Chapter 1
Viewers 1k

အခန်း ၁: နိဒါန်း

◎မင်းကလည်း သူတို့ထဲက တစ်ယောက်ပဲ◎

 

 

လူတိုင်း၏ ဖုန်းအတွင်းတွင် ထို APP ရှိသည်။

 

ထို APP က လူတွေ၏ မဖြစ်နိုင်သော ဆုတောင်းတွေကို ဖြည့်ဆည်းပေးမည်ဟု ကတိပေးထားသောကြောင့် လူတွေက ထိုနေရာသို့ လာကြသည်။

 

ထို APP ကို "Wish" လို့ ခေါ်သည်။

 

ထိုအရာက ဆုတောင်းတွေကို အသုံးချအရာလို ပြုလုပ်ပြီး သူတို့၏ ဆုတောင်းတွေအတွက် သေခြင်း-ရှင်ခြင်းကိုတောင် လောင်းကစားထပ်နိုင်မည့် လူတွေကို ဖိတ်ခေါ်တယ်....

 

ထိုအရာအတွက် သူတို့၏ အသက်ကို စွန့်စားဖို့ လိုလားနေတဲ့သူ‌တွေလည်း အများကြီးရှိကြပေသည်။

 

မင်းကလည်း သူတို့ထဲက တစ်ယောက်ပဲ....

 

[ ဝါညစ်ညစ်နှင့် အိုဟောင်းပြီး အစွန်းတွေ၌ မီးလောင်ထားသည့် အရာ‌များ ရှိနေသော စာအုပ်တစ်အုပ်။ စာရွက်‌တွေမှာလည်း သွေးစွန်းနေကာ သွေးများ စီးကျနေသည်။ ]

 

[ Owengus Manor ၏ မြေအောက်ခန်း ]

 

[ မှတ်ချက် : ပိုင်ရှင်က ပျောက်ဆုံးနေသည်။ ]