Chapter 10
Viewers 1k

အပိုင်း ၁၀

 

 

[စုကျီဆွေ့: ကော၊ ကျွန်တော် တကယ်ကြီး အသက်ရှင်နေသေးတာလား?]

 

[ကော: ဘာတွေ လုပ်နေတာလဲ? ဘာဖြစ်လို့လဲ?]

 

[ကော: ကုယီလန် ဆိုတဲ့ ခွေးမသားက မင်းကို ဘာလုပ်လိုက်ပြန်ပြီလဲ?...]

 

စုကျီဆွေ့ လက်ကိုက်ပြီး အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် သူ၏ ဒူးပေါ်ရှိ ညိုမဲဒဏ်ရာအား ဓာတ်ပုံရိုက်ကာ ပို့လိုက်တော့၏။

 

[စုကျီဆွေ့: [ပုံ] မတော်တဆ ခိုက်မိတာ၊ ဒါပေမဲ့ ဆေးလိမ်းထားတယ်]

 

သူဆိုလိုချင်သည်မှာ  စကားနားထောင်ကာ ဆေး လိမ်းပြီးပြီ ဖြစ်ကြောင်းပင်—သို့သော် ရှင်းနေသည်မှာ သူ၏ အစ်ကိုသည် အရေးမပါသည့် အရာကို အာရုံစိုက်လိုက်ခြင်း ဖြစ်သည်။

 

[ကော: ဘယ်လိုဖြစ်ပြီး အဲဒီလို ခိုက်မိသွားရတာလဲ?... အဲဒီမှာပဲ စောင့်နေ၊ ငါ အခုချက်ချင်း လာခေါ်မယ်]

 

စုကျီဆွေ့ ထိတ်လန့်သွားပြီး စာကို အလျင်အမြန်  ရိုက်လိုက်သည်—

 

[စုကျီဆွေ့: ဟင့်အင်း]

 

[စုကျီဆွေ့: ဆေးလိမ်းပြီးပြီ]

 

အစ်ကိုဖြစ်သူ မယုံမည်ကို စိုးရိမ်သောကြောင့် သူသည် ယွင်နန်ပိုင်ယောင်  ဆေးဘူးအား ဓာတ်ပုံရိုက်ကာ ပို့လိုက်ပြန်၏။

 

[ကော: ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ရင် ငါ့ကို ချက်ချင်း မက်ဆေ့ချ်ပို့။ အိမ်ပြန်ချင်ရင် ငါတို့ ဘယ်အချိန်မဆို လာခေါ်မယ်။ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မလုပ်နဲ့…]

 

. . . . .

 

တစ်ဖက်တွင် အိမ်တော်ထိန်းမှာ ကုယီလန်နောက်သို့ စာကြည့်ခန်းဆီ လိုက်ပါသွားပြီး၊ ကုမ္ပဏီ စာရွက်စာတမ်းများ စီစဉ်ရာတွင် ကူညီရန် အသင့်ဖြစ်နေသည်။

 

ကုယီလန်အနားတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရသည့် အိမ်တော်ထိန်းက လူအမျိုးအစားတိုင်းကို တွေ့ကြုံဖူးပြီးပြီဟု ထင်ထားခဲ့သည်။ ငယ်ရွယ်သော်လည်း ယုတ်မာသူများ၊ ပြုံးပြီး နောက်ကျောကို ဓားနှင့်ထိုးသူများ၊ မိသားစုအမွေကို ဖြုန်းတီးသည့် အသုံးမကျသော အမွေခံများ… ထူးခြားသော လူမျိုးစုံကို မြင်ခဲ့ရသည်။

 

သို့သော် စုကျီဆွေ့နှင့် တွေ့ဆုံပြီးနောက် သူ သဘောပေါက်သွားသည်က—ဤလောကတွင် သူ မမြင်ဖူး၊ စိတ်ကူးပင် မယဉ်ဖူးသော လူတစ်မျိုး အမှန်တကယ် ရှိနေ၏။ သူက လူသားများ၏ စိတ်နှလုံးကို စမ်းသပ်ရန်အတွက် မြေပြင်ပေါ် ပြုတ်ကျလာသည့် ဖြူစင်သော နတ်သားလေးတစ်ပါးကဲ့သို့ပင် စင်ကြယ်လွန်းသည်။

 

သူတို့ အိမ်မှ ထွက်ခွာလာပြီးနောက်၌ပင် အိမ်တော်ထိန်းက သက်ပြင်းချခြင်းမှ မရှောင်သာခဲ့ချေ။

 

“စုသခင်လေးကို ဖန်လုံအိမ်ထဲမှာ မွေးထားသလိုပဲ—တော်တော် နုတာ။ သူ လဲကျတုန်းက ကူညီပေးတာကို မှတ်မိသေးတယ်၊ ဒါပေမယ့် ဒူးမှာ ဒီလောက်အထိ အညိုအမည်းစွဲလိမ့်မယ်လို့ မထင်မိဘူး။ သူ့အသားအရေက အရမ်းနုတာပဲ”

 

ကုယီလန် တုံ့ပြန်မှုမရှိသော လေသံဖြင့် အသံပြုလိုက်သည်။ “အင်း”  

 

သူတို့၏ သူဌေးသည် မည်သည့်အရာကိုမျှ စိတ်ဝင်တစား အမူအရာအား ပြသ,ခဲပြီး၊ တုံ့ပြန်မှုလည်း မပေးတတ်ချေ။ ထို့ကြောင့် ထိုကဲ့သို့ တိုတောင်းသော အသံတစ်ခုကပင် အိမ်တော်ထိန်းကို အနည်းငယ် စိတ်လှုပ်ရှားစေရန် လုံလောက်ခဲ့၏။

 

“သခင်လေး၊ ထူးဆန်းတယ်လို့ မထင်ဘူးလား? ဒီကမ္ဘာမှာ တီဗွီကြည့်ရမှာကို ကြောက်တဲ့လူတွေ တကယ်ရှိတာလား?” အိမ်တော်ထိန်းက မေးရင်း၊ လုံးဝ နားမလည်နိုင်ဘဲ မေးစေ့ကို ကုတ်လိုက်သည်။

 

“မသိဘူး”

 

အိမ်တော်ထိန်းက ကုမိသားစု၏ ဆွေမျိုးများမှ ကလေးငယ်များကို  ပြန်တွေးမိ၏—အသက် ငယ်ငယ် လေးသာ ရှိသေးသော်လည်း၊ လူကြီးများက လူပုံအလယ်တွင် ဆူပူကြိမ်းမောင်းသည့်တိုင် မျက်နှာပန်းမပျက်စေရန် အံကိုကြိတ်ကာ အသံမထွက်ဘဲ နေတတ်ကြသည်။

 

သူ ခေါင်းကို အနည်းငယ် ခါယမ်းရင်း ရှုပ်ထွေးစွာ သက်ပြင်းချလိုက်သည်။ “နည်းနည်းလေး ထိရုံနဲ့ ဒီလောက်နာနိုင်လို့လား? အဲဒီ ဆေးက စပ်တောင်မစပ်ဘူး၊ ဒါပေမဲ့ သခင်လေးကတော့ ထငိုတော့မယ်ပုံ ပေါ်နေခဲ့တာ အသေချာကြီး။ သူ့မျက်လုံးတွေက ယုန်ဖြူလေးတစ်ကောင်လို နီရဲနေရော၊ ကြည့်ရုံနဲ့တင် ရင်ထဲမှာ ဆို့နင့်နေတာပဲ”

 

ကုယီလန်၏ ဖုန်းက တုန်ခါသွား၏။

 

သူက မျက်နှာမှတ်သားမှုဖြင့် စာကြည့်ခန်းတံခါးကို ဖွင့်လိုက်ပြီး၊ ဖုန်းကို ထုတ်ကာ ငုံ့ကြည့်လိုက်သည်—ထို့နောက် အေးစက်စက် လေသံဖြင့် စကားတစ်လုံးတည်းကို ပြောလိုက်သည်။ “ထိလွယ်ရှလွယ်တယ်”

 

သူ၏ မျက်နှာပြင်ပေါ်မှ သတိပေးချက်မှာ WeChat မှ သူငယ်ချင်း တောင်းဆိုမှုတစ်ခု ဖြစ်နေသည်—

 

[ (o^^o) က သင့်ကို သူငယ်ချင်းအဖြစ် ထည့်သွင်းရန် တောင်းဆိုလိုက်သည်။ မှတ်ချက်: ကျွန်တော်က (o^^o) ပါ]

 

ကုယီလန် မျက်မှောင်ကြုတ်လိုက်သည်။ သူက သူစိမ်းများထံမှ တောင်းဆိုမှုများကို ဘယ်သောအခါမျှ လက်မခံတတ်—သူ၏ အဆက်အသွယ် နံပါတ်ကို ထုတ်ပြောရဲသူကလည်း နည်းပါး၏။ ဤသူငယ်ချင်း တောင်းဆိုမှုက လုံးဝ ရုတ်တရက် ရောက်လာခြင်း ဖြစ်သည်။

 

သူ လျစ်လျူရှုရန် ပြင်နေစဉ်၊ ပရိုဖိုင် ပုံကြောင့် တစ်စုံတစ်ရာက သူ့အာရုံကို ဖမ်းစားလိုက်၏။

 

ပုံက ပုံမှန် ချစ်စရာ အရုပ်များဖြင့် ဝန်းရံထားသော အမည်းရောင် ပုံစံရှိသည့် အမွေးပွအရုပ်တစ်ရုပ် ဖြစ်သည်။ သေချာကြည့်လျှင် ဘေးတွင် ရွှေချည်မျှင်လေးများ၏ အရိပ်အယောင်ကိုပင် မြင်နိုင်၏။

 

 

—၎င်းက သူတို့၏ Blind Date ၌ စုကျီဆွေ့အား မတော်တဆ ပေးခဲ့သည့် လက်ထိပ်ပုံစံ အမွေးပွအရုပ်လေး ဖြစ်နေသည်မှာ မမှားနိုင်ချေ။

 

ကုယီလန် : “…”

 

သူ၏ ဘေးတွင် အိမ်တော်ထိန်းတစ်ယောက် ‘ထိလွယ်ရှလွယ် သခင်လေး’ ပုံရိပ်ကို အကောင်းဆုံး ကာကွယ်ရန် ကြိုးစားနေဆဲ ဖြစ်သည်။ “ထိလွယ်ရှလွယ်တာက ကံကောင်းတာကို ဆိုလိုတာပဲ။ ပြီးတော့ ကံကောင်းတဲ့သူတစ်ယောက်က သူ့ပတ်ဝန်းကျင်က လူတွေကို ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးတယ်။ သူနဲ့ ကုသခင်လေးက တကယ်ကို လိုက်ဖက်ညီတာ…”

 

ကုယီလန်၏ နားများက နားမခံသာတော့ချေ။ စိတ်အနှောင့်အယှက် ဖြစ်လာသောကြောင့် သူငယ်ချင်း တောင်းဆိုမှုကို လက်ခံလိုက်ပြီး၊ ကိုယ်ရေးကိုယ်တာ ကန့်သတ်ချက်များကို ချက်ချင်း “စကားပြောရန်သာ” ဟု ပြောင်းလဲလိုက်သည်။

 

သူက သူ၏ ကြီးမားခန့်ညားသော စားပွဲ၌ ထိုင်ပြီး စာ ရိုက်ရန် ပြင်နေစဉ်—[မင်းရဲ့ ပရိုဖိုင်ပုံကို ပြောင်းလိုက်စမ်း]

 

သို့သော် သူ မပြီးဆုံးမီ၊ မက်ဆေ့ချ်အသစ်တစ်ခုက ဖုန်းပေါ်တွင် ပေါ်လာ၏။

 

[စုမင်ယွီ : ငါ့ညီလေး နာသွားတာလား?]

 

ကုယီလန် ခဏတာ တုံ့ဆိုင်းပြီးမှ Chat ကို ဖွင့်လိုက်သည်။

 

[ကုယီလန် : အင်း]

 

[စုမင်ယွီ: အင်း ဆိုတဲ့ တစ်ခွန်းတည်းပဲလား??? ငါ့ကို လာနောက်နေတာလား—အတိအကျ ပြောစမ်း။ ဘာဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ အသေးစိတ် အချက်အလက်အားလုံးပြော]

 

သူ၏ လေယူလေသိမ်းအရဆိုလျှင် တစ်စုံတစ်ဦးက သူ၏ ညီလေးကို ပြန်ပေးဆွဲသွားသကဲ့သို့ ထင်ရသည်။

 

အလွန် ရန်လို၏—စိတ်ကောင်းရှိသူတစ်ယောက်က သူ၏ စိုးရိမ်ပူပန်မှုအား စာနာပြီး ညီအစ်ကို မောင်နှမအပေါ် ဂရုစိုက်မှုကို ချီးကျူးလိမ့်မည်။ သို့သော် စိတ်တိုတတ်သူတစ်ယောက်သည်ကား ဒေါသထွက်ပြီး ဒီကိစ္စက ငါနဲ့ ဘာဆိုင်လို့လဲဟု တွေးကောင်း တွေးလိမ့်မည်။

 

သို့သော် ကုယီလန်ကမူ စိတ်ခံစားမှု မရှိသူတစ်ယောက်အဖြစ်သာ ကျန်ရှိနေ၏။ ဤလောကရှိ မည်သည့်အရာကမှ သူ့အား အမှန်တကယ် စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ထိခိုက်ခြင်း မပြုနိုင်သကဲ့သို့တည်း—

 

[ကုယီလန် : ခြေချော်လဲတာ]

 

[စုမင်ယွီ: ဆေးလိမ်းတုန်းက  ငြင်းသေးလား? ငြင်းရင်တောင် ဆေးရုံကို အခုချက်ချင်း မခေါ်သွားနဲ့ဦး။ အင်း—နောက်ရက် အနည်းငယ်လောက်ပဲ သူ့ကို စောင့်ကြည့်ပေး။ တကယ်လို့ ဆေးထည့်တာကို ငြင်းနေတုန်းဆို လွှတ်သာ ထားလိုက်]

 

[ကုယီလန် : ငါ သူငယ်တန်း ပညာရေးကို အဓိက ယူခဲ့တာမဟုတ်ဘူးဆိုတာ သေချာပါတယ်]

 

[စုမင်ယွီ: …မင်းဆီက အကူအညီ တောင်းရတာကလည်း သွားနုတ်ရတာထက် ပိုခက်နေသေးတယ်။ သူက ကလေးလေးပဲဟာကို။ ငြင်းနေရင် ချော့တာ ဘာခက်လို့လဲ? မင်းက မင်းရဲ့ စေ့စပ်ထားတဲ့သူကို မချစ်ရင်တောင် ကလေးကို နည်းနည်းပါးပါး ဂရုစိုက်ပေးလို့ မရဘူးလား?]

 

စုမင်ယွီက စုကျီဆွေ့ထက် ရှစ်နှစ် ပိုကြီး၏။ သူ၏ ညီလေးက အရွယ်ရောက်ပြီးသူဖြစ်သော်ငြားလည်း ၊ သူ့အတွက်မူ ကလေးတစ်ယောက်သာ ဖြစ်နေ၏။

 

[ကုယီလန် : မင်းရဲ့ အဖိုးတန် အငိုသန်လေးကို အိမ်ခေါ်သွားပြီး ကိုယ့်ဘာသာ ဂရုစိုက်ပါလား?]

 

“ကုသခင်လေး၊ စာရွက်စာတမ်းတွေ အားလုံး စီထားပြီးပါပြီ” အိမ်တော်ထိန်းက ဖိုင်တွဲပုံအထူကြီးကို စားပွဲပေါ် တင်လိုက်ရာ၊ ချက်ချင်းပင် တောင်ငယ်လေးတစ်ခုကဲ့သို့ ဖြစ်သွား၏။

 

ကုယီလန် ဖုန်းကို တစ်ဖန် ကြည့်လိုက်သည်။ Chat တွင် “တစ်ဖက်လူက စာရိုက်နေသည်…” ဟု ပြနေဆဲဖြစ်သော်လည်း မက်ဆေ့ချ်အသစ် မဝင်လာတော့ချေ။

 

သူသည် ဖုန်းကို အနှောက်အယှက်မပေးရမုဒ်သို့ ပြောင်းပြီး အလုပ်ကို အာရုံစိုက်ရန် ပြင်နေစဉ် နောက်ဆုံးတွင် ရှည်လျားသော မက်ဆေ့ချ်တစ်ခု ဝင်လာခဲ့သည်—

 

[စုမင်ယွီ: တကယ်တော့…]

 

အလုပ်ချိန် စတင်နေပြီ ဖြစ်၏။ ပုံမှန်အားဖြင့် မည်မျှပင် ကြီးမားသော ပြဿနာဖြစ်စေကာမူ၊ ကုယီလန်က အလုပ်ချိန်အတွင်း ဖြေရှင်းပေးမည် မဟုတ်။ သို့သော် ဤတစ်ကြိမ်တွင် မရှင်းပြနိုင်သော အကြောင်းပြချက်တစ်ခုဖြင့် ဖုန်းမှ မျက်နှာလွှဲမသွားခဲ့ပေ။

 

“သုံးမိနစ်ကြာရင် သတိပေး” သူက အိမ်တော်ထိန်းကို ပြောလိုက်သည်။

 

အိမ်တော်ထိန်းက ဘေးတွင် ရပ်နေရင်း အလျင်အမြန် တုံ့ပြန်သည်။ “ဟုတ်ကဲ့ပါ၊ သခင်လေး”

 

[စုမင်ယွီ: တကယ်တော့ ဆွေ့ဆွေ့နဲ့ ပတ်သက်ပြီး ငါ အမြဲတမ်း အပြစ်ရှိသလို ခံစားနေရတယ်။ ဒီအကြောင်းကို သိပ်မပြောဖြစ်ပေမယ့် သူ ငယ်ငယ်တုန်းက ငါတို့အလုပ်တွေက အရမ်းရှုပ်နေတော့ သူ့ကို လျစ်လျူရှုထားမိတယ်—ဘယ်တော့မှ ပြန်ပြင်ပေးလို့ မရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အနာတရတွေကို ပေးခဲ့မိတယ်။ ဖွံ့ဖြိုးမှု နောက်ကျပြီး စကားလည်း ကောင်းကောင်း မပြောတတ်တော့ သူ့အတန်းဖော်တချို့က သူ့ကို မကြာခဏ အနိုင်ကျင့်ကြတယ်။ ငါကလည်း နောက်ကျမှ သတိထားမိတာ]

 

ခဏတာ တိတ်ဆိတ်ပြီးနောက် နောက်ထပ် မက်ဆေ့ချ်တစ်ခု လိုက်လာသည်။

 

[စုမင်ယွီ: ငါသတိထားမိတဲ့အချိန်ကျ သူ့တစ်ကိုယ်လုံးမှာ ညိုမဲစွဲနေတဲ့ ဒဏ်ရာတွေ အပြည့်နဲ့]

 

[စုမင်ယွီ: သူက အဲ့ဒီတုန်းက အရမ်းသေးပြီး ပိန်နေတာ၊ အသားအရေကလည်း ဖြူဖျော့နေတော့ ဒဏ်ရာတွေက ပိုပြီး ထင်းတာပေါ့။ သူ့ဒဏ်ရာတွေကို စစ်ကြည့်ဖို့ ကြိုးစားတိုင်း သူက အပြစ်လုပ်ထားသလို ပုံစံမျိုးနဲ့ ဝိုင်းစက်ပြီး ကူကယ်ရာမဲ့တဲ့ မျက်လုံးတွေနဲ့ ငါ့ကို စိုက်ကြည့်နေခဲ့တာ။ သူ မငိုခဲ့ဘူး၊ ဘာစကားတစ်ခွန်းမှလည်း မပြောခဲ့ဘူး။ ဒါပေမယ့် ဒဏ်ရာတွေကို ကြည့်ရတာတော့ တစ်ယောက်ယောက်က သူ့ကို ညှစ်ထားတာ ဒါမှမဟုတ် တစ်ခုခုနဲ့ ရိုက်ခံရတာ ဖြစ်ရမယ်လို့ ငါထင်တာ]

 

ကုယီလန် အလိုအလျောက် မျက်မှောင်ကြုတ်လိုက်ပြီး စာရိုက်လိုက်သည်။

 

[ကုယီလန် : သူ မင်းကို ဘယ်တော့မှ မပြောပြခဲ့ဘူးလား?]

 

[စုမင်ယွီ: မပြောဘူး။ အဲ့ဒီတုန်းက ငါတို့မိသားစုက ဘယ်လောက်ချမ်းသာလဲဆိုတာကို သူက သဘောမပေါက်ဘူး။ အဲဒီ ကလေးတွေက သူ့ကို ခြိမ်းခြောက်တယ်—ဆရာကိုဖြစ်ဖြစ်၊ မိဘတွေကိုဖြစ်ဖြစ် ပြောရင် ပိုဆိုးအောင် ရိုက်မယ်လို့ ပြောခဲ့ကြတာ။ အဲ့တာမို့ သူ ဘာမှ မပြောရဲခဲ့တာ]

 

[ကုယီလန်: ပြီးတော့ရော?]

 

[စုမင်ယွီ: ငါ သတိထားမိတဲ့အချိန်ကျ အရမ်းနောက်ကျနေပြီမို့၊ အဲ့တာမို့… အင်း…]

 

[စုမင်ယွီ: တိုတိုပြောရရင်၊ သူက ဒဏ်ရာတွေနဲ့ ဆေးတွေကို စိတ်ထဲမှာ ကြောက်‌နေတာ။ သူ့ရဲ့ တုံ့ပြန်မှုက နည်းနည်း ပြင်းနိုင်တယ်]

 

ထိုကောင်လေး ဆေးလိမ်းဖို့ ခေါင်းမာစွာ ငြင်းဆန်ခဲ့သည့် မြင်ကွင်းက ကုယီလန်၏ စိတ်ထဲတွင် တစ်ဖန် ပြန်ပေါ်လာသည်။ ကုယီလန် သူ၏ ပါးလွှာသော နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်၏။

 

[စုမင်ယွီ: အဲ့တာမို့ ငါ မင်းကို  စောင့်ကြည့်ပေးဖို့ တောင်းဆိုနေတာ။ တကယ်လို့ သူက ဒေါသထွက်ရင်တောင် သူ့ကို သည်းခံပေးလိုက်။ ပြီးရင်း ငါ့ကို မက်ဆေ့ချ်ပို့၊ ငါ ချက်ချင်း လာခေါ်မယ်]

 

[ကုယီလန် : အခုချိန်အထိတော့  ကောင်းကောင်းမွန်မွန်ပါပဲ]

 

“ကုသခင်လေး၊ သုံးမိနစ် ပြည့်သွားပါပြီ”

 

ဘီဇ်—

 

အိမ်တော်ထိန်း၏ သတိပေးသံနှင့် ဖုန်းတုန်ခါမှုက တစ်ချိန်တည်း ရောက်လာသည်။

 

[(o^^o): မစ္စတာ ကု၊ ကျွန်တော်ပါ [ယုန်လေး ချောင်းကြည့်နေတဲ့ emoji.jpg]]

 

ကုယီလန် Chat ကို ဖွင့်လိုက်သည်။ သူ၏ မပြီးသေးသော မက်ဆေ့ချ်—“မင်းရဲ့ ပရိုဖိုင်ကို ပြောင်း…”—က ထိုနေရာတွင် ရှိနေဆဲပင်။

 

သူက ထိုမက်ဆေ့ချ်ကို ဖျက်လိုက်ပြီး၊ ထို Contact ၏ ချစ်စရာ ပရိုဖိုင်ပုံကို စိုက်ကြည့်ရင်း၊ ခံစားချက်မရှိသော အမူအရာဖြင့် စာရိုက်လိုက်သည်–

 

[ကုယီလန် : ငါ သတိထားမိတယ်]

 

[(o^^o): ည ၁၁ နာရီခွဲ မရောက်သေးဘူးလေ—အဲ့တာမို့ Online Class  ကြည့်နေတာ။ ကျေးဇူးတင်ပါတယ် [ပုံ]]

 

ဓာတ်ပုံတွင် ကုတင်ပေါ်၌ တင်ထားသည့် iPad ကို ပြသထားပြီး၊ ဧည့်ခန်း ပရိုဂျက်တာတွင် မပြီးဆုံးသေးသော ပြိုင်ပွဲ သင်ခန်းစာကို ဖွင့်ပြနေသည်။ ၎င်း၏ ဘေးတွင် ပြိုင်ပွဲအတွက် ပြင်ဆင်ထားသော စာအုပ်မှာ—အုတ်ခဲတစ်လုံးကဲ့သို့ ထူထဲနေသည်။

 

၎င်းက သာမန် ရိုက်ကူးထားသော ပုံဖြစ်သောကြောင့်၊ ကောင်လေး၏ ဖြူဖျော့သွယ်လျသော ခြေထောက်များသည်လည်း ဘောင်ထဲတွင် ပါနေ၏။ သူ၏ အရေပြားက ကြွေထည်ကဲ့သို့ ချောမွေ့ပြီး၊ အပေါ်မှ အလင်းအောက်တွင် နှင်းကဲ့သို့ ဖြူဖျော့နေသည်။ အလွန် ထိလွယ်ရှလွယ်ပြီး စကားနားထောင်တတ်သောကြောင့် ကြည့်ရှုသူ၏ စိတ်ထဲတွင် နူးညံ့သိမ်မွေ့သော ခံစားချက်ကို နှိုးဆွပေးသည်။

 

ဒီလိုလူကို ဘယ်သူကများ ရက်စက်ရက်မှာလဲ?

 

[၁၁ခုမြောက် ဒိုင်မေးရှင်း : အင်း]

 

 ကုယီလန် လက်ချောင်းများကို ကီးဘုတ်ပေါ်တွင် စက္ကန့်အနည်းငယ် ရစ်ဝဲနေပြီးမှ စာရိုက်ခြင်းကို ပြန်လည်စတင်လိုက်၏။ 

 

[၁၁ခုမြောက် ဒိုင်မေးရှင်း : မင်း အရင်က ပုံပြင်တစ်ပုဒ် နားထောင်ချင်တယ်လို့ ပြောခဲ့ဖူးတယ်မလား?] 

 

ဤအရာက ကောင်လေးကို လွဲမှားသော လမ်းကြောင်းသို့ ပို့ဆောင်လိမ့်မည်၊ နောင်တွင် ပို၍သာ ပြဿနာများစွာကို ခေါ်ဆောင်လာလိမ့်မည်ကို သူ သိသည်။ သို့သော် သူ မေးမြန်းခဲ့သည်သာ။ 

 

သာ၍ ကြီးမြတ်သော အရာတစ်ခု သို့မဟုတ် ဘုရားသခင်သာ တကယ်ပင် တည်ရှိသည်ဆိုပါလျှင် ၊ ထိုအချိန်တွင် ကုယီလန် ပတ်ပတ်လည်ရှိ သံလိုက်စက်ကွင်း တစ်စုံတစ်ရာက ရွေ့လျားသွားခဲ့ရလိမ့်မည်။ 

 

[(o^^o): အခု နားထောင်လို့ ရပြီလား?] 

 

[(o^^o): လမ်းကူးဖို့ ကူညီပေးတဲ့ အဖွားအကြောင်း ပုံပြင် နားထောင်ချင်တယ်…] 

 

ထိုအကြောင်းကို အွန်လိုင်းပေါ်တွင် စာရိုက်ခြင်းက စုကျီဆွေ့အတွက် အတွေးများကို ပိုမို စနစ်တကျ စုစည်းနိုင်ရန် အထောက်အကူ ဖြစ်စေပုံရ၏—အနည်းဆုံးတွင်ကား ဝါကျများက ပြည့်စုံနေခဲ့သည်။ သို့သော် စာကြောင်းများ ဖွဲ့စည်းရန် ပုံမှန်ထက် ပိုကြာနေသေးခြင်းကြောင့် သူ၏ အဖြေများက နှေးကွေးနေခဲ့သည်။ 

 

[၁၁ခုမြောက် ဒိုင်မေးရှင်း : ဒါက အရင်က ပြောပြခဲ့ပြီးပြီ မဟုတ်လား?] 

 

[(o^^o): အသေးစိတ်ကို သိချင်တာ…] 

 

[(o^^o): တောင်းပန်ပါတယ်နော်? [ယုန်လေး တောင်းပန်နေ emoji.jpg]] 

 

ကုယီလန်က နားထင်ကို ပွတ်သပ်ရန် လက်ကို မြှောက်လိုက်ပြီးနောက် အိမ်တော်ထိန်းကို လှမ်းကြည့်လိုက်သည်။ 

 

အိမ်တော်ထိန်းက အမြန် သဘောပေါက်သွားပြီး “ကုသခင်လေး၊ ငါးမိနစ်ကျော်တောင် ရှိသွားပါပြီ—” 

 

သို့သော် ကုယီလန်က သူ့အား စကားဖြတ်ပြောလိုက်ပြီး၊ မေးစေ့ဖြင့် စားပွဲဆီသို့ လက်ညှိုးထိုးပြ၏။ “ကွန်ပျူတာ ဖွင့်လိုက်။ AI ကို သုံးပြီး အဖွားတစ်ယောက်ကို လမ်းကူးပေးဖို့ ကူညီပေးတဲ့ ပုံပြင်တစ်ပုဒ်  ရေးခိုင်းလိုက်” 

 

အိမ်တော်ထိန်း : ??? 

 

ငါးမိနစ်ကြာသော်။ 

 

[၁၁ခုမြောက် ဒိုင်မေးရှင်း : နေသာတဲ့ မနက်ခင်းတစ်ခုမှာပေါ့၊ ကျွန်တော် လမ်းဖြတ်ဖို့ ပြင်နေတုန်း။ ပထမဆုံးအကြိမ် သူမကို တွေ့ခဲ့တာ—ဆံပင်တွေက နှင်းလို ဖြူဖွေးနေတဲ့ အဖွားအိုတစ်ယောက်ပေါ့ ’ 

 

‘အမေကြီး၊ စိတ်မပူပါနဲ့၊ ကျွန်တော် လမ်းဖြတ်ကူးဖို့ ကူညီပေးပါ့မယ်…’ 

 

 ကျွန်တော် လေလို ပြေးသွားပြီး သူမကို တွဲခေါ်ခဲ့တယ်။ 

 

သူမရဲ့ ကြမ်းတမ်းပေမယ့် နွေးထွေးတဲ့ လက်က ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့ပြီး၊ သူမရဲ့ မျက်နှာတစ်ခုလုံးက ကျေးဇူးတင်ခြင်းတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ 

 

ကျွန်တော်က သူမကို နှစ်သိမ့်ပေးလိုက်တယ်၊ ‘ကျေးဇူးတင်ဖို့ မလိုပါဘူး—ဒါက ကျွန်တော့်ရဲ့ တာဝန်ပါ!!’ 

 

သူမက ကြင်နာစွာ ပြုံးပြခဲ့ပြီး၊ အဲဒီအချိန်မှာ အချိန်တွေ ရပ်တန့်သွားသလို။ “The Light of Justice” ဆိုတဲ့ နောက်ခံတေးဂီတက ကျွန်တော့်နားထဲ ဗြုန်းခနဲ ထွက်ပေါ်လာခဲ့တယ်။ 

 

ညီအစ်ကိုတို့၊ ကျွန်တော် လုပ်ခဲ့တာ မှန်တယ်မလား?] 

 

ကုယီလန် ပြန်လည်ပြင်ဆင်ဖို့ကိုပင် စိတ်မဝင်စားတော့ချေ။ ဒုတိယအကြိမ် မကြည့်တော့ဘဲ ထိုအတိုင်းပင် ပို့လိုက်တော့၏။ 

 

သို့သော် တစ်ဖက်တွင်မူ တစ်စုံတစ်ယောက်က အံ့အားသင့်စရာကောင်းလောက်အောင် စိတ်အားထက်သန်နေခဲ့သည်— 

 

[(o^^o): ဟုတ်ပါ့… တော်လိုက်တာ… အဖွားအိုကို ကူညီရင်း ဒဏ်ရာရသွားတာတောင်… [ယုန်လေး လက်မထောင် .jpg]] 

 

[၁၁ခုမြောက် ဒိုင်မေးရှင်း : အခု ကျေနပ်သွားပြီလား?] 

 

[(o^^o): အဲဒါကြောင့် ခင်ဗျားရဲ့ လည်ချောင်းလည်း နာနေတာလား? အဖွားအိုကြောင့်လား?] 

 

[၁၁ခုမြောက် ဒိုင်မေးရှင်း : …] 

 

[(o^^o): ယာဉ်စည်းကမ်း လမ်းစည်းကမ်း ရှင်းပြနေတာ အရမ်းကြာလို့ အသံဝင်သွားတာလား?] 

 

ကုယီလန် : “…………” 

 

[၁၁ခုမြောက် ဒိုင်မေးရှင်း : မင်းရဲ့ Online Class ပြီးပြီလား?] 

 

တစ်ချိန်တည်းမှာပင်၊ ဘေးခန်းရှိ အပေါ်ထပ် အိပ်ခန်းထဲတွင် ခေါင်းအုံးပေါ် လဲလျောင်းနေခဲ့သော စုကျီဆွေ့မှာ ဆရာက နာမည်ခေါ်လိုက်သောအခါ နေ့ခင်းအိပ်မက် မက်နေသူတစ်ယောက်ကဲ့သို့ ရုတ်တရက် ထထိုင်လိုက်၏။ သူက ချက်ချင်း စာရိုက်လိုက်သည်— 

 

[ဆက်ကြည့်နေတုန်း… [ယုန်လေး အသည်းအသန် စာရေးနေ.jpg]] 

 

သူက ကုယီလန်အတွက် နာမည်ပြောင် ထည့်ထားခြင်း မရှိသေးသဖြင့်၊ Chat ၏ ထိပ်တွင် အခြားတစ်ယောက်၏ WeChat တွင် ပြသထားသော နာမည်ကိုသာ ပြသနေခဲ့သည်။ 

 

အဖြေက အမြဲတမ်းလိုပင် တည်ငြိမ်အေးဆေးစွာ ပြန်ရောက်လာသည်— 

 

[၁၁ခုမြောက် ဒိုင်မေးရှင်း : အင်း] 

 

[စုကျီဆွေ့ : ခင်ဗျား အလုပ်များနေလား?] 

 

[၁၁ခုမြောက် ဒိုင်မေးရှင်း : [ပုံ] အင်း၊ မနက်ဖြန်ကျမှ ပြောကြမယ်] 

 

[၁၁ခုမြောက် ဒိုင်မေးရှင်း : မအိပ်ခင် ဆေးဘူးကို ဆေးသေတ္တာထဲ ပြန်ထည့်ထားလိုက်ဦး] 

 

ထိုစကားလုံး—ဆေးဘူး—ကို မြင်လိုက်ရသည့်အခါ စုကျီဆွေ့ အသက်ရှူရပ်သွားသလို ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူ့နှလုံးသားကို ညှစ်ထားသကဲ့သို့ ခံစားရပြီး တစ်ချိန်တည်းမှာပင် နာကျင်ကာ စပ်ဖျဉ်းဖျဉ်း ဖြစ်သွားခဲ့ရသည်။

 

သူ မကူးပြောင်းလာမီက အမှတ်ရစရာများက သူ့စိတ်ထဲတွင် ရုပ်ရှင်တစ်ကားလို လင်းလက်လာခဲ့သည်။ 

 

သူ့ကို အနိုင်ကျင့်ခဲ့သူများ၏ မျက်နှာများကို သူ မမှတ်မိနိုင်တော့ပေ။ သို့သော် ဆေးရုံသုံး ပိုးသတ်ဆေး၏ ပြင်းရှရှ အနံ့၊ ထို့ပြင် သူ၏ အသားအရေပေါ်ရှိ ဆေးလိမ်းပြီးနောက် အေးစက်စေးကပ်နေသော ခံစားချက်ကိုမူ သူ မှတ်မိနေခဲ့သည်။ 

 

ထိုအချိန်က သူ၏ အစ်ကိုကြီးမှာ နောက်ဆုံးအဆင့် ကင်ဆာရောဂါဖြင့် ဆေးရုံ၌ ရှိနေခဲ့သည်။ သူ သုံးစွဲသည့် ငွေတစ်ပြားတစ်ချပ်တိုင်းက သူ၏ အစ်ကိုကြီး အသက်ရှင်နိုင်မည့် အခွင့်အရေးကို လျှော့ချနေသည်ပင်။ ထို့ကြောင့် သူက အမြဲတမ်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့ပြီး၊ ဆေးမပါဘဲလည်း ကိုယ့်ဘာသာ အနာကျက်နိုင်တယ်ဟု တွေးခဲ့သည်။ 

 

သူ၏ အစ်ကိုကြီး သိသွားပြီးနောက် ဆေးဘူးမျိုးစုံ ဝယ်ပေးခဲ့ပြီးသည့်တိုင် ထိုစိတ်က အမြစ်တွယ်နေခဲ့ပြီး ဖြစ်သည်။ ဆေးဘူးလေးကို မြင်တိုင်း သူ၏ စိတ်ဒဏ်ရာက ပြန်လည် နိုးထလာခဲ့၏—သူက သူ့ အစ်ကိုကြီး၏ အသက်ရှင်လိုသော မျှော်လင့်ချက်ကို ခိုးယူနေသည်ဟု ခံစားခဲ့ရသည်။ 

 

သို့သော် ထိုဖိနှိပ်ထားခဲ့သော စိတ်ခံစားမှုများက လွှမ်းမိုးမသွားမီ၊ သူ၏ နှလုံးသားက ရုတ်တရက် ပြန်လည်ခုန်လာခဲ့သည်။ 

 

အဘယ်ကြောင့်ဆိုသော် ကုယီလန် ပို့လိုက်သော ဓာတ်ပုံတွင်—သူ၏ စားပွဲပုံ—၌ တစ်စုံတစ်ရာကို သူ သတိထားမိလိုက်သောကြောင့်ပင်။ 

 

ထောင့်တစ်နေရာ၊ စာရွက်စာတမ်းများ၏ အပေါ်တွင် မှုန်ဝါးနေသော်လည်း ခွဲခြားသိနိုင်သော စကားလုံးအချို့ ရှိနေသည်—အထက်တန်းကျောင်းသား အခက်အခဲရှိသူများအတွက် ရန်ပုံငွေ အစီအစဉ်။ 

 

စုကျီဆွေ့ : !! 

 

သူက သူ၏ အတိတ်မှ အမှတ်ရစရာများကို ခဏရပ်လိုက်သည်။ အတွေးတစ်ခုက သူ့စိတ်ထဲတွင် ပြည့်နှက်သွားသည်– ဒီလောက်ကောင်းတဲ့ လူတွေ တကယ်ကြီး ဒီကမ္ဘာပေါ်မှာ ရှိသေးတာလား?! 

 

သူ့အတွက် မားမားမတ်မတ် ရပ်တည်ပြီး လူဆိုးများကို ရိုက်နှက်ပေးခဲ့သည်၊ အဖွားအိုများကို လမ်းဖြတ်ကူးဖို့ ကူညီပေးခဲ့သည်၊ အခုကျတော့ ဆင်းရဲသော ကျောင်းသားများကိုပါ ကူညီရန်အတွက် အလှူငွေ ပေးနေပြန်သည်။ 

 

သူ၏ ဘဝနှစ်ခုစလုံးကို ပေါင်းစည်းကြည့်လျှင်ပင် သူသိကျွမ်းခဲ့သော လူများမှာ မိသားစု သို့မဟုတ် အနိုင်ကျင့်သူများသာ ဖြစ်ကြ၏။ 

 

ဤသည်မှာ သူ ပထမဆုံးအကြိမ် ကြုံတွေ့ရသည့်—တကယ်ကို ကြင်နာသော လူတစ်ယောက်ပင်။ 

 

သူ့ကို နွေးထွေးစေပြီး၊ စိတ်အေးချမ်းသာ ရှိစေသူပင်။ 

 

စုကျီဆွေ့ ထိုဓာတ်ပုံကို လှန်လိုက်၊ ချုံ့လိုက်၊ ချဲ့လိုက်နှင့် အသေးစိတ်တိုင်းကို မှတ်မိသွားသည်အထိ စစ်ဆေးကြည့်ရှုနေခဲ့သည်။ ထို့နောက် သတိထားကာ သူ၏ Favorite ထဲသို့ သိမ်းလိုက်တော့သည်။ 

 

ကုယီလန်က သူ့ကို ပစ္စည်းအများကြီး ပေးခဲ့ခြင်း မရှိ။ ဤဓာတ်ပုံမှအပ သူ့လက်ထဲတွင် ကျန်နေသည့် အရာမှာ ထိုလက်ထိပ်ပုံစံ အမွေးပွအရုပ်လေးသာ ရှိတော့၏။ 

 

ကစားစရာကို ရင်ခွင်ထဲ တင်းတင်းပိုက်ကာ စုကျီဆွေ့တစ်ယောက် ကုယီလန်၏ WeChat ပရိုဖိုင်ကို စတင် လေ့လာတော့သည်။ 

 

သူ၏ ပရိုဖိုင်ပုံမှာ နေထွက်ချိန်ကို ပေါ့ပေါ့ပါးပါး ရိုက်ထားခြင်း ဖြစ်သည်။ 

 

အထပ်မြင့် အဆောက်အအုံများကြားမှ မီးကဲ့သို့ နီမြန်းနေသော နေလုံးမှာ ပတ်ဝန်းကျင်ရှိ တိမ်တိုက်များဆီသို့ အလင်းရောင်များ ဖြန့်ကျက်ပေးကာ နူးညံ့သော လိမ္မော်ရောင်များအဖြစ် ဆေးဆိုးထားသည်။ နံနက်ခင်း အလင်းရောင်က တိုက်ရိုက် တောက်ပနေသော်လည်း၊ ကြမ်းတမ်းမှု မရှိ—ယင်းအစား ၎င်းက မျှော်လင့်ချက်၊ စွမ်းအင်နှင့်… တရားမျှတမှု ခံစားချက်တို့ကို ဆောင်ယူလာခဲ့သည်! 

 

စုကျီဆွေ့အတွက်မူ ၎င်းမှ ပေးစွမ်းသည့် ခံစားချက်သည် ကုယီလန်အတိုင်းပင် ဖြစ်နေခဲ့သည်။ 

 

သူ၏ ဖြူဖျော့ဖျော့ လက်ချောင်းများကို ညှစ်လိုက်ရာ၊ သူ့ရင်ဘတ်ထဲမှ နှလုံးသားက ရုတ်တရက် ပြန်လည် ခုန်လာခဲ့ပြီး ပါးပြင်များလည်း ပူနွေးလာခဲ့တော့သည်။ 

 

ဤမျှ ကြင်နာသော လူတစ်ယောက်၏ ဘေးတွင် ရှိနေရခြင်းက သူ့ကို စိတ်ချလုံခြုံမှု ရှိစေသည်! 

 

သူ့ကို အပြင်သွားတာတို့၊ တခြားသူတွေနဲ့ စကားပြောတာတို့တောင် ခွင့်မပြုတဲ့ ကြင်နာတဲ့သူတစ်ယောက်—အဲ့ဒါက ဘုရားပေးတဲ့ ဆုလာဘ် မဟုတ်ဘူးလား? ဆိုရှယ်လ် ကြောက်တတ်တဲ့သူအတွက် ကယ်တင်ရှင်! 

 

အလွန်အမင်း ရှက်သွေးဖြာနေသော စုကျီဆွေ့က ကုယီလန်၏ ပရိုဖိုင်ပုံကို သိမ်းလိုက်ပြီးနောက် သူ၏ ဖုန်းမှ ပါရှိသော Browser ကို ဖွင့်လိုက်တော့သည်။ WeChat သို့ ဝင်ပြီးနောက် စာတစ်လုံးချင်းစီ ဖြည်းဖြည်းချင်း ရိုက်ထည့်လိုက်သည်– “လူတစ်ယောက်ကို ဘယ်လို လက်ထပ်ရမလဲ?” 

 

[ကျေးဇူးပြုပြီး ခဏစောင့်ပါ… ဆက်စပ်တဲ့အကြောင်းအရာတွေကို ရှာနေပါတယ်…ပထမဦးစွာ သတို့သားလောင်း/လက်ထပ်ခွင့်တောင်းသူက ဒူးထောက်ပြီး 👏👏👏 စိတ်ရင်းမှန်နဲ့ အဆိုပြုတာကို လက်ခုပ်သြဘာပေးကြပါစို့။ ကံကောင်းသူက အော်ဟစ်ခြင်း၊  လှည့်ခြင်း၊ မျက်နှာနီမြန်းခြင်း၊ အရှက်လွန်ပြီး မျက်နှာကို ဖုံးအုပ်ခြင်း၊ တွန့်ဆုတ်ချင်ယောင်ဆောင်ပြီး နောက်ဆုံးမှာ ပြုံးပြီး သဘောတူလိုက်ပါ 🎉🌸 နောက်တစ်ခုက မြို့ပြရေးရာဌာနက မင်္ဂလာသက်သေခံလက်မှတ်တွေနဲ့ ပေါ်လာပါလိမ့်မယ်။ နောက်ဆုံးကတော့ မင်္ဂလာပွဲရက်ပါပဲ…လွယ်လွယ်ပြောရရင် : ၁) လက်ထပ်ခွင့်တောင်းပါ။ ၂) အိမ်ထောင်လိုင်စင်ရယူပါ။ ၃) မင်္ဂလာပွဲ လုပ်ပါ] 

 

လောကအကြောင်း သိပ်မမြင်ဖူးသေးသော စုကျီဆွေ့ မျက်နှာပြင်အား ကြည့်ကာ ရှုပ်ထွေးသွားရသည်။ 

 

တစ်စုံတစ်ရာက လုံးဝ အဆင်မပြေဟု ခံစားနေရသည်။ 

 

သူက ထိုအရာကို အကြိမ်အနည်းငယ် ပြန်ဖတ်ကြည့်ပြီး၊ မေးခွန်းကို မတူညီသော ပုံစံဖြင့် မေးကြည့်ရန် ကြိုးစားခဲ့ရာ၊ နောက်ဆုံးတွင် သူ သဘောပေါက်သွားသည်—တစ်ယောက်ယောက်ကို လက်ထပ်ရန်အတွက် ထိုသူ၏ နှစ်သက်မှု အဆင့်ကို ပထမဦးစွာ မြှင့်တင်ရမည် ဖြစ်သည်။ 

 

သူ၏ ခေါင်းထဲတွင် အလင်းရောင်တစ်ခု ပွင့်သွားသည်။ သူက ချက်ချင်းပင် ထပ်မံ ရှာဖွေလိုက်သည်။ “တစ်ယောက်ယောက်ရဲ့ နှစ်သက်မှုကို ဘယ်လို မြှင့်တင်ရမလဲ?” 

 

ဤတစ်ကြိမ်တွင်မူ ရလဒ်များက သူ အမှန်တကယ် လိုချင်သည့်အတိုင်း ဖြစ်နေခဲ့သည်။ အလွန် များလွန်းသဖြင့် “သတင်းအချက်အလက် ပင်လယ်ပြင်ကြီး” ဟူ၍ ပြော၍မရနိုင်ပေ။ 

 

ဧရာမ မုန့်ပုံးကြီးထဲသို့ ပြုတ်ကျသွားသော အစာငတ်နေသည့် ကြောင်ငယ်လေးတစ်ကောင်ကဲ့သို့ပင် စုကျီဆွေ့က ထိုအချက်အလက်များကို ဆာလောင်သော မျက်လုံးများဖြင့် အကုန်လုံး သင်ယူရန် စိတ်ဝင်တစား စားသုံးနေခဲ့တော့သည်။ 

 

ထိုအကြောင်းအရာပေါ်တွင် သူ ကြာကြာ ရှိနေသည်ကို သတိပြုမိသော ရှာဖွေရေး အင်ဂျင်က “တစ်ချက်နှိပ်ပြီး ပို့စ်တင်ရန်” ခလုတ်ကို အလိုအလျောက် ပေါ်လာစေသည်။ 

 

စုကျီဆွေ့ Forum ပုံစံ ပလက်ဖောင်းကို တစ်ခါမျှ အသုံးမပြုဖူးချေ။ စနစ်က မည်သည်တို့ပင် ပေါ်လာပေါ်လာ သူက နှိပ်လိုက်သည်။ 

 

သူ၏ ပို့စ်က အလွန် ရေပန်းစားလာခဲ့သည်။ မိနစ်အနည်းငယ်အတွင်းတွင် သူ၏ ကိုယ်ရေးကိုယ်တာ မဟာဗျူဟာ အဖွဲ့သားများအဖြစ် သူစိမ်း ဒါဇင်ပေါင်းများစွာက စုံလင်လှသော အကြံဉာဏ်များနှင့် အစီအစဉ်များအား ပေးရန် ခုန်ဝင်လာခဲ့ကြသည်။ 

 

သူတို့ထဲမှ တစ်ယောက်ကိုပင် စကားပြန်ပြောရန် ရှက်နေသော စုကျီဆွေ့က သူ၏ စောင်အောက်တွင် ကွေးနေကာ၊ တိတ်တဆိတ် ပုန်းအောင်းနေရင်း ကောမန့်တိုင်းကို ဖတ်နေခဲ့သည်။ သူက လူကြိုက်အများဆုံးနှင့် သူ ကိုယ်တိုင် အကောင်းဆုံးဟု ခံစားရသော အကြံဉာဏ်များကို သတိထားကာ ချရေးလိုက်သည်။ 

 

အတော်ကြာ ကြိုးစားအားထုတ်ပြီးနောက် သူက နောက်ဆုံးတွင် ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး၊ သူ၏ သွယ်လျလျ ခန္ဓာကိုယ်ကို အကျောဆန့်လိုက်ကာ၊ ပြည့်လျှံနေသော မှတ်စုစာအုပ်ကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်သည်— 

 

၁။ သူတို့ရဲ့ Moments ပေါ်မှာ ထူးထူးခြားခြား ကောမန့်တစ်ခု ရေးပါ။ 

 

၂။ သူတို့ အခက်တွေ့နေတဲ့အချိန် အချိန်မီ ရောက်လာပြီး ကူညီပါ။ 

 

၃။ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို ပြောပြီး စဉ်းစားပေးတတ်တဲ့၊ နားလည်ပေးတတ်တဲ့ အဖော်တစ်ယောက်ဖြစ်ပါ။ 

 

… 

 

စုကျီဆွေ့ စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး၊ သူ၏ ဦးနှောက်သေးသေးလေးမှာ ယခုလောက် ပြည့်စုံမှုမျိုး တစ်ခါမျှ မရှိခဲ့ဖူးဟု ခံစားလိုက်ရတော့သည်။ 

 

ဤစာရင်းကို လက်ထဲတွင် ကိုင်ထားခြင်းဖြင့်၊ သူက နောက်ထပ် ဆိုရှယ်လ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာတော့မည်မှာ အသေအချာပင်! 

 

ကျေနပ်အားရစွာ ခေါင်းညိတ်ရင်း သူ၏ မှတ်စုများကို ဂုဏ်ယူစွာ ကြည့်ရှုပြီးနောက်၊ သူ၏ မျက်လုံးများက ပထမဆုံး အကြံဉာဏ်ပေါ်သို့ ကျရောက်သွားသည်– 

 

၁။ သူတို့ရဲ့ Moments ပေါ်မှာ ထူးထူးခြားခြား ကောမန့်တစ်ခု ရေးပါ။ 

 

 

Moments တွေက စိတ်ဝိညာဉ်ဆီကို ဖွင့်ထားတဲ့ ပြတင်းပေါက်တွေပါပဲ—ပြီးတော့ မင်းက အဲ့ဒီပြတင်းပေါက်ကနေ ချောင်းကြည့်နေတဲ့ အတောက်ပဆုံးကြယ်လေး! အခုပဲ လုပ်လိုက်—ချီးမွမ်းတဲ့ စကားလုံးတစ်ခုခု၊ စူးစမ်းလိုစိတ်ကို ဖြစ်ပေါ်စေတဲ့ တစ်ခုခု ဒါမှမဟုတ် မင်းရဲ့ ဆွဲဆောင်မှုကို ပြသနိုင်တဲ့ ထူးခြားတဲ့ ကောမန့်တစ်ခုခုကို ရေးချလိုက်ပါ! 

 

၎င်းက ကံကြမ္မာလိုပင် ခံစားနေရသည်။ ဤအကြံဉာဏ်ကို မတွေ့မီကပင် သူက ထိုသူကို WeChat တွင် ထည့်သွင်းထားခဲ့ပြီးဖြစ်သည်—ယင်းက ကြယ်တာရာများ တန်းစီနေသည့် လက္ခဏာပင် ဖြစ်ရမည်! 

 

အကြံဉာဏ်အတိုင်း လိုက်နာကာ စုကျီဆွေ့က “ထူးထူးခြားခြား တုံ့ပြန်မှုများ” အချို့ကို ကူးယူလိုက်သည်၊ ဥပမာ– 

 

[ပရော်ဖက်ရှင်နယ်ပီသလိုက်တာ—ပရော်ဖက်ရှင်နယ်ကိစ္စတွေကို ပရော်ဖက်ရှင်နယ်တွေပဲ လုပ်တာကောင်းတယ်] 

 

[တကယ်လား? ကျွန်တော်တော့ မယုံပေါင်] 

 

[တော်လိုက်တာ၊ ခင်ဗျားရဲ့ ဉာဏ်ကြီးရှင်ဦးနှောက်က အလုပ်လုပ်ပြန်ပြီ…] 

 

ယုံကြည်မှု အပြည့်ဖြင့် တောက်ပဖို့ အသင့်ဖြစ်နေသော စုကျီဆွေ့က ကုယီလန်၏ WeChat Moments ကို ဖွင့်လိုက်သည်။ 

 

ဤပထမအဆင့်က လွယ်ကူလိမ့်မည်ဟု ထင်ရသည်။ အောင်ပွဲက နီးကပ်နေပြီပင်။ 

 

ထို့နောက်— 

 

သူ့အား ကုယီလန်၏ Moments စာမျက်နှာ ထိပ်ဆုံးတွင် အေးစက်ပြီး ပါးလွှာသော အဖြူရောင်မျဉ်းကြောင်းတစ်ခုက နှုတ်ဆက်လိုက်၏။ 

 

အဲ့ဒီမျည်းကြောင်း အောက်မှာကား? 

 

လုံးဝ ဘာမှ မရှိ။ 

 

စုကျီဆွေ့ အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်ပြီး၊ သူ၏ နူးညံ့သော နှုတ်ခမ်းများက အနည်းငယ် ဟသွားသည်။ သူသည် အလိုအလျောက် နှစ်ကြိမ် ပွတ်ဆွဲချလိုက်သော်လည်း စာမျက်နှာက ရှင်းလင်းစွာ လစ်ဟာလျက် နာကျင်စွာ သန့်ရှင်းနေမြဲပင်။

 

သူက WeChat ကို မကြာခဏ အသုံးမပြုသောကြောင့် လုံးဝ နားမလည်တော့။ စိတ်ရှုပ်ထွေးစွာဖြင့် သူက ၎င်းကို ရှာဖွေရန်အတွက် ရှာဖွေရေး အင်ဂျင်ဆီသို့ ပြန်သွားခဲ့ရသည်။ 

 

အနည်းငယ်ကြာအောင် ရှာဖွေပြီးနောက်၊ App က စီရင်ချက်ချလိုက်သည်– 

 

[သင့်အား အခြားတစ်ဖက်မှ ကန့်သတ်ထားပါသည်] 

 

စုကျီဆွေ့ : …