လှကညာ(ချုုရှို့) နန်းဆောင်
မနက်ဖြန်က ရွေးချယ်ခံရတဲ့ မိန်းမပျိုလေးတွေအကုန် အရှင်မင်းကြီးနဲ့
မိဖုရားတွေကို မျက်နှာပြရမယ့် နေ့ထူးနေ့မြတ်ကြီးပေါ့။ တစ်လတိတိ ကြပ်ကြပ်မတ်မတ် သင်ကြားခံခဲ့ရတဲ့
နန်းတွင်းကျင့်ဝတ်နဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် ပင်ပန်းနေကြရှာတဲ့ မိန်းမပျိုလေးတွေအတွက် အကောင်းဆုံးအသွင်အပြင်နဲ့
လန်းလန်းဆန်းဆန်း ရှိနေစေဖို့ဆိုပြီး ကျန်ရစ်ခဲ့တဲ့ မိန်းမပျိုငါးဆယ်ကို
ဖန်းမောမောက တစ်ရက်တာ အနားယူခွင့် ပေးထားတယ်။
အနားယူခွင့်ရတယ် ဆိုပေမဲ့လည်း မိန်းမပျိုလေးတွေခမျာ ချူရှို့နန်းဆောင်ရဲ့ ခြံဝင်းအတွင်းမှာပဲ
သွားလာလှုပ်ရှားခွင့်ရကြရှာတာပါ။ ဆူဆူညံညံ ဆော့ကစားတာ၊ ကျယ်ကျယ်လောင်လောင်
စကားပြောဆိုတာတွေကိုတော့ တင်းတင်းကျပ်ကျပ် တားမြစ်ထားဆဲပဲလေ။
နန်းတော်ကြီးတစ်ခုလုံးရဲ့ အခမ်းနားဆုံး အဆောက်အအုံတွေဆိုတာ အဆောင်မကြီး
သုံးဆောင်လေ။ ချူရှို့နန်းဆောင်ကတော့ အနောက်ဆောင်ရဲ့
ထောင့်တစ်နေရာစာလေးကိုပဲ ယူထားတဲ့ သပ်သပ်ရပ်ရပ် လေးထောင့်ကွက် ခြံဝင်းလေးတစ်ခုသာသာပါပဲ။ အလယ်ဗဟိုက
ကွင်းပြင်ကျယ်လေးကတော့ မိန်းမပျိုလေးတွေ
ကိုယ်နေဟန်ထားနဲ့ လမ်းလျှောက်ပုံ လေ့ကျင့်ရတဲ့ နေရာလေးပေါ့။ ပင်မအဆောင်တော်နဲ့
အရှေ့၊ အနောက် ဘေးအဆောင်တွေရဲ့ ခေါင်မိုးစွန်းအောက်တွေမှာတော့ နန်းတွင်းမှာ အတွေ့ရများတဲ့ ပျိနီပန်းလေးတွေ စိုက်ပျိုးထားတဲ့ ပန်းခင်းကျဉ်းကျဉ်းလေးတွေ
ရှိတယ်။
သုံးလပိုင်းကုန်ကို ရောက်နေပြီမို့
ပျိုနီပန်းတချို့က
ပွင့်အာနေကြပြီ ဆိုပေမဲ့ တချို့ကတော့ လေညင်းအေးအေးကို မနှစ်မြို့သေးသလို
အစိမ်းရောင်ပန်းငုံဖူးလေးတွေအဖြစ်နဲ့ တင်းတင်းကျပ်ကျပ် ပိတ်နေကြတုန်းပဲ။
ယောင်ဟွမ်ကတော့ အနောက်ဘက် ဘေးအဆောင်ရဲ့ တောင်ဘက်အခန်းမှာ
တခြားမိန်းမပျိုလေး လေးယောက်နဲ့ အတူနေရတယ်။
လှသွေးကြွယ်တဲ့
ဒီလိုအရွယ်လေးတွေမှာ မိန်းကလေးတွေက သန့်သန့်ရှင်းရှင်း နေတတ်ကြတယ် ဆိုပေမဲ့လည်း
အခန်းတစ်ခန်းထဲမှာ လူငါးယောက် စုအိပ်ရလေတော့
တစ်ညတာလုံး အောင်းထားသလိုဖြစ်ပြီး လေထုကတော့ အနည်းနဲ့အများ
မွန်းကျပ်နေတော့တာပေါ့။
ယောင်ဟွမ်က အိပ်ရာထ အနောက်ကျဆုံးလေ။ အဝတ်အစားလဲပြီးချိန်မှာတော့ အခန်းထဲမှာ ဆံပင်ဖြီးသင်နေတဲ့ ချန်ယင်း
တစ်ယောက်တည်းပဲ ကျန်နေတော့တယ်။ ဒါနဲ့ပဲ ယောင်ဟွမ်က "ငါ ပြတင်းပေါက် ဖွင့်လိုက်ရမလား"
လို့ လှမ်းမေးလိုက်လေရဲ့။
မှန်ရှေ့မှာ ကျောက်စိမ်းဆံထိုးလေး ထိုးနေတဲ့ ချန်ယင်းက
ပြုံးလိုက်ပြီး ပြန်ဖြေတယ်။
"ဖွင့်လိုက်လေ၊ ရေနွေးအိုးထဲကရေတွေတောင် အေးကုန်လောက်ပြီ။ နင်လည်း မြန်မြန်
မျက်နှာသစ်လိုက်ဦး"
မနက်တိုင်း နန်းတွင်းအစေခံတွေက သူတို့ငါးယောက်
မျှသုံးဖို့ဆိုပြီး ရေနွေးအိုးကြီး တစ်အိုး လာလာပို့ပေးလေ့ရှိတယ်။
ဒီအဆင့်အထိ ရွေးချယ်ခံရပြီးမှတော့ စိတ်နေသဘောထားနဲ့
အကျင့်စာရိတ္တက ဘယ်လောက် အရေးပါသလဲဆိုတာ မိန်းမပျိုလေးတိုင်း သိထားကြတာပေါ့။
ဒါကြောင့် ရေသုံးတဲ့ကိစ္စလို အသေးအဖွဲလေးတွေအတွက်နဲ့ ဘယ်သူကမှ အငြင်းပွားနေမှာ မဟုတ်ဘူး။ တချို့ဆို
သူတို့အချင်းချင်း ဆက်ဆံရေးက သွေးချင်းရင်းချာ ညီအစ်မတွေထက်တောင် ပိုပြီး
အဆင်ပြေနေကြသေးတာ။
ဂျက်ချထားတဲ့ ပြတင်းပေါက်တံခါးရွက်ကို ယောင်ဟွမ်
မတင်လိုက်တာနဲ့တစ်ပြိုင်တည်း
တောက်ပတဲ့ နွေဦးနေရောင်ခြည်က အခန်းထဲကို အတင်းတိုးဝင်လာတာကြောင့် မျက်စိစူးသွားစေသလို
မျက်နှာပြင်လေးလည်း နွေးခနဲ ဖြစ်သွားတော့တယ်။
အဲဒီအချိန်မှာပဲ ခေါင်မိုးစွန်းအောက်က ပန်းခင်းလေးဘေးမှာ တန်းစီရပ်နေကြတဲ့
အလှမယ် ခုနစ်ယောက် ရှစ်ယောက်လောက်က ပြတင်းပေါက် ဖွင့်လိုက်သံကြောင့်
လှမ်းကြည့်လာကြလေရဲ့။
အခန်းထဲမှာတော့ အိပ်ရာထစမို့ ဆံပင်တွေ ဖရိုဖရဲနဲ့ ရပ်နေတဲ့
ယောင်ဟွမ်တစ်ယောက် အိပ်ရာထနောက်ကျမှန်း အထင်းသား ပေါ်လွင်နေတော့တာပေါ့။
အိမ်တော်ကြီးတွေက ဆင်းသက်လာတဲ့ မိန်းမပျိုလေးတွေအတွက်တော့ အစောကြီးထတတ်တဲ့ အကျင့်က အခြေခံစည်းကမ်းတစ်ခုလို
ဖြစ်နေတာလေ။ အနားရတဲ့ရက်တောင်မှ စောစောထတတ်ကြတာဆိုတော့ နန်းတော်ထဲမှာဆိုရင်
ပိုဆိုးတာပေါ့။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ မိန်းမပျိုလေးတချို့က
တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပာယ်ပါပါ အကဲခတ်လိုက်ကြလေရဲ့။ ယောင်ဟွမ်ကို အထင်သေးသွားကြတာ
အထင်းသား။
ဒါပေမဲ့ တချို့ကတော့ ယောင်ဟွမ်ရဲ့ ဖြူဝင်းပြီး
ပန်းသွေးရောင်သန်းနေတဲ့ အသားအရည်နဲ့ အိပ်ရာထစ မိန်းမလှလေးတစ်ယောက်ရဲ့
ပျင်းရိပျင်းတွဲ ဆွဲဆောင်မှုအောက်မှာ မိန်းမောသွားကြပြီး သူမ အိပ်ရာထနောက်ကျတာကိုတောင်
အပြစ်တင်ဖို့တောင် မေ့သွားကြလေရဲ့။ (ဂေးမမများအဖွဲ့)
တကယ်တော့ အလှမယ်လေးတွေ စုဝေးနေတဲ့ ဒီနေရာမှာ ယောင်ဟွမ်က
ထင်းခနဲပေါ်လွင်နေခဲ့ပြီးသားပါ။ ပျိုနီပန်းနာမည်ကို မှည့်ခေါ်ထားတဲ့ သူမရဲ့
နာမည်ကြောင့်ရော၊ ပြည့်ဖြိုးပြီး ကျော့ရှင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်ကြောင့်ပါ
လူသိများနေတာကိုး။ (မြန်မာလိုဆို ရေဆေးငါးလေးလို ဖြူဖြူဖွေးဖွေး
လုံးကြီးပေါက်လှပေါ့။ ကျယ်မတို့လို အခြောက်မတွေအကြိုက် ရင်ကြီးကြီး ဖင်ကြီးကြီးလေးပေါ့)
တစ်လလောက် အတူနေလာခဲ့ကြတာဆိုတော့ ခြံဝင်းထဲက
မိန်းမပျိုလေးတွေအားလုံးကို ယောင်ဟွမ်က မှတ်မိနေပါပြီ။ သူမက သူတို့ကို
ပြုံးပြလိုက်ပြီး ပြတင်းပေါက်ကို သေချာဖွင့်ထားလိုက်တယ်။ ပြီးတော့ ကုတင်စွန်းမှာထိုင်ပြီး
ဖိနပ်စီးလိုက်တော့ ပြတင်းပေါက်ဘောင်က ကွယ်သွားလို့ အပြင်ကလူတွေ သူမကို
မမြင်ရတော့ဘူးလေ။
ချန်ယင်းက မှန်တင်ခုံရှေ့ကနေ လှည့်ကြည့်လာတယ်။
ယောင်ဟွမ်တစ်ယောက် ကိုယ့်အိမ်ကိုယ့်ယာမှာ နေရသလို သက်တောင့်သက်သာနဲ့ ရေငှဲ့နေတာကို
ကြည့်ရင်း သူမ မနေနိုင်တော့ဘဲ တိုးတိုးလေး လှမ်းပြောလိုက်မိတော့ တယ်။ "ဖန်းမောမောက ငါတို့ကို အနားပေးသယောင်
ဟန်ဆောင်ပြီး ငါတို့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေမှာ နင် မကြောက်ဘူးလား။ ဒီလို အသေးအဖွဲ
ကိစ္စလေးတွေကြောင့် ဒီအဆင့်ကြီးကျမှ အရွေးမခံရဘဲ အိမ်ပြန်လွှတ်ခံရရင်
တန်မှာမဟုတ်ဘူးနော်"
ယောင်ဟွမ်က သက်ပြင်းချလိုက်ပြီး ညည်းလိုက်လေတယ်။
"အဲဒီလောက်သာ လွယ်ရင် သိပ်ကောင်းမှာပေါ့"
ကြင်ယာတော်ရွေးချယ်ပွဲကို
ပြီးခဲ့တဲ့နှစ်က ရုတ်တရက်ကြီး ကြေညာခဲ့တာလေ။ မြို့တော်နဲ့ ဝေးတဲ့နေရာမှာရှိတဲ့
အရာရှိတွေကတော့ အမိန့်တော်
မရောက်လာခင် သူတို့သမီးတွေကို ကပျာကယာ အိမ်ထောင်ချပေးဖို့ အချိန်ရလိုက်ဦးမယ်။
ဒါပေမဲ့ မြို့တော်မှာပဲ နေပြီး အာဏာရှိအမတ်တွေနဲ့ အဆက်အသွယ်လည်း မရှိတဲ့ ယောင်မိသားစုကတော့ မြို့တော်က
အရာရှိတွေအားလုံး သိတဲ့အချိန်ကျမှပဲ ဒီသတင်းကို ကြားလိုက်ရတာ။ အမိန့်တော်ထဲမှာ ပထမအဆင့်
ရွေးချယ်မှု မပြီးမချင်း သမီးမိန်းကလေးတွေကို စေ့စပ်ကြောင်းလမ်းခြင်း
လုံးဝမပြုရဘူးလို့ တိတိကျကျ တားမြစ်ထားတယ်လေ။
သူမပတ်ဝန်းကျင်မှာ အလှပန်းလေးတစ်ပွင့်လို့ နာမည်မွှေးနေတဲ့
ယောင်ဟွမ်တစ်ယောက် ပထမအဆင့် ရွေးချယ်ပွဲကို ဝင်ပြိုင်ဖို့ကလွဲလို့
အခြားရွေးချယ်စရာ လမ်းမရှိခဲ့ဘူး။
နန်းတွင်းက အတွေ့အကြုံရင့် ကျွမ်းကျင်တဲ့ မောမောကြီးတွေနဲ့
သမားတော်တွေက ဖျားချင်ယောင်ဆောင်တာတွေ၊ တမင်ရုပ်ဆိုးအောင် ဖန်တီးထားတာတွေကို
မြင်တာနဲ့ တစ်ခါတည်း အကဲခတ်မိကြတာပေါ့။ တမင်သက်သက် အမှားလုပ်ပြီး အထုတ်ခံရအောင်
ကြံပြန်ရင်လည်း ကိုယ့်နာမည်ပျက်မယ့်အပြင် မိဘတွေပါ သွန်သင်ဆုံးမမှု
ညံ့ဖျင်းတယ်ဆိုပြီး ကဲ့ရဲ့လှောင်ပြောင်ခံရမှာဆိုတော့ ဒီနည်းကလည်း သိပ်တော့ မဟန်လှဘူးလေ။
နန်းတော်ထဲကို တစ်ကိုယ်တည်း ရောက်လာတဲ့ ယောင်ဟွမ်ခမျာ ဒီလို
စည်းကမ်းကြီးမားလွန်းတဲ့ နေရာမျိုးမှာ ပြဿနာသွားရှာဖို့ဆိုတာ လုံးဝ
မဝံ့ရဲတဲ့ကိစ္စပဲပေါ့။ တစ်လတိတိ
ကြာမြင့်ခဲ့တဲ့ လေ့ကျင့်ရေးကာလနဲ့ စရိုက်လက္ခဏာ စစ်ဆေးမှုတွေလုပ်တုန်းကဆို သူမ အတော်လေး ဦးနှောက်ခြောက်ခံပြီး
စဉ်းစားခဲ့ရတယ်။ အကျင့်စာရိတ္တ မပျက်ဘူးလို့
သတ်မှတ်ခံရမယ့်နည်းလမ်းနဲ့ မိဖုရား ဒါမှမဟုတ် ကိုယ်လုပ်တော်အဖြစ်
အရွေးမခံရအောင် ဘေးကင်းမယ့်နည်းလမ်းတွေကို အပတ်တကုတ် ရှာဖွေခဲ့တာလေ။
သူမရဲ့ ပထမဆုံး ကြိုးပမ်းချက်ကတော့ ထမင်းစားချိန်မှာ ဖန်းမောမောဆီကနေ
ထမင်း နောက်တစ်ပန်းကန် ထပ်ထည့်ပေးဖို့ ရဲရဲဝံ့ဝံ့ကြီး တောင်းဆိုခဲ့တာပဲ။
အစောပိုင်း
ရှိခဲ့တဲ့ မိန်းမပျို သုံးရာလောက်ထဲမှာ ဒီလိုမျိုး ထမင်းထပ်တောင်းတဲ့သူဆိုလို့ သူမ
တစ်ယောက်တည်း ရှိတာပေါ့။
ဘေးပတ်ဝန်းကျင်က ထွက်ပေါ်လာတဲ့ တိုးတိတ်တိတ် ရယ်မောသံတွေကို
ယောင်ဟွမ် အခုထက်ထိ မှတ်မိနေတုန်းပဲ။ ဒါပေမဲ့ ဖန်းမောမောကတော့ သူမကို ခေါင်းအစ
ခြေအဆုံး စူးစူးစိုက်စိုက် ကြည့်လိုက်ပြီးတဲ့နောက် သဘောတူလိုက်လေရဲ့။
ဒုတိယမြောက် ကြိုးပမ်းချက်ကတော့ အခန်းအောင်းနေရတာကို
မွန်းကျပ်လာတာနဲ့ ခြံဝင်းထဲထွက်ပြီး သိုင်းကွက်တွေ လေ့ကျင့်တာလေ။
သူမရဲ့ ဖခင်ဖြစ်သူက ဓားရေး၊ လှံရေး ကျွမ်းကျင်တဲ့
သိုင်းသမားတစ်ယောက်မို့ သားဖြစ်သူကို လက်ဆင့်ကမ်း သင်ကြားပေးခဲ့တယ်။
အငြိမ်မနေတတ်တဲ့ ယောင်ဟွမ်ကလည်း အစ်ကိုဖြစ်သူကို ကြည့်ပြီး အတော်လေး
တုပနိုင်ခဲ့တာ။ ဒါပေမဲ့ ချူရှို့နန်းဆောင်မှာ ဘာလက်နက်မှ မရှိတော့ လက်ဗလာနဲ့ပဲ
သိုင်းကွက်တွေကို လေ့ကျင့်ခဲ့ရတာပေါ့။
အခြား မိန်းမပျိုလေးတွေ အလန့်တကြားဖြစ်ကုန်ကြလို့ နန်းတွင်းအစေခံတစ်ယောက်က
ဖန်းမောမောကို ချက်ချင်း သွားခေါ်လာလေရဲ့။
"မင်း ဘာလုပ်နေတာလဲ" ဖန်းမောမောက လေသံမာမာနဲ့ မေးလာတယ်။
ယောင်ဟွမ်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
အပြစ်ကင်းတဲ့ဟန်လေးနဲ့ ပြန်ဖြေလိုက်တာပေါ့။ "ကျွန်မ နည်းနည်း ဝလာလို့လေ။ အဆီကျအောင် ကိုယ်လက်လှုပ်ရှားလေးဘာလေး လုပ်နာ"
ဖန်းမောမောက သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို အကဲခတ်ကြည့်ပြီး
သဘောကျတဲ့ဟန်နဲ့ ခေါင်းညိတ်လိုက်လေရဲ့။ "ဒီအတိုင်းလေးဆို ကွက်တိပဲ၊ ဒီထက်တော့
ပိုမဝစေနဲ့တော့။ ဒါပေမဲ့ ဒီလို သိုင်းကွက်တွေ လေ့ကျင့်တာက တခြားသူတွေကို ထိခိုက်မိစေနိုင်တယ်။
အဲဒီအစား ထမင်းကို တစ်ပန်းကန်ပဲ လျှော့စားလိုက်တာ ပိုကောင်းမယ်"
ယောင်ဟွမ် : "..."
တခြား မိန်းမပျိုလေးတွေဆို အသေးအဖွဲ အမှားလေး လုပ်မိတာနဲ့
ချက်ချင်း အိမ်ပြန်လွှတ်ခံရတာ။ ရှင်းပြဖို့၊ ပြင်ဆင်ဖို့ အခွင့်အရေးတောင်
မရလိုက်ကြဘူး။ ဘာလို့များ ဖန်းမောမောက သူမအပေါ် ဒီလောက်ထိ ညှာတာနေရတာလဲ။
လူဦးရေ တစ်ရာလောက်ပဲ ကျန်တော့တဲ့အချိန်မှာတော့
ယောင်ဟွမ်တစ်ယောက် အိပ်ရာထ နောက်ကျအောင်
လုပ်လုပ်ပြီး အမြဲတမ်း နောက်ဆုံးမှ ရောက်လာတတ်တယ်။
ဒါကိုလည်း ဖန်းမောမောက သူမကို ဘေးခေါ်သွားပြီး တိုးတိုးလေး
ပြောပြန်တယ်။ "စားနိုင်အိပ်နိုင်တယ် ဆိုတာ ကောင်းချီးတစ်ပါးပဲ။ နောက်ကျမှလာတာ
ကိစ္စမရှိပေမဲ့ သတ်မှတ်ထားတဲ့ အချိန်ထက်တော့ လုံးဝ နောက်မကျစေနဲ့။ ဒီလောက် သေးတဲ့
စည်းကမ်းလေးကိုတောင် မင်းဘက်က ချိုးဖောက်မယ်ဆိုရင် နန်းတော်ကို မထီမဲ့မြင်လုပ်ပြီး
အရွေးမခံရအောင် တမင်ကြံစည်နေတယ်လို့ လူတွေက သံသယဝင်ကြလိမ့်မယ်။ အဲဒီလို
ကောလာဟလတွေသာ တော်ဝင်မျိုးနွယ်တွေရဲ့
နားထဲ ပေါက်ကြားသွားရင် မင်းရဲ့ မိသားစုတစ်ခုလုံး မရိုသေမှုဆိုတဲ့ ပြစ်မှုနဲ့
အပြစ်ပေးခံရလိမ့်မယ်" (တကယ်က
ဖင်ကြီးလို့ ကလေးမွေးနိုင်တယ် ထင်နာ အူးဝါး)
တကယ်တော့ ယောင်ဟွမ်က ဖန်းမောမော သဘောအကျဆုံး မိန်းမပျိုလေ။
တခြားသူတွေအတွက်တော့ အမှားလုပ်မိတာနဲ့ ချက်ချင်း အထုတ်ခံရမှာဆိုပေမဲ့
ယောင်ဟွမ်အတွက်တော့ ဖန်းမောမောက စည်းကမ်းတွေကို မျက်ကွယ်ပြုပေးထားတာပေါ့။
အတင်းအဖျင်းတွေ မထွက်လာအောင် ကာကွယ်ဖို့
အလွယ်ကူဆုံးနည်းလမ်းကတော့ ယောင်ဟွမ်တစ်ယောက် လိမ္မာကျိုးနွံစွာ နေထိုင်ဖို့ပါပဲ။
သွယ်ဝိုက်ပြီး သတိပေးလာတဲ့ စကားတွေကို နားလည်သွားတဲ့
ယောင်ဟွမ်ကတော့ အသေးအဖွဲ အမှားလေးတွေကနေ အခွင့်ကောင်းယူပြီး အိမ်ပြန်ဖို့
မျှော်လင့်ချက်တွေကို အပြီးတိုင် စွန့်လွှတ်လိုက်ရတော့တယ်။
ချူရှို့နန်းဆောင်မှာနေတဲ့ မိန်းမပျိုလေးတွေဆိုတာ ဖန်းမောမော၊
နန်းတွင်းအစေခံတွေနဲ့ သူတို့အချင်းချင်းရဲ့ မျက်စိဒေါက်ထောက်
စောင့်ကြည့်မှုအောက်မှာ နေထိုင်ရတာလေ။ အပြောအဆို အနေအထိုင်လေး နည်းနည်း
မှားသွားတာနဲ့ ဒီရွှေလမ်းငွေလမ်းကြီးကနေ အထုတ်ခံရနိုင်ခြေ ရှိတယ်မဟုတ်လား။
ဒါကြောင့် နှုတ်ကထွက်သမျှ စကားတိုင်းမှာ သတိတရားတွေ
ကပ်ပါနေတာပေါ့။ မိတ်ဆက်တဲ့အခါမျိုးမှာလည်း အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ်
နှိမ့်ချကြပြီး မြှောက်ပင့်စကားတွေကလည်း ပျားရည်လို ချိုမြိန်စီးဆင်းနေတတ်တယ်။
ဒီလို ဟန်ဆောင်ပန်ဆောင် ယဉ်ကျေးပြနေရတာတွေကို ယောင်ဟွမ်က
အတော်လေး ငြီးငွေ့နေပြီလေ။ ဒါကြောင့် အခန်းထဲမှာ တစ်ယောက်တည်း အေးအေးဆေးဆေးနေရတာ၊
ဒါမှမဟုတ် ခြံဝင်းထဲမှာ လမ်းလျှောက်ရတာကိုပဲ သူ ပိုသဘောကျတယ်။ သူ့မှာ
ရင်းရင်းနှီးနှီးရှိတဲ့ သူဆိုလို့ ချန်ယင်း တစ်ယောက်ပဲ ရှိတာ။
အနောက်တောင်ဘက်က နယ်မြို့ငယ်လေးတစ်ခုရဲ့ မြို့စားသမီးဖြစ်တဲ့ ချန်ယင်းက
သတ္တိနည်းပြီး စကားလည်းနည်းတဲ့သူပေါ့။ အစပိုင်းတုန်းကဆို ယောင်ဟွမ်ကို စကားတောင်
မပြောရဲရှာဘူး။ ဒါပေမဲ့ ယောင်ဟွမ် ထမင်းထပ်တောင်းတာတွေ၊ အိပ်ရာထနောက်ကျတာတွေကို
မြင်ပြီးတဲ့နောက်မှာမှ ဘာကြောင့်မှန်းမသိ ယောင်ဟွမ်က ခင်ဖို့ကောင်းတဲ့သူလို့
မြင်လာခဲ့တာ။ တစ်ခါတလေဆို
အိမ်လွမ်းတဲ့အကြောင်းတွေ၊ ရှေ့ရေးအတွက် စိုးရိမ်ပူပန်မှုတွေကို ယောင်ဟွမ်ဆီမှာ
ရင်ဖွင့်တတ်သေးတာလေ။
ညစာစားပြီးချိန်မှာတော့ မိန်းမပျိုလေးတွေက ကိုယ့်အခန်းကိုယ်
ပြန်သွားကြပြီ။ ယောင်ဟွမ်ကတော့ အစာကြေအောင်ဆိုပြီး ခြံဝင်းထဲ လမ်းလျှောက်ရင်း
ကျန်ရစ်ခဲ့တယ်။
သုံးပတ်လောက် လျှောက်ပြီးသွားတဲ့အချိန်မှာပဲ စိုးရိမ်သောကရောက်နေတဲ့ မျက်နှာလေးနဲ့
ချန်ယင်းက အနားကို ရောက်လာတယ်။
ယောင်ဟွမ်က တခြားသူတွေ ခိုးနားထောင်လို့ မရနိုင်လောက်မယ့်
နေရာမျိုးကို တမင်ရွေးလိုက်တာပေါ့။ ချန်ယင်း သူမဘေးမှာ လာရပ်တော့ ယောင်ဟွမ်က စိုးရိမ်တကြီးနဲ့ "ဘာဖြစ်လာတာလဲ"
လို့ လှမ်းမေးလိုက်လေတယ်။
ချန်ယင်းက လေသံတိုးတိုးလေးနဲ့ ပြန်ဖြေလေရဲ့။ "နေ့လယ်တုန်းက
မင်းသားသုံးပါးအကြောင်း ပြောနေကြတာကို ငါ ကြားလိုက်ရတယ်"
ဝေးလံခေါင်ဖျားတဲ့ နယ်မြို့စားလေးရဲ့ သမီးဖြစ်သူ သူမအဖို့
ပုံမှန်အခြေအနေမျိုးမှာဆိုရင် မင်းသားတွေရဲ့ အကြောင်းကို ကြားဖူးဖို့ဆိုတာ
အခွင့်အရေး လုံးဝမရှိနိုင်ဘူးလေ။ မြို့တော်ကို ရောက်လာပြီးတော့လည်း နန်းတွင်း မောမောကြီးတွေကလည်း
မိန်းမပျိုတွေအနေနဲ့
တော်ဝင်မျိုးနွယ်တွေရဲ့ အတင်းအဖျင်း ပြောဆိုတာကို တင်းတင်းကျပ်ကျပ်
တားမြစ်ထားတာကိုး။ ဒီလိုနောက်ဆုံးရက် ရောက်မှပဲ အထက်တန်းလွှာက ဆင်းသက်လာတဲ့ ခပ်ရဲရဲသခင်မလေး
တချို့က ဒီအကြောင်းကို ခပ်ဖွဖွလေး ပြောဆိုဆွေးနွေးလာကြတာပေါ့။
မြို့တော်မှာ မွေးဖွားကြီးပြင်းလာတဲ့ ယောင်ဟွမ်ကတော့ သူမရဲ့
ဖခင်ဟာ မြို့ပြင်က တပ်စခန်းကြီး လေးခုမှာ တပ်စွဲထားတဲ့ အဆင့်နိမ့် စစ်အရာရှိ
နှစ်ထောင်ထဲကမှ အဆင့်ခြောက် နေရာမှာရှိတဲ့ အရာရှိငယ်တစ်ယောက် ဆိုပေမဲ့
မင်းသားတွေရဲ့ အကြောင်းကို အနည်းအကျဉ်းတော့ သိထားတယ်လေ။
သားတော်ကြီး မင်းသားခန်းက မိဖုရားလျိုရဲ့ တစ်ဦးတည်းသော
သားတော်ပေါ့။ သူ့ရဲ့ အရင် ကြင်ယာတော်က ကွယ်လွန်သွားပြီမို့ အခု ကြင်ယာတော်သစ်
ပြန်ရွေးချယ်နေတာလေ။
ဒုတိယမင်းသား မင်းသားဟွေ့ကတော့ မိဖုရားတုရဲ့ မွေးစားသားတော်။ စစ်ရေးစစ်ရာမှာ ထူးချွန်ပြီး စစ်မြေပြင်မှာ အောင်ပွဲတွေ
အများကြီး ရယူနိုင်ခဲ့တယ်လို့ နာမည်ကြီးပေမဲ့ ပြီးခဲ့တဲ့နှစ်က
ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာကြောင့် ခြေထောက်နှစ်ဖက်စလုံး အကြောသေသွားခဲ့ရှာတယ်။
တတိယသားတော် မင်းသားချင်ကတော့ မိဖုရားရှန်ယို့ရဲ့
သားတော်လေ။ အသက်နှစ်ဆယ်အရွယ်ရှိပြီဖြစ်တဲ့ ဒီမင်းသားက စာပေရော သိုင်းပညာမှာပါ
ထူးချွန်ပြောင်မြောက်လှတာမို့ ယုံချန်းမင်းကြီးရဲ့ အချစ်တော်ဆိုပြီး
သတင်းမွှေးတာပေါ့။
မိဖုရားတုမှာ ကိုယ်တိုင်မွေးထားတဲ့ သားတော်အရင်း
စတုတ္ထမင်းသားလေး တစ်ပါးလည်း ရှိသေးတယ်လေ။ ဒါပေမဲ့ အသက်က ဆယ့်နှစ်နှစ်၊
ဆယ့်သုံးနှစ်အရွယ်ပဲ ရှိသေးတော့ အိမ်ထောင်ပြုဖို့ ငယ်လွန်းနေသေးတာပေါ့။
ယောင်ဟွမ်အမြင်ကတော့ မင်းသားချင်ရဲ့ ကြင်ယာတော် ဖြစ်ရတာက
အကောင်းဆုံးရလဒ်ပဲ။ ကျန်တဲ့ ရွေးချယ်စရာ နှစ်ခုက သိပ်ပြီး အဆင်မပြေလှဘူးလေ။
တစ်ယောက်က မိထွေးနေရာကို ဝင်ယူရမှာဖြစ်ပြီး နောက်တစ်ယောက်ကတော့ မသန်စွမ်းတဲ့
မင်းသားတစ်ပါးနဲ့ လက်ထပ်ရမှာဆိုတော့ အခက်အခဲတွေ အများကြီး ကြုံရနိုင်တယ်။
ဒါပေမဲ့ မုဆိုးဖို မင်းသားရဲ့ ကြင်ယာတော်နေရာ၊ ဒါမှမဟုတ်
မသန်စွမ်း မင်းသားရဲ့ ဇနီးနေရာဆိုရင်တောင် ဩဇာအာဏာရှိတဲ့ မိသားစုကြီးတွေက
ဆင်းသက်လာတဲ့ သခင်မလေးတွေပဲ ရနိုင်ချေများတာပေါ့။ ယောင်ဟွမ်တို့လို အဆင့်နိမ့်
မိန်းမပျိုလေးတွေကတော့ ပန်းပွင့်ရဲရဲလေးတွေကို ပိုပြီး ပေါ်လွင်သွားအောင်
ပံ့ပိုးပေးရတဲ့ အရွက်စိမ်းလေးတွေ သက်သက်ပါပဲ။ အိမ်ပြန်လွှတ်ခံရရင် ခံရ၊
မဟုတ်ရင်လည်း မင်းသားတွေရဲ့ ကိုယ်လုပ်တော်အဖြစ် ရွေးချယ်ခံရမှာ သေချာသလောက်ပဲ။
အဆိုးဆုံး အခြေအနေကတော့ အသက် ငါးဆယ်ကျော်နေပြီဖြစ်တဲ့ ယုံချန်းမင်းကြီးရဲ့
မျက်စိကျတာကို ခံရပြီး အဆင့်နိမ့် မိဖုရားငယ်တစ်ပါးအနေနဲ့ နန်းတော်ထဲမှာ
တစ်သက်လုံး နေသွားရမယ့် ကိန်းပဲ။
ဖြူလျော့နေတဲ့ မျက်နှာလေးနဲ့ ချန်ယင်းက ယောင်ဟွမ်ရဲ့ လက်ကို
တင်းတင်းဆုပ်ကိုင်ရင်း တိုးတိုးလေး ပြောရှာတယ်။ "ယောင်ယောင်... ငါ
ကြောက်တယ်"
ရွေးချယ်စရာ မင်းသားသုံးပါးထဲမှာ နှစ်ပါးက ဒီလောက်တောင်
အခြေအနေမလှ ဖြစ်နေလိမ့်မယ်လို့ သူမ တစ်ခါမှ မတွေးမိခဲ့ဖူးဘူး။ ကြင်ယာတော် နေရာဆိုရင်တောင်
နေသာထိုင်သာ မရှိလှတာ၊ ကိုယ်လုပ်တော်အဖြစ်သာဆိုရင်တော့ ပြောဖွယ်ရာမရှိတော့ဘူးပေါ့။
ချန်ယင်းလည်း အရွေးမခံရဘဲ မိသားစုဆီ ပြန်ချင်နေတယ်ဆိုတာကို
ယောင်ဟွမ် သိတာပေါ့။ ဒါပေမဲ့ သူမအနေနဲ့ ထောက်ခံပြီးတော့လည်း
နှစ်သိမ့်မပေးနိုင်သလို၊ မင်းသားတွေအကြောင်း ဝေဖန်ပြီးတော့လည်း အကြံဉာဏ်
မပေးဝံ့ဘူးလေ။
သူမ လုပ်နိုင်တာဆိုလို့ ချန်ယင်းရဲ့ လက်လေးကို ပြန်ပြီး
တင်းတင်းဆုပ်ကိုင်ပေးထားရင်း တိုးတိုးလေး ပြောပြဖို့ပဲ ရှိတော့တယ်။ "ကိုယ်မတတ်နိုင်တဲ့
ကိစ္စတွေကို တွေးမပူပါနဲ့ဟာ။ ခေါင်းကိုက်ရုံပဲ ရှိမှာမို့ ဘာအကျိုးမှ ထူးလာမှာ
မဟုတ်ဘူး"
ချန်ယင်းက တံခါးပေါက်ဘက်ကို လှမ်းကြည့်လိုက်ပြီး
စိုးရိမ်ပူပန်မှုတွေကို မြိုချရင်း ယောင်ဟွမ်ရဲ့ အကြံပေးစကားကို လက်ခံလိုက်တော့တယ်။
ညဘက်ရောက်တော့ ယောင်ဟွမ်က အပူပေးကုတင်ပေါ်မှာ လှဲလျောင်းနေရင်း ချန်ယင်းနဲ့
တခြားမိန်းကလေးသုံးယောက် ဟိုဘက်ဒီဘက် လူးလွန့်ပြီး အိပ်မပျော်ဖြစ်နေကြတာကို
နားထောင်နေမိတယ်။
စောင်ကို လုံလုံခြုံခြုံလေး ခြုံထားရင်း တစ်လကျော်လောက်
မတွေ့ရတော့တဲ့ မိဘနှစ်ပါးနဲ့ အစ်ကိုဖြစ်သူကို ယောင်ဟွမ် သတိရနေမိတာပေါ့။ ပြီးတော့
သူမအိမ်အနောက်ဆောင်မှာရှိတဲ့
သူမတစ်ဦးတည်းပိုင်
ကျယ်ဝန်းလှတဲ့ အပူပေးကုတင်ကြီးကိုလည်း လွမ်းမိရင်းကနေ နောက်ဆုံးတော့
အိပ်မောကျသွားလေရဲ့။
အရှေ့အရပ်ကနေ နီရဲတဲ့ နေမင်းကြီး ထွက်ပေါ်လာပြီး
နေရောင်ခြည်တွေက မှန်စီပြတင်းပေါက်တွေကတစ်ဆင့် ဖြာကျလာတယ်။
ရွေးချယ်ခံထားရတဲ့ မိန်းမပျိုလေးတွေအတွက်တော့ ဒီနေ့ဟာ သူမတို့ရဲ့
တစ်သက်တာ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် နေ့တစ်နေ့ ဖြစ်နိုင်ပေမဲ့ ယုံချန်းမင်းကြီးအတွက်တော့
ပုံမှန်ဖြတ်သန်းနေကျ သာမန်နေ့တစ်နေ့ပါပဲ။
အရှင်မင်းကြီးက
မနက်ခင်း ညီလာခံ တက်ရောက်ပြီးတာနဲ့ စာကြည့်ဆောင်ကို ပြန်ပြီး တင်ပြစာတွေကို ဖတ်ရှုစစ်ဆေးတယ်။
မှူးမတ်တချို့နဲ့ တိုင်းပြည်ရေးရာ ကိစ္စတွေကို
ဆွေးနွေးတိုင်ပင်ပြီးတဲ့နောက်မှာတော့ ပြတင်းပေါက်နားမှာ အညောင်းအညာဆန့်ရင်း
ရေနာရီကို လှမ်းကြည့်လိုက်လေတယ်။ ပြီးတော့ အနားမှာ ခါးလေးကိုင်းပြီး အရိုအသေပေးရပ်နေတဲ့
ကုန်းကုန်းဝမ်ကို မေးလိုက်လေရဲ့။ "မင်းသားဟွေ့ နန်းတော်ကို ရောက်ပြီလား"
ကုန်းကုန်းဝမ်က ပြုံးပြီး ပြန်လျှောက်တင်လေတယ်။ "ရောက်ပါပြီ
အရှင်မင်းကြီး။ မင်းသားက လွန်ခဲ့တဲ့ နာရီဝက်လောက်ကတည်းက ရောက်နေတာပါ။ အခု ပင်မအဆောင်တော်မှာ မယ်မယ်တို့နဲ့
စကားစမြည် ပြောဆိုနေပါတယ် "
ယုံချန်းမင်းကြီးက ခေါင်းယမ်းလိုက်တာပေါ့။ "သူက
အာလာပသလ္လာပ ပြောလေ့ရှိတဲ့သူမှ မဟုတ်တာ။ အခု ခြေထောက်တွေကလည်း ဒီလိုအခြေအနေ ဖြစ်နေတော့ဖြစ်နေမှတော့ ဘယ်သူ့ကိုများ
မျက်နှာချိုသွေးချင်စိတ် ရှိပါတော့မလဲ။ ငါ့ရှေ့မှာတောင် ဟန်လုပ်ပြီး
မပြုံးနိုင်ရှာဘူးလေ"
ကုန်းကုန်းဝမ်ရဲ့ မျက်နှာလေး ညှိုးသွားတယ်။ မင်းကြီးက
အိမ်ရှေ့စံအရာ တင်မြှောက်ဖို့ကို အချိန်အတော်ကြာ ဆိုင်းငံ့ထားခဲ့တာဆိုတော့ သူ့စိတ်ရင်းက
ဘာလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ မရနိုင်ဘူးလေ။ မင်းသားဟွေ့ကို အိမ်ရှေ့စံအဖြစ်
မရွေးချယ်ခဲ့ရင်တောင်မှ သူ့ရဲ့ ပြောင်မြောက်လှတဲ့ စစ်ရေးစွမ်းရည်တွေအရ
နောင်တက်လာမယ့် ဧကရာဇ်ကို အားဖြည့်ကူညီပေးနိုင်တဲ့ စစ်သူကြီးချုပ်အဖြစ်
ရပ်တည်နိုင်မှာ သေချာတယ်မဟုတ်လား။ ဒါပေမဲ့ အခုတော့...
ဒီလို ဒဏ်ရာအပြင်းအထန် ရသွားတဲ့အပေါ် ကာယကံရှင် မင်းသားဟွေ့ကိုယ်တိုင်ပြီးရင် အကြေကွဲရဆုံးက ယုံချန်းမင်းကြီးပါပဲ။
ပုဂ္ဂိုလ်ရေးအရ ကြည့်မယ်ဆိုရင်လည်း ထိခိုက်ဒဏ်ရာရထားတဲ့ သားတော်တစ်ပါးအတွက်
ခမည်းတော်တစ်ပါးရဲ့ သောကက သဘာဝကျလှတာပေါ့။ တိုင်းရေးပြည်ရာဘက်က ကြည့်ပြန်ရင်လည်း
တိုင်းပြည်ကို ကာကွယ်ရင်း ဒဏ်ရာရခဲ့တဲ့ စစ်သူကြီးတစ်ယောက်ကို ဧကရာဇ်တစ်ပါးအနေနဲ့
ထိုက်တန်တဲ့ ချီးမြှင့်မှုတွေ ပြုလုပ်ပေးဖို့ တာဝန်ရှိနေတယ်လေ။
ဒါကြောင့်မို့ တခြားမင်းသားတွေအတွက် ကြင်ယာတော်တွေ၊
ကိုယ်လုပ်တော်တွေကို သူတို့ရဲ့ မယ်တော်တွေကပဲ ရွေးချယ်ပေးကြပေမဲ့ ယုံချန်းမင်းကြီးက
မင်းသားဟွေ့ကိုတော့
ကင်းလွတ်ခွင့် ပြုထားခဲ့တယ်။ မင်းသားကိုယ်တိုင် သဘောကျနှစ်ခြိုက်တဲ့ ကြင်ယာတော်ကို
ရွေးချယ်ခွင့် ပေးထားတာပေါ့။
သူ လမ်းမလျှောက်နိုင်တော့ဘူး ဆိုရင်တောင်မှ အနည်းဆုံးတော့
တစ်သက်လုံး လက်တွဲသွားဖို့ ကိုယ်တိုင် မျက်စိကျတဲ့ ဇနီးသည်တစ်ယောက်တော့ ရှိသင့်တယ်
မဟုတ်လား။