Ch 3
Viewers 1k

🌠 Chapter 3



ကုပိုင်က နျဲ့ချင်းစန်၏ စကားများကို မကြားပေ။ ယခုအချိန်၌ သူ့ခေါင်းထဲတွင် ရှုပ်ထွေးနေပြီး သူ့ခန္ဓာကိုယ်က သေလုနီးပါး လောင်ကျွမ်းနေသကဲ့သို့ ပူလောင်နေသဖြင့် သူ့အသိစိတ်က ရှင်းလင်းမနေပေ။


သူ့ရှေ့ရှိလူ ပြောသမျှကို သူလုံးဝ မကြားနိုင်ပေ။ သူ့နားထဲတွင် တဝီဝီအသံများကိုသာ ခံစားနေရလေသည်။ သူမျက်လုံးဖွင့်ရန် အားကုန်ကြိုးစားလိုက်ပြီးနောက် သူ့ရှေ့တွင် အရပ်ရှည်ရှည်ပုံရိပ်တစ်ခုကိုသာ မြင်နေရလေသည်။


သူ့ခန္ဓာကိုယ်က အလွန်မသက်မသာဖြစ်နေပြီး မူးဝေစွာဖြင့် မော့ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူ့ရှေ့ရှိလူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။ ထိုသူက မူလပိုင်ရှင်၏ အစ်ကိုကြီးဖြစ်လေ၏။ သူ့ရင်ထဲတွင် ရင်းနှီးသော ခံစားချက်က မြင့်တက်လာပြီး ငိုမဲ့မဲ့လုပ်ကာ သူ့ပေါင်ကိုဖက်တွယ်လျက် အကူအညီ တောင်းလိုက်လေသည်။

“ကော… ကျွန်တော့်ကို အိမ်ပြန်ခေါ်သွားပေးပါ… အရမ်း နေလို့မကောင်းဘူး…”


လုရုန်ချင်း၏ မိဘများမှာ သာမာန်ရုပ်ရည်များဖြစ်သော်လည်း လုရုန်ချင်းက သူ့မိဘနှစ်ယောက်လုံး၏ ကောင်းခြင်းများကို ပေါင်းစပ်ထားလေသည်။ ပန်းနုရောင်သန်းနေသော နှုတ်ခမ်းပါးလေးနှင့် အဖြူရောင်ကျောက်စိမ်းကဲ့သို့ အသားအရေက အလွန်လှပကြော့ရှင်းလေ၏။


သူက ထူးထူးဆန်းဆန်း ဝတ်စားပြီး ဆံပင်ကို အရောင်စုံဆိုးထားသော်လည်း သူ၏ ထူးကဲသော အသွင်အပြင်ကို ဖုံးကွယ်မထားနိုင်ပေ။ ထို့အပြင် ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ကပြောင်းသွားပြီး စိတ်နေသဘောထားကလည်း ပြောင်းလဲသွားကာ သူ၏ လှပသော အသွင်အပြင်များက ပိုမိုကြည်လင်ထင်ရှားလာလေသည်။


နျဲ့ချင်းစန်ရှေ့ရှိ ကောင်လေးမှာ ယနေ့၌ အနည်းငယ် ကွဲပြားနေပုံပေါ်လေသည်။


ထူးဆန်ပြီး မှုန်မှိုင်းနေသော ဆယ်ကျော်သက်လေးမှာ ဤကဲ့သို့ သန့်စင်နူးညံ့သော တစ်ဖက်ခြမ်းရှိသည်ကို သူလုံးဝမသိခဲ့ပေ။


“သေစမ်း…”

သို့ရာတွင် နျဲ့ချင်းစန်က အမြန်အသိပြန်ဝင်လာပြီး ရှက်ရွံ့နေသော ကုပိုင်ကိုကြည့်ကာ ခပ်တိုးတိုး ဆဲဆိုလိုက်လေသည်။


မှောင်မည်းသော မျက်နှာဖြင့် သူက စားပွဲပေါ်ရှိ ရေကိုယူကာ အပူတက်နေသော ကောင်လေးပေါ်သို့ လောင်းချလိုက်လေသည်။


“လုရုန်ချင်း… မင်း အမူးပြေသွားရင် ပိုကောင်းမယ်…”


အေးစက်နေသော ရေက မျက်နှာပေါ်သို့ စင်လာပြီးနောက် ခန္ဓာကိုယ်ထဲရှိ အပူက ကွယ်ပျောက်သွားကာ နောက်ဆုံးတွင် ကုပိုင်က ခေါင်းရှင်းသွားပြီး အသိနိုးကြားသွားလေသည်။


နျဲ့ချင်းစန်၏ မှောင်မည်းနေသော မျက်နှာကိုကြည့်လိုက်ပြီးနောက် တစ်ဖက်လူကို ပေါင်ကို ဖက်တွယ်ထားလျက် ဖရိုဖရဲဖြစ်နေသော သူ့အဝတ်များကို ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာက ရုတ်တရက် တောင့်တင်းသွားလေ၏။


သို့ရာတွင် သူက တစ်ဖက်လူကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိချေ။ ဇာတ်ကြောင်းတစ်ခုလုံးတွင် နျဲ့ချင်းစန်က မမြင်နိုင်သော big bossဖြစ်လေသည်။ ဝူကျန်းကျန်းက ပြန်လည်မွေးဖွားလာပြီးနောက် မည်မျှပင် အင်အားကြီးမားစေကာမူ အချို့ယှဉ်ပြိုင်မှုလေးများကိုသာ ရင်ဆိုင်နိုင်မည်ဖြစ်သည်။ ဝူမိသားစုနှင့် နျဲ့မိသားစုက လုံးဝကွဲပြားသော အခြေအနေ ဖြစ်လေ၏။


မူလလုရုန်ချင်းက အလွန်တုံးအလေသည်။ သူ့နောက်တွင် နျဲ့မိသားစု၏ သန်မာသောနောက်ခံရှိပြီး သူနှင့်သွေးမတော်သော်လည်း သူ့အား ကာကွယ်ပေးသည့် အစ်ကိုတစ်ယောက်လည်း ရှိသေးသည်။ သို့ရာတွင် သေးနုတ်သော အိမ်ခြံမြေစီးပွားရေးသမားတစ်ယောက်ထံမှ ဖယ်ရှားခြင်းကို ခံလိုက်ရလေ၏။


သူ တုံးအစွာဖြင့် နျဲ့ချင်းစန် စိတ်အလိုမကျအောင် မလုပ်မိသရွေ့ နျဲ့ချင်းစန်က သူ့အား ဂရုစိုက်မည်ဟု ယုံကြည်လေသည်။ နျဲ့ချင်းစန်က သူ့အား စွန့်ပစ်မည်မဟုတ်ပေ။ 


နျဲ့ချင်းစန်က အသုံးဝင်မဝင်ကို မသိသော်လည်း နျဲ့မိသားစုက သူ့နောက်ခံဖြစ်လေသည်။


တစ်နည်းဆိုရလျှင် သူက မစ်ရှင်၏ ၉၀ရာခိုင်နှုန်းခန့်ကို ပြီးမြောက်နိုင်ရန် အခွင့်အလမ်းမှာ နျဲ့ချင်းစန်၏ ရွှေပေါင်လုံးကို ဖက်ထားရန်သာ လိုအပ်လေသည်။


ထို့ကြောင့် ကုပိုင်က အနည်းငယ် ရှက်ရွံ့နေပြီးနောက် အရည်လဲ့နေသော မျက်ဝန်းများနှင့် မော့ကြည့်ကာ နျဲ့ချင်းစန်၏ခြေထောက်ကို ဖက်ထားပြီး သနားစဖွယ် ငိုယိုလိုက်လေသည်။

“ကော… ကျွန်တော်နေလို့မကောင်းဘူး…. ကျွန်တော့်ကို အိမ်ပြန်ခေါ်သွားပါနော်… ကျွန်တော်မှားတယ်ဆိုတာ သိပါတယ်… ကျွန်တော် ထပ်ပြီး ပြဿနာမရှာတော့ပါဘူး…”


သူက ထူးဆန်းသော အဝတ်များကို ဝတ်ဆင်ထားဆဲဖြစ်သော်လည်း သုန်မှုန်မောက်မာတတ်သော ယခင်အကျင့်များနှင့်ယှဉ်လျှင် ယခုအချိန်တွင် လူငယ်လေးက နူးညံ့ကာ အထိခိုက်မခံသည့်ပုံ ပေါ်နေလေ၏။


သူ၏ စိုစွတ်ရီဝေနေပြီး ကြည်လင်နေသော မျက်ဝန်းများဖြင့် အကြည့်ခံလိုက်ရပြီးနောက် စတီးကဲ့သို့ မာကျောသော နှလုံးသားပင်လျှင် အရေပျော်သွားနိုင်လေသည်။


သို့ရာတွင် နျဲ့ချင်းစန်က သာမာန်လူမဟုတ်ပေ။ သူရင်ခုန်သွားသော်လည်း မျက်မှောင်ကြုတ်လိုက်၏။ သူက ကုပိုင်အား အမှိုက်သရိုက်ကို ကြည့်သကဲ့သို့ စိုက်ကြည့်လိုက်လေသည်။ 


လုရုန်ချင်းသာ အကျင့်စရိုက်ကောင်းရင် ဝက်တစ်ကောင်တောင် သစ်ပင်တက်နိုင်လောက်ပြီ…


ကုပိုင်က ဇာတ်ကြောင်းကို လက်ခံပြီးနောက် မူလပိုင်ရှင်၏ အကျင့်စရိုက်ကို သိလေသည်။ မူလပိုင်ရှင်က သုန်မှုန်နေတတ်ပြီး မကောင်းသော အကျင့်စရိုက် ရှိသဖြင့် ဤကဲ့သို့ တုံ့ပြန်သည်က အံ့ဩဖွယ်မဟုတ်ပေ။


အရှုံးပေးသည်က ကုပိုင်၏ စရိုက်မဟုတ်ပေ။ ထို့ကြောင့် သူက ရှေ့သို့ပိုတိုးသွားပြီး နျဲ့ချင်းစန်၏ခြေထောက်အား ခိုအာလာတစ်ကောင်ကဲ့သို့ ဖက်တွယ်ထားလိုက်လေသည်။


ထို့နောက် ခေါင်းမော့က မျက်လုံးကို ကျယ်ကျယ်ဖွင့်ရန် ကြိုးစားလိုက်ပြီး သနားဖွယ်မျက်ဝန်းများဖြင့် မော့ကြည့်လိုက်လေ၏။


လူကြီးတစ်ယောက်အနေဖြင့် ချစ်စရာကောင်းသကဲ့သို့ ဟန်ဆောင်ရသည်ကို မကြောက်ပေ။ လုံးဝလည်း ရှက်မနေပေ။ ယောက်ျားတစ်ယောက်က အရေထူရမည်ဖြစ်၏။ ကြောင်နက်ဖြစ်စေ ကြောင်ဖြူဖြစ်စေ အရေးမကြီးပေ။ ကြွက်တစ်ကောင်ကို ဖမ်းနိုင်ပြီး ပန်းတိုင်ရောက်နိုင်လျှင် ၎င်းက ထက်မြက်သောကြောင် ဖြစ်လေသည်။


ဤလှည့်ကွက်ကို သူ မသေမီက မကြာခဏ သုံးလေ့ရှိလေသည်။ သူ၏ သန့်စင်ကြည်လင်သော မျက်ဝန်းကို ကြည့်မိသူတိုင်း၏ နှလုံးသားက သူ့ကို နူးညံ့ပေးလေ၏။ သူက ရိုးသားသော ကောင်လေးမဟုတ်ကြောင်းကို သိသည့် မိဘမဲ့ဂေဟာရှိ နှလုံးသားမည်းနက်နေသော သီလရှင်များပင်လျှင် သူ့လှည့်ကွက်၌ အချိန်တိုင်း ကျရှုံးခဲ့လေသည်။


ယခုအချိန်တွင် လုရုန်ချင်း၏ လှပသော မျက်နှာလေးလည်း ရှိသဖြင့် ထိုမျက်နှာကိုသုံးပြီး ဖြောင့်မတ်သောလူများကို ဆွဲဆောင်သည်က ကျိန်းသေပေါက် အကျိုးရလဒ်ရမည်ဟု ကုပိုင်ယုံကြည်လေသည်။


တစ်ခဏခန့် သူ့ကိုကြည့်နေလိုက်ပြီးနောက် ဤဖြောင့်မတ်သောအမျိုးသား နျဲ့ချင်းစန်က ကိုယ်ကိုကိုင်းလိုက်ပြီး သူ့ကိုချီလိုက်လေ၏။


တကယ်ပဲ ဒီလူကို အသက်အကြွေးတင်သွားပြီ…


ကုပိုင်က နျဲ့ချင်းစန်၏ ပုခုံးကို ဖယ်တွယ်ထားပြီး လွှတ်ပေးလိုစိတ်မရှိဘဲ တင်းတင်းကြပ်ကြပ် ဖက်ထားလေ၏။ 


သူက ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ တရှုံ့ရှုံငိုနေပြီး ထပ်ခါထပ်ခါ ပြောနေလေသည်။

“ကော… ကျွန်တော်မှားပါတယ်…”


သူ့အား ဆုံးမရန် စကားထပ်ပြောချင်သည့် နျဲ့ချင်းဟန်က နှုတ်ခမ်းကိုကိုက်လိုက်ပြီး နောက်ဆုံးတွင် သူ၏ အဆိပ်ပြင်းသောလျှာကို ပြန်မြိုချလိုက်လေသည်။ သူ ဘာမှထပ်မပြောနိုင်တော့ဘဲ လုချင်းရုန်ကို တင်းတင်းကြပ်ကြပ်ပွေ့ထားကာ သီးသန့်ခန်းထဲမှ ထွက်လာခဲ့လေသည်။


လမ်းတစ်လျှောက်တွင် ဆေးအာနိသင်ကြောင့် ကုပိုင်က ဂနာမငြိမ်ဖြစ်နေပြီး သူ့လက်များကို နျဲ့ချင်းစန်၏ လည်ပင်းတွင် တွယ်ချိတ်ထားကာ သူ့ခန္ဓာကိုယ်က သူ့ရင်ခွင်ထဲတွင် လှုပ်ရှားနေလေ၏။


နျဲ့ချင်းစန်ကို မြှူဆွယ်ရန် မရည်ရွယ်သော်လည်း ဆေးအရှိန်က ခန္ဓာကိုယ်ကို အလွန်မသက်မသာ ဖြစ်စေလေသည်။ သူ မထိန်းချုပ်နိုင်ပေ။ ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းမဟုတ်ပေ။


ပူလောင်ကာနူးညံ့သော ခန္ဓာကိုယ်လေးနှင့် အပွတ်သပ်ခံနေရသော နျဲ့ချင်းစန်မှာ သူ့အား ချီလိုက်သည့်အချိန်မှစပြီး တောင့်တင်းနေကာ သူ့သွေးများက တစ်နေရာတွင် စုစည်းနေလေသည်။


သူ့ရင်ခွင်ထဲရှိကောင်လေးက အရွယ်ရောက်လာပြီဖြစ်သဖြင့် ကလေးတစ်ယောက်နှင့် မတူတော့ပေ။ တစ်ဖက်လူ၏ နူးညံ့သော အထိအတွေ့ကြောင့် ဦးရေပြားက တဆစ်ဆစ် ခံစားနေရလေ၏။


ထိုအချိန်တွင် သူရင်ခွင်ထဲရှိ ကောင်လေးက ပိုပြီးဂနာမငြိမ်ဖြစ်လာကာ ညည်းညူသံလေးတစ်ခုပင် ထွက်လာလေသည်။

“အမ်း….”


“လှုပ်မနေနဲ့…”

နျဲ့ချင်းစန်၏မျက်နှာက မှောင်မည်းလာပြီး အနေအထားကို ပြောင်းလိုက်လေသည်။ သူက တင်းခံထားလျက် ကုပိုင်ကို သူ့ပုခုံးပေါ်တင်လိုက်ပြီး တင်ပါးကို ရိုက်ချလိုက်လေ၏။ ထို့နောက် အံကြိတ်ကာ သူတို့အား ထူးဆန်းစွာကြည့်နေသော လူများကြားမှ ကလပ်အပြင်သို့ အမြန်ပြေးထွက်သွားလိုက်သည်။


လူးလှိမ့်ကာ ဆေးအာနိသင်ကို သည်းခံထားရသဖြင့် ကုပိုင်၏ ခန္ဓာကိုယ်မှာ မသက်မသာ ခံစားနေရလေသည်။ သို့ရာတွင် သူ့အသိစိတ်က လုံးဝနိုးကြားနေပြီး ရင်ထဲတွင် ဝမ်းနည်းမှုနှင့် အနည်းငယ် ကံဆိုးမှုကို ခံစားနေရ၏။ မ‌ကျေနပ်ချက်များဖြင့် သူက နျဲ့ချင်းစန်နောက်သို့ နာနာခံခံဖြင့် လိုက်သွားပြီး ကားထဲသို့ အပို့ခံလိုက်ရလေသည်။


နျဲ့ချင်းစန်ကို သူ၏ရွှေပေါင်လုံးဟု တွေးထားလျက် ကားထဲဝင်ပြီးနောက် ဆေးအရှိန်ပြယ်ရန် စောင့်နေလိုက်လေသည်။ ကုပိုင်က နျဲ့ချင်းစန်၏ မှောင်မည်းနေသော အမူအရာကို ကြည့်ပြီးနောက် အမှားကို အမြန်ဝန်ခံကာ မူလပိုင်ရှင်၏ သဘောထားကို ပြောင်းလဲရန်ကြိုးစားလိုက်သည်။


“ကျွန်တော် တောင်းပန်ပါတယ်… ကျွန်တော်မှားတယ်ဆိုတာ သိပါတယ်…”


သူ့တောင်းပန်စကားကို ကြားချိန်တွင် နျဲ့ချင်းစန်၏ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားလေသည်။ သူက ကုပိုင်အား တစ္ဆေတစ်ကောင်ကဲ့သို့ ကြည့်နေပြီး မနှစ်မြို့သည်မှာ အလွန်သိသာလေသည်။


လုရုန်ချင်းက လိမ္မာသော ကလေးတစ်ယောက် ဖြစ်ခဲ့လေသည်။ သူက စကားနည်းသော်လည်း နာခံတတ်လေ၏။ သို့ရာတွင် အရွယ်ရောက်လာချိန်၌ ပြဿနာရှာတတ်သော ဆယ်ကျော်သက်တစ်ယောက် ဖြစ်လာလေသည်။


ဤကဲ့သို့ ရုတ်တရက် ထိန်းမနိုင်သိမ်းမရ အခြေအနေက နျဲ့ချင်းစန်အား အနည်းငယ် အဆင်မပြေ ဖြစ်လာစေခဲ့လေသည်။ ကွယ်လွန်သွားသော အန်တီလုကိုတွေးမိပြီး သရုပ်ပျက်စွာဝတ်စားထားသော ဆယ်ကျော်သက်ကောင်လေးကို ကြည့်လိုက်၏။ ထို့နောက် မျက်မှောင်ကြုတ်ကာ သတိထပ်ပေးလိုက်လေသည်။

“လုရုန်ချင်း… ငါမင်းကို ထပ်သတိပေးမယ်… ငါအရင်တုန်းက ကိစ္စတွေကို ဗွေမယူတော့ဘူး… အခုကစပြီး မင်း ပြဿနာမရှာနဲ့တော့…”


သူ့စကားက မဆုံးသေးပေ။ ကုပိုင်၏ မျက်နှာက ဖြူဖျော့လာပြီး ကြောက်လန့်နေသကဲ့သို့ တုန်ယင်လာကာ သနားဖွယ်တိရစ္ဆာန်လေးကဲ့သို့ သူ့လက်မောင်းကိုဖက်တွယ်လျက် မော့ကြည့်နေသဖြင့် ကြမ်းတမ်းသော စကားလုံးများကို ပြောမထွက်နိုင်တော့ချေ။


ကုပိုင်၏ ရိုးသားဖြူစင်သော မျက်လုံးလေးများကို စိုက်ကြည့်ကာ နျဲ့ချင်းစန်၏ နားလည်ရခက်သော လေထုက ကွယ်ပျောက်သွားပြီး အေးစက်စက်ဖြင့် ပြောလိုက်လေသည်။

“ကောင်းပြီ… ဘာပဲဖြစ်ဖြစ် မင်းမှတ်ထား… ဒါက နောက်ဆုံးအကြိမ်ပဲ…”


“ကျွန်တော်သိပါတယ် ကော… ကျွန်တော် ပြဿနာမရှာတော့ပါဘူး… ကောပြောတာ နားထောင်ပါမယ်…”


ကုပိုင်က နာနာခံခံဖြင့် ခေါင်းညိတ်လိုက်ပြီး တိတ်တဆိတ်ဖြင့် နျဲ့ချင်းစန်ကို ပွတ်သပ်တိုးဝှေ့နေကာ ရှက်ရွံ့ခြင်းမရှိဘဲ သူ့လက်မောင်းကို ဖက်တွယ်ထားလိုက်လေသည်။


နျဲ့ချင်းစန်၏ အမူအရာက ပိုမိုမည်းမှောင်လာသဖြင့် ကုပိုင်က သစ္စာရှိမှုကို ပြသရန် မျက်ဝန်းများကို မာကျောလိုက်လေသည်။


မစ်ရှင်ပြီးမြောက်ဖို့အတွက် အနာဂတ်မှာ ရွှေပေါင်လုံးကြီးရဲ့ ဆုံးဖြတ်ချက်ကို နားထောင်ရမယ်… ရွှေပေါင်လုံးရဲ့ စည်းကမ်းကို လိုက်နာရမယ်… ရွှေပေါင်လုံးရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရမယ်… ဒီရွှေပေါင်လုံးကြီးကို သေချာဖက်ထားရမယ်…”


“………”


နျဲ့ချင်းစန်က သူ့မျက်ဝန်းများကြောင့် တုန်လှုပ်သွားလေ၏။


ဒီလိုသန့်စင်ပြီး ကြယ်လင်နေတဲ့ မျက်ဝန်းလေးတွေ… ဒီလို ကြင်ကြင်နာနာရှိတဲ့ ပုံစံတွေ… နတ်ဘုရားက ရူးသွားတာလား… ဒီလိုပုံစံက အမြဲတမ်း သုန်မှုန်မည်းမှောင်နေတဲ့ လုရုန်ချင်းရဲ့မျက်လုံးထဲမှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ…


သို့သော်လည်း ယနေ့တွင် နာခံနေပြီး ကောင်းကောင်းပြုမူနေသည့် လုရုန်ချင်းကို မြင်ရသည်မှာ စိတ်ကျေနပ်ဖွယ်ကောင်းသည်ကို ဝန်ခံရမည်ဖြစ်သည်။


နျဲ့ချင်းစန်၏ အကြင်နာမဲ့သော ခံစားချက်များက ဦးနှောက်ထဲသို့ ဖြတ်သန်းသွားပြီး သူ့နှလုံးသားက မရေမရာ ဖြစ်သွားလေသည်။



🌠🌠🌠