အခန်း (၁)
Viewers 1k

အခန်း () ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်း

 

ဒီ… ဒီ… ဒီ…..

 

အဆောက်အအုံကြီးတစ်ခုလုံးတွင် ဥဩသံ ရုတ်တရက် ထွက်ပေါ်လာကာ ည၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

 

"အဆောက်အဦးထဲကို ရှာကြ"

 

"ဟုတ်ကဲ့၊ အမိန့်အတိုင်းပါ"

 

အနက်ရောင် ယူနီဖောင်းများ ဝတ်ဆင်ထားပြီး သေနတ်များ ကိုင်ဆောင်ထားသော အစောင့်အရှောက် များစွာသည် အဆောက်အအုံပတ်လည်ကို ရှာဖွေရင်း ခက်ထန်နေပုံရသည်။

 

အစောင့်များ အဆောက်အအုံကို ရှာဖွေနေစဉ်မှာပင်၊ ထိုအဆောက်အအုံထဲမှ ပိန်လှီပြီး၊ ပါးလွှာသည့် အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ထွက်ပြေးလာသည်။ သူမ၏ ပိန်လှီ သော ကိုယ်ခန္ဓာပေါ်၌ နေရာတစ်နေရာမှ မထိခိုက်ထားသည့်နေရာလွတ် မရှိသော်လည်း သူမသည် အရှိန်ကို လုံးဝမလျှော့ခဲ့ပေ။

 

သူမ၏ ကျိုးနေသော ခြေထောက်ကို တရွတ်ဆွဲပြီးသွားကာ အံများကို ကြိတ်ထားလေသည်။ ရှေ့သို့ ဆက်သွားသည်နှင့်အမျှ သူမ၏ မျက်လုံးများသည် အသက်ရှင်သန်နိုင်ရန် ရည်မှန်းချက်ဖြင့် ပြည့်နေ ခဲ့လေသည်။

သူမ၏ နောက်တွင်၊ လက်နက်ကိုင် အစောင့်အရှောက်အဖွဲ့တစ်ဖွဲ့မှ သူမကို အဝေးမှနေ၍ နောက်ဆုံး၌ မြင်သွားကြသည်။ ခေါင်းဆောင်သည် သူမကို မြင်သောအခါ…၊

 

"စမ်းသပ်ခံအမှတ် ကိုး ဟိုမှာ ငါနဲ့ လိုက်ခဲ့ကြ" ဟု အော်လိုက်လေသည်။

 

"ဟုတ်ကဲ့…၊ အမိန့်အတိုင်းပါ"

 

သူမသည် ထိုသူတို့၏ အသံများကို ကြားလိုက်ရပြီး နောက်သို့လှည့်ကြည့်လိုက်သည်။ အစောင့် တစ်ဒါဇင်ကျော်က သူမကို လိုက်နေသည်ကို မြင်သောအခါ သူမသည် ကိုယ့်ကိုယ်ကို…၊

 

*ဒါဟာ ငါ့ရဲ့ အဆုံးသတ်ပဲလား…* ဟု တွေးလိုက်မိသည်။

 

သူမသည် ထိုအတွေးများကို ဖယ်ရှားရန် ခေါင်းခါလိုက်ပြီး အံများကို တင်းတင်းကြိတ်ထားလိုက်သည်။

 

*မဖြစ်ဘူးငါ လက်မလျှော့နိုင်ဘူး ငါ့ကိုယ်ငါ၊ ငါ့အဘိုးနဲ့ ငါ့အမေအတွက် လက်စားချေဖို့ လိုနေ သေးတယ်…။*

 

သူမ၏ နှလုံးသားထဲတွင် ဆုံးဖြတ်ချက်အသစ်တစ်ခုကို ချလိုက်သည်။ အမျိုးသမီးသည် အစောင့်များ ကို ရင်ဆိုင်ရန် လှည့်လိုက်သည်။ သူမသည် ပြေးနေရာမှ ရပ်လိုက်သည်ကို မြင်သောအခါ၊ ခေါင်းဆောင် ကသူ၏ လက်ကို မြှောက်လိုက်ပြီး အစောင့်များက သူမကို ဝိုင်းလိုက်ကာ ၎င်းတို့၏ လက်နက်များကို သူမ ထံချိန်ရွယ်လိုက်သည်။ သူမသည် အလွန်ပိန်လှီနေပုံရသော်လည်း အစောင့်တစ်ဦးတစ်ယောက်မျှ သူမကို လျှော့တွက်ရဲခြင်း မရှိနေချေ။

 

ခေါင်းဆောင်နှင့် အမျိုးသမီးတို့သည် ခဏမျှ တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ကြလေ သည်။ ထို့နောက် သူက ပြောလိုက်လေသည်။

 

"စမ်းသပ်ခံအမှတ် ကိုး၊ ငါတို့နဲ့ ပြန်လိုက်ခဲ့ရင် သက်ညှာပေးမယ်…။"

 

ဤစကားကို ကြားသောအခါ အမျိုးသမီးသည် ပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်လိုက် လေသည်။ သူမ ရယ်နေရင်း သွေးများ ချောင်းဆိုးနေသည်ကို မြင်သောအခေါ ခေါင်းဆောင်သည် မျက်မှောင် ကြုတ်သွားသည်။

 

* ဒီတစ်ခါ သိပ္ပံပညာရှင်တွေ တကယ်ကို ပိုရူးသွပ်တဲ့ အရာတစ်ခုကို လုပ်လိုက်ပြီ ထင်တယ်…။*

 

စိတ်တည်ငြိမ်သွားပြီးနောက် အမျိုးသမီးသည် သူမ၏ နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး နာကျင် နေသော ရင်ဘတ်ကို ဖိထားသည်။ သူမသည် မောပန်းစွာ အသက်ရှူရင်း အသက်ပြင်းပြင်း ရှူလိုက် လေသည်။

 

 "နင်တို့နဲ့ ပြန်လိုက်ရမယ်၊ ဟုတ်လား…။”

 

“ငါ အဲဒီ ငရဲလိုနေရာကို ပြန်သွားရမယ့်အစား သေတာက ပိုကောင်းသေးတယ်…။"

 

သူမ ထိုသို့ပြောသောအခါ ခေါင်းဆောင်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့လေသည်။ သူက ဆက်ပြော လိုက်လေသသည်။

 

 "မင်း ထွက်ပြေးလို့မရဘူး။ ငါတို့နဲ့ ပြန်လိုက်ခဲ့ရင် မင်းရဲ့ နေထိုင်ခြင်းကို ပိုအဆင်ပြေအောင် လုပ်ပေး မယ်။ မင်းရဲ့ မိသားစုက ငါတို့လက်ထဲမှာ ရှိနေသေးတယ်ဆိုတာ သတိရ…။"

 

ခေါင်းဆောင်သာ ဤစကားကို မပြောခဲ့ပါက၊ အမျိုးသမီးသည် တည်ငြိမ်နေဦးမည်ဖြစ်သည်။ သို့သော် သူက သူမ၏ မိသားစုကို ထည့်ပြောသောအခါ၊ အမျိုးသမီး၏ မျက်လုံးများသည် သွေးရောင်ပြောင်း သွားပြီး အမုန်းတရားများဖြင့် ပြည့်နှက်သွားလေတော့သည်။

 

"မိသားစုဟုတ်လား..။ အဲဒီ သားရဲတွေက သူတို့ရဲ့ အကျိုးအမြတ်အတွက် ငါ့ကို သစ္စာဖောက်ခဲ့ကြ တာ။ ငါ အတိတ်တုန်းက သူတို့ကို နှစ်သက်ဖို့ ကြိုးစားခဲ့မိတာ ငါ တကယ်ပဲ မျက်စိကန်းခဲ့တာ…။"

 

ခေါင်းဆောင်က သူသည် မှားယွင်းသော စကားကို ပြောမိလိုက်သည်ကို သိလိုက်ပြီး ထပ်မံ စည်းရုံးရန် ကြိုးစားသော်လည်း အမျိုးသမီးက ရုတ်တရက် ရယ်လိုက်သည်။

 

"ဟား ဟား ဟား ဟား"

 

သူမကို ဝိုင်းထားသော အစောင့်များက စမ်းသပ်ခံအမှတ် တစ်ဦးချင်းစီသည် အလွန်အန္တရာယ်များပြီး စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်ကြောင်း သိကြလေသည်။ အမျိုးသမီးသည် အရူးတစ်ယောက်ကဲ့သို့ ရယ်နေသည်ကို မြင်သောအခါ၊ ၎င်းတို့အားလုံးသည် ၎င်းတို့၏ လက်နက်များကို မြှောက်ထားပြီး သူမ လှုပ်ရှားလိုက်သည်နှင့် သတ်ရန် အသင့်ပြင်ထားခဲ့ကြသည်။

 

ခေါင်းဆောင်နှင့် အစောင့်များသည် သူမကို သတိထား၍ စောင့်ကြည့်နေစဉ်မှာပင် အမျိုးသမီး၏ ရယ်သံက ရပ်သွားခဲ့လေသည်။

 

သူမသည် ရှည်လျားသော သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး ညကောင်းကင် ကို မော့ကြည့်လိုက်သည်။ လွန်ခဲ့သည့် ဆယ်နှစ်က မုန်တိုင်းကြီးပြီးနောက် ကမ္ဘာပေါ်တွင် ကြည်လင် သော ကောင်းကင် မရှိခဲ့တော့ ပေ။

 

သူမသည် သူမ၏ အဘိုးနှင့် အမေအတွက် လက်စားချေနိုင်ရန် ဆယ်နှစ်တာ နာကျင်မှုကို ခံနိုင်ရည်ရှိ ခဲ့သော်လည်း သူမသည် အမှန်တကယ်ကို ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။

 

အမျိုးသမီးသည် သူမ၏ မျက်လုံးများကို မှိတ်လိုက်ပြီး ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်လေသည်။

 

 "အဘိုး၊ အမေ၊ သမီး တောင်းပန်ပါတယ်။ အဘိုးနဲ့ အမေအတွက် လက်စားမချေနိုင်ခဲ့ဘူး….။"

 

သူမသည် တုန်ယင်နေသော အသက်ပြင်းပြင်းကို ရှူလိုက်ပြီး ပြောလိုက်လေသည်။

 

 

"အဘိုးကို သမီး အရမ်းလွမ်းတယ်၊ ခဏနေရင် အဘိုးနဲ့ အမေဆီကို လိုက်လာခဲ့မယ်…။"

 

ဤစကားများ ထွက်ပေါ်လာသည်နှင့် ခေါင်းဆောင်၏ မျက်မှောင်ကျုံ့သွားလေသည်။ အမျိုးသမီး၏ ကိုယ်ခန္ဓာသည် တောက်ပစွာ လင်းလာသည်ကို မြင်ရသောအခါ၌၊ သူသည် အလျင်အမြန် အော်ဟစ် လိုက်လေသည်။

 

 "ပြန်ဆုတ်ကြ….။"

 

နောက်တစ်စက္ကန့်တွင်၊ အမျိုးသမီး၏ ကိုယ်ခန္ဓာသည် တောက်ပသော အလင်းများဖြင့် ဖုံးလွှမ်းသွားပြီး သူမ၏ ကုန်ခန်းနေသော စွမ်းအင်သည် အတင်းအကျပ် လှုပ်ရှားလာသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တွင် စုတ်ပြဲသည့် နာကျင်မှုကို ခံစားနေရသော်လည်း၊ အမျိုးသမီးသည် သူမ၏မျက်နှာပေါ်တွင် နောင်တ ရသည့် အမူအရာဖြင့် မှေးမှိန်စွာ ပြုံးလိုက်သည်။

 

ခေါင်းဆောင်နှင့် အစောင့်များ ဘေးကင်းရာသို့ မပြေးနိုင်မီ၊ အမျိုးသမီးသည် အရူးအမူး ရယ်မောလိုက် ပြီး အော်ဟစ်လိုက်လေသည်။

 

"နောက်ထပ် အခွင့်အရေးရှိရင်၊ နင်တို့ အားလုံးကို သတ်ပစ်မယ်…။"

 

"ဝုန်း….."