတ်သတ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် မိသားစုနှစ်စုမှ
ဝက်များကို သတ်ပြီးချိန်တွင် သူ့သားမက်ပြန်ရောက်လာသည့်
သတင်းကို ကြားလိုက်သောကြောင့်
ရွာသို့ အမြန်ပြန်လာခြင်း
ဖြစ်ပြီး ထိုနေရာတွင် သူ ကိုင်တွယ်ရမည့်ဝက်များ တန်းစီနေသေးသည်။
ကျန်းရှီက ပင်မအခန်းထဲမှ ခေါင်းထုတ်လိုက်ပြီး "နင်တို့ ပြန်လာပြီလား? မြန်မြန်လက်ဆေးပြီး
ထမင်းစားကြရအောင်"
စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။ "အကြီးဆုံးအဒေါ်၊ အစ်ကိုကျူးဇီကို အဝတ်အစား လဲဖို့ အရင် ပြန်ခေါ်သွားလိုက်မယ်။ သူ့အဝတ်တွေမှာ သွေးစွန်းရာတွေ
အပြည့်ပဲ၊
အဖိုးနဲ့
အဖွားကို
မမြင်စေချင်ဘူး"
ကျန်းရှီက ခပ်ဖွဖွ
ရယ်မောလိုက်ပြီး
"မြန်မြန် ပြန်လာခဲ့နော်... အဒေါ်က ဒီနေ့ ကြက်ဥပန်ကိတ် တစ်အိုး ပေါင်းထားပေမယ့် မင်းတို့ ရောက်တာ နောက်ကျရင် ကုန်သွားလိမ့်မယ်"
အိမ်ထဲသို့ ဝင်လိုက်သည်နှင့်
ကျိုးယိနို ပထမဆုံးလုပ်သည့်အရာက မီးမွေးကာ
မီးဖိုထဲသို့ မီးထည့်ခြင်းဖြစ်သည်။ ထိုမှသာ သူတို့ ထမင်းစားပြီး ပြန်လာလျှင်
အိမ်က နွေးထွေးနေပြီး စုန့်တင်းရှန်းအတွက် အအေးဒဏ် သက်သာစေမည် ဖြစ်သည်။
"ရှင်က အရမ်းဝီရိယ ရှိတာပဲ။ ရှင် စစ်မှုထမ်းဖို့
ထွက်သွားရင်
ကျွန်မ
ဘယ်လို လုပ်ရမလဲ?"
စုန့်တင်းရှန်းက
ကျိုးယိနို အတွက်
အဝတ်အစားများ
ထုတ်ထားပေးရန် ပြင်ဆင်နေပြီး "ရှင် ကျွန်မကို အဲ့လောက်
အလိုလိုက်နေတော့ ရှင် မရှိရင် ကျွန်မ ဘယ်လိုနေရမလဲလို့
တွေးနေမိပြီ"
ကျိုးယိနိုက ဘာမှ
မတုံ့ပြန်ဘဲ တိတ်ဆိတ်နေလေသည်။ သူက သူ့လက်နှင့်
မျက်နှာကို ဆေးကြောပရန် လျှောက်သွားလိုက်သည်။ သူ ပြန်ရောက်လာချိန်တွင်
သူက သူ့လက်ကို
မြှောက်ကာ စုန့်တင်းရှန်း၏ပါးကို ထိလိုက်ပြီး
"ငါလည်း မင်းကို ထားပြီး ထွက်မသွားချင်ဘူး၊ တင်းရှန်း.... နှစ်အနည်းငယ်ကြာလို့မှ
ငါ ပြန်မလာနိုင်ရင် မင်း တခြားတစ်ယောက်ကို ရှာပြီး လက်ထပ်သင့်တယ်"
"ဖွ၊ ဖွ၊ ဖွ...
ဘာလို့
ပေါက်ကရတွေ ပြောနေတာလဲ?" ကျိုးယိနို၏စကားကြောင့်
စုန့်တင်းရှန်းက
မျက်မှောင်ကျုံသွားပြီး
ထိုစကားကို မကြားချင်ပုံဖြင့်
သူ့ကို ရိုက်ကာ တားဆီးလိုက်သည်။
သူမက
သူမရဲ့မိသားစုမှာ
ပြန်နေဖို့ အစီအစဉ်ရှိတယ် ဆိုပေမယ့် ကျိုးယိနို
ကျန်းကျန်းမာမာနဲ့
ပြန်လာဖို့တော့
မျှော်လင့်နေဆဲပါပဲ။ ဒီလောက်ကောင်းတဲ့
ကလေးတစ်ယောက် အပြင်မှာ သေသွားမှာကို ဘယ်သူက
ကြည့်ရက်နိုင်မှာလဲ?
"ငါ ပေါက်ကရပြောတာ မဟုတ်ပါဘူး၊ ငါ စဉ်းစားနေတာ..."
ကျိုးယိနို
စကားလုံးများကို ချိန်ဆနေပုံရကာ သူ့အသံက တိုးဝင်သွားပြန်သည်။
စုန့်တင်းရှန်းက
သူ့လက်ကို
တွန်းဖယ်လိုက်ပြီး သူ့အဝတ်အစားများကို ကောက်ကိုင်ကာ သူ့ကို
အဝတ်မြန်မြန်လဲရန် တိုက်တွန်းလိုက်သော်လည်း သူမ၏မျက်နှာအနှံ့ ယားယံနေသလို
ခံစားလိုက်ရပြီး ပူလောင်နေခဲ့သည်။ “အဲ့အတွေးတွေကို ရပ်လိုက်တော့၊ ကျွန်မ
ရှင့်ကို
အဲ့နာမည်ပေးရတဲ့
အကြောင်းရင်းကို မမေ့နဲ့။ ရှင့်ရဲ့အဝတ်အစားတွေကို မြန်မြန် လဲတော့။ ဟိုမှာ တစ်မိသားစုလုံးက
ထမင်းစားဖို့ ကျွန်မတို့ကို စောင့်နေကြတယ်"
ကျိုးယိနိုက အဝတ်သန့်သန့်ကို
လဲလှယ်ဝတ်ဆင်လိုက်ပြီး စုန့်တင်းရှန်းနှင့်အတူ
စုန့်မိသားစု၏ခြံဝင်းဆီသို့
လိုက်ပါသွားခဲ့သည်။
ထိုကြက်ဥပေါင်းမုန့်အိုးက
နောက်မှ
ထပ်ပေါင်းထားခြင်း ဖြစ်သည်။ ကျိုးယိနို ပြန်ရောက်လာသည်ကို ကြားလိုက်ချိန်တွင်
အဘွားစုန့်က
သူ့မြေးသားမက်၏
ကျန်းမာရေးအတွက် ပြန်လည်ဖြည့်တင်းပေးရန် ကြက်ဥများကို အမြန် ပေါင်းခိုင်းခဲ့ခြင်း
ဖြစ်သည်။ အကြီးဆုံးအဒေါက အိမ်မှ ကလေးများကိုပါ တွေးမိသောကြောင့်
ကြက်ဥနည်းနည်း ပိုထည့်ကာ
အိုးကြီးတစ်အိုးစာ ပေါင်းထားခြင်း ဖြစ်သည်။
တစ်နေ့တာလုံး
အလုပ်လုပ်ခဲ့ရပြီး ပင်ပန်းနွမ်းနယ်နေသော ကျိုးယိနိုက ထမင်းကို ခပ်မြန်မြန် ဝါးကာ
မျိုချနေလေသည်။ သူက ကြက်ဥမုန့်ပေါင်းအထူကြီးနှင့်
ထမင်းပန်းကန်လုံးကြီးတစ်လုံး စားခဲ့သည့်အပြင် ဂေါ်ဖီထုပ်ဟင်းချိုပန်းကန်လုံးကြီးတစ်လုံးကိုလည်း
ထပ်သောက်ကာ သူ့ခန္ဓာကိုယ်တွင်းမှ
အေးမြမှုကို ဖယ်ရှားလိုက်သည်။
“လာမယ့်နှစ်
အနည်းငယ်အတွင်းမှာ ဝံပုလွေတွေ တောင်ပေါ်ကနေ မဆင်းလာလောက်တော့ဘူးလို့
ကျွန်တော်
ထင်တယ်"
ဝလင်အောင်
လုံလုံလောက်လောက် စားသောက်ပြီးနောက်တွင်
ကျိုးယိနိုက
သူ့အဖိုး၊ အကြီးဆုံးဦးလေး၊ အကိုကြီးနှစ်ယောက်ကို စကားစမြည်
စပြောလိုက်သည်။
သူက
အေးအေးဆေးဆေး ပြောနေပြီး သု့အသံက
တည်ငြိမ်နေကာ "ဦးလေးလီ ပြောတာတော့ ဒီတောင်ပေါ်မှာ ဒီဝံပုလွေတစ်အုပ်ပဲ
ရှိလောက်မယ်တဲ့၊ အခြားဝံပုလွေတွေ ရောက်လာရင်တောင် နှစ်အနည်းကြာမှ
အုပ်စုတစ်စု ဖြစ်လာမယ်လို့ ဦးလေးလီက ပြောတယ်၊ အဲ့အချိန်ဆို ကျွန်တော် ပြန်ရောက်နေလောက်ပြီ"
စုန့်ရှင်းယိက ပြုံးလိုက်ပြီး
"မင်းက အရည်အချင်းရှိတဲ့သူတစ်ယောက်ပါ၊ အဖိုးက မင်းကို အများကြီး
မပြောတော့ဘူး။ ဘာပဲဖြစ်ဖြစ်
အပြင်ထွက်တဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ မိသားစုအကြောင်း တွေးတဲ့အပြင်
ကိုယ့်အတွက်လည်း ကိုယ်တွေးရမယ်"
"ဟုတ်ကဲ့ပါ၊ အဖိုး ကျွန်တော်
နားလည်ပါတယ်"
ကျိုးယိနိုက တည်တည်ငြိမ်ငြိမ် လေးလေးနက်နက် တုံ့ပြန်လိုက်သည်။
“ကောင်းတယ်”
စုန့်ရှင်းယိက ခနလောက် စဥ်းစားနေပြီးမှ
ခေါင်းဆတ်လိုက်ပြီး "မင်းလည်း အခု မသွားသေးဘူး။ ငါတို့မျာ
အချိန်တွေ ကျန်သေးတယ်၊ လောလောဆယ်
ဒီအကြောင်း မပြောလဲ ရသေးတယ်။ ငါတို့ ခေတ္တနားပြီးရင် ဝံပုလွေအသားတွေကို ဆေးကြောပြီး
ပြုတ်ကြရအောင်။
အကြီးဆုံးချွေးမ
တချို့အသားတွေကို
ဆားနယ်ပြီး အခြောက်ခံကြမယ်၊
နောက်ဆိုရင် ညနေခင်းမှာ အပျင်းပြေ
ရေနွေးနဲ့ သောက်လို့ရလိမ့်မယ်”
ကျန့်ရှီက
အသံတိုးတိုးဖြင့် “အဖေ၊ စိတ်မပူပါနဲ့၊ ကျွန်မ သေသေချာချာ စီမံလိုက်ပါ့မယ်”
ထမင်းစားပြီးနောက်တွင်
ဖန့်ရှီက ငယ်ရွယ်သောမောင်နှံတို့
သီးသန့်စကားပြောနိုင်ရန်
သူတို့နှစ်ဦးကို အိမ်ပြန်ခိုင်းလိုက်သည်။
အိမ်ထဲသို့ ရောက်လာသည်နှင့် ကျိုးယိနို၏ စိတ်လှုပ်ရှားနေပုံရသောအသံက
ပျံ့လွှင့်လာခဲ့သည်။ “တင်းရှန်း၊ ငါ အရင်က စကားလုံးတွေ အားလုံးကို
မှတ်မိသွားပြီ။ ဒီနေ့ အသစ်တွေ ထပ်သင်လို့ ရပြီလား?"
စုန့်တင်းရှန်းက နူးညံ့စွာ
ပြုံးလိုက်ပြီး သူ့ကို စာထပ်သင်ပေးရန်
ပြင်ဆင်လိုက်သည်။
သူမက
သူ့ကို အက္ခရာသုံးလုံး ဂန္တဝင်ကျမ်းနှင့် စာကြောင်းတစ်ထောင်ဂန္တဝင်ကျမ်းထဲမှ စာကြောင်းတချို့ကို
သင်ကြားပေးခဲ့ပြီး
ရေချိုးကာ
ခန်ပေါ်တွင် တစ်ရေးတစ်မော အနားယူ အိပ်စက်လိုက်သည်။ သူတို့၏အိမ်က
နွေးထွေးမှုနှင့် သက်တောင့်သက်သာရှိမှုတို့ဖြင့် ပြည့်နှက်နေပြီး
စစ်မှန်သောနှစ်သိမ့်မှုမျိုးကိုသာ ဆောင်ကျဉ်းပေးနိုင်သည့်
ငြိမ်းချမ်းမှုမျိုးဖြစ်သည်။
သူတို့
ဇနီးမောင်နှံက ထိုအေးချမ်းမှုကို ခံစားနေချိန်တွင် စုန့်ထောင်ဟုန်၏ကမ္ဘာကြီးကတော့
မငြိမ်မသက် ဖြစ်နေခဲ့သည်။
သူမ
အိမ်ထောင်ကျပြီးကတည်းက
သူမရဲ့ခန္ဓာကိုယ်က
အဆင်မပြေသလို
ခံစားနေရပြီး သူမက ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်ခဲ့တာကြောင့် သူမရဲ့ကျန်းမာရေးက
ဆိုးရွားလာခဲ့တဘ်။ သူမ အိမ်ထောင်ကျပြီးကတည်းက အမြဲတမ်း အန်နေခဲ့ပြီး တစ်ချိန်က
ဖြူစင်တောက်ပပြီး လှပခဲ့တဲ့ သူမရဲ့အသားအရေက သူမရဲ့မကျန်းမာမှုကြောင့်
ဖျော့တော့နေပြီ။
သူမရဲ့ခင်ပွန်းဖြစ်သူ
ရှုချင်းကလည်း မြို့ကျောင်းမှာ ပညာဆက်သင်ဖို့ ထွက်ခွာသွားခဲ့တယ်။ သူက သုံးရက်လောက်
ခေတ္တပြန်လာခဲ့ပေမယ် ဒီတစ်ကြိမ်စာမေးပွဲအတွက် ပြင်ဆင်ဖို့ အမြန်ပြန်ထွက်လာခဲ့တယ်။
စာမေးပွဲက တစ်ခါလွတ်သွားရင် နောက်ထပ် ၃ နှစ်လောက် ပြန်စောင့်ရမှာလေ။
စုန့်ထောင်ဟုန်က
အတွင်းခန်းမှ ခန်ပေါ်တွင် လဲလျောင်းနေရင်း အပြင်ခန်းမှ ယောက္ခမနှင့်
ယောင်းမဖြစ်သူ အတင်းအဖျင်း
စကားများကို အာရုံစိုက်ကာ နားထောင်နေခဲ့သည်။ သူမတို့က စုန့်တင်းရှန်း၏မိသားစုအကြောင်း
ပြောနေကြပြီး
တိုးတိုးလေးပြောနေသော်လည်း သူမက ဂရုတစိုက်နားစွင့်နေသောကြောင့် ကြားနေရသေးသည်။
“စုန့်လောင်စစ်ရဲ့မိသားစုက
တကယ်ချမ်းသာတယ်။
ကျွန်မမျက်စိနဲ့ မြင်လိုက်တာ။ ဝံပုလွေအရေခွံတစ်ခုအတွက်
ငွေတစ်လျန် ပေးရတာတောင် သူတို့က အများကြီး ဝယ်ခဲ့ကြတယ်။ သူတို့
မိသားစုက သက်ကြီးရွယ်အိုတွေအတွက်တဲ့။ ဘယ်မိသားစုက သက်ကြီးရွယ်အို
မရှိလို့လဲ၊
လူတိုင်းက မဝယ်ချင်ဘဲ
နေပါ့မလား? ဒါပေမယ့် အများကြီး မဝယ်နိုင်ဘူးလေ၊ ပြီးတော့ အဲဒီဝံပုလွေကို ကျိုးထျဲကျူးက
ဖမ်းလာတာတဲ့...”
ထိုအသံက
အကြီးဆုံးယောင်းမဖြစ်သူ ကျောက်ရှီ၏ အသံဖြစ်ပြီး သူမ၏
ယောက္ခမဖြစ်သူ
ရှရှီ၏အသံကတော့ အတော်လေး တိုးနေသောကြောင့်
စကားအနည်းငယ်ကိုသာ ယောင်ဝါးဝါး
ကြားလိုက်ရသည်။ သူမက ကံဆိုးခြင်း
သို့မဟုတ် ကံမကောင်းနှင့်
ဆိုင်သော ညည်းညူသည့်စကားလုံးကို ပြောလိုက်ခြင်း ဖြစ်နိုင်သည်။
စုန့်ထောင်ဟုန်က
သူမ၏ယောက္ခမ
ပြောလာမည့်အကြောင်းများကို အလိုလို တွေးကြည့်နေမိပြီး သူမ၏နှလုံးသားထဲမှ မကျေမနပ်ဖြစ်လာကာ
သူမ၏ဗိုက်ကို ထိကြည့်လိုက်မိသည်။ သူမ၏စိတ်ထဲတွင်
စိတ်ပျက်အားငယ်မှုများ လှည့်ပတ်နေပြီး သူမ၏ရင်ဘတ်က တင်းကျပ်လာခဲ့သည်။ စကားလုံးများကြားမှ
တင်းမာမှုများက သူမ၏စိတ်ကို ထုံထိုင်းသွားစေပြီး သူမကို ပို၍
တိတ်ဆိတ်သွားစေခဲ့သည်။
🌟🌟🌟🌟🌟 Thank you
for always being my greatest supporter. 🌟🌟🌟🌟🌟