မြွေအသိုက်အတွင်းရှိ ရွှေနှင့်ငွေရတနာများအားလုံး ခိုးယူခံလိုက်ရသည်။
ဝမ်ကျုံး ပြုလုပ်ထားသော ကျောက်မျက်ရတနာများ စီခြယ်ထားသည့် ရွှေဓားနာရီပေါ်ရှိ ရွှေဓား၊ ဝမ်ကျုံး ဟင်းချိုပြုလုပ်ရာတွင် အသုံးပြုသော ရွှေဇွန်းနှင့် ကျောက်ပြား၊ ငါးကင်၊ ပုစွန်နှင့် ကဏန်းများ ထည့်ထားသည့် ရွှေရောင် ဖန်အိုးအလွတ်ပင် ပျောက်ဆုံးသွားခဲ့၏။
ဤအခြေအနေသည် သူခိုး လက်ဗလာမပြန်ဆိုသည့် စကားပုံနှင့် အမှန်တကယ်ပင် ကိုက်ညီနေချေသည်။ ရွှေဒင်္ဂါးပြား တစ်ပြားပင် မကျန်ခဲ့ပေ။
ဝမ်ကျုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျနေသော ရွှမ်မင်၏ ပုံတူပန်းချီကားကို ကောက်ယူလိုက်သည့်အခါ ပန်းချီကားဘောင်ရှိ ရွှေချည်မျှင်များ အားလုံးခွာယူခံထားရသည်ကို တွေ့လိုက်ရလေသည်။ ထိုအခါမှသာ ဝမ်ကျုံးသည် မခံမရပ်နိုင်တော့ဘဲ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကျိန်ဆဲလိုက်တော့၏။
"သောက်ကျိုးနဲ… ခွေးသခိုးတွေ…"
ဝမ်ကျုံးသည် ဤတောကျွန်းကို ကောင်းကင်ဘုံက ရွှမ်မင်အား ကောင်းကင်ဘေးအန္တရာယ်ကို ကျော်လွှားနိုင်ရန်အတွက် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်ကို ကြားခဲ့ဖူး၏။
ဤနေရာတွင် ကန့်သတ်ချက်များစွာ ရှိသည်။ ရာနှင့်ချီသော နှစ်ပေါင်းများစွာကြာအောင် ရွှမ်မင်သည် အပြင်သို့ မထွက်နိုင်ခဲ့သလို ပြင်ပလူများကလည်း အတွင်းသို့ မဝင်ရောက်နိုင်ခဲ့ပေ။ ကျွန်းပေါ်တွင် ဒဏ္ဍာရီလာ သားရဲများစွာ ရှိသော်လည်း ၎င်းတို့သည် ဉာဏ်ပညာမရှိကြဘဲ ရွှမ်မင်ကိုသာ အစားအသောက်ကွင်းဆက်၏ အထက်ဆုံးနေရာမှ သခင်အဖြစ် လေးစားကြသည်။ မြွေအသိုက်နှင့် မိုင်ထောင်ချီအကွာအဝေးတွင်ပင် ခြင်နှင့် ပုရွက်တစ်ကောင်ပင် မရှိခဲ့ပေ။ အမြင်မရှိတဲ့သူတစ်ယောက် ဝင်လာရင်တောင် မြွေရဲ့အရေခွံကို ခိုးပြီး စွမ်းအားတိုးမြှင့်တာက ပိုမကောင်းဘူးလား? ဘာလို့ စားလို့လည်းမရ၊ သောက်လို့လည်းမရတဲ့ ရွှေပုံကြီးကို ခိုးတာလဲ?
ဝမ်ကျုံးက မည်သူက ဤအမှုကို ပြုခဲ့သည်ကို ခန့်မှန်းမိခဲ့သည်။ ရွှမ်မင်၏မျက်နှာထားကို ကြည့်ခြင်းဖြင့်လည်း တစ်စုံတစ်ရာ သိရှိနေပုံရသည်။
လေထုသည် အနည်းငယ် တိတ်ဆိတ်နေခဲ့၏။
ဝမ်ကျုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျနေသော ငါးကင်၊ ပုစွန်နှင့် ကဏန်းများကို ကောက်ယူ၍ ဖုန်အား မှုတ်လိုက်ပြီး ကြက်အရေခွံအိတ်ထဲသို့ ထည့်လိုက်သည်။ ရွှမ်မင်သည် ဘာတစ်ခွန်းမျှ မပြောဘဲ ထိုနေရာတွင်သာ မတ်တပ်ရပ်နေသည်ကို မြင်သောအခါ ဝမ်ကျုံးသည် သူ၏ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်လိုက်ပြီး ခါးတွင်ချိတ်ထားသော ရွှေဓားမြှောင်ကို ပေးလိုက်၏။ ထို့နောက် အားမလိုအားမရဖြင့် နှစ်သိမ့်လိုက်သည်။ "ဘာမှမဖြစ်ပါဘူး၊ ကျွန်တော်တို့မှာ ဒါလေးတော့ ရှိသေးတယ်လေ"
ရွှမ်မင်၏မျက်လုံးများသည် အရောင်များဆုံးရှုံးသွားသကဲ့သို့ ဟာလာဟင်းလင်းဖြစ်နေပြီး ဝိညာဉ်တစ်ဝက် ပျောက်ဆုံးနေသယောင်ပင်။
ဝမ်ကျုံးသည် မည်သို့နှစ်သိမ့်ရမည်ကို မသိခဲ့ချေ။ မည်သို့ပင်ဆိုစေ ထိုရွှေများက ရွှမ်မင်၏ ပိုင်ဆိုင်မှုများ ဖြစ်ပြီး ရွှေခိုးသူသည်လည်း ရွှမ်မင်နှင့် နီးစပ်သော ဆက်ဆံရေး ရှိဖွယ်ရှိသည်။ ပြင်ပလူတစ်ဦးအနေဖြင့် ဝင်ရောက်စွက်ဖက်ရန် မလွယ်သလို မည်သည့်စကားမျှ ပြောဆိုရန်လည်း မသင့်တော်ပေ။
ရွှမ်မင်ကလည်း နှစ်သိမ့်မှုကို မလိုအပ်ခဲ့ချေ။ သူသည် မြွေနက်အဖြစ်သို့ ပြောင်းလဲလိုက်ပြီး မှန်ကိုယူကာ ရေကန်ထဲသို့ ဝင်ရောက်သွားခဲ့၏။ ငြိမ်းချမ်းတိတ်ဆိတ်သော မြွေတစ်ကောင်ဖြစ်လိုဟန်ပင်။
"…ကျွန်တော် အပြင်ဘက်မှာ ရှိနေမယ်နော်" ဝမ်ကျုံးသည် ဓားမြှောင်ကို ရေကန်အနီးတွင် ချထားခဲ့ပြီး မြွေကြီးအတွက် နေရာပေးရန်အတွက် လှိုဏ်ဂူထဲမှ ထွက်ခွာခဲ့ချေသည်။
.
သူသည် လမ်းတွင် အလွန်ပင် ဆာလောင်မွတ်သိပ်ပြီး အိပ်ချင်နေခဲ့သဖြင့် ရေချိုးပြီး တစ်ခုခုစားပြီးမှ ကောင်းကောင်းအိပ်စက်ရန် စဉ်းစားထားခဲ့၏။ သို့သော် ယခုအချိန်တွင်မူ ထိုသို့သော အတွေးမျိုး မရှိတော့ချေ။
ဝမ်ကျုံးသည် ကြက်ဥများကို လှိုဏ်ဂူအတွင်းရှိ ဂိုဒေါင်ထဲသို့ ထည့်လိုက်သည်။ ရေကန်သည် တိတ်ဆိတ်နေသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်ပြီး လယ်ယာစိုက်ပျိုးရန်အတွက် ထွက်ခဲ့သည်။
ထွန်ယက်သည့် ကိရိယာများအားလုံး ခိုးယူခံလိုက်ရသော်လည်း ကံကောင်းစွာဖြင့် မြေကြီးကို ကြိုတင်ထွန်ယက်ထားပြီးဖြစ်သဖြင့် ဝမ်ကျုံးသည် အထူးအားထုတ်ရန် မလိုခဲ့ပေ။ ကြက်သွန်ပင်များကို စိုက်ရန် ပိုနက်အောင် တူးဖို့လိုအပ်သော်လည်း အခြားအပင်များကို လက်ဖြင့်ပင် တိမ်တိမ်တူး၍ စိုက်ပျိုးနိုင်သည်။
ထို့ပြင် ဤနေရာရှိ မြေဆီလွှာသည် သဘာဝအလျှောက် သန်မာပြီး ပိုးများလည်း မရှိပေ။
ညဘက်တွင် ပျိုးပင်များကို ရေလောင်းပေးမည်ဖြစ်ပြီး ရှင်သန်နိုင်ခြင်း၊ မရှင်သန်နိုင်ခြင်းမှာ ထိုအပင်များအပေါ်တွင်သာ မူတည်တော့သည်။
မြွေအသိုက်မှ ရတနာပုံများ ခိုးယူခံလိုက်ရပြီးနောက် ကျယ်ဝန်းပြီးသား နေရာသည် ပိုမိုကျယ်ဝန်းလာခဲ့သည်။
ဝမ်ကျုံးသည် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် သူ့အသံများ ပဲ့တင်ထပ်နေပြီး နေဝင်ချိန်ရောက်သည့်အခါတွင်လည်း ပုလဲရတနာများမှ အလင်းရောင်ကြောင့် အလင်းရောင်ရရှိနေကျ ဝမ်ကျုံးအတွက် အလွန်မှောင်ပြီး ထူးဆန်းနေချေသည်။
ယခု နွေဦးရာသီဖြစ်နေသော်လည်း နံနက်ပိုင်းနှင့် ညနေပိုင်းတွင် အလွန်အေးနေခဲ့၏။ အထူးသဖြင့် ယနေ့တွင်မူ အလွန်ပင် အေးစက်နေခဲ့သည်။
ရွှမ်မင်က ဝမ်ကျုံးသည် အအေးဒဏ်ကို ကြောက်တတ်သည်ကို သိရှိထားခဲ့သောကြောင့် ဆောင်းရာသီကုန်ဆုံးပြီးနောက်တွင် မီးဖိုနှင့် လေကာနံရံများကို ဖျက်ဆီးခွင့်မပြုခဲ့ပေ။ ထိုသို့လုပ်ခြင်းဖြင့် ဆောင်းရာသီအတွက် အစားအစာနှင့် ထင်းများ သိုလှောင်ထားသော လှိုဏ်ဂူဝင်ပေါက်ရှိ ဂိုဒေါင်ကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့သည်။
ဝမ်ကျုံး မပြောခဲ့သော်လည်း ရွှမ်မင်၏ သူ့အပေါ်ထားရှိသော ကြင်နာမှုကို သူ၏နှလုံးသားတွင် မှတ်သားထားခဲ့သည်။ ယင်းသည် အတိတ်က ရွှမ်မင်၏ ဆိုးရွားသော အပြုအမူအချို့ကို ပယ်ဖျက်နိုင်ခြင်းမရှိစေကာမူပင်။
ဝမ်ကျုံးသည် မီးမွှေးလိုက်သော်လည်း ရေကန်ထဲရှိ မြွေနက်ကြီးက လုံးဝမထွက်လာသောကြောင့် အစာစားချင်စိတ် မရှိတော့ချေ။ ကျောက်အိုးထဲတွင် ရေနွေးအချို့ကို ဆူပွက်အောင် ပြုလုပ်ပြီးနောက် မီးဖိုထဲမှ မီးကိုသုံး၍ သစ်မာပင်များမှ မီးတုတ်နှစ်ချောင်း ပြုလုပ်ခဲ့ပြီး မြေနက်ဖြင့် ပြုလုပ်ထားသော လေကာနံရံတွင် ထိုးစိုက်လိုက်သည်။
၎င်းတို့သည် မီးစွဲမသွားဘဲ အလွန်တောက်ပနေခဲ့၏။
.
နံနက်ခင်း၏ နေထွက်ချိန်တွင် သူနိုးလာခဲ့သည့်အခါ မီးတုတ်များမှာ တစ်ဝက်ပင် မလောင်ကျွမ်းသေးဘဲ မီးခိုးများလည်း မထွက်တော့ချေ။
သူသည် မီးတုတ်များကို မြွေ၏အရေခွံဖြင့် ပေါ့ပေါ့ဆဆ ဖုံးအုပ်ကာ မီးငြှိမ်းသတ်လိုက်သည်။ သူသည် စေးကပ်ကပ်ဖြစ်နေသဖြင့် ရေချိုးချင်နေခဲ့သော်လည်း နောက်ပိုင်းတွင် ရွှေခိုးသွားသော ထိုလူထူးဆန်းက သူ၏ရေချိုးကန်ကိုပင် မချန်ခဲ့သည်ကို သတိပြုမိလိုက်သည်။
အခြေအနေများက ရုတ်တရက် ခက်ခဲလာခဲ့ပြီး လွန်ခဲ့သော အချိန်များက ကျော်လွှားခဲ့ရသည့် အခက်အခဲများကမူ ယခုတွင် အချိန်ကျလွန်လာခဲ့ချေပြီ။
ဝမ်ကျုံးသည် ကျောက်အိုးကိုသုံး၍ ရေကို အပူပေးကာ အပင်ပြာများနှင့် ထင်းရှူးပင်၏ အစလေးများကို ထည့်လိုက်ပြီး ပိုးသတ်နိုင်သည့် ရေတစ်အိုးကို ပြုလုပ်လိုက်၏။
ယင်းသည် သွားတိုက်ရန် အနည်းငယ်စပ်သော်လည်း အဆင်ပြေသည်။
သူသည် ခေါင်းလျှော်၍ ရေချိုးလိုက်သော်လည်း သန့်ရှင်းမှု လုံလောက်ခြင်းမရှိပေ။
သို့သော်လည်း အနည်းဆုံးတော့ ရေက အနံ့ကောင်းရှိပြီး ပိုးသတ်နိုင်သောကြောင့် ဝမ်ကျုံးသည် အတော်ပင် ကျေနပ်နေခဲ့သည်။
သို့သော် သူသည် ကိုယ်လုံးတီး ဖြစ်နေသော်လည်း မြွေနက်ကြီးကမူ ထွက်မလာခဲ့ပေ။ ရွှေဆုံးရှုံးမှုက သူ့ကို အမှန်တကယ်ပင် ထိခိုက်စေခဲ့ပြီး ပူပူနွေးနွေး တိုဖူးလေးကိုပင် စားရန်မကြိုးစားခဲ့ပေ။
ဝမ်ကျုံးသည် မြွေအရေခွံကို ကိုယ်ပေါ်တွင် ပတ်လိုက်ပြီး ရွှေအုတ်ချပ်ပြားပေါ်တွင် မှတ်တမ်းတင်လိုခဲ့ အို~ ပြက္ခဒိန်အဖြစ် အသုံးပြုခဲ့သော ရွှေအုတ်ချပ်ပြားကိုလည်း ခိုးယူခံလိုက်ရသည်။ သူသည် ထိုသူခိုး၏ ဘိုးဘွား(၈)ဆက်ကိုပင် ကျိန်ဆဲချင်နေခဲ့သည်။
ကံကောင်းစွာဖြင့် ဓားနာရီကို ကျောက်ဖြင့် ပြုလုပ်ထားသောကြောင့် သူခိုးက ခိုးမသွားခဲ့ပေ။ အကယ်၍ ရွှေအစစ်ဖြင့်သာ ပြုလုပ်ထားလျှင် ထိုသူခိုးက ယင်းကိုလည်း လက်လွှတ်ခံမည်မဟုတ်ပေ။
သူသည် နံနက် (၇) နာရီနှင့် ညနေ (၅) နာရီခွဲတို့တွင် 'နွေ' ဟူသော စကားလုံးကို ထွင်းလိုက်သည်။ ဤအချိန်တွင် နွေ၊ နွေရာသီနှင့် ဆောင်းဦးရာသီ သုံးမျိုးအတွက် နေထွက်ချိန်နှင့် နေဝင်ချိန်များကို သူ စုဆောင်းထားနိုင်ခဲ့သည်။ ဆောင်းရာသီအတွက်ကမူ အရေးမကြီးပေ။
ဝမ်ကျုံးသည် ဓားနာရီ၏ နောက်ဘက်ရှိ ကျောက်ပေါ်တွင် နံပါတ်စဉ်များကို ထွင်းထုလိုက်သည်။ [၂၇]၈။
ယင်းသည် သူသည် ဤကျွန်းပေါ်တွင် ၂၇ လနှင့် ၈ ရက်ကြာနေထိုင်ခဲ့သည်ဟု ဆိုလိုသည်။ သို့သော် ဤနံပါတ်က တိကျမှုမရှိပေ။
အဘယ်ကြောင့်ဆိုသော် ရွှမ်မင်၏ မိတ်လိုက်ကာလနှင့် လှိုဏ်ဂူထဲတွင် ဆောင်းတွင်းကို ကုန်ဆုံးခဲ့သည့်ရက်များအတွင်းတွင် သူသည် အချိန်နှင့်ပတ်သက်သော အယူအဆကို ဆုံးရှုံးသွားခဲ့သောကြောင့် ဖြစ်ချေသည်။
နွေဦးကာလတွင် နေရောင်ခြည်သည် လင်းထိန်နေသဖြင့် အပြင်ထွက်၍ လေညင်းခံရန် အချိန်ကောင်းပင် ဖြစ်သည်။
မြွေနက်ကြီးကမူ ရေကန်ထဲတွင် စိမ်နေဆဲဖြစ်ပြီး မည်သည့်အချိန်တွင် ထွက်လာမည်ကို မသိခဲ့ပေ။
ဝမ်ကျုံးသည် ဥများ အကောင်ပေါက်လာမည်ကို ကြောက်ရွံ့နေခဲ့သဖြင့် တစ်နေ့လျှင် ကြက်ဥသုံးလုံးကို အလျင်အမြန် စားနေခဲ့သည်။ အကယ်၍ အချိန်ရောက်၍ အကောင်ပေါက်လာခဲ့လျှင် ထိုဥများကို မွေးမြူသင့်၊ မမွေးသင့်ဆိုသည့် ဆုံးဖြတ်ရခက်သည့် အခြေအနေနှစ်ခွသို့ ရောက်သွားနိုင်သောကြောင့်ပင်။
သူသည် ကျောပေါ်တွင် ခြင်းတောင်းတစ်လုံးကို သယ်ဆောင်ထားပြီး ကြက်အရေခွံနှင့် ခွဆုံသစ်ကိုင်းများဖြင့် လောက်လေးခွတစ်လက်ကို ပြုလုပ်ထားခဲ့သည်။ တစ်နေ့ပြီးတစ်နေ့ တိတ်တဆိတ် လေ့ကျင့်ပြီးနောက် သန္ဓေတားအသီးများကို ပစ်ချနိုင်ခဲ့သည်။
ယခုအချိန်တွင်မူ ထိုအသီးများသည် အစိမ်းရောင်မှ အနည်းငယ်မှည့်လာပြီး ပါးစပ်ထဲတွင် စားလိုက်သည့်အခါ ချဉ်ပြုံးပြုံးအရသာနှင့် ခါးသက်သက်အရသာကို ရရှိ၏။
သို့သော်လည်း မူလက စိတ်ဓာတ်ကျနေသော မြွေနက်ကြီးကမူ သူ၏အိမ်ထောင်ဖက် ပြုလုပ်နေသည်များကို မှန်ထဲတွင် ခိုးကြည့်ပြီးနောက် အနည်းငယ် ခေါင်းထောင်လာနိုင်ခဲ့သည်။
မြွေနက်ကြီးသည် မြွေလျှာကိုထုတ်၍ မှန်ကို ပြောလိုက်သည်။
[မှန်ကြီးရေ၊ မှန်ကြီးရေ]
[သူ ငါ့နောက်ကွယ်မှာ ကိုယ်ဝန်ဆောင်ဖို့ တိတ်တိတ်လေး ပြင်ဆင်နေတာ တွေ့လား]
[သန္ဓေတားအသီးတွေ မှည့်လာရင် ကိုယ်ဝန်ဆောင်နိုင်တဲ့အသီး ဖြစ်သွားတယ်ဆိုတာ သူ ဘယ်လိုများ သိတာပါလိမ့်?]
[ငါ ပထမတစ်ချက်ကြည့်လိုက်တာနဲ့ သိလိုက်တဲ့ ငါ့ရဲ့ အိမ်ထောင်ဖက်က တကယ်ကို ဉာဏ်ကောင်းတာပဲ]
[မင်းပြောကြည့်၊ သူက ငါ့ကို အံ့အားသင့်အောင် တိတ်တိတ်လေး ကိုယ်ဝန်ဆောင်ဖို့အတွက် ဒီလောက် ကြိုးစားပမ်းစား လုပ်နေတာကို ငါက ဘယ်လိုများ ဆက်ပြီး စိတ်ဓာတ်ကျနေနိုင်တော့မှာလဲ?]
.
ဝမ်ကျုံးသည် သန္ဓေတားအသီးများကို တိတ်တဆိတ် ယူဆောင်ပြီးနောက် မြွေအသိုက်သို့ ပြန်ရောက်သည်နှင့် အချိန်အတော်ကြာ မတွေ့ခဲ့ရသော မြွေနက်ကြီးကို လှိုဏ်ဂူဝင်ပေါက်တွင် ခွေနေသည်ကို တွေ့လိုက်ရ၏။
သူသည် သူ၏မြင့်မြတ်သော မြွေခေါင်းကို မြင့်မားစွာ မော့ထားပြီး အေးမြသော နေရောင်ခြည်အောက်တွင် ကျောက်မျက်ရတနာတစ်လုံးနှယ် တောက်ပနေသည်။
ဝမ်ကျုံးသည် အပြစ်ရှိသလို ခံစားနေရပြီး ထိတ်လန့်နေခဲ့သော်လည်း မြွေနက်ကြီးကမူ သူ၏ ရှောင်လွှဲနေခြင်းကို သတိမထားမိသကဲ့သို့ပင် သူ၏အမြီးဖြင့် သူ့အား ပတ်လိုက်ပြီး ခေါင်းကိုငုံ့၍ သူ၏ဖျော့တော့နေသော နှုတ်ခမ်းများကို လျက်ပေးလိုက်သည်။
ဝမ်ကျုံး၏ပါးစပ်ထဲတွင် ခါးသက်သောအရသာ ရှိနေဆဲဖြစ်သည်။ သူသည် မြွေနက်ကြီးက အတွင်းပိုင်းကို ရုတ်တရက် လျက်လိုက်ပြီး သူ၏လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိမည်ကို ကြောက်ရွံ့သဖြင့် ပါးစပ်ကို တင်းတင်းစေ့ထားလိုက်၏။
"မြွေချောကြီး ခဏလေးနော်၊ ကျွန်တော့် ချွေးတွေ စိုရွှဲနေလို့။ ကိုယ်လက် သွားဆေးလိုက်ဦးမယ်" ဝမ်ကျုံးသည် ပါးစပ်ကို လက်ဖြင့်အုပ်လိုက်ပြီး မြွေနက်ကြီး၏အမြီးမှ အလျင်စလို ရုန်းထွက်ကာ သွားတိုက်ရန် ပြေးသွားခဲ့သည်။ စိတ်ထဲတွင်တော့ အနည်းငယ် ညှိုးငယ်နေခဲ့၏။
မြွေနက်ကြီးသည် မြွေလျှာကိုထုတ်၍ သူ၏အိမ်ထောင်ဖက်က ကိုယ်ဝန်ဆောင်ရန် တိတ်တဆိတ်ပြင်ဆင်နေခြင်းကို ထုတ်ဖော်မပြောဘဲ စိတ်ထဲတွင်သာ ထားလိုက်၏။
သူသည် သစ်ကိုင်းမြင့်တစ်ခုပေါ်တွင် ဝပ်၍ ခေါင်းကိုမြှောက်ကာ ကောင်းကင်ကိုသာ မှင်သက်စွာ စိုက်ကြည့်နေသည်။ ထိုရွှေများ ဆုံးရှုံးသွားခြင်းအတွက် ဝမ်းနည်းနေပုံရသည်။
ဝမ်ကျုံးက ထိုသို့ဖြစ်နေသည်ကို တွေ့သောအခါ အလွန်စိတ်မကောင်းဖြစ်သွားသည်။ လျှောက်သွားပြီး သစ်ပင်ပင်စည်မှ တွဲလောင်းကျနေသော မြွေအမြီးထိပ်ဖျားကို ထိလိုက်ပြီး အနည်းငယ်ပူနွေးနေသော နောက်ကျောရှိ အကြေးခွံများကို နမ်းရင်း ရုတ်တရက်ဆိုသလို ချော့မော့လိုက်သည်။
"ရပါတယ် မြွေချောကြီးရယ်၊ စိတ်မညစ်ပါနဲ့တော့"
"ရွှေတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့် ခင်ဗျားရဲ့ မြွေတိုက်ကြီးထဲမှာ ရွှေတွေနဲ့ ပြည့်နေတဲ့ အခန်းတွေ ၉၉၉၉၉၉၉၉+ တောင်ရှိသေးတာပဲ။ ခင်ဗျားမှာ နွားကောင်ရေ သန်းပေါင်းများစွာထံက ဆံပင်တစ်ပင်ပဲ ဆုံးရှုံးသွားသလိုပါပဲ။ စိတ်မကောင်းမဖြစ်ပါနဲ့တော့နော်၊ ရှေ့လျှောက် ပိုပြီး သတိထားကြတာပေါ့၊ ဘာတစ်ခုမှ ဆုံးရှုံးစရာမလိုတော့ဘူးလေ"
ချော့မော့ခံလိုက်ရပြီးနောက် မြွေနက်ကြီးသည် အတော်ပင် သက်သာသွားခဲ့၏။ ဆုံးရှုံးသွားလျှင်လည်း ဆုံးရှုံးသွားတာပါပဲ။ ဒါက အမှန်တရားတစ်ခုပင်။ ရွှေဘယ်လောက်ပင် ဆုံးရှုံးပါစေ သူပိုင်ဆိုင်သော ရွှေများက အမြောက်အမြားပင် ရှိနေသေးသည်။
ဝမ်ကျုံး: "လူပြောင်းပြီး ကျွန်တော်နဲ့ ခဏလောက် စကားပြောချင်လား?"
မြွေနက်ကြီးက တုံ့ပြန်ခြင်းမရှိသဖြင့် ဝမ်ကျုံးသည် သစ်ပင်အောက်တွင် ရပ်၍ ထိုမြွေကြီးကို စောင့်နေခဲ့သည်။
အချိန်မည်မျှကြာသည်ကို မသိလိုက်ရပေ။ သို့သော်လည်း မြွေနက်ကြီးက နောက်ဆုံးတွင် ရွေ့လျားလာခဲ့၏။
သူသည် လူတစ်ပိုင်း၊ မြွေတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲလိုက်ပြီး ဝမ်ကျုံးကို သူ၏ခါးပေါ်တွင် တင်လိုက်သည်။ ထို့နောက် သူ၏မျက်နှာပေါ်ရှိ အမူအရာက အလွန်ညှိုးငယ်နေဆဲပင် ဖြစ်သော်လည်း သူ၏အိမ်ထောင်ဖက်ထံသို့ ညည်းညူလိုက်သည်။
"အဲဒီရွှေတွေက ကိုယ်နဲ့ အတူရှိနေတာ နှစ်တစ်ရာနီးပါး ရှိနေခဲ့တာ။ ကောင်းကင်ဘေးကို ဒီနေရာမှာ စောင့်နေရတဲ့ရက်တွေတုန်းက ကိုယ်တစ်ယောက်တည်းရယ်၊ ရွှေတွေနဲ့ မှန်တစ်ချပ်ပဲ ကိုယ့်ကို အဖော်ပြုပေးခဲ့တာ"
ပြောကြသည်မှာ အရာရာတိုင်းတွင် ခံစားချက်များ ပါဝင်လာလျှင် ဈေးနှုန်းဖြတ်၍မရနိုင်ပေ။
တစ်စုံတစ်ခုကို အဓိပ္ပါယ်တစ်ခုပေးလိုက်သည်နှင့် ယင်း၏တန်ဖိုးသည် မူလတန်ဖိုးထက် အဆများစွာ ပိုမိုမြင့်မားလာသည်။ ဤအရာ၏ စိတ်ခံစားမှုဆိုင်ရာ တန်ဖိုးကို အစားထိုးနိုင်သည့် ပစ္စည်းအနည်းငယ်ဖြင့် ပြည့်စေနိုင်သည်မဟုတ်သလို နှစ်သိမ့်စကားအနည်းငယ်ဖြင့်လည်း ကျော်လွှားနိုင်မည် မဟုတ်ချေ။
ဝမ်ကျုံးက ဤစကားကို ကြားသောအခါ သူ၏ရင်ထဲတွင် အပ်များဖြင့် ထိုးဆွလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ရွှမ်မင်၏မျက်လုံးထဲမှ အကြည့်များက သူ၏နှလုံးသားကို တစ်ခါမျှ မခံစားခဲ့ဖူးသော နာကျင်မှုကို ဖြစ်ပေါ်စေခဲ့၏။ သူသည် သူခိုး၏လက်ကို အမှန်တကယ်ပင် ခုတ်ဖြတ်ချင်ခဲ့သည်…
သူက ရွှမ်မင်ကို မေးလိုက်သည်။ "အဲဒီရွှေတွေကို ပြန်ရနိုင်မယ့် နည်းလမ်းများ ရှိလား?"
ရွှမ်မင်က ခေါင်းခါလိုက်ပြီး "ရှိရင်တောင် ကိုယ် အပြင်ထွက်လို့မရဘူးလေ"
ဝမ်ကျုံး: "အဲဒါဆို ခင်ဗျားရဲ့ညီက ဘယ်လိုလုပ် ဝင်လာတာလဲ?"
ရွှမ်မင်သည် ခေါင်းကို ထပ်မံခါလိုက်ပြီး "မသိဘူး" ဟု ပြန်ဖြေသည်။ သူ၏အိမ်ထောင်ဖက်က ကန့်သတ်ချက်များအားလုံးကို ဘယ်လိုဖြတ်ကျော်ပြီး ဒီနေရာကို ရောက်လာခဲ့သလဲဆိုသည်ကို မသိသကဲ့သို့ပင်။
.
နောက်ထပ် အချိန်အတော်ကြာ တိတ်ဆိတ်မှုအပြီးတွင်…
ဝမ်ကျုံးသည် ကိုယ်ကိုင်းကာ ရွှမ်မင်၏မေးစေ့ကို ကိုက်လိုက်ပြီး သူ၏ရင်ခွင်ထဲသို့ တိုးဝင်သွားကာ တိုးတိုးလေး မေးလိုက်သည်။ "အဲဒီနေ့အတွက် တောင်းပန်စကားကို ကျွန်တော် အခုချိန်ထိ မပြောရသေးဘူး၊ အခု ပြောပြရမလား?"
ရွှမ်မင်သည် ဤအရာကို မေ့သွားလုနီးပါးဖြစ်နေခဲ့သည်။ သူသည် သူ၏အမြီးကို သူ၏အိမ်ထောင်ဖက်၏ ပါးစပ်ထဲသို့ ထိုးထည့်တော့မည်ဖြစ်သည်။ ထို့နောက် တစ်စုံတစ်ရာကို တွေးလိုက်ပြီး ခေါင်းခါလိုက်၏။
"အဲဒါကို စာရင်းထဲ ထည့်ထားလိုက်ဦး၊ ကိုယ် အခု စိတ်မကောင်းဖြစ်နေတယ်၊ မင်း ကိုယ်ဝန်ရသွားရင် သားသားလေးတွေလည်း ထိခိုက်ကုန်မှာ ကြောက်တယ်။ သူတို့ ရုပ်ဆိုးဆိုးလေးတွေ ဖြစ်သွားရင် ကိုယ့်အပြစ်ဖြစ်သွားလိမ့်မယ်"
ဝမ်ကျုံးသည် တိတ်ဆိတ်သွားသည်။ ထိုတိတ်ဆိတ်မှု၏ အလယ်တွင် ပိုင်ထျန်းရှန်းသည် ထပ်မံရောက်ရှိလာပြန်သည်။
သူသည် အလွန်ပင် စိုးရိမ်ပူပန်နေပုံရသည်။ သူရောက်လာသည်နှင့်တစ်ပြိုင်နက် ရွှမ်မင်ကို မြွေရဲတိုက်ထဲသို့ ဝင်ရန်နှင့် ထွက်ရန်အတွက် သော့ကို တောင်းလိုက်သည်။ ထို့ပြင် "အစ်ကို၊ အစ်ကို့ရဲ့မှန်လေး အမြန်ငှားပါဦး၊ ကျွန်တော် အရေးပေါ်လိုနေလို့" ဟု ပြောလိုက်၏။
ရွှမ်မင် ပြန်မပြောခင်မှာပင် ပိုင်ထျန်းရှန်းသည် သစ်ကိုင်းပေါ်ရှိ မှန်ကို ကြည့်လိုက်သည်။ မြေပြင်ပေါ်တွင် ရပ်နေရင်း သူ့ဘာသာခုန်တက်၍ ယူရန် ကြိုးစားသော်လည်း အရင်အရိုက်ခံလိုက်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ဝမ်ကျုံးသည် မှန်ကို လက်ထဲတွင် တင်းတင်းဆုပ်ကိုင်ထားပြီး သူ့ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။ "မငှားနိုင်ပါဘူး”