အပိုင်း ၄
Viewers 431

ယောင်ဟွမ်ရဲ့ မြင်းလှည်းလေး ချန်ရှို့လမ်းကြားထဲ ကွေ့ဝင်သွားချိန်မှာတော့ အိမ်နီးချင်းတွေက အိမ်ထဲမှာ နေ့လည်စာ စားနေကြပြီလေ။ ဒါကြောင့် လမ်းကြားလေးထဲမှာ လူရိပ်လူယောင်တောင် မတွေ့ရဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငြိမ်သက်နေတာပေါ့။

ယောင်မိသားစုဝင် သုံးယောက်ကလည်း သူတို့သမီး ဘယ်တော့ပြန်လာမလဲဆိုတာကို အမိန့်တော်လာဖတ်တဲ့ ကုန်းကုန်းဆီ မေးဖို့ မေ့သွားကြပါလေရော။ အမိန့်တော်ခံယူနေရချိန်မှာ ခံစားချက်ပေါင်းစုံက အုံကြွနေခဲ့တာကိုး။ တကယ်တမ်း စိတ်ပြန်တည်ငြိမ်သွားတဲ့ အချိန်ကျ အမိန့်တော်လာဖတ်တဲ့ ကုန်းကုန်းလည်း နန်းတော်ထဲ ပြန်ရောက်နေလောက်ပြီလေ။

အပြင်ဘက်က ဆူဆူညံညံအသံတွေကို တံခါးစောင့် အားကွေ ကြားသွားလိုက်ရတာမို့ တံခါးကြားကနေ သေချာချောင်းကြည့်လိုက်တော့ အဝတ်အစားသပ်သပ်ရပ်ရပ်နဲ့ အစေခံမလေးနှစ်ယောက်က ယောင်ဟွမ်ကို မြင်းလှည်းပေါ်ကနေ တွဲဆင်းပေးနေတာကို အတိအကျ မြင်သွားတော့တာပဲ

အားကွေက ဝမ်းသာအားရတဲ့ တံခါးမင်းတုံးကို ဖြုတ်ရင်း အိမ်ထဲကို အသံကုန်ဟစ်အော်လိုက်တော့တယ်။ "သခင်ကြီး၊ သခင်မကြီး၊ သခင်မလေး ပြန်ရောက်လာပြီဗျို့!"

အဲဒီအသံလည်း ထွက်သွားရော ဧည့်ခန်းထဲက ယောင်မိသားစုသုံးယောက်ခမျာ ပန်းကန်တွေပစ်ချပြီး အပြင်ကို ပြေးထွက်လာကြသလို၊ ဘေးဘီဝဲယာက အိမ်နီးချင်းတွေကလည်း နားစွင့်ပြီး အလုအယက် အပြင်ကို ပြေးထွက်လာကြတော့တာပဲ။

ခြေသံတွေ ရှုပ်ယှက်ခတ်လာတော့ ကျန်းယွဲ့က ကိုယ်ရံတော်ခုနစ်ယောက်ကို မျက်ရိပ်ပြလိုက်တာပေါ့ အဲဒီတော့ ရှစ်ယောက်သားက ဓားကိုင်ပြီး အနာဂတ်ဝမ်ဖေးနဲ့ မြင်းလှည်းဘေးမှာ အကာအကွယ်ပေးထားလိုက်ကြတော့တယ်။ ခွင့်ပြုချက်မရဘဲ ဘယ်သူမှ အနာဂတ်ဝမ်ဖေးအနားကို ကပ်ခွင့်မရှိဘူးလေ။

နန်းတွင်းအစေခံလေးယောက်ထဲမှာ ဟွားမေနဲ့ ပိုင်လင်က တုကွေ့ဖေးနန်းဆောင်က အဆင့်နှစ် အစေခံတွေ။ အထက်တန်းလွှာတွေရဲ့ အပြုအမူတွေနဲ့ပဲ ယဉ်ပါးနေကြတာမို့ အားကွေရဲ့ အသံကျယ်ကြီးကို ကြားကတည်းက မျက်မှောင်ကြုတ်နေကြတာပေါ့။

ပိုင်လင်ကတော့ ချက်ချင်း အသားမကျသေးတာလောက်ပဲဆိုပေမယ့်၊ တုကွေ့ဖေးရဲ့ တာဝန်ပေးချက်ကို ရထားတဲ့ ဟွားမေကတော့ စိတ်ထဲမှာ လှောင်ပြောင်နေတော့တာပေါ့။ 'မင်းသားဟွေ့က မိဖုရား တားတာကို နားမထောင်ဘဲ အရာခံဗိုလ်တစ်ယောက်ရဲ့ သမီးကို ကြင်ယာတော် တင်မြှောက်ဖို့ လုပ်နေတာ၊ အနှေးနဲ့အမြန် နောင်တရမှာပဲ'

ချွန်းယန်နဲ့ ချိုးချန်ကတော့ တုကွေ့ဖေးရဲ့ အစေခံအသစ်တွေထဲကနေ ဖြစ်သလို ရွေးပေးလိုက်တဲ့ နှစ်ယောက်ပဲ။ သူ့အနားက အစေခံဆိုရင် ကြီးကြီးငယ်ငယ် သေချာလေ့ကျင့်သင်ကြားထားပြီး အသုံးတည့်နေတဲ့သူတွေချည်းပဲမို့ မင်းသားဟွေ့ဆီ အကုန်ပေးလိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ယောင်ဟွမ်ကလည်း နန်းတော်ထဲက ထွက်လာပြီးကတည်းက အိမ်ပြန်ချင်လွန်းလို့ ပျာယာခတ်နေတာမျိုး မရှိတော့ပါဘူး။ လမ်းတစ်လျှောက်လုံး ရွှေတုံးငွေတုံးတွေကို ချိန်ဆကြည့်လိုက်၊ လက်ဝတ်ရတနာတွေကို ပွတ်သပ်ကြည့်လိုက်နဲ့ ဝမ်းသာလုံးဆို့နေတာ။ ကိုယ့်အိမ်ရှေ့ ပြန်ရောက်တဲ့အချိန်မှာတော့ တည်တည်ငြိမ်ငြိမ်ပဲ။

အားကွေရဲ့ မိုးကြိုးပစ်ချလိုက်သလို သတင်းပေးသံကြီးကို ကြားလိုက်ရတော့ ယောင်ဟွမ်လည်း မသိမသာနဲ့ နန်းတွင်းအစေခံလေးယောက်ကို အကဲခတ်ကြည့်လိုက်တာပေါ့ သူတို့လေးယောက်ရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားတာတွေကို အကုန်မြင်လိုက်ရတယ်လေ။

နောက်ဆုံးတော့ တံခါးပွင့်သွားပြီး ယောင်ကျန့်ဟူ၊ လော်ကျင်းဟွာနဲ့ ယောင်လင်တို့ အလုအယက် ပြေးထွက်လာကြတယ်။ သူတို့နောက်မှာတော့ အလားတူ စိတ်လှုပ်ရှားနေတဲ့ ထမင်းချက် အဒေါ်ဝူရယ်၊ သူ့သမီးနှစ်ယောက်ဖြစ်တဲ့ ချောင်နျန်နဲ့ အားကျီတို့ပါ လိုက်လာကြတယ်။

"အမေ!"

တစ်လကျော်လောက် ခွဲခွာနေရတဲ့ မိသားစုကို တကယ်လည်း မြင်လိုက်ရရော၊ ယောင်ဟွမ်ရဲ့ မျက်ဝန်းတွေဆိုတာ ချက်ချင်း မျက်ရည်တွေလည်လာပြီး အမေ့ရင်ခွင်ထဲကို ပြေးဝင်သွားတော့တာပဲ။ မျက်ရည်ပေါက်ကြီးတွေကလည်း တစ်ပေါက်ပြီးတစ်ပေါက် ကျလာတော့တာပေါ့။

လော်ကျင်းဟွာက စိမ်းသက်နေတဲ့ ကိုယ်ရံတော်တွေနဲ့ အစေခံမလေးတွေကို မျက်ထောင့်ကနေ အကဲခတ်ရင်း၊ တမင်သက်သက် အသံကျယ်ကျယ်နဲ့ နောက်ပြောင်လိုက်လေတယ်။ "နန်းတော်ထဲက အစားအသောက်တွေက ကောင်းတာပဲနော်၊ ကြည့်စမ်း၊ သမီးတောင် ဝလာလိုက်တာ!"

ယောင်ဟွမ် : "..."

ဟွားမေကတော့ ရွံရှာသွားတာကို ဖုံးကွယ်ဖို့ မျက်လွှာချလိုက်တယ်။ 'တော်တော် ရိုင်းစိုင်းတဲ့ မိန်းမကြီးပဲ' လို့ တွေးလိုက်တာပေါ့။

ကျန်းယွဲ့က ယောင်ကျန့်ဟူ သူတို့ရှစ်ယောက်ကို စိုက်ကြည့်နေတာကို မြင်တော့၊ ရှေ့ထွက်ပြီး အရိုအသေပေးလိုက်တယ်။ ပြီးတော့ သူတို့ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကိုယ့်သဘောနဲ့ကိုယ် မိတ်ဆက်ပေးလိုက်တာပေါ့။ ယောင်မိသားစုအိမ်က သေးတော့ ကိုယ်ရံတော်ရှစ်ယောက်ကို နေ့ဆိုင်းနဲ့ ညဆိုင်း နှစ်ဖွဲ့ခွဲလိုက်မယ်။ ရှေ့တံခါးနဲ့ နောက်တံခါးကို ကိုယ်ရံတော်နှစ်ယောက်စီ ထားလိုက်ရင် လုံလောက်ပြီလေ။

ယောင်ကျန့်ဟူက အဲဒါကို ကြားတော့ အားရပါးရ ရယ်မောတော့တာပဲ။ "ဝမ်ရယ်က ဂရုစိုက်ပေးရှာတာပဲ၊ ဒါပေမဲ့ ငါတို့ ချန်ရှို့လမ်းကြားမှာ သူခိုးမသောင်းကျန်းတာ နှစ်တွေမနည်းတော့ဘူးကွ၊ မင်းတို့ကို ဒီမှာ စောင့်ခိုင်းတာက လူစွမ်းလူစကို ဖြုန်းတီးပစ်ရာ ကျလွန်းအားကြီးတယ်။ မင်းတို့ ဝမ်ရယ်ဆီပဲ ပြန်ပြီး အလုပ်အကျွေးပြုကြပါတော့ကွာ"

ကျန်းယွဲ့ : "..."

အဖေဖြစ်သူရဲ့ တုံးအအစကားကြောင့် ယောင်ဟွမ် လန့်သွားတော့တယ်။ အမေနဲ့ အလွမ်းသယ်ဖို့တောင် အချိန်မရတော့ဘဲ မျက်ရည်တွေကို သုတ်လိုက်ပြီး လှည့်ပြောလိုက်တာပေါ့။ "အဖေ၊ ဝမ်ရယ်က သမီး လုံခြုံရေးအတွက် စဉ်းစားပြီး ဒီလို စီစဉ်ပေးတာပါ။ သမီးက သဘောကျနေတာမို့ အဖေ ဝင်မပါပါနဲ့တော့" (တစ်မိသားစုလုံး ဂယက်တွေတော့)

ယောင်ကျန့်ဟူက သမီးဖြစ်သူရဲ့ အချိုသာဆုံး အပြုံးလေးကို မြင်တော့ ချက်ချင်းပဲ ဒီအစီအစဉ်ကို လက်ခံလိုက်တော့တယ်။ ပြီးတော့ ကျန်းယွဲ့ကို ပျူပျူငှာငှာနဲ့ မေးလိုက်သေးတယ်။ "ဒါနဲ့ မင်းတို့ ထမင်းစားပြီးကြပြီလား။ ငါတို့အိမ်က ဒယ်အိုးထဲမှာ အခုလေးတင် ပေါင်းထားတဲ့ ပေါက်စီတွေ ရှိတယ်၊ အိမ်ထဲဝင်စားကြမလား"

ကျန်းယွဲ့က ပြန်ပြောလိုက်လေတယ်။ "ကျေးဇူးတင်ပါတယ် သခင်ကြီး... ကျွန်တော်တို့တွေ စားသောက်ပြီးပါပြီ။ သခင်ကြီးလည်း သခင်မလေးကို အိမ်ထဲမြန်မြန်ခေါ်သွားပြီး အနားယူခိုင်းလိုက်ပါဦး

ယောင်ဟွမ်ကလည်း သူ့အဖေ စကားတွေအများကြီးပြောရင်း အမှားပါသွားမှာ စိုးရိမ်နေတာလေ။ ဒါကြောင့် ကင်းစောင့်ရမယ့်ကိစ္စတွေကို ကျန်းယွဲ့ကိုပဲ စိတ်ကြိုက်စီစဉ်ခိုင်းလိုက်ပြီး မိသားစုဝင်တွေကိုခေါ်ရင်း အိမ်ထဲကို အရင်ဝင်လာခဲ့တော့တယ်။

အိမ်နီးချင်းတွေကလည်း ဟိုကိုယ်ရံတော်ရှစ်ယောက်ကို လန့်နေကြတာဆိုတော့ ယောင်အိမ်ဝင်းထဲအထိ မလိုက်ရဲတော့ဘဲ ကိုယ့်အိမ်ကိုယ်ပဲ ပြန်သွားကြတော့တာပေါ့။

အိမ်ထဲရောက်တော့မှ ယောင်ဟွမ်က နန်းတွင်းအစေခံလေးယောက် ဘယ်ကလာသလဲဆိုတာကို မိသားစုကို အကျဉ်းချုပ်လေး ရှင်းပြလိုက်တယ်။ ပြီးတော့ အနောက်ဘက်ခြံဝန်းက တောင်ဘက်အခန်းကို လှမ်းကြည့်လိုက်ပြီး သူ့အိမ်က အစေခံမလေး အားကျီကို ခိုင်းလိုက်တာပေါ့။ "သူတို့ကို တောင်ဘက်အခန်းမှာ နေရာချပေးလိုက်ဦးနော်... အခန်းကိုလည်း သေချာရှင်းလင်းပေးလိုက်။ အားလုံးအဆင်ပြေပြီဆိုရင် စားစရာတစ်ခုခု ပြင်ပေးလိုက်ဦး"

အားကျီကလည်း ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းညိတ်ပြရှာတယ်။ သူ့သခင်မထက်တောင် ပိုပြီး ခန့်ညားထည်ဝါနေတဲ့ ဒီနန်းတွင်းအစေခံမလေးတွေကို သူက နည်းနည်းလန့်နေတာကိုး။

ယောင်ဟွမ်ကလည်း ဟွားမေကို ပြောလိုက်တယ်။ "စားသောက်ပြီးရင် အရင်နားလိုက်ကြဦးနော်... အလုပ်တွေ အလောတကြီး လုပ်နေဖို့ မလိုပါဘူးဟွားမေကလည်း ခပ်အေးအေးပဲ ပြန်ထူးလိုက်ပြီး အားကျီက သူတို့လေးယောက်ကို ခေါ်သွားတော့တယ်။

ယောင်မိသားစု ဧည့်ခန်းထဲရောက်လို့ ယောင်ဟွမ်အတွက် ပန်းကန်ခွက်ယောက်တွေ ပြင်ပေးပြီး ထမင်းချက် ပြန်ထွက်သွားတဲ့အချိန်မှာပဲ လော်ကျင်းဟွာက တံခါးကို ချက်ချင်းပိတ်လိုက်တော့တာပဲ။ ပြီးတော့ မျက်ရည်လည်ရွဲနဲ့ သမီးဖြစ်သူရဲ့လက်ကို ဆွဲကိုင်ပြီး အထက်အောက် သေချာကြည့်ရင်း မေးရှာတာပေါ့။ "သမီးရယ်... ဒီလောက်တောင် ကြာသွားတာ၊ အထဲမှာ နှိပ်စက်တာ၊ အနိုင်ကျင့်တာတွေများ ကြုံခဲ့ရသေးလား"

ယောင်ဟွမ်ကလည်း ရယ်ပြီး ပြန်ဖြေတယ်။ "အမေကလည်း... အဝေးကြီးတွေ လျှောက်တွေးနေပြန်ပြီ။ မောမောတွေက အမြဲစောင့်ကြည့်နေတာဆိုတော့ ရွေးချယ်ခံမိန်းကလေးတွေ အချင်းချင်းက အရမ်းကို ယဉ်ကျေးကြတာ။ မကောင်းတဲ့ စကားတစ်ခွန်းတောင် ဘယ်သူမှ မပြောရဲကြဘူး"

"အင်းလေ... ကြည့်ရတာတော့ သမီး မျက်နှာလေးက စိုပြည်နေတာပဲ၊ တကယ်လည်း မပိန်သွားပါဘူး" လို့ လော်ကျင်းဟွာက ပြောတာပေါ့။

"ပိန်သွားရင်တော့ အံ့ဩစရာပဲ... ဟိုမှာက နေရာကျဉ်းကျဉ်းလေးဆိုတော့ ပြေးလို့လွှားလို့လည်း မရဘူးလေ။ ခွန်အားတွေ ရှိပေမယ့်လည်း သုံးစရာနေရာကို မရှိတာ။ ကဲပါ... စားရင်းပြောကြစို့နော်၊ သမီး မနက်အစောကြီးကတည်းက ပေါက်စီတစ်လုံးပဲ စားရသေးတာ... အခုဆိုရင် တော်တော်ဆာနေပြီ!"

ယောင်ကျန့်ဟူကတော့ မျက်လုံးကြီးပြူးပြီး အံ့ဩတကြီး မေးလိုက်တော့တာပဲ။ "ဟေ... အဲဒါက နန်းတော်ကြီးလေ။ လောကမှာ အချမ်းသာဆုံး၊ အခမ်းနားဆုံးနေရာကြီးမှာ ညည်းတို့ကို ပေါက်စီတစ်လုံးတည်း ကျွေးတာလား

ယောင်ဟွမ်က ပြန်ဖြေလိုက်ပါတယ်။ "ဒီမနက်တော့ အစာမပါတဲ့ မန်ထိုအလွတ်ပဲ စားခဲ့ရတာ။ ခြောက်ကပ်ကပ်နဲ့ အရသာလည်းမရှိဘူး။ ဒါပေမဲ့ အဲဒါက ဗိုက်နာဗိုက်အောင့်တာမျိုး အဖြစ်အနည်းဆုံးမို့လို့လေ"

လမ်းပိတ်နေတဲ့ အဖေဖြစ်သူကို ဖယ်လိုက်ပြီး ယောင်ဟွမ်လည်း ခြေတွေလက်တွေ ခွေယိုင်စွာနဲ့ ပန်းပုတွေထွင်းထားတဲ့ သစ်သားစားပွဲဝိုင်းဘေးမှာ ဝင်ထိုင်လိုက်တော့တယ်။ ပြီးတော့ အငွေ့တထောင်းထောင်းထနေတဲ့ ပေါက်စီဖြူဖြူလေးတစ်လုံးကို တူနဲ့ ညှပ်ယူလိုက်တာပေါ့။ ရင်းနှီးနေတဲ့အရသာ၊ ရင်းနှီးနေတဲ့ အမေ့ရဲ့လက်ရာလေ။ အခွံပါးပါးလေးနဲ့ အရည်ရွှမ်းရွှမ်းလေး၊ တစ်ကိုက်ကိုက်လိုက်တာနဲ့ အစာသွတ်ထားတာတွေ အပြည့်ပဲ။

ယောင်ဟွမ်လည်း တစ်ကိုက်တည်းနဲ့ တစ်ဝက်လောက်ကို စားပစ်လိုက်ပြီးမှ၊ သူ့ကို မျက်တောင်မခတ်တမ်း ဝိုင်းကြည့်နေကြတဲ့ မိသားစုဝင်တွေကို မော့ကြည့်လိုက်တော့တယ်။

ယောင်လင်က ပြောပြန်တယ်။ "အခုမှ ငါ့ညီမလေးနဲ့ တူသွားတော့တယ်။ စောစောက အပြင်မှာတုန်းကကျတော့ တခြားလူတစ်ယောက် ပြောင်းသွားသလိုပဲ"

လော်ကျင်းဟွာ ဆဲပြီလေ။ "နင်က ဘာသိလို့လဲ၊ ယောင်ယောင်က အခု ဝမ်ဖေးလောင်းဖြစ်နေပြီ။ သူ့ရဲ့ အပြုအမူတိုင်းကို ဟိုကိုယ်ရံတော်တွေ၊ နန်းတွင်းအစေခံတွေက စောင့်ကြည့်နေကြတာ။ အဲဒီတော့ တည်တည်ငြိမ်ငြိမ်လေးတော့ နေပြရမှာပေါ့"

ယောင်ဟွမ်ကလည်း ထောက်ခံလိုက်တယ်။ "ဟုတ်တယ်လေ... လူရှေ့သူရှေ့မှာတော့ ဟန်လေးနည်းနည်းတော့ လုပ်ရတာပေါ့"

ယောင်ကျန့်ဟူက ထပ်ပြီး မကျေမနပ်ဖြစ်သွားပြန်ရော။ "စည်းကမ်းတွေကလည်း များလိုက်တာ။ မင်းသားဟွေ့ကလည်း ခြေထောက်တွေ သုံးမရဖြစ်နေတာ။ ယောင်ယောင်... အဖေ့ကို အမှန်တိုင်းပြောစမ်းပါ၊ သမီး ဝမ်ဖေးမလုပ်ချင်ဘူးမလား"

ယောင်ဟွမ်က အလန့်တကြားနဲ့ ဖြေတော့တယ်။ "အဖေကလည်း ဘာတွေပြောနေတာလဲ။ သမီး ဝမ်ဖေးလုပ်ချင်တာပေါ့!"

အဲဒီနောက်တော့ သူမက မင်းသားဟွေ့နဲ့ လက်ထပ်ရခြင်းရဲ့ ကောင်းကျိုးတွေရယ်၊ ဒီနေ့ရလာတဲ့ ဆုလာဘ်တွေအကြောင်းကိုပါ အကုန်ပြောပြလိုက်တော့တယ်။

လော်ကျင်းဟွာကတော့ ကျေနပ်နေတာပေါ့။ "ငါသိသားပဲ... ယောင်ယောင်က ငါ့လိုပဲ ဉာဏ်ကောင်းတာ"

ယောင်ကျန့်ဟူကတော့ နှာခေါင်းရှုံ့လိုက်ပြီး သမီးဖြစ်သူကို ပြောလိုက်ပြန်တယ်။ "ကောင်းတာတွေချည်းပဲ တွေးမနေနဲ့ဦး။ အဝတ်အစားလှလှတွေဆိုတာ အပေါ်ယံတွေပါ။ တစ်သက်လုံးဆိုတဲ့ အချိန်ကြီးက အရှည်ကြီးလေ၊ ကိုယ့်ဘေးနားမှာ အဖော်ပြုပေးမယ့်သူက အရေးအကြီးဆုံးပဲ။ အဖေနဲ့ သမီးအမေကိုပဲ ကြည့်လေ... သူ စိတ်တိုနေရင် အဖေက ရေခပ်တိုက်၊ လက်ဖက်ရည်ကပ်၊ ပခုံးတွေ နှိပ်ပေး၊ ခြေထောက်တွေ ဆုပ်နယ်ပေးနဲ့ အလုပ်အကျွေးပြုရတာ။ သူ စိတ်ကြည်နေရင်လည်း ဈေးဝယ်ထွက်တဲ့နောက် လိုက်သွားပြီး အထုပ်ကြီးအထုပ်ငယ်တွေ ဆွဲလို့ အိမ်ပြန်သယ်လာပေးရတာလေ။ မင်းသားဟွေ့ကျတော့ရော... သူက သမီးသွားတဲ့နောက် ဘယ်ကိုမှ လိုက်ပေးနိုင်မှာမဟုတ်ဘူး။ အဲဒီအစား သမီးကသာ သူ့ကို ရေခပ်တိုက်ရ၊ လက်ဖက်ရည်ပေးရ၊ ချေးခံသေးခံကအစ လုပ်ပေးရမှာ။ ပြီးတော့... ပြီးတော့ သူ ကလေးရနိုင်မရနိုင်ဆိုတာတောင် တို့တွေ မသိရသေးဘူးလေ!"

ယောင်ဟွမ်ရဲ့ ပေါက်စီက ပါးစပ်နားတောင် ရောက်နေပြီဆိုပေမယ့်၊ ရုတ်တရက် ဆက်ကိုက်လို့မရတော့ဘူး။

လော်ကျင်းဟွာက သူ့ယောကျာ်းခေါင်းကို တူနဲ့ ခေါက်ချလိုက်တာများ ဒေါင်ခနဲပဲ။ "ဘာတွေ လျှောက်ပြောနေတာလဲ။ ပြောလိုက်ရင် အကောင်းကိုမပါဘူး၊ ခွေးပါးစပ်က နတ်စကားမထွက်ဘူးဆိုတာ ဒါမျိုးကို ပြောတာပဲ!"

ယောင်လင်ကလည်း အဖေဖြစ်သူကို ဝင်ဆူလိုက်ပြန်တယ်။ "ညီမလေးက ငယ်ပါသေးတယ်၊ အဖေ စကားပြောတာ ဆင်ခြင်ပါဦး"

သူကတော့ နေ့တိုင်း ကိုယ်ခံပညာရှင်တွေနဲ့ ရောနှောနေတာဆိုတော့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေ၊ အောက်လုံးတွေကို ကြားဖူးနေတာ ရိုးနေပြီလေ။ ဒါပေမဲ့ သူ့ညီမလေးကတော့ အဲဒီလိုမဟုတ်ဘူး။

ယောင်ကျန့်ဟူက မိန်းမဖြစ်သူဆီက တူကို လုယူလိုက်ရတယ်။ "ဒါတွေက အမှန်တရားတွေချည်းပဲ၊ ယောင်ယောင် သေချာစဉ်းစားတတ်အောင် ငါလုပ်ရမယ်။ မင်းသားဟွေ့က စစ်မြေပြင်မှာ ဒဏ်ရာရခဲ့တာဆိုတော့ သူ့ကို ယောက်ျားကောင်းတစ်ယောက်အနေနဲ့ ငါလေးစားပါတယ်။ ဒါပေမဲ့ ကိုယ့်သမီးအရင်းကိုတော့ မီးတွင်းထဲ တွန်းမချနိုင်ဘူး"

ယောင်ဟွမ်ရဲ့ စိတ်ထဲမှာ နွေးထွေးသွားတာပေါ့။ သူ့အဖေ လျှောက်ပြောနေလို့ စားချင်စိတ်ပျောက်သွားရတာကိုတောင် အပြစ်မတင်တော့ဘဲ ပြုံးပြီး ပြောလိုက်လေတယ်။ "အဖေပြောတာတွေ အကုန်လုံးကို သမီးနားလည်ပါတယ်။ ပြဿနာက အဲဒီအချိန်တုန်းက သမီးမှာ ရွေးချယ်စရာလမ်းမရှိခဲ့ဘူးလေ။ မင်းသားဟွေ့နဲ့ လက်ထပ်ရတာက သမီးအတွက် အကောင်းဆုံးထွက်ပေါက်ပဲ။ သမီးက သူ့ကို အရင် မျက်စလေးပစ်ပြလိုက်တာ၊ သူကလည်း လက်ခံပေးတယ်ဆိုတော့ သူ့ကို အရမ်းကျေးဇူးတင်နေပြီ။ သူ့ခြေထောက်ကို ထပ်ပြီး အပြစ်ပြောနေဦးမယ်ဆိုရင် ကျေးဇူးကန်းတဲ့သူ ဖြစ်မသွားဘူးလား။ သမီးတို့ယောင်မိသားစုမှာ အဲဒီလိုလူမျိုး ရှိလို့လား"

ယောင်ကျန့်ဟူ: "မရှိပါဘူး၊ အဖေက..."

ယောင်ဟွမ်က တူကိုချလိုက်ပြီး သူ့ကို တိတ်တိတ်လေး စိတ်ပူပေးနေတဲ့ အမေနဲ့ အစ်ကိုဖြစ်သူကို ကြည့်ရင်း အလေးအနက် ပြောလိုက်လေတယ်။ "သမီး ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ပဲ... မင်းသားဟွေ့က အရမ်းကို ရုပ်ချောတာ။ ရုပ်လည်းချော၊ စစ်သူရဲကောင်းဘွဲ့လည်းရထားတဲ့ ဝမ်ရယ်တစ်ပါးလေ။ သူ့ခြေထောက်တွေသာ အကောင်းပကတိဆိုရင် ဒီလိုအခွင့်အရေးမျိုးက သမီးဆီ ဘယ်လှည့်လာပါ့မလဲ။ လူဆိုတာ ရောင့်ရဲတတ်ရတယ်တဲ့။ သမီးက ဝမ်ရယ်ရဲ့ ကြင်ယာတော်ဆိုတဲ့ အခွင့်အရေးကို ယူထားပြီးမှတော့ ဝမ်ရယ်ရဲ့ ခြေထောက်မကောင်းတဲ့အတွက် ဖြစ်လာမယ့် အခက်အခဲတွေကိုလည်း တာဝန်ယူရမှာပေါ့။ ရတာရှိရင် ပေးဆပ်ရတာရှိမှာပဲလေ၊ သိပ်ကို မျှတပါတယ်" (ယောင်ဟွမ်က တအားထက်မြက်တဲ့မိန်းမ မဟုတ်ပေမယ့် သူက အရမ်းနေတတ်တာနော်။ သူ့ယောကျာ်းကို အသေအလိုလိုက်တာ)

"အဖေ... သမီး သူ့ကို ကြည်ကြည်ဖြူဖြူနဲ့ လက်ထပ်ချင်တာပါ။ လက်ထပ်ခွင့် အမိန့်တော်လည်း ကျလာပြီလေ။ အဖေက သမီးအတွက် တကယ်စဉ်းစားပေးတယ်ဆိုရင် သမီးလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ မင်္ဂလာကိစ္စအတွက် ပြင်ဆင်ပေးသင့်တာပေါ့။ ပြီးတော့ နောက်ဆိုရင် မင်းသားဟွေ့က အဖေ့ရဲ့ သမက်လောင်းဖြစ်လာတော့မှာ။ အဖေက သူ့ကို ဟိုဟာအပြစ်တင် ဒီဟာအပြစ်ပြောနဲ့ မကောင်းမြင်နေမယ်၊ ဒါမှမဟုတ် သူ့ရဲ့ အားနည်းချက်ကို တမင်သက်သက် ထိုးနှက်နေမယ်ဆိုရင် အဲဒါက သမီးကို တမင်သက်သက် မျက်နှာပျက်အောင် လုပ်တာနဲ့ အတူတူပဲ။ သမီးကို စိတ်မချမ်းသာအောင် လုပ်တဲ့သူဆိုရင် ဘယ်သူ့ကိုမှ စကားမပြောတော့ဘူး"

သူမက အဖေလုပ်သူကို ခပ်တည်တည်လေးကြည့်ပြီးတာနဲ့ အစ်ကိုဖြစ်သူကိုပါ ဆက်ပြီး စိုက်ကြည့်လိုက်တယ်။

ယောင်လင်က အရင်ဆုံး အရှုံးပေးလိုက်တော့တာပေါ့ "အေးပါဟာ အေးပါ… နောက်ဆို ငါ သူ့အကြောင်း ကောင်းတာတွေချည်းပဲ ပြောပါ့မယ်။ အပြင်လူတွေ ဝမ်ရယ်ကို လှောင်ရဲ ပြောင်ရဲကြည့်... ဘယ်သူပြောပြော ငါထိုးပစ်မယ်!"

ယောင်ဟွမ်က ပြောပြန်တယ်။ "လူရိုက်တာက ဥပဒေနဲ့ငြိတယ်၊ ခြောက်လှန့်လိုက်ရုံနဲ့တင် ရပါပြီ။ အပြင်လူတွေက သမီးတို့မိသားစုတွေ အာဏာပြပြီး အနိုင်ကျင့်တယ်လို့ဖြစ်ဖြစ်၊ ဝမ်ရယ်က သဘောထားသေးသိမ်ပြီး အမှန်တရားကို လက်မခံနိုင်ဘူးလို့ဖြစ်ဖြစ် အပြောခံရအောင် မလုပ်ပါနဲ့"

ယောင်လင်လည်း ခေါင်းကို တဆတ်ဆတ် ညိတ်ပြတော့တာပေါ့။

လော်ကျင်းဟွာက သက်ပြင်းချရင်း ပြောရှာတယ်။ "ရှင်တို့ သားအဖနှစ်ယောက်ပေါင်းတာတောင် ယောင်ယောင်လေးရဲ့ တစ်ဝက်လောက် အကြောင်းအကျိုးဆင်ခြင်တတ်ရင်၊ ကျွန်မ ဒီလောက်စောစော ဆံပင်ဖြူစရာ အကြောင်းမရှိဘူး"

ယောင်ကျန့်ဟူက ညည်းတာပေါ့။ "လာပြန်ပြီ... ဆံပင်ဖြူလေးတစ်ပင်တည်းရှိတာကို နှစ်သစ်ကူးကတည်းက အခုထိ ညည်းလို့ကို မဆုံးနိုင်တော့ဘူး!"

လော်ကျင်းဟွာက ပြန်ပက်လေရဲ့။ "ပထမတစ်ပင်ရှိရင် ဒုတိယတစ်ပင်ဆိုတာ ထပ်ပေါက်လာမှာပဲလေ။ ရှင်တို့ သားအဖအတွက် ပူပန်ပေးရလွန်းလို့ကို ကျုပ်မှာ အိုစာနေတာ!"

ယောင်ကျန့်ဟူ : "..."

ယောင်ဟွမ်ကတော့ ပွဲကြည့်ရသလို သဘောကျနေတာပေါ့။ သူ့အဖေက အကူအညီတောင်းတဲ့ အကြည့်နဲ့ လှမ်းကြည့်လာတဲ့အချိန်ကျမှ မျက်ခုံးလေးပင့်ပြီး မေးခွန်းထုတ်လိုက်လေတယ်။ "သမီး စောစောက ပြောသွားတာတွေ အကုန်လုံး အဖေ မှတ်မိတယ်မလား"

ယောင်ကျန့်ဟူက မကျေမချမ်းနဲ့ ပြန်ဖြေရှာတယ်။ "... မှတ်မိပါပြီ၊ မင်းသားဟွေ့က ငါ့သမက်ဆိုတော့ သူကပဲ ငါ့ကို အပြစ်ရှာလို့ရမယ်၊ ငါက သူ့ကို အပြစ်ရှာလို့ မရဘူး... ဟုတ်တယ်မလား"

ယောင်ဟွမ်က ပြန်ပြောလိုက်တယ်။ "အဲဒါကတော့ သူက အဖေ့ကို ဘာအပြစ်လာရှာလဲဆိုတဲ့ အပေါ်မှာ မူတည်တာပေါ့။ သူက အပြစ်မရှိ အပြစ်ရှာတာမျိုးဆိုရင်တော့ သမီးက အဖေ့ဘက်ကပဲ အပြည့်အဝ ရပ်တည်ပေးမှာပါ"

အဲဒီတော့မှပဲ ယောင်ကျန့်ဟူတစ်ယောက် ကျေနပ်သွားတော့တယ်။ ကိုယ့်သွေးသားအရင်းဆိုတာ ကိုယ့်သွေးသားပါပဲလေ!

စားသောက်ပြီးသွားကြတော့ ဒေါ်ကြီးဝူနဲ့ ချောင်နျန်က ပန်းကန်ခွက်ယောက်တွေကို သိမ်းဆည်းသွားကြတယ်။ လော်ကျင်းဟွာကတော့ သူ့ယောက်ျားနဲ့ သားဖြစ်သူကို တစ်ယောက်က ရှေ့ဝင်း၊ တစ်ယောက်က နောက်ဝင်းမှာ နေပြီး ခိုးနားထောင်မယ့်သူတွေ မလာအောင် စောင့်ခိုင်းထားလိုက်တာပေါ့။ သားအမိနှစ်ယောက်ကတော့ အရှေ့ဘက်အခန်းက အုတ်ကုတင်ပေါ်မှာ သက်တောင့်သက်သာ လှဲလျောင်းရင်း၊ နေဆာလှုံရင်းနဲ့ ရင်ဖွင့်စကားတွေ ပြောနေကြတော့တယ်။

ပြောဖြစ်ကြတဲ့ အကြောင်းအရာတွေကလည်း ယောင်ဟွမ် နန်းတော်ထဲရောက်သွားပြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရတာတွေချည်းပါပဲ။ ရွေးချယ်ခံမိန်းကလေးတွေ၊ မိဖုရားတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ပါနေတော့ ယောင်ကျန့်ဟူတို့ သားအဖနှစ်ယောက်ကို ပေးနားထောင်ဖို့က သိပ်အဆင်မပြေဘူးလေ။

အစပိုင်းတုန်းကတော့ လော်ကျင်းဟွာလည်း အေးအေးလူလူပါပဲ။ ဒါပေမဲ့ တုကွေ့ဖေးက သူ့သမီးကို သဘောမကျဘူးဆိုတဲ့ အပိုင်းကိုလည်း ကြားလိုက်ရော ချက်ချင်းပဲ မတ်မတ်ထိုင်ချလိုက်ပြီး မျက်မှောင်ကြုတ်ရင်း ပြောတော့တာပဲ။ "ဒုက္ခပါပဲ... ကွေ့ဖေးက နင့်ကို သဘောမကျဘူးတဲ့လား။ ရိုးရိုး သာမန် ယောက္ခမနဲ့ ချွေးမတောင် ပြဿနာတက်လွယ်ကြတာ၊ သူက ကွေ့ဖေးကြီးလေ။ နောက်ပိုင်း သမီးကို နှိပ်ကွပ်ဖို့ဆိုတာ ပုရွက်ဆိတ်တစ်ကောင်ကို ချေပစ်သလို လွယ်လွယ်လေးဖြစ်နေမှာပေါ့"

ယောင်ဟွမ်က သူ့အကြံနဲ့သူ ရှိပြီးသား။ "သမီးက ရွေးချယ်ခံမိန်းကလေးဘဝတုန်းကတော့ သူက သမီးကို ပုရွက်ဆိတ်တစ်ကောင်လို သဘောထားပြီး စိတ်ကြိုက်စော်ကားလို့ ရတာပေါ့။ သမီးသာ ဝမ်ဖေးဖြစ်သွားရင်တော့ အဆင့်အတန်းချင်းက သိပ်မကွာတော့ဘူးလေ၊ သူက ယောက္ခမဆိုတဲ့ လူကြီးနေရာလောက်ပဲ ရတော့မှာ။ တော်ဝင်မိသားစုဖြစ်နေတော့ရော ဘာဖြစ်လဲ၊ ကိစ္စတိုင်းက အကျိုးအကြောင်း ဆီလျော်ဖို့လိုတာပဲ။ သမီးက သူ့ကို သွားမပတ်သက်ဘဲနဲ့၊ သူက သမီးကို တမင်သက်သက် ဒုက္ခပေးရဲပေးကြည့်... မိဖုရားခေါင်ကြီးဆီသွားပြီး တရားစွဲပစ်မယ်။ ကိစ္စတွေ ကြီးကျယ်သွားရင် တကယ် အရှက်ကွဲမှာက သူပဲ"

သူမက သာမန်အရပ်သူလေးလေ၊ သူမရဲ့ အကျင့်စာရိတ္တနဲ့ ပတ်သက်ပြီး ဘယ်သူကမှ မျှော်လင့်ချက် ကြီးကြီးမားမား ထားမနေကြဘူး။ သူမ နည်းနည်းပါးပါး ရိုင်းစိုင်းနေတာကမှ ပုံမှန်လို့ မြင်ကြဦးမှာ။ တုကွေ့ဖေးကတော့ အဲဒီလိုမဟုတ်ဘူး၊ မွေးကတည်းက အထက်တန်းလွှာအမျိုးသမီးကောင်းတစ်ယောက်ရဲ့ အမူအကျင့်တွေကို ထိန်းသိမ်းလာရတာ။ နာမည် နည်းနည်းလေး ထိခိုက်သွားတာနဲ့တင် ကွေ့ဖေးက ကိုယ့်ဘာသာ ဒေါသထွက်ပြီး ပေါက်ကွဲနေတော့မှာ။

လော်ကျင်းဟွာက ခေါင်းညိတ်လိုက်လေရဲ့ "ဒါပေမဲ့ မင်းသားဟွေ့ရဲ့ သဘောထားကိုလည်း ကြည့်ရဦးမှာပေါ့၊ သူက ကွေ့ဖေးနဲ့ ရင်းနှီးသလား မရင်းနှီးဘူးလားဆိုတာလေ"

ယောင်ဟွမ်က အေးဆေးပဲ ပြန်ဖြေလိုက်တယ်။ "အင်း... ဟိုရောက်မှပဲ ဖြည်းဖြည်းချင်း အကဲခတ်ရတော့မှာပေါ့"

ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ မင်းသားဟွေ့နဲ့ တုကွေ့ဖေးက သိပ်ပြီး ရင်းနှီးပုံမရဘူးလို့ ခံစားနေရတယ်။ မဟုတ်ရင် အရွေးချယ်ခံပွဲတုန်းက မင်းသားဟွေ့က တုကွေ့ဖေးရဲ့ အကြံပေးစကားကို လေထဲလွှင့်ပစ်လိုက်မှာ မဟုတ်ဘူးလေ။

နေ့လယ်ခင်း နေရောင်လေးက အရမ်းကို သက်တောင့်သက်သာရှိနေတော့၊ ယောင်ဟွမ်လည်း စကားပြောရင်းပြောရင်းနဲ့ အမေ့ဘေးမှာ အိပ်ပျော်သွားတော့တာပဲ။ တစ်ရေးနိုးလာတော့ နေမင်းကြီးတောင် အနောက်ဘက်ကို ယိမ်းနေပြီ။ နိုးလာတော့လည်း လူက လန်းဆန်းနေတာပေါ့။

လော်ကျင်းဟွာက အားကျီကို သမီးဖြစ်သူအတွက် မျက်နှာသစ်ရေ သွားခပ်ခိုင်းလိုက်တယ်။

အားကျီ အခန်းထဲ ပြန်ဝင်လာတဲ့အခါမှာတော့ သူ့ဘေးမှာ နန်းတွင်းအစေခံ ဟွားမေပါ ပါလာလေရဲ့။

အုတ်ကုတင်ပေါ်မှာ ဆံပင်ဖားလျားနဲ့ ပျင်းရိပျင်းတွဲ အိပ်ရာထလာတဲ့ ယောင်ဟွမ်ရဲ့ ပုံစံကိုလည်း မြင်ရော၊ ဟွားမေက မျက်မှောင်ကြုတ်ပြီး လှမ်းပြောလိုက်တယ်။ "သခင်မလေး နန်းတော်ထဲက ထွက်လာတာမှ မကြာသေးဘူး၊ နန်းတွင်းမှာ သင်ခဲ့ရတဲ့ ကျင့်ဝတ်စည်းကမ်းတွေကို အကုန်မေ့ပစ်လိုက်ပြီလား"

ကြေးဇလုံကို မျက်နှာသစ်စင်ပေါ် အခုလေးတင် တင်လိုက်တဲ့ အားကျီကတော့ ရင်ထဲ ဒိတ်ခနဲဖြစ်သွားတာပေါ့။ သမီးဖြစ်သူကို မျက်နှာသုတ်ပေးဖို့ မျက်နှာသုတ်ပုဝါကိုင်ထားတဲ့ လော်ကျင်းဟွာကလည်း မျက်ခုံးတစ်ချက် ပင့်သွားလေတယ်။

ယောင်ဟွမ်ကတော့ ပြုံးပြုံးလေးနဲ့ ဟွားမေကို ခပ်အေးအေး လေသံလေးနဲ့ပဲ မေးလိုက်တယ်။ "ငါ ဘယ်နေရာမှာများ အနေအထိုင် မတတ်ဖြစ်သွားလို့လဲ"

ဟွားမေက မေးစေ့လေးကို နည်းနည်းမော့ပြီး အချက်နှစ်ချက်ကို ဆက်တိုက်ပြောချလိုက်လေတယ်။ "ပထမအချက်… သခင်မလေးက အသက်၁၇ရှိနေပြီမို့ မိဘတွေရဲ့ အခန်းထဲမှာ အိပ်နေဖို့ မသင့်တော်တော့ပါဘူး။ ဒုတိယအချက်က နေ့ခင်းကြောင်တောင်ကြီးမှာ အရာရှိတစ်ယောက်ရဲ့ သမီးဖြစ်သူက နေ့လယ်ခင်းတစ်ခုလုံး အိပ်ရာထဲ ကွေးနေတာက စည်းကမ်းမရှိရာရောက်ပါတယ်။ အခုလို ဝမ်ဖေးလောင်းဆိုတဲ့ အဆင့်အတန်းမျိုးနဲ့ဆို ပိုတောင် ဆိုးသေးတာပေါ့"

ယောင်ဟွမ်က ခေါင်းညိတ်ပြလိုက်ပြီး အားကျီကို ပြောလိုက်လေတယ်။ "နင်သွားပြီး ပိုင်လင်တို့ သုံးယောက်ကို ခေါ်လာခဲ့ချေ"

အားကျီလည်း ဘာမှ ထပ်မမေးရဲတော့ဘဲ သခင်မလေး ခိုင်းတဲ့အတိုင်း လုပ်ရတော့တာပေါ့။

ခဏနေတော့ ပိုင်လင်၊ ချွန်းယန်နဲ့ ချိုးချန်တို့က ရှေ့ဆင့်နောက်ဆင့် ဝင်လာကြတယ်။ ယောင်ကျန့်ဟူနဲ့ ယောင်လင်ကတော့ ဧည့်ခန်းထဲကနေ ပုန်းပြီး ခိုးနားထောင်နေကြတာပေါ့။ ဒေါ်ကြီးဝူနဲ့ ချောင်နျန်ကတော့ အိမ်အမိုးစွန်းအောက်မှာ ရပ်နေကြတယ်။

ယောင်ဟွမ်က ဟွားမေ စောစောက ပြောခဲ့တဲ့စကားတွေကို နောက်တစ်ခေါက် ပြန်ပြောခိုင်းလိုက်တယ်။

ဟွားမေကတော့ လေသံမာမာနဲ့ ခပ်တည်တည်ပဲ ပြန်ပြောပြလေရဲ့။

အပြင်ဘက်မှာတော့ ယောင်လင်တစ်ယောက် ဒေါသထွက်လွန်းလို့ သွားကြိတ်နေပြီလေ။ ယောင်ကျန့်ဟူက အထဲ ပြေးဝင်သွားမယ့် သားဖြစ်သူကို တားလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေတယ်။ "မင်းအမေ ငါတို့ကို မခေါ်သေးဘူး၊ ငြိမ်ငြိမ်နေစမ်းပါ"

ဒီလို ကောင်မလေးလောက်ကိုတော့ သူ့မိန်းမတစ်ယောက်နဲ့တင် ပါးစပ်ကို နှစ်ခြမ်းကွဲအောင် ဆွဲဖြဲပစ်လိုက်လို့ရတယ်။ သားအဖနှစ်ယောက် ဝင်ကူစရာတောင် မလိုပါဘူး။

အခန်းထဲမှာတော့ ယောင်ဟွမ်က ဟွားမေကို ခဏလောက် အဖက်မလုပ်သေးဘဲ ပိုင်လင်ကို မေးလိုက်လေတယ်။ "ကွေ့ဖေးက နင်တို့ကို ချူရှို့နန်းဆောင်ဆီ မလွှတ်ခင်တုန်းက တစ်ခုခုတော့ မှာလိုက်မှာပဲမလား။ မိဖုရားက နင်တို့ကို ယီခွန်းနန်းဆောင်က အစေခံတွေအနေနဲ့ ငါ့ကို စည်းကမ်းလာသင်ပေးဖို့ လွှတ်လိုက်တာလား။ ဒါမှမဟုတ် ငါ့အနားမှာ လူမရှိလို့ သနားပြီး နင်တို့ကို ငါ့အစေခံအဖြစ် တမင်သက်သက် ချီးမြှင့်လိုက်တာလား။ ဒီကနေ့ကစပြီး ငါ့ကို သခင်မတစ်ယောက်လို သဘောထားပြီး စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုရမယ်လို့ မှာလိုက်တာလား"

အစေခံအသစ်လေးတွေဖြစ်တဲ့ ချွန်းယန်နဲ့ ချိုးချန်တို့က အလိုအလျောက်ပဲ ပိုင်လင်ကို လှမ်းကြည့်လိုက်ကြတယ်။

ပိုင်လင်လည်း အကြောင်းရင်းမရှိဘဲ ရင်တုန်လာပြီး ရိုရိုသေသေနဲ့ ပြန်ဖြေလိုက်လေတယ်။ "သခင်မလေးကို လျှောက်တင်ပါရစေ... မိဖုရားက ကျွန်မတို့ လေးယောက်ကို သခင်မလေးဆီ အစေခံဖို့ တမင်သက်သက် ချီးမြှင့်လိုက်တာပါ။ မထွက်လာခင်တုန်းကလည်း ကျွန်မတို့ကို သခင်မလေးအပေါ် သစ္စာရှိရမယ်၊ စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုရမယ်လို့ ထပ်တလဲလဲ မှာလိုက်ပါတယ်ရှင်"

တကယ်တော့ ကွေ့ဖေးက အဲဒီလောက်ကြီး အများကြီး မမှာခဲ့ပါဘူး။ ဒါပေမဲ့ သူက ကွေ့ဖေးရဲ့ ဂုဏ်သိက္ခာအတွက် ကွေ့ဖေးကိုယ်စား စကားကို လှလှပပလေး ပြောပေးရတာပေါ့။

အဲဒီတော့မှ ယောင်ဟွမ်က ဟွားမေဘက်ကို လှည့်ကြည့်လိုက်ပြီး "ပိုင်လင်ပြောတာတွေက အမှန်ပဲလား" လို့ မေးလိုက်လေတယ်။

ဟွားမေလည်း ဝန်ခံရုံကလွဲပြီး တခြားမရှိတော့ဘူးပေါ့။

ယောင်ဟွမ်က ဒီတော့မှ စဖြဲတော့တယ်။ "ငါက သခင်၊ နင်တို့က အစေခံဆိုတာ သေချာနေမှတော့ အစေခံက သခင်ကို ဆုံးမရတယ်ဆိုတဲ့ ထုံးစံရှိလားဆိုတာ ငါ့ကို ပြောပြစမ်းပါဦး"

ဟွားမေက မကျေမနပ်ဖြစ်သွားတာပေါ့။ "ကျွန်မက သခင်မလေး ကောင်းဖို့အတွက်…...."

ယောင်ဟွမ်က ဖြတ်ပြောလိုက်လေတယ်။ "ငါက အရှင်မင်းကြီးကိုယ်တိုင် ရွေးချယ်သတ်မှတ်ထားတဲ့ ဟွေ့ဝမ်ဖေးနော် အကောင်းအဆိုးကိုတောင် မခွဲခြားတတ်လောက်အောင် တုံးအနေတယ်ထင်လို့  နင်လို အစေခံမတစ်ယောက်က လာသင်ပေးနေရတာလား" (နို့ကြီးပြီး ဦးနှောက်မပါဘူးပြောမိလို့ သောင်းဘန်ပါဒယ်။ နို့လည်းကြီးပါတယ်။ ဦးနှောက်လည်းကြီးပါတယ်။ မမယောင်ဟွမ် အကောင်းဆုံးပါ။ ချစ်တယ် မမရယ်။ မမနို့တွေ ကိုင်ချင်တယ်)

ဟွားမေ : "..."

ယောင်ဟွမ်က ဆက်ပြီး ပြောတော့တယ်။ "ပထမဆုံးအကြိမ် ကျူးလွန်တာဖြစ်လို့ နင့်ပါးနင် သုံးချက်ရိုက်ဖို့ပဲ ငါ အပြစ်ပေးမယ်။ ဒီနေ့လုပ်ခဲ့တဲ့ အမှားကို သေချာမှတ်ထား။ နောင်ဆိုရင် စည်းကမ်းတကျနေပြီး အပြောအဆိုရော အနေအထိုင်ရော ဆင်ခြင်။ နင့်ကြောင့်နဲ့ ကွေ့ဖေးက အစေခံတွေကို မသွန်သင် မဆုံးမတတ်ဘူးဆိုပြီး အပြောခံရတဲ့အထိ နာမည်မပျက်စေနဲ့။

ဟွားမေ : "..."

ယောင်ဟွမ်က ဆက်ပြောပြန်ရော။ "ဘာလဲ... နန်းတွင်းအစေခံလုပ်တုန်းက မောမောတွေက ကိုယ့်ပါးကိုယ် ဘယ်လိုရိုက်ရမလဲဆိုတာ မသင်ပေးခဲ့ကြဘူးလား"

ဒီအပြစ်ပေးခံရတာကို ရှောင်လွှဲလို့မရတော့ဘူးဆိုတာ ဟွားမေ သိသွားတာပေါ့။ ဘယ်ဘက်က လော်ကျင်းဟွာနဲ့ အားကျီ ညာဘက်က ပိုင်လင်တို့သုံးယောက်ကို မျက်ထောင့်ကနေ အကဲခတ်လိုက်ပြီးတဲ့နောက် ဒေါသကိုမျိုသိပ်ရင်း သွားကြိတ်လိုက်တယ်။ ပြီးတော့ အရှက်ကွဲခံပြီး လက်ကိုမြှောက်ရင်း သူ့ပါးသူ သုံးချက်တိတိ ရိုက်ချလိုက်တော့တယ်။ သိပ်ပြင်းပြင်းထန်ထန်ကြီးမဟုတ်ပေမယ့် သိပ်ပေါ့ပေါ့ပါးပါးကြီးလည်း မဟုတ်ဘူးလေ။

ရိုက်လိုက်တဲ့ အားက သိပ်မပြင်းပေမယ့် သူ့အတွက်တော့ မျက်နှာပြစရာတောင် မရှိအောင် အရှက်ကွဲသွားရတာပေါ့။

ပိုင်လင်တို့က သူ့ကို ဟားတိုက်ချင်မှ တိုက်ကြမှာဆိုပေမယ့်၊ သူ့လို မာနတခွဲသားနဲ့ နေလာတဲ့သူတွေက ဒီလိုမျိုး "အရှက်ခွဲ" ခံရတာကို ပိုပြီး သည်းမခံနိုင်ကြဘူးလေ။

ယောင်ဟွမ်က အမိန့်ပေးလိုလေက်တယ်။ "အားကျီ နင်နေခဲ့။ နင်တို့လေးယောက်လုံး ထွက်သွားကြတော့။ မှတ်ထားကြ၊ တစ်ခုခု လာတင်ပြစရာရှိတာကလွဲလို့ ငါမခေါ်ဘဲနဲ့ ဘယ်သူမှ ကိုယ့်သဘောနဲ့ကိုယ် ဝင်မလာခဲ့ကြနဲ့"

ဟွားမေက အရင်ဆုံး အရိုအသေပေးပြီး ထွက်သွားတော့၊ ပိုင်လင်တို့သုံးယောက်လည်း အမြန် နောက်ကနေ လိုက်သွားကြတော့တာပဲ။

အဲဒီတော့မှ အားကျီလည်း သက်ပြင်းချနိုင်တော့တယ်။ လော်ကျင်းဟွာကတော့ သမီးဖြစ်သူကို အားရကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်နေတာပေါ့။ ဒီလိုမှပေါ့... ဝမ်ဖေးတောင် ဖြစ်တော့မှာကို နန်းတွင်းအစေခံမတစ်ယောက်က ခေါင်းပေါ်တက်နင်းတာကို ဘယ်လိုလုပ် ဒီအတိုင်းခံနေလို့ ဖြစ်မလဲ…