Ch 5
Viewers 999

🌠 Chapter 5



ဝူကျန်းကျန်း၏ အကြံအစည်များကို လေ့လာပြီးနောက် ကုပိုင်က တုံ့ပြန်မည့်အစီအစဉ်ကို စဉ်းစားပြီးဖြစ်၏။ တန်ပြန်တိုက်ခိုက်ရန်အတွက် ကွဲပြားသည့် အကြံအစည်ကို စဉ်းစားရန်မလိုပေ။ သူတို့နည်းဖြင့် သူတို့အား ပြန်တိုက်ခိုက်သည်က အကောင်းဆုံးနည်းလမ်းဖြစ်သည်။


ပြန်လည်မွေးဖွားလာသော ဝူကျန်းကျန်းက အတိတ်ဘဝကဲ့သို့ မရိုးရှင်းပေ။ နှလုံးသားမည်းနက်နေသည့် ဝူကျန်းကျန်းက အတိတ်ဘဝတွင် သူမအား သတ်ခဲ့သော တရားမဝင်သမီးထက် သာလွန်ပြီး ကောင်းမနေပေ။ သူမက ပိုပြီးပင် ရက်စက်လေသည်။


ယခင်မှတ်ဉာဏ်များအရ သူ၏ အမူအကျင့်များက ရုတ်တရက် ပြောင်းလဲသွားလျှင် သူမက ထူးဆန်းမှုကို ရှာတွေ့သွားပြီး သူ့အားရင်ဆိုင်ရန် အကြံအစည်အသစ်အား စဉ်းစားမည်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် ကာကွယ်ရန် မဖြစ်နိုင်တော့ချေ။


ထိုကဲ့သို့တွေးပြီးနောက် ကုပိုင်က သင့်လျော်သည့် အခွင့်အရေးကို စောင့်နေလျက် နျဲ့ချင်းစန်နှင့် ဆက်ဆံရေးကို တိုးတက်ရန် လုပ်ဆောင်နေလိုက်သည်။ ဝူကျန်းကျန်းကိုမူ တိတ်တဆိတ် စောင့်ကြည့်နေလိုက်၏။


အချိန်က နှစ်ပတ်ခန့် ကုန်ဆုံးသွားပြီးနောက် ကုပိုင်က ပုံမှန်ကဲ့သို့ ကျောင်းသွားလေသည်။ ကျောင်းဝင်ပေါက်ကို ဝင်သည့်အချိန်တွင် ကျောင်းက ခံ့ညားသော ဆရာအသစ်တစ်ယောက်အား ခန့်ထားသည်ကို တွေ့လိုက်ရလေသည်။


“ရုန်ချင်း… ငါမင်းကိုပြောပြမယ်… ငါတို့ကျောင်းမှာ ပန်းချီဆရာအသစ်ရောက်တယ်… သူက ငါတို့အတန်းကို သင်မှာတဲ့… မနေ့က နေ့လယ်တုန်းက အတန်းပြီးသွားတော့ ငါသူ့ကို ကျောင်းအုပ်ကြီးရဲ့ရုံးခန်းမှာ တွေ့ခဲ့တယ်… အရမ်းချောတာပဲ…”


ပြောနေသူက မူလပိုင်ရှင်၏ သူငယ်ချင်းဖြစ်သည်။ ချောမောသော ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့နာမည်က အန်းဟောက်ဖြစ်ကာ သူကလည်း ဂေးဖြစ်၏။ နေ့တိုင်း လုပ်စရာမရှိချိန်တွင် သူက ကျောင်းရှိ ချောမောသော ကောင်းလေးများအား လိုက်စုံစမ်းလေ့ရှိသည်။


ကုပိုင်က ထိုကဲ့သို့ ကိစ္စများကို ဂရုမစိုက်ပေ။ သူက ယောက်ျားများကို ကြိုက်သော်လည်း စိတ်ကူးယဉ်သည်မှာ ရှားပါးလေသည်။ မစ်ရှစ်များ မလုပ်ရသေးမီတွင် မည်သူ့ကိုမှ ကြိုက်မည်မဟုတ်ပေ။

 

သို့ရာတွင် ယခုအချိန်၌ သူမျက်လုံးပင့်လိုက်၏။ သူမှတ်မိသည်က မှန်လျှင် အန်းဟောက်က သူ့အားစောင့်ကြည့်ရန် ဝူကျန်းကျန်း စီစဉ်ထားသူဖြစ်သည်။ ထိုလူကမူ ယခုအချိန်တွင် ပန်းချီဆရာအဖြစ် ပေါ်လာခဲ့လေ၏။


သို့ရာတွင် ဇာတ်ကြောင်းထဲ၌ နန်လီချန်းပေါ်လာသည်က နောက်ပိုင်းမှ ဖြစ်သည်။ နောက်ဆုံးအကြိမ်က သူ့အား ဆေးခတ်ရန် ကြိုးစားသည်မှာ မအောင်မြင်သဖြင့် ဝူကျန်းကျန်းက အလျင်လိုနေပုံရလေသည်။


အန်းဟောက်က သူစိတ်မဝင်စားသည်ကို သတိထားမိသဖြင့် ခေါင်းစဉ်ကို ပြောင်းလိုက်ပြီး စကားဆက်ပြောရန် ကြိုးစားသေလသည်။

“ရုန်ချင်း… ငါပြောတာအမှန်ပဲ… သူက တကယ်ကို ချောတယ်… နတ်ဘုရားလိုပဲ…”


နတ်ဘုရားက အမှန်ပင် နတ်ဘုရားဖြစ်သည်။ ထိုလူက လုရုန်ချင်းကို ချဉ်းကပ်ရန် ဝူကျန်းကျန်းရှာထားသည့်လူဖြစ်၏။ ထို့ကြောင့် သူ၏အသွင်အပြင်က အလွန်ထူးခြားလေသည်။


ရန်သူက စစ်ပွဲကို ကြေညာလိုက်သဖြင့် ရှောင်တိမ်းရန် အကြောင်းပြချက်မရှိချေ။ 


ကုပိုင်က ပြုံးကာ အန်းဟောက်ကို စကားဆက်ပြောခွင့် ပြုထားလိုက်ပြီး စာသင်ခန်းထဲသို့ ဝင်သွားလိုက်သည်။


အလွန်ချောမောသော ဆရာက အတန်းသားများ၏ အာရုံကို ဆွဲဆောင်ထားပုံရလေသည်။ သူအခန်းထဲသို့ ဝင်လိုက်သည်နှင့် စကားပြောဆိုနေသံများကို ကြားရပြီး အားလုံးက ပန်းချီဆရာမှာ မည်မျှငယ်ရွယ်ပြီး ချောမောကြောင်းများသာ ဖြစ်လေသည်။


“တွေ့လား… တွေ့လား ရုန်ချင်း… ငါ မင်းကို မလိမ်ဘူး… လူတိုင်း သူ့အကြောင်းပြောနေကြတာ…”


အန်းဟောက်က စိတ်လှုပ်ရှားစွာဖြင့် သူ့လက်မောင်းကိုဆွဲကာ သူ့အမူအရာကို စူးစမ်းနေလျက် ဆက်ပြောလေသည်။


“အဲ့လောက်ချောလို့လား… ဖြစ်နိုင်လို့လား…”


ကုပိုင်၏မျက်နှာက စိတ်မဝင်စားရဲသကဲ့သို့ ဟန်ဆောင်လိုက်သည်။ လုရုန်ချင်းက ယခုအချိန်တွင် ဖူဇီရွှမ်းကြောင့် အသည်းကွဲနေဆဲဖြစ်၏။ ထို့ကြောင့် သူက အချစ်ကို စိတ်ကုန်နေသကဲ့သို့ ဟန်ဆောင်ရမည်ဖြစ်သည်။


ထိုအချိန်တွင် ခေါင်းလောင်းမြည်လာပြီး အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက် အခန်းက ရုတ်တရက် တိတ်ဆိတ်သွားလေ၏။ 


အရပ်ရှည်ပြီး ကျစ်လျစ်သော ပုံရိပ်တစ်ခုက တံခါးပေါက်မှ ဝင်လာလေသည်။ ပထမဦးစွာ သူ၏ သားရေဖိနပ်တစ်စုံ၊ ထို့နောက် ချောမွေ့သော ဘောင်းဘီ၊ နောက်ဆုံးတွင် သူ၏ ဘေးဘက်မျက်နှာကို မြင်လိုက်ရလေသည်။


လူတစ်ယောက်လုံး စာသင်ခန်းထဲသို့ ဝင်လာပြီးနောက် သင်ထောက်ကူပစ္စည်းများကို စားပွဲပေါ်တင်လိုက်ပြီး အတန်းဘက်သို့ မျက်နှာမူလိုက်သည်။ အတန်းထဲရှိ ကျောင်းသားကျောင်းသူအားလုံးမှာ ရင်သပ်ရှုမော ဖြစ်သွားကြလေ၏။


“ဝိုး….”


မိန်းကလေးတစ်ယောက်က အသံထွက်လာပြီး မျက်လုံးများအရောင်တောက်နေလျက် သူ့ကို ငေးကြည့်နေလေသည်။


နန်လီချန်းက အမှန်ပင် ချောမောလေသည်။ အချိုးကျသော မျက်နှာက အပြစ်အနာအဆာကင်းကာ ချောမောနေပြီး နားရွက်အဖျားထိ ဆံပင်ရှိကာ ရွှေရောင်မျက်မှန်ကို ဝတ်ဆင်ထားလေသည်။ သူ၏အမူအရာများက ပြိုင်ဘက်ကင်းပြီး သိမ်မွေ့ညင်သာနေလေသည်။


အထူးသဖြင့် သူ့မျက်လုံးများဖြစ်၏။ ပထမဆုံးအကြည့်တွင် ထိုအနက်ရောင်မျက်ဝန်းများက  သာမာန်ဖြစ်သော်လည်း ကွဲပြားသည့် စိတ်ဝိညာဉ်တစ်ခု ရှိနေသကဲ့သို့ဖြစ်၏။ သူရယ်လိုက်ချိန်တွင် လူများအား ဖမ်းစားနိုင်သကဲ့သို့ ထူးခြားသည့် မှော်စွမ်းအား ရှိနေသကဲ့သို့ ဖြစ်သည်။


ယခုအချိန်တွင် သူက ထိုအပြုံးကိုသုံးကာ ကျောင်းသားကျောင်းသူများကို ကြည့်နေလေ၏။ တိတိကျကျပြောရလျှင် အတန်းနောက်ဆုံး၌ ထိုင်နေသော လုရုန်ချင်းကို ပြုံးပြနေခြင်းဖြစ်သည်။


“မင်္ဂလာပါ…. ဆရာ့နာမည်က နန်လီချန်းပါ… ဆရာက မင်းတို့ရဲ့ ပန်းချီဆရာအသစ်ပါ…”


သူ့အသံက အလွန်ကောင်းပြီး အတန်းထဲရှိ ကျောင်းသူများအားလုံးနှင့် အချို့ကျောင်းသားများပင်လျှင် ယစ်မူးသွားကြလေသည်။


ကုပိုင်က ယစ်မူးမနေပေ။ သူက လုရုန်ချင်းလည်း မဟုတ်ဘဲ ဇာတ်ကြောင်းကို သိလေသည်။ နန်လီချန်း၏ ဆွဲဆောင်မှုက အဆိပ်များပါဝင်နေသည်ကို သိလေ၏။ သူယစ်မူးနေလျှင် ကြောက်မက်ဖွယ်ကောင်းအောင် သေဆုံးရမည်ဖြစ်သည်။


သို့ရာတွင် သူက စိတ်ဝင်စားမှုအနည်းငယ်နှင့် မိန်းမောနေသည့် အမူအရာကို ပြထားလေသည်။ ဝူကျန်းကျန်း၏လူက သူ့အား အချိန်မရွေး စောင့်ကြည့်နိုင်သဖြင့် သရုပ်ဆောင်ပြရန် လိုအပ်လေသည်။


ထို့ကြောင့် နန်လီချန်းက အတန်းရှေ့ရှိ စင်မြင့်ပေါ်မှဆင်းကာ သူ့ထံသို့ ရောက်လာချိန်တွင် ကုပိုင်က ရုတ်တရက် ပျာယာခတ်သွားပြီး ထိတ်လန့်နေကာ အနည်းငယ် ရှက်ရွံ့နေလေ၏။

“လောင်…လောင်ရှီး…”


နန်လီချန်းက သူ့ရှေ့၌ ရပ်လိုက်ချိန်တွင် ကုပိုင်က ထရပ်ကာ သူ့မျက်လုံးများက တလက်လက်ဖြစ်နေလေသည်။


“စိတ်မလှုပ်ရှားပါနဲ့… မင်းနာမည် ဘယ်လိုခေါ်လဲ…”

နန်လီချန်းက ပြုံးကာ သူ့ခေါင်းကို ညင်ညင်သာသာဖြင့် ပုတ်လိုက်၏။ ထိုနူးညံ့မှုညင်သာမှုကို ငြင်းဆန်ရန် ခက်ခဲလှလေသည်။


ဤကဲ့သို့ နူးညံ့မှုက လုရုန်ချင်းအား မည်သည့်အချစ်ကိုမှ မရရှိစေဘဲ ချောက်ကမ်းပါးထဲသို့ ဆွဲခေါ်သွားမည်ဖြစ်သည်။


သို့ရာတွင် သူ့ရှေ့ရှိလူက သူ့တာဝန်ကို လုပ်နေသည့် အရံဇာတ်ကောင်သာဖြစ်လေသည်။ ကုပိုင်က ပြန်ပြုံးပြလိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။

“ကျွန်တော်က လုရုန်ချင်းပါ လောင်ရှီး…”


သူပြောနေစဉ်တွင် သူက သူ့ဘောင်းဘီစကို ဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားနေဟန် ပြထားလိုက်၏။


နန်လီချန်းက သူ့ကိုကြည့်ကာ သူ၏ နက်မှောင်သော မျက်ဝန်းများနှင့် သူ့အား အကဲဖြတ်လေ့လာနေလေသည်။ သူ့ရှေ့ရှိ လုရုန်ချင်းက ဝူကျန်းကျန်းပေးခဲ့သော ဓာတ်ပုံထဲရှိလူနှင့် အနည်းငယ် ကွဲပြားနေလေ၏။


မျက်နှာက ဓာတ်ပုံထဲကကဲ့သို့ လှပသောမျက်နှာလေးဖြစ်သော်လည်း ကုပိုင်က နျဲ့ချင်းစန်၏ မျက်လုံးထဲတွင် သူ့အား အကောင်းမြင်စိတ်တိုးစေရန် မူလပိုင်ရှင်၏ ရောင်စုံဆံပင်ကို ပုံမှန်အတိုင်း ပြန်ပြောင်းထားခြင်းဖြစ်သည်။


ထူပိန်းနေသော မိတ်ကပ်များ၊ ထူးဆန်းသည့် ဦးခေါင်းခွံပုံစံ နားဆွဲများ၊ တတ်တူးများနှင့် မူလပိုင်ရှင်ကြိုက်သည့် ထူးထူးဆန်းဆန်း ပစ္စည်းများအားလုံးကို သူပြောင်းလဲလိုက်လေသည်။


ခံစားလွယ်ခြင်း၊ လှပခြင်းနှင့် ယဉ်ကျေးခြင်းက ကုပိုင်အပေါ်  နန်လီချန်း၏ ပထမဆုံးထင်မြင်ချက်ဖြစ်သည်။


အထူးသဖြင့် ကုပိုင်၏ သန့်စင်ကြည်လင်သော မျက်ဝန်းများကြောင့် နန်လီချန်းက သနားနေလေ၏။ ဤကဲ့သို့ သန့်စင်သည့်ကောင်လေးကို တစ်စုံတစ်ယောက်က ကြံစည်ချင်နေလေသည်။


သနားစရာကောင်းသော်လည်း လုပ်ရန်လိုသည့်ကိစ္စကို လုပ်ရမည်ဖြစ်သည်။


“ကျောင်းသားလု… ပန်းချီအတန်းအတွက် ကိုယ်စားပြုပေးဖို့ တစ်ယောက်လိုတယ်… မင်းလုပ်နိုင်မလား…”


နန်လီချန်းက ကုပိုင်ကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက နူးညံ့နေပြီးအာရုံစိုက်ထား၏။ ဤကဲ့သို့ မျက်ဝန်းမျိုးက တစ်လောကလုံးတွင် သူ့ကိုသာကြည့်နေသကဲ့သို့ ခံစားရစေရပြီး တိတ်တဆိတ် ဖြားယောင်းနေသကဲ့သို့ နှလုံးခုန်မြန်လာစေလေသည်။


ကံမကောင်းစွာဖြင့် ဤကဲ့သို့ ဖြားယောင်းခြင်းက ကုပိုင်အပေါ်တွင် သက်ရောက်မှုမရှိချေ။ သူ့အကြောင်းသိသည့် လူတိုင်းက သူ့မျက်လုံးကို မကြည့်ပေ။ အကြောင်းမူကား သူ၏သန့်စင်သော မျက်ဝန်းများနှင့် သူ့အကျင့်စရိုက်က လုံးဝဆက်စပ်မှု မရှိသောကြောင့်ဖြစ်၏။


နန်လီချန်းမှာ လှပသောကောင်ငယ်လေးက တစ်ခဏခန့် မယုံကြည်နိုင်ဖြစ်နေပြီးနောက် ရှက်ရွံ့စွာပြုံးကာ ခေါင်းညိတ်လိုက်သည်ကို မြင်လိုက်ရလေသည်။ သူက ထိုသန့်စင်ကြည်လင်သော မျက်ဝန်းများကို ကြည့်လိုက်ချိန်တွင် သူ့ရင်ထဲ၌ နူးညံ့မှုတစ်ခု ရှိလာပြီး သူ့ကိုယ်သူပင် မယုံကြည်နိုင်ဖြစ်သွားလေသည်။


“ဒါဆို အားကိုးလိုက်မယ်နော် ကျောင်းသားလု…”


အတန်းထဲရှိ ကျောင်းသူများ၏ မနာလိုနေသော အကြည့်အောက်တွင် နန်လီချန်းက ပြုံးကာ ကုပိုင်၏ ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်လေသည်။ ထို့နောက် အတန်းစရန် စင်မြင့်ပေါ်သို့ ပြန်သွားလိုက်လေ၏။ သူက နူးညံ့ညင်သာပြီး ယဉ်ကျေးသိမ်မွေ့ကာ မည်သည့်အချိန်တွင် ရှေ့တိုးပြီး မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို သိလေသည်။


ကုပိုင်ဘေးရှိ အန်းဟောက်က သူ့နားသို့ကပ်ကာ မနာလိုဖြစ်နေသကဲ့သို့ ဟန်ဆောင်လေသည်။

“ရုန်ချင်း… ငါမင်းကို မလိမ်ဘူးနော်… သူက နတ်ဘုရားလိုပဲမလား…”


“အင်း…”


ကုပိုင်က စိတ်ထဲတွင် လှောင်ပြောင်လိုက်သော်လည်း မျက်နှာက အနည်းငယ်နီနေပြီး ခေါင်းငုံ့ထားကာ အချစ်ဦးကိုကြုံတွေ့နေသကဲ့သို့ ဟန်ဆောင်လိုက်လေသည်။


အန်းဟောက်က သူ့ပုံစံကိုမြင်ပြီးနောက် ကျေနပ်စွာ ပြုံးလိုက်လေသည်။


အတန်းပြီးနောက် သူက သန့်စင်ခန်းသို့ သွားကာ ဝူကျန်းကျန်းအား အခြေအနေကို တင်ပြရန် ဖုန်းခေါ်လိုက်ပေသည်။ 


ဝူကျန်းကျန်းက အလွန်ကျေနပ်နေပြီး သူမ၏အပြုံးက အလွန်ပင် ပူပင်ကြောင့်ကြမဲ့နေသည်။



🌠🌠đŸŒ