Chapter 44
Viewers 2k

တောအုပ်ရှိ သစ်ပင်များနှင့် သစ်ရွက်များသည် အပင်ပေါက်စပြုလာသည်။ ဆောင်းရာသီတွင် ဝေးလံသောဒေသများသို့ သွားရောက်ခဲ့သည့် ဆောင်းခိုတိရစ္ဆာန်များက ပြန်မရောက်သေးပေ။

ဝမ်ကျုံးသည် သန္ဓေတားအသီးများကို တွေ့သာ တွေ့ခဲ့ရပြီး ထိုအရာများကို စားရန် ရွှမ်းမင်က ခွင့်မပြုခဲ့ပေ။

နောက်ပိုင်းတွင် သူတို့သည် သစ်တောတစ်ခုထဲ လျှောက်သွားရင်း ရေစီးမသန်သော မြစ်ကျယ်ကြီးတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။

ရွှမ်းမင်သည် သူ၏အမြီးဖြင့် ရေကိုရိုက်ချလိုက်သည်နှင့် ငါးကြီးတစ်ကောင်ကို အလွယ်တကူ ဖမ်းနိုင်ခဲ့သည်။

ဝမ်ကျုံးသည် ကျောက်တုံးတစ်တုံးကို ကောက်ယူကာ ရုန်းကန်နေသောငါးပေါ်သို့ ဖိချလိုက်သည်။ သူ ရွှမ်းမင်ကို သာမန်အတိုင်းပင် ပြောလိုက်သည် “ခင်ဗျားက သတ်ဖြတ်တာကို မနှစ်သက်တဲ့ပုံပဲ”

ရွှမ်းမင်သည် ထိုသူ၏ မေးမြန်းသည့် မေးခွန်းအားလုံးကို ပြန်ဖြေခဲ့သည် “ငါတို့လို ကျင့်ကြံသူတွေအတွက် အကြမ်းဖက်မှုမျိုးကို မကျူးလွန်ဖို့တားမြစ်ထားတယ်။”

ဝမ်ကျုံးသည် ကျောက်တုံးကို ကိုင်ထားသည့် လက်ဖြင့် ခဏရပ်တန့်လိုက်ပြီး “ဒါဆိုရင်ရော အခု တစ်နည်းနည်းနဲ့ အပြစ်ကျူးလွန်သလိုများ ဖြစ်နေမလား” ဟု မေးလိုက်သည်။

 ရွှမ်းမင်၏ အဖြေကို မစောင့်ဘဲ သူသည် ငါးကို မြစ်ထဲသို့ ပြန်ပစ်ချလိုက်ပြီး သူ၏ ဖိနပ်ကြိုးများကို ဖြေရန် ခေါင်းငုံ့လိုက်ကာ “ခင်ဗျား ကျွန်တော့်ကို ဖမ်းဖို့အတွက် မကူညီနဲ့တော့ ကိုယ့်ဘာသာပဲလုပ်လိုက်တော့မယ်” ဟု ပြောဆိုခဲ့သည်။

ဝမ်ကျုံးသည် ရွှမ်းမင်၏ ခံစားချက်များကို အပြည့်အဝ နားမလည်သေးပေ။ ထို့ပြင် သူသည် ရွှမ်းမင်အပေါ် မည်သည့်အကြွေးမျှ မတင်လိုခဲ့ပေ။ အထူးသဖြင့် ရွှမ်းမင်အတွက် သူသည် ဥဥပေးခြင်းနှင့် သားပေါက်ပေးခြင်းများ မလုပ်နိုင်ခဲ့သောကြောင့်ပင်။

သို့သော် ရွှမ်းမင်သည် သူ့ထဲမှ သွယ်ဝိုက်သော ချစ်ခြင်းမေတ္တာကို ပျော်ရွှင်စွာ လက်ခံခဲ့သည်။

သူသည် မြွေနက်ကြီးအဖြစ် ပြောင်းလဲလိုက်ပြီး သစ်ပင်ပင်စည်တစ်လျှောက်၊ ထူထဲသော ကိုင်းများပေါ်သို့ တက်သွားခဲ့သည်။ ထို့နောက် ကြေးမုံရှေ့တွင် သူ၏လှပသော မြွေဦးခေါင်းကို လှည့်ကာ မြွေလျှာကို ထုတ်လိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်–

“ကြေးမုံကြီးရေ”

“သူ့ရဲ့ ဟန်ဆောင်နေတဲ့ပုံကိုကြည့်စမ်း သူကငါ့ကိုအရမ်းချစ်လွန်းလို့ သူ့ရဲ့စိတ်ထဲက ငါ့ကို ချစ်နေတယ်ဆိုတာကို ပြောဖို့တောင် သူ့အတွကိအရမ်းခက်နေတာပဲ”

“သူငါ့ကိုချစ်တယ်ဆိုတာပြောဖို့ ငြင်းနေပေမဲ့လည်း  ငါ့ကိုချစ်နေတာကိုအမြဲတွေးနေတာပဲ”

“အိုး–“

“ငါ အကုန်လုံးကိုသိနေပါ့လား”

ထိုအတောအတွင်း ဝမ်ကျုံးသည် မချည်ရသေးသော ဖိနပ်ကြိုးနှစ်ချောင်းကို ချည်နှောင်ကာ ရှည်လျားသော ငါးမျှားကြိုးတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ သူသည် ဖိနပ်ကြိုးတစ်ဖက်ကို ရေပေါ်သို့ ကွေးညွှတ်နေသော သစ်ကိုင်းတစ်ခုတွင် ချည်နှောင်လိုက်ပြီး အခြားတစ်ဖက်တွင် မြက်ထက်ထက်ဖြင့် ပြုလုပ်ထားသော ရိုးရှင်းသည့် ငါးမျှားချိတ်တစ်ခုကို ချိတ်ဆွဲလိုက်သည်။ သူသည် မြေကြီးထဲမှ တူးယူခဲ့သော တီကောင်များဖြင့် ချိတ်ကို ငါးစာတပ်ကာ ရေထဲသို့ ပစ်ချလိုက်သည်။

ငါးမျှားရန် စောင့်ဆိုင်းနေစဉ် သူသည် ဓားမြှောင်တစ်ခုကို အသုံးပြုကာ နူးညံ့သော သစ်ကိုင်းအချို့ကို ခုတ်ထစ်လိုက်ပြီး ရွှမ်းမင်၏ ယခင်ဝါးဖျာရက်လုပ်နည်းကို လိုက်နာခဲ့သည်။ သူသည် အောက်ခံထူထဲပြီး ဘေးဘက်ပါးလွှာသော တောင်းတစ်ခုကို ရက်လုပ်ကာ ရေတိမ်ပိုင်းကမ်းစပ်၌ ထားလိုက်သည်။ သူသည် ဖမ်းမိမည့် ငါးနှင့် ပုစွန်တို့ကို ဆွဲဆောင်ရန်အတွက် မြက်စိမ်းနှင့် ရွှံ့များကို အပေါ်မှ ဖြူးပေးခဲ့သည်။

ဝမ်ကျုံး အလုပ်လုပ်နေစဉ် မြွေနက်ကြီး၏ အမြီးသည် မြင့်မားသော သစ်ပင်ပင်စည်မှ ခပ်လှမ်းလှမ်းတွင် ဝှေ့ယမ်းနေခဲ့သည်။

တစ်ခါတစ်ရံတွင် ရွှမ်းမင်သည် ဝမ်ကျုံးကို သူ၏အမြီးဖျားဖြင့် တို့ထိကာ “အချိန်လုံလောက်ပြီ အခု ငါ့ကိုကြည့်ဖို့အချိန်ရောက်ပြီ” ဟု သတိပေးသည့်အလား ပြုလုပ်ခဲ့သည်

ဝမ်ကျုံး ကမ်းစပ်၌ ထိုင်၍ ငါးမျှားကြိုးကို စိုက်ကြည့်နေခဲ့သည်။ ရံဖန်ရံခါ သူသည် သစ်ကိုင်းများပေါ်တွင် ကွေးနေသော ရွှမ်းမင်ကို ကြည့်လိုက်သည်။ မြွေနက်ကြီးသည် ကြေးမုံကို စိတ်ပျံ့လွင့်စွာ ကြည့်ရှုနေခဲ့သည်။

ဝမ်ကျုံးသည် ကမ်းနားတွင် ထိုင်ပြီး ငါးမျှားတံကို ကြည့်နေသည်။ ရွှမ်းမင်သည် သစ်ကိုင်းများပေါ်တွင် ခွေနေသည်ကိုလည်း သူ တစ်ခါတစ်ရံ ကြည့်၏။ မြွေနက်ကြီးသည် မှန်ကို ကြည့်ရင်း သူ့ဖိနပ်ပေါ်ရှိ ရွှံ့များကို မေ့မေ့လျော့လျော့ သန့်ရှင်းရေးလုပ်နေသည်။

‘ကိုယ်ဝန်မရအောင် ဘယ်လိုတားရမလဲ။’

အကောင်းဆုံး နည်းလမ်းမှာ ကိုယ်ဝန်မရှိရန်ပင် ဖြစ်သည်။ သို့သော် ထိုအရာသည် မဖြစ်နိုင်ပေ။

သန္ဓေတားသီးစားသုံးခြင်းသည် ကောင်းမွန်သော အကြံဖြစ်သည်။ သစ်ပင်သည် အလွန်မြင့်မားပြီး မြွေအသိုက်ပတ်ပတ်လည်တွင် တစ်ပင်တည်းရှိသော်လည်း သူ ထိုသစ်ပင်ပေါ်သို့ တက်နိုင်မည်မဟုတ်ပေ။

အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦးအနေဖြင့် ကိုယ်ဝန်ရှိမည်ကို တွေးလိုက်တိုင်း သူကြက်သီးများ ထလာရသည်၊ သူ့ကျောချမ်းလာခဲ့သည်၊သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွေးများအားလုံး ထောင်ထလာရသည်။ မြွေအပြည့်ရှိသော အသိုက်နှင့်အတူ ကိုယ်ဝန်ရှိနေသည်ကို စိတ်ကူးလိုက်သောအခါ သူသည် ပို၍ပင် ပျို့အန်ချင်စိတ် ဖြစ်လာပြီး သူ၏ မျက်နှာသည် ဖြူဖျော့သွားကာ မြေပေါ်တွင် အန်ချလိုက်သည်။

“အော့...”

သူ၏ အစာအိမ်သည် ဗလာဖြစ်နေပြီး အချဉ်ဓာတ်ရှိသော ရေမှလွဲ၍ ဘာမျှ အန်မထွက်လာနိုင်ပေ။ သို့သော် ထိုအရာသည် သစ်ပင်ပေါ်ရှိ ရွှမ်းမင်ကို စိတ်လှုပ်ရှားစေသည်။

သူ ဝမ်ကျုံး၏ ဘေးသို့ သွားပြီး သူ့ကိုယ်လုံး အနက်ရောင်ကြီးဖြင့် ဝမ်ကျုံးကို သေချာစွာ ပတ်ကာဖက်ထားလေသည်။ သူ့ခေါင်းကြီးကို ဝမ်ကျုံး၏ ခါးအောက်ပိုင်း ပေါင်ပေါ်တွင်တင်ထားသည်။ သူ့မျက်လုံး စိမ်းစိမ်းများ ပြူးကျယ်လာရသည်။ သူသည် မျက်တောင်ခတ်ရင်း ဗိုက်နားကပ်ကာ နားထောင်လိုက်သည် ‘မြွေဥတွေ ဘယ်လောက် ကိုယ်ဝန်ဆောင်ထားလဲ’

“ကလေးတွေက အထီးလား၊ အမလား။ ပြီးတော့ ကလေးတွေကိုဘယ်လို နာမည်ပေးကြမလဲ။”

သူတို့၏ မျိုးဗီဇများသည် အကောင်းဆုံးနှင့် ပြီးပြည့်စုံသည်။ သူ၏ ဇနီးသည်မှာ လှပလွန်းသဖြင့် ထိုမြွေကလေးများသည် လုံးဝန်း၍ ကြီးမားမည်၊ မည်းနက်၍ တောက်ပမည်၊ အလွန်လှပမည်၊ ချစ်စဖွယ် ဥများဖြစ်မည်။

ထိုဥမှ မြွေကလေးများ ပေါက်ဖွားလာလျှင် ထိုမြွေမလေးသည် တစ်နိုင်ငံလုံးကို ဖမ်းစားပြီး နယ်ပယ်ခြောက်ခုကို ဆွဲဆောင်နိုင်မည်မှာ သေချာသည်။ အထီးမြွေအတွက်မူ သူ့ဖခင်ထက် အနည်းငယ် အဆင့်နိမ့်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ရွှမ်းမင်သည် မြွေရဲတိုက်တွင် မြွေပေါက်ကလေးများ တွားသွားနေသည့် ပျော်ရွှင်ဖွယ် မြင်ကွင်းကို မြင်ယောင်နေသည်။

သူတို့သည် အသက်ဝင်ပြီး ချစ်စဖွယ်ဖြစ်ပေလိမ့်မည်။ အချို့သည် ဖခင်နှင့် တူပြီး တချို့မှာ ဝမ်ကျုံးနှင့် ဆင်တူလိမ့်မည်။ သူကမူ သူ၏ ဇနီးကို ကျောပေါ်တွင် ထမ်း၍ နေ့စဉ် ထောင်ပေါင်းများစွာဝေးသော နောက်ဘက် ဥယျာဉ်များသို့ လမ်းလျှောက် ထွက်မည်။ စစ်မှန်သော ရွှေကို မည်သို့ ခွဲခြားသိမြင်ရမည်ကိုလည်း သင်ကြားပေးမည်။ အရေးအကြီးဆုံးအချက်မှာ ငယ်စဉ်ကတည်းက မှန်ထဲသို့ ကြည့်ရှုသည့် ကောင်းမွန်သော အလေ့အကျင့်ကို ပျိုးထောင်ရန် ဖြစ်သည်။

“ကြေးမုံကြီးရေ”

“မှတ်စုစာအုပ်ကို ကြည့်ပါဦး… မြွေဥ ဘယ်နှစ်လုံးလောက်ရှိနေပြီလဲ”

“ငါ မြွေပေါက်လေးတွေအတွက် အသိုက်ကို အမြန် ပြင်ဆင်ရတော့မယ်”

“မြွေရဲတိုက်ထဲမှာ ရွှေတွေနဲ့ ပြည့်နေတဲ့ အခန်းပေါင်း ၉၉၉၉၉၉၉၉ ခန်းလည်း ရှိတယ်။ မြွေပေါက်ကလေးတွေအတွက် လုံလောက်ပါ့မလား”

“ချိုမြိန်လိုက်တဲ့ ဒုက္ခလေးပါလား”

“ဟေး ဘယ်လိုဖြစ်တာလဲ အဆင်ပြေရဲ့လား~”

မြွေနက်ကြီးသည် စိုးရိမ်ပူပန်မှုများဖြင့် လွှမ်းခြုံခံရပြီး စိတ်လှုပ်ရှားနေချိန်တွင် ဝမ်ကျုံးသည် ရေအေးများကို သောက်လိုက်ပြီး သူ့စိတ်အားထက်သန်မှုပေါ်သို့ပါ လောင်းချလိုက်တော့သည် “အဆင်ပြေပါတယ်၊ ဗိုက်နည်းနည်းနာပြီး နည်းနည်းမသက်မသာဖြစ်နေယုံပါပဲ” ဟု ပြောလိုက်သည်။

မြွေနက်ကြီး :  “...”

“အိုး...  ငါ့ကြိုးစားမှုက အရာမရောက်ဘူးလား”

ဝမ်ကျုံးသည် ပါးစပ်ကို မြစ်ရေအေးဖြင့် ပလုတ်ကျင်းလိုက်ပြီး မြွေနက်ကြီး၏ မျက်လုံးများတွင် ပေါ်လွင်နေသည့် စိတ်ပျက်အားငယ်မှုကို မသိဟန်ဆောင်လိုက်သည်။ သူ၏ အမြီးသည် တွဲလောင်းကျနေသည်။ ဝမ်ကျုံး ယိမ်းယိုင်နေသော ငါးမျှားကြိုးကိုသာ အာရုံလွှဲပြီး ကြည့်လေသည်။

ဤသည်ကား သူ၏ ကိုယ်ပိုင်အားထုတ်မှုဖြင့် ပထမဆုံးအကြိမ် ဖမ်းမိခဲ့သော သားကောင်ဖြစ်သည်

သူ၏ နှလုံးသားထဲတွင် လွန်စွာ ကျေနပ်မှုကို ခံစားရ၏။

ယခု သူသည် ငါးဖမ်းရာ၌သာမက မီးစတင် မွှေးရာတွင်လည်းအလွန်ကျွမ်းကျင်ပြီဖြစ်သည်။

ထိုနည်းလမ်းများဖြင့် မီးမွှေးရန် နာရီဝက်ကျော်ခန့် အချိန်ယူခဲ့ရသော်လည်း ဤကျွမ်းကျင်မှုဖြင့် သူသည် မှောင်မိုက်သော ဂူထဲ၌ပင် ကိုယ်တိုင် မီးရနိုင်လေသည်။

မိမိလိုချင်သော အရာကို မိမိကိုယ်တိုင် ရယူခြင်းသည် သူ့အား ယုံကြည်မှုနှင့် လုံခြုံမှုကို ပေးစွမ်းနိုင်သည်။။

ဝမ်ကျုံးသည် မြစ်နှင့် ဝေးရာအရပ်ရှိ လုံးဝခြောက်သွေ့နေသော ကျောက်စရစ်ခဲအချို့ကို ကောက်ယူပြီး မီး၏ အပူဓာတ်ဖြင့် ပူနွေးနေသော နေရာ၌ မြှုပ်နှံလိုက်သည်။ လက်ဖျံတစ်ဖျံခန့် ရှည်လျားသော ငါးကို သန့်စင်ပြီး ခေါင်းဖြတ်ကာ ကိုယ်ထည်ကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်၏။ ထို့နောက် အပိုင်းတစ်ခုစီကို အရွက်များဖြင့် ပတ်၍ ရွှံ့အလွှာဖြင့် ဖုံးအုပ်လိုက်သည်။

သူ မီးဘေးတွင် အခြားတွင်းတစ်ခုကို ထပ်မံတူးလိုက်ပြီး အကိုင်းအခက်များဖြင့် တွင်းထဲသို့ ဆွဲချထည့်လိုက်၏။ ထို့နောက် ငါးကို ထိပ်တွင်တင်၍ မီးအပူဖြင့် အလွန်ပူနေသော ကျောက်တုံးများဖြင့် ထပ်မံဖုံးအုပ်လိုက်သည်။ တွင်းကို ဖုံးအုပ်ပြီးနောက် သူသည် မီးပုံမှ လောင်ကျွမ်းနေသော အကိုင်းအခက်အချို့ကို တွင်းထိပ်တွင် တင်၍ ကြွေကျနေသော အရွက်အချို့ကို ထပ်ဖြည့်ပြီး ဆက်လက် လောင်ကျွမ်းစေ၏။

ဤသို့ပြုလုပ်ပြီးနောက် ဝမ်ကျုံးသည် မြွေနက်ကြီးကို ရှာရန်အတွက် ဂူထဲမှ လက်တစ်ဖဝါးစာ ကျောက်တုံးတစ်တုံးကို ရွှေ့လိုက်သည်။

မြွေနက်ကြီးသည် သစ်ပင်၏ ပင်စည်ကို မှီ၍ ကောင်းကင်ကို လေးဆယ့်ငါးဒီဂရီ အနေအထားဖြင့် မော့ကြည့်နေ၏။ သူ၏ မျက်နှာတွင် ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်း နှစ်မျိုးလုံး ပေါ်လွင်နေ၏။

ဝမ်ကျုံးသည် ထိုအကြောင်းကို တွေးတောခဲ့သော်လည်း နောက်ဆုံးတွင် သူ၏အမည်ဖြင့် မခေါ်ခဲ့ချေ။ သူသည် သူနှစ်သက်ရာအတိုင်းပင် ပြောလိုက်သည်– "မြွေချောလေး၊ ခင်ဗျားရဲ့ အမြီးကိုသုံးပြီး ကျွန်တော့်အတွက် အိုးလေးတစ်လုံးလောက် ထွင်းပေးနိုင်မလား"

မြွေနက်ကြီးသည် မြေတူးရာ၌ အကောင်းဆုံးဖြစ်သည်ဟု ဆိုနိုင်ပေသည်။

သူ၏အမြီးထိပ်သည် ဝမ်ကျုံး၏ လက်ကောက်ဝတ်ထက် ပိုမိုထူပြီး ကျောက်တုံးကို ထိုးလိုက်၏။ ထို့နောက် အစွန်းတစ်လျှောက် စက်ဝိုင်းပုံစံ ပွတ်တိုက်၍ အိုးပုံစံ ခေါင်းပွခွံတစ်ခုကို ဖန်တီးလေသည်။

"..." ဝမ်ကျုံးသည် မြွေနက်ကြီးနှင့် မည်သို့ ဆက်ဆံရမည်ကို မသေချာတော့ချေ။ သူသည် ထိုသူကို ယခင်ကကဲ့သို့ ချီးကျူးရန် သူ၏အမြီးကို ထိ၍မရတော့သလို သူ့ကို အေးစက်စက်လည်း မဆက်ဆံနိုင်ပေ။

မြွေနက်ကြီးနှင့် ရွှမ်းမင်သည် တူညီသော မြွေဖြစ်သော်လည်း ဝမ်ကျုံးသည် မြွေနက်ကြီး၏ စိမ်းလဲ့နေသော ဒေါင်လိုက်မျက်လုံးများကို ကြည့်၍ ရွှမ်းမင်နှင့် ဆက်စပ်၍မရခဲ့ချေ။

ဤမျှ ရင်းနှီးပါလျက် ဝေးကွာနေသော ခံစားချက်သည် အမှန်တကယ် ဆန်းကြယ်လှ၏။

နောက်ဆုံးတွင် ဝမ်ကျုံးသည် မြွေချောလေးအား ကျေးဇူးတင်စကား မပြောခဲ့ချေ။

သူသည် သူ၏ ကျောက်အိုးအသစ်ကို အသုံးပြု၍ မြစ်မှရေအချို့ကို ခပ်ယူပြီး မီးပေါ်တင်လိုက်သည်။ ငါးခေါင်းများကို ထည့်၍ ငါးတောင်းကို စစ်ဆေးနေစဥ် ရေများကို ဆူပွက်အောင် အရင် ကြိုလိုက်၏။

၎င်းကို ကောက်ယူကြည့်သောအခါ အနည်းငယ်လေးလံသည်ဟု ခံစားရပြီး စစ်ဆေးကြည့်သောအခါ ငါးဖမ်းရရှိမှုမှာ လုံးဝမဆိုးပေ။

ဝမ်ကျုံးသည် တောင်းထဲသို့ ကြည့်လိုက်သောအခါ ပုစွန်နှင့် ကဏန်းတစ်ဝက်ခန့်ကို တွေ့ရှိရပြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်– “ရေးးး”

မည်သို့ပင်ဆိုစေ၊ ဤအရာများသည် အဖိုးတန်သော ရှာဖွေတွေ့ရှိမှုများပင် ဖြစ်ပေသည်။

သူ၏အဘိုးနှင့်အတူ နေထိုင်ခဲ့သည့် ရက်များအတွင်း သူတို့စားခဲ့သော တစ်ခုတည်းသော ပင်လယ်စာမှာ ကီလိုဂရမ်လျှင် ၁၀ ယွမ်ကျော် တန်ဖိုးရှိသော ငါးသာ ဖြစ်ပြီး ၎င်းတို့ကို ပိတ်ရက်များတွင်သာ ရံဖန်ရံခါသာ စားသုံးခဲ့ကြသည်။ ပုစွန်နှင့် ကဏန်းတို့သည် သူတို့အတွက် အကောင်းဆုံးတော့ဘအစားအစာများအဖြစ် သတ်မှတ်နိုင်ခဲ့သည်။ ထိုအရာများကို ဝယ်ရန် ငွေရှိပါက အဘိုးအတွက် ကယ်လ်ဆီယမ်ဆေးပြား တစ်ပုလင်းကိုလည်း ဝယ်နိုင်ပေမည်။

ဝမ်ကျုံး ပုစွန်နှင့် ကဏန်းကို ပထမဆုံးအကြိမ် စားခဲ့ရသည်မှာ သူ၏အစ်ကိုကို ရှာဖွေစဉ် သင်္ဘောပေါ်တွင်ဖြစ်သည်။ သူသည် ပုစွန်စားနည်းနှင့် ကဏန်းပြင်ဆင်နည်းကို မသင်ယူမီ စားသောက်ဆိုင်ရှိ အခြားစားသုံးသူများကို ကြာမြင့်စွာ လျှို့လျှို့ဝှက်ဝှက် စောင့်ကြည့်ခဲ့သည်။

သူ ထိုအချိန်ကို မှတ်မိနေဆဲပင်။

သူ့ဘေးတွင် ရပ်နေသော စားပွဲထိုးက သူ့ကို ဝင်ရောက်မစွက်ဖက်ခြင်းဘဲ လှောင်လည်း မလှောင်ပြောင်ခဲ့သည့်အတွက် သူ အမှန်တကယ် ကျေးဇူးတင်ခဲ့ရသည်။

တစ်ချိန်တည်းတွင် မြွေနက်ကြီးသည် သူ့ဇနီး၏ စိတ်လှုပ်ရှားမှုအသံကို ပိတ်ဆို့လိုက်သည်။ သူသည် တောက်ပသော်လည်း အနည်းငယ် မီးခိုးရောင်သန်းနေသော ကောင်းကင်ကို ဆက်လက်ကြည့်ရှုနေပြီး မှန်ကို စကားပြောဆိုလိုင်သည်။

"ကြေးမုံကြီးရေ။"

"သူ ငါ့အမြီးနဲ့ အဆင်ပြေနေတုန်းကတောင် ဒီလောက်ထိသူပျော်တာကို ငါမတွေ့ဖူးဘူး"

ဝမ်ကျုံး၏ စိတ်လှုပ်ရှားမှုများကြားတွင် တောင်းထဲမှ ကဏန်းအချို့သည် ပုစွန်အများအပြားကို စားသုံးခဲ့ပြီးဖြစ်သည်။

ဝမ်ကျုံးသည် ကြောက်လွန်း၍ ဆေးကြောရန်ပင် မလုပ်တော့ပဲ ထိုအရာအားလုံးကို ကျောက်အိုးထဲသို့ လောင်းထည့်လိုက်သည်။ လောဘကြီးသော ကဏန်းများသည် ငါးခေါင်းဟင်းချိုကို အငမ်းမရ သောက်ကြသည်။

ဝမ်ကျုံးသည် အိုးထဲမှ ငါးကို ထုတ်ယူပြီး အလေ့အကျင့်အတိုင်း မြွေနက်ကြီးအား မေးလိုက်၏– "မြွေချောလေး။ နည်းနည်းလောက် စားချင်လား "

သို့သော် မြွေနက်ကြီးသည် ဝမ်းနည်းနေပုံရပြီး သူ့ကို လျစ်လျူရှုထား၏။

ထိုညတွင် ဝမ်ကျုံးသည် ခေါင်းငုံ့၍ တစ်ယောက်တည်း စားလေသည်။

ဤနည်းဖြင့် ချက်ပြုတ်ထားသော ငါးသည် အပြင်ဘက်တွင် ကြွပ်ဆတ်သော အရေပြားနှင့် အတွင်းဘက်တွင် နူးညံ့စိုစွတ်သော အသားရှိ၏။ ၎င်းကို ပေါင်းထားသကဲ့သို့ပင် ဖြစ်နေသည်။ ဟင်းခတ်အမွှေးအကြိုင်များ ချို့တဲ့သော်လည်း ၎င်းသည် အံ့ဩစရာကောင်းလောက်အောင် လတ်ဆတ်ပြီး အရသာရှိလှသည်။

ဝမ်ကျုံး၏ အစာအိမ်သည် ကြာမြင့်စွာ ဒုက္ခခံခဲ့ရပြီး မြွေနက်ကြီးက သူ့အမြီးဖြင့် သူ၏အစာအိမ်ကို ထိ၍ ရပ်ရန် အချက်ပြသောအခါမှသာ စားခြင်းကို ရပ်လိုက်သည်

သူတို့သည် နေဝင်သည်အထိ မြစ်ဘေးတွင် နေခဲ့ကြသည်။

မြွေနက်ကြီးသည် ကောင်းကင်ကို အနည်းငယ်ဝမ်းနည်းစွာ ကြည့်နေစဉ် ဝမ်ကျုံးသည် သူ့ကိုမှီ၍ သူ၏ခရီးမှ ရရှိခဲ့သော ငါးများကို ထည့်ရန် ပိုမိုကြီးမား၍ ခိုင်ခံ့သော တောင်းတစ်လုံးကို ရက်လုပ်နေသည်။

မြွေနက်ကြီးသည် ဝမ်ကျုံးမှလွဲ၍ အခြားမည်သည့်အရာကိုမဆို သယ်ဆောင်ရန် တွန့်ဆုတ်နေဆဲပင်။ သူသည် ကြီးမားသော နှင်းဖြူရောင် အစွယ်နှစ်ချောင်းကို ဖြဲ၍ ဝမ်ကျုံးကို ငါးနှင့်ပုစွန်များဖြင့် ပြည့်နေသော တောင်းကို သယ်ခွင့်မပြုခဲ့ချေ။

ဝမ်ကျုံး သူ၏အကြည့်ကို ချ၍ ခဏတာ စဉ်းစားဆင်ခြင်လိုက်သည်။ ထို့နောက် သူသည် လေဒဏ်မှ ကာကွယ်ရန် သူ၏ကိုယ်ခန္ဓာကို ပတ်ထားသော မြွေအရေခွံကို ဖယ်ရှားပြီး တောင်းကို ဂရုတစိုက်ပတ်ကာ မြွေနက်ကြီးအား ပြောလိုက်၏– "ဒီတောင်းကို ခင်ဗျားရဲ့လဲထားတဲ့အရေခွံကနေ လုပ်ထားတာ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် မထီမဲ့မြင် ပြုနေတာလား။"

ထို့နောက် ဝမ်ကျုံးသည် ကျောက်အိုးကို သူ၏ခေါင်းပေါ်တွင် တင်၍ တောင်းကို ကိုင်ပြီး မြွေနက်ကြီး၏ အမြီးပေါ်တွင်စီး၍ ထွက်သွားတော့သည်။

မြွေနက်ကြီးကို လွယ်ကူစွာ လှည့်စားနိုင်ခဲ့သည်ဆိုသော အချက်အတွက် သူ စိတ်မသက်မသာ ဖြစ်နေသည့် ခံစားချက်ကို ဖယ်ရှား၍မရခဲ့ချေ။

သူတို့ မြွေအသိုက်သို့ ပြန်ရောက်သည့်အချိန်တွင် မှောင်မိုက်မှုသည် ကျရောက်နှင့်ပြီဖြစ်သည်။

မြွေနက်ကြီး၏ အမြန်နှုန်းကို ကြည့်ခြင်းအားဖြင့် သူတို့သည် ယနေ့ အတော်အတန် ခရီးနှင်ခဲ့ကြကြောင်း သိလိုက်ရသည်။

ဆိုလိုသည်မှာ ငါးနှင့်ပုစွန်များ ပြည့်နှက်နေသော မြစ်သည် ဝမ်ကျုံးတစ်ယောက်တည်း လက်လှမ်းမမီသော နေရာတွင် ရှိနေသည်။

သူ တောင်းထဲမှ ငါးနှင့်ပုစွန်များကို ပုံးတစ်ပုံးထဲသို့ ပြောင်းထည့်ပြီး ကဏန်းများကို သီးခြားထားလိုက်သည်။ သူ အလုပ်များနေစဉ် သူ၏နောက်ဘက်မှ လက်တစ်စုံက သူ့ကို တင်းကျပ်စွာ ပတ်ထားလေသည်။

ဤသည်ကား ရွှမ်းမင်၏ ထိုကိစ္စအတွက် အချက်ပြမှုပင်။

သူသည် ဝမ်ကျုံးက လူကို ပို၍နှစ်သက်သည်ဟု ယုံကြည်သောကြောင့် ယနေ့တွင် လူ့ပုံစံကို ရွေးချယ်ခဲ့ပြီး ဝမ်ကျုံးက သူ၏ ချဉ်းကပ်မှုကို လက်ခံရန် မျှော်လင့်ခဲ့ခြင်းဖြစ်နိုင်သည်။

သူလိုချင်သည့်အခါတိုင်း ရွှမ်းမင်သည် လူတစ်ဝက် မြွေတစ်ဝက် သို့မဟုတ် ခြေထောက်များနှင့် ပြည့်စုံသော လူ့ပုံစံအဖြစ် ပြောင်းလဲနိုင်သည်။

သို့သော် "ဒီညတော့ မဟုတ်ဘူး!" ဝမ်ကျုံးသည် သူ၏ဗိုက်ကို ပွေ့ဖက်၍ နာကျင်ဟန်ဆောင်၏– "အာ... နာလိုက်တာ။"

သူ၏ သရုပ်ဆောင်စွမ်းရည်မှာ ညံ့ဖျင်းလှသည်။

သို့သော် ရွှမ်းမင်သည် သူ့ကို အမှန်တကယ် ယုံကြည်ခဲ့သည်။မြွေနက်ကြီး သွားခဲ့သည့်အရှိန်ကြောင့် သူတို့ ယနေ့အတွက် ခရီးအတော်အတန် သွားလာခဲ့ကြရသည်။