Chapter 2
Viewers 335

အခန်း ၂ - အန္တရာယ်ရှိသောလူ


လုံခြုံရေးဌာန၊ အမှတ် (၉) ရုံးမှ လူကြီးများသာ ဤစာကို မြင်ပါလျှင် အရေးပေါ် အသက်ကယ်ဆေးများ ယူဖို့ပင် အပြေးအလွှား တန်းစီကြလိမ့်မည်။

ချူးစစ်တစ်ယောက်တည်းသာ ထိုစာသားနှစ်ကြောင်းကို ဖတ်ပြီးသော်လည်း နေရာ၌ မတ်မတ်ပင် ရပ်နိုင်သေးသည်။

သို့သော် သူသည်လည်း အမြင်အာရုံ မှောင်မဲလာပြီး အောက်ဆီဂျင် ပိုမိုလိုအပ်လာသည်ကို ခံစားနေရသည်။

---

အာကာသထောင်သည် အနှစ်တစ်ရာခန့်ကြာသည်အထိ ဖယ်ရှားခံထားခဲ့ရပြီး တည်ဆောက်စဉ်ကတည်းက လုံခြုံရေးဌာန၊ အမှတ် (၅) ရုံး၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။

ထိုအထဲတွင် ဂြိုဟ်ပေါ်ရှိ အန္တရာယ်အရှိဆုံး လူများ စုဝေးနေကြပြီး နတ်ဆိုးများအား စုစည်းထားသော စခန်းဟုဆိုလျှင်လည်း ချဲ့ကားရာမကျပေ။

ထိုထဲမှ တစ်ဦးအား ကျပန်းရွေးချယ်လိုက်လျှင်ပင် ထိုသူက ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေမည်မှာ အသေအချာပင်။

ဆာအာ့ယန်မှာ သမိုင်းတွင် အဆိုးရွားဆုံး၊ ထိန်းချုပ်ရအခက်ခဲဆုံးဖြစ်ပြီး ချိန်ကိုက်ဗုံးနှယ် ပေါက်ကွဲချိန်ကို ခန့်မှန်းမရနိုင်သူ ဖြစ်သည်။

သူ့အား ထောင်ထဲထည့်ရန် ၁၇နှစ်ကြာ ကြိုးစားခဲ့ရသော်လည်း နောက်ဆုံးတွင် သူ့ကို မည်သို့ ထိန်းချုပ်နိုင်ခဲ့သည်မှာ ပြင်ပကမ္ဘာအတွက် လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲသာ။

ဤမျှ အန္တရာယ်ကြီးမားသူက ထောင်ထဲတွင် ရှိနေသော်လည်း သူက စိုးရိမ်ဖွယ်ရာ အနှောင့်အယှက်တစ်ခု အဖြစ် ဆက်လက်ရှိနေဆဲပင်။ သူ ထောင်ကျသည့်နေ့မှစ၍ တစ်နှစ်လုံး အနားယူခွင့် မရခဲ့ကြပေ။ရုံးခွဲ (၅) ၏ အမှုဆောင်အရာရှိရာထူးက သေ​စေလောက်သော ရာထူးဖြစ်လာခဲ့ကာ တစ်နှစ်ထက်တစ်နှစ် ပို၍ အန္တာရာယ်များလာခဲ့သည်။

ချူးစစ် ရောက်လာမှသာ ထိုကဲ့သို့ ကျိန်စာသင့်သည့် သက်ရောက်မှုကြီး ပြီးဆုံးသွားခဲ့သည်။

သူ့ထက်အသက်ကြီးသူများမှာ ရာထူးမှ အလျင်အမြန် နုတ်ထွက်ကြခြင်းကြောင့်သာ သူ ဤမျှမြင့်မားသောရာထူးအား ရရှိခဲ့ခြင်း ဖြစ်သည်။

---

သူ၏ အမူအရာမှာ အလွန် ကြည့်ရဆိုးနေသောကြောင့် ကြမ်းတိုက်ဝတ်ကဲ့သို့ ဆံပင်နှင့် လူက ချူးစစ်၏ ခလုတ်ပေါ်ရှိ လက်ညှိုးကို ကြည့်ကာ တံတွေးမျိုချလိုက်မိသည် ။ "မင်း အဆင်ပြေရဲ့လား... သတင်းဆိုးကြားလိုက်ရလို့လား" ဟု ထိုသူက စိုးရိမ်စွာ မေးလာသည်။

ချူးစစ် ထိုလူကို မော့ကြည့်ပြီး ပြန်မေးလိုက်သည် "မကြုံစဖူးလို့ ဆိုရလောက်အောင်ကို ဆိုးလွန်းတယ်... မင်း အာကာသထောင်အကြောင်း သိလား..."

ထိုလူက ရယ်ပြီး "သိတာပေါ့ကွာ၊ ငါ့အကိုက အဲဒီမှာ ထောင်စောင့်လုပ်တာလေ...မင်းမျက်နှာက နံရံပေါ်ကို နတ်ဆိုးတွေ အုပ်လိုက်ကြီး ပြေးတက်လာလို့ ဖြစ်နေတဲ့အတိုင်းပဲ" ဟု ပြောလိုက်သည်။

ချူးစစ် ဆက်သွယ်ရေး ကိရိယာကို လှုပ်ရမ်းလိုက်ရင်း "ငါကတော့ အဲဒီထောင်က တခြား လူတွေ အုပ်စုလိုက် လွတ်သွားတာကို မြင်ရတာကတောင် တော်ဦးမယ်လို့ ထင်တယ်" ဟု အမူအရာမဲ့စွာ ဆိုလိုက်သည်။

ထိုလူ၏ နှုတ်ခမ်းစွန်းများ လှုပ်ရှားသွားရပြီး ပြန်ပြောလိုက်သည် : "အဲဒါက ပိုဆိုးတာပေါ့... ငါတို့ ဒီအတိုင်း အသက်ရှူကျပ်ပြီး သေသွားရင်တောင် ပိုကောင်းဦးမယ်"

ချူးစစ်က အေးစက်စွာ ပြန်ပြောလိုက်သည် "မင်းက တကယ် ထူးချွန်တဲ့သူပဲ"

ထိုလူက သူ့ဘေးမှ လူငယ်လေးအား ဆွဲကာ "ဒီလို သတင်းဆိုးကြီး ကြားထားရတာ၊ မကောင်းတဲ့အရာနဲ့ အတူရှိနေသလိုပဲ။ မင်း သေနတ်ကို အရင် ချလိုက်ပါလား ။ ငါတို့မှာ မကောင်းတဲ့ အကြံအစည် မရှိပါဘူး" ဟု ဆိုသည်။

ချူးစစ် သေနတ်အား ခါးကြားထဲသို့ ပြန်ထည့်လိုက်သည်။

ထိုလူက စိတ်သက်သာသွားသလို သက်ပြင်းချလိုက်ကာ သူ့ဘေးမှ လူငယ်လေးအား ဆွဲလိုက်ပြီး အနည်းငယ် ချဉ်းကပ်လာခဲ့သည်။

နှစ်ယောက်စလုံးမှာ တစ်နှစ်နီးပါး ရေမချိုးရသေးသဖြင့် လှုပ်ရှားမှုတိုင်းတွင် "အနံ့" ပြင်းစွာ ထွက်နေသည်။ သူ့ကို နှိပ်ဆက်ရန် ဘုရားသခင်မှ ပို့လွှတ်လိုက်သည့် လူသားအယောင်ဆောင် ဇီဝလက်နက်များကဲ့သို့ပင် ။

ထိုအနံ့က ချူးစစ်အား နှလုံးခုန် ရပ်လုနီးပါး ဖြစ်စေသော်လည်း၊ ထိုအချိန်မှသာ သူသတိရလိုက်သည် — မက်ဆေ့ချ် လက်ခံရရှိချိန်ကို စစ်ဆေးရန် မေ့နေခဲ့သည်။

"နောက်တစ်လှမ်း ထပ်လှမ်းရင် မင်းရဲ့ ခြေချောင်းတွေကို နှုတ်ဆက်လိုက်ရလိမ့်မယ်" ဟု ချူးစစ်က ခြိမ်းခြောက်ကာ ခေါင်းကို ငုံကြည့်၍ ဆက်သွယ်ရေး ကိရိယာပေါ်တွင် နှစ်ချက်ပွတ်ဆွဲလိုက်သည်။

မျက်နှာပြင်ပေါ်တွင် ဆာအာ့ယန်ထံမှ ရောက်လာသော မက်ဆေ့ချ်အောက်၌ အချိန်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည် — ဖေဖော်ဝါရီ ၁၈၊ ၅၇၃၆။

ချူးစစ် မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ခဏအကြာတွင် ပြန်ဖွင့်လိုက်သည်။

သူ့မျက်နှာမှာ ပိုလို့ပင် အရုပ်ဆိုးသွားရတော့သည်။

ဟုတ်တယ်... သူ ပြောင်းပြန် မဖတ်မိဘူး။ ၃၆ ဖြစ်ပြီး ၆၃ မဟုတ်ဘူး ...

ဘယ်လောက်ကောင်းလိုက်သလဲ... ဒီမက်ဆေ့ချ်က လွန်ခဲ့တဲ့ ၂၇ နှစ်တိတိ ကတည်းက ပို့ထားတာ။ ၂၇ နှစ်ဆိုတာ ဂလက်ဆီကနေ အာကာသယာဉ်တစ်စင်း တည်ဆောက်ပြီး ပျံသန်းထွက်ခွာဖို့တောင် လုံလောက်တဲ့ အချိန်ပဲ...

...တချို့အရာတွေက ပြန်ပြင်လို့မရတော့လောက်အောင်ကို ပျက်ဆီးသွားရင် စိုးရိမ်နေစရာလည်းမလိုတော့ဘူး"

ဂြိုဟ်ကြီးက ရေတွက်လို့မရတဲ့ အပိုင်းအစတွေ အဖြစ် ပေါက်ကွဲသွားပြီး ကျယ်ပြောတဲ့ကြယ်ပင်လယ်ကြီးထဲမှာ ဖုန်မှုန့်တစ်စ ဖြစ်သွားပြီ... အာကာသထောင်ဆိုတာ သူ စောင့်ကြည့်နိုင်တဲ့ အကွာအဝေးထက် အများကြီး ကျော်လွန်သွားပြီ... နိုင်ငံရဲ့ အန္တရာယ်အရှိဆုံး လုံခြုံရေးအန္တရာယ်က ၂၇ နှစ်လုံးလုံး အဆိုးဆုံးဖြစ်နေခဲ့တာ... ဒါထက် ပိုဆိုးတာ ဘာများ ရှိနိုင်ဦးမှာလဲ...

ဘာမှမရှိတော့ဘူး...

ကြမ်းတိုက်ဝတ်နှင့် တူသည့်လူက ချူးစစ်၏ စိတ်ပျံ့လွင့်နေပုံကို နားမလည်သဖြင့် သူ့ရှေ့မှ လက်ပတ်နာရီကို ကိုင်ကာ ထိုင်ပြီး လှုပ်ရမ်းနေသည်။

ထိုလှုပ်ရှားမှုကြောင့် လေထုက လှုပ်ရှားသွားပြီး နှာခေါင်းထဲသို့ ဝင်လာသော "အနံ့"မှာ အလွန်ဆိုးရွားလှသည်။

ချူးစစ်က "မင်းရဲ့ လက်နှစ်ဖက်က ဒီလိုဖြစ်နေရင်... တစ်ဖက်လောက်ဖြစ်ဖြစ် ချိုးပေးရမလား..." ဟု ဆိုလိုက်သည်။

ထိုလူက လက်ကို နောက်သို့ ရုတ်တရက် ဆုတ်လိုက်သည်။

"မဟုတ်ဘူး... ငါက နောက်ထပ် နှစ်မိနစ်လောက် ကုန်သွားပြီဆိုတာ သတိပေးချင်တာပါ။ ငါတို့မှာ မိနစ် သုံးဆယ်ပဲ ကျန်တော့တယ်၊ မင်း မူးနေတယ်လို့ မခံစားရဘူးလား..."

ချူစစ် မျက်မှောင်ကြုတ်သွားသည်။

"မင်းကသာ ငါ့ကို ခေါင်းမူးအောင် လုပ်နေတာ" ဟု ဆိုလိုက်သည်။

သို့သော် ထိုလူ၏ အနံ့ကို မုန်းတီးနေသော်လည်း ထိုလူ၏စကားကို လျစ်လျူရှု၍ မရပေ။

၂၇ နှစ်ကြာ လွတ်လပ်စွာ ပြေးလွှားနေခဲ့သော ပြဿနာအား စဉ်းစားနေမည့်အစား၊ မနက်ဖြန်တွင် နေရောင်ခြည်ကို မြင်ရရန် သေချာအောင် လုပ်သင့်သည်။

...အရေးအကြီးဆုံးကို အရင်လုပ်သင့်သည်။

သူ ခေါင်းကို လှည့်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

သစ်နက်တော၊ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော ရွှံ့နွံများ၊ ပုပ်ဆွေးနေသော ဆူးပင်... ထိုအရာများအပြင် တွေ့ရသည်မှာ နှစ်ချို့နေသော အပ်များနှင့် နှစ်ဆယ့်ငါးလုံးသော အအေးထိန်းအတောင့်များသာ ဖြစ်သည်။

ပုပ်ဆွေးနေသော အကိုင်းအခက်များကြားမှ တစ်ဆင့်၊ အနည်းငယ်ဝေးသော နေရာတွင် ပင်လယ်သဖွယ် ကြယ်များအောက်၌ လဲလျောင်းနေသည့် တိတ်ဆိတ်သော အမည်းရောင် အရိပ်တစ်ခုကို ဝါးတားတား မြင်နိုင်သည်။

"အိုး... ဟုတ်တယ်၊ ဟိုမှာ ဗီလာလေး တစ်လုံး ရှိတယ်" ဟု ကြမ်းတိုက်ဝတ်နှင့် တူသောလူက ပြောလိုက်သည်။

အောက်ဆီဂျင်က အလွန်ပါးလွှာပြီး စကားအရမ်းပြောသောကြောင့် သူ၏ အသက်ရှူသံ ခက်ခဲလာသည်။

သူ အနီးအနားရှိ အအေးထိန်းတောင့်တစ်ခုကို မှီကာ စခန်းချရာမှ ထွက်လာသော လေထွက်ပေါက်ကို မှီတွဲပြီး မိမိကိုယ်ကို သက်သောင့်သက်သာ ဖြစ်အောင် ကြိုးစားနေသည်။

"ပေါက်ကွဲမှု မဖြစ်ခင်က အမှုဆောင်အရာရှိတစ်ယောက်က တစ်ခါတလေ အားလပ်ရက်လာလည်လေ့ရှိတယ်၊ သူတို့ ဘယ်ဌာနကလဲဆိုတာတော့ ငါ မသိဘူး" ဟု ပြောလိုက်သည်။

ချူးစစ် ထိုသူ ပြောနေသည့် အရာရှိအား ကောင်းကောင်း သိနေသည်။ ထိုအရာရှိသည် သူကိုယ်တိုင်ပင် ဖြစ်နေသောကြောင့်ပင်။

တစ်ချို့သော အကြောင်းရင်းများကြောင့် သူ ဤနေရာတွင် ခြောက်လတစ်ကြိမ်၌ တစ်ပတ်ကြာ နေထိုင်လေ့ရှိပြီး ဆရာဝန်၊ အာဟာရပညာရှင်နှင့် အစောင့်အချို့ကို ခေါ်လာလေ့ရှိသည်။

ယခုအခါ ထိုလူအားလုံးသည် သူ့ပတ်ဝန်းကျင်ရှိ အအေးထိန်းယာဥ်အခန်းများထဲတွင် လဲလျောင်းနေကြသည်။

သူတို့သည် သူ့ထက် အနည်းငယ် ပိုကံကောင်းကြသည် ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ စွမ်းအင်မှာ လုံးဝကုန်ခန်းမသွားသေးဘဲ အိပ်ပျော်နေကြသေးသောကြောင့် ဖြစ်သည်။

ဤနေရာတွင် နေထိုင်သူအားလုံးသည် သူ၏ လူများဖြစ်သော်လည်း ထိုလူနှစ်ယောက်ကိုမူ သူ တစ်ခါမှ မမြင်ဖူးသေးပေ။

"ငါ မှတ်မိတာသာမှန်မယ်ဆိုရင် ဒီနေရာမှာ တခြားနေထိုင်သူတွေ မရှိဘူးနော်" ဟု ချူးစစ်က ပြောလိုက်သည်။

ထိုကြမ်းတိုက်ဝတ်နှင့် တူသည့်လူက သူ့နှာခေါင်းကို လေဝင်ပေါက်ထဲသို့ ထည့်ထားပြီး ကြမ်းတိုက်ဝတ် အသေးစားလေးနှင့်တူသည့် လူငယ်ကို ကိုင်ထားရင်း ရှင်းပြသည်။

"ဒီမှာ လူတွေ နေထိုင်တာ အရမ်းနည်းတယ်... ရက်အနည်းငယ်ပဲ နေကြတယ်"

"အဲဒီအချိန်တွေမှာ မြင်ကွင်းကလည်း လှတယ်၊ လေကလည်း တဖြူးဖြူးနဲ့ဆိုတော့ ငါတို့ တစ်ခါတလေ ခိုးပြီး လာစခန်းချလေ့ရှိတယ်လေ"

ချူးစစ်က "အိုး..." ဟု အသံပေးကာ "ဒီဇင်ဘာဆိုရင် အရိုးတွေတောင် ခဲသွားလောက်အောင် ချမ်းတယ်၊ ဒါတောင် မင်းတို့ လာစခန်းချနေတာလား..." ဟု မေးလိုက်သည်။

ထိုလူက ခါးသီးစွာ ပြန်ဖြေသည်။

"ဟုတ်တယ်... အဲ့ဒါက ငါ့ဘဝမှာ လုပ်မိခဲ့တဲ့ အကြီးမားဆုံး အမှားဖြစ်လိမ့်မယ်… ဗီလာထဲက ဘယ်သူကမှ ငါ့ကို ဘာမှ မပြောခဲ့ဘူးလေ... နောက်တော့ ကံဆိုးမိုးမှောင်ကျတဲ့ ရက်တွေ စတော့တာပဲ"

စကားပြောပြီးသွားသည့်နောက် သူ့နာရီကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။

"နောက်ထပ် ၂၇ မိနစ်ပဲ ကျန်တော့တယ်... မင်း တကယ်ပဲ ငါ ဘယ်လို စခန်းချခဲ့တယ်ဆိုတာ ဆက်ပြောစေချင်သေးတာလား… ငါ မူးနေလို့ ဘာမှ မတွေးနိုင်တော့ဘူး... မင်း ဒီကနေ ထွက်သွားဖို့ နည်းလမ်းကို တကယ်ပဲ မရှာနိုင်တော့ဘူးလား… "

ချူးစစ် သူ့ခြေထောက်ကို မြှောက်ကာ နှစ်ကြိမ် ကန်လိုက်သည်။

"နည်းလမ်း ရှိတာပေါ့ကွ" ထိုလူနှစ်ယောက်သည် တကယ်ပဲ အန္တရာယ်ကင်းရဲ့လားဆိုသည်ကို အတည်ပြုရန် လိုနေခြင်းသာ ဖြစ်သည်။

"၂၇ မိနစ်က လုံလောက်ရဲ့လား" ထိုလူက မယုံကြည်နိုင်သော မျက်နှာဖြင့် မေးလိုက်သည်။

ချူးစစ်က "မင်း ခြေထောက်ကို လှုပ်ရှားနိုင်သေးတယ်ဆိုရင် လုံလောက်တာထက်တောင် ပိုပါသေးတယ်" ဟု ပြန်ဖြေလိုက်သည်။

ဤနေရာကို ပထမဆုံး အပိုင်းအစများ ခွဲထုတ်ရေး အစီအစဉ် ပြင်ဆင်ခဲ့စဥ်က စီမံခန့်ခွဲမှု အပိုင်းတစ်ခုအနေဖြင့် သတ်မှတ်ခဲ့သည်။ ဂြိုဟ်ကို ခွဲထုတ်ပြီး ပေါက်ကွဲသည့်အခါ ဗီလာ၏ တစ်စိတ်တစ်ပိုင်းက ပြိုကျနိုင်ခြေရှိသည်ကို ထည့်သွင်းစဉ်းစားပြီး၊ ဤသစ်တောထဲမှ အအေးထိန်းယာဥ်အခန်းအများစုကို ဗီလာနှင့် မဝေးသောနေရာတွင် ထားခဲ့ခြင်းဖြစ်သောကြောင့် အလွယ်တကူ ကယ်ဆယ်၍ ရနိုင်သည်။

အမှန်တော့ ဗီလာထဲတွင် အအေးထိန်းယာဥ်အခန်း အပိုကိုးလုံး ရှိခဲ့သည်။ ၎င်းတို့ကို အနောက်ဘက် မြေအောက် သိုလှောင်ခန်းထဲတွင် ထားခဲ့သည်။

သိုလှောင်ခန်းထဲရှိ ကျဥ်းမြောင်းသော နေရာတွင် အရန် စွမ်းအင်လမ်းကြား အချို့လည်း ရှိခဲ့သည်။ အအေးထိန်းယာဥ်အခန်းကိုးခုကို အသက်သွင်းလိုက်သောအခါ အစားထိုးလိုက်သော အောက်ဆီဂျင် ပမာဏက ပုံမှန်ပြင်ပတွင် လည်ပတ်နေသည့် ၂၅ လုံးလောက် မများသော်လည်း ဤကဲ့သို့ ကျဉ်းမြောင်းပြီး ဆက်စပ်နေသော ပတ်ဝန်းကျင်တွင်မူ ဒြပ်ပါဝင်မှုက အလွန် မြင့်မားနေသည်။

ထို့ကြောင့် ခဏမျှ ဆက်လက် တောင့်ခံထားရန်မှာ ပြဿနာ မဟုတ်ပေ။

ချူးစစ် သူ့လက်ထဲမှ "ဘက်ထရီအားနည်းနေသည်" ဟု ပြောနေသော ဆက်သွယ်ရေး ကိရိယာအား တစ်ချက် ကြည့်လိုက်ပြီး စိတ်မရှည်စွာ တွေးလိုက်သည် : ဒီအချိန်မှာ အသုံးမဝင်ရင်တောင်၊ ဘက်ထရီကို ပြန်အားသွင်းဖို့ နည်းလမ်းတစ်ခု ရှာထားရင် ကောင်းမယ်…

ကြမ်းတိုက်ဝတ်နှင့် တူသော လူက သာမန်လူတစ်ယောက်ဖြစ်ကာ ပြင်းထန်သော ပတ်ဝန်းကျင် အခြေအနေများတွင် လေ့ကျင့်မှု လုံးဝ မရှိခဲ့ဖူးချေ။

ထို့ကြောင့် အောက်ဆီဂျင် ပြတ်လပ်မှုကို ခံနိုင်ရည်ရှိမှုသည် ချူးစစ်ထက် အဆပေါင်းများစွာ နိမ့်ကျနေသည်။

ထိုသူ၏ ဦးနှောက်က ရွှေငါး တစ်ကောင်နှင့် သိပ်မကွာတော့ဘဲ ရွေ့လျားရန်သာ လိုအပ်တော့သည်။

ချူးစစ်က လမ်းကြောင်းတစ်ခု ရှိသည်ဟု ပြောလိုက်သည်ကို ကြားသည်နှင့် ထိုသူက အလိုအလျောက် ချက်ချင်း မတ်တပ် ထရပ်လိုက်ပြီး မည်သည်ကိုမှ မစဉ်းစားတော့ဘဲ သူ့လက်များကို လူငယ်လေး၏ ခါးတစ်ဝိုက်တွင် ရစ်ပတ်လိုက်ကာ ချူစစ်နောက်မှ ဒယိမ်းဒယိုင် လိုက်လာလေသည်။

ချူးစစ်က ထိုလမ်းကို ကောင်းကောင်း သိကျွမ်းသူပီပီ မှောင်နေသော တောလမ်းအတိုင်း ဦးဆောင်သွားလေသည်။

ထိုလမ်းအတိုင်း ဗီလာသို့ လိုက်ပါသွားပြီး သိုလှောင်ခန်းကို ဖွင့်ကာ အရန်ထားရှိသော အအေးထိန်းယာဥ်အခန်းကို အသက်သွင်းရပေမည်။

အမြင့်ဆုံး ၅ မိနစ် အတွင်း လုပ်ဆောင်နိုင်ပြီး၊ ထို့နောက်တွင် ၁၀ မိနစ်ခန့် အနားယူရန် အချိန်ရကြလိမ့်မည်။

အချိန်က အရမ်းကျပ်တည်းလွန်းခြင်း မရှိသောကြောင့်၊ ချူစစ်၏ စိတ်အခြေအနေသည် ယခင်ကထက် အနည်းငယ် ပိုကောင်းလာခဲ့သည်။

သို့သော် ၅ မိနစ် မပြည့်ခင်မှာပင်၊ ချူစစ်သည် ဗီလာနှင့် မီတာ ၅၀ အကွာအဝေးသို့ မရောက်တရောက်တွင် သူ၏ ဆက်သွယ်ရေး ကိရိယာက ရုတ်တရက် မြည်လာတော့သည်။

ချူစစ် ရပ်လိုက်ပြီး အံ့အားသင့်စွာဖြင့် ထိုဆက်သွယ်ရေး ကိရိယာကို ကြည့်လိုက်သည်။

တုန်ခါမှုက ဘက်ထရီအားနည်းနေကြောင်း သတိပေးခြင်း ဖြစ်သော်လည်း၊ ဤခပ်တိုတိုနှင့် ပေါ့ပါးသော အသံကမူ... မက်ဆေ့ချ်အတွက် အကြောင်းကြားခြင်း ဖြစ်သည်။

အား သိပ်မရှိတော့သောကြောင့် ဖန်သားပြင်ပေါ်ရှိ မီးအလင်းရောင်သည် အနည်းငယ် မှိန်နေသည်။ သို့သော်လည်း သတိပေးချက်ကို မြင်နိုင်ရန် လုံလောက်သေးသည်။

မက်ဆေ့ချ် အသစ်တစ်ခု ရှိနေသည်။

ချူးစစ် မျက်မှောင်ကြုတ်ပြီး ဖွင့်လိုက်ကာ မက်ဆေ့ချ်၏ အကြောင်းအရာကို ကြည့်လိုက်သည်။

"အံ့ဩစရာပဲ၊ ငါ့ရဲ့ နှုတ်သီးကောင်း လျှာပါး အရာရှိက ပြန်ပြီး မကျိန်ဆဲပါ့လား..."

"အချစ်ကလေး၊ မင်းရဲ့ အကြောင်းပြန်စာကို မရတော့ ငါ နည်းနည်း ပျင်းနေတယ်"

— ဆာအာ့ယန်

ချူးစစ် : "..." ဘယ်အရူးကများ ' ဘာလို့ စာမပြန်တာလဲ ' လို့ မေးဖို့ ၂၇ နှစ် စောင့်နေမှာတဲ့လဲ...

သို့သော် ယင်းက အဆိုးဆုံး မဟုတ်သေးပေ။

အဆိုးဆုံးမှာ ဆာအာ့ယန် ပျင်းနေခြင်းပင် ဖြစ်သည်။

ဆာအာ့ယန် ပျင်းသည့်အချိန်တိုင်း၊ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဆွဲကြိုးချချင်နေကြသော လုံခြုံရေးဌာန အရာရှိကြီးများ အများကြီး ပေါ်လာတတ်သောကြောင့်ပင်။